Fanfics

အပိုင္း၁၃

07:51, 25 November 2021

ေဂ်ာင္ဂုစာပနာကေနျပန္လာေတာ့ ယြန္ဂီ့ကိုဖုန္းေခၚေသာ္လည္း ယြန္ဂီကဖုန္းမကို္င္ေပ။ဒီေန့မနက္ေစာေစာပဲ အေမရိကကိုျပန္သြားတာကုိ မေရာက္ေသးတာမ်ားလား ။

''ဒရိုင္ဘာပတ္ အိမ္ကိုမျပန္ေသးနဲ့အုန္း ရံုးကိုတစ္ခါတည္းသြားရေအာင္''

''ဟုတ္ကဲ့သခင္ေလး''

ေျပာျပီးတာနဲ့ ေဂ်ာင္ဂုလည္း ကားအေနာက္ခန္းမွာမ်က္လံုးမိွတ္ရင္းလိုက္ပါလာခဲ့တယ္။

ယြန္ဂီႏွင့္ေဂ်ာင္ဂုတို့ႏွစ္ေယာက္ ေတာင္တန္းတစ္ခုေပၚမွာထိုင္ေနၾကတယ္။ေနေရာင္ျခည္ကစူးလြန္းလို့ေဂ်ာင္ဂုမ်က္လံုးေတာင္ေသခ်ာပင္ဖြင့္လို့မရ။ သူ့ေဘးမွာ လက္ဖ၀ါးႏုႏဳေလးေတြက ေဂ်ာင္ဂုလက္မွာျမုပ္ေနေလတယ္။ ေဂ်ာင္ဂုေက်နပ္စြာျပံုးလိုက္တယ္။တေျဖးေျဖးနဲ့ သူလည္း ယြန္ဂီရဲ့မ်က္ႏွာကိုရွင္းရွင္းလင္းလင္းျမင္ေနရျပီ  ယြန္ဂီရဲ့နာမည္ကို ေဂ်ာင္ဂုၾကိုးစားေခၚၾကည့္တယ္။ဒါမယ့္လည္ေခ်င္းကေန အသံကထြက္မလာေပ။

ေနာက္ေတာ့ သူတို့ေဘးကိုလူတစ္ေယာက္ေရာက္လာတယ္။ထိုလူက ယြန္ဂီကို ဆံပင္ကေန ဆဲြျပီး တစ္ေနရာကိုတရြတ္ဆဲြေခၚသြားတယ္။ ေဂ်ာင္ဂုရဲ့လက္ထဲက လက္ဖ၀ါးႏုႏုေလးေတြက အလြယ္တကူ ျဖုတ္သြားခဲ့တယ္။

ေနာက္ေတာ့ ေဂ်ာင္ဂု ယြန္ဂီကိုေသခ်ာမျမင္ရေတာ့ဘူး။ ၀ါးတားတားျဖစ္လာတယ္။ ထို့ေနာက္ ေတာင္တန္းေပၚမွာေဂ်ာင္ဂုတစ္ေယာက္ပဲက်န္ေနခဲ့တယ္။

''ယြန္ဂီ.....မင္ယြန္ဂီ    ဘယ္ေရာက္သြားလဲ ယြန္ဂီ.....!!!!!!!!''

ေဂ်ာင္ဂုေခၚေနရင္းအရာရာတိုင္းဟာ ေပ်ာက္ကြယ္လာတယ္။ေဂ်ာင္ဂုအေနာက္ကိုျပန္ၾကည့္ေတာ့ ခနကသူတို့အတူထိုင္ေနခဲ့တဲ့ ထိုင္ခံုကလည္းေပ်ာက္သြားခဲ့တယ္။ စူးရွေနတဲ့ ေနေရာင္ျခည္က ပိုေတာက္ပလာတယ္။ မ်က္လံုးက ဖြင့္မရေအာင္ စူးေနခဲ့ေလရာ  ေနာက္ဆံုးေတာ့ ကားေနာက္ခန္းကေန သူႏိုးလာခဲ့တယ္။

အိပ္မက္ပါလား....ေတာ္ေသးတယ္....

~~~~~~~

မင္ယြန္ဂီ

ထယ္ေယာင္းႏိုးလာျပီဆိုတဲ့ သတင္းေၾကာင့္ အိမ္ကိုအျမန္ျပန္လာခဲ့တယ္။အိမ္ကို ယြန္ဂီေရာက္ေတာ့ ဆရာ၀န္တစ္ခ်ို့က ၾကိုေရာက္ေနတယ္။ၾကည့္ရတာ ထယ္ေယာင္းရဲ့အေျခအေနကိုရွင္းျပေနတာျဖစ္မယ္။

ယြန္ဂီကအေဖ့နားမွာသြားရပ္ျပီးတိတ္တိတ္ေလးနားေထာင္ေနလိုက္တယ္။

'' လူနာရဲ့ဦးေႏွာက္က တံု့ျပန္ခ်က္ရေနျပီဆိုေပမယ့္ စကားေတာ့ေျပာလို့မရေသးပါဘူး ျပီးေတာ့ ကိုယ္လက္လုပ္ရွားမွုမလုပ္ေသးရင္ေကာင္းမွာျဖစ္ျပီး အစာေတာ့ပံုမွန္ေကၽြးေပးပါ ႏူးညံ့ျပီး ေပ်ာ့ေပ်ာင္းတဲ့ အစားအစာေတြကို ေကၽြးေပးပါ''

ဆရာ၀န္ေျပာလို့အျပီးမွာ အေဖက 

''နာစ္ေတြငွားလို့ေရာအဆင္ေျပလား ျပီးေတာ့ ဘယ္ေတာ့ေလာက္မွ အျပည့္အ၀ေကာင္းမွာလဲ''

''နာစ္ကေတာ့ ကၽြန္ေတာ့ေဆးရံုကအထူးတစ္ေယာက္ကိုငွားေပးမယ္ အျပည့္အ၀ျပန္ေကာင္းဖို့ၾကေတာ့၅လေေလာက္အခ်ိန္ယူရအုန္းမယ္ထင္တယ္ ဒါမယ့္စိတ္မပူပါနဲ့လူနာကစိတ္အားထက္တန္ပံုရတယ္ ဦးေႏွာက္က တုန့္ျပန္ခ်က္က သူမတူလ်င္ျမန္ဖ်တ္လတ္တယ္ ၅လျပီးရင္ေတာ့ လံုး၀သာမန္လူတစ္ေယာက္လိုျပန္ေနႏိုင္မွာပါ''

''.......''

''ကၽြန္ေတာ္ေသခ်ာျပန္စစ္ေဆးေပးလိုက္မယ္ မနက္ျဖန္ေလာက္ေနရင္ျပန္လာခဲ့မယ္ အားလံုးအဆင္ေျပေစရပါမယ္''

ဆရာ၀န္ေျပာေနတာကုိစိတ္မရွည္တဲ့ ယြန္ဂီတစ္ေယာက္ ဆရာ၀န္ကိုေက်ာ္ျပီးအထဲကို၀င္သြားလိုက္ပါတယ္။ထိုအခ်ိန္မွာ အခန္းထဲမွာလဲေနတဲ့ ထယ္ေယာင္းက မ်က္စိဖြင့္ေနရင္းသူ့ကိုေၾကာင္ၾကည့္လာပါတယ္။

ယြန္ဂီဟာ ထယ္ထယ္ရဲ့ေဘးမွာ သြားထိုင္လိုက္ျပီး ထယ္ေလးလက္ကိုကိုင္ကာ

'' ထယ္ေလး ေနလို့သက္ေတာင့္သက္သာျဖစ္လား ကိုကို့ကိုေရာမွတ္မိလား''

ဆိုေတာ့ ထယ္ေလးကမ်က္ေတာင္ပုတ္ခတ္ျပေလသည္။ ထိုအခါ ယြန္ဂီတစ္ေယာက္အေတာ္္ေလးကိုေပ်ာ္သြားျပီး ထယ္ေလးလက္ကို သူ့လက္ႏွစ္ဖက္နဲ့ဆုတ္ကိုင္ကာ

''ကိုကို ေပ်ာ္လိုက္တာ ေနာက္ဆို ကိုကုိ့ညီေလးက ကိုကို့ေဘးမွာရပ္ေနလိ့ရေတာ့မွာေပါ့ ေနာက္ ထယ္ေလး ေနလံုး၀ေကာင္းသြားတဲ့အခါ ထယ္ေလးသြားခ်င္တဲ့ေနရာကို ကိုယ္တိုင္လိုက္ပို့ေပးမယ္ ထယ္ေလးစားခ်င္တာေတြကိုလိုက္၀ယ္ေကၽြးမယ္......ထယ္ေလးသိလား ကိုကို ပိုက္ဆံေတြအမ်ားၾကီးရွာႏီုင္သြားျပီ အရင္ကလို ေရခဲမုန့္ေလးေတာင္၀ယ္မေကၽြးႏိုင္တဲ့ ကုိကုိမဟုတ္ေတာ့ဘူးေနာ္ ....''

ထယ္ေလးလက္ကို အရူးတစ္ေယာက္ဖြယ္ ပိုမို ဆုတ္ကိုင္လိုက္တယ္။၀မ္းသာလိူ့က်တဲ့မ်က္ရည္ဟာ လက္ေတြမွၾက်ကုန္ျပန္ေရာ ထယ္ေယာင္းတစ္ေယာက္ သူ့ေရွ့ကလူကုိေၾကာင့္ၾကည့္ေနေလသည္။

ထိုအခ်ိန္အခန္းထဲကို ကင္နမ္ဂၽြန္ ၀င္လာခဲ့ျပီး ယြန္ဂီရဲ့ ပုခံုးကိုပုတ္လုိက္ျပီး

''ေတာ္ေတာ့ေလ သား မင္းညီေလးအခုမွသတိရတာေလ ေနာက္ဆိုရင္ေန့တိုင္းေတြ့ရေတာ့မွာပဲဟာကို ျပီးေတာ့သားလည္းခရီးပန္လာတယ္မလား နားေတာ့ ထယ္ေလးကို အေဖလည္းအလြမ္းသယ္လိုက္ဦးမယ္''

''ဟုတ္ေဖေဖ ဒါဆို ကၽြန္ေတာ္မနက္ျဖန္ေရာ လာေတြ့လို့ရတယ္မလား''

''ဒါေပါ့ သားေရ ဘယ္အခ်ိန္မဆုိ လာေတြ့လို့ရတာေပါ့အရမ္း ညနက္ရင္ေတာ့ မလာနဲ့ေနာ္ ''

''ဟုတ္ေဖေဖ ဒါဆို သားအခန္းကိုျပန္ေတာ့မယ္ ထယ္ေလး ကုိကိုမနက္ျဖန္ျပန္လာခဲ့မယ္ေနာ္''

ယြန္ဂီသည္ ထယ္ေလးကို ႏွုတ္ဆက္ျပီး အခန္းထဲကေန ထြက္သြားေလသည္။ ထိုအခ်ိန္မွာ နမ္ဂၽြန္တစ္ေယာက္ အမည္မဲ့အျပံုးတစ္ခုဆင္ျမန္းလိုက္တယ္။ ထိုျပီးသည္နဲ့ ခ်က္ခ်င္းဆိုသလို ထယ္ေယာင္းရဲ့လည္ပင္းကို လက္တစ္ဖက္နဲ့ညွစ္ထည့္လိုက္တယ္။ထိုအခါ ထယ္ေယာင္းခမ်ားအသက္ရွူက်ပ္လြန္းေသာ္လည္း ခုခံႏိုင္စြမ္းမရိွေပ။ နမ္ဂၽၽြန္တစ္ေယာက္အတန္ၾကာေအာင္မခုခံလာေသာ ထယ္ေယာင္းကိုၾကည့္ျပီး ေက်နပ္သြားကာ လည္ပင္းကိုညွစ္ထားတဲ့ လက္ကို လႊတ္လိုက္တ္။ထိုအခါမွ ထယ္ေယာင္း အသက္၀၀ရွူရေတာ့သည္။နမ္ဂၽြန္သည္ ထယ္ေယာင္းနားကို ကပ္ျပီး တိုးတိုးေလးေျပာလိုက္ေတာ့ ထယ္ေယာင္းလက္ေတြ က်စ္က်စ္ပါေအာင္ကိုင္ျပီး တစ္ဆစ္ဆစ္တုန္လာေလသည္။

''ဘာစကားမွ မေျပာရင္ သိပ္ေကာင္းမွာပဲ ထယ္ေလး ဒါဆို ေဖၾကီးလည္း ပင္ပန္းစရာမလိုေတာ့ဘူးေပါ့ မဟုတ္ဘူးလား.......တိတ္တိတ္ေလးေနေနာ္ ရွဴးးးး''

နမ္ဂၽြန္တစ္ေယာက္ ပါးစပ္ကို လက္ညိုးနဲ့ပိတ္ျပီး တိတ္တိတ္ေနဖို့ အျပုအမူနဲ့ေျပာလာေလသည္။ထယ္ေယာင္းမွာေတာ့ သူေရွ့ကလူေၾကာင့္ လက္သီးဆုပ္ထားတဲ့လက္ေတြက တစ္ဆစ္ဆစ္တုန္ေနေလသည္။

~~~~~~~~~

ယြန္ဂီေရမိုးခ်ိုးျပီးတာနဲ့အိပ္ယာထဲလဲေနလိုက္တယ္။ထို့ေနာက္ ဖုန္းကိုယူျပီး ေဂ်ာင္ဂုကိုေခၚရန္ျပင္လိုက္သည္။ ေဂ်ာင္ဂုနဲ့သူနဲ့က ခ်စ္သူေတြျဖစ္သြားၾကျပီျဖစ္တယ္။ယြန္ဂီသိတယ္ ေဂ်ာင္ဂုက သူ့ကိုအရမ္းခ်စ္မွန္း ေနာက္ျပီး သူလည္း ေဂ်ာင္ဂုကိုအရမ္းခ်စ္မွန္း။

အခုခ်ိန္မွာ အခ်စ္ဆိုတာ ဘယ္လိုမ်ိုးလဲလို့ေမးလာရင္ ေျပာမိမွာက သူလို့။

ယြန္ဂီဖုန္းေခၚလိုက္ေတာ့ ေဂ်ာင္ဂုကခ်က္ခ်င္းကိုင္လာတယ္။

''(ယြန္ဂီ  ဘယ္လိုျဖစ္တာလဲ တစ္ေနကုန္ ဖုန္းပိတ္ထားတယ္ေရာ)''

''ဟုတ္တယ္ ငါ့ဖုန္းအားကုန္သြားလို့ မင္းျပတင္းေပါက္အျပင္ကိုၾကည့္လိုက္ပါလား''

''(ဘာလဲ ဘာလဲ မင္းေရာက္ေနတာလဲ)''

''ဟား ဟား အေမရိကကေန အဲ့ကိုဘယ္လိုေရာက္မွာလဲ စိတ္ကူးယဥ္မေနနဲ့ ငါၾကည့္ခိုင္းတာက ၾကယ္ကို မင္းေတြ့လား''

''(ေတြ့သားပဲ)''

တစ္ဖက္မွာ ေဂ်ာင္ဂုက အရင္ ယြန္ဂီ အိပ္ခဲ့တဲ့အခန္းက ကုတင္မွာလဲေနတာျဖစ္တယ္။ ယြန္ဂီေျပာလိုက္ေတာ့ အေပ်ာ္လြန္သြားျပီး ၀ရံတာေရွ့မွာေတာင္ေျပးသြားလိုက္ေသးတယ္။သူမ်ားေရာက္ေနမလားေပါ့။အခုေတာ့ ၾကယ္လာၾကည့္ခိုင္းတယ္။

''မင္းသိလား ငါတို့အတူရိွမေနရင္ေတာင္အဲ့ၾကယ္ေပၚမွာ မင္းငါ့ကိုၾကည့္ႏိုင္တယ္ ေထာင္ေပါင္းမ်ားစြာေသာၾကယ္ေတြက ငါတို့စိတ္၀ိညာဥ္ကိုကိုယ္စားျပုတယ္''

''ဒီေန့ ယြန္ဂီ စကားေျပာတာ ထူးဆန္းေနတယ္ ဘယ္လိုလဲ ကိုယ့္ကိုလြမ္းေနျပီလား လြမ္းတယ္ဆိုရင္လည္းခ်က္ခ်င္းျပန္လာလို့ရတယ္ေနာ္ ''

''ဒီေန့ ငါ့ညီေလး ႏိုးလာတယ္ အဲ့ေတာ့ ငါဒီမွာနည္းနည္းၾကာအုန္းမယ္ ''

''ဘယ္ကညီေလးလဲ''

''ငါ့ညီတစ္၀မ္းကဲြ ကိုမာျဖစ္ေနတာ ဒီေန့မွ ႏိုးလာလို့ ေနာက္တစ္ပတ္ေလာက္ေနမွ ငါျပန္လာေတြ့မယ္ေနာ္ ဒါပဲေနာ္''

''wait !!!''

''ဘာလဲ''

''တစ္ခုခုေမ့ေနလားလို့ ''

''အင္းးးးးးးးးခ်စ္တယ္ ဟုတ္ျပီလား''

''ကိုယ္လည္းခ်စ္တယ္ လြမ္းေနေတာ့မွာပဲ ဘာပဲျဖစ္ျဖစ္ မင္းဘာပဲျဖစ္ျဖစ္ကိုယ္မင္းေနာက္မွာရိွတယ္ေနာ္ အဲ့တာကိုသတိရေနပါ ယြန္ဂီ မ္ငးတစ္ေယာက္တည္းမဟုတ္ဘူး''

ေဂ်ာင္ဂု ယြန္ဂီစိတ္အေျခအေနသိပ္မေကာင္းဘူးလို့ထင္ရလို့ ထိုသို့ေျပာလိုက္တာျဖစ္တယ္။

''အင္း ငါသိျပီ ဒါပဲေနာ္ ''

ယြန္ဂီဖုန္းခ်ျပီးတာနဲ့ ဖုန္းမ်က္ႏွာျပင္ကို အၾကာၾကီး စိုက္ၾကည့္ေနေလသည္။ ျပတင္းေပါက္အျပင္ဘက္မွာေတာ့ အထီးက်န္ေနတဲ့လမင္းေကြးကို အထီးမက်န္ဖို့၀ုိင္းအေဖာ္ျပဳေပးေနၾကတဲ့ ေထာင္ေပါင္းမ်ားစြာေသာၾကယ္ေတြရိွေနေလတယ္။

~~~~~~~~~~~~~~~~~~~~

အခ်စ္ဟာ ေပးဆပ္အနစ္နာခံျခင္းမဟုတ္သလို ရယူပိုင္ဆိုင္ျခင္းလည္း မဟုတ္ဘူး ကုိယ့္ေၾကာင့္ျဖစ္တည္လာတဲ့သူ့အျပံဳးကိုေငးေမာေနရျခင္းျဖစ္တယ္။အခ်စ္ဟာ သူလို့ စသိလိုက္ရတဲ့အခါ အခ်ိန္ခနေလးပဲခ်စ္ခဲ့ၾကျပီး  ျပန္ကဲြကြာသြားခဲ့တယ္ဆိုရင္ေတာင္မွ အနာဂတ္မွာ ငါတို့ျပန္ေတြ့တဲ့အခါ ရဲ့၀ံ့စြာျပန္ျပံုးျပႏိုင္ၾကလိမ့္မယ္  အဲ့တုန္းက သူ႔ကိုတကယ္ခ်စ္ခဲ့တာလို့လည္း ....ေနာင္တမရိွစြာ ျပန္ေျပာႏိုင္လိမ့္မယ္.......

unicode

ဂျောင်ဂုစာပနာကနေပြန်လာတော့ ယွန်ဂီ့ကိုဖုန်းခေါ်သော်လည်း ယွန်ဂီကဖုန်းမက်ိုင်ပေ။ဒီနေ့မနက်စောစောပဲ အမေရိကကိုပြန်သွားတာကို မရောက်သေးတာများလား ။

''ဒရိုင်ဘာပတ် အိမ်ကိုမပြန်သေးနဲ့အုန်း ရုံးကိုတစ်ခါတည်းသွားရအောင်''

''ဟုတ်ကဲ့သခင်လေး''

ပြောပြီးတာနဲ့ ဂျောင်ဂုလည်း ကားအနောက်ခန်းမှာမျက်လုံးမှိတ်ရင်းလိုက်ပါလာခဲ့တယ်။

ယွန်ဂီနှင့်ဂျောင်ဂုတို့နှစ်ယောက် တောင်တန်းတစ်ခုပေါ်မှာထိုင်နေကြတယ်။နေရောင်ခြည်ကစူးလွန်းလို့ဂျောင်ဂုမျက်လုံးတောင်သေချာပင်ဖွင့်လို့မရ။ သူ့ဘေးမှာ လက်ဖဝါးနုနုလေးတွေက ဂျောင်ဂုလက်မှာမြုပ်နေလေတယ်။ ဂျောင်ဂုကျေနပ်စွာပြုံးလိုက်တယ်။တဖြေးဖြေးနဲ့ သူလည်း ယွန်ဂီရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နေရပြီ ယွန်ဂီရဲ့နာမည်ကို ဂျောင်ဂုကြိုးစားခေါ်ကြည့်တယ်။ဒါမယ့်လည်ချေင်းကနေ အသံကထွက်မလာပေ။

နောက်တော့ သူတို့ဘေးကိုလူတစ်ယောက်ရောက်လာတယ်။ထိုလူက ယွန်ဂီကို ဆံပင်ကနေ ဆွဲပြီး တစ်နေရာကိုတရွတ်ဆွဲခေါ်သွားတယ်။ ဂျောင်ဂုရဲ့လက်ထဲက လက်ဖဝါးနုနုလေးတွေက အလွယ်တကူ ဖြုတ်သွားခဲ့တယ်။

နောက်တော့ ဂျောင်ဂု ယွန်ဂီကိုသေချာမမြင်ရတော့ဘူး။ ဝါးတားတားဖြစ်လာတယ်။ ထို့နောက် တောင်တန်းပေါ်မှာဂျောင်ဂုတစ်ယောက်ပဲကျန်နေခဲ့တယ်။

''ယွန်ဂီ.....မင်ယွန်ဂီ ဘယ်ရောက်သွားလဲ ယွန်ဂီ.....!!!!!!!!''

ဂျောင်ဂုခေါ်နေရင်းအရာရာတိုင်းဟာ ပျောက်ကွယ်လာတယ်။ဂျောင်ဂုအနောက်ကိုပြန်ကြည့်တော့ ခနကသူတို့အတူထိုင်နေခဲ့တဲ့ ထိုင်ခုံကလည်းပျောက်သွားခဲ့တယ်။ စူးရှနေတဲ့ နေရောင်ခြည်က ပိုတောက်ပလာတယ်။ မျက်လုံးက ဖွင့်မရအောင် စူးနေခဲ့လေရာ နောက်ဆုံးတော့ ကားနောက်ခန်းကနေ သူနိုးလာခဲ့တယ်။

အိပ်မက်ပါလား....တော်သေးတယ်....

~~~~~~~

မင်ယွန်ဂီ

ထယ်ယောင်းနိုးလာပြီဆိုတဲ့ သတင်းကြောင့် အိမ်ကိုအမြန်ပြန်လာခဲ့တယ်။အိမ်ကို ယွန်ဂီရောက်တော့ ဆရာဝန်တစ်ချို့က ကြိုရောက်နေတယ်။ကြည့်ရတာ ထယ်ယောင်းရဲ့အခြေအနေကိုရှင်းပြနေတာဖြစ်မယ်။

ယွန်ဂီကအဖေ့နားမှာသွားရပ်ပြီးတိတ်တိတ်လေးနားထောင်နေလိုက်တယ်။

'' လူနာရဲ့ဦးနှောက်က တုံ့ပြန်ချက်ရနေပြီဆိုပေမယ့် စကားတော့ပြောလို့မရသေးပါဘူး ပြီးတော့ ကိုယ်လက်လုပ်ရှားမှုမလုပ်သေးရင်ကောင်းမှာဖြစ်ပြီး အစာတော့ပုံမှန်ကျွေးပေးပါ နူးညံ့ပြီး ပျော့ပျောင်းတဲ့ အစားအစာတွေကို ကျွေးပေးပါ''

ဆရာဝန်ပြောလို့အပြီးမှာ အဖေက

''နာစ်တွေငှားလို့ရောအဆင်ပြေလား ပြီးတော့ ဘယ်တော့လောက်မှ အပြည့်အ၀ကောင်းမှာလဲ''

''နာစ်ကတော့ ကျွန်တော့ဆေးရုံကအထူးတစ်ယောက်ကိုငှားပေးမယ် အပြည့်အ၀ပြန်ကောင်းဖို့ကြတော့၅လလောက်အချိန်ယူရအုန်းမယ်ထင်တယ် ဒါမယ့်စိတ်မပူပါနဲ့လူနာကစိတ်အားထက်တန်ပုံရတယ် ဦးနှောက်က တုန့်ပြန်ချက်က သူမတူလျင်မြန်ဖျတ်လတ်တယ် ၅လပြီးရင်တော့ လုံးဝသာမန်လူတစ်ယောက်လိုပြန်နေနိုင်မှာပါ''

''.......''

''ကျွန်တော်သေချာပြန်စစ်ဆေးပေးလိုက်မယ် မနက်ဖြန်လောက်နေရင်ပြန်လာခဲ့မယ် အားလုံးအဆင်ပြေစေရပါမယ်''

ဆရာဝန်ပြောနေတာကိုစိတ်မရှည်တဲ့ ယွန်ဂီတစ်ယောက် ဆရာဝန်ကိုကျော်ပြီးအထဲကိုဝင်သွားလိုက်ပါတယ်။ထိုအချိန်မှာ အခန်းထဲမှာလဲနေတဲ့ ထယ်ယောင်းက မျက်စိဖွင့်နေရင်းသူ့ကိုကြောင်ကြည့်လာပါတယ်။

ယွန်ဂီဟာ ထယ်ထယ်ရဲ့ဘေးမှာ သွားထိုင်လိုက်ပြီး ထယ်လေးလက်ကိုကိုင်ကာ

'' ထယ်လေး နေလို့သက်တောင့်သက်သာဖြစ်လား ကိုကို့ကိုရောမှတ်မိလား''

ဆိုတော့ ထယ်လေးကမျက်တောင်ပုတ်ခတ်ပြလေသည်။ ထိုအခါ ယွန်ဂီတစ်ယောက်အတော်လေးကိုပျော်သွားပြီး ထယ်လေးလက်ကို သူ့လက်နှစ်ဖက်နဲ့ဆုတ်ကိုင်ကာ

''ကိုကို ပျော်လိုက်တာ နောက်ဆို ကိုကို့ညီလေးက ကိုကို့ဘေးမှာရပ်နေလိ့ရတော့မှာပေါ့ နောက် ထယ်လေး နေလုံး၀ကောင်းသွားတဲ့အခါ ထယ်လေးသွားချင်တဲ့နေရာကို ကိုယ်တိုင်လိုက်ပို့ပေးမယ် ထယ်လေးစားချင်တာတွေကိုလိုက်ဝယ်ကျွေးမယ်......ထယ်လေးသိလား ကိုကို ပိုက်ဆံတွေအများကြီးရှာနီုင်သွားပြီ အရင်ကလို ရေခဲမုန့်လေးတောင်ဝယ်မကျွေးနိုင်တဲ့ ကိုကိုမဟုတ်တော့ဘူးနော် ....''

ထယ်လေးလက်ကို အရူးတစ်ယောက်ဖွယ် ပိုမို ဆုတ်ကိုင်လိုက်တယ်။ဝမ်းသာလိူ့ကျတဲ့မျက်ရည်ဟာ လက်တွေမှကြျကုန်ပြန်ရော ထယ်ယောင်းတစ်ယောက် သူ့ရှေ့ကလူကိုကြောင့်ကြည့်နေလေသည်။

ထိုအချိန်အခန်းထဲကို ကင်နမ်ဂျွန် ဝင်လာခဲ့ပြီး ယွန်ဂီရဲ့ ပုခုံးကိုပုတ်လိုက်ပြီး

''တော်တော့လေ သား မင်းညီလေးအခုမှသတိရတာလေ နောက်ဆိုရင်နေ့တိုင်းတွေ့ရတော့မှာပဲဟာကို ပြီးတော့သားလည်းခရီးပန်လာတယ်မလား နားတော့ ထယ်လေးကို အဖေလည်းအလွမ်းသယ်လိုက်ဦးမယ်''

''ဟုတ်ဖေဖေ ဒါဆို ကျွန်တော်မနက်ဖြန်ရော လာတွေ့လို့ရတယ်မလား''

''ဒါပေါ့ သားရေ ဘယ်အချိန်မဆို လာတွေ့လို့ရတာပေါ့အရမ်း ညနက်ရင်တော့ မလာနဲ့နော် ''

''ဟုတ်ဖေဖေ ဒါဆို သားအခန်းကိုပြန်တော့မယ် ထယ်လေး ကိုကိုမနက်ဖြန်ပြန်လာခဲ့မယ်နော်''

ယွန်ဂီသည် ထယ်လေးကို နှုတ်ဆက်ပြီး အခန်းထဲကနေ ထွက်သွားလေသည်။ ထိုအချိန်မှာ နမ်ဂျွန်တစ်ယောက် အမည်မဲ့အပြုံးတစ်ခုဆင်မြန်းလိုက်တယ်။ ထိုပြီးသည်နဲ့ ချက်ချင်းဆိုသလို ထယ်ယောင်းရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ညှစ်ထည့်လိုက်တယ်။ထိုအခါ ထယ်ယောင်းခများအသက်ရှူကျပ်လွန်းသော်လည်း ခုခံနိုင်စွမ်းမရှိပေ။ နမ်ဂျွန်တစ်ယောက်အတန်ကြာအောင်မခုခံလာသော ထယ်ယောင်းကိုကြည့်ပြီး ကျေနပ်သွားကာ လည်ပင်းကိုညှစ်ထားတဲ့ လက်ကို လွှတ်လိုက်တ်။ထိုအခါမှ ထယ်ယောင်း အသက်၀၀ရှူရတော့သည်။နမ်ဂျွန်သည် ထယ်ယောင်းနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်တော့ ထယ်ယောင်းလက်တွေ ကျစ်ကျစ်ပါအောင်ကိုင်ပြီး တစ်ဆစ်ဆစ်တုန်လာလေသည်။

''ဘာစကားမှ မပြောရင် သိပ်ကောင်းမှာပဲ ထယ်လေး ဒါဆို ဖေကြီးလည်း ပင်ပန်းစရာမလိုတော့ဘူးပေါ့ မဟုတ်ဘူးလား.......တိတ်တိတ်လေးနေနော် ရှူး''

နမ်ဂျွန်တစ်ယောက် ပါးစပ်ကို လက်ညိုးနဲ့ပိတ်ပြီး တိတ်တိတ်နေဖို့ အပြုအမူနဲ့ပြောလာလေသည်။ထယ်ယောင်းမှာတော့ သူရှေ့ကလူကြောင့် လက်သီးဆုပ်ထားတဲ့လက်တွေက တစ်ဆစ်ဆစ်တုန်နေလေသည်။

~~~~~~~~~

ယွန်ဂီရေမိုးချိုးပြီးတာနဲ့အိပ်ယာထဲလဲနေလိုက်တယ်။ထို့နောက် ဖုန်းကိုယူပြီး ဂျောင်ဂုကိုခေါ်ရန်ပြင်လိုက်သည်။ ဂျောင်ဂုနဲ့သူနဲ့က ချစ်သူတွေဖြစ်သွားကြပြီဖြစ်တယ်။ယွန်ဂီသိတယ် ဂျောင်ဂုက သူ့ကိုအရမ်းချစ်မှန်း နောက်ပြီး သူလည်း ဂျောင်ဂုကိုအရမ်းချစ်မှန်း။

အခုချိန်မှာ အချစ်ဆိုတာ ဘယ်လိုမျိုးလဲလို့မေးလာရင် ပြောမိမှာက သူလို့။

ယွန်ဂီဖုန်းခေါ်လိုက်တော့ ဂျောင်ဂုကချက်ချင်းကိုင်လာတယ်။

''(ယွန်ဂီ ဘယ်လိုဖြစ်တာလဲ တစ်နေကုန် ဖုန်းပိတ်ထားတယ်ရော)''

''ဟုတ်တယ် ငါ့ဖုန်းအားကုန်သွားလို့ မင်းပြတင်းပေါက်အပြင်ကိုကြည့်လိုက်ပါလား''

''(ဘာလဲ ဘာလဲ မင်းရောက်နေတာလဲ)''

''ဟား ဟား အမေရိကကနေ အဲ့ကိုဘယ်လိုရောက်မှာလဲ စိတ်ကူးယဉ်မနေနဲ့ ငါကြည့်ခိုင်းတာက ကြယ်ကို မင်းတွေ့လား''

''(တွေ့သားပဲ)''

တစ်ဖက်မှာ ဂျောင်ဂုက အရင် ယွန်ဂီ အိပ်ခဲ့တဲ့အခန်းက ကုတင်မှာလဲနေတာဖြစ်တယ်။ ယွန်ဂီပြောလိုက်တော့ အပျော်လွန်သွားပြီး ဝရံတာရှေ့မှာတောင်ပြေးသွားလိုက်သေးတယ်။သူများရောက်နေမလားပေါ့။အခုတော့ ကြယ်လာကြည့်ခိုင်းတယ်။

''မင်းသိလား ငါတို့အတူရှိမနေရင်တောင်အဲ့ကြယ်ပေါ်မှာ မင်းငါ့ကိုကြည့်နိုင်တယ် ထောင်ပေါင်းများစွာသောကြယ်တွေက ငါတို့စိတ်ဝိညာဉ်ကိုကိုယ်စားပြုတယ်''

''ဒီနေ့ ယွန်ဂီ စကားပြောတာ ထူးဆန်းနေတယ် ဘယ်လိုလဲ ကိုယ့်ကိုလွမ်းနေပြီလား လွမ်းတယ်ဆိုရင်လည်းချက်ချင်းပြန်လာလို့ရတယ်နော် ''

''ဒီနေ့ ငါ့ညီလေး နိုးလာတယ် အဲ့တော့ ငါဒီမှာနည်းနည်းကြာအုန်းမယ် ''

''ဘယ်ကညီလေးလဲ''

''ငါ့ညီတစ်ဝမ်းကွဲ ကိုမာဖြစ်နေတာ ဒီနေ့မှ နိုးလာလို့ နောက်တစ်ပတ်လောက်နေမှ ငါပြန်လာတွေ့မယ်နော် ဒါပဲနော်''

''wait !!!''

''ဘာလဲ''

''တစ်ခုခုမေ့နေလားလို့ ''

''အင်းချစ်တယ် ဟုတ်ပြီလား''

''ကိုယ်လည်းချစ်တယ် လွမ်းနေတော့မှာပဲ ဘာပဲဖြစ်ဖြစ် မင်းဘာပဲဖြစ်ဖြစ်ကိုယ်မင်းနောက်မှာရှိတယ်နော် အဲ့တာကိုသတိရနေပါ ယွန်ဂီ မ်ငးတစ်ယောက်တည်းမဟုတ်ဘူး''

ဂျောင်ဂု ယွန်ဂီစိတ်အခြေအနေသိပ်မကောင်းဘူးလို့ထင်ရလို့ ထိုသို့ပြောလိုက်တာဖြစ်တယ်။

''အင်း ငါသိပြီ ဒါပဲနော် ''

ယွန်ဂီဖုန်းချပြီးတာနဲ့ ဖုန်းမျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်နေလေသည်။ ပြတင်းပေါက်အပြင်ဘက်မှာတော့ အထီးကျန်နေတဲ့လမင်းကွေးကို အထီးမကျန်ဖို့ဝိုင်းအဖော်ပြုပေးနေကြတဲ့ ထောင်ပေါင်းများစွာသောကြယ်တွေရှိနေလေတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဟာ ပေးဆပ်အနစ်နာခံခြင်းမဟုတ်သလို ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး ကိုယ့်ကြောင့်ဖြစ်တည်လာတဲ့သူ့အပြုံးကိုငေးမောနေရခြင်းဖြစ်တယ်။အချစ်ဟာ သူလို့ စသိလိုက်ရတဲ့အခါ အချိန်ခနလေးပဲချစ်ခဲ့ကြပြီး ပြန်ကွဲကွာသွားခဲ့တယ်ဆိုရင်တောင်မှ အနာဂတ်မှာ ငါတို့ပြန်တွေ့တဲ့အခါ ရဲ့ဝံ့စွာပြန်ပြုံးပြနိုင်ကြလိမ့်မယ် အဲ့တုန်းက သူ့ကိုတကယ်ချစ်ခဲ့တာလို့လည်း ....နောင်တမရှိစွာ ပြန်ပြောနိုင်လိမ့်မယ်.......

There are no comments yet. Log in to be the first to leave a review!

Similar stories