8
17:43, 29 August 2025အိမ်ရှေ့ကားရပ်ရုံရှိသေး အိမ်ထဲမှာ တစုစုတရုံးရုံး ဖြစ်နေကြတာမို့ Phuwin ကို ခေါ်ကာ အိမ်ထဲဝင်လာလိုက်သည်။စိတ်ထဲထင်တဲ့အတိုင်းပါပဲ မာတာမိခင်ရဲ့ သောင်းကျန်းမှုက အိမ်က အလုပ်သမားတိုင်း လှုပ်ရှားနေကြရသည်။
မေမေက ဖွားဖွားအပေါ်မှာထားတဲ့ respect တစ်ခုကြောင့်သာ ငြိမ်နေပေမယ့် အခုလို ဖွားဖွားမရှိရင် ဒီအိမ်ကိုလာပြီး ဒီအိမ်ကလူတိုင်းကို ပြဿနာရှာပြီး အိမ်ကြီးရှင်မလုပ်တတ်သည်။
"မေမေ ဘာဖြစ်နေတာလဲ"
"အိမ်ကမှိုင်းနေတယ် ကျက်သရေလဲမရှိဘူးလို့ထင်လို့ အိမ်ကိုပုံစံပြောင်းနေတာ"
"ဒီတိုင်းလဲကောင်းပါတယ် ဖွားဖွားပြန်လာရင် နေရာပြောင်းထားတာတွေ မကြိုက်ပဲ နေမယ်"
"ဘာဖြစ်လဲ သူနေပြန်ကောင်းလာမယ်လို့ ငါတော့မထင်ဘူး Pond"
"မေမေ!!!"
"ဘာလဲ ငါပြောတာမှားလား"
မေမေရဲ့ အတောမသတ်တဲ့လောဘတွေကို စိတ်ပျက်လွန်းလို့ အိမ်ထဲက သူ့အခန်းဆီပဲ ဦးတည်လိုက်တယ်။Phuwinကိုလဲ တော့ အိမ်ထဲဝင်ထဲက အခန်းဆီတန်းသွားခိုင်းထားလိုက်တယ်။မေမေက သူနဲ့တွဲတွေ့တာနဲ့ ဒေါသအားလုံး Phuwin ဆီ ဦးတည်မှာ သူသိနေသည်လေ။
____________
ပြန်ရောက်တာနဲ့ ရေမိုးချိုးကာ အလုပ်သွားဖို့ပြင်လိုက်သည်။အလုပ်မှာနေတာကမှ အိမ်မှာနေပြီး မေမေ့ကိုကြည့်နေရတာထပ် နေလို့ကောင်းအုံးမည်။
ပြင်ဆင်ပြီးတော့ အခန်းထဲက ထွက်လာတော့ ဟိုကြည့်ဒီကြည့်နဲ့ သူ့နားကို အိမ်က အလုပ်သမားတစ်ယောက်က ခြေသံမထွက်အောင် ပြေးပြီးရောက်လာသည်။
"အိမ်ထဲမှာဘာလို့ပြေးနေတာလဲ"
"အစ်ကိုလေး ဟိုဟာလေ Phuwin ကို အစ်ကိုလေးအမေက ပန်းအိုးတွေ သယ်ခိုင်းနေတယ် ပြောချင်လို့စောင့်နေတာ အစ်ကိုလေးထွက်မလာလို့"
"ကြာပြီလား"
"ကြာပြီအစ်ကိုလေး အစ်ကိုလေးကို ခေါ်ရင်လဲ အစ်ကိုလေးအမေအသံကြားသွားမှာစိုးလို့ စောင့်နေတာ မိနစ်လေးဆယ်လောက်ရှိပြီ"
"ရပြီ ရပြီ လုပ်စရာရှိတာ ဆက်လုပ်"
မေမေက Phuwin ကို ပန်းအိုးတွေသယ်ခိုင်းနေတယ်ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ထောင်းကနဲဖြစ်သွားတယ်။အသက်ရှူမှန်အောင်ထိန်းပြီး အောက်ကို အမြန်ဆင်းသွားလိုက်ရသည်။
______________
"ဒါက ဘယ်လိုဖြစ်တာလဲ မေမေ"
အောက်ရောက်တာနဲ့ Phuwin လက်ကို ဆွဲကာ မေမေ့ရှေ့ခေါ်၍ မေးလိုက်သည်။
"ခိုင်းထားတာလေ မမြင်ဘူးလား"
"သူက မေမေခိုင်းဖို့ခေါ်ထားတာ မဟုတ်ဘူးလေ"
"ဘာလဲ နင့်ဦးလေး လက်ထပ်မယ့်သူဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ငါကခေါင်းပေါ်တင်ထားရမှာလား"
"မဟုတ်ဘူးလေ မေမေရာ"
"လက်မထပ်ရသေးဘူး လက်ထပ်ပွဲကလဲ ပျက်သွားနိုင်တယ်လေ အခုတောင်ရက်ရွေ့ထားရတယ် မဟုတ်လား နေပါအုံး မင်းက ဘာတွေနာနေတာလဲ"
ဟုတ်တယ် သူဘာနာနေတာလဲ မေးရင် ဖြေစရာမရှိ သူဘယ်လိုဖြေရမလဲ သူ့ဦးလေး ချစ်သူကို သူသဘောကျ လွန်းတာမို့ မေမေအခုလို လာလာမခိုင်းဖို့လား။သူချစ်ရတဲ့သူရဲ့ ဒီလက်ဖဝါးနုနုက ဒါတွေ သယ်ဖို့ မွေးလာတာမဟုတ်ဘူးလို့လား။
"Phuwin နင်လိုဟာက ဘာမိူ့ ငါ့သားက နင့်ကိုကာကွယ်နေရတာလဲ နင်က မိန်းကလေးတွေလို ကလေးမွေးနိုင်တာနဲ့ နင်က မိန်းမမဟုတ်ဘူးနော် ငါ့သားကို မမြှူစွယ်နဲ့"
ဟင် မေမေပြောလိုက်တာ Phuwin က ကလေးမွေးနိုင်တယ်လို့လား။ဒါက ဘွားဘွားပြောတဲ့ Phuwin ရဲ့ ဘုရားကပေးတဲ့ ဆုလာဘ်တစ်ခုလား။ကောင်လေးမျက်နာလေးကို ကြည့်တော့ ညှိုးငယ်ကာနေသည်။
အိမ်က အလုပ်သမားတွေရော သူရော အားလုံးရဲ့အရှေ့မှာမှ အော်ကာပြောသည်မို့ ရှက်သွားသည့်ပုံ။မျက်ဝန်းထဲက မျက်ရည်အဝိုင်းတွေက အချိန်မရွေး ကျလာတော့မည်ကို အားတင်းထားဟန်။
"မေမေ ဒါက သူ့အတွက် ဘုရားပေးတဲ့ကောင်းခြင်းလေ ဘာပဲဖြစ်ဖြစ် မေမေ Phuwin ကို မခိုင်းရဘူး ချိုးနှိမ်ပြီး မပြောရဘူး သူလဲ လူတစ်ယောက်ပါ မေမေရဲ့ ဘယ်သူကမှ သာပြီးမထူးနေကြဘူး "
"နင်က ဘယ်တုံးက ဒီလောက် နာတတ်နေရတာလဲ",
"အဲ့ဒါက . . . ကျွန်တော် သူ့ကို စောင့်ရှောက်ထားမယ်လို့ ကတိပေးထားတယ်လေ"
မေမေ့မျက်နာကို တည့်တည့်မကြည့်တော့ဘဲ ဖြေလိုက်သည်။
"ငါက အာမမခံနိုင်ဘူး ငါ့ကိစ္စ နင်သာ နင့်ကိစ္စဖြစ်တဲ့ Mintနဲ့ သွားတွေ့ နင်တို့အဆင်ပြေရင် နောက်လစေ့စပ်မယ်"
"မလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး ကျွန်တော့်ဘဝကျွန်တော်စီမံမယ်"
"မင်း. . .မင်း" ဖြန်းး
မေမေရဲ့ ဒေါသအရှိန်ကြောင့် ပါးပေါ် လက်ဖဝါးကပ်လာတာနဲ့ သူ့မျက်နာမှာမှာ လည်ထွက်သွားသည်။
"မပြောပါနဲ့တော့ ချင်းမိုင်မပြန်ခင်ထိ ကျွန်တော် ခိုင်းတာ လုပ်လိုက်ပါ့မယ် စိတ်မပူပါနဲ့"
သူ့ကြောင့် ပြဿနာဖြစ်ရတယ် ထင်ကာ ဘေးကနေ သူ့လက်လေးကိုလှုပ်ကာ တိုးတိုးလေး တောင်းပန်လာတဲ့ ကောင်လေးကို အားနာနာနဲ့ ပြန်ပြုံးပြကာ အားတင်း၍
"ရိုက်လိုက် မေမေရိုက်လိုက် မေမေရိုက်လို့ ကျွန်တော်သာ လွတ်လပ်သွားမယ်ဆိုရင် သွားအကုန်ကျွတ်ထွက်တဲ့ထိ ရိုက်လိုက်လဲရတယ်"
________
မေမေနဲ့ စကားများကာ Phuwin ရဲ့ လက်ကိုဆွဲကာ အိမ်က ထွက်လာမိသည်။မျက်ရည်တွေက်ု ထိန်းကာ လုံးဝမငိုပဲ နေသည်မို့ မြင်ရတာ စိတ်မကောင်းဖြစ်ရသည်။
"Pond အားနာပါတယ် ကျွန်တော့်ကြောင့် Pond မေမေနဲ့ ရန်ဖြစ်ရပြီ"
"မဟုတ်ဘူး မေမေလွန်တာ"
အခုမှ ကြည့်မိတာ လက်ဖဝါးနုနုတွေက ရဲ၍နေကာ မျက်နာနုနုလေးမှာလဲ ချွေးတွေစို့နေသည်။လက်ဖဝါးလေးတွေကို ဆွဲယူကာ
"တောင်းပန်ပါတယ် ရေချိုးနေမိတာ အချိန်ကြာသွားလို့"
"ရပါတယ် ကျွန်တော် သုံးရက်လောက်ပဲနေမှာ Pond မေမေခိုင်းတာ လုပ်ပေးရင်း နေလို့ရပါတယ် ပြီးတေ့ မတောင်းပန်ပါနဲ့ "
"သုံးရက်ပဲနေပြီး တကယ် ချင်းမိုင်ပြန်မှာလား"
"ဟုတ်တယ် မေမေဆုံးတာ ၅နှစ်ပြည့်ပြန်လုပ်ချင်လို့"
"အော်"
"Pond ငါက အရမ်းထူးဆန်းလို့ သနားသွားတာလားဟင်"
မဝံမရဲနဲ့ မေးလာတဲ့ အမေးကြောင့် သေချာတယ် ဒါက မေမေအော်လိုက်တဲ့ အကြောင်းအရာကို သူမေးချင်တာ
"မဟုတ်တာ Phuwin ရယ် တကယ်က မလိမ်ရရင် နည်းနည်းတော့ထူးဆန်းပေမယ့် သနားတာတော့မဖြစ်မိပါဘူးဗျာ Phuwin လဲ ကိုယ့်ကိုယ်ကိုအားမငယ်နဲ့နော် ဘာအမှားမှ လုပ်မထားတဲ့လူမို့ ခေါင်းမော့ရင်ကော့ပြီးသာနေ ဟုတ်ပြီလား"
"မထင်ထားဘူး Pond က စကားပြောကောင်းတယ်နော်"
Phuwin တစ်ယောက်ထဲကိုပဲ ကောင်းကောင်းပြောတာ ဖြစ်ပြီး Phuwin ကိုပဲ အများနဲ့မတူ ဆက်ဆံတာ တော်ရုံဆို မျက်စိရှေ့ ကားတိုက်ခံရရင်တောင် စိတ်မဝင်စားပေမယ့် ဒီလူသားလေးလက်ဖဝါးနုနုသွေးခြေဥမယ့် ကိစ္စကိုတော့ အမေနဲ့ ရန်ဖြစ်ရတဲ့အထိ ဂရုစိုက်မိသည်။
ကိုယ်အချစ်တွေကို ချပြခွင့်မရှိလည်း ကိုယ်ကတော့ သူ့ကို အစွမ်းကုန်ချစ်ပေးချင်သည်။သူမသိတဲ့ ချစ်ခြင်းမျိုးဆိုရင်တောင် ဒီလူသားရဲ့ဘဝလေးကို အေးချမ်းစေတဲ့ အချစ်မျိုးအဖြစ် ချစ်ပေးချင်သည်။
TBC.........
ဒွမ်မာတွေတအားများသွားလား ( ・ั﹏・ั)မနက်ဖြန် colorblind update ပေးမယ်နော် (っ˘̩╭╮˘̩)っ
There are no comments yet. Log in to be the first to leave a review!





