Fasten 6
12:54, 26 December 2025နေပြန်ကောင်းကာစမို့ santaဂျီကျသမျှလိုက်လုပ်ပေးနေရတဲ့boomက ဒီနေ့တော့ အပြင်လျှောက်လည်ချင်တယ်ဆိုတာကြောင့် ညီအစ်ကိုနှစ်ယောက် ထွက်လာခဲ့ကြတယ်။မိသားစုမှာအငယ်ဆုံးဖြစ်ပြီး အကြီးဖြစ်တဲ့boomကလည်း လိုလေသေးမရှိအောင် အလျှော့ပေးအလိုလိုက်တာမို့ အဆိုးအဆာလေးက အချော့ခံရမှုမှာ နေသားကျနေတော့တာ။လေသံမာလိုက်ရင် မျက်ရည်ပါကျတတ်တဲ့ ကောင်ဆိုးလေးက ပါးနဲ့ဆို အပေါက်အလမ်းမတည့်။အရင်နေ့ညက ပြသနာကိုသိသွားတဲ့ ပါးက santaကိုအပြင်ပေးမထွက်တော့တာပဲကြည့်။
"Phi ဒါပြီးရင် အရုပ်သွားကောက်မယ်နော်"
"အင်း အင်း ဒါကိုအရင်ကုန်အောင်စား။ ဘာစားချင်သေးလဲ"
"တော်ပြီ ဒါနဲ့တင် တော်တော်အီနေပြီ"
စားလက်စရေခဲမုန့်ခွက်ကို ဘေးကိုတွန်းပို့ပြီး boomဖွင့်ပေးထားတဲ့ရေဘူးကို မော့သောက်တယ်။ရေစိုနေတဲ့နှုတ်ခမ်းကို တစ်ရှုးနဲ့သုတ်ပေးတော့လည်း မျက်နှာလေးရှေ့တိုးပေးပြီး ပြုံးပြန်တယ်။ လိုချင်တာရတိုင်း မျက်နှာချိုသွေးတတ်တာ ဘယ်ကရတဲ့အကျင့်လဲမသိဘူး။
"TaTaခဏနော် phi ဖုန်းပြောလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ဖုန်းဆက်တဲ့သူကaouဖြစ်ပြီး သူလည်းmallကိုရောက်နေကြောင်းပြောလာတယ်။ပြီးတော့ boomကိုလာခဲ့ဖို့ပြောတာကြောင့်အကျပ်ရိုက်သွားတယ်။အကြောင်းမရှိအကြောင်းရှာရစ်တတ်တဲ့ လူကြောင့်မသွားရင်လိုက်လာမှာသေချာတယ်။
"ဘယ်သူလဲ phi"
"aouဆက်တာ mallကိုရောက်နေလို့လှမ်းခေါ်တာ"
"အာ အဲ့ဒါဆို သွားမယ်လေ"
"TaTaက အဆင်ပြေလို့လား။ မလိုက်ချင်ရင် အရင်ပြန်ပို့ပေးမယ်"
"ရတယ် အိမ်မပြန်ချင်သေးဘူး။ဘာလဲ Taကရှုပ်နေမှာဆိုးနေတာလား"
"မဟုတ်ပါဘူး TaTaဒီနေ့အပြင်မှာနေနေတာကြာနေပြီလေ။ ပင်ပန်းနေမှာဆိုးတာ"
"မပင်ပန်းပါဘူး phi aouနဲ့လည်းတွေ့ချင်တယ်။သွားမယ်နော်"
Santaနှစ်ခါဂျီကျစရာမလိုဘဲ phiကချက်ချင်းလက်ခံပေးတယ်။ပြသနာဖြစ်လာတဲ့ညကလည်း santaကဘာမှမပြောပြခဲ့တာမို့ မေးမလာဘဲသူပြောလာမှာကိုသာစောင့်ပေးခဲ့တယ်။ရင်ဖွင့်စရာရှိတိုင်း အဆင်သင့်ရှိနေပေးပြီး အလိုလိုက်ပေးတတ်တဲ့phiက သူ့ရဲ့ဒုတိယဖခင်ဆိုလည်းမမှားဘူး။ဒီလိုအစ်ကိုမျိုးကိုတစ်ခြားသူလက်ထဲထည့်ပေးရမှာ နှမြောမိပေမယ့် တစ်ဖက်ကလည်း phi aouဖြစ်နေတာကြောင့်စိတ်အေးရပါတယ်။....
ချိန်းလိုက်တဲ့နေရာကိုရောက်တော့ aouကတစ်ယောက်တည်းမဟုတ်ဘဲ perthပါပါလာတယ်။boomက TaTaကိုခေါ်လာမှန်းသိတာမို့ perthကိုပါခေါ်လာတာလား ။aouကboomအတွေးကိုသိနေတဲ့အတိုင်းမျက်နှာချိုသွေးပြီးပြုံးပြလာတယ်။
"Perthနဲ့တူတူ အားနေတာနဲ့ထွက်လာတာ။ကိုကိုရောက်နေမှန်းသိတော့ တွေ့ဖို့ချိန်းလိုက်တာ"
boomနောက်မှာကပ်ပါလာတဲ့ Taက ကားကိုမှီပြီးလက်ပိုက်ရပ်နေတဲ့လူကို မမြင်သလိုသာနေပြီး aouကိုဘဲနှုတ်ဆက်လိုက်တယ်။
"နေကောင်းသွားပြီပေါ့ TaTa"
"ဟုတ် ကောင်းသွားပြီphi"
"ကော်ဖီဆိုင်မှာ ဖြစ်ဖြစ်သွားထိုင်ကြမလား။ဘယ်သွားကြမလဲ။TaTaရော ဘယ်သွားချင်လဲ"
"Taက ရပါတယ် phi aouသွားချင်တဲ့နေရာကိုပဲရွေးပါ။ စိတ်ထဲမထားနဲ့"
"ဒါဆို...ရုပ်ရှင်သွားကြည့်ကြမလား"
Aouရဲ့မဲဆွယ်မှုမှာ အားလုံးသဘောတူလိုက်ကြပြီး ရုပ်ရှင်ကြည့်ဖို့အကြံအောင်မြင်သွားတယ်။တကယ်ဆို perthကသူနဲ့အတူ ပြင်ထွက်လာတာမဟုတ်ဘဲ အတင်းလှမ်းခေါ်လို့လိုက်လာရတာ။နှစ်ယောက်သားကို ပိုရင်းနီးစေချင်တဲ့aouရည်ရွယ်ချက်ကြောင့် စီစဉ်သမျှကို perthကဘာမှမပြောဘဲ ငြိမ်နေတယ်။
"ကိုကို ကျွန်တော်နဲ့တူတူသွားမယ်နော်။ကျွန်တော်နဲ့ပဲလိုက်ခဲ့"
"မရဘူး TaTaပါတယ်လေ TaTaနဲ့ပဲသွားမယ်"
"ကိုကိုကလည်း TaTaက perthနဲ့လိုက်လို့ရတာပဲ။ဒီနေ့လေးပဲတွေ့ချိန်ရှိတာကို။နော် ကျွန်တော်နဲ့သွားမယ်နော်"
"Phiလိုက်သွားလိုက်ပါ။Taကရတယ် ဟိုရောက်လည်းပြန်ဆုံမှာပဲကို"
ညီဖြစ်သူနဲ့ရည်းစားကြားဗြာများနေတဲ့ phiကြောင့်အဆင်ပြောကြာင်းပြောလိုက်တယ်။အလိုလိုက်ခံနေရတာများနေပြီလေ။တစ်ခါတစ်လေလည်း အလျှော့ပေးသင့်တယ်လို့ santaတွေးလိုက်မိတယ်။
"ဖြစ်ရဲ့လား"
"ဖြစ်တယ် စိတ်ချ"
"အင်း လိုက်ခဲ့တော့နော် perthကားကိုဂရုစိုက်မောင်းပေးပါဦး။ သူအခုမှနေပြန်ကောင်းကာစပဲရှိသေးတာ"
"အင်း စိတ်မပူနဲ့"
ညှိုနှိုင်းသွားပြီးတဲ့နောက်မှာ aou ကboomကိုဆွဲခေါ်သွားတာမို့ နှစ်ယောက်တည်းပဲကျန်ခဲ့ရတယ်။ဘာစကားမှမပြောဘဲ ရပ်နေသူနဲ့ ကားကိုမှီပြီးစိုက်ကြည့်နေသူကြားအခြေအနေက ခုဏကနဲ့မတူပဲကွဲပြားနေတယ်။အထူးသဖြင့် santaကစကားပြောချင်စိတ်မရှိတာမို့ ဘာမှမပြောမိဘူး။
"သွားမယ် တက်"
သူကမှစမပြောရင် ပြောလာမဲ့အရိပ်ယောင်မမြင်တာကြောင့် ဒီတစ်ခါအလျှော့ပေးရတာလည်း Perthသာဖြစ်တယ်။ကားတံခါးကိုဖွင့်ပေးလိုက်တော့ လူကိုတောင်မကြည့်ဘဲဝင်ထိုင်တယ်။Perth driver seatမှာဝင်ထိုင်လိုက်ပြီး ဘေးကဟာလေးကို ကြည့်မိပြန်တယ်။ရှေ့ကိုပဲ မျက်နှာလှည့်ထားတဲ့လူက သူ့ကိုရှိတယ်လို့တောင်ထင်ပုံမရ။ခုဏကထိပြုံးရယ်နေပြီး perthနဲ့ကျမှ ဆူပုတ်နေတဲ့သူကြောင့် ခပ်ချဉ်ချဉ်အတွေးလေးပေါ်လာရတယ်။
ဟင်!
မမောင်းသေးဘဲထိုင်နေသေးတာကြောင့် santaပြောဖို့လှည့်ကြည့်လိုက်ပေမယ့် မျက်နှာအနားလေလိုရောက်လာတဲ့ ခန္ဒာကိုယ်က santaတစ်ကိုယ်လုံးကို အုပ်မိုးထားသလိုဖြစ်သွားတယ်။santaလန့်ပြီး နောက်ကိုအလိုလိုကျုံ့မိသွားတယ်။အုပ်မိုးလာတဲ့လူရဲ့ ရင်ဘက်ကို လက်နှစ်ဖက်နဲ့တွန်းထားမိတော့ ထိုလူက လက်တစ်ဖက်ကိုကားတံခါးမှာသွားထောက်ထားတယ်။သူ့ခန္ဒာကိုယ်နဲ့ ကားတံခါးကြားညပ်နေတဲ့santaက သူအနိုင်ကျင့်တိုင်းဘာမှပြန်မလုပ်နိုင်တဲ့ကိုယ့်ကိုယ်ကိုယ်ခံပြင်းလာမိတယ်။
"ဘာလုပ်တာလဲ..ဖယ်!"
ကလစ်**
ခါးပတ်ချိတ်သံကြားမိတော့မှ လူကအပေါ်ကလူကိုမော့ကြည့်မိတဲ့အဖြစ်။
"ခါးပတ်ပတ်ပေးတာ ဘာလုပ်မယ်ထင်နေတာလဲ"
ခါးပတ်ပတ်တာ အဲ့လောက်နီးကပ်ပြီးအုပ်မိုးထားစရာလိုလို့လား။santaဘာမှမပြောချင်စိတ်မရှိတော့ဘဲ သူ့ရင်ဘက်ကိုအားနဲ့တွန်းလွှတ်လိုက်တယ်။သူပဲတစ်မျိုးပြီးတစ်မျိုး ရန်လာစနေတာ ပြီးရင်santaကိုပဲ စွာတယ်လာပြောနေတာ။
ရုပ်ရှင်ရုံကိုရောက်တော့ ကြိုရောက်နှင့်နေတဲ့aouက လက်မှတ်ဖြတ်ထားပေးပြီး နှစ်ယောက်စုံတွဲခုံတွေဖြစ်နေတယ်။aouကboomနဲ့အတူဖြစ်ပြီး santaကိုperthနဲ့အတူသေချာဖြတ်ထားပေးတာ။ဒီလိုပုံစံထိုင်ရဖို့ကို ကိုကို့ကို တော်တော်ပူဆာလိုက်ရတာ။aouက ဝယ်ထားတဲ့ပေါက်ပေါက်နှစ်ဘူးနဲ့ အချိုရည်နှစ်ဘူးကို perthလက်ထဲထည့်ပေးသွားပြီး boomလက်ကိုဆွဲပြီး ထွက်သွားတယ်။
"Aou ဘာတွေကြံစည်နေတာလဲပြော"
"ကိုကိုကလည်း"
"မင်းအဲ့လိုပြောရင်ကို ငါလန့်နေပြီ"
"ဘာမှမကြံစည်ပါဘူး။ကျွန်တော်က ညီလေးကိုperthနဲ့ပိုရင်းနှီးသွားအောင်ပါ။လက်ထပ်ပြီးတဲ့အထိ သူစိမ်းတွေလိုပဲဆိုရင်မကောင်းဘူးလေ။perthကလည်း TaTaအဆင်ပြေချင်ပေမဲ့ အဲ့ကောင်ကအဲ့လိုနေရာမှာကျညံ့တယ်ကိုကိုရ"
"ဒါပေမယ့်.."
"ကဲ မပူပါနဲ့ ကျွန်တော့်သူငယ်ချင်းက အပြင်သာကြမ်းတမ်းတာ သူတကယ်ဂရုစိုက်ချင်တဲ့လူဆိုရင်နူးညံ့တတ်ပါတယ်"
စကားတတ်တဲ့ရည်းစားကြောင့်boomဘာမှမပြောနိုင်တော့ဘူး။perthကသူနဲ့စာရင်aouနဲ့ပိုရင်းနှီးတာမို့ သူ့ထက်ပိုသိမှာတော့အမှန်ပဲလေ။ကျောင်းတူတူတက်ခဲ့ကြပေမယ့် boomနဲ့ကနောက်ဆုံးနှစ်မှခင်ခဲ့ကြတာ။အထက်တန်းကတည်းက တွဲခဲ့ကြတဲ့aouကိုယုံပေးလိုက်ရုံပဲရှိတော့တယ်။.....ပေါက်ပေါက်ဗူးကြီးနှစ်ဗူးကိုပွေ့ပြီးချိုရည်နှစ်ခွက်ကိုင်လျက် ရှေ့ကနေဘောက်ဆက်ဆက်နဲ့ထွက်သွားသူနောက်ကို perthအမှီလိုက်ရတယ်။ပေါင်လည်ထိရှည်တဲ့ နို့စိမ်းရောင်ဆွယ်တာနဲ့ခြေခြင်းဝတ်ပေါ်တဲ့ဂျင်းဘောင်းဘီဝတ်ထားတဲ့ကောင်လေးကြောင့် မသိတဲ့လူတွေကသူ့ကိုကလေးထိန်းလို့တောင်ထင်သွားနိုင်တယ်။night outထွက်ရင်အတိုအပြဲတွေနဲ့ဟော့ရမ်းရမ်းဝတ်လေ့ရှိပေမယ့် ပုံမှန်အချိန်တိုင်းမှာ ဝတ်စားထားပုံကတော့ ငါးနှစ်သားလေးလိုပဲ။pongsapakတို့က ပုံစံနှစ်မျိုးနဲ့ ကောင်ဆိုးလေးသာဖြစ်တယ်။သူ့ကိုမှရွေးပြီး ကန့်ကန့်လန်ပြန်ပြောတတ်တဲ့လူဆိုးကောင်လေး။
ခုံတွေကနှစ်ယောက်တွဲခုံတွေဖြစ်တာကြောင့် aouနဲ့boomက perthတို့နဲ့ တစ်ခုံခြားပြီးကျတယ်။ရုံတင်တဲ့seriesက နာမည်ကြီးhorrorကားမို့ တစ်ရုံလုံးခုံလွတ်ပင်မရှိ။နေရာအရောက်ဝင်ထိုင်လိုက်ကြပြီး p'boomက santaကိုလှမ်းကြည့်နေတာမို့ အဆင်ပြေကြောင်းခေါင်းငြိမ့်ပြလိုက်တယ်။santaထိုင်ရမဲ့နေရာဘေးက အတွဲတစ်တွဲရှိတာကြောင့် Perth Tanaponက နေရာလဲပြီးထိုင်ပေးတာမို့အစွန်းဘက်ခုံကိုရောက်သွားတယ်။
ပြီးနောက်santaလက်ထဲကိုပေါက်ပေါက်တစ်ဘူးနဲ့ချိုရည်တစ်ဘူးလာထည့်ပေးတယ်။သူကတော့ filmကိုသာစိုက်ကြည့်နေပေမယ့် စိတ်ဝင်စားဟန်မရှိဘူး။ရှေ့ကိုမျက်လုံးပို့ထားရုံသာဖြစ်ပြီး အာရုံရောက်မနေတာသိသာတယ်။ရုပ်ရှင်မကြည့်ချင်ဘဲ ဘာလို့လိုက်လာလဲမသိဘူး။
ရုပ်ရှင်တစ်ဝက်ကျိုးလောက်မှာ ဘေးကမုန့်စားနေတဲ့အသံပျောက်သွားတာမို့ ဘေးကိုအကြည့်ရောက်သွားတယ်။ထင်တဲ့အတိုင်းဘဲ ပေါက်ပေါက်ဘူးကိုပွေ့ထားပြီး နံရံဘက်ကိုခေါင်းလှည့်ပြီးအိပ်ပျော်နေတဲ့ ငဂျစ်က နှုတ်ခမ်းလေးတွေပါစူထွက်နေတယ်။perthပြုံးမိသွားပြန်တယ်။မြင်လိုက်မိတိုင်း ကလေးကလားလိုနေတဲ့လူက သူ့ကိုကလေးလို့ပြောရင် ကန့်ကန့်လန်အောင်ပြန်ပြောတတ်တယ်။
ချိုရည်ဘူးကိုတစ်ဖက်ကကိုင်ပြီးအိပ်ပျော်နေတာမို့ perth ဘူးကိုအသာဆွဲနှုတ်ပြီးအောက်ကိုချထားလိုက်ရတယ်။ပြီးနောက်ရှေ့ကိုသာ ပြန်လှည့်ထိုင်ရင်း ဇာတ်ကားကိုပြန်ကြည့်နေလိုက်တယ်။
လှည့်ကြည့်မိတိုင်း ဇာတ်ခေါက်လျက်ဖြစ်သလိုအိပ်ပျော်နေတာမို့ မနေနိုင်တဲ့ Perthကပဲ ခေါင်းလုံးလုံးလေးကို အသာဆွဲယူပြီးသူ့ပုခုံးပေါ်မှီစေလိုက်တယ်။ရုတ်ချင်းတောင့်သွားတဲ့ ခန္ဒာကိုယ်က အလိုအလျောက်တုန့်ပြန်မှုပေးလာတယ်။ထိတွေ့မိတိုင်း တင်းကျပ်သွားတဲ့ခန္ဒာကိုယ်က မကြမ်းတမ်းမိစေဖို့ ထိန်းထားရတဲ့စိတ်ကြောင့်သာ။ကြမ်းတမ်းတာမကြိုက်တဲ့သူနဲ့ မနူးညံ့တတ်တဲ့သူဟာ အကျင့်စရိုက်တွေက ပြဒါးတစ်လမ်း သံတစ်လမ်းလို ကွဲပြားနေပြန်တယ်။
စိတ်ကိုတင်းပြီး လျှော့ချလိုက်တဲ့ပုခုံးမှာခေါင်းလုံးလုံးလေးက အံဝင်ဂွင်ကျဖြစ်သွားတယ်။အလိုက်မသိလွန်းစွာပဲ နက်ဆွေးဆွေးဆံဖျားတွေက ဆာကူရာပန်းလိုမွေးပျံ့ပျံ့ရနံ့က နှာခေါင်းဝမှာ ကျီစယ်လာတယ်။နဂိုကတည်းက စိတ်မပါဘဲကြည့်နေရတဲ့ seriesမှာ အာရုံထားလို့မရတော့ဘဲ စိတ်အလုံးစုံက ခေါင်းလျှော်ရည်နံ့သင်းသင်းလေးမှာပဲ ဝေ့ဝဲကုန်တော့တယ်။သက်ပြင်းရှည်တစ်ချက်ချပြီးသာ ခုံနောက်ကိုမှီပြီး မျက်လုံးတွေမှိတ်ထားလိုက်ရတယ်။
ဘယ်လိုဖြစ်ပြီးဘယ်လိုပြီးသွားမှန်းမသိတဲ့ရုပ်ရှင်က လူတွေထပြန်တော့မှပြီးသွားမှန်းသိရတဲ့အဖြစ်ပါ။boomကချက်ချင်းperthတို့အနားရောက်လာပြီး အိပ်ပျော်နေဆဲsantaကိုကြည့်ပြီးနှုတ်ခမ်းတွေကွေးညွတ်အောင်ပြုံးပြီးပြောလာတယ်။
"ထင်တဲ့အတိုင်းဘဲ။ရုပ်ရှင်ရုံရောက်တိုင်းအိပ်တတ်တဲ့အကျင့်ကမပျောက်သေးဘူးပဲ။"
"အမြဲတမ်းအိပ်နေကြလား"
Aouကလည်းsantaကို ချစ်စရာကောင်းတဲ့ပုံစံနဲ့ကြည့်ပြီးမေးတယ်။perthက သူ့ပုခုံးပေါ်အိပ်နေတဲ့လူကြောင့် ခုထိမထရသေးဘဲ ထိုင်လျက်နေပေးနေရတယ်။
"အင်း ငယ်ငယ်ကတည်းကပဲ။ကြည့်ပြီးပြန်တိုင်း ပါပါးကချီခေါ်ပြီးပြန်ရတာချည်းပဲ"
"နှိုးရင်လည်းနှိုးမနေနဲ့လေ။အိပ်ရေးပျက်နေမယ်။အရင်ပြန်နှင့်ကြမလား။TaTaကိုperthလိုက်ပို့လိမ့်မယ်"
"နေပါစေ perthကို အားနာလို့"
"ရတယ် သူနိုးမှပြန်လိုက်ခဲ့မယ်။ အရင်ပြန်နှင့်"
ညနေ6နာရီသာရှိသေးတာမို့ mallမပိတ်သေးတာကြောင့် boomကခေါင်းငြိမ့်ပြီးလက်ခံလိုက်တယ်။အရမ်းလည်းနောက်မကျသေးတာကြောင့် ထားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်။perthနဲ့ဆိုတော့ စိတ်ပူစရာလည်းမရှိဘဲ TaTaနဲ့ပိုရင်းနှီးနေချင်တဲ့သူငယ်ချင်းကြောင့် သူမငြင်းဖြစ်တော့။
Aouတို့ပြန်သွားပြီးတဲ့နောက် နာရီဝက်လောက်အကြာမှ ပုခုံးပေါ်ကခေါင်းလေးက လှုပ်စိလှုပ်စိနဲ့နိုးလာတယ်။နိုးကာစမို့မျက်လုံးကျဉ်းလေးတွေနဲ့သူ့ကိုကြည့်လာပြီး ဘေးကိုဆက်ကနဲလှည့်ကြည့်ပြန်တယ်။ပြူးကျယ်သွားတဲ့ မျက်လုံးတွေကခုမှဘယ်သူမှမရှိတော့တာကိုသိထားမိပုံရတယ်။
"ပြီးသွားပြီလား။phi boomတို့ရောဘယ်သွားတာလဲ"
"ပြန်သွားပြီ။မင်းအိပ်နေလို့ မစောင့်ဘဲပြန်ခိုင်းလိုက်တာ"
"နှိုးလိုက်တာမဟုတ်ဘဲနဲ့"
မျက်မှောင်ကုပ်ပြီးပြောလာတာမို့ နဖူးကိုလက်ညှိုးနဲ့ဖိတောက်လိုက်တယ်။
"ဘာလုပ်တာလဲ...!"
အသံရှည်ဆွဲပြီးမကျေနပ်တဲ့ပုံနဲ့ ရဲသွားတဲ့နဖူးကိုဖိပြီး သူ့ကိုရန်ထောင်တယ်။
"အိပ်ရေးပျက်မှာစိုးလို့ သေချာမနှိုးတာလေ။အိပ်နေတာနှိုးရင်လည်း ဆူပုတ်ပြီးပြသနာရှာဦးမှာမလား"
"Taကအမြဲတမ်း ပြသနာရှာပြီးစွာတတ်တဲ့လူမဟုတ်ဘူး။အဲ့လိုလာမပြောနဲ့"
"ကိုယ့်ကိုတော့ အမြဲပြန်စွာတယ်မလား"
"စွာအောင်လာလုပ်နေတာဘယ်သူလဲ"
နိုးကတည်းကရန်လိုနေတဲ့လူကြောင့် Perthဘာမှပြန်မပြောတော့ဘဲထ ရပ်လိုက်တယ်။ပြီးနောက် သူ့ကိုမကြည်ကြည့်ကြည့်နေတဲ့ငဂျစ်ကိုပါဆွဲထူလိုက်တယ်။
"ပြန်မယ် မိုးချုပ်နေလိမ့်မယ်"
ပြန်မယ်ဆိုတော့လည်းသူ့ကိုမစောင့်ဘဲ ထွက်သွားပြန်တယ်။
"ဟေ့ စောင့်ဦးလေ"
သူ့စကားကိုမကြားချင်ယောင်ဆောင်ပြီးထွက်သွားတယ်။perthစားပြီးသားဘူးခွံတွေကိုပြန်ကောက်ခဲ့ပြီး dustbinထဲအမြန်ထည့်ပြီး အမှီလိုက်ရပြန်တယ်။ဓာတ်လှေကားနားရောက်မှ သူ့ဆီအလန့်တကြားပြန်ပြေးဝင်လာတဲ့လူကြောင့် သူပါလန့်သွားရပြီး လန့်နေတဲ့လူကို ထိန်းကိုင်ပေးထားရတယ်။ခေါင်းတစ်လုံးစာနိမ့်နေတဲ့လူက သူ့ကိုကြောက်လန့်တကြားမော့ကြည့်လာတယ်။
"ဘာဖြစ်တာလဲ"
"မ..မသိဘူး လူတွေပြေးဝင်လာတာ"
စကားပင်မပီတော့ဘဲလန့်နေတဲ့လူကြောင့်perth ခေါင်းလုံးလုံးလေးကိုပွတ်ပေးရင်း ဘေးဘီကိုလှမ်းကြည့်လိုက်တယ်။လူနှစ်ယောက်နောက်ကိုလုံခြုံရေးတွေကပြေးလိုက်နေပြီး ခါးပိုက်နှိုက်မိတာဆိုတဲ့လူတစ်ချို့စကားကြောင့် စိတ်အေးသွားရတယ်။ရင်ခွင်ထဲကနေသူ့အင်္ကျီကိုဆွဲကိုင်ထားတဲ့ငဂျစ်ကလည်း ခုမှအလန့်ပြေပြီးကြောင်တောင်တောင်ဖြစ်သွားပုံရတယ်။
"အဲဒါကြောင့် စောင့်ဦးလို့ပြောနေတာကို။ စကားနားမထောင်ဘဲ အမြဲတမ်းတစ်ဇွတ်ထိုးလုပ်တာ မင်းက"
"ခါးပိုက်နှိုက်လို့မှမသိဘဲ။ သူတို့ကTaဆီပြေးဝင်လာတော့..."
ဘယ်လိုတွေရန်တွေ့ဦးမှာလဲဆိုတဲ့ပုံစံနဲ့ ခါးထောက်ပြီးရပ်ကြည့်နေတော့ ဘာမှဆက်မပြောတော့ဘူး။ဒီတစ်ခါတော့ သူမှားမှန်းသိသွားပုံရတယ်။
TBC**
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




