7
17:43, 29 August 2025......ရှိုက်သံတွေရပ်သွားတဲ့နောက် ရင်ခွင်ထဲကကောင်လေးက သူ့ရင်ခွင်ထဲကနေရုန်းကာ
"ပြန်ရအောင်လေ"
သူ့ကို ရည်ရွယ်ပြီး ပြောလာတဲ့ စကားတွေကို အဖြေမပေးပဲ ကောင်လေးကို ခေါင်းညှိတ်ပြ၍ ထွက်လာကြသည်။
"Pond"
လေဆိပ်ထဲ အော်ကြီးဟစ်ကျယ် ဖြစ်နေလို့ ဘယ်သူလဲ ကြည့်တော့ နှစ်ခါကြည့်စရာမလိုတဲ့ သူငယ်ချင်း Santa ။ဒီတစ်ခါတော့တစ်ယောက်တည်းမဟုတ်ပဲ ဘေးနားမှာ ရည်းစားကြီးနဲ့။
"Pond ခေါ်ရင်ထူးရမယ်လေ"
မျက်လုံးပြူးမေးငေါ့ကာ ဘာဖြစ်ချင်လဲဆိုတဲ့ အထာနဲ့နှုတ်ဆက်တော့
"အိုး ဘယ်သွားမလို့လဲ မင်းကအာ ဒါနဲ့ ဘေးကတစ်ယောက် ဟီး နာမည်မေ့သွားပြီ ဟိုနေ့ကဆုံတယ်လေ မှတ်မိလား"
"ဟုတ် Phuwin ပါ"
"ဘယ်မှမသွားဘူး ဘွားဘွားက ဆေးသွားကုတာလေ ဦးလေးနဲ့ ငါတို့က လိုက်ပို့တာ"
မေးခွန်းမေးတဲ့လူကို မကြည့်ပဲ Santaကို ပြန်ပြုံးပြကာ နှုတ်ဆက်နေတဲ့ ကောင်လေးကိုပဲကြည့်ကာ ဖြေမိသည်။အပြုံးလေးတွေက အေးချမ်းတာမို့ ဒီလိုအပြုံးလေးတွေကို နေ့တိုင်းမြင်ချင်မိသည်။
"အိုး ......" တစ်ခုခုကို သံသဝင်တဲ့ မျက်လုံးတွေနဲ့ Santa က ခဏ ရပ်သွားပြီးမှ ဆက်၍
"ငါတို့က Phi Perth မိဘတွေကို လေယာဉ်ကွင်းလိုက်ပို့တာလေ"
"အဲ့တော့"
"Ai Pond မင်း ဒီအချိုးလားရတယ် ရတယ်"
မနက်အစောကြီး ထလာရလို့ စိတ်မကြည်တာရော နှစ်ယောက်တည်းရှိရမယ့်အချိန်တခဏလေးကို ဖဲ့ပေးနေရတာမို့ ဘယ်လိုမှ စိတ်မရှည်နိုင်တော့။
"မေးစရာရှိသေးလား"
"စိတ်ကမရှည်ဘူးနော် အဲ့လိုနဲ့တစ်ယောက်တည်း အရိုးထုတ်ရမယ်"
"မင်း . . . မင်း ရည်းစားအားကိုးနဲ့"
"မဟုတ်လို့လား ငါပြောတာ တော်ပြီ မင်းနဲ့ မပြောချင်ဘူးPhuwin ဟုတ်တယ်နော် ဒီနားမှာ ကျွန်တော်တို့နဲ့ မနက်စာလိုက်စားပါလား "
Santa ရဲ့ မေးခွန်းကို မဖြေဘဲ သူ့ကိုပဲ လာကြည့်တာမို့
"Phuwin ဗိုက်ဆာပြီလား"
"ဟုတ် တကယ်တော့ ကျွန်တော် နည်းနည်းတော့ ဗိုက်ဆာနေပြီ"
ဟုတ်တာပေါ့ မနက်ထဲက အစောကြီးထကာ လိုက်ပို့ရတဲ့အပြင် ငိုပါငိုထားတော့ အခုဆို ဗိုက်ဆာနေမှာ။
"ဒါဆို ကိုယ်တို့ တစ်ခုခုသွားစားကြမလား"
____________
မနက်စာစားဖို့ ဆိုင်က သိပ်မစဉ်းစားလိုက်ရ Santa ရဲ့ စီစဉ်မှုအတိုင်း လိုက်၍သာစားဖြစ်သည်။ရည်းစားနဲ့ဆိုအမြဲပြုံးပျော်နေတဲ့ကောင်က အခုလဲ သူနဲ့မနက်စာလိုက်စားဆိုပြီး ခေါ်လာတာ တကယ်တမ်းတော့ သူ့ရည်းစားကိုပဲ ဂရုစိုက်နေတာ။Phuwinလေးကတော့ သူတို့အတွဲ ချစ်ကြည်နူးတီတီတူးတာကို မျက်လုံးအဝိုင်းလေးတွေနဲ့ ကြည့်နေသည်။
"Phuwin စားလေ သူတိူ့ကို မကြည့်နဲ့ သူကအဲ့လိုပဲ သူ့ရည်းစားပဲ အသက်ရှိတာ"
"မနာလိုရင် ရည်းစားရှာလေ"
သူ့အပြောကို ချေပနေတဲ့ Santa က တကယ်ရိုက်ချင်စရာ။သူ့ရည်းစားကတော့ ညီကချစ်စရာအရမ်းကောင်းတာဆိုတာ ပါးစပ်ကမချ။တော်တော်စွဲလမ်းနေတာ။
"Phuwin ခဏလေးနော် ကိုယ်ကောင်တာမှာ တစ်ခုခုထပ်သွားမှာအုံးမယ်"
ကောင်တာမှာ သူ့အတွက် ကော်ဖီတစ်ခွက် ထိုကောင်လေးအတွက် နွားနို့ခပ်ပူပူတစ်ခွက်မှာနေတုံး
"Khun Naravit"
"အာ Mint"
"ထပ်တွေ့ကြပြန်ပြီနော်"
"ဟုတ်တယ်နော်"
"ဒါနဲ့တစ်ခုလောက်အကူအညီတောင်းရမလား"
"ဟုတ်ကဲ့"
"Khun ကျွန်မတို့နှစ်ယောက်အကြောင်းမပြောရသေးဘူးလားအန်တီကို အန်တီက ဒုတိယတစ်ခါထပ်တွေ့ဖို့ ကျွန်မအိမ်ကိုပြောလာလို့လေ ကျွန်မကစိတ်မပါရင် ဘာမှမလုပ်တတ်တဲ့လူ Khunလဲ ကျွန်မလိုပဲ ထင်ပါတယ် ကျွန်မအိမ်ကိုငြင်းမှာမို့ Khunလဲ အိမ်မှာ ငြင်းပေးပါအုံး"
"ဟုတ်တယ် ကျွန်တော် အမေနဲ့ မပြောရသေးဘူး မပူပါနဲ့ ကျွန်တော်ပြောပေးပါ့မယ်"
"ကျေးဇူးပါ ဒါနဲ့ အတူပါလာတာ သဘောကျနေတဲ့ကောင်လေးထင်တယ် အချစ်ခရီးလမ်းအဆင်ပြေပါစေနော်"
"အာ ကျေးဇူးပါဗျ"
အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေပေမယ့် သူ့ခံစားချက်တွေက အပြင်လူတွေပါမြင်နိုင်သည်အထိ လျှံထွက်နေပုံရသည်။
အတွေးတွေကိုဖျက်ကာ စားပွဲဝိုင်းဆီပြန်လာတော့ Santa တို့ အတွဲနဲ့ စကားပြောနေတဲ့ ကောင်လေးဟာ တစ်ခုခုကို အတွေးလွန်နေသလို။သူ့ကြည့်ရတာ အတွဲတွေမြင်တော့ ဦးလေးကို သတိရသွားတယ် ထင်ပါသည်။
___________
နံနက်စာဆိုင်ကထွက်လာထဲက အခြေအနေက တိတ်ဆိတ်နေသည်။ စကားတွေပြောနေပေမယ့် တိတ်ဆိတ်မှုအချို့နဲ့ လစ်လျူရှုခြင်းအချို့ကိုသာ သူပြန်ရလိုက်သည်။
"Phuwin Phuwin"
မခံစားနိုင်တဲ့အဆုံးမှာ နီးစပ်ရာ တစ်နေရာမှာ ကားထိုးရပ်၍ နာမည်ခေါ်ကာ ပခုံးလေးတွေကို လှုပ်လိုက်တော့မှ အသိပြန်ဝင်လာသလို...
"Pond ချစ်ဖူးလား"
"- - -"
"ဟိုဟာလေ ဒီလိုပဲ မေးကြည့်တာ"
"အရင်က မချစ်ဖူးဘူး အချစ်ကလဲ မလိုဘူးထင်ခဲ့တာ အခုတော့ ချစ်နေမိပြီထင်တယ် "
"အချစ်ကို ဘယ်လိုထင်လဲ"
"အချစ်လား အတိအကျတော့မသိဘူး အချစ်ဆိုတာက ရယူခြင်း ပေးဆပ်ခြင်း တွေပါတယ် ဘာညာနဲ့စာတွေမှာ ဖတ်ဖူးပေမယ့် ကိုယ်အတွက်ကတော့ အချစ်က မအေးချမ်းဘူး အချစ်က ပူလောင်ရတယ် နာကျင်ရတယ် သဝန်တိုရတယ် ပျော်ရတာတော့မကြုံသေးဘူး စိတ်လှုပ်ရှားရတယ် ဒါပေမယ့် ကံကြမ္မာမျက်နာသာပေးလို့ ချစ်ရသူကိုသာ ပိုင်ဆိုင်ရပြီး အတူတူကျော်ဖြတ်ရမယ်ဆိုရင်တော့ အချစ်ကအမြဲတမ်း ရင်ခုန်လှိုက်မောဖွယ်ကောင်းပြီး စိတ်လှုပ်ရှားခြင်းအပြည့်ဖြစ်မယ်လို့ ကိုယ်ထင်တယ် အတိအကျတော့မသိဘူး လူတိုင်းအချစ်ကို သတ်မှတ်ပုံခြင်းကွာမယ်လေ"
"Ommmm"
"ဘာလို့မေးတာလဲ "
"ရယ်စရာလို့ထင်ရပေမယ့် ကျွန်တော်ထင်ထားတဲ့ အချစ်နဲ့ လူတွေပြောတဲ့ အချစ်က နည်းနည်းလေးလွဲနေသလားလို့ မေးကြည့်တာ"
"Phuwin က အချစ်ကို ဘယ်လိုထင်လို့လဲ
"သေချာမသိသေးပါဘူး အခုထိ "
အချစ်ဆိုတာတောင် ဘာမှန်းမသိတဲ့ကလေးကို သူ့ဦးလေးက ရည်းစားတော်ကာ လက်ထပ်မယ် လုပ်နေတာလားဆိုပြီး တွေးမိကာ ဆံပင်တွေပါ ထောင်ချင်လာသည်။
ဒီရိုးသားတဲ့ကောင်လေးက သူတို့လို အသိုင်းအဝိုင်းနဲ့ ဘယ်လိုမှ မအက်စပ် ရိုးရိုးရှင်းရှင်း ပျော်ပျော်ရွှင်ရွှင် ဘဝမှာသာ နေခွင့်ရသင့်တာ။
အကယ်၍ သူသာဆိုရင်တော့ အချစ်ဆိုတာ ဘာမှန်းသွားအောင် အများကြီးချစ်ပြမိမှာ။အား Pond Naravit စိတ်ထိန်းစိတ်ထိန်း ဘာတွေတွေးနေတာလဲ သူက မင်းဦးလေးရည်းစား မင်းဦးလေးရည်းစား။
အတွေးတွေကို ထိန်းချုပ်ပြီး ကားလေးကို မောင်းကာ အိမ်ဘက်ကို ဦးတည်လိုက်ရတယ်။ဒီနေ့ရဲ့ သင်ခန်းစာကတော့ Phuwin ဆိုတဲ့ကောင်လေးနဲ့ နီးနီးကပ်ကပ်နေခြင်းက သူ့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်စေတယ်ဆိုတာပဲ ......။
TBC.......
ပုံမှန်ထပ် နောက်ကျသွားလို့တောင်းပန်ပါတယ်အချစ်လေးတို့ရေ 。:゚(;'∩';)゚:。
မြန်မြန် update ပေးနိုင်အောင် ကြိုးစားပေးပါ့မယ် 🙊
There are no comments yet. Log in to be the first to leave a review!





