2
17:39, 12 April 2024" အဲ့တစ်ယောက်ရဲ့ အကြည့်တွေက မရိုးသားဘူး ကိုကို! "
ကား steering wheel အား တင်းကြပ်စွာ ကိုင်ရင်း နီခီက အလိုမကျသည့် မျက်နှာထားဖြင့်မေးသည်။ ဆောနူတစ်ယောက် သေပြီ ဆိုတဲ့ မျက်နှာထားဖြင့် ဖြေရှင်းရပြီလေ။
" ဆောနူကို လုပ်တာမဟုတ်ဘူး ငါ့ကိုလုပ်နေတာ နီခီရေ "
" ဟမ်!! ဘာလုပ်တာလဲ!! "
နီခီတစ်ယောက် အံ့ဩသွားပြီး ကားကို ဘေးထိုးရပ်ကာ ဆောင်းဟွန်းကို လှည့်ကြည့်သည်။ ဒီကောင့်ရဲ့ dirty mind level က သိပ်မြင့်တာပဲ ၊ ခွေးကောင်လေး အသက်နဲ့မှ မလိုက်။
ဆောင်းဟွန်း အံကိုကြိတ်ကာ မဟုတ်တာတွေ တွေးနေတဲ့ နီခီ့ခေါင်းအား တစ်ချက် ရိုက်ချလိုက်၏။
" ခွေးကောင်လေး ဘာတွေတွေးနေတာလဲ အဲ့မရိုးသားတဲ့ အကြည့်တွေက ငါ့ကို ကြည့်နေတာလို့! "
" အာ့! အဲ့လို ရှင်းရှင်းပြောပါ သူ့ဟာသူ ဘာကြီးပဲဖြစ်ဖြစ် model မကလို့ သမ္မတသားဖြစ်ဖြစ် ကိုကို့ကို ထိရင်တော့ ကျွန်တော်က ထိုးမှာနော် "
ဆောင်းဟွန်းက အမြင်ကပ်စွာ 'ချစ်နေလိုက်တာ' ဟုတိတ်တခိုးပြောရင်း ရှုံ့မဲ့ကာ ဟိုဘက်လှည့်သွားလေ၏။ ခုနက စားသောက်ဆိုင်မှာကင်မ်ဆောနူတို့ ပြုံးရွှင်ပြီး စကားပြောနေကြောင်းသာ တိုင်လိုက်ရင် ဒီအတွဲ နှစ်ရက်လောက် စကားမပြောနိုင် ဖြစ်သွားလိမ့်မယ်။
တရွေ့ရွေ့ မောင်းနှင်လာတဲ့ ကားလေးဟာ ဆောင်းဟွန်းရဲ့ ကိုယ်ပိုင် တိုက်ခန်းလေးရှေ့တွင် တိခနဲ ရပ်တန့်သွားလေသည်။
" လိုက်ပို့ပေးလို့ ကျေးဇူးပါ နီခီ "
" မလိုပါဘူး ဟျောင်း ကောင်းကောင်းသွား "
နီခီနဲ့ ဆောနူအား နှုတ်ဆက်ပြီးသည်နှင့် တိုက်ခန်းဆီ တက်လာမိသည်။ အထုပ်တွေချပြီး ဝယ်လာတွေ ရေခဲသေတ္တာထဲ ထည့်သင့်တာတွေ ထည့်ကာ ခနအမောဖြေလိုက်၏။
ဒီနေ့ပိတ်တဲ့ တစ်ရက်က လူရော စိတ်ရော ပင်ပန်းတဲ့ ပိတ်ရက်။
တစ်နေကုန် နီးပါး ပစ္စည်းတွေ ဝယ်ရင်း ဟိုစိတ်မနှံ့တဲ့ အရူးကြီးရဲ့ အလုပ်ကမ်းလှမ်းမှုကြောင့် စိတ်က တစ်မျိုး ရှုပ်ရပြန်သည်။ ဆောင်းဟွန်း အဲ့အလုပ်ကို လုံးဝ လက်ခံမည်မဟုတ်။ ဘာလို့လဲဆိုတော့ သူ ဟိုတယ်ကို သံယောဇဉ် ရှိတဲ့ အတွက် ဘယ်လောက်ပေးပါစေ သူမလုပ်ပါ။
MEETING YOU
ပိတ်ရက်တွင် အဝနားပြီးတဲ့ အချိန်တွင်တော့ ပုံမှန်တိုင်း အလုပ်ပြန်ဆင်းရတဲ့ နေ့ကို ရောက်လာပြန်သည်။ uniform အပြည့်အစုံဖြင့် ဆံပင်အား ဒီတိုင်း ချထားတဲ့ လူတွေထဲမှာမှ ဆောင်းဟွန်းဟာ ကြည့်အကောင်းဆုံးဆုကို ဆွတ်ခူးထားသည်။
သဘောဝအတိုင်း ကျန်းမာသန်စွမ်းနေတဲ့ ဆံနွယ်တွေဟာ လမ်းလျှောက်တိုင်း ခုန်ပေါက်နေကာ သုံးနှစ်ကလေးလေး အုန်းဆီ လိမ်းဖို့ မေ့လာသည့်အလား။
Lift ကအထွက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆောင်းဟွန်း မျက်လုံးများမကောင်းလို့လားလို့ နှစ်ခါ ပြန်ကြည့်မိသည်။
ဂျေးပတ်ခ် ဆိုတဲ့ ကန့်လန့်တိုက်တတ်တဲ့ လူကြီးဟာ အဘွားအိုတစ်ယောက်ကို တွဲကာ ဟိုတယ် အခန်းထဲက ထွက်နိုင်ဖို့ အတွက် ကူညီနေလေရဲ့။
နေ့ချင်း ညချင်း ပြောင်းသွားတဲ့ ဆံပင်အရောင်ဟာ ယခုတွင်တော့ ပျားရည်ရောင် အသားရည်နဲ့ လိုက်ဖက်စွာ တည်ရှိနေတဲ့ ငွေရောင် ဆံသားများ။ ထို့နောက် နှုတ်ခမ်းသား နုနုတွေဟာ ပြုံးနေသည်မို့ အသဲပုံလေး ပေါ်လျက်။
အဘွားအို အထဲထဲ ရောက်သည်အထိ လိုက်ပို့ပြီး ဦးညွှန့်ကာ ဒီဘက်အလှည့် သူ့အား အံ့အားသင့်နေသည့် ပုံစံဖြင့် ကြည့်နေတဲ့ ဆောင်းဟွန်း ကြောင့်ဂျေးဟာ ပြုံးလျက် ဆောင်းဟွန်းဆီ လျှောက်လာ၏။
" Good morning ပါ ဆောင်းဟွန်း "
" အာ.. morning ပါ ဂျေး "
အပြုံးနုနုဖြင့် ပြန်နှုတ်ဆက်တဲ့ နှင်းဖြူလုံးလေးဟာ မနက်ခင်းကို ကျက်သရေရှိစေတဲ့ ဆည်းလည်းလေး။
" ကိုယ် ကမ်းလှမ်းထားတဲ့ အလုပ်လေး "
" အာ.. ကျွန်တော် မလုပ်ပါရစေနဲ့ ဂျေး ၊ ကျွန်တော် ဟိုတယ်ကိုလဲ သံယောဇဉ် ရှိတယ် ပြီးတော့ အလုပ်က တစ်ခုထဲလဲ မဟုတ် ၊ နှစ်ခုဆိုတော့ ကျွန်တော် မနိုင်ဝန်ထမ်းသလို ဖြစ်သွားမှာ ဆိုးလို့ပါ "
ဂျေးက မျက်နှာလေးကို ညိုးနွယ်ဟန်ပြရင်း မျက်လွှာအား အောက်ချလိုက်သည်။ အဲ့လိုလုပ်လို့ သူ့နှင်းဖြူလေး စိတ်ပြောင်းမလားလို့ တွေ့မိတော့ 'ခွင့်ပြုပါအုံး' ဆိုတဲ့ တစ်လုံးထဲ ပြောကာ ထွက်သွားလေရဲ့။
စိတ်မကောင်းဖြစ်သွားတဲ့ သူ့ကို နည်းနည်းလေးမှ မနှစ်သိမ့်သွားတော့တာပဲ။ ဂျေး ဟားခနဲ တစ်ချက်ရယ်ကာ ခြေထောက် ရှည်ရှည်တွေရဲ့ ဦးတည်ရာဟာ ဒယ်ဒီ့ ရုံးခန်းဆီသို့။ အတွင်းရေးမှူးနဲ့ အလုပ်တွေနဲ့ နှပန်းလုံးနေတဲ့ ဒယ်ဒီဟာ ဝင်ခွင့်မတောင်း ဘာမတောင်းနဲ့ ဝုန်းဒိုင်းကြဲကာ ဝင်လာတဲ့ သူ့ကို မကြည်ကြည့် တစ်ချက်ကြည့်၏။
အလုပ်အကြောင်း အမြန်ပြီးအောင်ပြောပြီး အတွင်းရေးမှူး အမြန်ထွက်သွားတော့မှ ဂျေးဟာ စကားစလာ၏။
" ဒယ်ဒီပဲ စဉ်းစားကြည့်! ကျွန်တော့်လို ဥစ္စာပေါ ရုပ်ချော ပြီး တစ်ချိန်ထဲမှာပဲ နာမည်လဲကြီးတဲ့ လူရဲ့အတွင်းရေးမှူး မဖြစ်ချင်တဲ့လူက ရှိသေးတယ်တဲ့လား?!! "
မကျေမနပ် စားပွဲအားထုရင်း ပြောလာသည့် ဂျေးကြောင့် Mr.Park ခမျာ သွေးတွေပါ တက်ချင်နေ၏။
ဒီလို ဒေါသလဲ ထွက်လွယ် ၊ စိတ်ကလဲ လက်တစ်စစ် လိုလူမျိုးရဲ့ အတွင်းရေးမှူး မလုပ်ချင်တဲ့လူရှိသေးတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်သားမို့လို့သာ မပြောတာ ဒီကောင်က ငယ်ငယ်ထဲ ဇီဇာ ကြောင်တာမှ လွန်ရော။
" အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ "
" ဒယ်ဒီ ဝိုင်းပြော ပေးသင့်တယ် "
" ဘာလို့ ဝိုင်းပြောရမှာလဲ ငါ့အပိုင်းမှ မဟုတ်တာ "
ဂျေးက ခါးထောက်လျက် သက်ပြင်းတစ်ချက် ချ၏။
" ပတ်ခ်ဆောင်းဟွန်းလေ ဟိုမန်နေဂျာ ကျွန်တော်က ဒါရိုက်တာ ရာထူး အတွင်းရေးမှူးတဲ့ model အတွင်းရေးမှူး လုပ်ခိုင်းတာကို များတယ်တဲ့! "
" အဲ့တာကို မင်းက မများဘူးလို့ ထင်နေတာလား "
" အင်းလေ မများပါဘူး "
Mr.Park စိတ်တိုတိုဖြင့် စာရွက်အား လိပ်ကာ ဂျေးရဲ့ ခေါင်းအား အားပြင်းပြင်းထည့်ကာ ရိုက်ချလိုက်၏။ အတွင်းရေးမှူး ဆိုတဲ့ အလုပ်က မန်နေဂျာထက် ခေါင်းကိုက်ရတဲ့ အလုပ် ၊ တစ်ခုထဲတောင် အလုပ်ရှုပ်တာ နှစ်ခုသာ ဆိုရင် ပတ်ခ်ဆောင်းဟွန်း တို့မူးလဲ သွားမှာပေါ့။
" အ့! ဒါပင်မဲ့ တန်ရာ တန်ကြေးတော့ ပေးမှာပါ ဒယ်ဒီရယ် ပြောပေးပါဗျာ ဒယ်ဒီ ပြောတော့ ကျွန်တော်လိုချင်ရင် ရစေရမယ်ဆို "
" အေးပါကွာ! ငါပြောပေးမယ် "
ဂျေးက ပြုံးလျက် အပြင်ကို ထွက်သွားလေ၏။ အကယ်လို့ နှင်းဖြူလေး လာတဲ့အချိန် သူ့ကိုတွေ့ရင် မလုပ်ချင်တဲ့ အလုပ်ကို အတင်းလုပ်ခိုင်းတယ်ဆိုပြီး အတိုးချဆဲနိုင်ပါသည်။
MEETING YOU
" ဆောင်းဟွန်း မင်းကို သူဌေး ခေါ်နေတယ် "
စားပွဲပေါ် အလုပ်တွေပုံနေလို့ ရှုပ်နေတဲ့စိတ်ဟာ ထိုအသံကြားတော့ အစုံကြည်လင်သွားသလို။ မဟုတ်ပါဘူး အဲ့တာ ကြောက်သွားလို့။
" သူဌေးက ခေါ်တယ်? "
" ဟုတ်တယ် မင်းကို အလုပ်ဖြုတ်မလို့ နေမှာပေါ့ မဟုတ်လား? "
စသလို နောက်သလို ပြောသွားတဲ့ ထိုဝန်ထမ်းရဲ့ စကားတွေဟာ စနောက်ချင်း တစ်စုံတစ်ရာ ပါမနေမှန်း ဆောင်းဟွန်း သိတာပေါ့။ ဟိုတယ်မှာ သူဌေးနဲ့ သူ့သားဟာ ဆောင်းဟွန်းကို အရေးအပေးဆုံးလဲဖြစ် ၊ ရုပ်အချောဆုံးလဲဖြစ် ၊ ရာထူးအကောင်းဆုံးလဲ ဖြစ်တော့ လက်အောက်ငယ်သားအချို့ဟာ သူ့ကို မကြည်ကြပေ။
လက်တစ်စစ်တောင် မရှိတဲ့ စိတ်ကို မနည်းဆွဲဆန့်ကာ သူဌေး ရုံးခန်းဆီ ထွက်လာခဲ့၏။
* Knock knock *
" ဘယ်သူလဲ "
" ကျွန်တော် မန်နေဂျာပတ်ခ်ဆောင်းဟွန်းပါ "
" ဝင်ခဲ့ပါ "
ခွင့်ပြုချက် ရသည်နှင့် ဆောင်းဟွန်း တံခါးဖွင့်ကာ ဝင်သွားပြီ သူဌေးကို ဂါရဝပြုလိုက်၏။
" ထိုင်ပါ ဆောင်းဟွန်း ငါတို့ဆောင်းဟွန်းကတော့ အမြဲတမ်းချောနေတာပဲဟေး "
" ကျေးဇူးတင်ပါတယ် သူဌေး ဒါနဲ့ ကျွန်တော့်ကို ခေါ်တယ်ဆို "
" ဟုတ်တယ်ကွယ့် ဦးမင်းကို အလုပ်လေးတစ်ခုလောက် ကမ်းလှမ်းချင်းလို့ပါ ဦးသား ပတ်ခ်ဂျုံဆောင်းရဲ့ အတွင်းရေးမှူးရာထူးလေး ခန့်အပ်ချင်လို့ပါ "
ဆောင်းဟွန်းက 'အာ..' ဟုဆိုကာ စိတ်ထဲမှ ဟို model ကောင်အား ကျိန်ဆဲလိုက်သည်။ ဒီကောင် မဟုတ်တော့ဘူး သူဌေးရဲ့သားဖြစ်နေလို့သာ မဟုတ်ရင် ဒီကောင့်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ကြိတ်ပြီး ခွေးကျွေးပြစ်တယ်!။
" ကျွန်တော် မလုပ်ပါရစေနဲ့ သူဌေး "
" မင်းတောင်းသလောက် ဦးပေးပါ့မယ်ကွယ် ဦးသားက သိပ်ဇီဇာကြောင်တာ ဘယ်သူနဲ့မှ ရမှာမဟုတ်ဘူး မင်းက စိတ်လဲရှည်တတ်တယ် ၊ ပညာလဲတော် ပေါင်းသင်း ဆက်ဆံရေးလဲ ကောင်းတော့ ဦးက အဆင်ပြေမယ်ထင်လို့ပါ "
ယုံကြည်လို့ ခန့်အပ်တဲ့ တာဝန်ကို ခါးခါး ငြင်းရမှာလောက် သူလူမှု့ရေး မခေါင်းပါးသေးပါ။ဘာပဲဖြစ်ဖြစ် ကိုယ့်သူဌေးက ယုံကြည်လို့ ခန့်အပ်တာဆိုတော့ ဆောင်းဟွန်း စိတ်ထဲ အနည်းငယ် ပြောင်းချင်လာသည်။
" ဟုတ်ကဲ့.. ကျွန်တော် လုပ်ပါ့မယ် လစာကိုတော့ ကျွန်တော်တောင်းသလောက် ပေးပါ "
" ကောင်းပါပြီ မင်းတောင်းသလောက် ပေးပါ့မယ် "
" ဟုတ်ကဲ့ ဒါဆို အလုပ်ကို ဘယ်နေ့ဆင်းရမလဲဗျ "
" ဒီနေ့ပဲ "
" ဗျာ!! "
ဆောင်းဟွန်းရဲ့ အံ့ဩသံဟာ ရုံးခန်းအတွင်း လိပ်ပြာလွင့်စရာ ပျံ့နှံ့သွား၏။ မဟုတ်သေးပါဘူး ဒီအဖေနဲ့ ဒီသား ငါ့ကို စိတ်ရောဂါ ဆေးရုံ အရောက်ပို့နေတာတော့ မဟုတ်ဘူးမှတ်လား။
" ဒီနေ့ပဲလို့ ဆောင်းဟွန်းလေးရဲ့ ရုံးခန်းကို လိုက်ပြပေးဖို့ ဦး ဝန်ထမ်းတွေ ထည့်ပေးလိုက်မယ်နော် "
" အော်.. ဟုတ်.. ဟုတ်.. ကျွန်တော် ပစ္စည်းတွေသိမ်းလိုက်အုံးမယ်နော် "
လေးလံနေတဲ့ ခြေလှမ်းတွေကို သယ်ဆောင်ရင်း ပစ္စည်းသိမ်းရန် ထွက်လာခဲ့သည်။ ပျော်နေတဲ့ စိတ်လား ၊ ဝမ်းနည်းနေတဲ့ စိတ်လားတော့ သူမသိပါ။ ဆောင်းဟွန်းနဲ့ ဝန်ထမ်း နှစ်ယောက်လောက် အခန်းထဲ ဝင်လာတာမြင်တော့ ရုံးခန်းထဲက လူအချို့ဟာ လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။
" အတွင်းရေးမှူး ပတ်ခ် ဘာတွေ ထည့်ရမယ်ဆိုတာသာ ပြောပါ ကျွန်တော်တို့ ယူပါ့မယ် "
" အားနာစရာတွေ ဖြစ်ကုန်မှာပေါ့ ကျွန်တော် သိမ်းပေးတာပဲ သယ်ပါဗျာ "
" ဆောင်းဟွန်း ဘာတွေဖြစ်နေတာလဲ "
သူ့အား မနာလိုသူတို့ထဲမှ တစ်ယောက်ဖြစ်တဲ့ မိန်းကလေးငယ်ဟာ ရှစ်ချောက်ချိုး မျက်နှာပေးဖြင့် ဆောင်းဟွန်းအား မေးလေသည်။
" ငါရာထူးတိုးသွားပြီ အတွင်းရေးမှူး ရာထူး "
သူမရဲ့မျက်နှာဟာ ချက်ချင်းဆိုသလို မနာလိုမှုတွေဟာ ပုံမှန်ထက် ပိုကာ များသွား၏ ဆောင်းဟွန်းက ခပ်ပြုံးပြုံးဖြင့်သာ ပစ္စည်းများကို သိမ်းနေ၏။
" မတွေ့ရတော့ဘူးပဲ ဝမ်းနည်းလိုက်တာ "
" ဘယ်သူ့အတွင်းရေးမှူးလဲ "
" ငါ့အတွင်းရေးမှူး! "
အထက်စီးလေသံဖြင့် ဆောင်းဟွန်းအစား ဖြေကာ ရုံးခန်းထဲ ဝင်လာတဲ့ သူဌေးရဲ့သား ပတ်ခ်ဂျေး။ ဝတ်စုံအပြည့်ဖြင့် မျက်မှန်တပ်ထားတဲ့ ထိုလူဟာ fine တာမှ စောက်ရမ်း fine။
သူ့အား ဂါဝရ ပြုနေကြတဲ့ ဝန်ထမ်းတွေကို ထိုင်ခိုင်းလိုက်ပြီး ဂျေးရဲ့ ဦးတည်ရာဟာ လှပလွန်းလို့ နှလုံးရပ်သွားနိုင်တဲ့ ဆောင်းဟွန်း ဆီသို့။
" နောက်ဆုံးတော့လဲ ကိုယ့်ဆီပဲရောက်လာတာပေါ့ "
" တော်စမ်းပါ! သူဌေးမျက်နှာကြောင့် လက်ခံလိုက်တာ "
" စကားပြော ရင့်သီးလိုက်တာ ၊ အဲ့တာတွေကြောင့်ပဲ ကိုယ်က မင်းကို လိုချင်နေတာ "
စကားကို မထိတထိ ပြောနေတဲ့ ထိုလူအား ဆောင်းဟွန်း မျက်စောင်းထိုးကာ ပူးကပ်မတက် ဖြစ်နေတဲ့ ကိုယ်အား ဖယ်ခွာလိုက်ရင်း သိမ်းပြီးသား ပစ္စည်းကို ဝန်ထမ်းနှစ်ယောက် ဆီပေးလိုက်၏။
" လာမကြိုလဲ ဖြစ်ပါတယ် ဂျေး.. "
" ကိုယ်က မင်းမျက်နှာလေး မြင်ရမှ ဖြစ်မှာမို့လေ vitamin လေးရဲ့ "
ဆောင်းဟွန်း ဘေးရပ်နေတဲ့ တစ်ယောက်ကတော့ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသလဲ ထွက်သလို မနာလိုလဲ ဖြစ်နေရောပေါ့။
" လာသွားရအောင်လေ အော်ဒါနဲ့! "
" ဆောင်းဟွန်းကို ဒီမှာ လုပ်တဲ့အချိန်မှာ ဂရုစိုက် ပေးကြလို့ ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့ပါသူဌေး "
ပြိုင်တူထွက်လာတဲ့အသံနဲ့ မနာလိုမှုတွေ ဖော်ပြနေတဲ့ မျက်နှာရိပ်တို့ကို ဂျေးမြင်တော့ ကျေနပ်စွာ ပြုံး၏။
" သွားကြရအောင် "
MEETING YOU
ဂျေးပြောခဲ့တဲ့ 'ကိုယ့်ရုံးခန်းက မင်းအခန်းဖြစ်မှာပါ' ဆိုတဲ့စကားကို ဆောင်းဟွန်း ပျက်ရယ်ပြုခဲ့ပင်မဲ့ ယခုတွင်တော့ အမှန်တကယ်ဖြစ်လာခဲ့ပြီ။ မီးခိုးရောင် နဲ့ အနက်ရောင် ရောဟာ ပြင်ဆင်ထားတဲ့ အခန်းလေးရဲ့ အလည်မှာ ရှိတဲ့ အကြည်ရောင် စားပွဲလေး ၊ ထိုစားပွဲရဲ့ အနောက်နံရံမှာ ကပ်ထားတဲ့ ဈေးကြီးကြီး အမည်ဖော်မရတဲ့ ပန်းချီကားတစ်ချပ်။
လက်ယာဘက်မှာ ရှိတဲ့ စားပွဲလေးဟာ ဆောင်းဟွန်းအတွင်းဖြစ်ပြီး မှန်နှင့် ဂျေးဘက်အား လှည့်ထားတာကြောင့် ဂျေးရဲ့ ချောမောလှတဲ့ မျက်နှာကို သေချာမြင်ရပါသည်။
" ကိုယ်ဝိုင်းလုပ် ပေးစရာလိုလား "
စက္ကူ box ထဲက ပစ္စည်းတွေ တစ်ခုခြင်းထုတ်ကာ နေရာချနေတဲ့ ဆောင်းဟွန်းဟာ ဂျေးဘက်လှည့်ကာ အတက်နိုင်ဆုံး ပြုံးပြပြီး ခေါင်းခါပြသည်။
ဂျေးဟာ ဖုန်းလာ၍ ကိုင်ကာ တစ်ခုခုကို အရေးတကြီး စီစဉ်နေသည့်ပုံစံ။
*ငါတော့ စစခြင်းနေ့မှာ အလုပ်လုပ်ရတော့မယ်*
" ကောင်းပြီ ဒါဆို ကိုယ် နောက်နှစ်နာရီအတွင်း ရောက်မယ် "
ဖုန်းကိုချပြီးတော့ ပစ္စည်းတွေ နေရာချနေတဲ့ ဆောင်းဟွန်းဆီသွားကာ..။
" ပထမနေ့မှာပဲ အလုပ်ခိုင်းရတာ အားနာမိပါတယ် ဆောင်းဟွန်းရယ် ကိုယ့်ရဲ့ အရေးကြီး photoshoot အတွက် studio သွားရမှာ ၊ အဲ့တာကြောင့် makeup artist, stylist တွေကို မင်းပဲ သေချာစောင့်ကြည့်ပြီး လိုတာ ပြောပေးနိုင်မလားဟင် "
" ရပါတယ် မသွားခင် လစာ ကိစ္စဆွေးနွေးကအောင် "
ဂျေးရယ်မိ၏။ သူ့ရဲ့ နှင်းဖြူလေးက သိပ်ကိုလည်တဲ့ ပန်ကာထိပ်က ဝက်အူလေးပင်။
" ပြောပါဗျ ဆောင်းဟွန်း ဘယ်လောက်လိုချင်လဲ "
" မန်နေဂျာ လစာထက် 5 ဆ "
" မန်နေဂျာ လစာထက် 5 ဆ ဆိုတော့..? ဝမ်သိန်း 900 ? "
" That's right! "
ဒီလောက်တော်တဲ့ အတွင်းရေးမှူးရဲ့ ဒီထက်ပိုတောင်းလဲ သူပေးနိုင်ပါတယ်။ သူ့ဟွန်းလေးလိုချင်ရင် လကမ္ဘာထိပါတက်ပြ လကို ယူလာပေးနိုင်ပါတယ်။
" Hk! ဘယ်လောက်ပဲ တောင်းတောင်း ကိုယ်ပေးနိုင်ပါတယ် အခုပဲ ကိုယ် လွှဲလိုက်မယ်နော် "
ဂျေး ဖုန်း screen ထက် ပြေးလွှားလိုက်ရင်း ဆောင်းဟွန်းရဲ့ အကောင့်ထဲကို 500000 ပိုလွှဲပေးလိုက်၏။
" 500000 က bonus ပါ ဒါဆို ကိုယ်တို့ စာချုပ်ချုပ်ကြရအောင်လေ "
ရုံးစားပွဲရဲ့ အံဆွဲထဲက အသင့်ပြင်ထားတဲ့ စာချုပ်လေးရှေ့ချပြီးတာနဲ့ သေချာဖတ်ပြီးတာနဲ့ စာချုပ်၏ တစ်နေရာမှာ လှပစွာ တည်ရှိသွားတဲ့ ' Sunghoon ' ဆိုတဲ့ လက်မှတ်လှလှလေး။
" ကောင်းပြီ နှစ်နာရီအတွင်း ရောက်စေရမယ်ဆို အချိန်တွေ လစ်ဟာကုန်ပြီ သွားကြမယ် "
အရှေ့က ဦးဆောင်ပြီးထွက်သွားတဲ့ ဆောင်းဟွန်းဟာ သူ့ထက်ပိုပြီး စိတ်လှုပ်ရှားနေသည့် ပုံစံ။ ဈေးကြီးကြီး ကားတစ်စီးရဲ့ ဦးတည်ရာဟာ studio တစ်ခုဆီသို့ ၊ ကားထဲမှာတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးအား ၊ အမြတ်တနိုးကြည့်နေတဲ့ ကောင်လေးတစ်ယောက်။
" ဂျေး ဘာပုံစံ ရိုက်မှာလဲ "
သူပြောတာတောင် အာရုံမရပဲ ပြုံးပြုံးကြီး ကြည့်နေတဲ့ ဂျေးဟာ သူ့အမေးအား မကြားသည့်ပုံစံ။
" ဂျေး! "
" ဟင်? "
ဂျေးရဲ့ ပေါင်ပေါ်ကျလာတဲ့ လက်စပ်စပ်တစ်ချက်။
" ဘာပုံစံ ရိုက်ရမှာလဲလို့ "
" အာ.. အဲ့တာ သူဌေးသား ပုံစံ "
" ဟုတ်ပြီ "
လိုချင်တဲ့ အဖြေရသွားတဲ့ နောက်တွင်တော့ ဆောင်းဟွန်းဟာ တစ်ဖက်အား ပြင်ဆင်စရာ ရှိတာပြင်ဆင်ဖို့ ပြောလေ၏။
" သောက်အုံးမလား "
မက်မွန်သီးနှင့် ပြုလုပ်ထားတဲ့ အချိုရည်ဟာ ဆောင်းဟွန်းရဲ့ လက်ချောင်းသွယ်သွယ် ၊ ဖြူဖြူဖွေးဖွေးထက် လှပလျက်။
" ကိုယ်.. မက်မွန်သီးနဲ့ ဓာတ်မတည့်ဘူး ဆောင်းဟွန်း "
" အာ.. မသိလို့ မှတ်ထားလိုက်မယ် "
MEETING YOU
မျက်နှာထပ် ကျရောက်လာတဲ့ makeup cream ခပ်အေးအေးဟာ ဂျေးရဲ့ ယောင်္ကျားဆန်လှသည့် မျက်နှာထပ် ပနံသင့်စွာ နေရာယူပြီး ဂျေးဟာလဲ မျက်လွှာများ မှိတ်ကာ ခံစားနေလေရဲ့။
ဝဲဘက် နံရံတွင် ချိတ်ထားတဲ့ သတို့သားဝတ်ဆုံဟာလဲ ဖုန်တစ်မှုန်မှ အကပ်မခံနိုင်ရန် plastic အိတ်ဖြင့် ထည့်ထား၏။
သူတို့ စောရောက်နေတာ ဖြစ်တဲ့အတွက်ကြောင့် မြန်မြန်ပြီးမယ် ထင်ထားခဲ့ပင်မဲ့ ဆောင်းဟွန်း အတွေးဟာ လက်တွေ့ဘဝနဲ့ သိပ်ကိုမှ ကွာခြားခဲ့ပါသည်။
အခုထိ ပြင်လို့ဆင်လို့ မပြီးသေးတဲ့ ဂျေးကြောင့် ဆောင်းဟွန်းမှာ ပျင်းတောင် ပျင်းလာပြီ ဖြစ်၏။
" ဆောင်းဟွန်း ပျင်းလို့လား "
ဂျေးရဲ့ အမေးအား သမ်းဝေရင်း မဟုတ်ပါဘူးလို့ ပေါ်တင်လိမ်လိုက်၏။
ဂျေးကတော့ ပြင်လို့ဆင်လို့ပြီးသွားတော့ အကျီကိုင်ရင်း အဝတ်လဲခန်းထဲ ဝင်သွားသည်။ခနအကြာတွင်တော့ လူကြီးလူကောင်းဆန်ဆန် ဂျေးဟာ suit အပေါ်၌ long coat ထပ်ကာ ထွက်လာ၏။
လူငယ်ဆန်ဆန် ဆိုးထားသည့် ခဲရောင် ဆံနွယ်အချို့ဟာ အပြောင်သိမ်းထားတာကြောင့် နှဖူးလှလှဟာ ထင်းလျက်။
" ကိုယ်ဘယ်လိုနေလဲ "
" မိုက်တယ် ဂျေး "
ဆောင်းဟွန်းရဲ့အဖြေအား ကျေနပ်နေသည့် အပြုံးများဖြင့် တုန့်ပြန်ရင်း shooting စရန် ထွက်လာခဲ့၏။
အဖြူရောင် နောက်ခံထားထားသည့် ပိတ်ကား၏ ရှေ့တွင် နေရာယူနေတဲ့ ခပ်ချောချောလူတစ်ယောက်ရဲ့ post တိုင်းဟာ camera သမားရဲ့ ရိုက်ချက်တွေနဲ့ ပေါင်းလိုက်တော့ ပြီးပြည့်စုံသည့် ပုံလို။
" ဒီဘက်ကို ကြည့်မယ် ok 1..2 "
*Check
" ဟုတ်ပြီ ဂျေး! ကိုယ်လေ မျက်နှာကိုလက်နဲ့ ဆွဲဆောင်မှု ရှိရှိ အုပ်ထားတဲ့ ပုံစံမျိုးလိုချင်တယ် "
ဂျေးက နားမလည်ဟန် 'ဟင်' လို့ပြန်မေးသည်။ cameraman ရဲ့ စကားကို နားလည်သွားတဲ့အချိန်မှာ သူ့ရဲ့အကြည့်တွေက ခပ်လှမ်းလှမ်းမှာ ထိုင်ရင်း ဖုန်းသုံးနေတဲ့ ဆောင်းဟွန်းဆီသို့။
သူ့မျက်နှာနုနုပေါ်မှာ ဆောင်းဟွန်းရဲ့ လက်နုနုကပ်တင်လိုက်ရင် သိပ်ကို ပြီးပြည့်စုံတဲ့ magazine ပုံတစ်ပုံ ဖြစ်လာနိုင်တယ် မဟုတ်လား။
" လက်လေးက ဘယ်လိုပြောရမလဲ.. အမ်.. အော်! နုနုဖက်ဖက် ဖြူဖြူဖွေးဖွေး သွယ်သွယ် လှလှလိုမျိုးလေး "
" ကျွန်တော်သိပြီ ခနလောက်စောင့်ပေး "
ဂျေးလက်ထဲက ရေဘူးကို ဘေးချကာ ဆောင်းဟွန်းဆီ အပြေးတစ်ပိုင်းသွားမိသည်။ သူ့ကို တွေ့တော့ နှင်းဖြူလုံးလေးဟာ လက်ထဲက ဖုန်းကိုမြန်မြန်ချပြီး တစ်ရှူးကမ်းပေးသည်။
" ဆောင်းဟွန်း ကိုယ်တောင်းဆိုစရာရှိလို့ "
ဂျေးလဲ cameraman လိုချင်တဲ့ ပုံစံပြောပြလိုက်တော့ ပတ်ခ်ဆောင်းဟွန်းဟာ ပုံမှန်အတိုင်း ခါးခါးသီးသီးငြင်းသည်။
" လုပ်ပါ ဆောင်းဟွန်းရယ် လက်ပဲဟာကိုနော် "
" မလုပ်ချင်လို့ပါ.. ကဲ! ထားတော့လေ လာရိုက်ပေးမယ် "
လုပ်ပေးချင်အောင် လုပ်တတ်တဲ့ ရုပ်ဟာ သိပ်ကိုချစ်ဖို့ ကောင်းပါသည်။ ဆောင်းဟွန်းလဲ သဘောတူလိုက်၏။
" ဆောင်းဟွန်းရှီး.. လက်ကို ဂျေးရဲ့ ပါးစပ်နားကို အုပ်ပေးပါ "
ဆောင်းဟွန်းရဲ့ လက်ဖဝါးနုနုဟာ ဂျေးရဲ့ နှုတ်ခမ်းနုနုနဲ့ ထိကပ်သွားတဲ့အချိန် ဂျေးရဲ့ မျက်နှာဟာ ပန်းနုရောင် သန်းသွား၏။ ဓာတ်ပုံဟာ black & white မို့ခံသာသွားတာပေါ့။
" ဂျေးရဲ့ ပါးနားမှာ တစ်ချက်လောက် ကပ်ပေးပါ "
Cameraman ရဲ့အလိုအကျ ဆောင်းဟွန်းဟာ လိုက်ရောပေးလေ၏။ ဘေးတစောင်းကြည့်တာတောင် ငေးလို့မဆုံးနိုင်အောင် ချောမော လွန်းတဲ့ ဂျေး လိုလူဟာ အောင်မြင်မှုနဲ့ သိပ်ကို ထိုက်တန်ပါသည်။
စူးရှသည့် သိမ်းငှက်မျက်ဝန်းပိုင်ရှင် ၊ မထူမပါးနှုတ်ခမ်း ၊ လှပကာ ပြေပြစ်သည့် အသားအရည် ၊ အထိန်းအသိမ်းကောင်းလို့ ကျန်းမာသန်စွမ်းနေတဲ့ ဆံသား။
နောက်ပြီး ထင်းနေတဲ့ မေးရိုး..။
ဂျေးပတ်ခ် လို့ပြောလိုက်တာနဲ့ မေးရိုးထင်းထင်း ပြီးရင် သိမ်းငှက်မျက်ဝန်း ပိုင်ရှင်လို့ ပြောကြလိမ့်မည်လို့ ဆောင်းဟွန်း တစ်ထစ်ချ ယုံကြည်မိသည်။
အပြစ်အနာ အဆာ ကင်းမဲ့လွန်းတဲ့ ရုပ်ရည်နဲ့ ထိုလူကို ရတဲ့လူဟာ သိပ်ကိုမှ ကံကောင်းမည်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် ဆောင်းဟွန်း "
" ရပါတယ် ဂျေး "
" ကိုယ်အကျီ လဲပြီးတာနဲ့ တစ်ခုခုသွားစားရအောင်လေ lunch time နီးပြီမဟုတ်လား "
MEETING YOU
သူတို့ထိုင်ဖြစ်တဲ့ ကော်ဖီဆိုင်လေးဟာ studio နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကော်ဖီဆိုင်လေး ၊ ဈေးလဲမကြီးတာကြောင့် သာမန်လူလတ်တန်းစားလောက် ထိုင်စားလို့ရတဲ့ ဆိုင်လေး။
ဆောင်းဟွန်းကတော့ ကော်ဖီသောက်ရင်း မုန့်စားရင်း ဖုန်းပွတ်ရင်းနဲ့ အလုပ်ရှုပ်နေ၏။ ထိုင်ထဲက သူ့အားအရေးမလုပ်တဲ့ နှင်းဖြူလုံးလေးကိုတော့ ဂျေးနည်းနည်း ချဉ်လာပါပြီ။
" ဘာတွေအဲ့လောက်တောင် စိတ်ဝင်တစားကြည့်နေတာလဲ "
" ကျွန်တော်ဖတ်တဲ့ webtoon က စာအုပ်ထုတ်တယ်လေ ဘယ်မှာ ဝယ်လို့ရမလဲ ရှာနေတာ "
အဲ့ webtoon က သူ့ထက်ချောနေတယ်ပေါ့လေ ၊ အဲ့ webtoon က သူ့ထက် နာမည်ကြီးနေတယ်ပေါ့လေ။
" ဒါနဲ့ ဆောင်းဟွန်း မနက်ဖြန် schedule များလား "
ဆောင်းဟွန်းက ခနဟု လက်ကာပြရင်း ဖုန်း screen ထက် ခပ်မြန်မြန်ပြေးလွှားရင်း တစ်ခုခုကို ပွတ်ဆွဲကာ သေချာဖတ်နေလေရဲ့။
" မနက်ပိုင်းမှာ interview တစ်ခုရှိတယ် အဲ့တာက ရုံးနဲ့ပတ်သတ်တဲ့ဟာ နောက်ပြီး အစည်းအဝေးရှိတယ် ၊ နေ့ခင်း ကြရင် song အတွက် အသံသွင်းရှိတယ် ၊ နောက်ပြီးရင် Vogue Korea အတွက် အစီစဉ်တစ်ခု ရိုက်ပေးဖို့ရှိတယ် "
ဂျေးက အော်ဟု ပြောကာ ကော်ဖီအား တစ်ငုံသောက်၏။
ဂျေးပတ်ခ်ရဲ့ ဘဝဟာ သိပ်ကိုပင်ပန်းတာပဲ ၊ တစ်နေ့တစ်နေ့ အလုပ်တွေနဲ့ ပတ်ရှုပ်နေပြီး အောင်မြင်မှုဆက်လက် တည်ရှိနိုင်ဖို့အတွက် ယခုလို အလုပ်အား နေ့ညမပျက် ကြိုးစားလုပ်ကိုင်နေရသည်။
" ဂျေး.. မပင်ပန်းဘူးလား "
" ပင်ပန်းတာပေါ့ ဘယ်လိုမေးလိုက်တာပါလိမ့်? "
" ဂျေးက သိပ်ဇွဲကောင်းတာပဲ "
" ကိုယ်ကဇွဲလဲကောင်းတယ် ၊ လောဘလဲ ကြီးတော့ နှစ်ဆပင်ပန်းရတာပေါ့ "
" လောဘစိတ်ကို ဖျောက်ဂျေး တစ်ချိန်ကြရင် အဲ့ လောဘကပဲ ဂျေးကို သတ်လိမ့်မယ် "
ဂျေးက ခပ်ပြုံးပြုံးဖြင့် ခေါင်းညှိမ့်ပြသည်။
လောဘတွေ အတ္တတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဂျေးရဲ့ငယ်စဉ်ဘဝ၌သာ ပတ်ခ်ဆောင်းဟွန်း ကိုတွေ့ဆုံခွင့်ရခဲ့မယ်ဆိုရင် သေချာပေါက် ဂျေးဟာ ယခုလို ပင်ပန်းရမှာမဟုတ်ပေ။
သို့သော်.. ယခုတွင်တော့ လောဘစိတ်နဲ့ အတ္တစိတ်ကာ ပိုလို့တောင် လောင်ကျွမ်းလျက်။
ထိုအတ္တစိတ်တွေ လောဘစိတ်တွေအား ပိုမိုလောင်ကျွမ်းစေအောင် လောင်စာဆီ ဖြည့်သွင်းပေးတဲ့ လူငယ်က ပတ်ခ်ဆောင်းဟွန်း တဲ့လေ။
ပတ်ခ်ဆောင်းဟွန်း ကြောင့် ဖြစ်တည်လာတဲ့ အတ္တတွေဟာ ဘာနဲ့မှလဲလို့မရတဲ့ အတ္တ ၊ ဂျေးကျေကျေနပ်နပ်ကြီး လောင်ကျွမ်းစေတဲ့ အတ္တ။
အဲ့လောဘက ကိုယ့်ကို သတ်လဲကိုယ်က ကျေကျေနပ်နပ်ကြီး အသတ်ခံပါ့မယ်။ ကိုယ့်ရဲ့ လောဘအရင်းအမြစ်က ပတ်ခ်ဆောင်းဟွန်း ဖြစ်နေလို့လေ။
" လောဘစိတ်ရဲ့ အရင်းအမြစ်က ပိုက်ဆံနဲ့ တစ်စုံတစ်ယောက် ဆိုတော့ ကိုယ်ဖျောက်ဖို့ အချိန်ယူရလောက်တယ် "
တစ်စုံတစ်ယောက် ဆိုတဲ့ နာမ်စားကြားတော့ ဆောင်းဟွန်းဟာ မျက်မှောက်ကြုံ့လျက်။
ဒီလိုအနေအေးပြီး ရေခဲတုံးဖင်ထိုင်ထားတဲ့ လူကြီးမှာလဲ သဘောကျတဲ့လူရှိနေတယ်တဲ့လား။
" သဘောကျတဲ့လူက ရှိတယ်လား မထင်ရဘူးပဲ "
" ရှိတာပေါ့ ကိုယ်လဲလူပဲ "
" ဂျေး သဘောကျတဲ့လူကတော့ ကံကောင်းတယ် ၊ အဲ့လူက အရင်ဘဝက နိုင်ငံကယ်ခဲ့လို့ပဲ ဖြစ်ရမယ် "
နိုင်ငံကယ်တင်ခဲ့တဲ့ ဟွန်းနဲ့ တွေ့ဆုံခြင်းက ကောင်းမွန်တဲ့ တွေ့ဆုံခြင်းလေး ဖြစ်တယ်။ မတော်တဆ တွေ့ဆုံခြင်းဟာ ကိုယ့်ရဲ့ သဘောအကျဆုံး တွေ့ဆုံခြင်းလေးဟု ကိုယ်ထင်မှတ်မိပါတယ်။
မတော်တဆ ချည်နှောင်မိတဲ့ ကြိုးလေးဟာ တစ်ဖက်လူရဲ့ လစ်လျူရှု့မှုကို ခံရပင်မဲ့ အဆုံးတွင်တော့ ခိုင်မာတဲ့ ကြိုးလေးတစ်ချောင်းဖြစ်လိမ့်မယ်ဟု ဂျေး ထင်မှတ်မိပါရဲ့။
Meeting you is the most beautiful accident.
Our meeting is like , the moon meet the stars.
MEETING YOU
Seoul မြို့ရဲ့ ညဘက်အလှကို ဟိုတယ်ရဲ့ မှန်မျက်နှာစာ၌ မြင်နေရပါသည်။ ထူးထူးဆန်းဆန်း beer သောက်ချင်လာတဲ့ စိတ်အား အလိုလိုက်ကာ ပိုက်ဆံအိတ် ၊ ဖုန်း ၊ ကားသော့နဲ့ ဦးထုပ်အား ဆွဲယူကာ အပြင်ထွက်လာခဲ့၏။
Lift ထဲက ထွက်ပြီး တံခါးဝနား လျှောက်လာသည့် အချိန် သူ့နောက်ကို လိုက်လာတဲ့ ကောင်မလေးတစ်ယောက်။
ဟိုတယ်အပြင်ထွက်သည်အထိ သူ့နောက်လိုက်လာတဲ့ ကောင်မလေးဟာခြေတံရှည်ရှည် တို့အား ပေါ်လွင်နေစေမည့် stocking ဘောင်းဘီအား ဝတ်ဆင်ထားပြီး hoodie ဆောင်းထားတဲ့ ထိုကောင်မလေးဟာ ဘာလိုချင်နေမှန်း ဂျေးသိပါသည်။
ဟိုတယ်အပြင်ဘက်ရောက်တော့ ဂျေးသီးမခံနိုင်တဲ့အဆုံး မျက်နှာချင်းဆိုင် စကားပြောရန် အကြောင်းဖန်လိုက်သည်။
" ဘာလို့လိုက်နေတာလဲ "
" oh! Jay seonbae nim ပဲ ကျွန်မဒီကို ပစ္စည်းလာဝယ်တာ "
" ဘယ်မှာလဲ မင်းဝယ်တဲ့ပစ္စည်း? "
သူမက အင်တင်တင်ဖြစ်သွားလေသည်။
" မင်းပစ္စည်းလာဝယ်တယ်ဆိုရင် ပစ္စည်းပါရမယ်လေ နာမည်ဘယ်လိုခေါ်လဲ "
" Kim Sun Hee ပါ Foresters ကပါ "
" အခုတလော နာမည်ကြီးနေတဲ့ Foresters ကို.. ဒီ့ထက် နာမည်ကြီချင်လို့ ငါ့ကိုအသုံးချပြီး အမြင့်တက်ချင်နေတာလား "
သူမဟာ ဒေါသကြောင့် တစက်စက်တုန်ရီနေတဲ့ နှုတ်ခမ်းတို့အား ပြတ်မထွက်ရုံတမယ် ကိုက်ထားရာမှ လွတ်လိုက်ရင်း သက်ပြင်းချ၏။ ထို့နောက် လူလိမ္မာလေးသဖွယ် ရပ်ရင်း မဟုတ်ပါဘူးဟု ခေါင်းခါသည်။
" အကွက်လေးတွေက လှလိုက်တာ.. ဒါနောက်ဆုံးပဲနော်! မင်းခေါ်လာတဲ့လူ အလုပ်မပျောက်ချင်ရင် ရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ အကုန်ဖြတ်ပြစ် "
စကားဆက်ပြောနေရင် အမှားတွေပါပြ လက်တွေပါ ပါမိတော့မှာကြောင့် ဂျေးရဲ့ ပန်းတိုင်ဖြစ်တဲ့ 7-Eleven ဆိုင်ကိုသာ ထွက်လာခဲ့သည်။
ကျန်ခဲ့တဲ့ သူမကတော့ ဒေါသကြားမှ မဲ့ပြုံးတစ်ချက် ဆင်မြန်း၏။
ရတာမလို လိုတာမရ ဆိုတဲ့အတိုင်း လောဘစိတ်လေးရှိကိုသာ ရှေ့တန်းတင်မိပြီး နောက်ဆက်တွဲ ပြဿနာကို သေးသေးလေးသာ ထင်ခဲ့သည်။
MEETING YOU
12/4/2024
နှစ်ရက်ခြားတစ်ခါ ၊ တစ်ရက်ခြားတစ်ခါ ဖြစ်နိုင်ပါတယ်ရှင့်။ နားလည်ပေးပါ ဒီဟာလေးကို အပိုင်းရှည်ရှည်လေး ရေးချင်လို့ သေချာလေး ရေးနေတာပါ။
There are no comments yet. Log in to be the first to leave a review!






