Fasten 5
12:30, 13 October 2025Perthအိမ်ကိုရောက်တော့ နေ့လည်2နာရီထိုးနေပြီ။ကားတံခါးဖွင့်ပေးလိုက်တာနဲ့ အိမ်ပေါက်မှာ ရပ်စောင့်နေတဲ့မာမားက ပြေးလာပြီးငဂျစ်ကလေးကို ဖက်ထားတယ်။ဆုံမိတာ 2လမပြည့်သေးပေမယ့် မားကသားဖြစ်တဲ့သူ့ထက်ကို ပိုချစ်နေတာ။အနားမှာရှိတဲ့သူ့ကိုတောင် သတိမရတဲ့ပုံပဲ။
"ကလေးလေးဖျားနေတယ်ဆိုလို့ စိတ်ပူနေတာဆေးခန်းပြခဲ့ပြီလား။ ဆရာဝန်ခေါ်ပေးရမလားကလေးလေးဘာစားချင်လဲ။"
မားပုခုံးကိုမှီထားတဲ့ငဂျစ်ကို ကလေးချော့သလိုချော့နေတဲ့မာမားကြောင့် perthဘာမှမပြောနိုင်တော့ဘဲ ခါးထောက်ပြီးရပ်ကြည့်နေလိုက်တယ်။
"လာ လာ အပြင်မှာအေးတယ်။ အိမ်ထဲဝင်ကြမယ် ။ perth အလုပ်ကပြန်သွားဦးမှာလား"
"သွားရမှာ ဧည့်သည်နဲ့တွေ့ဖို့ရှိတယ် ။ ဆေးခန်းပြခဲ့ပြီးပြီ သောက်ဆေးပေးလိုက်တယ် ။ မာမားခဏခေါ်ထားပေးဦး ညနေမှပြန်ပို့ပေးလိုက်မယ်။"
"အင်း အင်း သား ။ မာမားကြည့်ထားပေးမယ်။ကလေးလေး အိပ်ယာပေါ်မှာခဏလှဲနေချင်လား။မာမား သားသောက်ဖို့ စွပ်ပြုတ်လုပ်ပေးမယ်လေ"
"ဟုတ်"
အပေါက်အလမ်းတည့်နေတဲ့သားအမိနှစ်ယောက်က သူ့ကိုထားခဲ့ကြပြီး အိမ်ထဲဝင်သွားတာမို့ အလုပ်ကိုသာပြန်လာခဲ့ရတော့တယ်။
သူကလွဲပြီးအကုန်လုံးကို လိမ္မာယဉ်ကျေးနေတယ် ဆိုတဲ့စကားကတကယ်ကိုအပိုပြောတာမဟုတ်ဘူး။သူ့ကိုပဲ တစ်မျိုးပြီးတစ်မျိုး ဂျစ်တိုက်နေတာ။.....
ဧည့်သည်တွေနဲ့တွေ့ပြီးချင်းမှာပဲ perthအလုပ်ဖြတ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်တော့တယ် ။မာမားနဲ့ထားခဲ့ရတာ စိတ်ချပေမယ့် တစ်ချိန်လုံးအိမ်ကိုပဲစိတ်ရောက်နေတော့ လူကအလုပ်လုပ်လို့မရတော့ဘူး။
"ကျွန်တော်ပြန်နှင့်လိုက်မယ် အစ်မ။ လချုပ်စာရင်းတွေကိုလည်း အိမ်ကိုပဲပို့ပေးထားပါ။ကျွန်တော်စစ်ကြည့်ထားလိုက်မယ်"
"ဟုတ်ပြီ အစ်မ ပို့ပေးထားလိုက်မယ် စိတ်ချပါဒါနဲ့ ကောင်လေးရော နေကောင်းသွားပြီလား"
"သိပ်မကောင်းသေးဘူး။ အိမ်ကိုပဲပို့ထားခဲ့တာမို့ပြန်ရမှာ အစ်မကကြည့်လုပ်ထားပေးဦး"
"စိတ်ချ စိတ်ချ စောမပြန်စဖူးပြန်တဲ့ဘော့စ်က စိတ်ချပြီးသာ ကောင်းကောင်းပြန်ပါ"
အစ်မ Sammyစကားကြောင့် perth အိုးတိုးအမ်းတမ်းပြုံးပြီးသာပြန်ခဲ့ရတော့တယ်။ အစ်မက perth secretoryဆိုပေမယ့် မာမားတူမမို့ သူ့အကြောင်းတစ်ချို့သိနေတာဖြစ်မယ်။perth ဘာမှမဖြေရှင်းနိုင်တော့ဘဲ အိမ်မြန်မြန်ပြန်ဖို့သာ လုံးပမ်းရတော့တယ်။.....
Perthအိမ်ကိုပြန်ရောက်တော့ ဘယ်သူမှမရှိသလိုပဲတိတ်ဆိတ်နေတယ်။ဧည့်ခန်းထဲမှာ ချည်ထိုးနေတဲ့မာမားက သူ့ကိုသတိမထားမိပုံမရဘူး။
"ဟိုကောင်လေးရော မာမား"
"ပြန်လာပြီလား TaTaကအပေါ်မှာ ဆေးသောက်ပြီးအိပ်နေတယ်။ နည်းနည်းပိုပူလာသလိုပဲ မာမားဆရာဝန်ထပ်ခေါ်လိုက်ရမလား"
"ကျွန်တော်သွားကြည့်လိုက်ဦးမယ်"
"သွား သွား အလုပ်ကပြီးခဲ့ပြီပေါ့"
သေချာစောပြန်လာတာသိရက်နဲ့ ပြုံးစိစိနဲ့မေးနေတာမို့ perthမနေတတ်တော့။လည်ကုတ်ကို လက်နဲ့ပွတ်ရင်းအိုးတိုးအမ်းတန်းဖြေလိုက်မိတယ်။
"သိရဲ့သားနဲ့ မမေးပါနဲ့လား ခွန်pin"
"အဟင်းးး ဟုတ်ကဲ့ပါ။ မြန်မြန်သွားကြည့်လိုက်ဦး"
ပြုံးစိစိနဲ့ကျန်ခဲ့တဲ့မားကို ထားခဲ့ပြီးအိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။အိပ်နေတာမို့ တံခါးမခေါက်တော့ဘဲ ဝင်သွားလိုက်တယ်။အနက်ရောင်မွေ့ယာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ အဖြူလုံးလေးက ပိုပြီးသေးငယ်သွားသလိုပဲ။အပြင်အဆင်အားလုံးက အနက်ဖြစ်နေတဲ့ perthအခန်းထဲကို မာမားကိုယ်တိုင် သိပ်ခဲ့တာက ရည်ရွယ်ချက်ရှိရှိကြံစည်ထားတာပဲဖြစ်မယ်။အရောက်ပို့နေတဲ့ ခွန်pinနဲ့တော့ ခက်တော့တာပဲ။
ပေါင်လည်ထိရှိတဲ့ shirtအင်္ကျီအပျော့သားနဲ့ဘောင်းဘီရှည်ကလည်း perthဟာတွေဖြစ်ပြီး မာမားဝတ်ထားပေးပုံရတယ်။perth ကုတင်စွန်းမှာဝင်ထိုင်လိုက်ပြီး ခပ်ရဲရဲဖြစ်နေတဲ့ နဖူးကို စမ်းကြည့်လိုက်တယ်။မနက်ကထက်ပိုပူလာတာပဲ။
နဖူးပေါ်ရောက်နေတဲ့ perthလက်ကြောင့်ထင်တယ်။မျက်ခုံးတွေတွန့်ချိုးပြီး မျက်လုံးဖွင့်ကြည့်လာတယ်။perthမှန်းသိတော့ မျက်လုံးပြန်မှိတ်သွားပြန်တယ်။
"သက်သာလား"
".........."
ဖြေသံပြန်မလာဘဲ ခပ်တိုးတိုးလေးရှိုက်လိုက်တာမို့ ပြာယာခပ်သွားရပြန်တယ်။ကုတင်ပေါ်ကိုတက်လိုက်ပြီး အိပ်နေသူကို အုပ်မိုးကြည့်လိုက်တယ်။နှာခေါင်းတွေထိနီရဲနေပြီး မျက်ရည်စလေးတွေ မြင်လိုက်ရတော့ မျက်နှာမဖော်တဲ့သူကို ရင်ခွင်ထဲထည့်လိုက်ရတယ်။သက်သာစေရန် ခေါင်းအောက်ကိုလက်မောင်းခုပေးလိုက်တာနဲ့ သူ့ကိုပြန်မော့ကြည့်လာတယ်။
"ဘယ်လိုနေလို့လဲ ဆရာဝန် ထပ်ခေါ်ပေးရမလား"
"ဟင့်..."
ရင်ခွင်ထဲကနေရုန်းနေတာမို့ ပိုဆွဲကပ်လိုက်တော့ အပူလုံးလေးက သူ့ရင်ခွင်နေရာမှာ အံဝင်ဂွင်ကျပြန်ဖြစ်သွားတယ်။
"မရုန်းနဲ့...."
"အဖျား~ကူးလိမ့်မယ်"
"မကူးဘူး ငြိမ်ငြိမ်နေ ခေါင်းကိုက်နေလား"
"အင်း"
"အိမ်ပြန်ချင်လား လိုက်ပို့ပေးရမလား"
မပြန်နိုင်တာသိပေမယ့် နေမကောင်းရင်အမေကပ်ကိုတတ်တာ ကလေးတွေအကျင့်မို့မေးလိုက်တယ်။ခေါင်းရမ်းပြလာသူက တစ်ကယ်မထနိုင်တော့တဲ့ပုံမို့ ဘာမှဆက်မမေးဖြစ်တော့ဘူး။
ပိုတိုးဖက်ပေးလိုက်တော့ ကြယ်သီးသုံးလုံးဟထားတဲ့သူ့ရင်ဘက်ကအအေးဓာတ်ကြောင့် ပိုတိုးကပ်လာတယ်။ပူနွေးနွေးအသက်ရှုငွေ့တွေက ရင်ဘက်နေရာကိုလာရိုက်ခတ်နေတော့ ခါးမှာဖတ်ပေးထားတဲ့သူ့လက်တွေတင်းကျပ်သွားတယ်။ဒီလိုပုံစံနဲ့တော့ ရှေ့လျှောက်ဒုက္ခများဖို့သာရှိတော့တယ်။Perthသက်ပြင်း ဖွဖွချလိုက်ပြီး တွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေကို ပြေလျော့စေရန် လက်ချောင်းတွေနဲ့နှိပ်ပေးနေမိတယ်။
ပုံမှန်ဆို ကျားပေါက်လေးကို မာန်ဖီတတ်တဲ့ကောင်လေးက ဖျားနေတော့လည်း ကြောင်ကလေးလို တိုးဝေ့တတ်ပြန်တာတွေးမိတော့ ပြုံးမိသွားတယ်။ချော့လိုက်ရခြောက်လိုက်ရနဲ့ သူ့ဘဝကလည်း ကလေးထိန်းဘဝကို ရောက်မှန်းမသိ ရောက်နေပါပြီ။.....
ညနေလေးနာရီလောက်မှာ ရေပတ်ထတိုက်ပေးပြီး ဆရာဝန်ထပ်ခေါ်ပေးရတယ်။ခဏလောက်အကြာမှ မားကအန်တီတို့ကိုဖုန်းဆက်ပြီးအကြောင်းကြားထားတာမို့ boom နဲ့အတူရောက်လာကြတယ်။အလုပ်ကလိုက်လာတဲ့ boomအနားကိုသာကပ်နေပြီး ဂျီကျနေတဲ့ပုံက ငါးနှစ်သားကလေးလိုပဲ။ညီအစ်ကိုနှစ်ယောက်ကို ထားခဲ့ပြီးperthက အောက်ထပ်မှာပဲ ရေချိုးလိုက်ရတယ်။
"ဂရုစိုက်ပေးထားတာကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့လည်း အလုပ်ရောက်နေတာမို့ ချက်ချင်းလိုက်မလာဖြစ်တာ"
"ပြောစရာလူတွေမှမဟုတ်တာပဲ ရပါတယ်။ညစာစားပြီမှ ပြန်ကြပါလား။ခဏနေရင် အစ်ကိုလည်းပြန်ရောက်တော့မှာနဲ့"
"အဲ မရလောက်ဘူး ခွန်pinရေ။ အားနာလိုက်တာ သားငယ်လေးက ဖျားရင်အနားကခွာမရတော့ဘူး အလုပ်ပိုနေပါမယ်"
ရေချိုးပြီးပါပါးအခန်းမှာ အဝတ်ဝင်လဲနေတဲ့ perthက အန်တီ့စကားကြောင့်ပြုံးလိုက်မိတယ်။ဘယ်လိုတောင် ဂျီကျလွန်းတာလဲ။ကလေးလဲ မဟုတ်ဘဲ။
"ဒါဆိုလည်း ကောင်းပါပြီ။ နောက်နေ့မှ အလည်ထပ်လာခဲ့မယ်"
"ဟုတ်ကဲ့"
ခမည်းခမက်နှစ်ယောက် ပွေ့ဖက်နှုတ်ဆက်လိုက်ကြပြီး ပြန်ဖို့ပြင်ရတယ်။ညီဖြစ်တဲ့သူကို တွဲပြီးဆင်းလာတဲ့ boomက ချော်လဲမှာဆိုးလို့အရိပ်တကြည့်ကြည့်။perthအောက်ကနေသာ ရပ်ပြီးကြည့်နေလိုက်တယ်။
စူပုတ်နေတဲ့ကောင်လေးက perthအင်္ကျီပွပွထဲမှာ မြုပ်နေတယ်။ခြေဖဝါးအောက်ထိ ဝင်နေတဲ့ဘောင်းဘီစကိုမ,ထားပုံက ဘောက်ဆက်ဆက်နိုင်တယ်။ ရိုက်သတ်ပစ်ချင်စရာလေး။
"ပြန်လိုက်ပါဦးမယ် ထိန်းပေးထားလို့ perthကို ကျေးဇူးတင်တယ်နော်"
"အင်း ရပါတယ်"
Boomက သူငယ်ချင်းဖြစ်သူရဲ့ ပုခုံးကိုနှစ်ချက်မျှပုတ်ပြီးပြောတယ်။ထိန်းပေးထားလို့ ဆိုတဲ့စကားမှာ အပူလုံးလေးမျက်နှာက စူပုပ်သွားပြန်တယ်။ကလေးလိုပြောတာကို တကယ်မကြိုက်တဲ့ပုံပဲ။လူပုံစံကတော့ ငါးနှစ်သားကအရှုံးပေးရတယ်။....."မင်းက toiletသွားမယ်ဆိုပြီးဘယ်ပျောက်သွားတာလဲ"
"ငါလား ဟဲဟဲ p'gemကပြန်လိုက်ပို့မယ်ဆိုတာနဲ့ပြန်သွားလိုက်တာ။မင်းကိုဖုန်းဆက်သားပဲ ကိုင်မှမကိုင်တာ။"
"အော် အဲ့ဒါနဲ့ပဲငါ့ကိုထားခဲ့တယ်ပေါ့လေ ခွေးကောင်"
"မထားခဲ့ပါဘူးကွာ မင်းကို p'perthကလိုက်ပို့ပေးလိမ့်မယ်ဆိုတာနဲ့ ငါလည်းဘာမှမပြောလိုက်တာပါ သူငယ်ချင်းလေး စိတ်မဆိုးပါနဲ့"
Santaပုခုံးကိုလာဖက်ပြီး တချွဲတနွဲပြောနေတဲ့ fotကို phuwinဘက်ရောက်သွားအောင် တွန်းလွှတ်လိုက်တယ်။
ဟွန့်! သူ့ဘာသာသူ သူ့သဘောနဲ့သူလုပ်ချင်ရာ လုပ်သွားပြီးမှ လူကိုအော်လားငေါက်လားနဲ့။ချီးတောင် ကျေးဇူးမတင်ဘူး!။
"အဲ့နေ့က ငါမရှိလိုက်တာတော်တော်နာတယ်ကွာ။ခွေးကောင် markကို သေအောင်ထိုးနေတဲ့ p'perthပုံစံကြီးက so coolဖြစ်နေမှာသေချာတယ်"
Phuwinရဲ့နှမျောတသစကားကြောင့် အဲဒီညကကျားရိုင်းတစ်ကောင်လို ထိန်းချုပ်ရခက်နေခဲ့တဲ့Perth Tanaponပုံစံကိုပြန်မြင်ယောင်လာတယ်။ပုံမှန်ချိန်တွေမှာ အေးစက်စက်နဲ့အရှိန်အဝါအပြည့်ဖြစ်နေပေမယ့် ဒေါသထွက်နေတဲ့အချိန်မှာတော့ သားရိုင်းတစ်ကောင်လိုပဲ။santaကိုယ်တိုင်တောင် တော်တော်လန့်သွားခဲ့ရတာ။
"အဲဒီကောင်ခုထိဆေးရုံတင်ထားရတယ်လို့ကြားတယ်။နှာခေါင်းရိုးကျိုးပြီး ခြေဆစ်လွဲသွားတယ်တဲ့"
"ဒီထက်ပိုပြီးဖြစ်သင့်တာ"
"ဒါနဲ့ ငါစဉ်းစားနေတာ အဲဒီကောင်ဘာလို့ ဘာပြသနာမှမရှာပဲငြိမ်နေလဲလို့လေ"
fotပြောတာလဲ အမှန်ပဲ။ကျောင်းကတည်းက အာဏာအပြည့်ရှိတဲ့ ကျောင်းအုပ်ရဲ့သားဖြစ်တဲ့ markက ဒီပြသနာမှာဘာလို့ငြိမ်နေရတာလဲ။
"ငြိမ်မနေရင် နစ်နာရမှာအဲ့ကောင်ကိုယ်တိုင်ပဲလေ။ သူ့ကိုသေမတတ်ထိုးကျိတ်သွားတာ Perth Tanaponမှန်းအဲ့ကောင်သိလောက်တယ်။အဲ့ဒါကြောင့်ပဲငြိမ်နေတာပဲဖြစ်မှာ။Perth Tanaponလိုလူကို သွားထိလို့ဘာမှကောင်းတာမရှိမှန်း အဲ့ကောင်ကောင်းကောင်းသိတယ်"
Phuwinစကားကြောင့် santaနဲ့fourth တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြတယ်။UKကပြန်ရောက်တာမကြာသေးတာမို့ အိမ်ကစီးပွားရေးကိုတောင် သေချာစေ့စေ့ပေါက်ပေါက်မလေ့လာရသေးတဲ့ နှစ်ယောက်က Perth Tanaponရဲ့အကြောင်းကို သေချာမသိ။Phuwinကp'pondရည်းစားဖြစ်နေတာကြောင့်ရော စီးပွားရေးဘက်မှာပါ တွင်ကျယ်တဲ့လူမို့ ထိုလူ့အကြောင်းကိုသိနေတာ။
Perth Tanaponရဲ့အရှိန်အဝါက santaထင်ထားတာထက် ပိုအားပြင်းနေတာမျိုးလား။
"Santa"
"အင်း"
"လောလောဆယ်တော့ စိတ်အေးရပေမယ့် သတိထားပြီးတော့နေဦး။ သူဒီလောက်နဲ့ပြီးမှာမဟုတ်လောက်ဘူး"
"အင်း ငါသိတယ်"
"ဒီလိုလုပ်မလား ငါအကြံပေးမယ်"
"မလုပ်ချင်ဘူး"
"ခွေးကောင်! ငါဘာပြောရသေးလို့တုန်း"
စကားထက်လက်ကပိုမြန်တဲ့ fourth က santaလက်မောင်းကိုဖတ်ကနဲလှမ်းရိုက်တယ်။
"မင်းပြောရင်ကောင်းတာ ထွက်လာမှာမဟုတ်ဘူးငါသိတယ်"
"အကောင်းပြောမှာ"
"အေး ပြော"
နှစ်ယောက်သားfotအနားမှာခေါင်းချင်းဆိုင်မိသွားကြတယ်။
"မင်း p'perthနဲ့ တွဲလိုက်ပါ့လား"
"ဘာ!"
"တကယ်ပြောတာ p'perthက သေချာကြည့်ရင် စောက်ရမ်း smartဖြစ်တာနော်။ မင်းနဲ့လဲအရမ်းလိုက်ဖက်တာ"
"ဟုတ်တယ် ငါလည်းထောက်ခံတယ်။ မင်းကိုလည်းသူကောင်ကောင်းကာကွယ်ပေးနိုင်မှာပဲ။တွဲကြည့်ပါ့လား"
"အားးး စောက်ရူးကောင်တွေ!ချီးလို့တွဲရမှာလား။သူလည်းငါ့ကိုမကြိုက်ဘူး။ငါလည်းသူ့ကိုစိတ်မဝင်စားဘူး နားလည်လား"
"မယုံဘူး"
"ငါလည်းမယုံဘူး"
"မယုံလည်းနေ သွား ပြန်ကြတော့။ မင်းတို့ကိုစိတ်ဆိုးတယ် ကိုယ့်သူငယ်ချင်းကို သူများလက်ထဲထိုးကျွေးနေတဲ့ကောင်တွေ"
"မင်းကလည်း မင်းတို့နှစ်ယောက်ကလေ နေနဲ့လ ရွှေနဲ့မြလိုပါပဲဆို။ မင်းတို့နှစ်ယောက်ကိုတွဲမြင်မိတိုင်း ငါအူတွေယားလာတာကွ"
ဆေးမမှီတော့တဲ့phuwinကို santaခေါင်းအုံးနဲ့ဆင့်ရိုက်ပစ်လိုက်တယ်။သူလိုလူ့ဂွစာနဲ့ santaကဘယ်လိုမှပေါင်းစပ်လို့မရတဲ့ရေနဲ့မီးပဲ။
TBC**
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




