Fanfics

intro

15:11, 11 April 2024

Jay Park ဆိုတဲ့ လူနဲ့တွေ့ဆုံချင်းက ငရဲကို မြင်လိုက်ရတဲ့ ခံစားချက်လိုမျိူး။ အဲ့လူက အတ္တကြီးတယ် ၊ နောက်ပြီး သိပ်ကို စိတ်တစ္စဆန်တယ်။ ကြီးကျယ်တယ်။ အဲ့လိုလူနဲ့ အတူတူနေရမဲ့အစား သေသွားတာမှ ကောင်းအုံးမယ်။

- Park Sunghoon

ဟုတ်တယ်။ Jay Park ဆိုတဲ့ ကိုယ်က အတ္တကြီးတယ် ၊ 24နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ စွဲလမ်းမှုက ပိုက်ဆံနဲ့ ပျော်ရွှင်မှုထက် Park Sunghoon ဆိုတဲ့ မင်းကို စွဲလမ်းမိတာပဲ။ မင်းအနားမှာ ရှိတဲ့အချိန်က ကိုယ့်အတွက် နိဗ္ဗာန်ဘုံပဲ ဆောင်းဟွန်း။

- Jay Park

" လူတိုင်းက အချစ်ကြီးကြတယ် မဟုတ်လား ဆောင်းဟွန်းရဲ့ အဲ့တော့ မင်းကို ချစ်တဲ့ ကိုယ့်ရဲ့အချစ်ကို အပြစ်မတင်ရဘူးလေ "

" ခများပြောနေတာတွေက အချစ်မဟုတ်ဘူး ဂျေးပတ်ခ် အဲ့တာတွေက အတ္တ ၊ လောဘတွေပဲ "

တောင်ကိုရီးယားနိုင်ငံ Top 1 စာရင်းဝင်ALOHA hotel ရဲ့manager အဖြစ် လုပ်ကိုင်နေတဲ့ ဆောင်းဟွန်းရဲ့ ကံကြမ္မာဟာ အပြောင်းအလဲ တစ်ခုစဖြစ်ခဲ့သည်။ ထိုအပြောင်းအလဲက ဂျေးပတ်ခ်နဲ့ စ‌တွေ့ခဲ့ခြင်းပဲ။

နာမည်ကြီး model ရဲ့အတွင်းရေးမှူးအဖြစ် အတင်းအကြပ် လုပ်ခိုင်းစေခဲ့ရာမှ စခဲ့တဲ့ သံယောဇဉ်ကြိုးဟာ ထင်ထားတာထက် ပိုပြီး ခိုင်မြဲခဲ့သည်။

အတ္တကြီးလွန်းတဲ့ ဂျေးပတ်ခ် ရဲ့လက်ထဲကရော ပတ်ခ်ဆောင်းဟွန်းတို့ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲ။ မချစ်တတ်တဲ့ ဂျေးပတ်ခ်‌ တစ်ယောက်အတွက် လူတစ်ယောက်ကို ချစ်မိခြင်းက ထင်ထားတာထက် လွယ်ပါ့မလား။

ချုပ်ချယ် ၊ လုယူ ၊ သိမ်းပိုက် ပြီးမှ ရလာတဲ့ချစ်‌ချင်း မေတ္တာဟာ ဆောင်းဟွန်း အတွက် နှစ်သက်တဲ့ အရာဖြစ်‌ပါ့မလား။ သေချာပေါက်တော့ ဘယ်နှစ်သက်ပါ့မလဲ ၊ ဒါပင်မဲ့ ချက်ချင်းကြီး နှလုံးသားရဲ့ ပြောင်းလဲမှုကြောင့် ဂျေးဆီကို စိတ်ယိုင်လာတဲ့အခါ ဆောင်းဟွန်း ဘယ်လိုလုပ်မလဲ။

ဂျေးကရော သူ့ရဲ့ အတ္တတွေ လောဘတွေကို ဆောင်းဟွန်းဆီ ဘယ်လောက်ထိ ပေးနိုင်မလဲ။ ‌ဂျေးရဲ့ လောင်းရိပ်အောက်က ထွက်ပြေးရင် ရလာမဲ့ရလဒ်က ဘဝကို ပြောင်းလဲစေလား။

သူတို့နှစ်ယောက်ရဲ့ ဇာတ်သိမ်းကရော လှပအုံးပါ့မလား။

                     MEETING YOU

I'm back!! Who miss me?!!!11/4/2024

4.5К1660

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories