Fanfics

7

11:59, 12 September 2024

လွန်ခဲ့သော ၄နှစ်ခန့်က....

Wonwoo ကျောင်းကပြန်ရင် Jihoon တို့နဲ့ project တူတူ လုပ်စရာရှိသည်ကြောင့် မောင့် ကို ဒီနေ့ လာမကြိုဖို့ ဖုန်းဆက်မို့ လုပ်တော့

"ဟင်... Missed call တွေ အများကြီးပဲ"

အတန်းချိန်ဖြစ်တာကြောင့် ဖုန်းကို ပါဝါပိတ်ထားသည့် အချိန်တုန်းက လာထားတာတွေဖြစ်သည်။

Contact nameကို ကြည့်လိုက်တော့

"မောင်"

အာ... မောင်တော့ စိတ်ဆိုးနေတော့မှာပဲ ဟုဆိုကာ ပြန်ဆက်တော့

တစ်ခါခေါ်တယ်

*လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်*

မကိုင်ဘူး

နောက်တကြိမ်ထပ်ခေါ်တယ်

*လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါ*

၅ကြိမ်မြောက် ခေါ်ဆိုမှုအပြီး

"စိတ်များဆိုးသွားတာလား"

စိတ်ထဲ မတင်မကျဖြစ်နေပေမယ့် ဖုန်းဆက်မရသည်ကြောင့် လာကြိုနေမည်ဆိုး၍ Jihoon တို့ကို project ကို အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်ကြဟုဆိုပြီး ကျောင်းရှေ့က အပေါက်ဝမှာ ချစ်ရသူလေး အလာကို စောင့်မျှော်နေမိသည်။

၁နာရီ

၂နာရီ

ကျောင်းရှေ့မှာ စောင့်နေတာ ၂နာရီတောင် ကျော်သွားပြီဖြစ်သည်။ ဖုန်းလည်းခေါ်မရသည်ကြောင့် စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာသည်။ ဘာမှတော့ မဖြစ်လောက်ဘူးမလား။ အနည်းငယ် ဝမ်းနည်းမိသောစိတ်ကို မနဲထိန်းကာ အိမ်သို့သာ ပြန်ခဲ့တော့သည်။

မောင် ဘာများဖြစ်နေလို့လဲဆိုပြီး စိုးရိမ်စိတ်များဟာလည်း တရိပ်ရိပ်တိုးလို့လာသည်။

အိမ်ပေါက်ဝရောက်တော့

*ဒင်!

Message တစ်စောင် ဝင်လို့လာသည်။

ဝင်ကြည့်မိတော့ မောင့်ဆီကပဲ...

*ကျွန်တော်တို့ လမ်းခွဲရအောင်*

ထို စာကြောင်းကို မြင်မိတော့ လက်တွေပါ တုန်လို့လာသည်။ ဘာလို့လဲ... ဘာလို့ လမ်းခွဲမှာလည်း အစစအရာရာ အဆင်ပြေနေတာပဲကို။

အော်... ခုနက ဖုန်းမကိုင်တာကြောင့် စိတ်ကောက်လို့ ပြောတာပဲနေမှာပါ ဆိုပြီး ဖြေသိမ့်ကာ ဖုန်းထပ်ဆက်လိုက်သည်။

သို့သော် မကိုင်

ဆို့တက်လာသော မျက်ရည်များကို ကျဆင်းခွင့်ပြုလိုက်ရင်း စိတ်ပူပန်မှုတို့က ထိန်း၍မရတော့။ မောင် ဘာဖြစ်နေတာလဲ။

တုန်ရီနေသော လက်တစ်စုံဖြင့် ဖုန်းနံပါတ်တစ်ခုကို ရိုက်ခေါ်လိုက်သည်။

*ဟယ်လို Seokmin *

*အာ ... Nae Wonwoo hyung ပြော*

*အခု ဘေးနားမှာ Mingyu ရှိလားဟင်*

*ဗျာ... Hyung ကလည်း ဒီနေ့ Mingyu ကျောင်းမလာဘူးလေ*

*ဟင်?*

*Hyung မသိဘူးပေါ့*

*အင်း... မသိဘူး*

*ကျွန်တော်က သိတယ်မှတ်နေတာ နေ့လည်ကတောင် Mingyu ဘာလို့ကျောင်းမလာတာလည်းဆိုပြီး Hyungကို လာမေးမလို့*

*အော်... အဲ့ဆို Mingyu ဘာလို့ကျောင်းမလာလည်းဆိုတာ မင်းလည်းမသိဘူးပေါ့*

*ဟုတ်တယ် Hyung ကျွန်တော်လည်းမသိဘူး*

*ဟင်း... အဲ့ဒီမှာ ခက်ပြီ ဒါနဲ့ Seokmin... Mingyu ကို ဖုန်းခေါ်ကြည့်ပါလား Hyung ခေါ်ပေမယ့် မကိုင်လို့ ကြည့်ရတာ စိတ်ကောက်သွားတာထင်တယ် သူဖုန်းခေါ်တုန်းက Hyung အတန်းထဲမှာဆိုတော့ မကိုင်လိုက်ရလို့*

*အာ... ရတယ်လေ Hyung ကျွန်တော်ခေါ်ကြည့်လိုက်မယ်*

*အင်း... ကျေးဇူးပဲ ရရင် Hyungကို တချက်ပြန်ပြောနော်*

*ဟုတ်ကဲ့ Hyung*

ဖုန်းချပြီးတော့ မောင့်ဆီကို Message တစ်စောင်ရေးခဲ့သည်။

*မောင် Wonကို စိတ်ကောက်သွားတာလား*

ဆိုတဲ့ message လေးတစ်ကြောင်းကို ထပ်မံစွာ ပေးပို့လိုက်သည်။

၅ရက်ရှိပြီ မောင်နဲ့ အဆက်သွယ်မရတာ

သူကိုယ်တိုင်ဟာလည်း စိုးရိမ်ပူပန်စိတ်တို့ကြောင့် နွမ်းနယ်နေသဖြင့် ကျောင်းကို ခွင့်ယူထားလိုက်ရသည်။

Seokmin ဆီသွားမေးမို့ လုပ်တော့လည်း ခရီးထွက်သွားတယ်တဲ့။ စိတ်ထဲမှာ လမ်းခွဲကြရအောင်ဆိုသော စာကြောင်းကို တွေ့ပြီး ကတည်းက ခံစားချက်မှာ မကောင်းလှ။ အခုလို အဆက်သွယ်ပါ မရတော့ ပို၍ဆိုးသည်။

Message ထဲဝင်ကြည့်ပြန်တော့လည်း သူပို့ထားတဲ့ messageလေးက နဂိုမူလအတိုင်း seenတောင်မပြပေ။

"Wonwoo နေကောင်းသွားပြီလား"

Jihoon ကျောင်းကအပြန် Wonwoo ဆီကို ဝင်ခဲ့သည်။

"ဟင့် Jihoon"

သူ့ကို တွေ့တာနဲ့ တန်းပြီး ငိုချလာတဲ့ Wonwoo ကြောင့် လန့်သွားပြီး

"ဟာ... Wonwoo ဘာဖြစ်တာလဲ!?"

ဘေးနားမှာ အသာအယာဝင်ထိုင်လိုက်ပြီး

"Min...Mingyu က ငါ့ကို လမ်းခွဲရအောင်တဲ့ ဟင့်.."

"ဘာ!"

"ဟုတ်တယ် ငါ...ငါ ဖုန်းဆက်ရင်လည်း မကိုင်ဘူး ပြီးတော့ ငါ Message ပို့ထားတာတွေလည်း ဝင်မကြည့်ဘူး"

"တောက်စ်! ဒီကောင် မင်းကို အရင်တခါကလို ထပ်လုပ်သွားပြန်တာပဲ"

ထိုစကားကိုကြားတော့ Wonwoo မှာ ငိုနေရင်းကနေ ခေါင်းရမ်းကာ

"ဟင့်... ဟင့်အင်း မဟုတ်လောက်ပါဘူး မောင်က ငါ့အပေါ် အဲ့လို မလုပ်လောက်ပါဘူး"

အရင်တခါဆိုတာက ပြောရရင် ပိုတောင်ဒေါသ ထွက်ဖို့ကောင်းသည်။

စစချင်း Wonwoo နဲ့ အဲ့ကောင်တွဲခါစက အဲ့ကောင်ဘက်က တမင် ရည်ရွယ်ချက်ရှိရှိ Wonwoo ဆီကို ချဥ်းကပ်လာတာဖြစ်သည်။ ကျောင်းမှာ အနေအေးပြီး စာတော်တဲ့ Wonwoo ကို သူ ပိုးပန်းနိုင်မည်ဆိုလျှင်ဟူ၍ သူငယ်ချင်းများနဲ့ လောင်းကြေး ထပ်ခဲ့ဖူးသည်။

ဒါကို Wonwoo သိသွားခဲ့တုန်းက စိတ်နာနာနဲ့ ဖျတ်ခဲ့ဖူးပါသော်လည်း အဲ့အကောင်က တောင်းပန်ပြီး သူ Wonwoo ကို တကယ်ချစ်မိသွားတာပါဟု ဆိုကာ Wonwoo စိတ်ကျေနပ်သည်အထိ လာ တောင်းပန်သည်။

Wonwoo ဟာလည်း ခံခဲ့ရသူဖြစ်တာကြောင့် တော်တော်နဲ့တော့ ပြန်လက်မခံခဲ့ပေ။ ဒါကို အဲ့ကောင်က Wonwoo မှ ခွင့်မလွတ်လျှင် သတ်သေပါမည်ဟု တဇွတ်ထိုး လုပ်ခဲ့သည်ကြောင့် Wonwoo ကတားရင်း ပြန်အဆင်ပြေသွားခဲ့ကြသည်။

Wonwoo ကိုမှ မရလျှင် သေပါမည် ရှင်ပါမည်ဟု ပြောခဲ့သည်ကောင်က အခုတော့ အရင်ကလို အချိုးမျိုး ထပ်ချိုးသွားခဲ့ပြန်သည်ဟုသာ တွေးမိသည်။

ရှေ့က ငိုလို့နေသော Wonwoo ကိုလည်း ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ Mingyu ကိုတော့ သူတော်တော်ဒေါသဖြစ်မိသည်။

"ငါတော့ အဲ့လိုပဲ ထင်တယ် Wonwoo"

Wonwoo ထိုင်နေရာကနေတောင် ထလာပြီး

"မဟုတ်ဘူး! မောင် က ငါ့ကို တကယ်ချစ်တာ ငါ့ ...ငါ့ အပေါ် အခုလိုတွေ လုပ်မှာ မဟုတ်ဘူး"

ခေါင်းကို တသွင်သွင်ခါကာ Jihoon ရဲ့ပြောစကားကို အသည်းအသန် ထငြင်း သည်။

လက်သီးကို ခပ်တင်းတင်း ဆုပ်ကာ ပြေးထွက်ခဲ့တော့သည်။

"Wonwoo! ဘယ်သွားမလို့လဲ Wonwoo!!"

Jihoon ကိုတော် လှည့်မကြည့်တော့ပဲ ပြေးထွက်ခဲ့ပြီး ခြေလှမ်းများဟာ မောင့် ဆီကို ဦးတည်လျက် ပြေးနိုင်သမျှပြေးကာ သွားခဲ့သည်။

တကယ်ဆို Jihoon ပြောသလိုများ ဖြစ်နေမလားဆိုပြီး စိတ်ထဲမှာလည်း အရာရာဟာ ပြောမပြတတ်အောင် ရှုပ်ထွေးလို့နေပြီဖြစ်သည်။ ဤအရာ အားလုံးကို ရှင်းပေးနိုင်မည့်သူဟာ မောင် တစ်ယောက်ပဲရှိတော့မည်။

ခြေလှမ်းများဟာ ကြီးမားလှသော ခြံဝန်းကြီး တစ်ခုရှေ့မှာ ရပ်တန့်လို့သွားသည်။

"Mingyu...! Kim Mingyu!!"

အော်ခေါ်သံကြောင့် ခြံထဲကလူတစ်ယောက် ထွက်လို့လာသည်။

"ဘယ်သူလည်း မသိ... အော် အကိုလေး သူငယ်ချင်းကို"

တစ်ခါ နှစ်ခါလောက် ရောက်ဖူးသည်ကြောင့် သူ့ကိုမှတ်မိဟန်ရှိတဲ့ ဦးလေးကြီးတစ်ယောက် ထွက်လို့လာသည်။

"ဘာကိစ္စ ရှိလို့လဲ ကောင်လေး"

"ဟို.... Mingyu... Mingyu ရှိလားဗျ"

"အကိုလေးကဖြင့် ပြီးခဲ့တဲ့ ၃ရက်လောက်ကတည်းက နိုင်ငံခြားကို ပညာတော်သင်သွားပြီလေ"

"ဗျာ!"

မျှော်လင့်ချက်တွေ ပျောက်ဆုံးကာ အရာရာဟာ ဝေဝါးလျက်။

မောင် ဟာ ကျွန်တော့ ဘဝထဲကို လက်ယက်မခေါ်ဘဲ ရောက်လာခဲ့သလို ထွက်သွားပြန်တော့လည်း နေရောင်ခြည် ထွက်လာရင် ကွယ်ပျောက်သွားတတ်တဲ့ နှင်းစက်မှုန် မြူခိုးလေး အလား အေးစက်စွာ ပျောက်ကွယ်လို့ သွားခဲ့သည်။

-------------------

To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories