Fanfics

8

19:53, 10 August 2024

"ဘာကိစ္စရှိလို့လဲ"

"Hyung..."

ချစ်ရသူ၏ ပုံစံကို မြင်ရသည်မှာ ရင်ထဲတွင် စူးကနဲပင်။ ဟိုနေ့က တွေ့လိုက်ပင်မယ့် အခုတော့ မျက်နှာလေးက တော်တော်ကို ချောင်ကျလို့နေသည်။

သို့သော်လည်း လျစ်လျူရှုကာ

"ဘာလို့ ဒီအထိရောက်လာတာလဲ"

"အဲ့တာက..."

"မင်းကိုငါ ပြောခဲ့တယ်မလား သူစိမ်းလိုပဲနေကြရအောင်လို့"

"ပြော...ပြောစရာရှိလို့ပါ"

"ပြောစရာရှိလဲ ငါ နားမထောင်ချင်တော့ဘူး Kim Mingyu"

ငြင်းဆိုပါရစေ မောင် ...သံယောဇဥ်ကြိုးတွေ ထပ်ရစ်နှောင်မှာ မလိုလားတော့ဘူး။

"နားထောင်ပေးပါ အရေးကြီး..."

"ဟင့်အင်း နားထောင်ပေးစရာ မလိုတော့ဘူး ထင်တာပဲ"

"ကျစ်... ဘာလို့ ကပ်သီးကပ်ဖဲ့ လုပ်နေရတာလဲ"

စိတ်မရှည်တဲ့ လေသံနဲ့ ပြောလာသော သူကြောင့် ဒေါသစိတ်ကို ဆွပေးသလို ဖြစ်သွားသည်။

"ဟ... နေစမ်းပါအုံး မင်းပြောစရာရှိတိုင်း နားထောင်ပေးရအောင် မင်းနဲ့ ငါက ဘာမို့လို့လဲ ဟမ်!" 

"...."

"ဖြေလေ..."

"....."

"မင်း မဖြေနိုင်ဘူးမလား"

"အဲ့လို မဟုတ်..."

"အေး... တစ်ခုတော့ သတိပေးလိုက်မယ် Kim Mingyu ငါ မင်းကို မေ့မရသေးဘူးဆိုတာ ဟုတ်တယ် မှန်တယ် ဒါပေမယ့် ဒီအတွက်ကြောင့် မင်းအနေနဲ့ အခွင့်ရေးယူပြီး ငါ့အပေါ်မှာ ထပ်လှည့်စားဖို့ မကြံနဲ့!"

ထိုသို့ ပြောပြီး လှည့်ပြန်မယ်လုပ်တော့ လက်ကောက်ဝတ်လေးကို ထိုလူသားဟာ တင်းနေအောင် ဆွဲထားသည်။

"ဒါ ဘာလုပ်တာလဲ လွှတ်... ငါ့ကို"

"ခဏလေးပါ"

"မကြားချင်ဘူး လွှတ်..."

အတင်းရုန်းသော်လည်း ထိုလူသားမှာ အားပိုသန်လှသည်။

နောက်ဆုံးတွင် တင်းခံထားသော စိတ်တို့ ပေါက်ကွဲထွက်လာပြီး

"လွှတ်လို့! မင်း က ငါ့ကို ဘာဖြစ်စေချင်နေတာလဲ Kim Mingyu!ဟမ်... ဘာလို့အခုလိုတွေ ငါ့အပေါ်မှာလုပ်နေရတာလဲ"

မျက်ရည်များရွှဲကာ တုန်ရီနေသော အသံကို အံကြိတ်ရင်း ပြောတော့

"တောင်းပန်ပါတယ်"

"ငါ နားမလည်နိုင်တော့ဘူး မင်း ငါ့ကို ဘာလို့ ဒီလောက်တောင် နာကျင်မှုတွေ ပေးနိုင်ရတာလဲ Kim Mingyu??? ငါ မင်းအပေါ် မကောင်းတာ ဘာများ လုပ်ခဲ့မိလို့လဲ"

"အဲ့လိုမဟုတ်ပါဘူး"

"ဒီလောက်နဲ့တော်ရောပေါ့ မင်းက ငါ့ဘဝထဲကို ဝင်လာတုန်းကလည်း အတင်း ဇွတ်တရွတ် တိုးဝင်လာပြီး ထွက်သွားတော့လည်း စကားလေးတစ်ခွန်းတောင် ကောင်းကောင်းမွန်မွန် ပြောမသွားခဲ့ဘူး"

"...."

"လမ်းခွဲစကားကို Message လေး တစ်ကြောင်းပဲပို့ရုံနဲ့ ပြီးသွားခဲ့မယ်လို့များထင်နေခဲ့တာလား ..?အဟက်...မင်းက ငါ့ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်သွားခဲ့တာ Kim Mingyu! ငါ့မှာ ရူးမတတ် သေလောက်အောင် နာကျင်ခဲ့ရတာတွေ မင်းသိလား... မင်း သိလား!!"

ဆွဲထားသော လက်ကောက်ဝတ်ကို အတင်းရုန်းလိုက်ပြီး ထိုလူသားရဲ့ ရင်ဘတ်ကို အဝေးသို့ တွန်းထုတ်ရင်း ခံစားချက်တွေ ပေါက်ထွက်လို့လာတော့သည်။

"ငါက မင်း အတွက် အဲ့လောက်တောင် လှည့်စားဖို့ လွယ်ကူနေခဲ့သလား"

ခနဲ့တဲ့ လေသံနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ပြည့်နှက်လျက်ရှိသော မျက်ဝန်းဖြင့် စေ့စေ့ကြည့်ကာ ပြောတော့

"မဟုတ်ဘူး ကျွန်တော် မလှည့်စားခဲ့ပါဘူး"

တစ်ဖက်သူမှာလည်း ရင့်ရင့်သီးသီး စကားလုံးများကြောင့် မျက်ရည်များပင် ဝဲလို့နေသည်။

"ဟင့်အင်း ... မင်း ငါ့ကို လှည့်စားခဲ့တာ ငါ့... ငါ့ ယုံကြည်မှုတွေကို အလွှဲသုံးစားလုပ်သွားခဲ့တာ ဟင့်"

ထိုလူသား၏ ရင်ဘတ်ကို လက်သီးဆုပ်ကလေးဖြင့် ထုရိုက်ကာ မကျေနပ်ချက်များကို အော်ဟစ် ပြောဆိုရင်း ငိုကြွေးတော့သည်။

"တောင်းပန်ပါတယ်"

"လူယုတ်မာကောင် အခုရော ငါ့ရှေ့ထပ်ပေါ်လာပြီး ငါ့ကို ဘာဖြစ်စေချင်နေရတာလဲ"

"တောင်းပန်ပါတယ်"

ဆိုသော စကားကိုသာ ထပ်ခါတလဲလဲပြောရင်း ထုရိုက်လို့နေသော လက်ကလေးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်"

လှည့်ထွက်တော့မည် လုပ်နေတဲ့ ခန္ဓာကိုယ်လေးကို နောက်ကနေ သိုင်းဖက်လိုက်သည်။

"ငါ့ကို လွှတ် Kim Mingyu!"

ရုန်းရင်းဆန်ခတ် အတင်းရုန်းမိသည်။

"ခဏလေး ... ကျေးဇူးပြုပြီး ဒီတိုင်းလေး ခဏနေပေးပါ"

ရုန်းနေသော ကိုယ်လေးမှာ ခဏတာ ငြိမ်သက်လို့သွားသည်။

လွမ်းဆွတ်နေခဲ့ရသည့် ရင်ခွင်ငယ်နဲ့ ထိတွေ့မှုကို ခဏတာခံစားရင်း

စိတ်တို့ အနည်းငယ် တည်ငြိမ်သွားတော့မှ လေသံအေးအေးဖြင့်

"ကျွန်တော်က သိသင့်တယ်ထင်တဲ့ အမှန်တရားတစ်ခုကို လာပြောပြရုံပါ တကယ်လို့ နားမထောင်ချင်ဘူးဆိုရင်လည်း Hyung သဘောပါ"

"...."

.

"Mingyu...."

"ဗျာ... မာမီ"

"သား အခုတလောပိုင်း အပြင်တွေ တအားထွက်နေသလိုပဲ"

"ဟို... သား Seokmin တို့ အိမ်မှာ စာသွားသွားလုပ်ဖြစ်နေလို့ပါ"

"အဟား... မာမီက မင်းအမေပါ မာမီ့ကို လိမ်ဖို့ကြိုးစားနေတာလား"

"မလိမ်ပါဘူး မာမီရယ်... Seokmin ကို မေးကြည့်လို့ရပါတယ်"

"အင်းပေါ့လေ... မင်းက ဝန်မခံချင်တော့လည်း"

"..."

"မာမီ တစ်ခုတော့ ပြောမယ် Mingyu ပညာသင်နေချိန်မှာ ပညာကိုပဲ အာရုံစိုက်စေချင်တယ် ကျန်တဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ မာမီ မကြားချင်ဘူး သဘောပေါက်လား!"

"ဟုတ်... ပေါက်ပါတယ် မာမီ စိတ်ချပါ"

"အေး... မာမီ့အကြောင်းကို မင်းသိပါတယ် မာမီ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့ ကြားလား!"

"ဟုတ်... ဟုတ်ကဲ့"

ငယ်ကတည်းက ဒယ်ဒီဆုံးသွားပြီး တင်းကြပ်လှတဲ့ ရှေ့နေဖြစ်သူ မိခင်ရဲ့ သွန်သင်မှုများအောက်မှာ ကြီးပြင်းခဲ့ရသည်ကြောင့် မိခင်က ဒါဆိုတာ ဒါ ဟိုဟာဆို ဟိုဟာ တသွေမတိမ်းလိုက်နာ တတ်သောသူ တစ်ယောက် ဖြစ်သည်။

."Kim Mingyu လာစမ်း!"

"ဗျာ... မာမီ"

ဓါတ်ပုံများဖြင့် ပစ်ပေါက်လိုက်ရင်း

"ဒါ ဘာတွေလဲ ရှင်းစမ်း!"

"ဗျာ"

"အဲ့တာဘာတွေလဲလို့!"

သိသွားမှတော့ မထူးဘူးဟုဆိုကာ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး

"ကျွန်တော့် ချစ်သူပါ မာမီ"

"ဘာ!"

"ဟုတ်ပါတယ်"

"မင်း ပြောတော့ မင်းကို ယုံပါဆို"

"....."

"ဖျတ်လိုက် အဲ့ကောင်လေးနဲ့"

"ကျွန်တော် မဖျတ်နိုင်ဘူး မာမီ"

"ဘာ... Kim Mingyu နင် ငါပြောတာကို ငြင်းလိုက်တာလား??!"

"တောင်းပန်ပါတယ် မာမီ သား သူ့ကို တကယ်ချစ်တာပါ"

"သွားစမ်းပါ... အချစ်တွေ အနှစ်တွေ ငါ့လာပြောပြမနေနဲ့ ဒီအရွယ်မှာ ပညာကိုပဲ အာရုံစိုက်ပါဆိုပြီး အတန်တန် မှာထားပါရက် နဲ့ ဒါဘာလုပ်တာလဲ"

"သား တောင်းပန်ပါတယ် ဒီတခါလေးပဲဖြစ်ဖြစ် မာမီ သားဆန္ဒကို လိုက်လျောပေးပါ သား သူ့ကို ချစ်တယ်"

----------------

To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories