အပိုင်း၁၁
07:43, 25 November 2021(ကိုယ်တို့ရဲ့ထူးခြားတဲ့ date)
''အင်း ညီပြော ''
''အင်းးးး ယွန်ဂီရောက်ပြီလားးးးး''
''တမင်လုပ်တာမလား ''
''မဟုတ်ပါဘူး''
''ယုံပေးလိုက်ဦးမယ် ''
''ဘယ်ကိုလဲ''
''အင်းးး အရင်ဆုံးဟိုမှာတွေ့လား ဟန်မြစ်''
ဂျောင်ဂုလက်ညိုးထိုးရာကိုကြည့်လိုက်တော့ ကားပြတင်းပေါက်ကနေဖောက်မြင်နေရတဲ့ဟန်မြစ်။
''ဘယ်ကိုလဲ ''
''၀ါး လှလိုက်တာ ''
''ဂျောင်ဂု ဘာဖြစ်တာလဲ ''
အွတ်.....
unicode
(ကိုယ်တို့ရဲ့ထူးခြားတဲ့ date)
ယွန်ဂီတစ်ယောက် ဖုန်းထဲကဗီဒီယိုကြည့်ရင်းလက်ပါတုန်လာလေသည်။
လူနာဝတ်ဆုံနှင့် ယွန်ဂီကို ခွဲစိတ်နေတာဖြစ်တယ်။ခွဲစိတ်နေတဲ့သူက ဘဲ့မူယောင်းဖြစ်ပြီးဘေးမှာအသင့်ရပ်နေတဲ့သူက ယွန်ဂီ့အဖေဖြစ်သည်။ရိုးရိုးခွဲစိတ်နေတာမဟုတ်ဘဲ စက်ပစည်းတွေနဲ့ ဦးနှောက်ကိုခြယ်လှယ်နေတာဖြစ်တယ်။
''ငါက ဦးနှောက်ခွဲစိတ်ခံရတာလား''
မဖြစ်နိုင်တာ အဲ့လိုမျိုးကဘယ်မှာရှိလို့လဲ။ပြီးတော့ အဖေကရောဘာလို့ငါ့ကိုအဲ့လိုလုပ်ဖို့ခွင့်ပြုထားတာလဲ။
နောက်တော့ အဖေပြောနေတဲ့စကားတွေပါကြားလာရတယ်။
'' အဆင်ပြေလား ဘယ်လိုလဲ သူမှတ်မိနေသေးမယ်လို့ထင်လား''
''လုံးဝမှတ်မိတော့မှာမဟုတ်ဘူး ဒီတစ်ခါတော့ ခင်များသေချာလုပ်မှဖြစ်တော့မယ်နော် နားလည်လား''
ထိုစကားသည်ဘဲ့မူယောင်းပြောသောစကားပင်ဖြစ်သည်။ မူယောင်းပြောလိုက်တော့ နမ်ဂျွန်သည် လဲနေတဲ့ကောင်လေးမျက်နှာကိုကြည့်ရင်း
''ဒီတစ်ခါတော့သူပေါ်မလာလောက်တော့ဘူး ထယ်လေးအတွက်ပဲဖြစ်ဖြစ် သူမှတ်မိနေလို့မဖြစ်ဘူး ''
ယွန်ဂီမှာတော့ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
ထိုအခါ အနောက်ပေါက်ကနေ လူရိပ်တွေ့လိုက်တော့ ယွန်ဂီလည်း အပြေးလိုက်သွားလိုက်တယ်။ယွန်ဂီနည်းနည်းပိုလျှောက်သွားလိုက်တော့ သွေးတွေကိုစတင်တွေ့လာရသည်။ သူ့ကိုကျောပေးထားတဲ့လူတစ်ယောက်။ရုတ်ချည်းထိုလူကနောက်ကိုလှည့်ကြည့်လာတော့ဂျင်ဖြစ်နေလေတယ်။
ယခုကားပေါ်မှာယွန်ဂီထိုင်နေရင်း ခုနကအဖြစ်အပျက်ကိုပြန်တွေးနေခြင်းပင်။ထိုအချိန်မှာပဲဖုန်းသံကြောင့်ယွန်ဂီသတိဝင်လာသည်။ထို့နောက် ဖုန်းကိုင်လိုက်သည်။
''အင်း ညီပြော ''
''(ဟို ကျွန်တော် အစ်ကို့ကိုဟိုတယ်မှာလာရှာတာအဲ့တာမတွေ့လို့ )''
''အစ်ကိုအပြင်ရောက်နေလို့ညီရဲ့ ဘာဖြစ်လို့လဲ ''
''(ဘာမှတော့မဖြစ်ပါဘူး ဟိုကျွန်တော် အစ်ကို့ကို ဟိုဟိုဒီဒီလိုက်ပြမလို့)''
''အင်း ယွန်ဂီရောက်ပြီလား''
ဂျင်မင်နဲ့ပြောနေတုန်းမှာပဲ ယွန်ဂီရဲ့ဘေးမှာအိပ်နေတဲ့ ဂျောင်ဂုက ဘုမသိဘမသိနိုးလာပြီးဗလောင်းဗလဲတွေပြောနေပြန်သည်။ထိုအခါယွန်ဂီကပဲ ဂျင်မင့်ကိုအတိုချုံးပြောလိုက်ပြီးဖုန်းချလ်ိုက်ကာ ဂျောင်ဂု့ဘက်ကိုလှည့်ပြီးမျက်စောင်းထိုးလိုက်တယ်။
''တမင်လုပ်တာမလား ''
''မဟုတ်ပါဘူး''
''ယုံပေးလိုက်ဦးမယ် ''
ဆိုတော့ ဂျောင်ဂုသည် ပြောင်စပ်စပ်ရုပ်နဲ့လျာထုတ်ပြနေလေသည်။ဟုတ်တယ်လေ ကိုယ့်ချစ်ရသူကတခြားတစ်ယော်ကိုချိုချိုသာသာပြောနေမှတော့ ဘယ်သူကသဝန်မတိုမှာလဲ။
ယွန်ဂီသည် ဂျောင်ဂုရဲ့ပုခုံးကိုရုတ်တရက်မှီချလာတော့ ဂျောင်ဂုက ယွန်ဂီရဲ့ခေါင်းကိုဖွဖွလေးပုတ်ပေးပြီး
''ကိုယ်တို့ ဒီနေ့date ကြမလား''
''ဘယ်ကိုလဲ''
''အင်း အရင်ဆုံးဟိုမှာတွေ့လား ဟန်မြစ်''
ဂျောင်ဂုလက်ညိူးထိုးရာကိုကြည့်လိုက်တော့ ကားပြတင်းပေါက်ကနေဖောက်မြင်နေရတဲ့ဟန်မြစ်။
နှစ်ယောက်သားကားပေါ်ကဆင်းပြီးဟန်မြစ်ရှိရာကိုအတူလျှောက်လာခဲ့တယ်။ ညနေလေကအေးအေးဆိုတော့ဂျောင်ဂုကကောင်လေးရဲ့လက်ကိုဆုတ်ကိုင်ကာသူ့အိတ်ကပ်ထဲကိုထည့်ပေးထားလိုက်သည်။
နှစ်ယောက်သားဟန်မြစ်ဘေးကခေါက်ဆွဲဆိုင်သေးသေးလေးမှာထိုင်လိုက်တယ်။ပြီးတော့ခေါက်ဆွဲပူပူလေးကိုနှစ်ယောက်သားစားနေကြရင်း ယွန်ဂီကတော့မနက်စာပင်မစားရသေးတာကြောင့် ရှူရှူရှဲရှဲပင်စားနေလေသည်။ ထိုမြင်ကွင်းကိုသဘောကျနေသော ဂျောင်ဂုသည် ဟန်းဖုန်းကိုထုတ်ကာမှတ်တမ်းတင်လိုက်သည်။
ဟန်မြစ်ကအပြန်မှာတော့ နှစ်ယောက်သား ညဈေးကိုဝင်ကြပြန်သည်။ဒီတစ်ခါလည်းယွန်ဂီကအသုတ်စပ်စပ်စားချင်ပြန်နေတော့ ဂျောင်ဂုမှာမနည်းတားနေရသည်။ဘာလို့ဆို အရင်တစ်ခေါက်ကလည်းစားရင်းဗိုက်အသေနာနေသေးတယ်မလား။
''တစ်ပွဲလေးပဲစားမယ်လေ မရဘူးလား''
''မရဘူး ယွန်ဂီလည်းသိသားပဲ အဲ့တာစားရင်အရင်ကလိုဗိုက်နာမယ်ဆိုတာ မစားပါနဲ့တခြားဟာပဲစားရအောင်''
''ငါ့ကိုဒါမကျွေးရင် ငါမင်းကိုမခေါ်တော့ဘူး''
နှုတ်ခမ်းဆူရင်စိတ်ကောက်နေဟန်ရှိသောကောင်လေးကို ကြည့်ရင်းဂျောင်ဂုအသဲယားနေလေပြီ။
''ကိုယ်မင်းကိုတစ်နေရာကိုခေါ်သွားမယ် လာ''
''ဘယ်ကိုလဲ ''
စကားပင်မဆုံးသေးဂျောင်ဂုသည် ယွန်ဂီရဲ့လက်ကိုဆွဲကာ တစ်နေရာကိုဦးတည်သွားလေသည်။
ထိုနေရာသည် မျှော်စင်ထိပ်ပင်ဖြစ်သည်။အခုချိန်မှာလူသိပ်မရှိပေဘာလို့ဆိုခုနနေကျရင် တော်တော်လေးကိုအေးလာတော့မှာမို့လို့ပင် လူတိုင်းက အောက်ကိုဆင်းသွားလေပြီ။
ယွန်ဂီသည်ထိုနေရာကိုရောက်သွားတော့ ချက်ချင်းဂျောင်ဂုရဲ့လက်ကိုလွတ်ကာအမြန်ပြေးသွားလေသည်။ ဂျောင်ဂုမှာမူ မျက်နှာကြီးပင်တည်သွားလေသည်။
''ဝါး လှလိုက်တာ ''
တကယ်ပင်လှလေသည်။ အမြင့်ကနေ ကြည့်လိုက်တော့အရာရာက သေးသေးလေးဖြစ်သွားပြီးမီးရောင်စုံလင်းနေလေသည်။
ယွန်ဂိသည် မျှော်စင်ဘေးမှာရပ်နေတုန်းမှာပဲ အနောက်ကနေလူတစ်ယော်လာဖက်လေသည်။ထိုသူမှာ
''ဂျောင်ဂု ဘာဖြစ်တာလဲ ''
''ချစ်တယ် ယွန်ဂီ ကိုယ်မင်းကိုချစ်တယ် မင်းထပ်ပြီးထွက်မသွားလို့ရမလား''
ဂျောင်ဂုထိုသို့ပြောနေရင်း မျက်ရည်စတစ်ချို့က ယွန်ဂီရဲ့ ပုခုံးဆီကိုစီးကျလာသည်။ဒီကောင်လေးကို သူဘယ်လောက်စွဲလမ်းနေလဲဆိုတာသူသာအသိဆုံး ဒီစကားသာသူမပြောလိုက်ရရင်နောင်တရမယ်ထင်တယ်။ အခုမှာတော့သူ့ရင်ခွင်မှာတိတ်ဆိတ်နေသောကောင်လေးကြောင့် ဖက်ထားတဲ့သူ့လက်တွေကလျော့ကျလာသည်။
ယွန်ဂီသည်တဖြေးဖြေးလျော့ကျလာသော ဂျောင်ဂုရဲ့လက်တွေကြောင့်ပြုံးလိုက်မိတယ်။ဒီကောင်တော့လေ....
ရုတ်တရက် ယွန်ဂီနောက်ကိုလှည့်လိုက်ပြီး ဂျောင်ဂုရဲ့နှုတ်ခမ်းကိုစွတ်ခနဲနမ်းလိုက်သည်။
အွတ်.....
ထို့နောက် အရှေ့ကိုပြန်လှည့်လိုက်သည်။ ဖြူစွတ်နေတဲ့ပါးတွေက နီမြန်းလာသည်။
ယွန်ဂီတစ်ယောက်အိပ်နေတဲ့ကျားကိုမှသွားနိုးမိတော့ သူ့အတွက်မတွေးရဲစရာပင်။
ဂျောင်ဂုသည်လှည့်သွားတဲ့ယွန်ဂီကိုကြည့်ရင်းအသဲယားလာလေသည်။ထို့ကြောင့်ယွန်ဂီ့ခါးလေးကိုဆွဲဖက်ကာကိုယ်လေးကိုသူ့ဘက်လှည့်လိုက်သည်။ယွန်ဂီမှာတော့ ပါးတွေနီရဲနေရော။ဂျောင်ဂုအသဲယားလာတာကြောင့် ယွန်ဂီရဲ့မှေးကိုဆွဲမော့လိုက်ပြီးပန်းနုရောင်နှုတ်ခမ်းကိုနမ်းရှိုက်လိုက်သည်။
ရင်ခုန်ခြင်းနဲ့နမ်းခဲ့တဲ့ထိုအနမ်းများသည် ဆောင်းညအေးအေးလေးနဲ့လိုက်ဖက်လွန်းလှသည်.ဒီညပျော်ရွှင်နေသောကောင်လေးတို့မနက်ဖြန်ရဲ့မုန်တိုင်းကြီးကိုတော့သတိမထားမိပေ။
~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)