Fasten 7
12:54, 26 December 2025အိမ်တော်ကိုပြန်ရောက်တော့ မိုးချုပ်နေပြီ။perthအိမ်ထဲထိမဝင်တော့ဘဲ တံခါးဝင်ပေါက်မှာပဲကားရပ်ပေးလိုက်တယ်။မဆင်းသေးဘဲ သူ့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်ပြီးမှ တံခါးဖွင့်ပြီးဆင်းသွားတယ်။အိမ်တော်နဲ့တံခါးဝကအနည်းငယ်လှမ်းသေးတာမို့ perthပါလိုက်ဆင်းပြီး စောင့်ပေးရတယ်။ဒါကိုမသွားသေးဘဲ perthကို လှည့်ကြည့်လှည့်ကြည့်လုပ်နေပြန်တယ်။
"မဝင်သေးဘူးလား။ ဘာပြောချင်သေးတာလဲ"
"ဘာမှ..မပြောချင်ပါဘူး"
"ဝင်တော့ ။ မိုးချုပ်နေလို့ဝင်နှုတ်မဆက်တော့ဘူးလို့ပြောပေး"
"အင်း"
"သွားတော့လေ"
လည်ကန်လည်ကန်လုပ်နေသူကြောင့် perthစိတ်မရှည်တော့။ပြသနာအိုးကဘာဖြစ်ချင်နေသေးတာလဲ တကယ်မသိတော့ဘူး။
"ဟို..."
"ဘာလဲ"
"ဟို...ကျေး~ဇူး"
"ဟမ်"
"ဟိုနေ့ကအတွက်ရော ဒီနေ့ရော ကျေးဇူးပဲလို့ပြောတာ"
ပြောပြီးလှစ်ကနဲပြေးထွက်သွားတဲ့အရိပ်လေးကြောင့် perthဘာမှပင်ပြန်ပြောချိန်မရလိုက်။ကျေးဇူးတင်စကားကိုမပွင့်မလင်းပြောသွားတဲ့ကောင်ဆိုးလေးအကြောင့် ကြောင်ပြီးကျန်နေခဲ့သူကperthသာ။အိမ်ပြန်လမ်းတစ်လျှောက်လုံး နှုတ်ခမ်းမစေ့နိုင်အောင်ပြုံးနေတဲ့သူကလည်းperthသာဖြစ်တယ်။....."Taလုံးဝလက်မခံနိုင်ဘူးပါး"
"လက်မခံချင်လို့မရဘူး။ ပါးတို့အားလုံးစီစဉ်ပြီးပြီ။တစ်ဖက်ကလည်းသဘောတူတယ်"
"သူ့ဘာသာတူချင်တူ မတူချင်နေ။Taကတော့ လုံးဝသဘောမတူဘူး။Taသူ့ကိုလက်မထပ်နိုင်ဘူး"
"သဘောတူဖို့ပြောနေတာမဟုတ်ဘူး။ကောင်းတယ်ထင်လို့စီစဉ်ထားတာ လက်ခံကိုခံရမယ်"
"ပါး! Taကိုအတင်းအကျပ်လာမလုပ်နဲ့နော်။TaဘဝကိုTaဘာသာပဲ ဆုံးဖြတ်မယ်"
"အမြဲတမ်းပေါ့ပျက်ပျက်နဲ့မင်းက ဘာကိုဆုံးဖြတ်ချင်နေတာလဲ။ဒီတစ်လျှောက်လုံး လုပ်ချင်ရာတွေစိတ်ကြိုက်လုပ်ပြီးပြီမလား။ဒီတစ်ခါပါးပြောတာကိုလက်ခံ"
"ပါး!"
"ကဲ သားအဖတွေ။စကားကိုကောင်းကောင်းပြောကြပါ။ရှင်ကလည်း ကလေးကိုနားလည်အောင်မပြောဘဲနဲ့"
အချေအတင်ဖြစ်နေတဲ့သားဖတွေကြားဝင်အော်လိုက်မှ အနည်းငယ်ငြိမ်သွားတယ်။ခေါင်းမာတဲ့သားက ဒီကိစ္စကိုလက်မခံမှန်းကြိုတွက်ထားပြီးသားပါ။
"သားငယ်လေး မာမားပြောတာကိုနားထောင်နော်"
"မားလည်း အဲ့လူနဲ့လက်ထပ်ဖို့ဆိုဘာမှလာမပြောနဲ့။ပါပါးတို့ စီးပွားရေးအတွက်ကြောင့်နဲ့ Taကိုခုတုံးလာမလုပ်ပါနဲ့။ Taမချစ်တဲ့သူကို လက်မထပ်နိုင်ဘူး"
"Santa Pongsapak ငါလက်နဲ့ရေးထားတာကိုခြေနဲ့ဖျက်ဖို့မကြိုးစားနဲ့။Perth Tanaponနဲ့ပဲလက်ထပ်ရမယ်။ တစ်ခြားဘယ်မျိုးရိုးကိုမှ Udompochနဲ့အရောမခံနိုင်ဘူး။ လက်ထပ်ဖို့ကိစ္စကိုအမြန်ဆုံးစီစဉ်မယ်။မင်းလက်ခံရမယ်ဒါငါ့အမိန့်ဘဲ"
"ပါး!Taကိုအတင်းအကျပ်လာမလုပ်နဲ့။ Taပြောပြီးသွားပြီ လုံးဝလက်မခံဘူး။အတင်းဇွတ်စီစဉ်မယ်ဆို Taကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်ပစ်လိုက်မှာ"
"သား!ဘယ်လိုတွေပြောနေတာလဲ"
လက်လွတ်စပယ်ပြောနေတဲ့သားက ဖအေလိုပဲခေါင်းမာပုံကတစ်စက်မှမလျော့ဘူး။လုပ်ချင်ရာကို ဘာမှမစဉ်းစားဘဲတဇွတ်ထိုးလုပ်တတ်တဲ့ဖအေတူအကျင့်ကြောင့်ပဲစိတ်မချဖြစ်ရတာ။
"သဘောပဲ ပါးကလည်း ဆုံးဖြတ်ချက်ကိုလုံးဝမပြင်ဘူး"
"ပါပါး!"
"သားငယ်လေး စိတ်အေးအေးထားပါကွယ်။မာမားတို့စကားပြောကြမယ် ဒီကိုလာ"
"ဟင့်!ပါးကTaကိုမချစ်ဘူး Taခံစားချက်ကိုဘယ်တုန်းကမှထည့်မစဉ်းစားပေးဘူး!"
UKကိုလွှတ်ခဲ့တုန်းကလည်း ဆယ်ကျော်သက်အရွယ်Taက မိဘတွေနဲ့ပဲအတူနေချင်သေးတယ်ဆိုတဲ့စကားကိုလျစ်လျူရှုပြီး ကျောင်းထားဖို့အတင်းစီစဉ်တယ်။ဒီကိစ္စကိုတော့Taဘယ်လိုနည်းနဲ့မှအသာတကြည်လက်ခံမပေးနိုင်ဘူး။
"မဟုတ်တာ။သားပါပါးက သားကိုဘယ်လောက်ချစ်သလဲ မာမားတို့အသိဆုံးပဲ။သားရဲ့ရှေ့ရေးအတွက်ကိုအမြဲတွေးပူနေတတ်တာပါကွယ်။ဒီကိစ္စကိုစီစဉ်တယ်ဆိုတာကလည်း သားဘဝအတွက်စိတ်ချချင်လို့၊ကောင်းမယ်ထင်လို့ စီစဉ်တာပါ"
"Taမှ..လက်မထပ်ချင်သေးတာ"
"ချက်ချင်းလက်ထပ်ဖို့ပြောနေတာမဟုတ်ဘူးလေကွယ် စီစဉ်ထားရုံပဲ။ perthကလည်း ဘာမှထောက်ပြစရာမရှိအောင်ပြည့်စုံတယ်။ သားကိုလည်းချစ်ပေးလာနိုင်မယ်လို့မာမားတို့ကယုံကြည်တယ်။ပြီးတော့ သားငယ်လေးကို တစ်ခြားဘယ်လိုလူရဲ့လက်ထဲကိုမှမားက ထည့်မပေးလိုက်ချင်ဘူး။ perthက ငယ်ငယ်ကတည်းကမားတို့မျက်စိရှေ့မှာပဲ ကြီးလာတဲ့ကလေး။ဒါကြောင့် မားကယုံတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း Taကိုချစ်လို့လက်ထပ်တာမဟုတ်တာသေချာတယ်မလား။သူ့စီးပွားရေးအတွက် Taကိုအသုံးချချင်နေတာကို မားတို့ကခွင့်ပြုတယ်လား"
မျိုးရိုးမြင့်မိသားစုနှစ်ခု ပေါင်းစည်းလိုက်ရင် အရှိန်အဟုန်နဲ့တိုးတက်လာမဲ့စီးပွားရေးက မြေကြီးလက်ခက်မလွဲပဲ။ဘယ်သူမှမယှဉ်နိုင်တဲ့Udompochနဲ့Sukumpantanasan ရဲ့စီးပွားရေးအောင်မြင်မှုနှစ်ခုကို မိသားစုအဖြစ်ပေါင်းစည်းမယ်ဆိုရင် အတိုက်အခိုက်တွေရှိတော့မှာမဟုတ်ဘူး။ဒါက ငယ်ငယ်ကတည်းကဘွားဘွားတို့ပြောတာကြားဖူးပေမယ့် အခုလိုတကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။
"P'perthနဲ့နှစ်ယောက်သားစကားပြောကြည့်လိုက်ပါဦး။ ပြီးမှပဲ သားဆုံးဖြတ်ချက်ကိုမာမားကနားထောင်ပေးမယ် နော်"
မားကပါလက်မလျော့တမ်းနားချနေတာမို့ စကားပြောကြည့်ဖို့ကို လက်ခံလိုက်ရတယ်။သူကရော ဘာကိစ္စTaနဲ့လက်ထပ်ရမှာကိုမငြင်းရတာလဲ!.....Golden land restaurantရဲ့VIP roomမှာ နာရီတကြည့်ကြည့်နဲ့ ထိုင်စောင့်နေရတဲ့perthရဲ့စိတ်တွေမကြည်မလင်ဖြစ်လာရတယ်။ချိန်းထားတဲ့အချိန်ထက်နာရီဝက်ကျော်နေပြီ။လူကခုထိရောက်မလာသေးဘူး။လုပ်ငန်းရှင်ပီပီ အချိန်မတိကျရင်မကြိုက်တဲ့ perthက စိတ်ကိုတော်တော်ဆွဲဆန့်ထားရတယ်။
ဆယ့်ငါးမိနစ်လောက်ကြာမှ ဆိုင်ကဝန်းထမ်းနောက်ကိုလိုက်လာပြီး ဘာမှမှမပြောဘဲ ဝင်ထိုင်တယ်။တစ်နာရီနီးပါးထိုင်စောင့်ခဲ့ရတဲ့လူကို ဘာတစ်ခွန်းမှပြောမလာဘူး။
ရတယ်။ မင်းမပြောရင်ငါပြောမယ်။
"ဘာလို့နောက်ကျနေတာလဲ"
"အိပ်ပျော်သွားလို့"
မထီမဲ့မြင်ဖြေလာတဲ့စကားနောက် ဘာမှမပြောတော့ဖို့ဆုံဖြတ်လိုက်ရတာလဲperthသာဖြစ်တယ်။ဆက်ပြောနေရင် ရန်ထဖြစ်ဖို့ပဲရှိတယ်။
"လက်ထပ်တာနဲ့ပတ်သတ်ပြီး ဘာပြောချင်တာရှိလဲ ပွင့်ပွင့်လင်းလင်းပြော"
"ဖျက်သိမ်းပေး"
"ဘာ"
"လက်မခံနိုင်ဘူး။ ညှိနှိုင်းဖို့လာတာလည်းဟုတ်ဘူး။ Taလက်မခံဘူးဆိုတာ ခင်ဗျားသိဖို့လာပြောပြတာ။ မင်္ဂလာပွဲကိစ္စကို ဖျက်သိမ်းလိုက်Perth Tanapon"
ပြောချင်ရာပြောပြီးထထွက်သွားသူကြောင့် perthအလျင်စလိုထလိုက်ပြီး လက်ကောက်ဝတ်ကိုဆွဲထားလိုက်တယ်။
"ဘာလုပ်တာလဲ..လွှတ်!"
"အေးဆေးစကားပြောမယ် ပြန်ထိုင်"
"မထိုင်ဘူး ပြောစရာလည်းဘာမှမရှိဘူး။Taခင်ဗျားနဲ့လုံးဝလက်မထပ်နိုင်ဘူး"
"ကိုယ်ကလက်ထပ်မှာ မင်းကိုမရရအောင်ယူမှာ။နားလည်သလား"
"Perth Tanapon!!"
အကြောက်အကန်ငြင်းနေတဲ့လူကို အမြင်ကကပ်ကပ်နဲ့ပြောလိုက်တော့ စူးကနဲအော်လာတော့တယ်။ဘာလို့ဒီလောက်ထိ ဆက်ဆက်ထိမခံဖြစ်နေတာလဲနားမလည်တော့ဘူး။
"ကိုယ်ကဒီကိစ္စကိုသဘောတူတယ်။ လက်ခံတာမခံတာမင်းအပိုင်း"
"ကျွန်တော် ခင်ဗျားကိုမချစ်ဘူး!"
"အင်း ကိုယ်လည်းမင်းကိုမချစ်ဘူး"
"ဒါဆိုဘာလို့လက်ခံနေသေးလဲ ဒီတိုင်းဖျက်သိမ်းပေးလိုက်လို့မရဘူးလား"
"ကိုယ်ကမင်းလို အချစ်ကိုပဲဦးစားပေးစဉ်းစားတတ်တဲ့ကလေးတစ်ယောက်မဟုတ်ဘူး။ လက်ခံသင့်တယ်ထင်လို့ ဒီကိစ္စကိုလက်ခံတာ။ မင်းငြင်းချင်တယ်ဆိုရင်လည်း အိမ်ပြန်ပြီးမင်းမိဘတွေနဲ့ပဲသွားညှိလိုက်"
Perthစကားအကုန်ပြောလိုက်တာပဲ။အဆုံးထိ သူဆိုလိုတာကိုနားမလည်သေးတဲ့လူကတော့Perthကိုစက်စုတ်တဲ့အကြည့်မျိုးနဲ့ကြည့်လာတယ်။အမှန်ဆို ဒီကိစ္စကိုအတိုက်အခံလုပ်ပြီးအရင်ငြင်းထားတဲ့လူက perthသာဖြစ်ပြီး ဒီကောင်လေးperthအနားရောက်လာမှ စိတ်တွေကဒွိဟဖြစ်ကုန်တာ။ဒီနောက်ပိုင်း ဘယ်လိုလူမျိုးနဲ့မှ မတွဲတော့တဲ့အထိ လူဆိုးကောင်လေးကသူ့စိတ်တွေကိုအမျိူမျိုးခြယ်လှယ်နေခဲ့တာ။အဲ့ဒါကြောင့် အဲဒီခံစားတွေကို ရှေ့ကကောင်လေးကသေချာပေါက်တာဝန်ယူရမယ်။.....
မီးရောင်တဝင်းဝင်းနဲ့ လူတွေပြည့်ကျပ်နေတဲ့barက သွားနေကျp'aou barလိုသီးသန့်မဆန်ဘဲ public viewမှာပဲ အားလုံးတန်းတူသောက်စားကြတဲ့နေရာမျိုး။လူများတဲ့နေရာတွေကို မကြိုက်ပေမယ့် p'aou barကိုသွားရင်မတွေ့ချင်တဲ့လူနဲ့တွေ့နေရမှာကြောင့် တွေ့ရာbarကိုသာကားထိုးရပ်ပြီးဝင်လာခဲ့တာ။santaအိမ်ကလူတွေကိုလည်းဘာမှမပြောခဲ့တော့။မြင်မြင်သမျှ ဝုန်းဒိုင်းကျဲပစ်ချင်နေတဲ့စိတ်ကြောင့် တစ်ခွက်ပြီးတစ်ခွက်မော့သောက်နေမိတယ်။ဘယ်လိုနည်းနဲ့ပဲငြင်းရငြင်းရ santa မိန်းမတွေပလူပျံနေတဲ့အဲဒီလူနဲ့လက်မထပ်နိုင်ဘူး။
______________
အခြေအတင်ဖြစ်ပြီးတဲ့နောက် အဲဒီကောင်လေးကိုမတွေ့ရတာသုံးရက်ရှိနေပြီ။အလုပ်ကိစ္စကြောင့် အိမ်တော်ကိုသွားတိုင်းလည်း အခန်းထဲပဲအောင်းနေတဲ့သူကြောင့် သူ့နေ့ရက်တွေကမသိမသာတိတ်ဆိတ်လာတယ်။အဲဒီကောင်လေးကသူ့စိတ်တွေကို ဘယ်အတိုင်းအတာထိခြယ်လှယ်နေတာလဲ သူမတွေးနိုင်တော့ဘူး။
"မင်းဘယ်လိုလုပ်ဖို့တွေးထားလဲ။santaရဲ့ခေါင်းမာပုံနဲ့ဆို တော်ရုံနဲ့လက်ခံမှာမဟုတ်တာသေချာတယ်"
"လက်ခံတဲ့အထိသွားမှာ သူ့သဘောဆန္ဒက အရေးမကြီးဘူး"
"ဟမ့် ဟုတ်မှာပါ ယောက္ခမနှစ်ယောက်လုံးကမင်းဘက်မှာဆိုတော့ ပြောအားရှိတာပေါ့"
Aouရဲ့ခပ်ချဉ်ချဉ်စကားကအမှန်ဖြစ်နေတော့ သူဘာမှပြန်မပြောမိဘူး။တကယ်လည်း ပါးနဲ့မားကသူ့ဘက်မှာရှိနေတာပဲလေ။စကားပြောနေတုန်းဝင်လာတဲ့ဖုန်းက boomဆီကဖြစ်နေတယ်။ဒီအချိန်ကြီးဘာကိစ္စရှိလို့ဆက်တာလဲ။
"အင်း"
'perthမင်းဆီTaTaလာသေးလား'
"မလာဘူး"
'မင်းအခုဘယ်မှာလဲ'
"barမှာ"
'ဒုက္ခပဲ။TaTaကအပြင်သွားမယ်ဆိုပြီး ခုထိပြန်မရောက်သေးလို့။မင်းတို့ဆီပဲထင်ပြီး မမေးလိုက်မိတာ။fotတို့ကလည်းမလာဘူးပြောတယ်'
စိတ်ပူနေတဲ့boomအသံနောက်မှာ perthမျက်ခုံးတွေတွန့်ချိုးကုန်တယ်။ည2နာရီရှိနေပြီ။ဒီအချိန်ကြီးဘယ်သူမှမပါဘဲအပြင်ထွက်သွားပြန်တာလား။တစ်အိမ်လုံးကိုစကားမပြောဘဲနေတဲ့သူက ဘယ်သွားမယ်ဆိုတာလည်းပြောမသွားဘူးဆိုတဲ့စကားမှာ ပူပန်သွားတဲ့စိတ်ကထိန်းမရတော့။ပြသနာအိုးက တစ်မျိုးပြီးတစ်မျိုးရိုးကိုမရိုးရဘူး။
"မင်းအသိbarကကောင်တွေကိုစုံစမ်းထားပေး။ဒီအချိန်barကိုပဲရောက်နေမှာသေချာတယ်။တစ်ခုခုသိရရင်ဖုန်းဆက်"
"အေး အေး"
Aouကိုအလျင်စလိုမှာခဲ့ပြီး ခုံပေါ်ကကားသော့ကိုဆွဲယူပြီးသွားနိုင်မဲ့နေရာတွေကိုရှာရတယ်။ဆုံမိတိုင်းစကားအခြေအတင်ဖြစ်နေတာကများတာမို့ ဖုန်းနံပါတ်လည်းမရှိတာကြောင့်boomကိုလှမ်းပြီးမေးရတဲ့အဖြစ်။ဝင်သွားတဲ့ callတိုင်းအချခံနေရတာမို့ အန္တရာယ်ကင်းကြောင်းအတည်ပြုရမလို ပိုပြီးစိတ်ပူရမလိုဖြစ်သွားတယ်။
အရင်ကညိခဲ့တဲ့ကောင်တွေနဲ့သာတွေ့ရင်ဆိုတဲ့အသိက စိတ်ကိုအစိုးမရဖြစ်စေပြီး တွေ့သမျှbarတိုင်းဝင်လိုက်ထွက်လိုက်နဲ့ ညလယ်ခေါင်မှာရင်မောနေရတဲ့သူ့အဖြစ်။နောက်ဆုံး pondကဆက်သွယ်လာခဲ့ပြီး locationတစ်ခုပို့ပေးလာတယ်။ဒီနေရာမှာပဲ သူ့ဒေါသတွေကတဟုန်းဟုန်းတောက်လောင်ကုန်တော့တယ်။ယောင်္ကျားတိုင်းသွားရေယိုစရာကောင်းအောင်ဖြစ်နေတဲ့သူက ဒီလိုနေရာမျိုးကို ဘာသွားလုပ်တာတဲ့လဲ။sexအတွက်တောင် နေရာမခွဲခြားဘဲဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့ genderမခွဲခြားတဲ့ဘားတစ်ခုမှာလေ။
တောက်! အရွဲ့တိုက်တာတော်ရုံပဲကောင်းတယ် Pongsapak!....."ဟိတ် တစ်ယောက်တည်းလား"
"......."
"ပျင်းနေရင် တို့နဲ့လာဂျွိုင်းမလား။တို့လည်းဒီညတစ်ယောက်တည်းပဲ"
"ဝေးဝေး..သွားနေ။အာရုံလာမစားနဲ့"
"ယူ့ကြည့်ရတာ မထနိုင်တော့တဲ့ပုံပဲ။အဆင်ပြေလား ကူပေးရမလား"
ရင်ဘက်နေရာကိုပွတ်သက်လာတဲ့လက်ကို ဆွဲဖယ်နေပေမယ့် ကိုယ်တိုင်ကထိုင်ပင်မထိုင်နိုင်တော့တာမို့ counterမှာခေါင်းစိုက်နေပြီ။အလိုက်မသိတဲ့ ခွဲပျစ်ပျစ်မိန်းမက သူ့ကြယ်သီးတွေကိုပါဆွဲဖြုတ်လာတယ်။
ဝုန်း**
"အာ့!"
ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့အသံမှာ အကုန်လုံးရဲ့အာရုံက ဆိုဖာပေါ်ပစ်လဲသွားတဲ့မိန်းမနဲ့ မီးဝင်းဝင်းတောက်မတက်ဒေါသထွက်နေတဲ့လူဆီရောက်ကုန်တယ်။counterမှာ မှောက်နေတဲ့အမူးသမားကတော့ ဘာမှမသိတော့တဲ့ပုံပဲ။
"ရှင်!"
ပါးကိုချိန်ရွယ်လာတဲ့လက်ဝါးက ကျိုးကျေမတတ်ဆုပ်ကိုင်ခံလိုက်ရတယ်။
"ဘယ်သူထင်လို့ လာထိဖို့ကြံနေတာလဲ"
အေးစက်စက်အသံက အနားမှာရှိနေတဲ့လူတွေတုန်လှုပ်သွားစေဖို့လုံလောက်တယ်။ထိုမိန်းမလက်ကိုလွှတ်ချပြီး မှောက်နေတဲ့လူကိုခုံပေါ်ကဆွဲချလိုက်တယ်။မူးနေတာတောင် ရုန်းကန်ချင်နေတဲ့လူက ကိုင်ပေါက်ပစ်ချင်စရာကောင်းအောင်ဂျစ်တိုက်တတ်လွန်းတယ်။
"ဘာ..လဲ..!ဘယ်သူလဲ..ဟင့်..လက်ကိုလွှတ်နော်.."
"ငါ့ကိုကြည့်စမ်း pongsapak!"
"ဟင့်..."
တစ်ချက်လွှတ်အော်လိုက်တော့မှ မှုန်ဝါးဝါးမျက်လုံးတွေကသေချာဖွင့်ကြည့်လာတယ်။သူ့မှန်းသိတော့ ဆွဲကိုင်ထားတဲ့လက်ကို ပြန်ရုန်းပြီးဗလုံးဗထွေးတွေပြောနေပြန်တယ်။
"အင့်!လွှတ်! Perth Tanapon..မကောင်းတဲ့ကောင်ကြီး!Taကို...လာမထိနဲ့...လွှတ်လို့...!Taခင်ဗျားကို..လက်မထပ်ဘူးလို့ပြောပြီးပြီနော်..!"
"ငြိမ်ငြိမ်နေစမ်း!"
မရမကဆွဲဆောင့်ခေါ်နေတဲ့လူနဲ့ ခြေကန်ရုန်းနေတဲ့အမူးသမားကြား ရုန်းရင်းဆန်ခက်ဖြစ်လာတယ်။ဒီထက်ပိုပြီးဒေါသမဖြစ်ချင်တော့တာကြောင့် တစ်ပွေ့စာခန္ဒာကိုယ်ကို ခါးကဆွဲမပြီးပုခုံးပေါ်ထမ်းတင်ပြီးခေါ်သွားလိုက်တယ်။လူပေါ်မှာ ဇောက်ထိုးဖြစ်သွားတဲ့အမူးသမားက ပိုမူးသွားပုံရပြီး perthကျောပြင်ကိုလက်တွေနဲ့ထုရိုက်လာတယ်။
"Perth Tanapon!!ဘာလုပ်..တာလဲ!!အောက်ကိုချပေးလို့! လူယုတ်မာကြီး!!"
ရုန်းရင်းဆန်ခတ်ဖြစ်ပြီးထမ်းခေါ်သွားတဲ့လူနဲ့ ချစ်စရာကောင်းတဲ့ဂျစ်ကန်ကန်ကောင်လေးကို ကျန်ခဲ့တဲ့သူတွေက သဘောတကျshipနေခဲ့ကြတော့တယ်။barမှာ ဇွတ်အတင်းroleခွဲနေတဲ့ကောင်မလေးတွေကို လူဆိုးကောင်လေးသာသိရင်ပြန်စွာခံရမှာသေချာပါတယ်။
TBC**
နှစ်ပိုင်းလာအပ်ပေးတာနော်😙ရှင်တို့လေးတွေလိမ္မာဖို့ပဲလိုတယ်😌 သိဖို့🤌
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




