ep18
15:23, 27 February 2024ကင်မ်ဆော့ဂျင်ကို သူမပထမဦးဆုံးမြင်ဖူးတုန်းက အာရုံမထားခဲ့ဘူး။ သူက အဖေအားထားရတဲ့ ဝန်ထမ်းတစ်ယောက်။ အဖေက သူ့ကိုအရမ်းမြှောက်စားပြီး ချီးကျူးလွန်းလို့ သူမကိုယ်တိုင် မြင်ဖူးချင်ခဲ့သေးတယ်။ကင်မ်ဆော့ဂျင်ကိုယ်တိုင်ကလည်း အဖေအားကိုးရလောက်အောင်လည်း တကယ်တော်ပါသည်။လူယဉ်ကျေးတစ်ယောက်လည်းဖြစ်သလို တစ်ချိန်တည်းမှာပဲ မာနကလည်းကြီးသည်။ သူက အဖေ့မြှောက်စားလို့ ရထူးကြီးကြီးတွေနဲ့ နေရာကောင်းရထားပြီး ရှင်းကိုဝင်ထွက်ခွင့်ရနေပေမဲ့ ဂုဏ်ယူဝင့်ကြွားဟန်မရှိ။ သူမက ရှင်းရဲ့သမီးကြီးဖြစ်တာတောင် သူမကို အလေးထားဆက်ဆံခြင်းမရှိခဲ့ဘဲ သာမန်လူလိုသာ ပြုမူခဲ့သည်။ အဲဒီနေ့ အဖေသူ့ကိုအိမ်ခေါ်လာမယ်ပြောတုန်းက သူမ,ပျော်နေခဲ့သေးသည်။ အဲတုန်းက အဖေမိတ်ဆက်ပေးတော့ သူက ခေါင်းတစ်ချက်ညိတ်ပြီးပဲ အသိအမှတ်ပြုပေးခဲ့တာ..သူမလည်း သူပြုမူသလို ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး နောက်ပိုင်း သူ့ကိုထပ်စိတ်မဝင်စားတော့ဘဲ အတွေးထဲက ထုတ်ပစ်လိုက်သည်။ အဲတုန်းက သူနည်းနည်းမျှော်လင့်ထားမိတော့ စိတ်ပျက်သွားတယ်ထင်ပါရဲ့။
နောက်ပိုင်း သူက အဖေခေါ်ရင်ခေါ်သလို အိမ်လိုက်လာပြီး အဖေနဲ့မကြာခဏ ရေနွေးကြမ်းသောက်ရင်း အလုပ်အကြောင်း လာဆွေးနွေးလို့ သူနဲ့မကြာခဏ တွေ့ဖြစ်သည်။ သူကခေါင်းညိတ်ရင်း အပြုံးမမည်တဲ့အပြုံးတစ်ခုပေးရင်တောင် သူမအကြည့်လွဲပစ်သည်အထိ မျက်မုန်းကျိုးသွားသည်။ သူလာတိုင်း မျက်နှာထားတင်းတင်းနဲ့ မှုန်ကုတ်နေတတ်ပြီ။အဖေက သူ့ကို အိမ်သားအားလုံးရှေ့မှာပင် သမက်တော်ချင်ကြောင်း စနောက်ပြောတော့ သူမအတည်ပေါက် ငြင်းပစ်လိုက်သည်။ အဖေကတော့ စနောက်လိုက်တာဖြစ်ပေမဲ့ သူမခါးခါးသီးသီးပင် တုံ့ပြန်ခဲ့တော့ အဖေကပင် သူမကို အံ့အားသင့်သွားခဲ့သည်။သူကတော့ အဲတုန်းက ခပ်ဆိတ်ဆိတ်ပင် နေနေခဲ့သည်။
အဖေရုတ်တရက်ကြီးဆုံးပါးသွားတော့ ရှင်းက ဖရိုဖရဲဖြစ်သွားသည်။ ရှင်းရဲ့အဓိကထောက်တိုင်က ရုတ်တရက်ပျောက်ကွယ်သွားတော့ အမေအပါအဝင်။သူတို့မောင်နှမတွေ အစိုးရိမ်ကြီးဖြစ်ခဲ့သည်။ အဖေ့အတွက်ပူဆွေးရရုံမက သူတို့အားလုံးရှေ့ရေးအတွက်ပါ စိုးရိမ်ခဲ့ရသည်။ ဈာပနာအခန်းအနားတွင် ကင်မ်ဆော့ဂျင်ကိုမြင်တော့မှ သူတို့မျှော်လင့်ချက်ပြန်ရခဲ့သည်။ ကင်မ်ဆော့ဂျင်က သူတို့အကူအညီတောင်းမှုကို လိုလိုလားလားပင် လက်ခံခဲ့သည်။ သူနဲ့အဖေရဲ့ ကျေးဇူးတရားအတိမ်အနက် ဘယ်လောက်ရှိထားလဲ သူမတို့မသိ။ ကင်မ်ဆော့ဂျင်က သူတို့ပြောသမျှကို ဘာမှမငြင်းဆိုခဲ့။ သူကအဖေနဲ့ ဘယ်လောက်ကျေးဇူးရှိရှိ အဖေလည်းသေပြီးသွားပြီမလို့ သူမတို့နဲ့သည်လည်း သူစိမ်းဟာသူစိမ်းပဲ ဖြစ်နေတုန်းမလို့ သူမတို့ဘက် ကစည်းကြိုတားခဲ့သည်။ ဒါကိုသူက တစ်ခွန်းမှအတွန့်မတက်တာက သိပ်ကိုသံသယဝင်စရာ ကောင်းလွန်းနေပြီမဟုတ်ဘူးလား။သူမတို့တစ်အိမ်လုံးက အလုပ်အကြောင်းနဲ့ပတ်သက်ရင် ဘာမှနားမလည်ခဲ့။ ယောကျာ်းလေးတစ်ယောက်ပါပေမဲ့ အဲတုန်းကဂျူအွန်းက ငယ်သေးတဲ့အပြင် သူ့စာသူတောင် အနိုင်နိုင်မလို့ အားကိုးမရခဲ့။ ဒါကြောင့် အဖေ့မိတ်ဆွေ ဂျွန်အုပ်စုကဥက္ကဌကြီးနဲ့ တိုင်ပင်ကြည့်တော့ ဥက္ကဌဂျွန်ကလည်း ကင်မ်ဆော့ဂျင်ကလူကောင်းတစ်ယောက်ဆိုတာ ထောက်ခံခဲ့သည်။ ဥက္ကဌဂျွန်ကိုယ်တိုင်လည်း ရှင်းအတွက် အများကြီးအကူအညီပေးခဲ့သည်။
အရာအားလုံးအဆင်ပြေနေခဲ့ပြီးမှ သူမတွင် အွန်းလေးရှိလာခဲ့တော့ အမေက သူမကိုမတိုင်ပင်ဘဲ ထိုကိစ္စကို ကင်မ်ဆော့ဂျင်ကို ဖွင့်ပြောလိုက်သည်။အမေက သူမကို ကင်မ်ဆော့ဂျင်နဲ့လက်ထပ်ဖို့ပြောတုန်းက သူမအတင်းငြင်းခဲ့သည်။ ကင်မ်ဆော့ဂျင်က ဘာကြောင့် သူ့ကိုလက်ထပ်ဖို့သဘောတူခဲ့လည်းမသိပေမဲ့ သူမရှက်လွန်းလို့ ငြင်းဆန်ခဲ့သည်။ဖျက်ချလိုက်လို့ရနေတာပဲ ဘာလို့သူနဲ့လက်ထပ်ရမှာလဲ။ ထိုအချိန်က အမေက သူနဲ့ကင်မ်ဆော့ဂျင်သာ လက်ထပ်လိုက်ရင် ကင်မ်ဆော့ဂျင်ကလည်း ရှင်းရဲ့မိသားစုဝင်ဖြစ်လာပြီး ကင်မ်ဆော့ဂျင်လည်း သူတို့နဲ့ တစ်စိတ်တစ်ပိုင်း ပတ်သက်လာမည်ဟုတွေးသည်။ဟက်.. အမေထင်ထားတာနဲ့ တခြားစီပါပဲ သူကနှလုံးသားမရှိတဲ့သူ သူကအိမ်ကတစ်ယောက်ကိုမှ သံယောဇဉ်မရှိဘူး။ သူဘာလို့သူနဲ့လက်ထပ်ရမှာကို သဘောတူခဲ့လည်း သူမသိဘူး။ သေချာတာက အမေစကားကို မလွန်ဆန်ချင်လို့ဘဲနေမှာ။ဒါကြောင့် သူမလက်ထပ်ပြီးကတည်းက အမေ့ကိုအမြင်ကတ်လွန်းလို့ အရွဲ့တိုက်ပြီးနေလာခဲ့တာ အမေ့ကြောင့်ပဲ သူ့ပျော်ရွှင်မှုတွေ မရှိတော့တာ၊ ပျင်းစရာအိမ်ထောင်သည်ဘဝကို ရောက်ခဲ့ရတာ။ စက်ရုပ်နဲ့လက်ထပ်ထားရသလို သူမအပေါ်ခံစားချက်မရှ်ိတဲ့သူနဲ့ နေလာခဲ့ရတာ သုံးနှစ်ကျော်ခဲ့ပြီ။ဘာလို့လူတစ်ယောက်က နှစ်တွေကြာသည်အထိ မပြောင်းလဲဘဲ နေနိုင်ရတာလဲ။
လူတစ်ယောက်ဟာ မပြောင်းလဲတတ်တာမဟုတ်ဘဲ ပြောင်းလဲဖို့ အဆင်မသင့်သေးတာလည်း ဖြစ်နိုင်တာပဲ။ အခုဆို သူခြေလှမ်းတွေစပျက်နေတာ သတိထားမိသည်။သူ့သူငယ်ချင်းဆိုသူ ပြန်ရောက်လာကတည်းကပေါ့.. ညတွေလည်း အပြင်ထွက်တတ်နေပြီ ရုံးတွင်ဆိုလည်း တစ်ပူးတစ်တွဲတွဲနဲ့။ တစ်ယောက်တည်းဆို ငြိမ်နေသေးပေမဲ့ နှစ်ယောက်ပေါင်းလိုက်ရင် လောင်းကျော်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။သူ့သူငယ်ချင်းဆိုတဲ့သူက သူတို့ကိုသဘောမကျဘူး။သူနဲ့လက်ထပ်ပွဲကို လက်ခံလိုက်လို့ ကင်မ်ဆော့ဂျင်နဲ့စကားများပြီး နိုင်ငံခြားထွက်သွားခဲ့တာ။ အခုပြန်ရောက်နေပြီဖြစ်သည်။ အခုပဲသူက သူ့ရှေ့မှာ....
" ရှင်က ဘယ်လိုလို့ ဒီကိုရောက်နေရတာလဲ "
" ဆော့ဂျင်ဆီလာတာလား.. သူအစည်းအဝေးသွားတယ် "
" ကျွန်မက ရှင့်ကိုပဲမေးနေတာ ဒီနေရာ ဒီအခန်းက ရှင်စိတ်တိုင်းကျ ဝင်ထွက်နေလို့ရမဲ့အခန်းမဟုတ်ဘူးလို့ထင်တာပဲ "
" အဲဒီတော့.. ငါ့ဟာငါ ဆော့ဂျင်ဆီလာတာ ပြဿနာရှိလို့လား ရှိလည်းဂရုမစိုက်ဘူးနော် ကြိုပြောထားတာ "
" ရှင်!!.. "
" ရှင်ကိုယ့်ရှင်ဘာထင်နေလဲ ရှင်ရောကင်မ်ဆော့ဂျင်ရောဘာအဆင့်ရှိလို့လဲ ကင်မ်ဆော့ဂျင်ကြောင့် ရှင်ဒီလိုလုပ်နေတယ်ဆို ရှင်မှားသွားမယ် သူက ကုမ္မဏီရဲ့အကြီးအကဲဆိုပြီး ရှင်လုပ်ချင်တိုင်းလုပ်နေရင် ရှင်မှားသွားမယ် ဘာလို့ဆို ကင်မ်ဆော့ဂျင်ကိုယ်တိုင်တောင် လုပ်ချင်တိုင်းလုပ်ခွင့်မရှိလို့ဘဲ မကြာခင် ပိုင်ရှင်အစစ်လည်း ရောက်လာတော့မှာမလို့ တစ်ခါတည်းသတိပေးနေတာ ... ရှင်းက သူရှိမှဖြစ်မှာဆိုတာမျိုး လုပ်မနေဘဲနဲ့ နေရာမပျောက်အောင်နေဖို့ပဲ အကြံပေးချင်တယ်လို့ "
" ပိုင်ရှင်အစစ်.. ဟက် ကောင်းတာပေါ့ ငါတို့ကောင် ဝဋ်ကျွတ်တာပေါ့ မြန်လေကောင်းလေ "
" အဲအချိန်ကျရင် ရှင်တို့လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူးထင်တယ်နော့ အဆင်ပြေပါ့မလား.. "
" ပြောကြည့်စမ်းပါအုံး ငါတို့ဘာလုပ်ရမလဲ နေရာမပြုတ်အောင် ရှယ်ယာရှင်တွေကို စည်းရုံးရမလား ဒါမှမဟုတ် တရားမဝင် ရှယ်ယာဝယ်ရမလား ဒါမှမဟုတ် ရှင်းကို ဇော်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်လိုက်ရမလား "
" ရှင်!!!.. "
" ပြောကြည့်လေ ဘယ်နည်းလမ်းအဆင်ပြေမလဲ ရှင်းနိုအွန်း ဦးနှောက်မရှိဘူးလား ဆော့ဂျင်က ရှင်းကို တစ်ပြားတစ်ချပ်မှ မမျှော်ကိုးဘဲ စိတ်နဲ့ကိုယ်နစ်မြှုပ်ပြီး လုပ်ပေးခဲ့တာတောင် မင်းတို့ကနွားဖမ်းသေးတယ် ရိုင်းရိုင်းပဲ ပြောလိုက်မယ်.. မင်းအမေလူလည်ကျပြီး ငါ့သူငယ်ချင်းကို ဘယ်လိုတွေမျက်ရည်ခံထိုးခဲ့လဲ မင်းလည်းသိမှာပါ သူ့ဘက်က အခုထက်ထိ တာဝန်ကျေနေတုန်းပဲ မင်းတို့ဘက်ကသာ မင်းတို့ဥစ္စာမပပျောက်ရေးနဲ့ ဆော့ဂျင်ကို ဘယ်လိုတွေသံသယထားခဲ့ကြလဲ သူဒီလောက်အနစ်အနာခံခဲ့တာတောင် သူ့ဘက်ကဘာရလဲ ဘာရလိုက်လဲ!! ပြောကြည့်စမ်း အခုမှ သူဝဋ်ကျွတ်တော့မှာမဟုတ်ဘူးလား "
" ရှင်က ရှင်ဘက်ကလူနစ်နာတယ်ပဲပြောမနေနဲ့ ကျွန်မလည်း သူ့ကိုလက်မထပ်ချင်ခဲ့ပါဘူး သူ့လိုခံစားချက်မရှိတဲ့သူကိုလေ... ကျွန်မဘက်က အသည်းအသန်လက်ထပ်ချင်ခဲ့တယ်များ ထင်နေလား ကျွန်မဘာသာ ကလေးဖျက်ချဖို့ စီစဉ်နေပြီးမှ အမေနဲ့သူက ကျွန်မသဘောထားကို မမေးဘဲ လက်ထပ်ပွဲကို စီစဉ်ခဲ့ကြတာ ကျွန်မက ပိုလို့တောင် ဒီအိမ်ထောင်သည်ဘဝမှာ ပိတ်မိခဲ့သေးတာ ပြီးတော့ ကျွန်မတို့ဘက်က ဘာတွေများသူ့အပေါ် မတရားလုပ်နေလို့လဲ သူစီအီးအိုရာထူးနဲ့ လူကြားထဲတင့်တင့်တယ်တယ်နေနေရတာပဲ သူ့အတွက် ကျွန်မတို့ဘက်က ဘယ်လိုနစ်နာကြေးတွေ ပေးစေချင်တာလဲ ရှင်းက ကျွန်မတို့မျိုးရိုးအစဥ်အဆက် တည်ထောင်ခဲ့တဲ့ သွေးချွေးတွေပါ ဒါကိုကျွန်မတို့က သူ့အတွက် ဘယ်ဟာဘယ်လို ခွဲဝေပေးစေချင်တာလဲ သူရှင်းကို ဦးစီးရတယ်ဆိုတာ သူ့အတွက်ဘာမှမခက်ခဲတဲ့ အသင့်ဝင်ထိုင်ရုံနေရာလေးပါ ကျွန်မနဲ့လက်ထပ်ပေးတယ်ဆိုတာက အမေက သူကသူစိမ်းဖြစ်နေလို့ မိသားစုထဲဆွဲသွင်းလိုက်တဲ့သဘောပဲ ဒါကို သူကအားလုံးသဘောတူပြီးသား ဘယ်နားက ကျွန်မတို့သူ့အပေါ် မတရားလုပ်ထားလဲ ရှင်ပြော "
" ဟက် ပြောသွားတာကောင်းတယ် မင်းတို့က မင်းတို့ဘက်ပဲ မင်းတို့ကြည့်နေတာလေ အခုပြောသွားတာတွေအကုန်လုံးက မင်းတို့ကောင်းစားသွားတာတွေချည်းပဲလေ မင်းတို့အဆင်ပြေဖို့လမ်းကိုပဲ ရွေးချယ်ခဲ့တာတွေ သူ့ဘက်က ကျေးဇူးတရားဆိုတဲ့တစ်ချက်တည်းနဲ့တင် အကုန်လိုက်လျောခဲ့ရတာ.. ဟုတ်တာပေါ့ သူအကုန်ခေါင်းညိတ်ခဲ့တာပေါ့ သူအဆင်ပြေမပြေမကြည့်ဘဲ အကုန်ခေါင်းညိတ်ပေးခဲ့တာ အဲဒီကျေးဇူးတရားတွေကြောင့် အဲဒါကိုခင်ဗျားတို့က ရောင့်တက်ပြီး သူ့ကိုနှိမ့်နှိမ့်ချနေကြတာ သူငတုံးမဟုတ်ဘူး အကုန်သိတယ် သိသိလျက်နဲ့ ငြိမ်ခံနေခဲ့ရုံပဲ "
" သူ့ဘက်ကအဲလိုပြောတာလား အဲလိုပြောတာလား!! သူကရှင်းအတွက်အပြင် ဘာများကျွန်မတို့အပေါ် ကောင်းခဲ့ဖူးလို့လဲ ကျွန်မတို့ကိုသူစိမ်းလိုဆက်ဆံနေတာ သူပါ အစတည်းက သံယောဇဉ်မထားချင်ရင် ဘာလို့လက်ထပ်ပွဲကိုလက်ခံခဲ့လဲ ဘာလို့လက်ခံခဲ့သေးလဲ!!နည်းနည်းလေးတောင် နွေးထွေးမှုမရှိတာကို သူကျွန်မဘက်ကိုရော ဝင်ကြည့်ပေးဖူးလား သူကအရင် စစိမ်းကားတဲ့သူပါ "
" မေတ္တာပေးရင် မေတ္တာရမှာပေါ့ ဘာသွေးသားမှ မတော်စပ်တဲ့ ကလေးအပေါ်မှာတောင် သူမေတ္တာထားနိုင်သေးတာပဲ ခင်ဗျားတို့က ဘယ်လောက်မေတ္တာတုံးအောင် နေမှန်းမှ မသိတာ "
နိုအွန်းလက်သီးကို တင်းတင်းဆုပ်ထားမိသည်။သူမရှုံးချင်ဘူး။ ကင်မ်ဆော့ဂျင်ပေါ်မှာလည်း သူမရှုံးချင်ဘူး။ သူဘယ်တော့မှ မရှုံးဘူး အဲဒီအစား သူကသာအရင် လက်လွှတ်ပေးလိုက်မှာ.. အဲဒါမှ သူအနိုင်ရမှာ။ ဟုတ်တယ် ဘာပဲပြောပြော သူနိုင်တယ် ကင်မ်ဆော့ဂျင်မရှိလို့လည်း ဘာမှမဖြစ်သွားနိုင်ဘူး။လုပ်လိုက်စမ်းပါ...
" သူဘက်ကလည်း ဘာမေတ္တာမှထားခဲ့မယ်မထင်ဘူး ဟုတ်တယ်မလား ရှင်ပြောတယ်လေ သူ့တာဝန် ဝတ္တရားရှိလို့ ကျွန်မတို့အပေါ် လုပ်ပေးခဲ့တာလေ အခုမှ ဘာလို့ကျွန်မတို့အပြစ်ပဲ ဖြစ်နေရတာလဲ ရှင်ရဲ့ ကင်မ်ဆော့ဂျင်ကတော်တော် ရှင်ကသာ ကျွန်မတို့ကြားကို သွေးခွဲချင်နေတာမဟုတ်ဘူးလား ဒီမှာ အခုလောလောဆယ် သူကကျွန်မယောကျာ်း အွန်းလေးအဖေ၊ရှင်းရဲ့သမက် ရှင်ကသာ ဘေးလူပါ ကျွန်မတို့အတွင်းရေးကိစ္စ၊ရှင်းကိစ္စတွေမှာ ရှင်ဝင်မပါဖို့မျှော်လင့်ပါတယ် ရှင်က ရှင်းကထွက်သွားခဲ့ပြီးမှ အခုမှ ရှင်းကိုပြန်လာချင်နေလို့မရတော့ဘူး ဒီနေရာက ရှင်နဲ့မသက်ဆိုင်တော့ဘူးဆိုတာ သတိရပါ "
သူအနိုင်ပိုင်းပြောလိုက်ပြီး ထရပ်လိုက်သည်။
" ကျွန်တော်နဲ့ရှင်းနဲ့က မဆိုင်ပါဘူး ဒါပေမဲ့ကျွန်တော်နဲ့ဆော့ဂျင်နဲ့တော့ ဆိုင်တယ် ဆော့ဂျင်သာ ခင်ဗျားတို့ဆီကထွက်လာရင် ခင်ဗျားတို့နဲ့ဆော့ဂျင်ကသာ ဘာမှမဆိုင်တော့မှာ ဟုတ်တယ်ဟုတ် "
ထိုစကားကို အခိုင်အမာပြောလာတော့ သူမစူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူကလည်း သူမကို တန်ပြန်ကြည့်နေသည်။ နိုအွန်းသူကအရင် အကြည့်လွဲလိုက်သည်။
" ကင်မ်ဆော့ဂျင်က ရှင်းမှာမရှိတော့ရင် အခွံလွတ်သာသာပဲလေ ကျွန်မတို့က လွမ်းနေရမှာလား ဒါမှမဟုတ် ခခယယဆွဲထားရမှာလား "
" အိုး.. နိုး နိုး ဒီလိုကြားရလို့ ဝမ်းသာပါတယ် ဆော့ဂျင်က တစ်ယောက်တည်းလည်း တောက်ပနိုင်တယ် သူ့အရည်အချင်းကြောင့် ဥက္ကဌရှင်းက သူ့ကိုမြေတောင်မြှောက်ပေးရုံပဲ ရှင်းမရှိလည်း သူက တနေရာရာမှာ တောက်ပနေအုံးမှာပဲ ကျွန်တော်ထင်တယ် သူရှင်းအတွက် လုပ်ပေးသင့်သလောက် လုပ်ပေးခဲ့ပြီးပြီလို့.. ဒါကြောင့် သူ့ကိုကျွန်တော်က ခင်ဗျားတို့ဆီကနေ ဆွဲထုတ်တော့မှာ ကျွန်တော်က တခြားမျှော်လင့်ထားတာတော့ မရှိပါဘူး ဆော့ဂျင်ကို ကောင်းကောင်းလက်လွှတ်ပေးဖို့ပဲ မျှော်လင့်ထားတာ ကျွန်တော်တို့ပူးပေါင်းလို့ရတယ်မလား "
တောက်ခ်!
" သေချာတာပေါ့ ကျွန်မတို့ရှင်းက သူတစ်ယောက်မရှိလည်း ဘာမှမထူးခြားသွားပါဘူး ခြေစုံကန်ချင်တဲ့သူတွေကတော့ ကန်သွားပေါ့ ကျွန်မတို့ဘယ်သူ့ကိုမှ မောင်းမထုတ်ထားပါဘူး ရှင်အပါအဝင်ပေါ့ "
" ဟက် ဟက် ဟုတ်ပါတယ် ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် ထွက်တာပါ အဲဒါကလည်း စကားနားမထောင်တဲ့သူငယ်ချင်းနဲ့ စိတ်ဆိုးပြီးပေါ့ အခုတော့ သူငယ်ချင်းကလည်း စကားနားထောင်ပြီမလို့.. ဒီတစ်ခါတော့ သူငယ်ချင်းက စကားကို အသေအချာနားထောင်ပါတယ် ဟင်းဟင်း.. "
တောက်ခ်! သူမဘာမှထပ်မပြောတော့ဘဲ အံတင်းတင်းကြိတ်ထားလိုက်သည်။ ပြီးတော့ သူမထိုနေရာမှ ထထွက်ခဲ့လိုက်သည်။ ထိုအချိန် သူမအတွေးတွေ ခေါင်းထဲပြန့်လာသည်။ ကင်မ်ဆော့ဂျင်က တကယ်ပဲရှင်းကထွက်သွားဖို့ စဉ်းစားနေပြီလား... ရှင်းကပဲလား ရှင်မိသားစုကပါလား.. ဒါပေမဲ့ ထိုအကြောင်းသူ့ကို တစ်စွန်းတစ်စတောင် ပေးမသိစေဘူးလေ။ တိတ်တဆိတ်ထွက်သွားမယ်ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စ။ ဂျန်ဂျယ်ယောင်းကပဲ လျှောက်ပြောလေသလား..
သူကင်မ်ဆော့ဂျင်နဲ့ လက်ထပ်ပြီးကတည်းနဲ့ အခုထိ သူတို့ကွာရှင်းဖို့အကြောင်းကို မတွေးထားဖူးဘူး။ သူ့နေရာကို ဂျူအွန်းကိုဆက်ခံခိုင်းတယ်ဆိုတာ သူ့ကိုရှင်းကနေ မလိုတော့ဘူးလို့ ပြောတာမဟုတ်ဘူးလေ.. သူ့လက်ရှိနေရာကို ဖယ်ပေးရုံပဲလေ... သူကထွက်သွားချင်နေခဲ့တာလား..အွန်းလေး အွန်းလေးလည်းရှိနေတာပဲ သူကအွန်းလေးကိုပစ်ပြီး သွားနိုင်ပါ့မလား သူတကယ်ထွက်သွားချင်ခဲ့တာဆိုရင် သူကဘာလို့နည်းနည်းမှတောင် မရိပ်မိခဲ့တာလဲ...သူပဲအနေအထိုင် သိုသိပ်ခဲ့တာလား ဒါမှမဟုတ် ဒါမှမဟုတ် ဂျန်ဂျယ်ယောင်းရောက်လာလို့လား ...ဂျန်ဂျယ်ယောင်းရဲ့သွေးထိုးစကားတွေကြောင့် သူရှင်းကထွက်သွားဖို့ ဆုံးဖြတ်လိုက်တာလား...သူတို့က ရိုးရိုးသူငယ်ချင်းရော ဟုတ်ရဲ့လား...သူတို့က ကျောင်းတုန်းကကောလဟာလတွေ ရှိဖူးတယ်လို့ အစ်မမီရာပြောဖူးတယ်..
ကင်မ်ဆော့ဂျင်နဲ့ နှစ်ချီပေါင်းလာတဲ့သူမအပေါ် တစ်စက်လေးမှ မေတ္တာမမျှနိုင်တာက သူ့ကြောင့်လား..အိုး... ရှင်းရှင်းလင်းလင်းပြောရရင် သူက ကင်မ်ဆော့ဂျင်ဆီက မေတ္တာကို မျှော်လင့်နေတာတော့မဟုတ်ဘူး။ဒါပေမဲ့ နှစ်နဲ့ချီပေါင်းလာတဲ့သူ့အပေါ် နည်းနည်းလေးမှ ချစ်စိတ်မပေါ်လာတာကတော့ သူ့ကိုခံရခက်စေတယ်။ သူက မိန်းမတွေအပေါ်စိတ်မရှိဘူးလားလို့ သံသယစဝင်လာတယ် ပြီးတော့ ဂျန်ဂျယ်ယောင်းနဲ့ဆက်ဆံရေးကိုလည်း သံသယဝင်တယ်။ ဂျန်ဂျယ်ယောင်းတင်ဘယ်ကမလဲ ဂျူအွန်းသူငယ်ချင်းကောင်လေးနဲ့လည်း သူသံသယဝင်ဖူးတာပဲ။ အသက်ကွာပေမဲ့ပေါ့ ထိုကောင်လေးက ရဲတင်းပြီး အကြောက်အလန့်နည်းတယ် အဲဒီကောင်လေးအကြောင်းလည်း သူအနည်းအကျဉ်းသိထားပြီးသား။ ဒါပေမဲ့ ဒီနေ့မှာတော့ ဂျန်ဂျယ်ယောင်းနဲ့ ပိုသံသယရှိနေတယ်။ ဟက် မိန်းမနဲ့ကလေးကိုထားခဲ့ပြီး ယောကျာ်းတစ်ယောက်နဲ့ အတူပေါင်းသင်းနေတယ်သာဆို အရှက်ဘယ်လောက်ကွဲမလဲ.. ပွဲကတော့ ကြည့်ကောင်းနေပြီ ဟက် ....
တီ တီ တီ တီ
ကင်မ်ဆော့ဂျင်ပဲ... သူနှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးပြီး ဖုန်းကိုင်လိုက်သည်။
" ဟယ်လို "
" မင်းလာသွားသေးတယ်ဆို ဘာကိစ္စရှိလို့လဲ "
" အွန်းလေးကျောင်းက မိဘစုံညီပွဲရှိတယ်ကြားလို့ အတူတက်ရအောင် ရှင့်ကိုလာစောင့်နေသေးတယ် မစောင့်နိုင်တော့လို့ ကျွန်မအရင်သွားနှင့်လိုက်ပြီ "
" အိုး..ကိုယ်အစည်းအဝေးကြောင့် မေ့တော့မလို့ မင်းရောက်နေပြီလား "
" အင်း... စတော့မစသေးဘူး ရှင်လာရင်တော့ မီသေးတယ် "
" အင်း ကိုယ်လာခဲ့မယ် ဒါပဲနော် "
" အင်း "
နိုအွန်းဖုန်းကို နားနှင့်ခွာလိုက်ပြီး ကျသွားတဲ့နံပါတ်နဲ့ နာမည်လေးကို စိုက်ကြည့်နေမိသည်။အခုဆိုရင်လည်း ကျွန်မနောက်မကျသေးဘူးမလား...
................................
" မင်းသွားမလို့လား "
" သွားရမှာပေါ့ ငါမေ့နေတာတော့မဟုတ်ပေမဲ့ အစည်းအဝေးကြောင့် မေ့တော့မလို့... ဒါနဲ့သူလာသွားသေးတယ်ဆိုတော့ မင်းနဲ့ ရန်တော့မဖြစ်သွားဘူးမလား "
" စိတ်မပူနဲ့ ဖြစ်သွားတယ် ငါကငါ့ကိုလာပြောရင် သေးသေးတင်တောင် မခံတာမလို့ ငါနဲ့အကြာကြီး စကားနိုင်လုသွားတယ် မနိုင်လို့ပြန်သွားလိုက်တာလေ "
" မင်းကလေ ဘယ်တော့များမှ ရင့်ကျက်မှာလဲ ဂျောင်ဂုကိုလည်း မင်းလျှောက်ပြောထားသေးတယ် ဟိုက ငါနဲ့မင်းကို ဘယ်လိုတွေထင်နေလဲသိလား မင်းပြောတဲ့ဆိုင်သစ်မှာ ညစာသွားစားတာကို ဘာတဲ့ ဒိတ်... မင်းဘာလို့သူ့ကို အဲလိုတွေသွားပြောထားတာလဲ သူက မင်းနဲ့ငါ့ကို တစ်မျိုးတွေထင်ပြီး အတင်းစွပ်စွဲနေတာ "
" အဲကောင်လေးတကယ်ထင်သွားတာ အဲတုန်းက ငါပြောလိုက်တော့ မျက်နှာပျက်သွားပြီး တစ်ဝက်တပျက်နဲ့ ကားပေါ်ကဆင်းသွားတာ ခွီး.. အဲဒီကလေးက မင်းကိုအတည်ကြီးဖြစ်နေတာ "
" တော်စမ်းပါ မင်းကကလေးကလားနဲ့အခုထိ "
" ဒါပေမဲ့ မင်းကြိုက်တယ်မလား အဲဒီနောက်ပိုင်း မင်းတို့... "
" ပါးစပ်ပိတ်ထား ငါပိတ်ပေးရမလား သွားတော့မင်း ပြန်တော့ ငါတစ်ခါတည်းရုံးဆင်းတော့မှာ "
" မိသားစုတွေ အချိန်ကောင်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော် "
" ပြောင်ချော်ချော်လုပ်မနေနဲ့ ပြန်ရင်လည်း အိမ်ကိုတန်းပြန်နော် မင်းရဲ့ပရော့ဂျက်ဆွဲတာကိုလည်း အာရုံစိုက်အုံး အပျော်အပါးလုပ်တာ လျှော့တော့ "
" သွားပြီ သွားပြီ နားပူဒဏ်မခံနိုင်ဘူး လစ်ပြီ အချိန်ကောင်းလေးဖြစ်ပါစေနော် "
အဲဒီဂျန်ဂျယ်ယောင်းဟာ အလုပ်အကြောင်းစလိုက်ရင် ပြေးပြီ။ ဒါများသူက ကိုယ်ပိုင်လုပ်ငန်း စချင်သေးတာ... အရမ်းတော်လွန်းရင်လည်း ဦးနှောက်ချောင်တယ်ဆိုတာ ဂျန်ဂျယ်ယောင်းမှအစစ်။ဦးနှောက်လေးပြေးပြီး အပျင်းကြီးတာက ဘယ်သူမှမမီ။
.....................................
" သမီးဘယ်လိုထင်လဲ မပျော်ဘူးလားမေမေပါလိုက်လာတော့.. သမီးခံစားချက်ကို ပါးကိုပြောပြလို့ရတယ် "
ကျောင်းကအပြန်တွင်တော့ သူတို့သတ်သတ်စီပဲ ပြန်ခဲ့ကြတာဖြစ်သည်။ နဂိုတည်းက တစ်ယောက်တစ်စီးစီ လာတာဖြစ်တော့ အတူပြန်ဖို့တော့ အခွင့်အရေးမရှိတော့... ဒီနေ့ နိုအွန်းက ပုံမှန်ထက်သဘောကောင်းနေပြီး အွန်းလေးအပေါ်တွင်လည်း စိတ်ရှည်နေသည်။ အွန်းလေးက သူ့အမေကို လုံးလုံးကြီး စိမ်းနေသေးသည်တော့မဟုတ်။ တစ်ခွန်းဆိုတစ်ခွန်း ခေါင်းညိတ်ခေါင်းခါ ပြန်တော့ဖြေရှာသည်။ အခုသူ့အမေးကိုလည်း ဆိတ်ဆိတ်သာ လုပ်နေသည်။ပျော်တယ်မပျော်ဘူး အထူးမခံစားရဘူးဆိုတဲ့ အဓိပ္ပာယ်ပင်။
" ဒါဆို မေမေနဲ့ထပ်သွားချင်သေးလား အပြင်တခုခုပေါ့.. "
ထိုအခါတွင်တော့ ခေါင်းယမ်းသည်။
" ပါးပါးပါမှလား "
သူပါမှဆိုမှ ခေါင်းပြန်ညိတ်ပြသည်။ အွန်းလေးက ဘယ်သူနဲ့ဖြစ်ဖြစ် အဓိကက သူပါရင်ဖြစ်သည်။
သူတို့ကားလေး အိမ်ပြန်ရောက်လာတော့ နိုအွန်းကားလည်း ရောက်နှင့်နေပြီ။ ဒီနေ့တော့ အိမ်ကို တန်းတန်းပြန်လာသားပဲ... သူခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး သူ့အိတ်ယူကာ အွန်းလေးကိုလက်တွဲရင်း အိမ်ထဲဝင်လာခဲ့သည်။
" ဖွားမြေးလေးပြန်လာပြီ လာပါအုံးဖွားဆီ ဖွားက ဒီနေ့ပူတင်းပူပူလေးတွေ လုပ်ထားတယ် စားချင်လား "
အိမ်ထဲဝင်ဝင်လာချင်း သူ့အဖွားက ဆီးကြိုပြောတော့ အစကအင်တင်တင်ဖြင့်ကို ပူတင်းလည်းဆိုရော သူ့လက်ကိုဖြုတ်ရင်း သူ့ကိုမော့ကြည့်သည်။ အလည်လေး အစားဆိုမှ သူ့ဖွားဆီသွားသည်။
" သွားလေ စားပြီးရင်တော့ ပါးစပ်ပြောင်အောင်ဆေးနော် သွားပိုးစားမယ် "
သူခွင့်ပြုလိုက်တာနဲ့ သူ့ဖွားဆီ လုံးနေအောင် ထွက်ပြေးသွားသည်။ သူအွန်းလေးသွားရာကို တစ်ဆုံးကြည့်နေတော့ မီးဖိုချောင်ထဲတွင် နိုအွန်းလည်းရှိနေသည်။ ကလေးကိုလည်း သူ့အမေနဲ့အချိန်ဖြုန်းစေချင်တာမလို့ သူပြုံးလိုက်ရင်း အပေါ်တက်လာခဲ့သည်။
သူအခန်းရှေ့ရောက်တော့ သူအခန်းတံခါးသည် စေ့လျက်ဖြစ်နေပြီး တံခါးက ပွင့်နေပြီးသား ဖြစ်နေသည်။ သူအမြဲသေချာ လော့ချပြီးမှသွားတာကို....
" မင်း! "
ဂျွန်ဂျောင်ဂုက သူ့အိပ်ရာပေါ်မှာ ရှုတင်းတင်းနဲ့ ထိုင်နေသည်။
" သိပ်ပျော်နေတယ်မလား "
" ဘာလုပ်နေတာလဲ ငါ့အခန်းထဲမှာ "
" အရမ်းကိုပျော်နေတယ်ပေါ့ ဖုန်းတောင်မကိုင်နိုင်လောက်အောင် ဘာလဲ အချိန်ကောင်းဖြစ်နေလို့ ဖုန်းမကိုင်နိုင်တာလား "
" ဖုန်းခေါ်ထားသေးတာလား ဖုန်းက ငါကားထဲမှာ ချန်ထားခဲ့တာပဲ မင်းဘာပြောစရာရှိလို့လဲ "
ဆော့ဂျင် ဖုန်းကိုအိတ်ထဲမှာထည့်ပြီး ကားထဲပစ်ထားခဲ့တာ။ သူအိတ်ကိုချလိုက်ပြီး အိတ်ထဲကဖုန်းကို ထုတ်လိုက်သည်။ သူကဘာအရေးကြီးကိစ္စရှိလို့ ဖုန်းခေါ်ထားရတာပါလိမ့်...
" ဘာလုပ်တာလဲ!! "
သူဖုန်းအဝင်အထွက်တွေ စစ်နေတုန်း ဂျောင်ဂုက ရုတ်တရက် သူ့ဖုန်းကိုဆွဲယူပြီး အိပ်ရာပေါ်ပစ်တင်ပစ်လိုက်သည်။ သူဂျောင်ဂုကို စူးစိုက်ကြည့်လိုက်တော့ ဂျောင်ဂုကလည်း သူ့ထက်သာတဲ့အကြည့်တွေဖြင့် သူ့ကို အေးစက်စက်ပြန်ကြည့်နေသည်။
" ဘာဖြစ်နေတာလဲမင်း ငါ့ကိုတခုခုပြောစရာရှိလို့လား "
တိုက်ခိုက်တော့ဟန်ဖြစ်နေတဲ့ဂျောင်ဂုကို သူနားမလည်။ သူမေးနေတာတွေလည်း ဂရုစိုက်ပုံမရဘဲ စူးစူးရဲရဲသာ သူ့ကိုကြည့်နေသည်။
" ဂျောင်ဂု.. "
အမူအရာအမျိုးမျိုးဖြစ်နေတဲ့ဂျောင်ဂုကို သူဖွဖွခေါ်လိုက်သည်။
" ဂျောင်- အ့! "
ဂျောင်ဂုကသူ့ကို လျှပ်တပြတ်အတွင်း ခါးကနေပွေ့ချီကာ စားပွဲပေါ်တင်ပစ်လိုက်တော့ သူလန့်ပြီး ဂျောင်ဂုပခုံးကို မြန်မြန်ထိန်းကိုင်လိုက်ရသည်။
အွန်း!!
သူစားပွဲပေါ်က ပြန်ဆင်းမည်ပြင်နေတုန်း သူ့နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ ကြမ်းတမ်းတဲ့အထိအတွေ့တွေကြောင့် သူရပ်တန့်သွားရသည်။ဂျောင်ဂုလက်တွေက သူ့ခါးပေါ် ကြမ်းကြမ်းဖိကိုင်ထားပြီး နှုတ်ခမ်းတွေကို ကိုက်ခဲနေသည်။ သူနာလွန်းလို့ သူ့လက်တွေနဲ့ ပခုံးကနေ တွန်းကာ ဖယ်လိုက်သည်။ ထိုအခါ အောက်နှုတ်ခမ်းက ဆစ်ခနဲဖြစ်သွားပြီး သွေးအရသာကို ခံစားလိုက်ရတော့ သူတွန်းဖယ်နေတဲ့လက်တွေ ရပ်တန့်သွားသည်။
_________TBC
ဂျွန်ဂျောင်ဂုနောက်ပိုင်းကြမ်းပါမည်။ 😎
(နှာဘူးရီဒါတို့ရေ အပိုင်း၁၆က ဒုတိယဗျူးအများဆုံးအဖြစ် ကျော်တက်သွားပြီဆိုတာ သိပြီးသွားကြပြီလား နှာဘူးရီဒါတွေ ပီသပါပေတယ် 😌)
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



