Fanfics

ep51

16:17, 27 January 2024

ဂျွန်ဂျောင်ဂုပြန်လာပြီဆိုတဲ့သတင်းက စစ်တပ်နဲ့အစိုးရပုဂ္ဂိုလ်အကြီးအကဲတွေနဲ့ သူကလွဲရင် လျှို့ဝှက်ထားစဲ။ တစ်ဖက်နိုင်ငံကိုတော့ သူပြန်လာပြီဖြစ်ကြောင်း အထောက်အထားနဲ့အတူ စစ်ရှုံးပါတဲ့‌ဆိုတဲ့ဝန်ခံကတိနဲ့ စစ်ရှုံးနယ်မြေတွေ သိမ်းယူဖို့ရာ သတင်းပို့ထားပြီဖြစ်သည်။ အားလုံးညှိနှိုင်းအဆင်ပြေပြီးတော့မှ သူပြန်ရောက်ကြောင်း အထိတလင်းထုတ်ပြန်မည်ဖြစ်သည်။ ထိုသတင်းကို သိထားပြီးတဲ့သူက စစ်တပ်မှာသာ ယာယီရှိနေရသည်။ မဟုတ်တောင် သူက သူ့ကိုပစ်ထားပြီးတော့ ပြန်နိုင်မည်မဟုတ်။

သူသူ့ကိုမြင်စက သူအသက်ရှင်လျက်ရှိနေတာကိုယ်တိုင်မြင်တွေ့လိုက်ရပြီမလို့ သက်ပြင်းချနိုင်ခဲ့ပေမဲ့ စိတ်အေးလက်အေးဖြစ်သွားတဲ့အခါမှာတော့ သူ့ကိုယ်ပေါ်က နေရာမလပ် ညိုမဲစွဲနေတဲ့ဒဏ်ရာတွေကိုကြည့်ရင်း သက်ပြင်းတချချရှိနေရသည်။ သူကတော့ စိတ်မပူဖို့နဲ့ သက်သာကြောင်းပြောနေပေမဲ့လည်း မြင်နေရတာက ဘယ်လိုမှ စိတ်ချမ်းသာစရာကို မရှိဘူး။

" ဟင်း.. "

" ထပ်ပြီးသက်ပြင်းတွေချပြန်ပြီလားမရီးရာ မရီးဒီလိုနဲ့ အသက်တိုတော့မှာပဲ ကျုပ်အဆင်ပြေတယ်လို့ ပြောနေတာမယုံတာလား "

" ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နေရတာကို ယုံစေချင်တာလား မင်းကိုယ်ပေါ်မှာ ဒဏ်ရာမရတဲ့နေရာဆိုတာ ရှိသေးလို့လား နား နှာခေါင်း မျက်လုံး ဒီလိုနေရာသေးသေးတွေကစ လွတ်လို့လား ဟမ် မသေကောင်းမပျောက်ကောင်းလို့ဘဲ ပြောရမယ် မင်းအခုလိုပြန်လာနိုင်တာကိုပဲ ကံကောင်းလှပြီ မင်းကံသီလို့ အသက်ရှင်နေတာ "

" မရီးရာ သေနတ်ကိုင်နေတဲ့ စစ်သားတစ်ယောက်ကို ကံအကြောင်းပြောတော့ ကျုပ်ကဘယ်လိုလုပ်ပေးရမလဲ ကံဆိုတာအလုပ်ပဲ ကျုပ်ကအလုပ်ကောင်းကောင်းလုပ်ပြီး ပြန်လာ‌တာလေ ကျုပ်ကြောင့်ပဲမဟုတ်ဘူးလား ကျုပ်သာ ကံကိုစောင့်နေရင် အလောင်းတောင်မြင်ရပါ့မလား "

" မင်းပါးစပ်ပိတ် ထပ်မပြောနဲ့ "

အလောင်းဆိုတဲ့ထိုစကားကြောင့် ဆော့ဂျင်သူ့ကို ဆက်မပြောစေတော့ဘဲ ပါးစပ်တွေကို လက်ဖြင့်ပိတ်ကာ တား‌ဆီးလိုက်သည်။ အခုချိန်ထိ ထိုစကားလုံးတွေက သူ့အတွက် ထိလွယ်ရှလွယ် ဖြစ်နေတုန်းပဲ..

" ဟဟ ဟုတ်ပါပြီ ကျုပ်မပြောတော့ပါဘူး " 

သူကရယ်ရယ်မောမောပြန်ဖြေလာတော့ ဆော့ဂျင်သူ့ကိုယ်သူ အရမ်းစပ်စပ်ထိမခံ ဖြစ်‌လွန်းနေပြီဟု ဆင်ခြင်လိုက်ပြီး သူပိတ်ထားတဲ့ပါးစပ်ကို လွှတ်ကာ ကိုယ်ကို ပြန်ပြင်ထိုင်လိုက်သည်။

" အဟမ်း.. မင်း အဲအကြောင်း ငါ့ကိုပြောပြလို့ရတယ်မလား ငါသိချင်တယ် မင်းဘယ်လိုအန္တရာယ်မျိုးနဲ့ ကြုံတွေ့ပြီး ဘယ်လိုရင်ဆိုင်ခဲ့ရလဲ "

" ခင်ဗျားဘယ်နေရာသိချင်တာလဲ အယ်ရိုလို တစ်ဖက်လူကို ဘယ်လိုကန်ချက်ကျွေးပြီး ဘယ်လိုထိတ်လန့်စေလိုက်တာမျိုးလား "

သူကခပ်နောက်နောက်ဆိုလာပေမဲ့ ဆော့ဂျင်ဘာမှပြန်မပြောမိ။ ဘာလို့လဲဆိုတော့ အဲလိုအကြောင်းအရာပဲဖြစ်ဖြစ် သူသိချင်မိသည်။

" အဲဒီတုန်းကဓားပြတွေလောက် ဆိုးလား "

" ဟက် ဘယ်လိုပြောလိုက်တာလဲ ကျုပ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့လူက တစ်ဖက်နိုင်ငံက အကျော်အမော်ဗိုလ်ချုပ်တစ်ယောက်လေ ဒီဦးနှောက်မရှိတဲ့ အလေအလွင့်ဓားပြတွေနဲ့ ယှဉ်တော့ ကျုပ်သိက္ခာကျတာပေါ့ ဒီမှာမရီး ကျုပ်တို့နှစ်ယောက်တိုက်ပွဲက နိုင်ငံရဲ့သိက္ခာ၊စစ်တပ်ရဲ့ဂုဏ်၊ကျုပ်တို့နိုင်ငံရဲ့နယ်နမိတ်မြေ အဲဒါတွေအားလုံးနဲ့ လောင်းကြေးထပ်ထားတာ အဲလိုအလောင်းကစားမျိုးကို ဘယ်လိုလူနဲ့ ယုံကြည်စိတ်ချစွာ လောင်းကြေးထပ်မလဲ တစ်ဖက်လူကလည်း ကျုပ်ကိုယ်ခွဲလို့ သတ်မှတ်လို့ရတဲ့သူမျိုး ဖြစ်နေလို့ ကျုပ်ဒီလိုမျိုး ဒဏ်ချက်တွေ ရခဲ့တာပေါ့ "

" အဲဒီသူရော သူ သူသေသွားခဲ့တာလား "

" သေသွားပြီပေါ့ ရွေးစရာနှစ်မျိုးပဲရှိတယ် သူသေမလား ကိုယ်သေမလား "

သာယာနာပျော်ဖွယ်မရှိတဲ့ထိုစကားတွေကြားရတော့ သူ့စိတ်ထဲ လေးလံသွားပြန်သည်။ သူ‌သေရင်သေ မဟုတ်ရင် ကိုယ်သေမှအဆုံးသတ်မဲ့ စစ်ပွဲ.. တော်သေးတာပေါ့ တော်သေးတာပေါ့..

ဆော့ဂျင် ဒဏ်ရာဒဏ်ချက်များစွာနဲ့သူ့ကိုကြည့်ရင်း အကြိမ်ကြိမ်သက်ပြင်းချနေမိသည်။ တကယ်တော်သေးတယ် သူ သူပြန်ရောက်လာခဲ့လို့.. တစ်ဖက်လူကို အနိုင်ယူပြီး ပြန်လာနိုင်ခဲ့လို့.. ကျန်နေခဲ့တဲ့သူက သူသာဖြစ်နေရင် ပြန်မလာနိုင်တော့တဲ့သူက သူသာဖြစ်နေရင်.. ဆော့ဂျင်ဆက်မတွေးနိုင်တော့ဘဲ မျက်ရည်တွေသာ စီးကျလာခဲ့သည်။

ဆော့ဂျင်ငြိမ်ကျသွားတာတွေ့တော့ သူက ဘာမှမပြောလာတော့ဘဲ ပွေ့ဖက်လာခဲ့သည်။ သူ့ရင်ဘတ်ထဲခေါင်းအပ်ပြီး ဆော့ဂျင်နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ငိုကြွေးမိပြန်သည်။ လူကိုယ်တိုင် သူ့ရှေ့ရောက်လာပြီဖြစ်လဲ သူငိုနေမိတုန်းပဲ.. သူမျှော်နေတဲ့သူက သူ့ရှေ့ရောက်လာပြီး သူ့ကိုပွေ့ဖက်နေနိုင်နေပြီဖြစ်ပေမဲ့လည်း သူငိုနေမိတုန်းပဲ.. ဟုတ်‌တယ် သူရောက်လာပြီပဲ သူသူ့အနားမှာရှိနေပြီပဲ ဟင့် ဆော့ဂျင်လွန်ကဲနေတဲ့အတွေးတွေနဲ့ ခံစားချက်တွေကို ပြန်ထိန်းချုပ်လိုက်ပြီး သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။

" မင်း မင်းဒဏ်ရာတွေ.. ငါမေ့သွားတာ.. "

သူအလျင်အမြန်အသိစိတ်ဝင်ပြီး သူ့တစ်ကိုယ်လုံးကို စုန်ချီဆန်ချီစစ်ဆေးကာ သူ့ရင်ဘတ်ပေါ်က မျက်ရည်တွေကို ပဝါဖြင့် သုတ်သင်ပေးလိုက်သည်။ မျက်ရည်စီးကြောင်းတွေက ရင်ဘတ်ကနေတစ်ဆင့် ဝမ်းဗိုက်သို့ လျှောဆင်းသွားနိုင်ပြီး ဒဏ်ရာထဲစိမ့်ဝင်သွားနိုင်သည်။

" ဘာမှမဖြစ်ဘူးလို့ပြောသားပဲ မယုံရင် ထိကြည့်ပါလား "

သူက ဆော့ဂျင်မလုပ်ရဲမှန်းသိ၍ သူ့ရင်ဘတ်ပေါ်က ဆော့ဂျင်ရဲ့လက်တွေကို ဆွဲယူကာ ဒဏ်ရာတွေပေါ် ‌ထိတွေ့စေနေသည်။ မလုပ်ချင်ပေ။ စနောက်ပြီးတော့တောင် မလုပ်ချင်၍ သူ့လက်တွေကို သူ့ဆီနည်းနည်းမှ အပါမခံပေ။ တခုခုပယောဂကြောင့် ဒဏ်ရာပိုဆိုးလာမှာ သူကြောက်သည်။

" ဟက် မရီးပုံစံက မီးတောက်မှန်းသိလို့ ပူမှာကြောက်ပြီး မထိမကိုင်ရဲဖြစ်နေတဲ့ ယုန်လေးလိုပဲ.. အခုမရီးရဲ့ပုံစံက ကျုပ်ရင်ထဲကို ကလိကလိဖြစ်စေတယ် သိရဲ့လား.. "

နားနားကပ်ပြီး လေသံနဲ့ပြောလာတော့ သူ့ခေါင်းကို သူနှင့်ကွာအောင် ခပ်ခွာခွာကို ရုတ်လိုက်သည်။ ဆော့ဂျင်သူ့ကိုကြည့်လိုက်တော့ သူက မျက်ဝန်းနက်နက်တွေနဲ့ ပြန်ကြည့်နေပြီး ထိုအကြည့်တွေကို သူသိတော့ သူကိုယ်တိုင်ပင် တစ်မျိုးတစ်မည်ဖြစ်သွားရသည်။

" မရီးရဲ့အခုလိုပုံစံကို မမြင်ခဲ့ဖူးလို့ထင်‌တယ် ကျုပ်ရဲ့အရာက မာလာပြီ "

" မင်း!! "

ဆော့ဂျင်သူ့ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ရင်း သူ့ကိုဒေါသတကြီး တုံ့ပြန်မိသည်။ ဒီလောက် သေမတတ်ဒဏ်ရာတွေရထားတာတောင် သူက ဒီလိုအကြောင်းတွေ တွေးနိုင်နေသေးတယ်။

" ကျုပ်တို့မလုပ်တာ ဘယ်လောက်ကြာပြီလဲ "

" တွက်ကြည့်ရအောင် စစ်ပွဲက ပျမ်းမျှလေးလလောက်ရှိမယ် ကျုပ်ပြန်မလာတာက နှစ်လခွဲလောက် အဲဒီမတိုင်ခင်တုန်းကလည်း အတူနေခဲ့တာမျိုးမရှိဘူးဆိုတော့ ကျုပ်တို့အတူမနေတာ ခုနစ်လလောက်ရှိသွားပြီပေါ့ "

" မင်းမတော်နိုင်သေးဘူးလား! "

ဆော့ဂျင်လေသံမာမာနဲ့ဟောက်လိုက်ပေမဲ့ သူကပါးပါးပြုံးလိုက်ပြီး သူ့မျက်နှာနား တိုးကပ်လာကာ လက်တွေက သူ့ပေါင်ရင်းနားသို့ ရည်ရွယ်ချက်ရှိရှိ လာကိုင်သည်။

" ကျုပ်မရှိတုန်း မရီးဘယ်နှခါဖြည်လျှော့ပြီးပြီလဲ ဒါမှမဟုတ် ကျုပ်နဲ့မှ ထုတ်လွှတ်မယ်ဆိုပြီး ထိန်းထားတာမျိုးလား "

သူ့ပေါင်သားတွေကို ထိကိုင်ပွတ်သပ်လာပြီး တစ်နေရာရာကိုသွားဖို့ ဆွဲခေါ်နေတဲ့ အသံနေအသံထားကြောင့် သူကြွက်သားတွေကို ကျုံ့လိုက်မိသည်။ မဟုတ်သေးပါဘူး သူက ဒီလိုအခြေအနေနဲ့ ဘယ်လိုဖြစ်ချင်နေတာလဲ..

" မင်း ဖယ်! "

ဆော့ဂျင်သူ့ပေါင်ပေါ်ကလက်တွေကို ဖယ်ထုတ်လိုက်ပြီး သူ့ကိုယ်ကိုလည်း သူနဲ့ဝေးရာသို့ ရွေ့လိုက်သည်။

" သေမလားရှင်မလားမသိ အန္တရာယ်တောထဲ လျှောက်နေရတဲ့အချိန်မှာ ဘယ်သူက အဲလိုမျိုးကိစ္စတွေကို တွေးနိုင်မှာလဲ မင်းဒါလေးတောင် နားမလည်ဘူးလား "

" နားမလည်ပါဘူး ကျုပ်ကတော့ နေရာဒေသမရွေး ခင်ဗျားအကြောင်းတွေးနိုင်တယ် ကျုပ်ပြန်လာတဲ့အခါကျရင် ခင်ဗျားကို ဘယ်လို လုပ် ရမလဲဆိုတာ တွေးပြီးရင်း တွေးနေမိတာ.. ခင်ဗျားကို  စားဖိုဆောင်က စားပွဲပေါ်မှာ လုပ်ကြည့်ရမလား လေသာဆောင်က ဝရန်တာပေါ်တင်ပြီး လုပ်ကြည့်ရမလား ဒါမှမဟုတ်.. "

" မင်းမတော်သေးဘူးလား "

" ဆက်ပြောချင်သေးတယ် အပြောပဲမဟုတ်ဘဲ လက်တွေ့စမ်းကြည့်ချင်တာ  စမ်းကြည့်ချင်လား "

တိုးကပ်လာတဲ့သူ့ကိုယ်ကို ဆော့ဂျင်ရဲရဲတောင် မထိကိုင်ရဲသာမလို့ လက်နဲ့မထိတထိသာ ကိုင်ကာ တား‌ဆီးနိုင်သည်။ သူအကြမ်းပတမ်းလည်း မကိုင်နိုင်သလို အလျင်အမြန်လည်း မရှောင်ဖယ်ရဲ။ တစ်နေရာရာမှာ တခုခုနဲ့ထိခိုက်မိပြီး သူ့ဒဏ်ရာပိုတိုးလာမှာ စိုးရိမ်နေမိသည်။ ဆော့ဂျင့်ရဲ့ တွန့်ဆုတ်ဆုတ်တုံ့ပြန်မှုကြောင့် သူက ရဲတင်းစွာ ပိုတိုးကပ်လာခဲ့သည်။

" မရီး ကျုပ်ခန္ဓာကိုယ်တစ်နေနေရာရာက အခြေအနေဆိုးနေလားဆိုတာ အသိပြုချင်တယ်မလား "

" မရီးကိုလုပ်ခွင့်ပြုလိုက် ကျုပ်ဘယ်လိုနေလဲသိရမယ် "

" ဟမ် ဘယ်လိုလဲ.. "

" မင်းမတော်နိုင်သေးဘူးလား အခုချက်ချင်းနောက်ဆုတ်ပြီး လှဲအိပ်လိုက်တော့နော် "

" ဘာလဲ စိတ်မထိန်းနိုင်ဖြစ်ပြီး လုပ်ခွင့်ပြုမိသွားမှာစိုးလို့လား "

အရင်လိုစိတ်အနှောင့်အယှက်ဖြစ်အောင် စနောက်နေတဲ့အမူအရာကိုမြင်တော့ သူဒေါသဖြစ်စွာ တွန်းထုတ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပေမဲ့ မျက်စိရှေ့က ကိုယ်တိုင်ကိုယ်ကျမြင်နေရတဲ့ ဒဏ်ရာဒဏ်ချက်တွေသာ ရှိမနေရင် သူသူ့မျက်နှာကို တစ်ချက်လည်သွားအောင်ကို ကန်ပစ်ချင်သည်။

" သွားအိပ် "

" ဟက်ဟက် ဟုတ်ပါပြီ အတည်ပြုချင်စိတ်ဖြစ်မိတဲ့အခါ  အင်္ကျီချွတ်လိုက်နော် "

ဆော့ဂျင်စိတ်တိုရလွန်းလို့ အံသာကြိတ်ထားနိုင်သည်။ သူပြန်မလုပ်နိုင်မှန်းသိ၍ သူက သူ့မျက်နှာထက် ဟိုထိဒီထိနဲ့ ထိကပါးရိကပါးတွေလုပ်ပြီး တဖြည်းဖြည်းချင်းနောက်ဆုတ်ကာ အိပ်ရာထက်လှဲအိပ်သွားသည်။ သူလှဲအိပ်သွားတော့မှ ဆော့ဂျင်သက်ပြင်းချနိုင်တော့သည်။

" မရီး ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်တွေချည်းပဲလို့ ပြောခဲ့တယ်နော် "

သူက လှဲအိပ်နေရင်း ဆော့ဂျင်ကို တည်ငြိမ်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ကာ ပြောနေသည်မလို့ သူငြိမ်လျက် ‌သူပြောလာမည့်စကားတွေကို နားစွင့်နေလိုက်သည်။ ထိုအခါ သူက သူ့ဘေးကနေရာကို ပုတ်ပြရင်း ဆော့ဂျင်ကိုလည်း အိပ်ဖို့အချက်ပြလာသည်။ ဆော့ဂျင်သူ့ဘေးနားတွင် သူ့ကိုမထိမိအောင် သတိနဲ့ ဝင်လှဲလိုက်သည်။ သူဝင်လှဲလိုက်သည်နှင့် သူက သူ့တစ်ကိုယ်လုံးအနားတိုးကပ်လာပြီး လက်တစ်ဖက်က ဆော့ဂျင်ခန္ဓာကိုယ်ပေါ် ရောက်လာသည်။

" မင်းဒဏ်ရာတွေကို ထိမယ် "

" ရတယ် ဘာမှမဖြစ်ဘူး "

ဆော့ဂျင်သူ့ခန္ဓာကိုယ်ကို တစ်စက်မှမလှုပ်ဘဲ သူ့ကိုသတိပေးစကားဆိုလိုက်ပေမဲ့ သူကပိုလို့သာ တိုးဖက်လာပြီး သူ့ပခုံး‌ပြင်နှင့် ဂုတ်စပ်တွေပေါ် နှုတ်ခမ်းတွေဖြင့် တို့ထိကာ တရှုပ်ရှုပ်လုပ်နေသည်။

" တကယ်တော့ ကျုပ်ကိုယ်ပေါ်မှာ ဒဏ်ရာမရခဲ့တဲ့နေရာ တစ်နေရာတော့ရှိသေးတယ် "

သူကပြောနေရင်း ဆော့ဂျင်ခန္ဓာကိုယ်ပေါ် ပွတ်သပ်နေပြီး လက်တွေက သူ့လက်ဖဝါးပြင်ကနေ ဆုပ်ကိုင်ကာ အနောက်သို့ယူသွားသည်။ ထိုအခါ သူ့လက်တွေက ခပ်မာမာအရာတစ်ခုကို ထိတွေ့လိုက်ရသည်။

" မင်း!! "

" ဟုတ်တယ် အဲဒီနေရာက အကောင်းအတိုင်းပဲ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့.. အဆိုးဆုံးပဲသိလား ကျိုးသွားတဲ့နံရိုးတွေထက်တောင် ဆိုးသေးတယ် "

" အဲဟာပါ ကျိုးသွားအောင် ငါလိမ်ချိုးပေးရမလား ငါ့လက်ကိုလွှတ်မလား "

" ဟားဟား ရက်စက်တဲ့မရီးပါလား ဟုတ်ပါပြီ လွှတ်လိုက်ပါပြီ နေကောင်းသွားရင်တော့ ချော့သိပ်မယ်မလား လက်နဲ့.. ပါးစပ်နဲ့.. ဒါမှမဟုတ်.. ဟုတ်ပြီ ဟုတ်ပြီ အိပ်ပြီ "

ဆော့ဂျင် ခေါင်းကိုဆတ်ခနဲလှည့်ကာ မျက်ထောင့်ဖြင့် ကြည့်လိုက်တော့ သူ့ဟာသူအရှိန်သတ်ကာ ရပ်သွားသည်။ သူငြိမ်ပြီး လက်ကိုလွှတ်လိုက်ပြီဆိုမှ ဆော့ဂျင်ပြန်လှည့်လာခဲ့သည်။ အရူးလို ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေရှိနေတာတောင် ပေါက်ကရစကားတွေ ထွက်နိုင်သေးတယ်။ ဆော့ဂျင်ပြန်လှည့်လာပြီးနောက် သူက ပြန်ဖက်တွယ်လာပြီး သူ့နောက်ကျောပြင်က မီသလောက်နေရာတွေကို တဖွဖွနမ်းကာ မကြာခင် လုံးဝငြိမ်သက်သွားတော့သည်။ အိပ်ပျော်သွားပြီထင်တယ်။ ဆော့ဂျင်သူငြိမ်သွားပြီး အကြာကြီးနေမှ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်ကာ ပက်လက်လန်လိုက်သည်။ သူက အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်သွားပြီဖြစ်သည်။ ဆော့ဂျင် ညိုမဲစွဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဖွဖွထိကြည့်ရင်း အိပ်ပျော်နေတဲ့သူ့ကိုကြည့်ကာ သူလည်းအိပ်လိုက်ဖို့ကြိုးစားတော့သည်။

___________________________

စစ်တပ်ကလုပ်ဆောင်ရမဲ့ကိစ္စအဝဝတွေ လုပ်ဆောင်နေရင်း အချိန်တွေလည်း ကုန်လွန်လာတာနဲ့အညီ သူ့ဒဏ်ရာတွေသည်လည်း ရောက်စကထက်တော့ ကြည့်ရမဆိုးလာတော့။ အပေါ်ယံပြတ်ရှရာတွေနဲ့ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေက အရှင်းပျောက်လုနေပြီ။ လက်မောင်းရင်းက ဓားဒဏ်ရာက အရိုးမထိသွား၍ သိပ်ကြီးမဆိုးလှလို့ ပြောလို့ရသည်။ ခြေထောက်ကဒဏ်ရာတွေကတော့ နက်ပေမဲ့ အသားများ၍ အရိုးလည်းမထိတာမလို့ အနာအမြန်ကျက်ပြီး  မြန်မြန်ပျောက်ကင်းသွားနိုင်သည်။ အဆိုးဆုံးက ခါးကအလျားလိုက်ပြတ်ရှရာနဲ့ နံရိုးနှစ်ချောင်းကျိုးသွားသည်က အဆိုးဆုံးပင်။ ခါးကပြတ်ရှရာကြီးက အချက်နှစ်ဆယ်လောက် အစိမ်းချုပ်ခဲ့ရပြီး လှုပ်ရှားလိုက်လျှင်ပင် သွေးယိုစိမ့်လာ၍ တစ်နေ့ကို ပတ်တီးလေးကြိမ်လောက် လဲနေရသည်။

သူကအငြိမ်မနေတာပါ။ ဒီလောက်ဖြစ်နေတာကို တစ်စက်မှ အငြိမ်အနားယူမနေဘဲ ကျန်းမာနေတဲ့ခန္ဓာကိုယ်အတိုင်းပဲ လှုပ်ရှားသွားလာချင်နေသည်။ သူလုပ်ချင်တာ သူသွားချင်တာရှိလာရင် ဆတ်ခနဲ ဆတ်ခနဲပင် ထသွားထလာ လုပ်နေ၍ သူပင် သတိထားတားယူနေရသည်။ သူ့ကိုပြောလိုက်ရင် သူကအဆင်ပြေတယ်ပဲ ဆရာဝန်က လာစစ်ဆေးတဲ့အခါကျရင် သူ့ဒဏ်ရာတွေမှာက တစ်ခုမဟုတ်တစ်ခု ပြဿနာဖြစ်နေပြီ။ ဆရာဝန်ကိုယ်တိုင်ကလည်း အားလွန်မလှုပ်ရှားခိုင်းတာကို သူက ဘယ်သူ့စကားမှ နားထဲမထည့်တာ။

နောက်ထပ်တစ်ခုရှိသေးတယ်။ သူတို့စစ်တပ်အထက်ရုံးချုပ်က အကြီးအကဲတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးတွေက သူ့လျှို့ဝှက်တာဝန် အောင်မြင်လာတာနဲ့ပတ်သက်ပြီး စစ်ပွဲကိစ္စတွေ၊ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရမဲ့ ကိစ္စတွေနဲ့ စစ်တပ်ကိုရောက်လာပြီး သူ့ကိုပါတွေ့ဖို့ စီစဉ်ထားတဲ့ကိစ္စကို သူက သူများနည်းတူ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုတွေ့ဆုံဖို့ရာ ထွက်သွားချင်သေးတာ။ ပြီးတော့ စိတ်တိုစရာက ဒီမှာရှိတဲ့သူတွေကလည်း ဘယ်သူမှ သူ့ဆန္ဒကို မတားကြတာပင်။ ဆော့ဂျင်တစ်ယောက်တည်း အတိုက်အခံလုပ်ပြီး ဒီကိုသာ လာတွေ့ဖို့မဟုတ်ရင် တွေ့မဲ့အစီအစဉ်ဖျက်လိုက်ပါတော့လို့ ခေါင်းခံငြင်းရသည်။

သူတို့ရဲ့ အမိန့်တွေ အာဏာတွေက မကျန်းမာနေသေးတဲ့သူတစ်ယောက်ကိုပါ နာခံစေချင်သေးတာလား သူ့ဒဏ်ရာက လှေခါးတစ်ထစ်ဆင်းလိုက်ရင်တောင် သွေးယိုစိမ့်နေသေးတဲ့အခြေအနေမှာ.. မဟုတ်တောင် သူ့ဟာသူမထိန်းချုပ်နိုင်ဘဲ လှုပ်ရှားမှုတွေ ဖြစ်သွားလွန်းလို့ သွေးယိုစိမ့်မှုက တစ်နေ့ငါးကြိမ်ထပ်မက ဖြစ်နေတာ ဘယ်အချိန် ဒဏ်ရာက ကျက်တော့မလဲ။ ဒါပေမဲ့ ဆော့ဂျင်ရဲ့ ခေါင်းမာမှုကတော့ အကျုံးဝင်လာသည်။ ဗိုလ်ချုပ်မှူးကြီးတို့က သူရှိရာနေရာသို့ လာတွေ့လာ၍ ထိုကိစ္စက အဆင်ပြေပြေပြီးသွားခဲ့သည်။

အထက်က နှစ်နိုင်ငံညှိနှိုင်းမှုတွေပြီးတော့ သူသည်လည်း တော်တော်လေးသက်သာကောင်းမွန်လာပြီမလို့ သူတို့အိမ်ပြန်ခွင့်ရခဲ့သည်။ နောက်ဆုံး‌တော့ သူတို့ အိမ်ပြန်လာခွင့်ရခဲ့ပြီ။ သူ့ဒဏ်ရာအတွက် စစ်တပ်က ဆရာဝန်က နှစ်ရက်တစ်ခါလောက် လာစစ်ဆေးပေးမယ်ပြောနေပေမဲ့ သူက မလိုဘူးငြင်းပစ်နေလို့ ဆော့ဂျင်ကပဲ ဖိတ်ခေါ်ခဲ့ရသေးသည်။

" ဗိုလ်မှူး.. ဗိုလ်မှူးယန်လာပါတယ် "

အရှေ့က အစောင့်တပ်သားတစ်ယောက် အသိပေးသံနှင့်အတူ ဗိုလ်မှူးယန်ဆိုသူ ဝင်လာခဲ့သည်။ ဒီနေ့က သူဆေးရုံကဆင်းပြီး အိမ်ပြန်မည့်နေ့ဖြစ်တာကြောင့် စစ်တပ်က သူ့လုပ်ဖော်ကိုင်ဖက်အရာရှိတွေနဲ့ အထက်လူကြီးတွေ ရာထူးတူအရာရှိ၊လက်အောက်ငယ်သားတွေက သူအချိန်နဲ့သူ သူ့ကိုနှုတ်ဆက်ဖို့ ရောက်လာကြသည်။ မနက်ပိုင်းက သူ့ထက်ရာထူးကြီးတဲ့ အရာခံဗိုလ်တွေ လာရောက်ပြီးသွားပြီ။ အခုက သူနဲ့ရာထူးတူပြီး လုပ်သက်စောတဲ့ အရာရှိတွေဖြစ်သည်။

" ငါ့ကောင်ကြီး အိမ်ပြန်တော့မယ်ကြားလို့ .. အာ.. မဒမ် မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် ကျုပ်က ဗိုလ်မှူးယန်လို့ခေါ်ပါတယ် "

" ဟုတ်ကဲ့ အေးအေးဆေးဆေးပြောကြပါ "

ဆော့ဂျင်သူ့ဧည့်သည်တွေနဲ့ပြောနေချိန်တိုင်း သူသူတို့နဲ့ဝေးဝေးနေရာကနေသာ ရှိနေတတ်တာမလို့ နှုတ်ဆက်ပြီးသွားတိုင်း သူတို့ချင်း အေးဆေးစကား ပြောရအောင်လို့ သူတို့နဲ့ခပ်လှမ်းလှမ်းတွင်သာ ရှောင်ဖယ်ပေးနေလေ့ရှိသည်။

" မင်းအတွက် အိမ်ပြန်လက်ဆောင်တွေ သယ်လာပေးတာ သိချင်လား "

" ငါ့အတွက်ဂုဏ်ပြုဆုချီးမြှင့်တဲ့ကိစ္စကလွဲရင် ဖြစ်နိုင်သေးလား "

" အမှန်ပဲကွာ ဒါပေမဲ့ ဒီတစ်ခေါက်က အများကြီးထူးခြားတယ် အရင့်အရင်ကချီးမြှင့်ဆုတွေနဲ့ ဘာမှကိုမဆိုင်တာ "

" ပြောပါအုံး "

" သုံးလခွင့် ဘယ်လိုလဲ "

" အင်း အရမ်းကွာတယ် ဘာမှကိုမဆိုင်တာ ဒါပဲလား "

" လာမယ်လေကွာ.. ဒီတစ်ခေါက် မင်းပိုကြိုက်မှာပါ မင်းအိမ်မှာ အနားယူနေတုန်း မင်းစိတ်ကြိုက်ပြုစုပေးမဲ့ အပျော်မယ်အလှလေးနှစ်ယောက် "

" ဘာပြောတယ်! "

ခပ်လှမ်းလှမ်းမှာရှိနေတဲ့ဆော့ဂျင် ထိုစကားကြားတော့ နောက်လှည့်ကြည့်ရင်း မေးလိုက်သည်။ ထိုဗိုလ်မှူးယန်ဆိုတဲ့လူက  မမျှော်လင့်ထားတဲ့ သူ့အသံ‌ကိုကြား‌လိုက်တော့  သူ့ကိုအံ့အားသင့်ကြည့်လာသည်။

" ဘာပြောလိုက်တာလဲ "

သူအနားလျှောက်လာခဲ့ပြီး ဂျွန်ဂျောင်ဂုကို အဓိပ္ပာယ်ပါပါနှင့်ကြည့်ရင်း ထပ်မေးလိုက်သည်။ သူက ပြုံးတုံ့တုံ့လုပ်နေပြီး ပခုံးတွန့်ပြလာသည်။

" အာ.. မဒမ်ရှိနေတာ မေ့သွားတာပဲ ဒီလိုပါ ဒါက အထက်က ရှေ့တန်းကပြန်လာတဲ့ ဗိုလ်မှူးတွေအတွက် ချီးမြှင့်တဲ့ဆုပါ လူလွတ်ဗိုလ်မှူးတွေအတွက် စစ်တပ်က အထူးသလဲ စီစဉ်ပေးထားတာပါ။ စစ်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ဗိုလ်မှူးတွေအတွက် သေချာအနားယူပြီး စိတ်ကျေနပ်မှု တိုးစေအောင်လို့ စီစဥ်‌ပေးရတာပါအိမ်ထောင်မရှိသေးတဲ့ လူလွှတ်တွေအတွက်တော့ ဒါက အကောင်းဆုံးနဲ့ အဖိုးအတန်ဆုံးဆုဖြစ်တဲ့အပြင် ဘာနဲ့မှလဲလို့မရအောင်.. "

ဆော့ဂျင် အသေအချာ ရှင်းပြဖို့ကြိုးစားနေတဲ့ ဗိုလ်မှူးယန်ဆိုသူကို သူ့အကြည့်အတိုင်း သုန်သုန်မှုန်မှုန်နဲ့ စူးစူးစိုက်စိုက် ကြည့်နေမိတော့ ဗိုလ်မှူးယန်ဆိုတဲ့သူက ပြောလက်စတန့်သွားသည်။ သူတို့ကြား ခေတ္တမျှစကားသံတိတ်သွားတဲ့အခါ ဂျွန်ဂျောင်ဂုထံမှ ရယ်သံထွက်လာသည်။

" အဲဒါကိုထားလိုက်တော့ ငါ့အတွက်မလိုတော့ဘူး မင်းယူချင်ချင်လိုက် "

" ဟေ့ရောင် ဘယ်လိုတောင် ပေးကမ်းစွန့်ကြဲတတ်ရတာလဲ မင်း မင်း ဒီလောက်ထိ စစ်ပွဲကြားမှာ အသက်လုပြေးလွှားခဲ့ရတာ မင်းဒီစည်းစိမ်ကို အပြည့်အဝ စံစားရမှာပေါ့ .. ယမ်းငွေ့နံ့တွေကို မိန်းမလေးတွေရဲ့ကိုယ်သင်းနံ့နဲ့ ပြန်ကုစားရမယ်ဆိုတဲ့ မင်းဆောင်ပုဒ်.. "

ထိုအလိုက်မသိတဲ့ဗိုလ်မှူးက သူကြည့်နေတာမြင်တော့ ပြောလက်စတန့်သွားပြန်သည်။ ဆော့ဂျင် ထိုဗိုလ်မှူးကို သူရှုတင်းတင်းကြည့်နေရင်းမှ နှာမှုတ်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

" မလိုဘူး သူကျန်းမာရေးလည်း မကောင်းသေးဘူး "

" မဖြစ်နိုင်တာ.. မင်းအဲလောက်တောင် မလုပ်နိုင်တော့ဘူးလား "

" မဟုတ်တာ ငါလုပ်နိုင်ပါတယ် "

ဂျွန်ဂျောင်ဂုက သူ့ကို မချိုမချဉ်ပြုံးကြည့်ရင်း ပြန်ဖြေနေ‌သည်။ ပြီးတော့ သူက ထိုဗိုလ်မှူးယန်ဆိုတဲ့သူကို လက်ယက်ခေါ်လိုက်တော့ ထိုလူက ကိုယ်ကိုကိုင်းကာ ငုံ့ချလိုက်ပြီး ဂျွန်ဂျောင်ဂုက ‌တီးတိုးကပ်ကာ တခုခုကို ပြောနေသည်။ ပြောပြီးသွားတော့ ထိုလူက သူ့ကိုသေချာကြည့်လာပြီး မျက်နှာအမူအရာ ပြောင်းသွားသည်။ ‌ဂျွန်ဂျောင်ဂုကတော့ ပြောပြီးသည်နှင့် ဆော့ဂျင်နဲ့ ထိုဗိုလ်မှူးအမူအရာကို တစ်လှည့်စီကြည့်ရင်း ရွှင်မြူးနေသည်။

" ဟို ဟို မသိလို့ပါ ဘယ်လိုခေါ်ရပါ့.. ဒီဘက်က ဒီကောင်ကြီးရဲ့ ဇနီးလောင်းမှန်း မလိုက်လို့ပါ "

ဆော့ဂျင် သူတို့ချင်းဘာပြောနေလဲဆိုတာ ခန့်မှန်းနေရင်း ထိုဗိုလ်မှူးရဲ့ အံ့အားသင့်နေပြီး ထစ်ထစ်ငေါ့ငေါ့ ထွက်လာတဲ့စကားတွေကြောင့် သူဂျွန်ဂျောင်ဂုကိုသာ စူးကြည့်လိုက်တော့သည်။

" ငါ့ကောင်ကြီးက မထင်ထားဘူး.. တကယ်ပဲ မင်းကဒီလောက်.. ထားပါတော့လေ ဒါဆို ဒီဘက်က ကျုပ်ရဲ့ ဘယ်လိုခေါ်ရမလဲ ခယ်မလေးပေါ့ "

ဆော့ဂျင် : " ... "

ထိုအခေါ်အဝေါ်ကြောင့် ဆော့ဂျင်မျက်နှာမည်းမှောင်သွားလိမ့်မည်။ သူ့အမူအရာကိုကြည့်နေတဲ့ ဂျွန်ဂျောင်ဂုကလည်း တခစ်ခစ်ရယ်နေသည်။

" အခုလို တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ် ခယ် ခယ်မလေး .. ဟေ့ရောင် ‌ဒါဆို ငါနောက်မှ သီးသန့်ဆက်သွယ်လိုက်မယ် အလှလေးတွေမပါဘူးလို့ မှတ်လိုက်ပြီနော် ဒါပဲ သွားပြီ ခယ် ခယ်မလေး သွားလိုက်ပါအုံးမယ် "

သူကြည့်နေတဲ့ကြားက အဆုံးထိ ခယ်မလေးဆိုတာကိုခေါ်ပြီး အလျင်အမြန်နှုတ်ဆက်ကာ ပြေးထွက်သွားလေသည်။ ဆော့ဂျင်ထိုလူကို ဘာမှပြန်မတုံ့ပြန်လိုက်နိုင်လိုက်တော့ ခုတင်ပေါ်က ကောင်က ရွှင်မြူးနေပြီး အခုထိ ရယ်နေတုန်းပဲ။ ဆော့ဂျင်သူ့ကို ‌ရန်လိုစွာ စိုက်ကြည့်ပြီး ကျောခိုင်းသွားလိုက်သည်။

" မရီး.. "

" ဗိုလ်မှူး ဗိုလ်မှူးရဲ့ တပ်ခွဲကတပ်သားတွေ တွေ့ခွင့်တောင်းနေပါတယ် "

" ဝင်ခဲ့ခိုင်းလိုက် "

ဆော့ဂျင်နဲ့သူ စကားတစ်လုံးမှ မစရသေးခင် လူသစ်တွေ ထပ်ဝင်လာခဲ့ပြန်သည်။ တစ်နေကုန် သူကိုတွေ့မဲ့သူတွေ တဖွဲဖွဲမစဲရောက်နေသည်။ အခန်းထဲသို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ဆယ်ယောက်ကျော်လောက်ရှိတဲ့ လူအုပ်ကြီး ဝင်လာသည်။

" ဗိုလ်မှူး အလေးပြု! "

အခန်းထဲ တန်းစီနေရာကျ ရပ်လိုက်ကြပြီး သံပြိုင်အော်ဟစ်လာသံကြောင့် ဆော့ဂျင်ပင် ထိတ်လန့်သွားရသည်။

" နေ နေ အားလုံးအဆင်ပြေတယ်မလား "

" ဟုတ်ကဲ့ အားလုံးအဆင်ပြေပြေ ရှိနေပါတယ် "

နောက်ထပ်အသံပြိုင်ထွက်လာတဲ့အခါမှာတော့ ဆော့ဂျင်လန့်မသွားတော့။ အဲအစား အားလုံးညီညီညွတ်ညွတ်ဖြေနေတော့ ရယ်ချင်လာသည်။

" တော် တော် ပုံမှန်အတိုင်းပြောကြ ငါနားရက်ရထားတယ် ငါသုံးလလောက် မလာမှာမလို့ မင်းတို့အားလုံး လေ့ကျင့်ရေးကို ပုံမှန်ဆင်းကြ မင်းတို့တစ်နာရီလောက် ပျက်ကွက်ထားရင်တောင် ငါကသိတာမလို့ အချောင်ခိုဖို့ မစဉ်းစားကြနဲ့ "

" ဟုတ်ကဲ့ "

သူတို့သံပြိုင်မပြောပေမဲ့ အကျင့်ဖြစ်နေ၍ထင် ပြိုင်တူဖြေဆိုမှုကြောင့် အသံက ဟိန်းထွက်နေသည်။

" ဗိုလ်မှူး ဟို တစ်ခုလောက်မေးခွင့်ပြုပါ "

ထိုအမေးစကားကြောင့် ဆော့ဂျင်ပါ သူတို့ဘက်ကို လှမ်းကြည့်မိသွားသည်။ ထိုအခါ ဂျွန်ဂျောင်ဂုက ပြောဖို့မေးဆတ်ပြနေတာကို မြင်လိုက်သည်။

" ဗိုလ်မှူးလည်း နားရက်ယူထားပြီမလို့ ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ "

" ပြောလေ "

" ဒါက တစ်ဦးတည်းရဲ့ ဆန္ဒမဟုတ်ဘဲ စစ်တပ်တစ်ခုလုံးရဲ့ ဆန္ဒကို ထုတ်ဖော်ပြီး အရဲစွန့်မေးရတာပါ။ ရိုင်းပြသွားခဲ့သည်ရှိသော် ဗွေမယူပါနဲ့ "

အရမ်းတွေစကားပလ္လင်ခံနေတော့ ဆော့ဂျင်ပင် စိတ်ဝင်စားသွားပြီး မသိမသာ ခန္ဓာကိုယ်ကိုလှည့်ကာ စောင်းငဲ့ကြည့်လိုက်သည်။ ထိုတစ်ယောက်က လက်ကိုနောက်ပစ်ထားပြီး ခြေထောက်တွေကို အနည်းငယ်ခွာရပ်ထားကာ သူ့ပုံစံက တာဝန်ထမ်းဆောင်ဖို့ပဲ သတင်းပို့နေသလို..

" ဒီကမဒမ်က ဗိုလ်မှူးရဲ့ဇနီးလောင်းဆိုပြီး သတင်းတွေပျံ့နေလို့ အတည်ပြုချင်လို့ပါ "

ထိုအမေးစကားကြောင့် ဆော့ဂျင်မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ သူမျက်နှာကို မြန်မြန်လှည့်လိုက်ပေမဲ့ ဂျွန်ဂျောင်ဂုဆီမှ ရယ်သံထွက်ပေါ်လာတော့ သူသူ့ကို စူးစူးစိုက်စိုက် ပြန်လှည့်ကြည့်လိုက်သည်။ သူကလည်း သဘောကျရယ်နေပြီး ဆော့ဂျင်ကို အသေအချာပြုံးပြကာ သူ့တပ်သားတွေဘက် ပြန်လှည့်သွားသည်။

" ဟုတ်တယ် ဒါငါ့ရဲ့ဇနီးလောင်းပဲ "

" ဒါဆို.. မရီး!! "

အားလုံးသံပြိုင်ခေါ်လာတဲ့အသံကြောင့် ဆော့ဂျင်မည်သို့မည်ပုံတုံ့ပြန်ရမှန်းမသိ။ သူခုတင်ပေါ်က သူကိုသာ ရန်လိုစွာကြည့်ဖို့ တတ်နိုင်တော့သည်။ ဒါပေမဲ့ သူ့ထက်ပိုဆိုးစွာ သူကပိုပြီး သဘောမကျဖြစ်နေသည်။

" ဟေး မင်းတို့သူ့ကိုမရီးလို့ခေါ်လို့မရဘူး "

" ဘာဖြစ်လို့လဲဗိုလ်မှူး ဗိုလ်မှူးပဲ ကျွန်တော်တို့အားလုံးက ဗိုလ်မှူးရဲ့ညီအစ်ကိုတွေပဲလို့ သတ်မှတ်ခဲ့တာမဟုတ်ဘူးလား အရင်တုန်းက ဗိုလ်မှူးရဲ့ တခြားသမီးရည်းစားတွေတုန်းကလည်း ဗိုလ်မှူးက မရီးလို့ခေါ်တာကို မတားခဲ့ဘူးမဟုတ်လား အခု ဗိုလ်မှူးရဲ့ ဇနီးလောင်းဆိုမှတော့ ကျွန်တော်တို့မရီးပဲပေါ့ "

" မရဘူး!.. အဟမ်း အဲဒါဒီအတိုင်း အပျော်တမ်းစနောက်ပြီး ပြောခဲ့တာ မင်းတို့အတည်ယူလို့မရဘူး "

" အဟမ်း ဒီအတိုင်း မဒမ်ပဲခေါ် မရီးလို့ခေါ်လို့မရဘူး ဒါအမိန့်ပဲ "

" ဟုတ်ကဲ့ နားလည်ပါပြီ "

" သွားကြတော့ ငါအနားယူရအုံးမယ် မင်းတို့အတွက် ငါနောက်မှ အပြင်ခေါ်သွားပေးမယ် "

" ဟုတ်ကဲ့ နားလည်ပါပြီ ဗိုလ်မှူးသက်သက်သာသာ အနားယူပါ "

တပ်သားတွေအားလုံး ထွက်ခွာသွားကြတော့ သူက သူ့ဘက်လှည့်ကာ ကြည့်လာ‌သည်။ ဆော့ဂျင်လည်း သူ့ကိုပြန်ကြည့်ပေးလိုက်သည်။ သေချာပေါက် မကြည်ကြည့်တွေဖြင့်ပေါ့..

" မရီးလို့ခေါ်ခွင့်မပြုနိုင်ဘူး "

" မင်းလည်းမခေါ်နဲ့ "

" ကျုပ်တစ်ယောက်ပဲခေါ်ချင်လို့ ဘယ်သူ့ကိုမှ ခေါ်ခွင့်မပြုနိုင်တာ မရီးဆိုတာ ဒီကမ္ဘာမှာ ကျုပ်တစ်ယောက်တည်းခေါ်ခွင့်ရှိလို့ ကျုပ်ခင်ဗျားကို မရီးလို့ ခေါ်ရတာကို သဘောကျခဲ့တာ ကျုပ်တစ်ယောက်တည်းခေါ်ခွင့်ရှိတာ ကျုပ်အပိုင်.. အမည်နာမရော ခန္ဓာကိုယ်အသွေးအသားတွေရော မရီးနဲ့ပတ်သက်သမျှအရာအားလုံး ကျုပ်ပိုင်တယ်.. "

__________TBC

အမယ် ဒီတစ်ခေါက် မှန်းကြတာ ဘယ်ဆိုးလို့လဲ မဖြေတတ်တဲ့သူများလည်း ကိုယ့်ဟာကိုယ် တိုက်ကြည့် အဖြေညှိနိုင်ပါပြီ။ တကယ်တော့ မရီးလို့ခေါ်တာက အစကတော့ ဆော့ဂျင်က မကြိုက်မှန်းသိလို့ တမင်အနှောင့်အယှက်ဖြစ်အောင် ခေါ်ချင်တာပါ။ နောက်ပိုင်း ဆော့ဂျင်က မကြိုက်မှန်းသိပေမဲ့လည်း သူက သူ့အတွေးနဲ့သူ တစ်ဦးဆိုင်နာမ်လေးအဖြစ် သတ်မှတ်ပြီး ဆက်ခေါ်တဲ့သ‌ဘောမျိုး သက်ရောက်သွားတယ်ပေါ့နော်။ တကယ်က အိုင်ကြိုက်လို့ ခေါ်ခိုင်းတယ်ဆိုလည်း မှန်ပါတယ် >< ဇာတ်လမ်းက သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အခြေခံပြီး ရေးတာမလို့ ဒီအခေါ်အဝေါ်က ဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်ပါပဲ ဇာတ်လမ်းက မရီးနဲ့မတ်လေးကို ပုံဖော်တဲ့ အချစ်ဇာတ်လမ်း‌လေးပဲလေ စကားမစပ် နောက်တစ်ပိုင်းဆို နှုတ်ဆက်လို့ ရပါပြီ။ ဇာတ်သိမ်းပိုင်းကိုရော ခန့်မှန်းချင်သေးလား ><

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories