9
17:43, 29 August 2025ပြတင်းပေါက်အပြင်ကို မျက်နာမူကာ အတွေးနက်နေတဲ့ မျက်နာနုနုလေးကို ကားမောင်းရင်း ခဏခဏလှမ်းကြည့်မိသည်။
လတ်တလောက မေမေ့ရဲ့ ချယ်လှယ်မှုတွေ ရှိနေတဲ့ အိမ်မှာ ထားလို့မဖြစ်။
"Phuwin ဟိုဟာလေ ဒီရက်ပိုင်း ကိုယ့် condo မှာ နေလိုက်ပါလား"
"ရပါတယ် အားနာစရာ ကျွန်တော် လိုအပ်တာလေးတွေ ဝယ်ပြီးတာနဲ့ ပြန်မှာဆိုတော့ ဟိုအိမ်မှာပဲ ပြန်နေပါ့မယ်"
"Phuwin ရယ် မေမေနဲ့ Phuwin ဘယ်လိုမှမဖြစ်ပါဘူး မသွားပါနဲ့အဲ့ကို ကိုယ် ကျန်ခဲ့တဲ့ပစ္စည်းတွေယူပြီး ညနေကျ ပြန်လာခဲ့မယ် "
"အင်းပါ" ဆိုကာ ငြိမ်သွားပြန်သည်။ဘာတွေတွေးနေလဲ ဘာတွေကြောင့် ခံစားနေရလဲမသိ သေချာတာတစ်ခုကတော့ သူ့ဘေးက ကောင်လေးက မပျော်ဘူးဆိုတာပဲ။
"Phuwin ဖုန်းပေး"
သူ့စကားကို မျက်တောင်ကလယ်ကလယ်နဲ့နားထောင်ကာ ဖုန်းလေးထုတ်ပေးလာသည်။ကောင်လေးဖုန်းလေးထဲ သူ့နံပါတ်ထည့်ပေးကာ Pond Naravit လို့ မှတ်ထားပေးလိုက်သည်။ contact ထဲက သူ့ဦးလေး နာမည်မှတ်ထားတာ သွားခိုးကြည့်မိတော့ Archen ကို အသဲပုံ အပြာလေး💙 နဲ့မှတ်ထားသည်။
သူကတော့အသဲလေးတစ်ခု နောက်ကနေပါဖို့ ဒီဘဝ အခွင့်အရေးမရှိတော့ဘူးထင်သည်။
"ဒီမှာ နာမည်မှတ်ပေးထားတယ် ညနေ ပစ္စည်းသွားယူရင် ဖုန်းဆက်လိုက်မယ် လိုချင်တာရှိရင်ဖုန်းဆက်လိုက်နော် အခုက ကိုယ့် ကွန်ဒိုမှာ ခဏနေအုံး "
ဖုန်းကို ပြန်သိမ်းကာ ခေါင်းတညှိတ်ညှတ် လုပ်ပြတဲ့ ကောင်လေးကို နေရာမှာသာ ဆွဲနမ်းရမယ်ဆိုရင် လူ့ကျင့်ဝတ်တွေနဲ့ညီအုံးမလား။အကယ်၍ Phuwin ရဲ့ ချစ်သူကသာ သူ့ဦးလေးမဟုတ်ခဲ့ဘူး ဆိုရင် သူတကယ်လုယူဖို့ ဝန်မလေး။
______________
"Phuwin ညာဘက်ထိပ်က ကိုယ့်အခန်း ဘယ်ဘက်က အခန်းက လွတ်နေတာ Phuwin နေလို့ရတယ်။အခုတော့ သန့်ရှင်းရေးခေါ်ပြီး ရှင်းခိုင်းထားတယ် စားစရာတွေလဲ ဖြည့်ခိုင်းထားတာမို့ အေးဆေးနေနော်"
ခေါင်းညှိတ်ပြ၍ ဧည့်ခန်းဆိုဖာပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ကောင်လေးကို ဆွဲကာပွေ့ဖက်လိုက်ချင်တဲ့ စိတ်ဆန္ဒများကို ချုပ်တည်းကာ ကုမ္ပဏီကိုပဲ ထွက်လာလိုက်သည်။
ကျင်လည်ရာ လောကကြီးမှာ ရှင်သန်နေသရွေ့ အလုပ်လုပ်နေရမယ် ဆိုတဲ့ ခံယူချက်အတိုင်း လုပ်စရာကများလှသည်။အလုပ်ရောက်ထဲက ကိစ္စအားလုံး ဒိုင်ခံဖြေရှင်းရသည်။ဒီကြားထဲ မေမေ့ဆီက ဖုန်းတွေဝင်လာတာမို့ ခဏခဏချပစ်ရသည်။
@mom Mintနဲ့မတွေ့နဲ့တော့မေမေနောက်တစ်ယောက်ထပ်ရှာထားတယ်။
"SHITT"
သားဖြစ်သူ ဘာကို စိတ်ဝင်စားလဲ။ဘာကိုကြိုက်လဲ။မနက်ကပြောတဲ့စကားက ဘာကိုဆိုလိုလဲ မစဉ်းစား။Mintနဲ့တင်မဟုတ်ဘူး ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး သူကိုယ်တိုင်ရွေးမယ်လို့ သေချာ ပြောပြီးသား။
"ဘာတွေဖြစ်နေတာလဲ ဒါက"
ဘယ်ထဲက အခန်းထဲရောက်နေမှန်းမသိတဲ့ Santa။
"ဘာလာလုပ်တာလဲ"
"မင်းဆီလာတာ မဟုတ်ဘူး ဒီမှာလေတွေ့လား လက်စွပ်။ကိုကိုနဲ့ လက်ထပ်တော့မှာ နှစ်ဖက်မိဘတွေ့ဆုံပွဲကို ဒီနားက ဂျပန်အစားအစာဆိုင်မှာ လုပ်ရင်း မင်းကို စကားပြောစရာရှိလို့ ဝင်လာတာ တံခါးခေါက်တာ ကြာနေပြီ မထူးလို့ သေနေပြီလား ကြည့်ဖို့ဝင်လာတာ"
"မသေဘူး ဒါပေမယ့် ငါ့အမေကြောင့် သေတော့မယ် သွေးတိုးပြီး"
"ဘာလဲ အိမ်ထောင်ဖက်လား"
"ဟုတ်တယ်"
"မင်း သိပြီးပြီလား Mintက ပြိုင်ကားချန်ပီယံနဲ့တွဲနေတာ Dating confirm ပြီးတော့ မင်းနဲ့ ဟိုနေ့ကတွေ့တယ်လို့ ပြောထားတာကိုလဲ မင်းက သူ့အခင်ဆုံးသူငယ်ချင်းမို့ ညစာစားကြတာဖြေထားတယ်"
"ဟုတ်လား သူကသတ္တိရှိတဲ့ မိန်းကလေးပဲ"
"မင်းကရော"
"ငါကလား ငါက"
"Pond မင်း Phuwin ကို သဘောကျနေတာလား"
"ငါ . . .ငါ . . . ဟုတ်တယ်"
သက်ပြင်းရှည်ရှည်တစ်ချက်ချကာ ဝန်ခံမိသည်။တစ်ယောက်တည်းကြိတ်၍ ခံစားတဲ့အခါ တစ်ယောက်တည်းနာကျင်ရသည်။အနည်းဆုံးတော့ ရင်ဖွင့်သမျှနားထောင်မယ့် လူရှိတဲ့အခါ ခံစားရသက်သာသည် မဟုတ်လား။
"အချစ်က တားခွင့်မရှိမှန်းသိပေမယ့် မင်းဦးလေး ချစ်သူနော်"
"သိတယ်"
"ငါပြောတာက မင်းလုနေလို့မဟုတ်ဘူး မင်းစိတ်ကိုပြင်ဆင်ဖို့ မင်းက အခု သူနဲ့ရှိချိန်ဆို မျက်လုံးရွဲကြီးနဲ့ အချစ်မှာ နစ်မြောနေတာ သတိထား မင်းအမေသိရင်မကောင်းဘူး"
"အင်းပါ " ချစ်ရတဲ့ Marlboro လေးကို နှုတ်ခမ်းမှာတေ့ကာ ရှိုက်ရင်း ဘယ်အချိန်မှာ အပြင်လူတွေပါ မြင်နိုင်တဲ့အထိ ချစ်နေမိလဲ ပြန်ကာ စဉ်းစားနေမိသည်။
___________
"ဘာတွေ သယ်ခဲ့ပေးရမလဲ"
"မလိုပါဘူး ကုတင်ပေါ်က အထုတ်ရယ် ဟို Pond လက်ဆောင်ပေးတဲ့ အမွှေးပွရုပ်၂ရုပ်ရယ်"
သူဝယ်ပေးလိုက်တဲ့ လက်ဆောင်လေးကို သယ်လာခိုင်းကာ တန်ဖိုးထားတာမို့ အတိုင်းမသိပျော်သွားသည်။အနည်းဆုံး သူ့လက်ဆောင်လေးကို မြင်တိုင်း သူပေးတာဆို၍ တွေးမိကာ သူ့ကို သတိရနိုင်သေးသည် မဟုတ်လား။
"Okay okay ညနေအပြန်ဝင်ယူခဲ့မယ်"
"Pond ညနေစာ ပြန်လာစားမှာလား"
ပုံမှန်ကတော့ မစားမသောက်ပဲ ညတိုင်းသူချစ်ရတဲ့ ဝီစကီတွေသာ သူ့အစာအိမ်ထဲ ထည့်နေကျ။
"Phuwin ဟင်းချက်ကျွေးမယ်ဆိုရင် ကိုယ်ပြန်လာစားမယ်လေ "
"ချက်ကျွေးမယ် စောစောပြန်လာနော် ညစာစားဖို့စောင့်နေမယ်"
ကိုယ်နဲ့မဆိုင်ပေမယ့် စောင့်နေပေးမယ်ဟု နွေးနွေးထွေးထွေးပြောတဲ့ ကောင်လေးကြောင့် ဒီအချိန်လေးမှာ တစ်ခဏလောက် ရပ်တန့်ထားချင်မိသည်။
TBC........
အမှားပါရင် အားနာပါတယ်နော်။လုံးဝနောက်ကျသွားတယ် ဆောရီးပါ။
There are no comments yet. Log in to be the first to leave a review!





