Fanfics

အပိုင္း၁၂

07:50, 25 November 2021

ေဂ်ာင္ဂုသည္ ယခုခ်ိန္မွာေတာ့ ေဆာေယာင္းအေဖရဲ့ စာပနာကိုေရာက္ေနေလသည္။ဘဲ့မူးေယာင္းဘယ္လိုေသသြားလဲဆိုတာသူလည္းအသိျဖစ္တယ္။ယြန္ဂီႏွင့္အတူ ျမို့ျပင္ကိုသြားေတာ့ ေဂ်ာင္ဂုသည္ ကားေပၚမွာေစာင့္မေနဘဲ ယြန္ဂီရဲ့ေနာက္ကိုလိုက္လာခဲ့သည္။ အဲ့မွာပဲ လူတစ္ေယာက္ဟာ ဘဲ့မူေယာင္းကို ပစ္သတ္လိုက္တာျဖစ္တယ္။ အခုခ်ိန္မွာေတာ့ ေဆာေယာင္းဟာ သူ့အေဖ ေဘးမွာထိုင္ရင္းငိုေနသည္မွာ မ်က္ႏွာပင္ျဖူဖတ္ေနေလျပီ။ ထိုအခ်ိန္ ေဂ်ာင္ဂုတံခါးေဘးကခံုမွာထိုင္ေနတုန္း ေဆာေယာင္းသူငယ္ခ်င္းေတြေရာက္လာေလသည္။ထိုအထဲမွာမွ

'' ေဂ်ာင္ဂု!!!!!''

''ဂ်ီမင္ရီွး ဘယ္လိုေရာက္လာတာလဲ မေတြ့တာေတာင္အရမ္းၾကာသြားျပီေနာ္''

ဂ်ီမင္သည္ ေဆာေယာင္းအေဖဆံုးတဲ့သတင္းကိုအေဖ့ဆီကၾကားလိုက္ရေတာ့ ေဆာေယာင္းကိုစိတ္ပူျပီးအျမန္လာခဲ့တယ္။ ဒီေရာက္ေတာ့ ေဂ်ာင္ဂုကိုေတြ့လိုက္ေရေတာ့ ေပ်ာ္လည္းေပ်ာ္ အံ့လည္းအံၾသေနရသည္။

ဂ်ီမင္ႏွင့္ ေဂ်ာင္ဂုတို့ႏွစ္ေယာက္ အျပင္ထြက္လာၾကျပီး စကားစမည္ၾကသည္။

'' ဘယ္လိုလဲ ဒီႏွစ္အတြင္း ...''

ဂ်ီမင္က ေဂ်ာင္ဂုကို ေမးလိုက္ေလသည္။ထိုအခါေဂ်ာင္ဂုက သက္ျပင္းခ်လုိက္သည္။ဂ်ီမင္ဆိုတာက ေဂ်ာင္ဂုအထက္တန္းတုန္းကခင္မင္ခဲ့တဲ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္တယ္။ အထက္တန္းေနာက္ဆံုးႏွစ္ေရာက္ေတာ့ ဂ်ီမင္ကေက်ာင္းေျပာင္းသြားတယ္။အဲ့ေနာက္ သူတို့အဆက္အသြယ္ပ်က္သြားၾကတယ္။ ေနာက္ပိုင္း ျပန္မေတြ့ၾကေပမယ့္အခုျပန္ေတြ့ေတာ့လည္းအရမ္းၾကီးအေနမခက္တဲ့အျပင္ သက္ေတာင့္သက္သာရိွတယ္။

''ငါ့မိဘေတြေသသြားျပီ ျပီးေတာ့ ေဆာေယာင္းနဲ့လည္းပ်က္သြားျပီ''

''ငါသိတယ္ ငါ့အေဖကေန မင္းမိဘေတြေသသြားတာကိုၾကားေတာ့ငါခ်က္ခ်င္းလာခဲ့လို့မရဘူး အဲ့တုန္းကငါ့အေမလည္းအသဲအသန္ျဖစ္ေနျပီး ငါ့မိသားစုစီးပြားေရးကလည္းအရမ္းက်ပ္တည္းခဲ့တယ္ မင္းေလာက္မဆိုးေပမယ့္ငါလည္းအဆင္ေျပမေနဘူး ဒါနဲ့ ေဆာေယာင္းနဲ့ကဘယ္လိုျဖစ္တာလဲ''

ဂ်င္မင္ေမးလိုက္ေတာ့ ေဂ်ာင္ဂုသည္ လက္ကိုေဘာင္းဘီအိတ္ကပ္ထဲလ်ိုထည့္လိုက္ျပီး

''ဒီတိုင္းပါပဲ''

''ဒါဆို မင္းသူ့အေပၚခံစားခ်က္မရိွေတာ့ဘူးလား''

''ဟင့္အင္း အရင္ကေတာ့ငါေတြေ၀ေနေသးတယ္ ဒါမဲ့အခုေတာ့ေသခ်ာသြားျပီ ငါမွာသူ့အတြက္ခံစားခ်က္မရိွေတာ့ဘူး ငါသူမကိုမခ်စ္ေတာ့ဘူး''

''အခ်စ္သစ္ေတြ့ေနျပီလား ''

''ဆိုပါေတာ့ သူက ငါ့ကိုဘာကေနာက္ဆံုးအခ်စ္လဲဆိုတာသိေစတယ္ ငါ့မိဘေသသြားေတာ့ ငါ့ဘ၀တဟ္ခုလံုးတိတ္ဆိတ္သြားခဲ့တယ္  အထီးက်န္ခဲ့တယ္ ေဆာေယာင္းကျပန္ေက်ာခိုင္းသြားေတာ့ငါ့အတြက္ေပ်ာ္ရႊင္မွဳဆိုတာ မရိွေတာ့ဘူး   ေနာက္ေတာ့ သူငါ့ဘ၀ထဲကို၀င္လာခဲ့တယ္ ေအာ္ မဟုတ္ဘူး ငါဆဲြေခၚခဲ့တယ္ သူ့ကိုျမင္လိုက္ရေတာ့ငါ့ေဘးမွာပဲရိွေနေစခ်င္တယ္      ဒါမဲ့ဘာလို့မွန္းမသိဘူးအခုခ်ိန္ထိငါတို့အတူမေနႏိုင္ေသးဘူး    ''

''ငါအၾကံေပးရမယ္ဆိုရင္ေတာ့ မင္းသူ့ကိုေစာင့္ေနသင့္တယ္ အဆံုးထိေတာ့တစ္ခါေလာက္သြားၾကည့္ေပါ့''

ဂ်င္မင္ရဲ့အားေပးသံၾကားေတာ့ ေဂ်ာင္ဂုလည္းအားတက္ရတာေပါ့ ဒါ့ေၾကာင့္သူတို့တစ္ခါေလာက္လက္ဆဲြႏွုတ္ဆက္ၾကတယ္။

သူတို့ရပ္ေနၾကတုန္း အနားကိုေဆာေယာင္းေရာက္လာခဲ့တယ္။အခုမွ သတိထားမိတယ္ သူတို့သူငယ္ခ်င္းသံုးေယာက္မဆံုတာေတာင္ ၾကာခဲ့ျပီမဟုတ္လား။ အရင္တုန္းက ထမင္းတစ္ပန္းကန္ထဲမွာစားခဲ့ၾကတဲ့သူတို့က အခုေတာ့ ရင့္က်က္ခဲ့ပါျပီ။

ေဆာေယာင္းသည္ ေဂ်ာင္ဂုႏွင့္ ဂ်င္မင္ဘက္ကုိလွည့္ကာ အတတ္ႏိုင္ဆံုးျပံုးရယ္လိုက္ျပီး

''ေရာက္လာေပးလို့ေက်းဇူးပဲ တကယ္ေက်းဇူးတင္ပါတယ္''

''ရပါတယ္အားလံုးကသူငယ္ခ်င္းေတြပဲ''

ဂ်င္မင္ကေျပာလိုက္ေတာ့ေဆာေယာင္းကဂ်င္မင္ဘက္ကိုလွည့္ျပီး

''ဂ်င္မင္နား အထဲမွာခနေစာင့္ေပးပါလား ငါေဂ်ာင္ဂုနဲ့ေျပာစရာရိွလို့''

''ရတယ္ရတယ္ ငါကအဆင္ေျပတယ္ မင္းတို့ေျပာၾက ''

ဆိုကာဂ်င္မင္သည္ အထဲကို၀င္သြားေလသည္။ ဂ်င္မင္ထြက္သြားေတာ့ ေဆာေယာင္းသည္ ေဂ်ာင္ဂုလက္ကိုကိုင္ကာ ငိုေၾကြးေလေတာ့သည္။

'' ငါေတာင္းပန္ပါတယ္ ေဂ်ာင္ဂု ငါမသိခဲ့ဘူး ငါ့အေဖက ငါ့အေဖက နင့္မိဘေတြကိုသတိခဲ့မွန္း ငါတကယ္မသိတာပါ ေတာင္းပန္ပါတယ္ ေဂ်ာင္ဂု........''

လြန္ခဲ့တဲ့ကိုးႏွစ္က ေဂ်ာင္ဂုမိဘေတြႏွင့္ ေဆာေယာင္းအေဖနဲ့ကအရမ္းရင္းႏီွးတဲ့ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကတယ္။ တစ္ေန့ေတာ့ေဂ်ာင္ဂုမိဘေတြက ေဆာေယာင္းအေဖရဲ့နယ္စပ္က ေဆးရံုဖြင့္ပဲြကို သြားခဲ့ၾကတယ္။အဲ့မွာ ေပ်ာ္ရႊင္ပဲြလုပ္ေနတုန္းမွာပဲ ေဆာေယာင္းအေဖက ေဂ်ာင္ဂုအေမကို ေဆးခတ္လိုက္တယ္။အေၾကာင္းက သူမကို စမ္းသပ္မွုတစ္ခုျပုလုပ္ဖို့ျဖစ္တယ္။ထိုအခ်ိန္မွာ ဟည့္သည္ေတြလည္းမရိွေတာ့သလို သံေခါင္ယံပင္ျဖစ္ေနတာေၾကာင့္ ေဂ်ာင္ဂုအေဖ ဂၽြန္ဆယ္ဟြန္းက မူးျပီးအိပ္ေပ်ာ္သြားခဲ့တယ္။

ဦးေႏွာက္ခဲြစိတ္မွုကို psycho တစ္ခုလို တပ္မက္ စဲြလမ္းေနတဲ့ ဘဲ့မူေယာင္းက အမွတ္မထင္ ေဂ်ာင္ဂုရဲ့အေမျဖစ္သူကို စမ္းသပ္ခဲြစိတ္ခဲ့ပါတယ္။ယံုၾကည္မွုေတြလြန္က်ူးေနတဲ့ ဘဲ့မူေယာင္းဟာ ခဲြစိတ္မွုကို ဗီဒီယိုမွတ္တမ္းတင္ခဲ့တယ္။ မူေယာင္းခဲြစိတ္တဲ့ေနရာက ျမို့ရြာအေသးေလးတစ္ခုျဖစ္တာေၾကာင့္ ေဆးေတြလည္းမစံုသလို စက္ကိရိယာေတြလည္းမစံုေတာ့ ေဂ်ာင္ဂုရဲ့မိခင္ဆံုးသြားခဲ့တယ္။

အမူးေျပသြားျပီျဖစ္တဲ့ ဆယ္ဟြန္းဟာ ဇနီးျဖစ္သူကို မူေယာင္းစမ္းသပ္ခဲြစိတ္လိုက္မွန္းသိလိုက္ရတယ္။ထိုအခ်ိန္ခဲြခန္းမွာ ႏွစ္ေယာက္သားကေတာင့္ကဆျဖစ္ေနတုန္းသူနာျပဳေကာင္ေလးတစ္ေယာက္ဟာ ဆယ္ဟြန္းကိုခဲြဓားနဲ့ထိုးသတ္လိုက္တယ္။မေသေသးပဲ အသက္ေမ်ာ့ေမ်ာ့ေလးနဲ့ ၾကမ္းျပင္မွလဲက်ေနတဲ့ ဆယ္ဟြန္းကိုၾကည့္ျပီး မူေယာင္းတစ္ေယာက္ ရူးမိုက္တဲ့ဆံုးျဖတ္ခ်က္တစ္ခုကိုခ်လိုက္ျပန္တယ္။

ထိုအရာကေနာက္ထပ္ ခဲြစိတ္ျခင္းပဲျဖစ္ပါတယ္။

ကံမေကာင္းစြာနဲ့ ဂၽြန္ဆယ္ဟြန္းရဲ့ခဲြစိတ္မွဳကလည္းမေအာင္ျမင္တဲ့အျပင္အသက္ပါဆံုးရံွုးသြားလိုက္ရသည္။

ဆယ္ဟြန္းႏွင့္ မူေယာင္းတို့ကေတာင့္ကဆမျဖစ္ခင္ ဆယ္ဟြန္းကဇနီးသည္ရဲ့ခဲြစိတ္မွုမွတ္တမ္းကို သားျဖစ္သူရဲ့ ဖုန္းကိုပို့ေပးထားျပီးသားျဖစ္တယ္။

တစ္ဖက္မွာ ေဂ်ာင္ဂုဟာ ပိတ္ရက္မို့ မိဘေတြမရိွတုန္း တီဗီဂိမ္းေဆာ့ေနတုန္း ကြန္ျပူတာကေန ဗီဒီယိုတစ္ခုပို့လာတယ္။ ထိုဗီဒီယိုကိုေဂ်ာင္ဂုၾကည့္လိုက္ေတာ့ လက္ေတြပါတုန္လာျပီးမ်က္ရည္ေတြပါက်လာတယ္။ မိခင္ျဖစ္သူကို ၾကည့္မေကာင္းတဲ့စက္ကိရယာေတြနဲ့ ခဲြစိတ္ေနတာျဖစ္တယ္။ထိုဗဒီယိုၾကည့္ျပီးတာနဲ့ ေဂ်ာင္ဂုဟာ မိဘေတြရဲ့ဖုန္းကိုအၾကိမ္ၾကိမ္ဆက္ေလသည္။

မနက္ေရာက္ေတာ့ ရဲကိုအေၾကာင္းၾကားဖို့ျပင္ေနတုန္းျခံထဲကိုလူစိမ္းတစ္ခ်ို့၀င္လာျပီး ေဂ်ာင္ဂုကိုရိုက္ႏွက္ကာ အေဖပို့ထားတဲ့ ဗီဒီယိုကိုပါ ဖ်က္စီးလိုက္ျပီး အသစ္ခၽြတ္ခၽြတ္ကြန္ျပူတာေလးကိုုတုတ္ေတြနဲ့ရိုက္ကာဖ်က္စီးလိုက္သည္။

ေဂ်ာင္ဂုတစ္ေယာက္ေသြးေတြေပက်ံေနျပီး ၾကမ္းျပင္မွာ တစ္ေယာက္တည္း လဲက်ေနခဲ့တာ ေဆးရံုကိုေတာင္မသြားႏိုင္ရွာဘူး။

ေနာက္တစ္ေန့ေရာက္ေတာ့ ေဂ်ာင္ဂုတစ္ေယာက္နာက်င္မွုေတြနဲ့ႏိုးလာချ့တယ္ ကိုယ့္ဘာသာဒဏ္ရာကိုပတ္တီးစည္းျပီး အျပင္ကိုထြက္လာခဲ့တယ္.ပထမဆံုးၾကားလိုက္ရတာက မိဘႏွစ္ပါးနယ္စပ္ကအျပန္ကားမေတာ္တဆမွူနဲ့ေသဆံုးသြားတဲ့အေၾကာင္းပင္။ရဲေတြကို ေဂ်ာင္ဂုေျပာျပလည္း ရဲေတြကေကာင္ေလးတစ္ေယာက္ရဲ့စကားထက္ သက္ေသေတြကိုသာပိုယံုၾကည္ေနခဲ့ေတာ့ အမွုလည္းပိတ္သြားတယ္။

စာပနာေန့ေတြလည္းျပီးသြားေတာ့ ေဂ်ာင္ဂုအိပ္ယာမွာေမ်ာ့ေမ်ာ့ေလးသာက်န္ေနေတာ့တယ္။

ထိုအခ်ိန္ ေဆာေယာင္းဆီကေနဖုန္းလာခဲ့တယ္။

''ေဂ်ာင္ဂု ငါတို့လမ္းခဲြၾကရေအာင္.....ငါတို့ကမလိုက္ဖက္ဘူး''

ခ်စ္သူဆီကေနၾကားလိုက္ရတဲ့စကားေၾကာင့္ ေဂ်ာင္ဂု ရွင္သန္ခ်င္စိတ္ပါေပ်ာက္သြားတယ္။သို့ေသာ္ သူမလည္း မိမိကို စိတ္ပ်က္ႏိုင္တာေပါ့ သူမဆံုးျဖတ္ခ်က္ကိုလက္ခံေပးရမွာေပါ့  အခုခ်ိန္မွာဆံုးရံွဳးလက္စနဲ့ဆက္ဆံုးရံွုးၾကတာေပါ့ ေဂ်ာင္ဂု။

ထိုသို့ေတြးရင္း ေဂ်ာင္ဂုခက္ခဲတဲ့ဆံုးျဖတ္ခ်က္နဲ့ အားနည္းတဲ့စကားသံတို့ျဖင့္ေျပာလိုက္သည္မွာ

''ေကာင္းျပီေလ လမ္းခဲြၾကတာေပါ့''

သူထိုသို့ေျပာျပီးတာနဲ့ဖုန္းခ်လိုက္ျပီး ေခါင္းအုန္းကို အၾကိမ္ၾကိမ္ထိုးကာ မ်က္ရည္မ်က္ခြက္နဲ့ငိုေနခဲ့တယ္။ကိုယ့္ကိုကိုယ္အားမရခဲ့ဘူး။ဒါမဲ့သူမကိုဘယ္လိုစိတ္နဲ့မ်ားမသြားဖို့ဆဲြထားရက္မွာလဲ။ထားပါေလ .......

အျခားတစ္ဖက္မွာေတာ့ ေဆာေယာင္းအေဖဟာ ေဆာေယာင္းကိုျခိမ္းေျခာက္ေနေလသည္။

''ေဆာေယာင္း မင္းအဲ့ေကာင္နဲ့ဆက္ပတ္သတ္အုန္းမယ္ဆိုရင္ေတာ့ သူ့အသက္ကိုငါအာမ မခံႏိုင္ဘူးေနာ္''

အေဖဆိုတာက သူမငယ္ငယ္တုန္းက ေရြးခ်ယ္မွုတိုင္းကို ပိတ္ပင္ကာ သူ့နည္းလမ္းအတိုင္းလိုက္ေလွ်ာက္ခိုင္းသူတစ္ဦးျဖစ္တယ္။သို့ေသာ္ ဒီတစ္ခါေတာ့ သူမျငင္းဆန္ရလိမ့္မယ္။

''ဒီတစ္ခါေတာ့ သမီးလက္မခံႏိုင္ဘူးေဖေဖ သမီး သူ့ကိုမစြန့္လႊတ္ႏိုင္ဘူး သမီးသူ့ကိုသေဘာက်တယ္''

''ေကာင္းျပီေလ ဒါဆို မင္းအခုသူ့ကို ဖုန္းေခၚၾကည့္ျပီး လမ္းခဲြၾကည့္လိုက္ သူ့ဘက္က ဘာတုန့္ျပန္မွုမွ မရိွရင္ သမီးသူႏွင့္ဆက္မပတ္သတ္နဲ့ေတာ့  အေဖ့သမီးကို ငေၾကာင္ေကာင္တစ္ေယာက္လက္ထဲမထည့္ေပးႏိုင္ဘူး''

အေဖေျပာတာသဘာ၀က်တာေၾကာင့္ ေဆာေယာင္းလက္ခံလိုက္တယ္။ ေဆာေယာင္း ေဂ်ာင္ဂုကိုေမွ်ာ္လင့္ခ်က္ၾကီးၾကီးထားျပီး ဖုန္းေခၚလိုက္တယ္။

'' (hello)''

''ေဂ်ာင္ဂု ငါတို့လမ္းခဲြရေအာင္.......ငါတို့ကမလိုက္ဖက္ဘူး''

ေဆာေယာင္း ေျပာလိုက္ေတာ့ ေဂ်ာင္ဂုဟာတိတ္ဆိတ္သြားတယ္။

မလုပ္ပါနဲ့ ေဂ်ာင္ဂု တစ္ခုုခုေျပာပါဦး.....တစ္ခုုခုေျပာပါ...နင္ငါ့ကိုတားေလ ေအာ္ေျပာလိုက္ေလ ျငိမ္မေနပါနဲ့....ေတာင္းဆိုပါတယ္ ေဂ်ာင္ဂုတစ္ခုခုေျပာပါ။

''ေကာင္းျပီေလ လမ္းခဲြၾကတာေပါ့''

ေအးေအးေဆးေဆးေျပာလာေတာ့ ေဂ်ာင္ဂုစကားေၾကာင့္ ေဆာေယာင္းသည္လက္ထဲကဖုန္းက ၾကမ္းျပင္ေပၚကို က်သြားေလသည္္။

လြယ္လိုက္တာေဂ်ာင္ဂုေရ.....လြယ္လိုက္တာ....

ေဆာေယာင္းၾကမ္းျပင္ေပၚမွာအရုပ္ၾကိုးပ်က္ထိုင္ခ်ျပီး ငိုေၾကြးေနမိတယ္။ေဂ်ာင္ဂုကသူမရဲ့အခ်စ္ဦးျဖစ္သလိုေနာက္ဆံုးထိ လက္တဲြသြားခ်င္တဲ့သူျဖစ္တယ္။ဒါမယ့္အခုေတာ့ နင္ကလြယ္လြယ္ေလး ေနာက္ဆုတ္လိုက္တာလား

ငါတို့ဟာ ကံတရားရဲ့စမ္းသပ္မွု ပထမအဆင့္မွာတင္ခံႏိုင္ရည္မရိွခဲ့ၾကသလို အရံွုးေပးလိုက္ရတယ္။ဒါမယ့္ ငါတို့မွာ လွပတဲ့ပံုျပင္ေလးရိွခဲ့ၾကတယ္။

ယခုအခ်ိန္မွာ ေဆာေယာင္းကို ေဂ်ာင္ဂု ဖက္ထားေပးရင္းႏွစ္သိမ့္ေပးလိုက္္သည္။

''ဒါကမင္းအမွားမဟုတ္ပါဘူး အန္ကယ္လည္းသူ့အျပစ္နဲ့သူျဖစ္သြားျပီဆိုေတာ့ ငါလည္းေက်ေအးေပးႏိုင္တယ္ အခုေတာ့ငါတို့အထဲကို၀င္ၾကရေအာင္''

ဆိုျပီး ေဂ်ာင္ဂုသည္ ေဆာေယာင္းကုိဖက္ထားရာကေန လြတ္လိုက္ျပီး အထဲကိုအရင္၀င္ႏွင့္ရန္ျပင္လိုက္ေတာ့

''ငါတို့အရင္လိုျပန္မျဖစ္ႏိုင္ေတာ့ဘူးလား ေဂ်ာင္ဂု''

ေမွ်ာ္လင့္တာၾကီး ေဆာေယာင္းေမးလိုက္တယ္။ထိုအခါ ေဂ်ာင္ဂုကျပံုးျပီး သူမဘက္ကိုလွည့္လာကာ

''အတိတ္ကို အတိတ္မွာ ထားခဲ့တာ ေကာင္းမယ္  ငါတို့အရင္လိုျပန္မျဖစ္ႏိုင္ေတာ့ဘူး  ငါကသူႏွင့္အနာဂတ္ကိုပဲေလွ်ာက္လွမ္းေတာ့မယ္                                                                                                        အတိတ္ကိုျပန္ၾကည့္ဖို့ငါ့အခ်ိန္ကိုမဖဲ့ေပးႏိုင္ေတာ့ဘူး.....ဂူသြင္းခ်ိန္ေရာက္ေတာ့မယ္ သြားျပင္ဆင္လိုက္ဦး''

ေဂ်ာင္ဂုဟာ ေဆာေယာင္းကိုတစ္ေယာက္တည္းထားခဲ့ျပီးအထဲကိုအရင္၀င္သြားေလသည္။

ေဆာေယာင္းကမူ သစ္ပင္ေအာက္မွာရပ္ေနရင္း ျပံုးလိုက္တယ္။ကံတရားေၾကာင့္ေ၀းကြာသြားရတဲ့ငါတို့ကျပန္ေပါင္းဖက္ဖို့မျဖစ္ႏိုင္ေတာ့ဘူးပဲ။ ပံုျပင္ကျပီးပါျပီ ဆိုေနမွ ဘာအေၾကာင္းကိုမ်ားေမွ်ာ္လင့္တၾကားနားစြင့္ေနတာလဲ ....ေလာကၾကီးကက်ယ္တယ္ဆိုတာတကယ္ပါလား.....ငါတို့နည္းနည္းေလးေတာင္မနီးလာခဲ့ၾကဘူး...

~~~~~~~~~~~~~~

unicode

ဂျောင်ဂုသည် ယခုချိန်မှာတော့ ဆောယောင်းအဖေရဲ့ စာပနာကိုရောက်နေလေသည်။ဘဲ့မူးယောင်းဘယ်လိုသေသွားလဲဆိုတာသူလည်းအသိဖြစ်တယ်။ယွန်ဂီနှင့်အတူ မြို့ပြင်ကိုသွားတော့ ဂျောင်ဂုသည် ကားပေါ်မှာစောင့်မနေဘဲ ယွန်ဂီရဲ့နောက်ကိုလိုက်လာခဲ့သည်။ အဲ့မှာပဲ လူတစ်ယောက်ဟာ ဘဲ့မူယောင်းကို ပစ်သတ်လိုက်တာဖြစ်တယ်။ အခုချိန်မှာတော့ ဆောယောင်းဟာ သူ့အဖေ ဘေးမှာထိုင်ရင်းငိုနေသည်မှာ မျက်နှာပင်ဖြူဖတ်နေလေပြီ။ ထိုအချိန် ဂျောင်ဂုတံခါးဘေးကခုံမှာထိုင်နေတုန်း ဆောယောင်းသူငယ်ချင်းတွေရောက်လာလေသည်။ထိုအထဲမှာမှ

'' ဂျောင်ဂု!!!!!''

''ဂျီမင်ရှီး ဘယ်လိုရောက်လာတာလဲ မတွေ့တာတောင်အရမ်းကြာသွားပြီနော်''

ဂျီမင်သည် ဆောယောင်းအဖေဆုံးတဲ့သတင်းကိုအဖေ့ဆီကကြားလိုက်ရတော့ ဆောယောင်းကိုစိတ်ပူပြီးအမြန်လာခဲ့တယ်။ ဒီရောက်တော့ ဂျောင်ဂုကိုတွေ့လိုက်ရေတော့ ပျော်လည်းပျော် အံ့လည်းအံသြနေရသည်။

ဂျီမင်နှင့် ဂျောင်ဂုတို့နှစ်ယောက် အပြင်ထွက်လာကြပြီး စကားစမည်ကြသည်။

'' ဘယ်လိုလဲ ဒီနှစ်အတွင်း ...''

ဂျီမင်က ဂျောင်ဂုကို မေးလိုက်လေသည်။ထိုအခါဂျောင်ဂုက သက်ပြင်းချလိုက်သည်။ဂျီမင်ဆိုတာက ဂျောင်ဂုအထက်တန်းတုန်းကခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ အထက်တန်းနောက်ဆုံးနှစ်ရောက်တော့ ဂျီမင်ကကျောင်းပြောင်းသွားတယ်။အဲ့နောက် သူတို့အဆက်အသွယ်ပျက်သွားကြတယ်။ နောက်ပိုင်း ပြန်မတွေ့ကြပေမယ့်အခုပြန်တွေ့တော့လည်းအရမ်းကြီးအနေမခက်တဲ့အပြင် သက်တောင့်သက်သာရှိတယ်။

''ငါ့မိဘတွေသေသွားပြီ ပြီးတော့ ဆောယောင်းနဲ့လည်းပျက်သွားပြီ''

''ငါသိတယ် ငါ့အဖေကနေ မင်းမိဘတွေသေသွားတာကိုကြားတော့ငါချက်ချင်းလာခဲ့လို့မရဘူး အဲ့တုန်းကငါ့အမေလည်းအသဲအသန်ဖြစ်နေပြီး ငါ့မိသားစုစီးပွားရေးကလည်းအရမ်းကျပ်တည်းခဲ့တယ် မင်းလောက်မဆိုးပေမယ့်ငါလည်းအဆင်ပြေမနေဘူး ဒါနဲ့ ဆောယောင်းနဲ့ကဘယ်လိုဖြစ်တာလဲ''

ဂျင်မင်မေးလိုက်တော့ ဂျောင်ဂုသည် လက်ကိုဘောင်းဘီအိတ်ကပ်ထဲလျိုထည့်လိုက်ပြီး

''ဒီတိုင်းပါပဲ''

''ဒါဆို မင်းသူ့အပေါ်ခံစားချက်မရှိတော့ဘူးလား''

''ဟင့်အင်း အရင်ကတော့ငါတွေဝေနေသေးတယ် ဒါမဲ့အခုတော့သေချာသွားပြီ ငါမှာသူ့အတွက်ခံစားချက်မရှိတော့ဘူး ငါသူမကိုမချစ်တော့ဘူး''

''အချစ်သစ်တွေ့နေပြီလား ''

''ဆိုပါတော့ သူက ငါ့ကိုဘာကနောက်ဆုံးအချစ်လဲဆိုတာသိစေတယ် ငါ့မိဘသေသွားတော့ ငါ့ဘဝတဟ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ် အထီးကျန်ခဲ့တယ် ဆောယောင်းကပြန်ကျောခိုင်းသွားတော့ငါ့အတွက်ပျော်ရွှင်မှုဆိုတာ မရှိတော့ဘူး နောက်တော့ သူငါ့ဘဝထဲကိုဝင်လာခဲ့တယ် အော် မဟုတ်ဘူး ငါဆွဲခေါ်ခဲ့တယ် သူ့ကိုမြင်လိုက်ရတော့ငါ့ဘေးမှာပဲရှိနေစေချင်တယ် ဒါမဲ့ဘာလို့မှန်းမသိဘူးအခုချိန်ထိငါတို့အတူမနေနိုင်သေးဘူး ''

''ငါအကြံပေးရမယ်ဆိုရင်တော့ မင်းသူ့ကိုစောင့်နေသင့်တယ် အဆုံးထိတော့တစ်ခါလောက်သွားကြည့်ပေါ့''

ဂျင်မင်ရဲ့အားပေးသံကြားတော့ ဂျောင်ဂုလည်းအားတက်ရတာပေါ့ ဒါ့ကြောင့်သူတို့တစ်ခါလောက်လက်ဆွဲနှုတ်ဆက်ကြတယ်။

သူတို့ရပ်နေကြတုန်း အနားကိုဆောယောင်းရောက်လာခဲ့တယ်။အခုမှ သတိထားမိတယ် သူတို့သူငယ်ချင်းသုံးယောက်မဆုံတာတောင် ကြာခဲ့ပြီမဟုတ်လား။ အရင်တုန်းက ထမင်းတစ်ပန်းကန်ထဲမှာစားခဲ့ကြတဲ့သူတို့က အခုတော့ ရင့်ကျက်ခဲ့ပါပြီ။

ဆောယောင်းသည် ဂျောင်ဂုနှင့် ဂျင်မင်ဘက်ကိုလှည့်ကာ အတတ်နိုင်ဆုံးပြုံးရယ်လိုက်ပြီး

''ရောက်လာပေးလို့ကျေးဇူးပဲ တကယ်ကျေးဇူးတင်ပါတယ်''

''ရပါတယ်အားလုံးကသူငယ်ချင်းတွေပဲ''

ဂျင်မင်ကပြောလိုက်တော့ဆောယောင်းကဂျင်မင်ဘက်ကိုလှည့်ပြီး

''ဂျင်မင်နား အထဲမှာခနစောင့်ပေးပါလား ငါဂျောင်ဂုနဲ့ပြောစရာရှိလို့''

''ရတယ်ရတယ် ငါကအဆင်ပြေတယ် မင်းတို့ပြောကြ ''

ဆိုကာဂျင်မင်သည် အထဲကိုဝင်သွားလေသည်။ ဂျင်မင်ထွက်သွားတော့ ဆောယောင်းသည် ဂျောင်ဂုလက်ကိုကိုင်ကာ ငိုကြွေးလေတော့သည်။

'' ငါတောင်းပန်ပါတယ် ဂျောင်ဂု ငါမသိခဲ့ဘူး ငါ့အဖေက ငါ့အဖေက နင့်မိဘတွေကိုသတိခဲ့မှန်း ငါတကယ်မသိတာပါ တောင်းပန်ပါတယ် ဂျောင်ဂု........''

လွန်ခဲ့တဲ့ကိုးနှစ်က ဂျောင်ဂုမိဘတွေနှင့် ဆောယောင်းအဖေနဲ့ကအရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ တစ်နေ့တော့ဂျောင်ဂုမိဘတွေက ဆောယောင်းအဖေရဲ့နယ်စပ်က ဆေးရုံဖွင့်ပွဲကို သွားခဲ့ကြတယ်။အဲ့မှာ ပျော်ရွှင်ပွဲလုပ်နေတုန်းမှာပဲ ဆောယောင်းအဖေက ဂျောင်ဂုအမေကို ဆေးခတ်လိုက်တယ်။အကြောင်းက သူမကို စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ဖြစ်တယ်။ထိုအချိန်မှာ ဟည့်သည်တွေလည်းမရှိတော့သလို သံခေါင်ယံပင်ဖြစ်နေတာကြောင့် ဂျောင်ဂုအဖေ ဂျွန်ဆယ်ဟွန်းက မူးပြီးအိပ်ပျော်သွားခဲ့တယ်။

ဦးနှောက်ခွဲစိတ်မှုကို psycho တစ်ခုလို တပ်မက် စွဲလမ်းနေတဲ့ ဘဲ့မူယောင်းက အမှတ်မထင် ဂျောင်ဂုရဲ့အမေဖြစ်သူကို စမ်းသပ်ခွဲစိတ်ခဲ့ပါတယ်။ယုံကြည်မှုတွေလွန်ကျူးနေတဲ့ ဘဲ့မူယောင်းဟာ ခွဲစိတ်မှုကို ဗီဒီယိုမှတ်တမ်းတင်ခဲ့တယ်။ မူယောင်းခွဲစိတ်တဲ့နေရာက မြို့ရွာအသေးလေးတစ်ခုဖြစ်တာကြောင့် ဆေးတွေလည်းမစုံသလို စက်ကိရိယာတွေလည်းမစုံတော့ ဂျောင်ဂုရဲ့မိခင်ဆုံးသွားခဲ့တယ်။

အမူးပြေသွားပြီဖြစ်တဲ့ ဆယ်ဟွန်းဟာ ဇနီးဖြစ်သူကို မူယောင်းစမ်းသပ်ခွဲစိတ်လိုက်မှန်းသိလိုက်ရတယ်။ထိုအချိန်ခွဲခန်းမှာ နှစ်ယောက်သားကတောင့်ကဆဖြစ်နေတုန်းသူနာပြုကောင်လေးတစ်ယောက်ဟာ ဆယ်ဟွန်းကိုခွဲဓားနဲ့ထိုးသတ်လိုက်တယ်။မသေသေးပဲ အသက်မျော့မျော့လေးနဲ့ ကြမ်းပြင်မှလဲကျနေတဲ့ ဆယ်ဟွန်းကိုကြည့်ပြီး မူယောင်းတစ်ယောက် ရူးမိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြန်တယ်။

ထိုအရာကနောက်ထပ် ခွဲစိတ်ခြင်းပဲဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ ဂျွန်ဆယ်ဟွန်းရဲ့ခွဲစိတ်မှုကလည်းမအောင်မြင်တဲ့အပြင်အသက်ပါဆုံးရှုံးသွားလိုက်ရသည်။

ဆယ်ဟွန်းနှင့် မူယောင်းတို့ကတောင့်ကဆမဖြစ်ခင် ဆယ်ဟွန်းကဇနီးသည်ရဲ့ခွဲစိတ်မှုမှတ်တမ်းကို သားဖြစ်သူရဲ့ ဖုန်းကိုပို့ပေးထားပြီးသားဖြစ်တယ်။

တစ်ဖက်မှာ ဂျောင်ဂုဟာ ပိတ်ရက်မို့ မိဘတွေမရှိတုန်း တီဗီဂိမ်းဆော့နေတုန်း ကွန်ပြူတာကနေ ဗီဒီယိုတစ်ခုပို့လာတယ်။ ထိုဗီဒီယိုကိုဂျောင်ဂုကြည့်လိုက်တော့ လက်တွေပါတုန်လာပြီးမျက်ရည်တွေပါကျလာတယ်။ မိခင်ဖြစ်သူကို ကြည့်မကောင်းတဲ့စက်ကိရယာတွေနဲ့ ခွဲစိတ်နေတာဖြစ်တယ်။ထိုဗဒီယိုကြည့်ပြီးတာနဲ့ ဂျောင်ဂုဟာ မိဘတွေရဲ့ဖုန်းကိုအကြိမ်ကြိမ်ဆက်လေသည်။

မနက်ရောက်တော့ ရဲကိုအကြောင်းကြားဖို့ပြင်နေတုန်းခြံထဲကိုလူစိမ်းတစ်ချို့ဝင်လာပြီး ဂျောင်ဂုကိုရိုက်နှက်ကာ အဖေပို့ထားတဲ့ ဗီဒီယိုကိုပါ ဖျက်စီးလိုက်ပြီး အသစ်ချွတ်ချွတ်ကွန်ပြူတာလေးကိုတုတ်တွေနဲ့ရိုက်ကာဖျက်စီးလိုက်သည်။

ဂျောင်ဂုတစ်ယောက်သွေးတွေပေကျံနေပြီး ကြမ်းပြင်မှာ တစ်ယောက်တည်း လဲကျနေခဲ့တာ ဆေးရုံကိုတောင်မသွားနိုင်ရှာဘူး။

နောက်တစ်နေ့ရောက်တော့ ဂျောင်ဂုတစ်ယောက်နာကျင်မှုတွေနဲ့နိုးလာခြ့တယ် ကိုယ့်ဘာသာဒဏ်ရာကိုပတ်တီးစည်းပြီး အပြင်ကိုထွက်လာခဲ့တယ်.ပထမဆုံးကြားလိုက်ရတာက မိဘနှစ်ပါးနယ်စပ်ကအပြန်ကားမတော်တဆမှူနဲ့သေဆုံးသွားတဲ့အကြောင်းပင်။ရဲတွေကို ဂျောင်ဂုပြောပြလည်း ရဲတွေကကောင်လေးတစ်ယောက်ရဲ့စကားထက် သက်သေတွေကိုသာပိုယုံကြည်နေခဲ့တော့ အမှုလည်းပိတ်သွားတယ်။

စာပနာနေ့တွေလည်းပြီးသွားတော့ ဂျောင်ဂုအိပ်ယာမှာမျော့မျော့လေးသာကျန်နေတော့တယ်။

ထိုအချိန် ဆောယောင်းဆီကနေဖုန်းလာခဲ့တယ်။

''ဂျောင်ဂု ငါတို့လမ်းခွဲကြရအောင်.....ငါတို့ကမလိုက်ဖက်ဘူး''

ချစ်သူဆီကနေကြားလိုက်ရတဲ့စကားကြောင့် ဂျောင်ဂု ရှင်သန်ချင်စိတ်ပါပျောက်သွားတယ်။သို့သော် သူမလည်း မိမိကို စိတ်ပျက်နိုင်တာပေါ့ သူမဆုံးဖြတ်ချက်ကိုလက်ခံပေးရမှာပေါ့ အခုချိန်မှာဆုံးရှုံးလက်စနဲ့ဆက်ဆုံးရှုံးကြတာပေါ့ ဂျောင်ဂု။

ထိုသို့တွေးရင်း ဂျောင်ဂုခက်ခဲတဲ့ဆုံးဖြတ်ချက်နဲ့ အားနည်းတဲ့စကားသံတို့ဖြင့်ပြောလိုက်သည်မှာ

''ကောင်းပြီလေ လမ်းခွဲကြတာပေါ့''

သူထိုသို့ပြောပြီးတာနဲ့ဖုန်းချလိုက်ပြီး ခေါင်းအုန်းကို အကြိမ်ကြိမ်ထိုးကာ မျက်ရည်မျက်ခွက်နဲ့ငိုနေခဲ့တယ်။ကိုယ့်ကိုကိုယ်အားမရခဲ့ဘူး။ဒါမဲ့သူမကိုဘယ်လိုစိတ်နဲ့များမသွားဖို့ဆွဲထားရက်မှာလဲ။ထားပါလေ .......

အခြားတစ်ဖက်မှာတော့ ဆောယောင်းအဖေဟာ ဆောယောင်းကိုခြိမ်းခြောက်နေလေသည်။

''ဆောယောင်း မင်းအဲ့ကောင်နဲ့ဆက်ပတ်သတ်အုန်းမယ်ဆိုရင်တော့ သူ့အသက်ကိုငါအာမ မခံနိုင်ဘူးနော်''

အဖေဆိုတာက သူမငယ်ငယ်တုန်းက ရွေးချယ်မှုတိုင်းကို ပိတ်ပင်ကာ သူ့နည်းလမ်းအတိုင်းလိုက်လျှောက်ခိုင်းသူတစ်ဦးဖြစ်တယ်။သို့သော် ဒီတစ်ခါတော့ သူမငြင်းဆန်ရလိမ့်မယ်။

''ဒီတစ်ခါတော့ သမီးလက်မခံနိုင်ဘူးဖေဖေ သမီး သူ့ကိုမစွန့်လွှတ်နိုင်ဘူး သမီးသူ့ကိုသဘောကျတယ်''

''ကောင်းပြီလေ ဒါဆို မင်းအခုသူ့ကို ဖုန်းခေါ်ကြည့်ပြီး လမ်းခွဲကြည့်လိုက် သူ့ဘက်က ဘာတုန့်ပြန်မှုမှ မရှိရင် သမီးသူနှင့်ဆက်မပတ်သတ်နဲ့တော့ အဖေ့သမီးကို ငကြောင်ကောင်တစ်ယောက်လက်ထဲမထည့်ပေးနိုင်ဘူး''

အဖေပြောတာသဘာဝကျတာကြောင့် ဆောယောင်းလက်ခံလိုက်တယ်။ ဆောယောင်း ဂျောင်ဂုကိုမျှော်လင့်ချက်ကြီးကြီးထားပြီး ဖုန်းခေါ်လိုက်တယ်။

'' (hello)''

''ဂျောင်ဂု ငါတို့လမ်းခွဲရအောင်.......ငါတို့ကမလိုက်ဖက်ဘူး''

ဆောယောင်း ပြောလိုက်တော့ ဂျောင်ဂုဟာတိတ်ဆိတ်သွားတယ်။

မလုပ်ပါနဲ့ ဂျောင်ဂု တစ်ခုခုပြောပါဦး.....တစ်ခုခုပြောပါ...နင်ငါ့ကိုတားလေ အော်ပြောလိုက်လေ ငြိမ်မနေပါနဲ့....တောင်းဆိုပါတယ် ဂျောင်ဂုတစ်ခုခုပြောပါ။

''ကောင်းပြီလေ လမ်းခွဲကြတာပေါ့''

အေးအေးဆေးဆေးပြောလာတော့ ဂျောင်ဂုစကားကြောင့် ဆောယောင်းသည်လက်ထဲကဖုန်းက ကြမ်းပြင်ပေါ်ကို ကျသွားလေသည်။

လွယ်လိုက်တာဂျောင်ဂုရေ.....လွယ်လိုက်တာ....

ဆောယောင်းကြမ်းပြင်ပေါ်မှာအရုပ်ကြိုးပျက်ထိုင်ချပြီး ငိုကြွေးနေမိတယ်။ဂျောင်ဂုကသူမရဲ့အချစ်ဦးဖြစ်သလိုနောက်ဆုံးထိ လက်တွဲသွားချင်တဲ့သူဖြစ်တယ်။ဒါမယ့်အခုတော့ နင်ကလွယ်လွယ်လေး နောက်ဆုတ်လိုက်တာလား

ငါတို့ဟာ ကံတရားရဲ့စမ်းသပ်မှု ပထမအဆင့်မှာတင်ခံနိုင်ရည်မရှိခဲ့ကြသလို အရှုံးပေးလိုက်ရတယ်။ဒါမယ့် ငါတို့မှာ လှပတဲ့ပုံပြင်လေးရှိခဲ့ကြတယ်။

ယခုအချိန်မှာ ဆောယောင်းကို ဂျောင်ဂု ဖက်ထားပေးရင်းနှစ်သိမ့်ပေးလိုက်သည်။

''ဒါကမင်းအမှားမဟုတ်ပါဘူး အန်ကယ်လည်းသူ့အပြစ်နဲ့သူဖြစ်သွားပြီဆိုတော့ ငါလည်းကျေအေးပေးနိုင်တယ် အခုတော့ငါတို့အထဲကိုဝင်ကြရအောင်''

ဆိုပြီး ဂျောင်ဂုသည် ဆောယောင်းကိုဖက်ထားရာကနေ လွတ်လိုက်ပြီး အထဲကိုအရင်ဝင်နှင့်ရန်ပြင်လိုက်တော့

''ငါတို့အရင်လိုပြန်မဖြစ်နိုင်တော့ဘူးလား ဂျောင်ဂု''

မျှော်လင့်တာကြီး ဆောယောင်းမေးလိုက်တယ်။ထိုအခါ ဂျောင်ဂုကပြုံးပြီး သူမဘက်ကိုလှည့်လာကာ

''အတိတ်ကို အတိတ်မှာ ထားခဲ့တာ ကောင်းမယ် ငါတို့အရင်လိုပြန်မဖြစ်နိုင်တော့ဘူး ငါကသူနှင့်အနာဂတ်ကိုပဲလျှောက်လှမ်းတော့မယ် အတိတ်ကိုပြန်ကြည့်ဖို့ငါ့အချိန်ကိုမဖဲ့ပေးနိုင်တော့ဘူး.....ဂူသွင်းချိန်ရောက်တော့မယ် သွားပြင်ဆင်လိုက်ဦး''

ဂျောင်ဂုဟာ ဆောယောင်းကိုတစ်ယောက်တည်းထားခဲ့ပြီးအထဲကိုအရင်ဝင်သွားလေသည်။

ဆောယောင်းကမူ သစ်ပင်အောက်မှာရပ်နေရင်း ပြုံးလိုက်တယ်။ကံတရားကြောင့်ဝေးကွာသွားရတဲ့ငါတို့ကပြန်ပေါင်းဖက်ဖို့မဖြစ်နိုင်တော့ဘူးပဲ။ ပုံပြင်ကပြီးပါပြီ ဆိုနေမှ ဘာအကြောင်းကိုများမျှော်လင့်တကြားနားစွင့်နေတာလဲ ....လောကကြီးကကျယ်တယ်ဆိုတာတကယ်ပါလား.....ငါတို့နည်းနည်းလေးတောင်မနီးလာခဲ့ကြဘူး...

~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories