Fanfics

1

19:41, 11 April 2024

ပတ်ခ်ဆောင်းဟွန်းရဲ့ ကံမကောင်းချင်းက ဘယ်ကစလဲလို့ မေးရင် Jay Park နဲ့တွေ့တဲ့ နေ့ကစတယ်လို့ ဖြေရမယ်။ သာယာလှတဲ့ မနက်ခင်းတစ်ခုမှာ Hotel မန်နေဂျာဖြစ်တဲ့ ဆောင်းဟွန်းဟာ ပုံမှန်အတိုင်း တောင်ကိုရီးယား ရဲ့ နာမည်ကြီး ALOHA Hotel ကိုသွားခဲ့တယ်။

Hotel ရဲ့ uniform ဟာ ပုံမှန်အတိုင်းပဲ ဆိုပင်မဲ့ ခါးသေးသေးသွယ်သွယ်နဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဆောင်းဟွန်းအတွက်တော့ ခန့်သည်ထက်ကိုပိုသည်။

မှန်ထဲက ကိုယ့်ရုပ်ရည်ကို ပြန်ကြည့်ရင်း ကြည်နူးမှု အဖျာဖျာဖြင့် မနက်ခင်းကို စတင်ရပါသည်။ အပြုံးနုနုဖြင့် ဟိုတယ်က ဝန်ထမ်း ၊ ဧည့်သည်တွေကို ကြိုဆိုရတာကြောင့် အမြဲတမ်း စိတ်ကို ရွှင်လန်းအောင်ထားရသည်။

ကောင်တာက computer error ကြောင့် ဆောင်းဟွန်း ဝင်ဖြေရှင်းနေတုန်း...။

" မင်းတို့တွေ ဘယ်လိုတောင် ဆက်ဆံရေးမကောင်းရတာလဲ ငါ မန်နေဂျာနဲ့ တွေ့ချင်တယ် "

မနက်စာ စားသည့်နေရာမှ ထွက်လာတဲ့ အသံနက်တစ်ခု။ ဆောင်းဟွန်းလဲ ကောင်တာက ပြဿနာကို အမြန်ဖြေရှင်းပြီး သူ့အားထိုင်စောင့်နေတဲ့ ပြဿနာဆီ ပြေးသွားမိသည်။

Suit အပြည့်ဝတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဆံနွယ်တွေဟာ ပန်းရောင်ဆိုးထားပြီး နှဖူးလှလှအား ဖော်ပြထားသည်။ ပြီးတော့ ဘေးတစောင်းအနေအထားနဲ့ ထင်းနေတဲ့ မေးရိုး ၊ ပျားရည်ရောင် အသားရည်ရှိသည့် လက်ဖမိုးတွင်တော့ ကျောက်စိမ်းရောင် မြစ်တွေဟာ စီးဆင်းနေသည်။

ထို့နောက် လက်ကောက်ဝတ်မှာ တည်ရှိနေတဲ့ ဈေးကြီးကြီး လက်ကောက်တစ်ကွင်း။

" ဘာများအဆင်မပြေတာ ရှိလို့လဲ လူကြီးမင်းခင်ဗျာ "

သူ့အား ရိုရိုကြိုးကြိုးပြောနေတဲ့ ကောင်လေးတစ်ယောက်ကြောင့် ဂျေးတစ်ဖက်သို့ လှည့်ကြည့်မိသည်။ ပြေပြစ်တဲ့ အသားရည် ၊ ခပ်တောင့်တောင့် ခန္ဓာကိုယ်နဲ့ အပြုံးနုနုအား ဆင်မြန်းထားတဲ့ ကောင်လေးငယ်ရဲ့ name tag တွင် နေရာယူထားတဲ့ လှပတဲ့ နာမည်လေးတစ်ခု။

" Park Sunghoon? "

" ဟုတ်ကဲ့ပါ လူကြီးမင်း ကျွန်တော်ကမန်နေဂျာပါ "

ပြေပြစ်သည့် အသားရည်ရှိပြီး ချောမောလှတဲ့ ရုပ်ရည်နဲ့မှမလိုက် ဂျေးဟာဒေါသကြောင့် ခက်ထန်လို့ပင်။

" ဒီမှာမင်းတို့ စားဖိုမှုးကို ဘယ်လိုခန့်ထားတာလဲ အရသာက ငါ့အိမ်ကခွေးတောင်စားမှာမဟုတ်ဘူး "

" မဟုတ်ရပါဘူး အကိုလေးဂျေးရယ် အကိုလေး- "

စားဖိုမှူးဟန် ရဲ့စကား လမ်းတစ်ဝက်တင် ပြတ်သွားရခြင်းမှာ ထိုလူရဲ့ အကြည့်စူးစူးကြောင့်ဖြစ်သည်။ ဩဇာအာဏာ အပြည့်ရှိတဲ့ ထိုလူသည် အထက်လူကြီး သို့မဟုတ် ‌အကောင်ကြီးကြီး ထဲကဖြစ်ရမည်။

ဒါမျိုး ပြဿနာတွေဟာ ဆောင်းဟွန်း တို့ဖြေရှင်းရလွန်းလို့ ပြောနေကြ စကားတွေတောင် အလွတ်ရနေပြီဖြစ်၏။ မူပိုင် အပြုံးလေးဖြစ်တဲ့ အပြုံးလှလှ‌လေးကို အတတ်နိုင်ဆုံးပြုံးပြလိုက်ရင်း..။

" အဆင်မပြေမှုအတွက် ကျွန်တော်တို့ ဘက်က အနူးအညွှန့်တောင်းပန်ပါတယ် လူကြီးမင်း ခင်ဗျာ "

စားဖိုမှူးအစား လာတောင်းပန်နေတဲ့ ဆောင်းဟွန်းကို ဂျေးမျက်မှောင်ကြုံ့ကာ လှည့်ကြည့်လိုက်သည်။ သူ့အား ခါးကျိုးမတတ် တောင်းပန်နေတဲ့ ပတ်ခ်ဆောင်းဟွန်းဟာ အမှားလုပ်ထားတာ သူလို့ ထင်နေပုံပင်။

" မင်းအမှားမလုပ်ထားပဲနဲ့ ဘာလို့တောင်းပန်ရတာလဲ ကဲပါ ထားပါတော့ ဒီတစ်ခေါက်တော့ ရှိစေအုံးပေါ့‌နော် မင်းမျက်နှာကြောင့် လွှတ်ပေးလိုက်မယ် "

ထိုလူဟာ ပြောပြီးပြီးချင်း ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်အား ခေါင်းအစခြေအဆုံး ကြည့်၏။ နောက်ပြီးတော့ ခက်ရဲ့ရဲ့ပြုံးလိုက်ပြီး စားဖိုမှူးဘက် လှည့်ကာ..။

" စားဖိုမှူးသင်တန်းကို တစ်ဝက်တပျက်နဲ့ ဆင်းလာပုံရတယ် အပြီးထိ ဆက်တက်လိုက် "

သူ့အား စော်ကားသွားတဲ့ ထိုလူအား စားဖိုမှူးဟာ မခဲမ‌ကျေသော်ညား ဟိုတယ်ရဲ့ ဧည့်သည်မို့ စိတ်ကို ထိန်းလိုက်ရသည်။

" ဂျုံဆောင်း သား! "

ဆောင်းဟွန်း သူဌေး၏ အသံကိုကြားတော့ လှည့်ကြည့်မိတော့ ခုနက လူဟာ သူဌေးရဲ့ သားဖြစ်နေ၏။ ခပ်တောင့်တောင့် ခန္ဓာကိုယ်ဟာ အနောက်က ကြည့်ရင် သိပ်ကို ကြည့်ကောင်းပြီး ပြုံးနေသည့် အပြုံးဟာ နူးညံ့လွန်းသည် ၊ နောက်ပြီး သူ့ကိုလဲ လှည့်ကြည့်ကာ မချိုမချဉ် ပြုံးသွားပြီး သူဌေးနဲ့အတူ ထွက်သွား၏။

ဒီလူနှာဘူး!!

" ခုနကိစ္စကို အဲ့စိတ်မနှံ့တဲ့ အရူးအစား ငါပဲ တောင်းပန်ပါတယ် မင်းဟင်းက ဘာတွေမကောင်းနေလို့လဲ "

ဆောင်းဟွန်း လှီးထားသည့် steak တစ်တုံးအား ပါးစပ်ထဲ ထည့်လိုက်သည် ၊ အထက်တန်းလွှာတွေရဲ့ ပါးစပ်နဲ့ ကိုက်ညီလွန်းတဲ့ အရသာကို ခုနက လူက မကြိုက်ဖူးတဲ့လား။

စိတ်က အတော့်ကို မနှံ့နေတာပဲ..။

" ကောင်းတဲ့ဟာကို! စိတ်မနှံ့တဲ့ အရူးကြီး "

ဆောင်းဟွန်း မကျေမနပ်ဆိုရင်း အလုပ်သာပြန်လုပ်နေ‌လိုက်သည်။

ဂျုံဆောင်း ၊ ချစ်စရာကောင်းတဲ့ နာမည်လေးနဲ့အတူ ချစ်စရာကောင်းတဲ့ မျက်နှာ ၊ အပြုံးကို ရရှိထားပင်မဲ့ ထိုလူက တကယ်တမ်းတော့ အရူးရင့်နေတဲ့ လူကြီး။

MEETING YOU

" သားက US ကပြန်လာတာတောင် ဒယ်ဒီ့ဆီ အရင်မလာဘူး အောက်မှာ ဘာလုပ်နေတာလဲ "

" Steak အရသာ သွားစမ်းကြည့်နေတာ ဒယ်ဒီရာ ညံ့လိုက်တာမှ "

ထိုစကားကြားတော့ Mr.Park ဟာ မျက်နှာ ပျက်သွားပြီး သားတော်မောင်ကို မျက်စောင်းထိုးသည် ၊ တောင်ကိုရီးယား ရဲ့အကောင်းဆုံး ဟိုတယ် ALOHA က steak ဟာဆိုရင် ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး စာရင်းဝင်ထားတာကို တကောင့်သားက မကောင်းဘူးလို့ ပြောထွက်သည်။

ဒီ့ကောင့်ပါးစပ်က ဆေးလိပ်အသောက်လွန်ပြီး ထုံနေတာ ဖြစ်နိုင်သည်ဟု Mr.Park ကောက်ချက်ချလိုက်သည်။

" သွားလေးဘာလေးလဲ သေချာတိုက်အုံး ငါတို့ ဟိုတယ်က steak က အကောင်းဆုံး စာရင်းဝင်ထားတာ သဘောပေါက် "

ဖခင်ဖြစ်သူရဲ့ မ‌‌ကျေမနပ်ပြောစကားကြောင့် ဂျေးက ဆိုဖာပေါ် ခေါင်းလှန်ရင်း ဟက်ဟက်ပက်ပက် ရယ်မောသည်။

" ဒါနဲ့ ဒယ်ဒီ ၊ ပတ်ခ်ဆောင်းဟွန်း ဆိုတဲ့ တစ်ယောက်က မန်နေဂျာလား "

Mr. Park က မျက်မှောင်ကြုံ့လျက် တစ်ခုခုကို စဉ်းစားပြီးမှ 'အေးဟုတ်တယ်' ဟုအတည်ပြုသည်။ ALOHA လို ကြီးမားလှသည့် ဟိုတယ်ကြီးမှာ မန်နေဂျာ အဖြစ် လုပ်ကိုင်တယ် ဆိုထဲက ပတ်ခ်ဆောင်းဟွန်းဟာ ရှိသင့်တဲ့ အရည်အ‌ချင်းထက် ပိုမည်ဟု ဂျေး ကောက်ချက်ချလိုက်သည်။

ရုပ်ရည် ခန္ဓာကိုယ် အပိုင်းလဲ ပြောစရာမလိုအောင် ကြည့်ကောင်းလွန်းပြီး တစ်ချိန်ထဲမှာပဲ ရာထူးဟာလဲ လူတိုင်းလိုချင်နေတဲ့ ရာထူးမှာ ရှိနေတဲ့ အတွက်ကြောင့် ဆောင်းဟွန်းမှာ ရန်သူများနိုင်သည်။

" မွေးနေ့တုန်းက ဒယ်ဒီမရှိတဲ့အတွက် တောင်းပန်ပါတယ် သား "

" ရပါတယ် ဒယ်ဒီရဲ့ မွေးနေ့ကို ဂျိတ်ခ်နဲ့ အတူတူလုပ်ခဲ့တယ် ‌ဒယ်ဒီ မွေးနေ့လက်ဆောင်သာ.. "

" ဟား! ဟုတ်ပါပြီ ကဲ! မကြာခင် ဟိုတယ်ရဲ့ ဒါရိုက်တာ ရာထူးဝင်တော့မဲ့ ပတ်ခ်ဂျုံဆောင်း ဘာလိုချင်လဲပြော "

ဂျေးက ခနလောက် စဉ်းစားလိုက်ပြီး‌တော့ ခပ်ညစ်ညစ်ပြုံးသည်။ ခုနက တွေ့ခဲ့တဲ့ နှင်းဖြူလုံးလေးကို မွေးနေ့လက်ဆောင် အဖြစ်တောင်းရင်တော့ ဒယ်ဒီ စိတ်မဆိုး လောက်ဘူးမဟုတ်လား။

" လက်ဆောင်အနေနဲ့ မန်နေဂျာ ပတ်ခ်ဆောင်းဟွန်းကို သားရဲ့ အတွင်းရေးမှူးအဖြစ် တောင်းရင် ဒယ်ဒီစိတ်မဆိုးဘူးမဟုတ်လား "

ပြောနေသည့် လေယူလေသိမ်းဟာ Mr. Park အား စိတ်ကျေနပ်စေသည့် လေယူလေသိမ်း။

ဒီလိုဖြစ်အောင်လဲ သူကိုယ်တိုင် ‌သင်ပေးခဲ့တာမို့ ဂျေးဟာ သူ့ပုံစံခွက်ထဲမှာ ကောင်းကောင်းကြီး ကြီးပြင်းလာပုံရ၏။

အထက်စီးဆန်သည် ၊ မရရင်တောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရယူလိုစိတ်ရှိသည်။ အတ္တကြီးသည် ၊ တဇွတ်ထိုးဆန်သည် ၊ နွေဦးမှာ မွေးဖွားခဲ့ပင်မဲ့ နွေဦးလို နွေးထွေးမှုကို ပတ်ခ်ဂျေး ဆီမှ မရရှိနိုင်ပါ။

တကယ်တော့ Jay Park ဆိုတဲ့ လူက Red Flag ကြီး။

အဲ့ Red Flag ကိုမှ သ‌ဘောကျတဲ့ လူတွေဟာ Instagram မှာဆို Million နဲ့ချီပြီးကို ရှိသည်။ ဘာလို့လဲဆိုတော့ Jay Park ဆိုတဲ့ လူက တကယ့်ကို နာမည်ကြီး model တစ်ယောက်လေ။ ချောမောလှတဲ့ ရုပ်ရည်နဲ့ ထူးဆန်းတဲ့ စိတ်နဲ့ ထိုလူကိုမှ သဘောကျတဲ့ လူတွေက သက်သက်ကိုရှိပါသည်။

" ငါ့သားလိုချင်ရင် ဒယ်ဒီ ယူပေးရမှာပေါ့ "

ဂျေးဟာ ကျေနပ်စွာ ပြုံးရင်း ဆိုဖာပေါ် ခေါင်းလှန်ချကာ ဟက်ခနဲ တစ်ချက်ရယ်သည်။ အဆုံးတွင်တော့ ထိုနှင်းဖြူလေးဟာ သူ့အပိုင် ဖြစ်လာ‌တော့မည်။

MEETING YOU

နေမင်းကြီးဟာ သူ့ရဲ့ တစ်နေ့တာ လုပ်ငန်းကို ပြီးဆုံးပြီဖြစ်သည့်အတွက် ငှက်များနှင့်အတူ အိပ်တန်းတက်သွားတော့သည်။ ခပ်မှောင်မှောင် လမ်းအချို့ဟာ ဟိုတယ်ရဲ့ အလင်းရောင်ကြောင့်‌ တောက်ပလျက် ၊ ဟိုတယ်၏ အောက်ထပ်တွင် ရှိတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေနဲ့ branded ဆိုင်တွေ။

ဆောင်းဟွန်း အလုပ်ဆင်းသည်မို့ အ‌ပေါက်ဝကို လျှောက်လာသည့် လမ်းတွင် သူ့အာရုံနဲ့ စူးစမ်းလိုစိတ်အား ဖမ်းစားလိုက်တဲ့ လူအုပ်တစ်အုပ်။ camera မီးတစ်လက်လက်နဲ့ ထိုလူအုပ်ဟာ တစ်ယောက်ယောက်ကို မေးမြန်းနေသည့်ပုံ။ ဆောင်းဟွန်း အဝေးကပင် ဘယ်အနုပညာရှင်လဲလို့ ကြည့်မိသည်။

ရှည်လျားလှသည့် အရပ်ရဲ့ကျေးဇူးကြောင့် ခြေဖျားလေးကို မဆိုသလောက်လေး ထောက်လိုက်ရုံနဲ့တင် စိတ်ဝင်တစား မေးမြန်းနေတဲ့ လူကို တွေ့လိုက်ရသည်။

မနက်က တွေ့လိုက်ရတဲ့ အချိုးမပြေ ၊ စိတ်မနှံ့တဲ့ လူကြီးပဲ။

မနက်က တွေ့တဲ့ပုံစံမဟုတ်ပဲ ပေါ့ပေါ့ပါးပါး t-shirt တစ်ထည် ၊ jeans အပွ ၊ စလွယ်သိုင်းထားတဲ့ Celine logo ပါ အိတ်တစ်အိတ် ၊ Prada logo ပါ နေကာမျက်မှန်။ ပြုံးရွှင်စွာ မေးမြန်းသူတိုင်းရဲ့ အမေးကို ဖြေပေးနေတဲ့ ထိုလူက မနက်က ပြဿနာ ရှာခဲ့တာ သူမဟုတ်တဲ့အတိုင်း။

" Mr. Park အခု ကိုရီးယားကို အပြီးပြန်လာတာလား ခနပြန်လာတာလား ဆိုတာ ပရိသတ်ကို ပြောပြပေးပါအုံး "

" ယာယီပြန်လာတာပါ ဒယ်ဒီ့ရဲ့ အလုပ်တွေကို လက်လွှဲယူပြီးရင် Cornie တွေနဲ့ တွေ့ဖို့အတွက် meeting လေးတစ်ခု လုပ်ဖို့ ရှိပါတယ် "

" New comeback လေးများ ရှိသေးလားရှင့် "

" Spoiler အနေနဲ့ ကိုယ်တိုင်ရေးထားတဲ့ တစ်ပုဒ်လာပါမယ် နောက်ပြီးတော့ Korea Cosmetic brand အချို့နဲ့ လက်တွဲသွားဖို့ ရှိပါတယ် "

Wait?!!!

ဆောင်းဟွန်း ရဲ့ကမ္ဘာကြီး ခနလောက် ရပ်တန့်သွားသလိုမျိုး။ သူအခု နားကြားမမှားဘူးဆိုရင် သူအခုမြင်နေရတာ နာမည်ကြီး Model တစ်ယောက် Jay Park ဆိုတာလား။

ဆောင်းဟွန်း မယုံနိုင်စွာ ပါးစပ်အား လက်ဖြင့်အုပ်မိတဲ့ အချိန်နဲ့ ဂျေးဒီဘက်လှည့်တဲ့ အချိန်နဲ့ တိုးလေသည်။

ဟက်! ဘယ်လိုတောင် ချစ်စရာ ကောင်းနေတာပါလိမ့်ကွာ !!!။

" မေးပေးကြလို့ ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို ခွင့်ပြုပါအုံးနော် "

ဂျေးထိုနေရာက ထွက်လာပြီး ဦးတည်ခဲ့သည့်နေရာဟာ ချောင်ကျကျနေရာတစ်ခု တွင် ရပ်နေသည့် ဆောင်းဟွန်း ဆီသို့။ လွယ်အိတ်ကို ဘေးစောင်း အနေအထားလေးနဲ့ လွယ်ကာ သူ့ကို အံ့ဩသလို မျက်နှာထားနဲ့ ကြည့်နေတဲ့ ဆောင်းဟွန်းဟာ သုံးနှစ် ကလေးလေးများလား။

" ဘာတွေ အံ့ဩနေတာလဲ "

" ဒီဘက်က လူကြီးမင်းက တကယ်ပဲ နာမည်ကြီး Model Jay Park လားဟင် "

အံ့ဩမှု အပြည့်ဖြင့် မေးနေတဲ့ ဆောင်းဟွန်း။

ဂျေးခပ်ရဲ့ရဲ့လေး ရယ်ကာ မယုံနိုင်လောက်အောင်ကို ဖြစ်နေတဲ့ ဆောင်းဟွန်းအား ပြန်ဖြေလိုက်သည်။

" ဟုတ်တယ် ကိုယ်က Jay Park "

မယုံနိုင်စွာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ အံ့ဩနေမိသည်။ ဂျေးပတ်ခ်ဟာ အပြင်မှာ ချောတာကိုတော့ လက်ခံနိုင်ပါတယ် ၊ ဒါပင်မဲ့ ဒီဂျေးပတ်ခ်က သူသိထားတဲ့ ဂျေးပတ်ခ်နဲ့ တစ်ခြားစီ။

သူသိထားတဲ့ ဂျေးက ကြင်နာတတ်တယ် ၊ ခက်ထန်တဲ့ မျက်နှာထား ရှိပင်မဲ့ ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ် ၊ တော်ရုံတန်ရုံ ကိစ္စကို ဒေါသမထွက်တတ်ဘူး။ ဒါပင်မဲ့ အခု သူ့ရှေ့မှာ ရပ်နေတဲ့ သူ့ထက်မဆိုသလောက်လေး အရပ်ရှည်တဲ့ ဂျေးပတ်ခ်ဟာ ဒေါသကလဲ ထွက်တတ်လိုက်တာမှ လွန်ရော။

'မထင်ရဘူးနော် ကျွန်တော်သိထားတဲ့ ဂျေးနဲ့လဲ မတူဘူး' လို့ပြောရင်လဲ သူ့အလုပ်က ပြုတ်အုံးမယ်။ ဘာလို့လဲဆိုတော့ ဒီလူက သူဌေးရဲ့ သားမို့လို့လေ။

" ဆောင်းဟွန်းက မထင်ရဘူးပဲ တကယ့်ကို ချစ်စရာကောင်းတယ် နောက်လဲ ပျင်းရင် ကိုယ့် ရုံးခန်း လာလည်ပါအုံးနော် "

" ကျွန်တော်က ဘာလို့ ရုံးခန်းကို လာလည်ရမှာလဲ လူကြီးမင်းနဲ့ ကျွန်တော်နဲ့က ဘာမှမှ မဟုတ်တာကို "

" လူကြီးမင်း? ဟက်! ဂျေး လို့ပဲခေါ်ပါ နားကန့်လန့်တိုက်တယ် ဆောင်းဟွန်းရဲ့ ဘာလို့ရုံးခန်းကို အလည်လာရမှာလဲဆိုတော့ မကြာခင်လဲ ကိုယ့်ရုံးခန်းက မင်းရဲ့အခန်းဖြစ်လာတော့မှာလေ "

" ခင်ဗျာ? "

ဒီလူက နာမည်ကြီး ၊ ရုပ်ချော ဉာဏ်ကောင်းတယ်ဆိုပြီး လူနားမလည်တဲ့ စကားတွေသိပ်ပြောတာပဲ။ ဆောင်းဟွန်း ကြောင်အ စွာပင် ခေါင်းငြိမ့်ပေးလိုက်ပါတယ် ၊ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းတယ် ဆိုတဲ့ စကားပုံ ကြားဖူးတယ် မဟုတ်စ?။

" လိမ္မာတယ်! ကောင်းကောင်းပြန် "

ဆောင်းဟွန်း လက်မောင်းအား နှစ်ချက်လောက်ပုတ်ကာ ထွက်သွားတဲ့ ထိုလူဟာ သူ့ရဲ့ တောင့်တင်းလှတဲ့ ခန္ဓာကိုယ် အားကိုမှ အားမနာ ရှာမကျိုး။

" Ah!! နာလိုက်တာ စိတ်မနှံ့တဲ့ လူကြီး! "

မ‌ကျေမနပ် အော်ရင်း အိမ်ကိုသာ ဦးတည်ပြန်ခဲ့သည်။ နွေဦးဖြစ်တာကြောင့် နွေးထွေးသည့် လေဟာ နေရာတိုင်းမှာ ပျံ့နှံ့လျက် ၊ ရုံးမှအိမ်ကို ပြန်ကျသူတွေ ၊ အရက်ဆိုင်မှာ ဝိုင်းဖွဲ့ကာ ပျော်ပါးနေကြတဲ့ လူ‌ငယ်တွေ ၊ ချစ်ရသူရဲ့ လက်ကိုတွဲကာ လျှောက်သွားနေကြတဲ့လူတွေ။

အဲ့ထဲမှ ဆောင်းဟွန်းဟာ အထီးကျန်နေတဲ့ လူလို ၊ အခုချိန်ထိ ရည်းစားတစ်ယောက်မှ မထားဖူးသေးတဲ့ ဆောင်းဟွန်း အတွက်တော့ တစ်ခါတစ်လေ ကောင်းပင်မဲ့ တစ်ခါတစ်လေ ကြတော့လဲ မကောင်းပြန်ပေ။

အထီးကျန်စွာဖြင့် ကိုယ်ပိုင် တိုက်ခန်းလေးဆီ ဦးတည်ခဲ့သည် အချိန်ပြည့် အလုပ်နဲ့ အိမ် အိမ်နဲ့ အလုပ်သာ ခေါင်းထဲ ရှိတဲ့ သူ့အတွက်ဟာ ဘဝလက်တွဲဖော် ရှာဖို့ဆိုတာ သိပ်ကိုမှ ခက်ခဲပါသည်။

အသက် 23 အရွယ်မှာ ချစ်ရသူတွေနဲ့ ပျော်‌ နေတဲ့ လူတွေရှိပြီး အလုပ်ကိုပဲ ကြိုးကြိုးစားစားလုပ်နေ ကြတဲ့လူတွေရှိမှန်းတော့ ဆောင်းဟွန်း သိပါတယ် ဒါပင်မဲ့ အဲ့ထဲမှာမှ သူတစ်ယောက်ထဲ ကွက်ပြီး ဖြစ်နေသလားလို့ တစ်ခါတစ်လေ ထင်မိပါတယ်။

ရေမိုးချိုးပြီးတော့ ရေခဲသေတ္တာထဲ အသင့်ဝယ်ထားတဲ့ Beer တစ်ဗူးထုတ်ကာ အစာအိမ်ကို ပတ်ဖြန်းလိုက်သည်။ ခါးသက်သက် အရသာဟာ လည်ချောင်းထဲသို့ တစိုက်မတ်မတ် ဝင်သွားပင်မဲ့ beer ကြိုက်တဲ့ သူ့အတွက်တော့ ထိုအရသာဟာ ဆိုးမနေခဲ့ပါ။

အရည်လေးဝင်တော့ ရည်ဝေဝေ ဖြစ်လာတာနဲ့ အမျှ မတော်ရသေးတဲ့ ရည်းစားကို လွမ်းလာသလိုလို။

" ဟက်! "

*♪*

မြည်လာသည့် ဖုန်းကို အာရုံပို့မိတော့ ဘယ်သူမှန်းမသိတဲ့ဖုန်းတစ်ကော။ ရည်ဝေဝေ ဖြစ်နေတာကြောင့် ဆောင်းဟွန်း ထိုဖုန်းကို ချကာ လက်ထဲက beer အား တချိုက်ထဲမော့သည်။ beer ဆိုတဲ့အမျိုးက သောက်ပြီးတိုင်း သောက်ချင်တဲ့အမျိုး။ ရေခဲသေတ္တာထဲက နောက်တစ်ဗူးထပ်ထုတ်ကာ တစ်လလုံးရဲ့ ပင်ပန်းမှုတွေကို လျော့ချသည်။

အကြိမ်ပေါင်းများစွာ မြည်နေတဲ့ ဖုန်းဟာ ခုနခေါ်တဲ့ ဖုန်း။ ဆောင်းဟွန်း စိတ်မကြည်တော့ပဲ ဝေဝါးနေတဲ့ အကြည့်တို့ဖြင့် အားယူကြည့်ကာ ဖုန်းကိုကိုင်လိုက်သည်။

" ဘာလဲ!! "

တစ်ဖက်က ထွက်ပေါ်လာတဲ့ ချစ်စရာအသံလေးဟာ အလုပ်ချိန်မှာ ကြားနေကြ အသံလေးအတိုင်း ဟုတ်မနေခဲ့ပါ။ ဂျေးတစ်ချက်ရယ်လျက်။

" ပတ်ခ်ဆောင်းဟွန်း မူးနေတာလား "

" ခများက ဘယ်သူလဲ "

အာလေးလျှာလေး ထွက်ပေါ်လာတဲ့ အသံဟာ မည်မျှပင် မူးနေလဲဖော်ပြနေ၏။

" ကိုယ့် သူဌေးတောင် ကိုယ်မမှတ်မိတဲ့အထိ မူးနေရလား ပတ်ခ်ဆောင်းဟွန်းရှီး "

" ဘာလဲ ဘယ်ကသူဌေးလဲ ဒီမှာ ဟျောင့်! ငါမမွူး သေးဘူးကွ! ကြားလား အစ်! "

ဝန်ထမ်းဆီက ပြန်လည် ရန်တွေ့ခံလိုက်ရလို့ ရင်ထဲ နည်းနည်းတော့ ထိခိုက်ပင်မဲ့ ရန်တွေ့တဲ့လူက နှင်းဖြူလုံးလေးဖြစ်နေတော့ ဂျေးတိတ်ဆိတ်စွာပင် ဖြေသိမ့်လိုက်ပါသည်။

ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ နှင်းဖြူလေးဟာ သူ့အား အမူးလွန်ပြီး တကယ်မမှတ်မိတဲ့ ပုံစံ။ ဂျေးသဘောတကျကျ ဖြင့်သာ ကျန်နေခဲ့တော့သည် ၊ ချစ်စရာကောင်းတယ် ၊ အနုပညာအလုပ် ၊ ဟိုတယ်ရဲ့ အလုပ်တွေနဲ့သာ နပန်းလုံးနေရတဲ့ ဂျေးဟာနှလုံးသား ရေးရာအတွက် ဘယ်တုန်းကမှ အချိန်မပေးခဲ့။

ဒါကြောင့် US media နဲ့ Cornie အများစုက သူ့ကို လူပျိုကြီး ဖြစ်မှာလို့ စနောက်လေ့ရှိကြတယ်။

ဒါပင်မဲ့..၊ ပတ်ခ်ဆောင်းဟွန်း။

ပတ်ခ်ဆောင်းဟွန်းကတော့ သူ လူပျိုကြီး ဖြစ်မှာမလိုလားလို့ ဘုရားက ဖန်ဆင်းပြီး ပေးပို့လိုက်တဲ့ နှလုံးသား တံခါးအတွက် သော့ချက်လေးတစ်ခု။

ဂျေးပတ်ခ် ရဲ့နှလုံးသားကို ရုပ်ပျက်အောင် ခုန်ပေါက်လှုပ်ရှား စေတဲ့ လူသားလေး။

နှင်းဖြူလေးဟာ တစ်နေ့နေ့တစ်ချိန်ချိန် တွင်တော့ ဂျေးပတ်ခ်ရဲ့ အပိုင်ဖြစ်လာလိမ့်မည် ၊ မဟုတ် ဖြစ်လာစေရမည်။

ဂျေးရဲ့ အတ္တ ၊ လောဘ တွေဟာ ပတ်ခ်ဆောင်းဟွန်း ဆိုတဲ့ နှင်းဖြူလေးကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို နှင်းဖြူလေးသိရင် စိတ်ဆိုးမလား။

MEETING YOU

ခေါင်းကိုက်မှု များစွာ ခေါင်းမကြည်မှု များစွာနဲ့ နိုးထလာရတဲ့ ဆောင်းဟွန်းရဲ့ မနက်ခင်းဟာ ပျော်ရွှင်စရာတော့ ကောင်းမနေခဲ့။ သို့ပင်မဲ့ ဒီနေ့ဟာ ပိတ်ရက်ဖြစ်တာကြောင့် အိပ်ယာထဲ ကောင်းကောင်း နှပ်နေနိုင်သည်။

10 နာရီအထိ အိပ်ယာထဲ ဟိုလှိမ့် ဒီလှိမ့် နေပြီးသွားတဲ့ အချိန်မှာတော့ တစ်နေ့တာရဲ့ မျက်နှာသစ် ၊ သွားတိုက် ၊ ရေချိုးချင်း အလုပ်ကို စတင်လုပ်ဆောင်၏။

ရေအေးအောက်ဝင်ရင်း ခေါင်းနောက်မှု‌တွေကို ဆေးကြောလိုက်သည်။ ခန္ဓာကိုယ်၌ သီတန်းနေတဲ့ ရေသီးလုံးလေးတွေဟာ အမြှောင်းထနေတဲ့ ဗိုက်သားထက် တင့်တယ်လျက် ၊ ရေစိုနေတဲ့ ဆံသားအချို့ဟာ တင့်တယ် လှပလျက်။

‌ရေချိုးရင်း တစ်ခါထဲ ခေါင်းလျှော်လိုက်တော့ နေရထိုင်ရ သက်သာသွားသလို။

စိုနေတဲ့ ဆံနွယ်အချို့အား သပတ်ဖြင့် သုတ်ရင်း ဆိုဖာထက်ထိုင်ကာ ဖုန်းသုံးနေမိသည်။ အဲ့လိုဆိုမှ ညက သူမူးနေတဲ့အချိန် ဖုန်းတစ်ကော ဝင်သေးတယ်မှတ်လား ၊ ဘယ်သူမှန်းမသိတဲ့ ဖုန်းတစ်ကောကို သူဘယ်လို ပြန်ဖြေလိုက်လဲ။

ဆောင်းဟွန်း ပြာယာခတ်စွာပင် call history ထဲ ဝင်မိတော့ ထိပ်ဆုံး၌ နေရာယူနေတဲ့ နံပါတ်စိမ်းတစ်ခု။

" ပတ်ခ်ဆောင်းဟွန်း မင်း တစိမ်းကို ဘာတွေ ပြောလိုက်တာလဲ "

ဖုန်းဝင်သည့် အချိန်ထိ အသိဝင်သေးပင်မဲ့ ဖုန်းကိုင်ပြီးနောက်ပြီး ဖြစ်ပျက်သမျှကို မသိတော့တဲ့ ဆောင်းဟွန်း သူ့ကိုယ်သူသာ ရိုက်သတ်ချင်တော့သည်။

ပြန်ဆက်ရင် ကောင်းမလားလို့ ဆောင်းဟွန်း တွေးမိပင်မဲ့ အတွေးနဲ့ လက်တွေ့ဟာ တူမနေခဲ့။ ဖုန်းပိတ်ပြီး ဆံပင်ခြောက်အောင် သုတ်ကာ သူငယ်ချင်း ဆောနူကို ခေါ်ပြီး တစ်ပတ်စာ ‌ဈေးဝယ်ရန် ထွက်လာခဲ့သည်။

ဈေးသိပ်မကြီးပင်မဲ့ သာမန်လူလတ်တန်းစားတွေ ဈေးဝယ်နိုင်တဲ့ shopping mall ရဲ့ အသီးအရွက် အသား ၊ ငါး အတန်းကို ဆောင်းဟွန်း နဲ့ ဆောနူ ခြေဦးလှည့်မိသည်။

" ဆောင်းဟွန်းဟျောင်း ခနလေး ဒါလေး နီခီ့အတွက် နွားနို့ ဝယ်ရအုံးမယ် "

" ဟ ဟျောင့်! မင်းရည်းစားက နို့မပြတ်သေးဘူးလား "

" အခုမှ ကလေးပဲရှိသေးတာ နီခီက "

" ကလေး? မင်းရည်းစားက ဟိုတလောကပဲ 18 ပြည့်ထားတာလေ "

" ဘာပဲဖြစ်ဖြစ် ကျွန်တော့် မျက်စိထဲမှာ ကလေးပဲ "

ဆောနူက ပြောပြောဆိုဆိုနဲ့ နွားနို့ နှစ်ဗူးအား ခြင်းထဲ ထည့်ပြီး အရှေ့က ထွက်သွားလေရဲ့။နှစ်နှစ်ကြီး နှစ်နှစ်ငယ် ဆောနူနဲ့ နီခီ ဆက်ဆံရေးဟာ သိပ်ကိုမှ ပျော်စရာ ကောင်းပါသည် ၊ အမြဲတမ်းလိုလို ပြုံးပျော်ရွှင်နေတတ်တဲ့ ဆက်ဆံရေးဟာ ဆောင်းဟွန်းလိုချင်နေတဲ့ ဆက်ဆံရေးမျိုး။

ဒါပင်မဲ့ နီရှီမူရာ့လို လူက ရှားပါသည်...။

" ဆောနူ တစ်ခုခု စားရအောင်လေ "

ဆောနူလဲ ဗိုက်ဆာနေပြီမို့ ‌ခေါင်းညှိမ့်ကာ အနီးအနားက ကိုရီးယားအစားအစာဆိုင်ကို ဝင်လိုက်သည်။ အညိုရောင် အသားပေးပြင်ဆင် ထားတဲ့ဆိုင်လေးရဲ့ အတွင်းမှာ လူငယ်များအကြိုက် ခေတ်သီချင်းတွေ ဖွင့်ထားပြီး အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ်ကောင်းတဲ့ တော့ပိုကီ ၊ ထမင်းလိပ်နဲ့ အရသာရှိတဲ့ မုန့်အမျိုးမျိုး။

ဆောင်းဟွန်းနဲ့ ဆောနူနှစ်‌ယောက် ထောင့်ကျကျဝိုင်းလေးကို ရွေးပြီး ထိုင်ကာ မှာထားတာတွေ စောင့်နေလိုက်သည်။

ခနအကြာတွင်တော့ ဝန်ထမ်းကောင်မလေး သယ်ဆောင်လာတဲ့ ဗန်းပေါ်တွင် သူတို့မှာထားတဲ့ တော့ပိုကီ cheese ၊ ထမင်းလိပ်များ။ ဗိုက်ဆာနေတဲ့ ဆောနူကတော့ ထမင်းလိပ် တစ်ခုကို ပါးစပ်ထဲ အမြန်ထည့်ကာ ဆာနေတဲ့ ဗိုက်ကို ဖြည့်သည်။

" ဟျောင်း ဟိုတယ်မှာ အဆင်ပြေရဲ့လား "

" ပြေပါတယ် ဒါနဲ့ နာမည်ကြီး Model Park Jay ကိုသိလား "

" သိတာပေါ့! "

ကလေးမေးရင်တောင်သိတယ် အခုတလော Prada ရဲ့ fashion show တစ်ခုမှာ debut ထားပြီး မေးရိုးထင်းထင်း ၊ နှုတ်ခမ်းပါးပါးတို့ကို ပိုင်ဆိုင်ထားတဲ့ တစ်မိုးအောက်က Jay Park ကို မသိစရာ အကြောင်းမရှိပေ။

" ဒါနဲ့ ဘာလို့မေးတာလဲ "

" အဲ့ ဂျေးပတ်ခ်က ငါတို့ သူဌေးရဲ့သား "

" ဘာ!! "

" လန့်လိုက်တာ ရှီး! "

ဆောနူက မယုံနိုင်စွာ ပါးစပ်အား လက်ဖြင့် အုပ်ထားကာ တစ်စက်ထဲမှာပဲ ရင်ဘတ်အား လက်နဲ့ဖိထားသေးသည်။

" ငါ့ကိုလဲ မထိတထိနဲ့သိလား အား! မုန်းလိုက်တာကွာ! "

ဆောနူကတော့ ဆောင်းဟွန်းစကားကို ပြန်ဖြေချိန်မရပဲ ဆောင်းဟွန်းနောက်မှာ ရပ်နေတဲ့လူကိုသာ အံ့ဩတကြီး ကြည့်နေမိသည်။

ရှည်လျားလှသည့် အရပ် ၊ မေးရိုးထင်းထင်း ၊ ချောမောသည့် ရုပ်ရည်ကို ကာကွယ်နိုင်ရန် ခပ်ငိုက်ငိုက် စောင်းထားတဲ့ ဦးထုပ်အနက် နှင့် ရင်အုပ်တောင့်တောင့်အား မလုံ့တလုံ ဖုံးအုပ်ကာ ထပ်ထားသည့် leather jacket နောက်ပြီး ခပ်ပါးပါးနှုတ်ခမ်းတစ်စုံဟာ အပေါ်သို့ တွန့်ကွေးနေသေးသည်။

" ဆောနူ.. "

" ဂျေးပတ်ခ်က အနောက်မှာ "

ဆောင်းဟွန်း အံ့ဩစွာပင် အနောက်သို့ လှည့်ကြည့်မိတော့ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ ဂျေး။

" Hello Sunghoonie "

" ဂျေး ဘာလာဝယ်တာလဲဟင် "

" လမ်းကြုံလို့ ဝင်လာရင်းနဲ့ ဆောင်းဟွန်းနဲ့ တွေ့တာ "

လမ်းကြုံလို့ ဆိုတာ ဆင်ခြေဖြစ်ပြီး နှင်းဖြူလုံးလေးနောက် မနက်ထဲက လိုက်နေကြောင်းသာ ပြောပြလိုက်ရင် သေချာပေါက် စိတ်ဆိုးနိုင်သည်။

" အာ.. လမ်းကြုံလို့‌ကိုး! ဒါနဲ့ ပြန်‌တော့မယ် မဟုတ်လား တော်ကြာ fan တွေတွေ့တော့မှ ဂျေးထွက်မရဖြစ်နေမယ် ပြန်တော့လေ "

" ဟာ! ဆောင်းဟွန်း‌ဟျောင်းကလဲ ဂျေးကို ဘာလို့ ပြန်လွှတ်နေတာလဲ ဂျေး! အဆင်ပြေရင် လာထိုင်ပါလား "

ဆောနူက သူ့ဘေးက ခုံကိုဆွဲရင်း ဂျေးထိုင်ရန် ပြင်ပေးသည်။ အခုချိန်မှာ ဆောင်းဟွန်း ရှေ့က ကောင်လေးတစ်ယောက်လုံး သူ့အတွက် ဒိုင်းကာ အနေနဲ့ ရှိ‌နိုင်တာမို့ ဂျေး ပေါင်းထားရမည်က ဆောင်းဟွန်း ရှေ့ကကောင်လေးသာ ဖြစ်သည်။

" ဆောင်းဟွန်းကိုတော့ သိပြီးပြီ ညီ့နာမည်က ဘယ်လိုခေါ်လဲ "

" ကင်မ်ဆောနူပါဗျ "

အရမ်းတွေ ယဉ်ကျေးသွားတဲ့ ဆောနူကို ဆောင်းဟွန်း ကြောင်အစွာ ကြည့်လိုက်‌မိ‌သည် ၊ ပြုံးရွှင်ကာ ဂျေးအား စကားပြောနေတဲ့ ဆောနူရဲ့ ပုံရိပ်ကို နီခီ့ကို မြင်စေချင်ပါသည်။

" ဆောင်းဟွန်းရဲ့ အပြုံးကလေ ဟိုတယ်က ဝန်ထမ်းတွေထဲမှာ အလှဆုံးသိလား ၊ ကိုယ် US မှာနေခဲ့တဲ့ တစ်လျှောက်လုံး ဒီလောက်လှတဲ့ အပြုံးကို မမြင်ဖူးဘူး "

ဂျေးက အတည်ပေါက်ကြီး ချီးကျူးနေတော့ ဆောင်းဟွန်းရဲ့ ပါးလေးတွေဟာ ပန်းနုရောင် သန်းလျက်။

ဂျေးကတွေ့တော့ ပြုံးသည် ၊ သူလိမ်နေတာ မဟုတ်ပါ မနေ့က မနက်က ဆောင်းဟွန်းရဲ့ အပြုံးကို တွေ့လိုက်ရတော့ မနက်ခင်းဟာ ပြည့်စုံသွားခဲ့သည်။ နောက်ပြီး ဂျေးရဲ့ အနှစ်နှစ်အလလက အိပ်စက်အနားယူနေတဲ့ နှလုံးသားကို နှိုးထစေကာ အလုပ်လုပ် စေသည်။

" ဒါနဲ့ ဆောင်းဟွန်း ရင်းနှီး ပြီးသားလူတွေပဲ ဆိုတော့ ကိုယ် အကူအညီ တစ်ခုလောက် တောင်းပါရစေ "

" ဟုတ်ကဲ့ ပြောပါ "

" ကိုယ်မှာ အတွင်းရေးမှူး ကလဲ မရှိဘူးကွယ် တော်ရုံလူကိုလဲ အတွင်းရေးမှူး မခန့်ချင်ဘူး မင်းလောက် အရည်အချင်းရှိတဲ့ လူက ရှာလိူ့မတွေ့ဘူးဆို‌တော့ ကိုယ့်အ‌တွင်းရေးမှူး လုပ်ဖို့ မင်းကို ကမ်းလှမ်းချင်လို့ပါ "

အခြားလူ ခန့်လိုက်ပါလားလို့ ပြောရအောင်လဲ စကားပလ္လင်ခံထားတဲ့ ကိုယ်တော်ချောကြောင့် ငြင်းရမှာလဲ အဆင်ကမပြေ။

" ကျွန်တော် ဟိုတယ်ကိုလဲ သံယောဇဉ် ရှိနေလို့ လက်မခံပါရစေနဲ့ "

" မင်းနားလည်မှု လွဲနေတာဖြစ်မယ် ကိုယ်ပြောချင်တဲ့ အတွင်းရေးမှူးက ဟိုတယ် ဒါရိုက်တာ အတွင်းရေးမှူးနဲ့ ကိုယ့် အနုပညာ လုပ်ငန်း အတွင်းရေးမှူး ပါ "

ဘာ!!

အသေသာ သတ်သွားပါတော့လား ဂျေးပတ်ခ်ရယ်။ ငါ့ကို စက်ရုပ်ထင်နေတာလား။ ဘယ်လိုလုပ် အလုပ်နှစ်ခုကို ပြိုင်လုပ်နိုင်မှာလဲ ပြီးတော့လဲ အတွင်းရေးမှူး ခေါင်းကိုက်စရာ ကောင်းတဲ့ အလုပ်ကို လုပ်မဲ့အစား သတ်‌သာ သေလိုက်မှာပေါ့။

" အလုပ်နှစ်ခုမို့ ကျွန်တော် မလုပ်ပါရစေနဲ့ "

" စဉ်းစားပါအုံး မင်းက အသက်သာဆုံး အတွင်းရေးမှူး ဖြစ်မှာပါ "

" တကယ် မလုပ်ပါရစေနဲ့ "

ငါးမရလို့ ရေချိုးပြန်တဲ့ထဲ ပတ်ခ်‌ဂျေးတို့ မပါပင်။

" ဆောနူရေ လုပ်ပါအုံး ကိုယ့်အတွင်းရေးမှူး လုပ်ဖို့ တိုက်တွန်းပေးပါအုံး "

ဆောနူက တူကို ချကာ ဆောင်းဟွန်းဆီ မျက်နှာပေး ခပ်တင်းတင်းဖြင့် လှည့်လိုက်သည်။

" ဟျောင်းရယ် အကူညီလိုနေတဲ့ လူကို ကူညီရင် ကိုယ့်ကို တစ်ဖက်က ပြန်ကူညီမှာပဲလေ "

ဆောင်းဟွန်းကတော့ မျက်နှာကြီး ဆူပုတ်ကာ မျက်လွှာကို ချထားစမြဲပင်။ ကင်မ်ဆောနူတို့ ပြန်ရင် တွေ့ကြ‌တာပေါ့။

" စဉ်းစားပါအုံးမယ် ဂျေး "

ဂျေးဟာ ပြုံးပျော်ရွှင်သွားပြီး ခေါင်းညှိမ့်ပြသည်။

စားစရာရှိတာ အကုန်လက်စဖြတ်ပြီး ဆောင်းဟွန်းနဲ့ ဆောနူတို့နှစ်ယောက် ပြန်ရန် အပြင်ထွက်သည်အထိ ဂျေးဟာ လိုက်လာသည်။ဒီလူကွာ! Model တစ်ယောက်ဖြစ်ပြီး image တောင်မထိန်းနိုင်ဘူးလား။

" မလိုက်နဲ့တော့လေ ဂျေး.. "

ဆောင်းဟွန်း အသံကို နှိပ်နိုင်သလောက် နှိပ်ကာ ပြောတော့ ဂျေးက 'ဘာလို့လဲ' ဆိုတဲ့အကြည့်နဲ့ ကြည့်၏။

" မကောင်းဘူးလေ ခများက နာမည်ကြီးတစ်ယောက် ကျွန်‌တော်က သာမန်လူ သတင်းတွေ ထွက်ကုန်ရင် နှစ်ဦးနှစ်ဖက် မကောင်းဘူး "

" ကိုယ်က ဂရုမစိုက်ဘူး အဲ့တော့ မင်းလဲ ဂရုစိုက်စရာမလိုဘူး "

ဘယ်လိုပြောပြော မရတဲ့ ဒီလူကိုဆောင်းဟွန်ူ လွှတ်သာ ထားလိုက်တော့သည်။

" ဟျောင်း! နီခီလာပြီ "

ကားသော့အား ကစားရင်း သူတို့ဆီလျှောက်လာတဲ့ အရပ်ရှည်ရှည် ခပ်ချောချောကောင်လေးတစ်ယောက်။

" ကိုကို.. ဒါဘယ်သူ..? "

ဆောင်းဟွန်းနဲ့ ဆောနူကြားထဲ ရပ်နေတဲ့ ဂျေးကို နီခီက ကြည့်ပြီးမေးလိုက်၏။ စကားပြောပုံ ၊ မျက်နှာထားအရဆိုရင် ဒီကောင်လေးဟာ ဆောနူကို သိပ်ချစ်သလို သိပ်လဲ သဝန်တိုနိုင်ပါသည်။

" Hello ကိုယ်က ဂျေးပါ "

" အာ.. နာမည်ကြီး model Jay Park ကို "

အခြားတွေနဲ့မတူ ဒီကောင်လေးဟာ သူ့ကိုတွေ့‌တော့ အံ့ဩသွားခြင်း တစ်စုံတစ်ရာ မရှိခဲ့။

" တွေ့ရတာ ဝမ်းသာပါတယ် ခွင့်ပြုပါအုံးနော် ဟျောင်း လိုက်မလား "

အခြေအနေကို နားလည်တဲ့ နီခီဟာ ဆောင်းဟွန်းကို ထိုလူ့လက်ထဲက အပါခေါ်၏။ ဆောင်းဟွန်း လဲငြင်းမနေတော့ပဲ နီခီ့နောက်သာ ပြေးလိုက်မိတော့သည်။

" ဟက်! ပြေးတော့ရော လွတ်လို့လား နှင်းဖြူလေးရဲ့ "

MEETING YOU

11/4/2024

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories