24 final
06:08, 20 May 2024နေရောင်ခြည်နုနုဆိုသော်ညား 11 နာရီအထိ အိပ်တတ်တဲ့ ဆောင်းဟွန်းအတွက်တော့ ဒါဟာ တကယ့်ကို ငရဲပင်။ ယခုမှာတော့ မနက် 9နာရီခွဲဖြစ်နေပြီပင်။ထိုးကိုက်လာသော ခေါင်းကြောင့် မျက်မှောင်များ ကြုံ့ကာ နှဖူးပေါ်သို့ လက်ဖဝါးအား တင်ထားမိလေသည်။
တော်ပါ။
အရက်ဆို စိတ်နာပြီ .. ။
" နောက်တစ်ခါဘယ်တော့မှမသောက်တော့ဘူး "
သောက်ပြီးလို့ ခေါင်းကိုက်တိုင်း ထိုစကားပြောတတ်တဲ့ ဆောင်းဟွန်းဟာ နောက်တစ်ပတ်နေရင်လဲ သွားသွားကစ်တတ်ပါသေးသည်။ သွားပြီ ဒီပုံစံနဲ့ သူဘယ်လို ထရတော့မလဲ ၊ မာမီခိုင်းထားတဲ့ အလုပ်တွေလဲ ရှ်ိသေးတယ် ဒီနေ့ မာမီ့ design တွေ ကိုရီးယားမှာ ပထမဦးဆုံး ပွဲထုတ်မှာ ပြီးတော့ နာမည်ကြီး model တစ်ယောက်ရဲ့ comeback runway ကို မာမီ့ရဲ့ design နဲ့လျှောက်မှာဆိုတော့ မာမီ့အစား သူက အလုပ်ရှုပ်ရတာပေါ့။
ကိုက်နေတဲ့ ခေါင်းကို ခနတာ လစ်လျူရှု့လိုက်ရင်း မျက်နှာသစ် သွားတိုက် ရေချိုးကာ ရေညှိဟင်းချို ချက်ရန် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
မာမီကတော့ မနက်အစောကြီးထဲက အလုပ်သွားသည်ဟု အိမ်အကူကောင်မလေး ပြော၍ သိလိုက်ရသည် ၊ အသင့်စား ရေညှိအား ရေနွေးအိုးထဲထည့်ကာ ရေညှိဟင်းချို ပြုလုပ်ရန် ပြင်ဆင်လိုက်လေသည်။
ဆောင်းဟွန်းက သိပ်အချက်ပြုတ် တော်တဲ့ထဲ မပါပါ ၊ ဒါပင်မဲ့ အသောက်အစားတော်တဲ့ထဲ ပါတော့ ဒီရေညှိဟင်းချိုတော့ လုပ်တတ်ထားမှ ရမယ်လို့ တွေးမိ၍ မာမီ့ဆီက ပြန်သင်ထားတာ ဖြစ်သည်။
ပန်းကန်လုံးထဲ ထည့်ကာ ထမင်းသုပ်ပြုလုပ်ရန် ပါဝင်ပစ္စည်းတို့ ထည့်ပြီး မနက်စာအား ထိုရေညှိဟင်းချို ထမင်းသုပ်ဖြင့် နှစ်ပါးသွားလိုက်လေသည်။
" တောက်! ပတ်ခ်ဆောင်းဟွန်းဟာ တော်လိုက်တာ "
ထမင်းတစ်လုပ်စားတိုင်း ရေညှိဟင်းချို သောက်တိုင်း သူ့ကိုယ်သူ ချီးကျူးလို့ မဆုံးပေ။
အဲ့လိုဆိုမှ ညက သူအိမ်ဘယ်လို ပြန်ရောက်လာတာလဲ ၊ ပြီးတော့ အိမ်သာထဲမှာ တွေ့ခဲ့တဲ့လူက ဂျေးလား ၊ မဖြစ်နိုင်တာ ခပ်ရေးရေးမြင်လိုက်ရပြီး tattoo လို့ထင်ရတဲ့ အရာက ဘာကိစ္စ ဂျေးရဲ့ကျောမှာ ရှိနေရမှာလဲ။
ဒီတိုင်း သူအမြင်မှားတာနေမှာပါ မနေ့ကပွဲမှာ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေ အများကြီးဟာကို ဂျေးနဲ့ ခန္ဓာကိုယ်အချိုးအစားတူတဲ့ လူက များတယ်မဟုတ်ပါလား။
ညနေ 7 နာရီ fashion show ကို သူက ခေါင်းခံထားတာကြောင့် တစ်ခုခုသာ ဖြစ်ခဲ့ရင် သေချာပေါက် မာမီဟာ သူ့ကို သဘော်သီးထောင်း ထောင်းသလို ထောင်းလိမ့်မည်။
ဒါကြောင့် ပစ္စည်းယူကာ ထို model ၏အိမ်ကို မောင်းလာခဲ့သည်။
MEETING YOU
ဂျေး အခုချိန်အထိ ရေတောင်မချိုးရသေးပေ ခနနေရင် ဝတ်ဆုံတွေ ရောက်လာတော့မှာမို့ ရေချိုးရမယ် ဆိုပင်မဲ့ သူလုံးဝမချိုးနိုင်သေးပေ ၊ ညကတွေ့ခဲ့တဲ့ ငမူးလေးအကြောင်း စဉ်းစားနေရလို့ပေ။
" သေလိုက်ပါတော့ ဂျေးပတ်ခ်ရယ်!! "
ဂျေး သူ့နှဖူးသာ သူပြန်ရိုက်မိတော့သည်။
ဆောင်းဟွန်းလား လို့မေးခဲ့လိုက်ရမှာ အခုတော့ အခွင့်ရေးကောင်းကြီးကို လက်လွှတ်လိုက်ရသလို ဖြစ်နေပြီပင်။
*Knock knock*
" အကိုလေး ခနနေရင် ဝတ်ဆုံတွေ ရောက်လာတော့မှာပါ "
အိမ်တော်ထိန်း၏ စကားကြောင့် ဂျေးရေချိုးရတော့မည် ပင်ဖြစ်သည်။ ရေချိုးခန်းထဲ ဝင်ကာ ရေပန်းအောက်ရပ်ရင်း အနည်းငယ်ပင်ပန်း နေသော ခန္ဓာကိုယ်ကို ဖြေလျော့လိုက်သည်။
ကံကရော ကုန်ပြီလား .. ။
သူတို့ နှစ်ယောက် လုံးဝပြန်မဆုံနိုင်တော့ဘူးလား ဆောင်းဟွန်းကရော သူ့လိုမျိုး သစ္စာရှိရှိစောင့်နေရဲ့လား ၊ သေချာပေါက် စောင့်နေမယ် မဟုတ်လား။ သည်းငယ်က သူ့ကို သိပ်ချစ်ပါတယ် အဲ့တာကြောင့် ကံကြမ္မာဟာ တစ်ထစ်လျော့ပြီး သူတို့နှစ်ယောက်ကို ပြန်ပေါင်းစည်းပေးလိမ့်မည်ပင်။
တစ်နေ့တစ်နေ့ သတိရနေရတာနဲ့တင် ဘာမှမလုပ်နိုင်ခဲ့သလို အချိန်တွေဟာလဲ ကုန်ဆုံးခဲ့သည် ၊ အသိစိတ်မရှိတော့တဲ့ လူတစ်ယောက်လို ထိုင်မှိုင်နေတတ်ပြီး အမှတ်တရတွေကို ပြန်ပြန်တွေးမိနေတာဟာလဲ လှပတဲ့ ဝဋ်လေးတစ်မျိုးပါပဲ။
အယောင်ယောင်အမှားမှား ကြားရတဲ့ ချစ်စရာခေါ်သံလေးဟာလဲ ဒုက္ခလှလှလေးပင်။
ရေချိုးတာဟာ အတော်ကိုကြာသွားခဲ့ပြီ ဂျေးခပ်မြန်မြန်ပင် bathrobe တစ်ထည်အားပတ်ကာ စိုရွှဲနေသော ဆံနွယ်တို့အား ခြောက်အောင် သပတ်တစ်ခုနဲ့ သုတ်နေရင်း hotel မှ အရေးကြီး ဖုန်း တစ်ကောဝင်လာသည်။
' boss အရေးကြီးလက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေကို ဘယ်လို လုပ်ရမလဲ '
ကိစ္စသေးသေးလေးကအစ သူ့အားဦးထိုက် တတ်တဲ့အတွင်းရေးမှူးသည် သူမကိုယ်တိုင်လဲ မလုပ်နိုင်တာ မဟုတ်ချေ။
ဂျေး သက်ပြင်းချမိသည် ဒီလိုပုံစံနဲ့ သူ hotel ကို ဘယ်လိုတောင် စိတ်ချပါ့မလဲ။
" အခု လိုအပ်နေတာလား "
' မဟုတ်ပါဘူး '
" မဟုတ်ဘူးဆိုရင် ငါလာတဲ့နေ့မှပဲ အကုန်လုံး ထိုးပေးမယ် ဟုတ်ပြီလား "
' ဟုတ်ကဲ့ boss ကောင်းသော နေ့လေးပါ "
တီခနဲ ကျသွားတဲ့ ဖုန်းအား bathrobe အိတ်ထဲ ထိုးထည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည် ၊ ဧည့်ခန်းအား ဖြတ်ပြီးလျှင် ဂျေး၏ အလုပ်ခန်းကို ရောက်၏ တံခါးဖွင့်လိုက်ချိန် တြိဂံဇောက်ထိုး သဏ္ဍာန်ကျောပြင်ဖြင့် ကောင်လေးတစ်ယောက်သည် အဝတ်တို့အား သေချာ စစ်ဆေးနေသည်။
" အကိုလေး ရောက်လာပြီ "
အိမ်အကူကောင်မလေးရဲ့ အသံကြောင့် ထိုကောင်လေးသည် ဂျေးကို လှည့်ကြည့်၏။
လှည့်ကြည့်လာသော ကောင်လေး၏ မျက်နှာသည် အတော်ကို ကြည့်လို့ကောင်းသည် ၊ အသားဖြူဖြူ နှာတံချွန်ချွန်ဖြစ်ကာ ဂျေးရဲ့ ချစ်ရသော ပတ်ခ်ဆောင်းဟွန်း (ခ) သည်းငယ် သာဖြစ်သည်။
တွေ့ချင်ခဲ့တဲ့ မျက်နှာ အကြာကြီးနေမှ ပြန်တွေ့ရတာတောင် ချောမောစမြဲ ထိုမျက်နှာလေးသည် ဂျေးကို အံ့ဩမှု အပြည့်ဖြင့် ကြည့်နေသည်။လွမ်းနေခဲ့တဲ့ မျက်နှာလေးကို မြင်လိုက်ရတာကြောင့် ဂျေးမှာလဲ ဆောင်းဟွန်း နည်းတူ ကြောင်အအရယ်။
" သည်းငယ် "
" ကိုကို.. ဟင့်! "
သူ့ဆီပြေးလာသော ကောင်လေးငယ်ဟာ ငိုကြွေးနေလေသည် ၊ သူ့ရင်ခွင်ထဲ အပ်ကာ ငိုကြွေးနေသည့် ကောင်လေးငယ်၏ ဆံနွယ်တွေကို နမ်းရှိုက်လိုက်သည့်အခါ ပူရှိမ်းအနံ့လေးဟာ နှာဖျားသို့ တိုးဝင်သည်။
ဂျေးသည်လဲ ဆောင်းဟွန်း နည်းတူပင်မျက်ရည်များ ကျကာ နောက်တစ်ချိန် အနားကလွတ်ထွက်သွားမှာဆိုး၍ တင်းကြပ်နေအောင် ဖက်ထားလေသည်။
အကြာကြီးနေမှ ပြန်တွေ့ရတော့ ထွေးပွေ့မှုဟာ ဖယ်မခွာချင်လောက်အောင်ကိုပင် နွေးထွေးနေလေသည်။
အိမ်အကူ ကောင်မလေးကတော့ အခြေအနေကို နားလည်ဟန် အခန်းထဲမှ တိတ်တဆိတ်လေး ပြေးထွက်သွားလေသည်။
" သည်းငယ်ကို ချစ်သေးရဲ့လား "
နတ်သားအမျှ လှပသော ဆောင်းဟွန်းသည် နတ်သူငယ်လေး တစ်ပါးငိုကြွေးထားသလိုကို လှပနေသော မျက်ဝန်းများဖြင့် ဂျေးအားကြည့်သည်။
ညို့ယူနိုင်စွမ်း ကြီးလိုက်ပုံများ။
" ဘယ်လိုတောင် မေးလိုက်တာလိုက်တာလဲ သည်းငယ်ရယ် ကိုယ်ဖြင့် မင်းကို နေ့တိုင်းသတိရနေခဲ့ရတာ "
နူးညံ့ကာ နားထောင်လို့ ကောင်းသော raw voice လေးကို မကြားရတဲ့ နေ့ရက်တွေဟာ သိပ်ကို ခက်ခဲခဲ့ရပါသည်။ ရင်အုပ်၌ စိုရွှဲရွှဲခံစားချက်ကြောင့် ဆောင်းဟွန်း သည်းထန်စွာ ငိုကြွေးနေမှန်း သိလိုက်ရသည်။
ဂျေးရင်အုပ်ထဲ မျက်နှာအပ်ထားတဲ့ ဆောင်းဟွန်းအား မော့စေပြီး မျက်နှာလေးအား ပဲ့ကျသွားမှာ စိုး၍ ဖွဖွလေး ကိုင်သည်။
" နတ်သားလေး ဟွန်းက ကိုယ့်ရဲ့ နတ်သားလေး "
နှာတံချွန်ချွန်လေးအား လက်ညိုးဖြင့် တို့ကာပြောတော့ ဆောင်းဟွန်း၏ မျက်နှာထက် အပူလှိုင်းလေးဟာ ဖြတ်ပြေးသွားလေသည်။
အကြည့်တို့ဟာ နှုတ်ခမ်းသို့ ရောက်သွားခိုက် ဆောင်းဟွန်းဟာ သူကိုယ်တိုင်ကစ၍ ဂျေးရဲ့ နှုတ်ခမ်းတို့ကို ဆုပ်ယူနမ်းရှိုက်လိုက်လေသည်။ မည်မျှပင် ကြာမြင့်နေပါစေ ထိုနှုတ်ခမ်းဟာ ဘယ်တော့မှ စိတ်မပျက်စေရပေ။
ဂျေးခါး၌ ကျရောက်နေသော ဆောင်းဟွန်း၏ လက်ချောင်းများနှင့် ဆောင်းဟွန်း၏ လည်ပင်း၌ ရှိသော ဂျေး၏ လက်ချောင်းများ။ခုံပေါ်သို့ နှစ်ယောက်သား လုံးထွေးကာ ကျသွားပင်မဲ့ အနမ်းတို့ဟာ အရှိန်မသေသေးပေ အသက်ရှုကြပ်တာတောင် လွှတ်ချင်သေးသည့်ပုံမပေါ်ပေ။
" အင့်! "
ဂျေး၏ ရင်ဘတ်ကို ထုရိုက်လာသည့် ဆောင်းဟွန်းရဲ့ လက်သီးဆုပ်လေးတွေကြောင့် နှုတ်ခမ်းတို့အား ဖယ်ခွာလိုက်တော့ ငွေမျှည်တန်းလေးတွေဟာ တန်းလျက်။
ဆောင်းဟွန်းအား bathrobe ဖြင့်အုပ်မိုးထားသော ဂျေးဟာလဲ ခန္ဓာကိုယ်မှ ခွာချင်တဲ့ပုံမပေါ်။
ဂျေးသည် ဆောင်းဟွန်းဝတ်ထားသော t-shirt အဖြူ၏ ကြယ်သီးအား ဖြည်ညှင်းစွာဖြုတ်ရင်း ရင်ဘတ်သားဖြူဖြူဖွေးဖွေး အားနမ်းရှိုက်တော့ ဆောင်းဟွန်းဆီမှ ခပ်သဲ့သဲ့ရယ်သံလေး ထွက်ပေါ်လာသည်။
ရယ်သံကအစ ဆွဲဆောင်မှု ရှိနေတဲ့ ဒီအမျိုးသားကို ပိုင်ဆိုင်ထားရတဲ့ ဂျေးဘဝက ဈေးအတော်ကြီးသည့် စိန်ကို ပိုင်ဆိုင်ထားရသလိုပါပဲ။
ဖရိုဖရဲဖြစ်နေသော ဆောင်းဟွန်း၏ အကျီများနှင့် အသားဖြူဖြူ၌ ဂျေးရေးဆွဲထားသော အနီရောင် အကွက်တို့ဟာလဲ ဆောင်းဟွန်းအလှကို ပိုမိုဖြည့်စွတ်ပေးလျက်ရှိသည်။မကျေနပ်သေးသော ဂျေးဟာ ဆောင်းဟွန်း၏ လည်ပင်းတို့အား တိုက်ခိုက်သည် ၊ ဆောင်းဟွန်းဟာ ဂျေးအား တင်းကြပ်စွာဖက်ထားရင်း ချစ်ရသူအား ခွင့်ပြုပေးနေလေသည်။
" ကိုကို .. အ့! လွှတ်ပါအုံး "
ပုခုံးသားအား ကိုက်လိုက်သော ဂျေးကြောင့် ဆောင်းဟွန်းမှာ တစ်ချက် ညီးညူမိသည်။
" မတွေ့ရတဲ့ အချိန်အတွင်း ကိုကိုက ခန့်လာလိုက်တာ "
အရမ်းကိုပြောင်းလဲသွားတဲ့ ဂျေးဟာ မတွေ့ရတဲ့အချိန်အတောအတွင်း မြတ်နိုးရတဲ့ဆံနွယ်နက် တို့ဟာလဲ ရှည်လာလေသည်။ ဆောင်းဟွန်းထို ဆံနွယ်တို့အား ဆော့ကစားရင်း မေးမိလေသည်။
" မတွေ့ရတဲ့ အချိန်အတွင်း ကိုယ့် သည်းငယ် ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲ "
ဂျေးရဲ့ ဆွဲဆောင်မှု ရှိသောလေသံတွင် ဆောင်းဟွန်း လဲကျရသည်မှာလဲ မနည်းတော့သလို ၊ လွမ်းစွတ်ခဲ့ရသည့် အချိန်တို့ဟာလဲ မနည်းတော့ပေ။
ဆောင်းဟွန်းက ဂျေး၏ ပါးပေါ်သို့ လက်ဖဝါးအုပ်ကာ ခပ်ဖွဖွကိုင်ရင်း .. ။
" ကိုကိုရယ် သေမတတ် ရိုက်ခံခဲ့ရတယ် ဓားထက် ချွန်တဲ့စကားတွေနဲ့ ထိုးနှက်ခံခဲ့ရတယ် အဲ့တာတွေကို ကျွန်တော် 'ဂျေးပတ်ခ်နဲ့ ပြန်တွေ့ရမယ်' ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ တောင့်ခံခဲ့ရတာ တောင့်ခံခဲ့ရတာကိုပဲ တန်တယ်လို့ ပြောရမလား "
ဂျေးက ပြုံးလျက် ဆောင်းဟွန်းပေါ်ကဖယ်ခွာရင်း တစ်ဖန်ဆောင်းဟွန်းအား သူ့ရင်ခွင်ထဲတွင် နားခိုစေသည်။
" ကိုကို့ ကိုကတိပေးမလား ကိုယ်ပြောပြတဲ့ အကြောင်းအရာတွေကို မငိုပဲ နားထောင်ပေးပါ့မယ်လို့ "
ဆောင်းဟွန်းဟာ ဂျေး၏ ရင်အုပ်ပေါ် ပါးအပ်ရင်း ခေါင်းညှိမ့်သည်။ဂျေးဟာ သက်ပြင်းချရင်း နူးညံ့ပျော့ပြောင်းသော လေသံဖြင့် အစချီသည် ၊ သူသိတာပေါ့ သူ့သည်းငယ်အကြောင်း သေချာပေါက် သူ့သည်းငယ်က ကလေးမုန့်အလုခံရသလိုမျိုး ရှိုက်ကြီးတငယ်ငယ် ငိုကြွေးလိမ့်မယ်ဆိုတာ။
" ကိုယ် မင်းမရှိတဲ့အချိန် စိတ်ကျန်းမာရေး ဆေးရုံတက်ခဲ့ရတယ် တော်တော်ခံလိုက်ရတယ် စိတ်ဖောက်တိုင်း ကိုယ့်ကိုဆေးတွေပဲ ထိုးနေကြတာ "
ပြန်တိုင်နေတဲ့ ဂျေးဟာ နှုတ်ခမ်းလေးလဲ ဆူထွက်လျက်။ ဂျေးကို ကတိပေးထားပင်မဲ့ သူ့ကိုယ်သူ အပြစ်တင်မိတဲ့ ဆောင်းဟွန်းဟာ ပါးပြင်မှ တစ်ဆင့် စီးကျလာသော မျက်ရည်စက်လေးဟာ ဂျေး၏ bathrobe အဖြူပေါ်၌ အဆုံးသတ်၏။
အဝေးတစ်နေရာမှာ လွမ်းစွတ်ခြင်းများဖြင့် ရှင်သန်ခဲ့ရတဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်ချင်းစီ တိုင်းမှာလဲ အခက်အခဲတွေ ရှိခဲ့သလို ဂျေးရဲ့ အခက်အခဲဟာ ဆောင်းဟွန်းထက် ပိုပြီးကြမ်းတမ်းသည်ဟု ဆောင်းဟွန်း မြင်မိသည်။
ဂျေးအား တင်းကြပ်စွာဖက်လာသော ကလေးငယ်ကြောင့် သူ့ကလေးငယ်ဟာ ဝမ်းနည်းကာ မကြာခင် မိုးပြိုတော့မည်လို ငိုကြွေးတော့မည်ပင်။
ဆောင်းဟွန်း ငိုရင် အရမ်းလှတယ် ၊ သေသပ်တယ် ဆိုပင်မဲ့ သူ ဆောင်းဟွန်း၏ ငိုကြွေးချင်းကို မြင်ရသည်မှာ ဒီတစ်ခါနောက်ဆုံး ဖြစ်ပါစေ။
ဆောင်းဟွန်း ငိုရင် ဂျေးနှလုံးသားကလဲ ပြို လို့ပင်ဖြစ်သည်။
" နေ့တိုင်း ညတိုင်း နာရီတိုင်း မိနစ် စက္ကန့်တွေတိုင်း မင်းဝတ်ခဲ့တဲ့ jacket လေးနဲ့ ပင်ကွင်းအရုပ်လေးကို စကားတွေပြောနေခဲ့တာတဲ့ ဒါပင်မဲ့ အနည်းဆုံးတော့ မင်းကိုယ့်အနားမှာ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ချစ်နေခဲ့လို့ ကိုယ်ပျော်ပါတယ် "
" ဂျိတ်ခ်က ပြောတယ် ကိုယ်က အချစ်ရူး ယဉ်ယဉ်လေးနဲ့ရူးနေတာတဲ့ "
ဆောင်းဟွန်း မျက်ရည်တွေကြားမှ ရယ်မိသွားလေသည်။ သူ့အီခုက ပြောတတ်ပါ့။
" ဆေးရုံဆင်းတုန်းက မင်းကိုယ့်ကို ခေါ်တဲ့အသံကို အယောင်ယောင်အမှားမှား ကြားရတာက လွဲရင် အားလုံးအဆင်ပြေပါတယ် တစ်နေ့ ကိုယ်အိမ်မက်မက်တယ် အိမ်မက်ထဲမှာ မင်းနဲ့ကိုယ်တွေ့တယ်တဲ့ ပြီးတော့ မင်းရဲ့အနောက်မှာ ဝံပုလွေ အပြာတစ်ကောင်ပါလာပြီး အဲ့ဝံပုလွေက မင်း အကြိုက်ဆုံးလို့ ပြောတယ် ရူးကြောင်ကြောင် နိုင်တယ်မဟုတ်လား "
ဂျေးက ဆောင်းဟွန်းရဲ့ ဆံသားတို့အား ဖိကပ်နမ်းရှိုက်လိုက်ရင်း .. ။
" အဲ့တာကြောင့် ကိုယ်ကျောမှာ အဲ့ဝံပုလွေပုံစံ tattoo ထိုးခဲ့တယ် "
" ဒါဆို ဟိုတစ်ခေါက်က ဟိုတယ်အိမ်သာထဲမှာ တွေ့လိုက်တာ ကိုကိုလား "
" မူးပြီးခေါင်းတောင် မထောင်နိုင်တာ သည်းငယ်လား "
အမေးအား အမေးဖြင့် ပြန်တုန့်ပြန်လိုက်တဲ့ ဂျေးကြောင့် ဆောင်းဟွန်း သူ့နှဖူးသူ ရိုက်မိလေသည်။
" ဟင်းး ပတ်ခ်ဆောင်းဟွန်းတို့ကတော့ ငါမရှိတုန်း ဆိုးချင်တိုင်း ဆိုးနေပါလား "
" ကိုကိုရယ် မဆူပါနဲ့နော် "
" ဒါဆို စိတ်ဆိုးပြေစေချင်ရင် ပြင်သစ်အနမ်းလေး.. "
ဆောင်းဟွန်းဟာ သဘောကျစွာ ရယ်မောရင်း ဂျေးပေါင်ပေါ်ထိုင်ကာ သူအရင်ဦးဆောင်လိုက်လေသည်။
နှုတ်ခမ်းတို့အား တစ်လွှာခြင်းဆုပ်ယူရင်း မျက်လွှာတို့အား ချထားလေသည် ၊ နူးနူးညံ့ညံ့ အနမ်းတို့သည် မွတ်သိပ်လျက် ညီးညူသံတို့သည်လဲ အခန်း၏ လေထုထဲ ပြေးလွှားလျက်။
သေချာပေါက် နှုတ်ခမ်းတို့ဟာ ပေါက်ပြဲနေနိုင်ပြီး ဖူးယောင်နေလိမ့်မည် သို့သော် ဂျေးလုံးဝဂရုမစိုက်နိုင် သူဂရုစိုက်ကာ သူ့ကိုအကြင်နာအနမ်းပေးနေတဲ့ ဆောင်းဟွန်းကိုသာ သူဂရုစိုက်သည်။
အချိန်အကြာကြီး မတွေ့ရတဲ့နောက် ပြန်လည်နမ်းရှိုက်ရသည်မှာ မည်မျှပင် ခံစားချက်ကောင်းသနည်း။
အသက်ရှုကြပ်၍ လွှတ်ပေးရန် တောင်းဆိုနေသော ဂျေး၏ လက်တို့အား ဆောင်းဟွန်းဟာ ချုပ်ကိုင်ရင်း အနမ်းတို့အား မလွှတ်ပေးပေ ၊ ပြန်လည် လက်စားချေနေဟန် ရတဲ့ဆောင်းဟွန်းဟာ လွှတ်ပေးဖို့ အစီစဉ်ရော ရှိရဲ့လား။
" သည်းငယ်က ... တော်လာလိုက်တာ "
" ကိုကို သင်ပေးခဲ့တာလေ aigoo ကိုကို့နှုတ်ခမ်းတွေ ပေါက်ကုန်ပြီ "
ဂျေးနှုတ်ခမ်းတို့အား ပွတ်သပ်လာသည့် ဆောင်းဟွန်းရဲ့ လက်ချောင်းလေးများအား ဆုပ်ကိုင်ရင်း လက်ဖဝါးတို့အား နစ်ဝင်သွားသည်အထိ နမ်းရှိုက်လိုက်လေသည်။
" ကိုကို တကယ်တော့လေ ကျွန်တော်အကုန်လုံးကို ဆက်သွယ်ဖို့ ကြိုးစားကြည့်သေးတယ် မအောင်မြင်ခဲ့ဘူး ကျွန်တော် အီတလီရောက်ပြီး 5 လကြာတော့ ဒယ်ဒီနဲ့မာမီ ရန်ဖြစ်ကြတယ် မာမီကတော့ ဒယ်ဒီနဲ့လမ်းခွဲခဲ့ပြီး ကျွန်တော်တို့ swiss တို့ထွက်ခဲ့တယ် ကျွန်တော်သာ ဇွဲရှိရှိကြိုးစားခဲ့ရင် ခများခံစားရမှာ မဟုတ်ဘူး "
" သည်းငယ်~~ ငိုပြန်ပြီကွာ "
ဂျေးက နူးညံ့သော လေသံဖြင့်ပြောရင်း ဆောင်းဟွန်းရဲ့ ပါးပြင်၌ ကျလာသော မျက်ရည်ဥတို့အား ဖယ်ရှားပေးတော့ ကလေးငယ်ဟာ ပိုတိုး၍ ငိုရှိုက်သည်။
" ဂျေး ငါတို့ရောက်- ဆောင်းဟွန်း? "
" ဟင်? ဘယ်မှာလဲ?! "
အယ်ဗန် နီခီနဲ့ ဆောနူသည် ချက်ချင်းပင် အခန်းထဲသို့ ပြေးဝင်လာ၏။
" ဂျိတ်ခ် အယ်ဗန် နီခီ ဆောနူ အဟီးဟီး "
ငိုယိုကာ သူတို့ဆီပြေးလာတဲ့ ဆောင်းဟွန်းအား မည်သူမျှ မသနားနိုင်ပဲ ရယ်သာရယ်ချင်နေတော့လေသည်။
ဆောနူနှင့် ဂျိတ်ခ်အားဖက်ကာ ငိုယိုနေသည့်ဆောင်းဟွန်းကို ဆောနူနဲ့ဂျိတ်ခ်မှာ ဘာကြောင့်ငိုရတာလဲ မေးနေရသည်မှာ အလုပ်တစ်လုပ်ဖြစ်နေ၏။ ဂျေး အယ်ဗန်နဲ့ နီခီကတော့ ထိုသုံးယောက်ရဲ့ ပွဲကြည့် ပရိတ်သတ်ပေ။
" မင်းကို ဂျေးဘာပြောလဲ ဒီကောင်ကွာ! ဟေ့ကောင် မင်းငါ့သူငယ်ချင်းကို ဘာပြောတာလဲ "
" သည်းငယ် မငိုပါနဲ့လို့ ပြောလိုက်တာပါကွာ "
ဂျေးက ရယ်နှောနှောဖြင့် ပြောတော့ ဂျိတ်ခ်နဲ့ဆောနူမှာ ငိုရခက် ရယ်ရခက်။ ထိုအခါမှဆောင်းဟွန်းဟာ နှာတရှု့ရှု့ဖြင့် ခေါင်းထောင်လာသည် နှာခေါင်းထိပ်လေးတွေသည် ရဲတွတ်နေပြီး မျက်ဝန်းများ စိုစွတ်နေသည်မှာ သူနဲ့မှ ရွေးလိုက်ဖက်နေ၏။
" ငါမှားတာပါ ငါသာဇွဲရှိရှိဆက်သွယ်ခဲ့ရင် ဂျေးနဲ့ မြန်မြန် ပြန်တွေ့ရမှာ "
" ဆောင်းဟွန်းဟျောင်းကလဲ အခုလဲတွေ့နေရတာပဲကို မငိုပါနဲ့တော့ပင်ပန်းတယ်ဟုတ်ပြီလား "
ညီငယ်လေးရဲ့ စကားကြောင့် ဆောင်းဟွန်းဟာ လှပသေသပ်စွာ ငိုကြွေးနေရင်းမှ ခေါင်းညိမ့်သည်။
ပြန်လည်တွေ့ဆုံခြင်းသည် Right time ဖြစ်ခဲ့သည်လား .. ။
MEETING YOU
ထုံးစံအတိုင်း တောင်ကိုရီးယား၏ နာမည်ကြီး အဆိုတော် အနုပညာရှင်များသည် Mi gallery မှ ဦးဆောင်ပြုလုပ်သော Designer Mi ၏ fashion show သို့ တက်ရောက်သည်မှာ စဥ်ကားလှသည်။
ကြီးမားလှသော stage ပေါ်တွင် ခေတ်မှီလှသော အပြင်အဆင်များဖြင့် ပြင်ဆင်ထားသည်မှာ အတော်ကို လူရှိန်စရာကောင်းလေသည်။
Makeup room ထဲတွင် model တွေထဲမှ ဝါရင့်ကာ အတော်ကို တော်လှသည့် model Jay Park သည် သူ၏ ချစ်ရသူလေးအား လက်ကိုင်ရင်း မိတ်ကပ်ပြင်နေလေသည်။
အဖြစ်သည်းလိုက်တာ ၊ အမြင်တောင်ကပ်တယ်။
" ဆံပင်ကို ဆောင်းဟွန်းကို လုပ်ခိုင်းလိုက်ပါ "
Hairstylist ကတော့ ဒီနေ့အတွက် အလုပ်မလုပ်ရတဲ့နေ့ပင် ဖြစ်သည်။ ခနကြာတော့ မိတ်ကပ်ပြင်မှု ပြီးဆုံးသွားပြီး ဆံပင်လုပ်ရန် အချိန်ကျလာလေသည် ၊ အနည်းငယ် ပွဖောင်းဖောင်းလေး ဖြစ်နေသော ဆံနွယ်ရှည်ရှည်တို့ အား နှဖူးလှလှလေး ပေါ်ရန် ဂျယ်ဖြင့် လှန်တင်လိုက်လေသည်။
ဆံနွယ်ရှည်ရှည်တို့သည် တစ်ခါတစ်လေလဲ နှဖူးပေါ် ကျရောက်တတ်ပါသေးသည် ၊ ထို့နောက် spray ဖြင့် ဆံသားတို့အား ငြိမ်အောင်ပြုလုပ်လိုက်ရင်း ဆံပင်ပြုလုပ်ချင်းကို အပြီးသတ်လေသည်။ ရိုးရှင်းသော ပြုပြင်ချင်းဖြင့် ပြုပြင်ခံထားရသော ဆံနွယ်သည် ဂျေး၏ မျက်နှာ ချောချောဖြင့် လိုက်ဖက်နေလေသည်။
ဆောင်းဟွန်း ဂျေး၏ ပါးအားခပ်ဖွဖွနမ်းရှိုက်တော့ ဂျေးဟာ ပြုံးသည်။
" ကိုကို အကောင်းဆုံး လုပ်နိုင်မှာပါ စိတ်ကိုလျော့ထားနော် "
" ဟုတ်ကဲ့ပါဗျ "
ဂျေး ထိုင်ရာကထကာ အခန်းမသို့ ဦးတည်လာချိန်အထိ ဆောင်းဟွန်းရဲ့လက်ကို ကိုင်ထားစမြဲပင်။ စီနီယာဖြစ်ပြီး အရှေ့က ထွက်ရမည့် model ဖြစ်နေလို့သာ ဘယ်သူမှ ဘာမှမပြောရဲကြပေ။
Shirt အဖြူလက်ရှည်ကိုမှ ရင်ဘတ်တွင် အဖတ်လှလှဖြင့် ပြင်ဆင်ထားပြီး ပုခုံးမှစကာ တံကောက်ကွေးအထိ ခပ်တောက််တောက် စိန်ကြိုးများကို တပ်ဆင်ထားသည် ၊ အဖြူစွတ်စွတ်သည် အပေမခံနိုင်လောက်အောင်ကို ဖြူဖွေးလျက် ရှိနေသည်။
ဘောင်းဘီ ကိုလဲ style pants အနက်ကိုမှ ခါးပတ်မှ စ၍ အောက်အထိ အထက်များဖြင့် ပြင်ဆင်ထားကာ ဂျေးနှင့် လိုက်ဖက်လှသည်။
ဒီလို သေလောက်အောင် မိုက်သည့် design ကိုစဉ်းစားတတ်တဲ့ မေမေ့ကို ဆောင်းဟွန်း စိတ်ထဲမှ ကျေးဇူးတင်မိသည် ၊ ပွဲစချိန်တွင် ဂျေးက ရှေ့ထွက် model တစ်ယောက်ဖြစ်ကာ သူထွက်သွားသည်နှင့် အခန်းမထဲတွင် လက်ခုပ်သံများ ပျံ့နှံ့လျက် ရှိသွားလေသည်။
ရင်ဖွင့်ကာ တစ်လှမ်းချင်းဖြင့် မြန်မြန်နှင့် မှန်မှန်လျှောက်လာသော ဂျေး၏ catwalk သည် တမူထူးခြားကာ ကြည့်ကောင်းလွန်းသည်။ တည်တင်းလှသော ရုပ်ရည် တပြိုင်နက်ထဲ ချောမောလှသော ရုပ်ရည်။
Camera man များသည် ဂျေး၏ ချောမောမှုအား ဖမ်းစားနေရ၍ အလုပ်များနေကြသည်။
Jay Park owns this fashion show.
ပထမ တစ်ခေါက် ၊ ဒုတိယ တစ်ခေါက် ၊ တတိယတစ်ခေါက် အမြဲတမ်းလိုလို artist တွေရဲ့ အကြည့်ကိုဖမ်းစားနေတဲ့ ဂျေးပတ်ခ်အား ဂျူနီယာလေးတွေဟာ အနည်းငယ်တော့ အမြင်ကပ်ကြနေလိမ့်မည်။
သို့သော် 'ကိုကို ကိုကို' နဲ့အဖြစ်သည်းကာ တစ်ခေါက် ပြန်ဝင်လာတိုင်း ချွေးသုတ်ပေးရတာနဲ့ ၊ ရေတိုက်ရတာနဲ့ ၊ အာဘွားပေးတာနဲ့ အလုပ်များနေတဲ့ ဆောင်းဟွန်းကြောင့် အမြင်ကပ်မှုဟာ 2 ဆ။
ပွဲဟာ အတန်ကြာအောင် ကျင်းပပြီးနောက် ပြီးဆုံးသွားခဲ့လေသည် ၊ Designer Mi ၏ ချီးကျူးသံတို့ဟာလဲ ဂျေး၏ ဘေးတွင် ပြေးလွှားနေ၏။
" ငါ့ရဲ့ သားမက်လေးက အမြဲတော်နေတော့တာပါပဲလား "
Park Sae-Mi ရဲ့ ချီးကျုးမှုအား ဂျေးဟာ ဂုတ်လေးကို ပုလျက် ချီးကျူးခံလေသည်။
ခများတို့သိလား ၊ ယောက္ခဆီက ချီးကျူးခံရတဲ့ ခံစားချက်ကလေ ငယ်ငယ်တုန်းက မိုးရေထဲ ဘောင်းဘီချွတ်ပြီး မိုးရေချိုးရတဲ့ ခံစားချက်လိုမျိုး။
တကယ်တော့ ပျော်စရာကြီးဗျ။
[A/N: ပျော်စရာကြီးလို့ ပြောတာပါ :) ဟဲဟဲ ]
" ငါတို့ ဆောင်းဟွန်းလေးကို အပ်တယ်နော် "
Miss Park ၏ လက်ဖဝါးနုနုသည် ဂျေး၏ ပါးပြင်ပေါ်သို့ ထိရောက်ခိုက် ပိုးသားအိအိ လက်ကိုင်ပဝါအား ပါးအပ်လိုက်ရသလိုမျိုး။
Park မျိုးရိုးက မျိုးနဲ့ရိုးနဲ့ကို လှကြ ချောကြတာပဲ ဟို Park Baekhyun ဆိုတဲ့ ကောင်ကြီးကလွဲလို့။
" အန်တီကလဲ ဘယ်လိုစကားကြီးလဲ "
" ဘာကို အန်တီတုန်း နှုတ်ကျိုးသွားရင် ဒုက္ခကွယ် အိုမားလို့ပဲ ခေါ် "
" အိုမား? "
မခေါ်တာကြာပြီဖြစ်တဲ့ ထိုနာမ်စားကြောင့် ဂျေးခေါ်ဖို့ အနည်းငယ် ထစ်နေခဲ့ပင်မဲ့ပေါ့။
" အိုမား "
" ဟေ သားလေး "
ရယ်မောသံတို့ဟာ တစ်ထပ်ထဲကျသွားခိုက် စိတ်တို့ဟာ ပေါ့ပါးလျက်ရှိသည် ၊ ဖွင့်ပြောတဲ့အချိန်တုန်းက အနည်းငယ်တော့ ကြောက်ခဲ့မိပင်မဲ့ ယခုလို ရင်းနှီးသွားတော့ ဂျေးစိတ်တော့ သက်သာလှပါသည်။
မမြင်ရတဲ့ သံယောဇဉ်ကြိုးဖြူလေးရဲ့ ခိုင်မြဲပုံက လူတိုင်း အား ကျ ချင် စရာ။
MEETING YOU
" ကဲ အမောင်ဂျေး မင်းရဲ့ ခေါက်ဆွဲပြုတ်ကို ငါတို့စားရ ပါ့အုံးမလား "
ဂျေးဟာ ဂျိတ်ခ်တို့အား ကျောခိုင်းထားရာမှ 'ရတော့မယ်' ဟုအသံပြန်ပြုသည်။
ယခုသူတို့ ရောက်နေတဲ့နေရာဟာ camping ထွက်သည့် နေရာမှာပင် ဖြစ်သည် ၊ သာယာတယ် လွတ်လပ်တယ် ၊ မိသားစုအား အချိန်ပေးလိုသည့် အချို့သောသူများသည် ဒီနေရာကိုပင် ရွေးချယ်လေ့ရှိကြသည်။
အယ်ဗန်နဲ့ နီခီကတော့ ဂိမ်းအတူဆော့ နေပြီး ဆောနူ ဂျိတ်ခ်နဲ့ ဆောင်းဟွန်းတို့ကတော့ စကားထိုင်ပြောနေကာ အဖွဲ့ရဲ့ မိခင်ကြီး ဂျေးကတော့အားလုံးစားဖို့အတွက် ခေါက်ဆွဲပြုတ်နေလေသည်။
အခုတလော ဂိမ်းအား ဓာတ်ကျနေတဲ့ အယ်ဗန်နဲ့ နီခီတို့နှစ်ယောက်ဟာ တွေ့တိုင်း ဂိမ်းပဲဆော့နေလေသည်။ တစ်ခါတစ်လေလဲ နှစ်ယောက်သား အေးအေးဆေးဆေး ဆော့နေတတ်သည့် ဂိမ်းဟာ Free fire တို့ LOL တို့ဖြစ်နေတတ်သော်ညား ၊ နှစ်ယောက်သား သေချာအာရုံစိုက်ပြီး ဆော့နေသည့် ဂိမ်းဟာလဲ တစ်ခါတစ်လေ Candy Crush လဲဖြစ်နေနိုင်သည်။
" ဟဲ့! ဟိုနှစ်ယောက်! နင်တို့ ခေါက်ဆွဲစားမယ် လာခဲ့! "
ပွတ်ကျိပွတ်ကျိလုပ်ကာ ဂိမ်းအား အာရုံစိုက်ပြီး ဆော့နေတဲ့ နှစ်ယောက်ကြောင့် ဂျိတ်ခ်တစ်ယောက် ဒေါကန်လာသည့်အတွက် နှစ်ယောက်လုံးကို အော်လိုက်လေသည်။
ထိုအခါကြတော့ နှစ်ယောက်သား ဂုတ်လေးပုကာ ထိုင်ခုံတွင်ဝင်ထိုင်သော်ညား ဖုန်းကိုလဲ မပိတ်သေး။
" ပိတ်လေ နီရှီမူရာရီခီ ! "
" ဟုတ်ပြီနော် မောင်ပိတ်လိုက်မယ်နော် "
ချစ်သူလေးရဲ့ စကားတစ်ခွန်းဆို 'အင့်' တောင်ပြန်မပြောရနဲတဲ့ နီခီဟာ ချက်ချင်းပင် ပိတ်လိုက်လေသည်။
" ခများရော Evan Lee.. "
တစ်လုံးချင်းဆီ ခေါ်လိုက်သောကြောင့် အယ်ဗန့်မှာလဲ အသေအလဲကြောက်ကာ ဖုန်းကို ပိတ်ပြီး ဂျိတ်ခ်ကိုသာ ကြည့်နေလိုက်တော့သည်။
အိမ်ပြန်ရောက်လို့ ဧည့်ခန်းဆိုဖာပေါ် မအိပ်ချင်ရင် အခုထဲက ချစ်သူလေးရဲ့ မျက်နှာကို မေးထောက်ကာ ကြည့်နေပေတော့။
" ရပြီရော့! "
စားပွဲအလည်သို့ ရောက်လာသည့် ခေါက်ဆွဲပြုတ်အိုးသည် အတော်ကို စားချင်စဖွယ်ကောင်း၏။
ဂျေးပတ်ခ်က ဘာလို့အမြဲတမ်း အကုန်တော်နေရတာလဲ။
" ကိုကိုက ပင်ပန်းနေတော့ ကျွန်တော်ခွန့်ကျွေးမယ် "
အမြဲတမ်း ကိုကို ခေါ်ရတာ ရှက်နေဟန်ရတဲ့ ဆောင်းဟွန်းဟာ ယခုတွင်တော့ ကိုကို ဟူသော နာမ်စားကို ပါးစပ်ဖျားက မချပေ။
ခေါက်ဆွဲသားတို့အား အပူကင်းစင်သွားသည့် အချိန်အထိ မှုတ်ပေးကာ နှုတ်ခမ်းလေးဖြင့် တို့ကြည့်ပြီးတော့မှ ဂျေးအား ခွန့်ကျွေးလေသည်။
(ဂျေးပတ်ခ်၏ မေးခွန်း: ခများတို့ရော ခွန့်ကျွေးမဲ့သူ ရှိလား?)
အကယ်လို့သာ ဒီအချိန်ထိ ဆောင်းဟွန်းသာ ပြန်မရောက်လာခဲ့ရင် ထိုနှစ်တွဲကြား ဂျေးပတ်ခ်ဟာ သေချာပေါက် တတိယဘီး။
ကိုယ့်ချစ်သူနဲ့ကိုယ် ချစ်နေကြသောကြောင့် ဘေးနားကလူတွေတောင် မမြင်ကြတော့ပေ။
" သည်းငယ် "
" ဟင်? "
" ကိုယ်စဉ်းစားနေတာ တစ်ခုရှိတယ် ကိုယ်တို့ နှစ်ယောက်လေ.. "
" အင်း ဆက်ပြောလေ "
ပြောနေရင်း တိတ်သွားကာ ဆောင်းဟွန်းကိုင်ထားသော ခေါက်ဆွဲပြုတ် ပန်းကန်အားစိုက်ကြည့်နေရင်းမှ..။
" ကိုယ်တို့တွေ ညကြရင် "
" ဂျေးပတ်ခ်! ခများ! "
အံကိုကြိတ်ကာ ခေါက်ဆွဲပန်းကန်ဖြင့် ခေါက်ခံလိုက်ရတဲ့ ဂျေးဟာ အပြုံးမပျက်။
" ခများကို ခွက်နဲ့ခေါက်တာ ပန်းနဲ့ပေါက်တယ် ထင်နေလား "
" သည်းငယ် ကိုယ့်ကိုဓားနဲ့ထိုးရင်တောငါ ကလိထိုးတယ်ပဲ ကိုယ်က ထင်တာ ဘယ်လိုလုပ်ရမလဲ သည်းငယ်ကြောင့် ကိုယ့်မှာ အချစ်နွံထဲ နစ်နေရပြီ "
" ဆက်နစ်အောင် ထပ်ချစ်ပေးမယ် "
ဂျေးက ထိုစကားကြားတော့ ရယ်သည်။
ဟုတ်တယ် .. ။
သူဒီ ပတ်ခ်ဆောင်းဟွန်း ရဲ့အချစ်နွံထဲက မရုန်းထွက်ချင်ပါ ၊ သူဒီနွံမှာ ပျော်မွေ့နေပြီလေ။
" သည်းငယ် "
" ဟင် "
" ကိုယ်တို့ အနာဂတ်မှာလဲ ဒီလိုပဲနေကြရအောင်နော် ဘယ်တော့မှ မခွဲသွားပဲနဲ့လေ "
ဆောင်းဟွန်းဟာ ဂျေး၏ လက်ဖမိုးအား သေချာဆုပ်ကိုင်ရင်း မျက်ဝန်းတို့အား သေချာကြည့်လေသည်။
" ကျွန်တော်ကရော ဘာကိစ္စ ကိုကို့ ကိုထားခဲ့ရမှာလဲ စိတ်ချပါ ကျွန်တော်ထားသွားတဲ့နေ့က ကျွန်တော်သေတဲ့နေ့ပဲ ကိုကို စိတ်ချဟုတ်ပြီလား "
" အင်း ချစ်တယ် "
" ကျွန်တော်လဲ ချစ်တယ် "
ထို့နောက် ထပ်တူကျသွားတဲ့ နှုတ်ခမ်းတို့ဟာ ချစ်ခြင်းများဖြင့် ပြည့်နှံ့လေပြီး နူးညံ့သော အသွင်ကို ဆောင်သည် ၊ အချစ်တို့ ထပ်တူကျခိုက် အနမ်းတို့ဟာလဲ ကာယကံရှင် နှစ်ဦးလုံးကို ပျော်ရွှင်မှုများ ပေးစွမ်းလေသည်။
မျက်ဝန်းများဖွင့်လိုက်ချိန် မြင်လိုက်ရသည့် မြင်ကွင်းဟာ ဝတ်ထားသော jacket များကို ချွတ်ကာ ကာပေးထားပြီး ထိုအပေါ်မှ ချောင်းနေကြသော ဆောနူ ၊ ဂျိတ်ခ် နီခီနဲ့ အယ်ဗန်သာ ဖြစ်သည်။
" ပြီးသွားပြီလား "
ဂျိတ်ခ်ရဲ့ အမေးကြောင့် ဆောင်းဟွန်းမျက်နှာမှာ ခရမ်းချဉ်သီးတောင် အဖေခေါ်ရမလားပဲ။
" ဂျိတ်ခ် ခွေး-! မင်း ငါ့သည်းငယ် ရှက်သွားပြီ "
" ဟာ.. ကိုကိုကလဲ "
ထိုအခါမှ ဂျေးရင်ခွင်ထဲ ပြေးဝင်ကာ မျက်နှာဖွက်ထားတဲ့ ဆောင်းဟွန်းကြောင့် စ စရာတွေ ဖြစ်ကုန်လေသည်။
ညနေခင်းသည် လှပလျက် ရှိနေပြီး ချစ်ရသူ သုံးဦးအတွက် လှပသော ကတိသစ္စာကို တိုင်တည်ခဲ့ကြသည်။
" ကျွန်တော် ဂျေးပတ်ခ်သည် ပတ်ခ်ဆောင်းဟွန်းအား တစ်သက် လက်မလွှတ်ပါဘူးဟု ကတိသစ္စာဆိုပါသည် ပတ်ခ်ဆောင်းဟွန်း မဖောက်ပြန်ပါဘူး ပတ်ခ်ဆောင်းဟွန်း ကိုသာ တစ်သက်လုံးချစ်သွားပါ့မည်ဟု ကတိသစ္စာဆိုပါသည်အကယ်၍ ဤကတိသစ္စာအား ဖောက်ဖြတ်ခဲ့ပါက ပတ်ခ်ဆောင်းဟွန်း ပေးသမျှ ပစ်ဒဏ်တိုင်း ခံပါ့မည်ဟု သစ္စာဆိုပါသည် "
" ကျွန်တော် အီဟီဆွန်းသည် ရှင်းမ်ဂျယ်ယွန်းအပေါ် အနိုင်မယူ ရှင်းမ်ဂျယ်ယွန်း မျက်နှာတစ်ချက် အပျက်ရ ၊ ရှင်းမ်ဂျယ်ယွန်း အပေါ် မဖောက်ပြန်ပါဘူးဟု ကတိသစ္စာဆိုပါသည် ထိုကတိသစ္စာအား ဖောက်ဖြတ်ခဲ့ပါက ရှင်းမ်ဂျယ်ယွန်းပေးသမျှ ပစ်ဒဏ်တိုင်း စကားတိုင်းကို နာခံပါ့မည် "
" ကျွန်တော် နီရှီမူရာရီခီသည် ကင်မ်ဆောနူအား တစ်သက်လုံးချစ်သွားပါ့မည်ဟု ကတိသစ္စာဆိုပါသည် ကင်မ်ဆောနူပြောသမျှ နာခံပြီး ကင်မ်ဆောနူရဲ့ မှီခိုရာ ရင်ခွင်အဖြစ် အနားအမြဲရှိနေပါ့မည် အကယ်၍ ကင်မ်ဆောနူအပေါ်ဖောက်ပြန်ခဲ့သည် ဖြစ်စေ ကင်မ်ဆောနူကို မျက်နှာပျက်စေမည့် အရာများ ဖြစ်ခဲ့ပါက ကင်မ်ဆောနူ အပ်အချောင်းတစ်ထောင် မြိုချခိုင်း လက်သန်းကို ဖြတ်ခိုင်း အသက်ကို တောင်းဆိုရင်တောင် အသာကြည်ဖြူ ပေးပါ့မည်ဟု ကတိသစ္စာဆိုပါသည် "
ချစ်ရသူတိုင်း၏ သစ္စာစကားကြောင့် ဝမ်းသာမျက်ရည်တို့ဟာလဲ ပါးပြင်တိုင်းတွင် စီးဆင်းလျက်။
" ကိုကိုလဲ ဘယ်တော့မှ မခွဲဘူးမောင် ချစ်တယ်နော် "
" ဒါဆို မောင်က ပိုချစ်ပေးမယ် ဟုတ်ပြီလား "
နီခီ့ရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုကြွေးနေတဲ့ ဆောနူဟာ လှပလျက်။
" ကိုကိုက အမြဲကတိတည်နိုင်တဲ့ လူမို့ ကိုကို့ ကိုစိတ်ချတယ် "
" Sweetheart က ယုံကြည်မှတော့ ပိုယုံကြည်အောင် နေရတာပေါ့ ဟုတ်ပြီလား "
" ဟီးဟီး ကိုကိုသာ ချစ်ဖို့ အကောင်းဆုံး အာဘွား "
အယ်ဗန့် ပါးပြင်သို့ ကျရောက်လာတဲ့ဂျိတ်ခ်ရဲ့ နှာတံချွန်ချွန်လေး။
သာယာနေသော ထိုနှစ်တွဲအားကြည့်ကာ ဂျေးနဲ့ ဆောင်းဟွန်းဟာ ပြုံးလျက်။ သူသိပါသည် ဂျေးဟာ ကတိတည်တတ်ပြီး သူ့အား အရမ်းချစ်တယ် အရမ်းအလိုလိုက်တယ် ဆိုတာ သူသိတာပေါ့။
" ကတိသစ္စာတွေ မလိုပါဘူး ကိုကိုရဲ့ ကိုကိုအတည်ချစ်ပေးတယ်ဆိုတာ ကျွန်တော်သိပါတယ် "
" ကိုကိုက သည်းငယ်ကို အမြဲချစ်ပေးနေမှာ "
" သိတာပေါ့ ကိုကိုရဲ့ သိတာပေါ့ "
အကြည့်ချင်းဆုံခိုက် နှစ်ယောက်သား ရယ်မိကြရင်း ဂျေးရင်ခွင်ထဲ ဆောင်းဟွန်းဝင်ကာ နေဝင်ချိန်အလှကို အတူတူကြည့်ခဲ့ကြသည်။
ရုန်းထွက်ရင်းနဲ့ ထပ်ထပ် နစ်ခဲ့ .. ။
ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့ .. ။
သံယောဇဉ် .. ။
MEETING YOU ~~THE END~~
20.4.2024
နောက်ဆုံးတော့ ပြီးသွားခဲ့ပါပြီ အခုချိန်ထိ ဖတ်ပေးခဲ့တဲ့ reader တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် နောက်လာမဲ့ fic တွေကိုလဲ အကောင်းဆုံး ဖြစ်အောင် လုပ်သွားပါ့မယ်။
There are no comments yet. Log in to be the first to leave a review!






