ep17
17:23, 26 February 2024" ဦး နေ့လယ်စာ.. "
" အင်း ထိုင်အုံး "
" ဟုတ် ဖြည်းဖြည်းလုပ် ဦး "
ဂျောင်ဂု ဦးနဲ့အတူစားဖို့ နေ့လယ်စာကိုယ်တိုင်ဝယ်ခဲ့ပြီး ဦးဆီလာခဲ့သည်။ သူလာတဲ့အချိန် ဦးကအလုပ်များနေပြီး သူ့ကို မော့တောင်မကြည့်အားသေး။ သူပါလာတာတွေ စားပွဲကိုမ,ခဲ့ပြီး နေရာချလိုက်သည်။ ထုံးစံအတိုင်း ဟိုလူကြီးရောက်နေပြန်သည်။ ထိုလူကြီးက သူ့ကိုမြင်တော့ ဖုန်းဆီကနေ အကြည့်ခွာပြီး သူ့ကိုကြည့်လာသည်။ ဒီတစ်ခါတွင်တော့ သူရီရီမွန်မွန် ပြုံးပြလိုက်သည်။ သူပြုံးပြလိုက်တော့ ထိုလူမျက်ခုံးအစုံ မြှင့်တက်သွားသည်။
" ဘာတွေလဲ.. "
" နေ့လယ်စာ.. "
" ငါတို့အပြင်ထွက်စားဖို့ သဘောတူထားပြီးသားကို..မင်းအဖော်တွေနဲ့ပဲ သွားစားလိုက်တော့ "
" ဟင် ဟုတ်လား... ဒါဆို ဒါတွေကျွန်တော်ထားခဲ့လိုက်မယ်လေဦးတို့ဘယ်ဆိုင်သွားကြမလို့လဲ ကျွန်တော်သွားနေကြဆိုင်တော့ရှိတယ် လိုက်ပို့ရမလား.. "
" ငါတို့ကဒိတ်မလို့.. "
" သုံးယောက်ဒိတ်လည်း ရတာပဲ.. ဘယ်ဆိုင်သွားကြမလဲ... "
ဂျောင်ဂု သူဝယ်လာတဲ့နေ့လယ်စာတွေကို စားပွဲတွင်ဖြည်ချရင်း ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။ ကျွန်တော်တစ်ခါပဲခံမယ်... မနေ့ကလိုပုံစံမျိုး ကျွန်တော်ထပ်ဖြစ်နေမှာမဟုတ်တော့ဘူး။
မနက်က သူထပ်ဖွင့်ပြောတော့ ဦးဆီက လက်ခံတယ်မမြည်တဲ့ လက်ခံမှုတစ်ခုရခဲ့တယ် သူ့ကိုအခွင့်အရေးပေးတယ်လို့ ပြောလို့ရတယ်ပေါ့ ဦးက သူ့ကိုအတန်တန်ငြင်းဆိုနေပြီးမှ သူ့အတွက်အခွင့်အရေးတစ်ခုရခဲ့သည်။ သူဦးခွင့်ပြုချက်နဲ့ တရားဝင် ဦးနားကပ်ခွင့်ရသွားပြီ.. ဒါကြောင့် ဒီလူကို သူ့ပြိုင်ဘက်လို သဘောထားပြီး ပြန်ချေပနိုင်ပြီ။ မနေ့ကထိတော့ သူ့တွင် ဒီလူစကားတွေကို မတုံ့ပြန်နိုင်စွမ်းမရှိခဲ့။ အဲတုန်းက သူ့ယုံကြည်ချက်တွေ ပျောက်ဆုံးနေခဲ့တာ။ အခု သူအဲလိုငြိမ်ခံနေစရာအကြောင်းမရှိတော့ဘူး။ သူနဲ့ဒီလူကြားမှာ တန်းညီသွားပြီ။ ထို့ကြောင့် ဒီလူ့စကားတွေကို သူပုံမှန်အတိုင်းပင် သဘာဝကျကျပြန်ပြောလိုက်သည်။ ထိုအခါ ထိုလူကလည်း သူ့ကိုတန်ပြန်ကြည့်လာသည်။သူလည်း အကြည့်မလွဲဘဲ ပြန်စိုက်ကြည့်ပေးလိုက်သည်။
" မနေ့က ဒိတ်လေ ပျော်စရာကောင်းလို့ ဒီနေ့ညလည်း ထပ်ချိန်းရင်ကောင်းမလား "
ထိုသူက အကြည့်အရင်လွဲသွားပြီး သူ့ကိုအရင် တိုက်ခိုက်လာသည်။ ထိုစကားကို သူခံပြင်းပေမဲ့ သူဘာမှမဖြစ်သလိုပင် တုံ့ပြန်လိုက်သည်။
" မနေ့ညကလား... မနေ့ညက ဦးပြန်ရောက်တာ ကျွန်တော့်ထက်တောင်စောတယ်... ကျွန်တော်အပြင်မှာသောက်နေတော့ ဦးဖုန်းဆက်ခေါ်မှပဲ အိမ်ပြန်ရောက်တော့တယ်.... ဟူး... ညကနည်းနည်းမူးနေတာနဲ့ ဦးအခန်းထဲမှာပဲ အိပ်ဖြစ်လိုက်တယ် မနက်ရောက်တော့လည်း... "
သူဆက်မပြောဘဲ ရပ်ပစ်လိုက်တော့ ထိုလူမျက်နှာတွင်သိချင်စိတ်အပြည့်ဖြင့်... ဘာပဲပြောပြော ဦးကသူနဲ့ အပြင်မှာထွက်စားရုံပဲကို ပေါက်စတောင် ပါသေးတာပဲ သူနဲ့ဆိုရင် ဦးက အတူတောင်အိပ်ပြီး မနက်ရောက်တော့လည်းထူးထူးခြားခြားတွေတောင် လုပ်လိုက်ရသေးတာ ယှဉ်ကြည့်ရင် သူ့ဘက်ကအသာကြီးပါ... ဒါကြောင့် ထိုလူနဲ့ဦးနဲ့ဒိတ်ကို မေ့ပစ်လိုက်ပြီး သူ့ဘက်ကပိုသာတယ်လို့ပဲ တွေးပစ်လိုက်သည်။ ဒါပေမဲ့ နောက်တစ်ခါတော့ ဒါမျိုးအဖြစ်ခံမှာမဟုတ်ဘဲ ဦးဘယ်သွားသွား တကောက်ကောက်လိုက်နေတော့မှာ။
" မနက်မှာဘာဖြစ်လဲ... "
ထိုလူက သိချင်စိတ်ပြင်းပြသလို ကိုယ်ကိုသူ့ရှေ့နည်းနည်းကိုင်းလာသည်။ သူဂုဏ်ယူရတဲ့အပြုံးမျိုး ပေးလိုက်ပြီး နောက်တွင်ဦးထလာတာတွေ့တော့ ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းလွဲလိုက်သည်။
" ဦးလာပြီ.. ဗိုက်ဆာနေပြီလားဦး ဦးအတွက် ဦးကြိုက်တဲ့ဆိုင်က မှာထားတယ် "
" ငါကြိုက်တဲ့ဆိုင်က ဘယ်ဟာလဲ ဘယ်ကဖြစ်ဖြစ် ငါစားတာကို.. "
" ဆော့ဂျင် မင်း မနေ့က ငါနဲ့သွားတဲ့ဆိုင်က မင်းကြိုက်တယ်မလား "
" မဆိုးပါဘူး အွန်းလေးတော့ တော်တော်ကြိုက်နေတာ ပြန်လာတော့ အိပ်တောင်ပျော်ခဲ့တာ ဗိုက်တွေလေးပြီး "
" ပေါက်စက ဝက်ဖြစ်မှာ "
" ငါ့သမီးကို အဲလိုမပြောနဲ့ "
" ပြောမှာပဲ ဝက် ဝက် ပေါက်စကဝက် "
" ဆော့ဂျင် ငါတို့ထပ်သွားကြမလား အွန်းလေးကလည်း ကြိုက်တယ်ဆိုတော့ "
" ကျွန်တော်ရောလိုက်မှာ "
ဦးမဖြေခင် သူဖြတ်ပြောလိုက်သည်။ ဘယ်နေရာဖြစ်ဖြစ် သူလိုက်ရမှဖြစ်မှာ။
" မင်းကဘာလိုက်လုပ်မှာလဲ ငါတို့ကဒိတ် "
" မဒိတ်ရဘူး ကျွန်တော်ပါမှ "
" မင်းနဲ့ဘာဆိုင်လဲ ဘာဆိုင်လို့လိုက်မှာလဲ "
" ခင်ဗျားနဲ့ရောဘာဆိုင်လဲ ခင်ဗျားနဲ့ဦးနဲ့လည်း ဘာဆိုင်လို့လဲ "
" ငါတို့က- "
" ဆက်ပြောလေ "
သူမျက်ခုံးပင့်ပြလိုက်သည်။ ထိုလူကြီးဆက်မပြောနိုင်တော့။ ဘယ်ပြောနိုင်မလဲ ဘာမှမှမဟုတ်တာ..ဟွင်း ဟွင်း ထိုလူကြီး ကိုယ့်နေရာကိုယ်သိသင့်နေပြီ။သူကသာ ဦးနဲ့အိပ်ရာပေါ်မှာ ပုကျိပုကျိလုပ်ဖူးတဲ့သူဆိုသာ ပြောပြလိုက်ရင် ထိုလူမေ့လဲသွားလိမ့်မယ် ဟွင်း ဟွင်း ...
" ဆော့ဂျင် မင်းပြောလိုက် ငါတို့ကဘာတွေလဲဆိုတာ ညနေကြရင် ငါတို့ထပ်ဒိတ်ကြမလား အွန်းလေးကိုပါခေါ်ပြီး "
" ဘာကိုဒိတ်လဲ မင်းအကျင့်ပျက်နေပြီမဟုတ်ဘူးလား တစ်နေ့တစ်နေ့ အဲလိုပဲ အလေလိုက်နေတော့မှာလား မင်းကိုယ်မင်း ဆယ်ကျော်သက်များမှတ်နေလား အပျော်အပါးပဲမက်နေတာ ... "
" ဟျောင့် မင်းကိုငါကလည်း ခေါ်သွားရသေးတယ် ကျေးဇူးကန်းတာလား မနေ့က ငါဘေဘယ်လောက်ရှင်းခဲ့ရလဲသိရင် မင်းဘာပြောမလဲ "
" မင်းကို အဲကလေးကလားဆိုင် ဘယ်သူမှမသွားခိုင်းဘူး မင်းဘာသာ ရုတ်တရက်ကြီး ထစီစဉ်ပြီး မင်းငါ့ကိုကြိုပြောရင် ငါဆယ်ခါပြန်မလိုက်ဘူးသိလား မင်းနဲ့အွန်းလေးနဲ့ပဲ သွားဆိုပြီး လွှတ်လိုက်တယ် "
" ဦးတို့ချိန်းထားတာမဟုတ်ဘူးလား "
" မဟုတ်- "
" ဘာကိုလာပြောနေတာလဲ.. မင်းမကြိုက်ရင် တခြားဆိုင်ငါရှာလိုက်မယ် နောက်တစ်ဆိုင် မင်းကြိုက်မှာသေချာတယ် "
" ဘာလို့- "
" သွားမယ်မလား သွားမယ် သွားမယ် မင်းနဲ့ငါအရင်ကလည်း သွားနေကြပဲဟာကို လာ ငါတို့စားရအောင် "
ဦးကဘာမှပင် မပြောရသေးတာကို ထိုလူကြီးကပဲ အတင်းဇွတ်ဖြစ်နေတာ ညစာအတူစားမှာကို သူ့ကိုဒိတ်ဆိုပြီး လာလှိမ့်နေတာ။ ဦးနဲ့ဘာမှလည်း မဟုတ်တာကို သူ့ကိုတခြားဆက်ဆံရေးရှိသလို အကျယ်ချဲ့ပြောနေတယ်။ သူသေချာအကဲခတ်ကြည့်နေတော့ ထိုလူက မျက်လုံးတွေမငြိမ်ဘဲ စကားလမ်းကြောင်းလွဲသွားသည်။ ဒါဆို သူ့ကိုမနေ့ကစကားတွေက ဘာရည်ရွယ်ချက်နဲ့ ပြောသွားတာလဲ။ဦးနဲ့ထိုလူနဲ့က သာမန်သူငယ်ချင်းဆက်ဆံရေးပဲကို ထိုလူ့ဘက်ကပဲ တစ်ဖက်သတ်ဖြစ်နေတာများလား... ဒါဆို ဒါကိုဦးရောသိတယ်လား သိသိကြီးနဲ့လက်ခံဆက်ဆံနေတုန်းလား....
......
....................................
" ဂျောင် ဂျောင်ဂု မင်းတွေးကြည့်ဖူးလား မင်းငါ့ကိုဘာလို့ကြိုက်လဲ ငါမသိဘူး ဒါပေမဲ့ မင်းတွေးကြည့်ဖူးလား မင်းနဲ့ငါသာဆက်ဆံရေးတစ်ခုရှိခဲ့ရင် လူတွေဘယ်လိုမြင်ကြမလဲ မင်းဘက်ကကြည့်ရင် မင်းအိမ်ကပေါ့ မင်းမိဘတွေ၊ မင်းအသိုင်းအဝိုင်းတွေ... ငါ့ဘက်ကဆိုရင်လည်း ငါကယောကျာ်းတစ်ယောက်ကြောင့် မိန်းမနဲ့ကလေးကိုပစ်ပြီး ဖောက်ပြန်နေတယ်ပေါ့ ငါလည်းအသိုင်းအဝိုင်းတစ်ခု၊ ပတ်ဝန်းကျင်ကောင်းကောင်းနဲ့ နေနေတဲ့သူ လက်ရှိငါ့ရာထူး၊ ငါ့တည်ရှိမှုနဲ့ဆို ငါဘယ်လိုဖြစ်သွားမလဲ ငါသာ ငါ့ထက်ဆယ်နှစ်ကျော်ငယ်တဲ့ယောကျာ်းတစ်ယောက်နဲ့ တွဲနေတယ်သာ အထိတလင်းဖြစ်သွားရင် ငါဘယ်လိုဖြစ်သွားမလဲ "
" မဟုတ်ဘူး မဟုတ်ဘူး "
" မင်းဘက်ကဆိုရင်လည်း မင်းက ကိုယ့်ထက် ဆယ်နှစ်ကျော်ကြီးပြီး ကိုယ့်အဖေရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့တွဲနေတယ်သာဆို မင်းအဖေသိရင် ဘယ်လိုဖြစ်သွားမလဲ ကိုယ်ကရော မင်းအဖေရှေ့မှာ ခေါင်းဖော်နိုင်မှာမဟုတ်ဘူး သူက ကိုယ့်ကိုယုံလို့ သူ့သားကို ကိုယ့်ဆီမှာအပ်ထားတာ ကိုယ်အဲလိုလုပ်လို့မရဘူး ဂျောင်ဂု.. ကိုယ်တို့ ဘာဆက်ဆံရေးမှ မတည်ဆောက်သင့်ဘူး အဲဒါမင်းသိရဲ့လား မင်းရဲ့ခဏသာစိတ်ကျေနပ်မှုနဲ့ ကိုယ့်ပုံရိပ်ကို ချမနင်းချင်ဘူး "
" မဟုတ်ဘူးလေ မဟုတ်ဘူး ဦးနဲ့နီးစပ်အောင်လို့ ဦးဆီတန်းတန်းမတ်မတ်လာခဲ့တာလေ အဖေ့ယုံကြည်မှုတွေနဲ့ ဘာမှမဆိုင်ပါဘူးဦးရယ် ဦးကိုက ကျွန်တော့်ကို ငြင်းချင်နေတာမဟုတ်ဘူးလား.. ခုနကအဖြစ်အပျက်နဲ့ဆိုရင်တောင် ဦးနဲ့ကျွန်တော်က ဘယ်လောက်ကိုက်ညီမှုရှိလဲ.. တခြားအရာတွေ ခဏမေ့ထားပြီး ဦးနဲ့ကျွန်တော်အတွက်ပဲ စဉ်းစားရအောင်လေ.. ဦး ဦးမှာ မိန်းမနဲ့ကလေးနဲ့ ထောက်ထားရမဲ့မျက်နှာတွေများတယ် ဒါပေမဲ့ အဲဒါဘဝမဟုတ်ဘူး အဲဒါဦးဘဝမဟုတ်ဘူး ဦးပျော်ရွှင်ရတဲ့ ဘဝအစစ်အမှန်လည်းမဟုတ်ဘူး ဦးအဲလိုတွေလိုက်ညှိပြီးနေလို့ ဦးဘာမှမရဘူး အနည်းဆုံးပျော်ရွှင်မှုတောင်မရှိတဲ့ဘဝမှာ ဘာလို့သူများတွေကို လိုက်ကြည့်နေတော့မှာလဲ "
" ဂျောင်ဂု ဒါကကိုယ့်ဘဝမဟုတ်ရင်တောင် ကိုယ်လေ ကိုယ်ဒီအိမ်က လွှတ်သွားရင်လည်း ကိုယ်နဲ့မင်းကမဖြစ်နိုင်ဘူး ကိုယ့်အရွယ်က ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း တည်ဆောက်ရတော့မဲ့ အရွယ်ရောက်နေပြီ ကိုယ်မင်းနဲ့ပျော်ရွှင်မှုကို လိုက်ရှာနေရမဲ့အရွယ်လည်းမဟုတ်တော့ဘူး ကိုယ်နဲ့မင်းကြောင့် ရိုက်ခတ်မှုဒဏ်တွေကိုလည်း ကိုယ်မခံစားချင်ဘူး မင်းဘက်ကနေဆိုရင်လည်း ကိုယ်နဲ့မင်းက အရမ်းခက်ခဲ့ပါတယ် မင်းက အခုမှတက်မဲ့အညွှန့်တစ်ခု ကိုယ်ကအိမ်ထောင်သည်၊အိမ်ထောင်ကွဲကလေးအဖေ ဘယ်မိသားစုမှ အဲလိုသမက်မျိုး လိုချင်မှာမဟုတ်ဘူး။ ကိုယ်နဲ့မင်းရဲ့ ကွာခြားမှုကို မင်းမြင်ပြီလား "
" ဘာလို့အဲလောက်ထိ လိုက်တွေးနေတာလဲ ဦးကျွန်တော့်ကိုတောင် ချစ်လို့လား... ဘာလို့ကျွန်တော်ကို ဦးနဲ့လက်ထပ်ဖို့၊ဦးတာဝန်ယူဖို့ထိ ပြောနေတာလဲ မဟုတ်ဘူး ဦးနှလုံးသားကို ဖွင့်ပေးဖို့ပဲ ဦးနှလုံးသားကို ဖွင့်ပြီး ကျွန်တော့်ကိုမြင်အောင် ကြည့်ပေးဖို့ပဲ ကျွန်တော်နဲ့ဦး နှလုံးသားချင်းနီးပြီး တစ်ယောက်နဲ့တစ်ယောက်ကြောင့် ပျော်ရွှင်ရရင် ဘာလို့ဦးနဲ့ကျွန်တော်က မဖြစ်နိုင်ရမှာလဲ ဘာလို့တခြားသူတွေကို တွေးပေးနေရမှာလဲ ဦး ကျွန်တော့်ကိုချစ်ကြည့်ပါ ဘာလို့ချစ်ဖို့ကို တွန့်ဆုတ်နေရတာလဲ ဦးလူကြီးမဟုတ်ဘူးလား "
" လူကြီးဖြစ်နေလို့ ငါမင်းကိုမချစ်ချင်တာ ငါ့မှာကစားဖို့ အချိန်မရှိဘူးဂျောင်ဂု ငါက တစ်ယောက်တည်းကိုပဲချစ်ပြီး အဲတစ်ယောက်ကိုပဲ လက်ထပ်သွားမှာ ဒါကြောင့် မင်းငါ့အတွက်နဲ့ အချိန်ကုန်မခံနဲ့တော့ "
" ဦးက လက်ထပ်ပြီး ဘဝကို ထပ်နစ်မြှုပ်စေမလို့လား အခုလက်ထပ်ထားတာတောင် နောင်တမရသေးဘူးလား ဦး.. ဘာလို့လက်ထပ်ပြီး ကိုယ့်ကိုယ်ကိုယ်ချည်နှောင်နေမှာလဲ ဦးကအတည်တကျလက်ထပ်ပြီးရင် အဲဒါဘဝတစ်ခုပဲလို့ ထင်နေတာလား "
" ဟုတ်မနေဘူးနော် လက်ထပ်ပြီးမှ ကွာကြ ပြဲကြမချစ်ကြလို့ လမ်းခွဲသွားကြတာတွေ တစ်ပုံကြီး ကျွန်တော်ကလေ ဦးကိုလက်ထပ်ဖို့ပြောနေတာလည်း မဟုတ်ဘူး ဦးနဲ့အပျော်ကစားချင်လို့လည်း မဟုတ်ဘူးဒီအတိုင်း လက်ရှိမှာကျွန်တော်က ဦးကိုချစ်တာမလို့ ဦးကိုလည်း ကျွန်တော့်အတွက်နှလုံးသားနေရာကို ပိတ်လှောင်မထားဘဲ အလိုက်သင့်လေးနေပေးဖို့ ဦး.. လက်ထပ်ထားမှ အချစ်မဟုတ်ဘူး ဒီအတိုင်းချစ်နေရင် အဲဒါအချစ်ပဲ ဦးကျွန်တော့်ကို ရိုးရိုးလေးတွေးပြီး လက်ခံပေးလို့မရဘူးလား ဟင် "
ဂျောင်ဂုက သူထင်ထားတာထက်တောင် လက်တွေ့ကျနေတော့ သူပြောစရာပျောက်သွားသည်။ ပလေးဘွိုင်းတစ်ယောက်ရဲ့ အတွေ့အကြုံလို့ပြောရမလား သူကဒီလိုအခြေအနေမျိုးမှာ သူ့ကိုအထင်ကြီးအောင် ပြောနိုင်သားပဲ။ ပတ်ဝန်းကျင်၊အသိုင်းအဝိုင်း၊သူ့သိက္ခာတွေကို ဖယ်ထားပြီး ဒီအတိုင်းလေးချစ်ကြည့်ဖို့..သူ့သိက္ခာတရားနဲ့ ပျော်ရွှင်မှုအဓိပ္ပာယ်ကို အလဲအထပ်လုပ်ဖို့က...
......
" ချစ်ကြည့်တာပဲ သိက္ခာဆိုတာ လိုလို့လား အဲကောင်လေးနဲ့တွဲရင် မင်းသိက္ခာကျမယ်ဆိုတာ ဘယ်လိုစကားလဲ "
" ကျစ် အဲလိုကြီးတော့ ဘယ်ဟုတ်မလဲ ဒါပေမဲ့ အနည်းနဲ့အများတော့ မှန်နေတာပဲမလား ငါက သူနဲ့သက်တူရွယ်တူဆို သိပ်စဉ်းစားနေမှာမဟုတ်ဘူး ငါ့ဘက်ကကြောင့် အပြောခံရတာက ငါကြိုစဉ်းစားပြီးသား ဒါပေမဲ့ သူ့ဘက်ကမတူဘူးလေ ထင်သလောက်လွယ်တယ်များမှတ်နေလား ဥက္ကဌဂျွန်မျက်နှာ ငါဘယ်လိုကြည့်ရမှာလဲ "
" မင်းကမချစ်သေးလို့ပါဘဲ လက်ထပ်ဖို့ထိ တစ်ဆုံးတွေးပစ်တော့တာပဲ သူပြောတဲ့အဓိပ္ပာယ်ကို မင်းနားမလည်ဘူးလား မင်းကိုချစ်ကြည့်ဖို့ပဲ ပြောနေတာ "
" ချစ်ပြီးရင် လက်ထပ်ကြမှာပဲမဟုတ်ဘူးလား တချိန်ချိန်အဲကိစ္စတွေက ကြုံလာရမှာပဲ ကစားရတာမျိုး ငါဝါသနာမပါဘူး ငါ့အသက်အရွယ်က ကစားရမဲ့အရွယ် မဟုတ်တော့ဘူး စပြီးရင် တစ်ဆုံးတာဝန်ယူရတော့မှာ တာဝန်မယူတတ်ရင် ယောကျာ်းကောင်းမဟုတ်တော့ဘူး "
" မင်းကလေ အဘိုးကြီး တကယ့်အဘိုးကြီး မင်းက ဘဝမှာတစ်ယောက်ကိုပဲချစ်ပြီး အဲတစ်ယောက်ကိုပဲ လက်ထပ်မှာက ဘယ်ခေတ်မှာကျန်ခဲ့ပြီလဲ အခုခေတ်တစ်ညအိပ်တွေ တစ်ယောက်အတွက်တစ်ယောက် အကျိုးပြုတဲ့ဆက်ဆံရေးတွေမှ ပေါလွန်းလို့ ဒါကြောင့်လည်း မင်းဟိုမိသားစုဆီမှာ ပိတ်မိနေတာ မအံ့ဩတော့ဘူးငါပြောမယ် မင်းအဲအိမ်နဲ့ အပြတ်ဖြတ်လိုက်တာက မင်းဘဝအတွက် အများကြီးအကျိုးပြုတယ် ဒီကောင်လေးကို ငါသဘောအကျကြီးတော့ မဟုတ်ပေမဲ့ငါတော့ သူပြောတာကိုထောက်ခံတယ် မင်းလည်း သူ့အပေါ် စိတ်ရှိနေတာပဲ သူ့ကိုအခွင့်အရေးပေးလိုက်ပါလား တကယ်လို့ မင်းနဲ့သူနဲ့မဖြစ်နိုင်ဘူးဆိုရင်လည်း နောက်မကျသေးခင် ရှင်းလိုက်ပေါ့ မင်းတွေးသလောက်ကြီးလည်း ပြဿနာမရှ်ိပါဘူးကွာ ယောကျာ်းလေးချင်းက ပိုလို့တောင်ပြဿနာမရှိသေး.. "
" သူများသားသမီးကို လက်မထပ်နိုင်ဘဲ- "
" တော်စမ်း မင်းဓာတ်ပြားဟောင်းကြီးက နေပါအုံး မင်းတို့ညကကြတော့... "
" ဘာ ဘာလဲ "
ဂျယ်ယောင်းဘယ်လိုသိသွားတာလဲဆိုပြီး သူအကြီးအကျယ် တုန်လှုပ်သွားမိသည်။ ည ညကဟာကို သူကဘယ်လိုသိနေတာလဲ။ နောက်ထပ်ဘယ်သူတွေသိသေးတာလဲ!
" ည- ညက-ဘာဖြစ်လဲ "
ဆော့ဂျင် ဂျယ်ယောင်းအကြည့်တွေကို ရှောင်ရင်းဘာမှမဖြစ်သလို ထပ်မေးလိုက်သည်။ သူကဘာလို့တပ်အပ်သိနေသလို ဖြစ်နေရတာလဲ။ သူဂျယ်ယောင်းကို လိမ်လို့မရဘူး ဂျယ်ယောင်းက တပ်အပ်သိနေသလိုအကြည့်နဲ့ သူကဘယ်လိုသိနေတာလဲ ဂျောင်ဂုများ ပြောလိုက်လို့လား!
" ဘာလဲ ဂျောင်ဂုတခုခုပြောလို့လား "
" ဟုတ်နေတာပဲ "
" ဘာကိုလဲ "
" အဲကောင်လေးပြောတုန်းက ငါက ငါ့ကိုတမင်စကားအနိုင်ပိုင်းပြီး ပြောတယ်မှတ်နေတာ မင်းတုံ့ပြန်မှုက မှန်နေတာပဲ.. ဘယ်လိုလဲ ကြိုက်လား မင်းတို့ ဘယ်ကဘယ်လို စလိုက်ကြတာလဲ "
" အဲဒါက ပုံမှန်ပဲမဟုတ်ဘူးလား ယောကျာ်းလေးတွေကြားမှာ ကျန်းမာတဲ့ယောကျာ်းတွေက မနက်ခင်းနိုးထတာက ပုံမှန်ပဲကို "
ဆော့ဂျင် တံတွေးတစ်ချက်မြိုချရင်း ဘာမှမဖြစ်သလိုပြောလိုက်သည်။ ဘာမှလည်းမဟုတ်ဘူးမလား ဂျန်ဂျယ်ယောင်းလိုလူအတွက်ဆို ဒါက ပိုလို့တောင် ပုံမှန်ဖြစ်နေရအုံးမယ်။
" သူပြောတာလား.. "
" ငါအဲလောက်တော့ သိပြီးသားပါ ငါက လုံးဝကြီး အတွေ့အကြုံမရှိတဲ့သူတော့ မဟုတ်ပါဘူး "
" အဲတော့ဘယ်လိုလဲ သူကကောင်းလား "
" ဘာကိုလဲ "
ဂျယ်ယောင်းက မင်းသိပါတယ်ဆိုတဲ့ပုံစံနဲ့ကြည့်နေတော့ သူ့မျက်နှာနွေးခနဲပဲ။ ပုံမှန်ဂျယ်ယောင်းကတော့ သူ့ပါတနာတွေအကြောင်း ပြောပြပါသည်။ အဲအချိန်တုန်းကဆို သူကပင် မေးတာမျိုးလည်း ရှိခဲ့ဖူးပါသည်။ အခု သူ့အတွေ့အကြုံကို ပထမဆုံးပြောပြရမည်ဆိုတော့ သူမျက်နှာပူနေမိသည်။
" အဟမ်း ငါပြောမယ် ငါတို့အဆင့်မကျော်ခဲ့ကြဘူး မင်းအထင်မှားနေမှာစိုးလို့ အဲဒါက .. အဲဒါက ဒီအတိုင်းဒီအတိုင်း ဖြည်လျှော့ခဲ့ကြရုံပဲ.. အဟမ်း မနက်ပိုင်းမှာ "
" ဆိုတော့ အဆုံးထိမသွားခဲ့ကြဘူးပေါ့ အဲလိုဆိုရင်တောင် နောက်ဆိုကျော်သွားလိမ့်မယ် မင်းကလေးက အသွက်ကြီး.. သူမင်းကို မပါပါအောင် မြူဆွယ်လိမ့်မယ် အခုပထမတစ်ရက်နဲ့တင် မင်းကိုဒီအထိခေါ်နိုင်တယ်ဆိုတော့ စကေးကမသေးဘူး နောက်ရက်တွေလည်း အလိုက်သင့်နေလိုက် "
" ဂျယ်ယောင်း မင်းတို့အမြင်တွေက အဆင်ပြေပေမဲ့ ငါကတော့ မချစ်ဘဲနဲ့ အဆင့်မတက်နိုင်ဘူး ငါ့အတွက်အဲဒါက အရေးကြီးတယ် "
" ဒါဆိုလည်း ချစ်ပစ်လိုက်လေ ဟိုကချစ်ပါတယ်တဲ့ဆို မင်းလည်းမချစ်ဘူးဆိုတာ မဖြစ်နိုင်ဘူး မင်းအကြောင်းငါသိတယ် ဟိုမိသားစုကို ထည့်ကိုမတွက်နဲ့ ...သူ့ဘက်ကအကြောင်းတော့ သူ့ဟာသူရှင်းလိမ့်မယ် မင်းလည်း သူ့ဘက်ထိတော့ လိုက်တွေးပူမနေနဲ့ အချစ်ကမင်းထင်သလောက်တော့ ဘယ်လွယ်ကူနေပါ့မလဲ နည်းနည်းပါးပါးတော့ အဖုအထစ်တွေရှိမှာပဲ အဓိကက ကာယကံရှင်တွေဖြစ်တဲ့ မင်းနဲ့သူနဲ့ အဆင်ပြေနေရင် ရပြီ "
" ငါက တစ်ယောက်ကိုပဲချစ်ပြီး လက်ထပ်ချင်တာကငါ့စည်းမျဥ်းပဲ ငါသူ့ကိုချစ်နိုင်တယ်ဆိုအုံးတော့ သူကငါနဲ့ ပျော်ပါးချင်ရုံသက်သက်ပဲ မင်းသိလား သူကပလေးဘွိုင်းလေး ငါ့အပြင်သူ့မှာ မရေမတွက်နိုင်အောင် တွဲဖူးတဲ့သူတွေရှိတယ် လက်ရှိ ရုံးမှာတောင် သူတွဲနေတဲ့သူရှိတယ် "
" ဟ မဟုတ်ကောင်း... ငါအမြင်အရတော့ သူမင်းအပေါ်မှာ လေးနက်တဲ့ခံစားချက်တွေရှိနေတယ် မင်းနဲ့ပတ်သက်ရင် သူ့တုံ့ပြန်မှုက နည်းနည်းပြင်းတယ် ပိုင်စိုးပိုင်နင်းလုပ်တတ်တာတွေက သူ့စတိုင်လားတော့ငါမသိဘူး သူကအဲလိုဆို ငါထပ်လေ့လာကြည့်အုံးမယ်.. "
" ငါမသိဘူး ဒါပေမဲ့ သေချာတာက သူ့မှာဇယားတွေအများကြီးရှိတယ် ဥပမာ မင်းလိုပေါ့ အဲလိုကိစ္စတွေမှာ မင်းလိုပဲ ပေါ့ပျက်ပျက်နဲ့.. သူကငါ့ကိုလည်း သူကြိုက်တဲ့ပုံစံထဲကမလို့လို့ ငါထင်တယ် "
ဆော့ဂျင်မှာ ဂျောင်ဂုနဲ့တွဲဖို့ အခက်အခဲအများကြီးထဲကမှ ထိုတစ်ခုက အဖြေရှာမရဆုံးဘဲ။ အဲအချက်က သူနဲ့ကိုက်ညီမနေဘူး။ သူကကိုယ့်ကို ကစားချင်ရင်တောင် ကိုယ့်မှာက တစ်ယောက်ကိုပဲ အတည်ချစ်ပြီး လက်ထပ်ချင်ခဲ့တာ။ ထိုအချက်ကြောင့်ပဲ သူဘယ်လိုတွေးတွေး ဂျောင်ဂုနဲ့မဖြစ်နိုင်ဘူးဘဲ ဆုံးဖြတ်ချက်ချခဲ့တာ။
" ဒါဆိုလည်း တစ်ညလောက်အိပ်ပြီး ဇာတ်လမ်းဖြတ်လိုက်ပေါ့ကွာ သူမပလေးခင် အရင်ပလေးပစ်လိုက်ပေါ့ "
ဂျယ်ယောင်းအပြောကို သူဖွဖွသာပြုံးရင်း တုံ့ပြန်လိုက်သည်။ ဒီလိုဆိုမှတော့ သူအစတည်းကဇာတ်လမ်းကို စမနေတော့ဘူး။
___________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



