Fanfics

ep52

17:33, 31 January 2024

စစ်တပ်က သူပြန်လာပြီဆိုတဲ့သတင်းကို အားလုံးသိအောင် ဖြန့်ဝေခဲ့သည်။ သတင်းစာနဲ့ ရေဒီယိုရုပ်မြင်သံကြားလိုင်းတွေမှာပါ သူ့စွမ်းဆောင်ရည်ကို အကျယ်တဝင့်ဖော်ပြပြီး ချီးကျူးဂုဏ်ပြုပေးခဲ့သည်။ ထိုသတင်းကြောင့် သူက မြို့တော်မှာ တစ်ဖန်ရေပန်းစားလာခဲ့ပြန်သည်။ သူပြန်ရောက်လာတဲ့သတင်းကြောင့် မြို့တော်က သူ့မိန်းမပျိုလေးတွေဆီက စာသဝဏ်လွှာတွေ အများအပြားကလည်း အိမ်တော်ရဲ့စာတိုက်ပုံးထဲတွင် သိမ်းလို့မနိုင်ခဲ့။

စစ်တပ်ကနေစပြီး သူလက်ထပ်‌တော့မည်ဆိုတဲ့ အတင်းအဖျင်းတွေ ထွက်ပေါ်လာ‌တာတောင် သူ့ဆီရောက်လာတဲ့ စာလွှာတွေက မရပ်သွား။ မည်သူမည်ဝါလည်း အတိအကျသိချင်သည့်စကားအသွားအလာတွေနဲ့ နောက်ဆုံး လက်ထပ်ပွဲကို ဖိတ်ကြားလိုက်ပါဆိုပြီး အဆုံးသတ်သွားကြသည်။ သူကတော့ ထိုသတင်းတွေပြန်ကြားရတဲ့အခါ  ဘယ်အချိန်လက်ထပ်ကြမလဲဆိုတာ ဆွေးနွေးလာခဲ့သည်။ ဆော့ဂျင်သူ့ကို ခေါင်းအစခြေအဆုံး တစ်ချက်သာကြည့်ပြီး ဒီလိုပုံစံနဲ့ လက်ထပ်ဖို့အကြောင်းကို တွေးနေသေးတာလားလို့ ပြန်မေးချင်မိသည်။ မေးလိုက်ပြန်ရင်လည်း သူဘာမှဖြစ်နေတာမဟုတ်ဘူးဆိုတာနဲ့ဘဲ အဆုံးသတ်သွားအုံးမည်။

" ပျင်းဖို့ကောင်းလိုက်တာ.. "

" မရီး "

ဆော့ဂျင်ပြန်မထူးဘဲ မော့ကြည့်လိုက်သည်။ သူအခုဆို သူ့နားရက် မဟုတ်ဘူး သူပြန်လာတဲ့အချိန်ကတည်းက စက်ရုံမသွား အလုပ်မသွားဘဲ ပစ်ထားခဲ့တာ။ သူ‌နဲ့အိမ်တော်ကို ပြန်လာရမှသာ အလုပ်စားပွဲပေါ် ထိုင်ရတာ။ တစ်ခါတလေဆို သူ့ဘေးနား တောက်လျှောက်စောင့်ကြည့်နေရတာမလို့ အလုပ်လုပ်ဖို့အချိန်ဆိုတာမရှိ။ အခု နားရက်လည်းတော်တော်လေးရက်ရှည်ရှိလာပြီး သူ့ဒဏ်ရာတွေလည်း စိတ်ချလို့ရတဲ့အခါမှာတော့ သူပစ်ထားခဲ့ရတဲ့အလုပ်တွေထဲ ခေါင်းစိုက်နေရသည်။ သူပျင်းတယ်ဆိုတာ အမြဲဆော့ဂျင်အလုပ်စားပွဲပေါ်ရောက်နေရင် သူက တစ်နည်းနည်းနဲ့ ပျင်းပြတော့သည်။ သူ့အကြောင်းသိနေ၍ ဆော့ဂျင်သူပျင်းနေတယ်ပြောတုန်းက အဖတ်မလုပ်တာ သူကလည်း ဆော့ဂျင်တမင်မကြားချင်ဟန်ဆောင်နေမှန်းသိလို့ နာမည်ခေါ်ပြီးကို အနားရောက်လာခဲ့သည်။

" မရီးအလုပ်လုပ်နေတာလား ဒါဆိုရင်လည်း မနှောင့်ယှက်တော့ပါဘူး "

အနားရောက်လာပြီး တစ်ချက်ကြည့်ကာ ပြန်လှည့်သွားတဲ့သူ့ကို ဆော့ဂျင်မျက်မှန်အောက်က ကြည့်လိုက်သည်။ ထိုအခါသူက အဝတ်အစားဗီရိုဘက်လျှောက်သွားပြီး အဝတ်လဲနေသည်။

" မင်းဘယ်သွားမလို့လဲ "

" ဒီလိုပါပဲ မရီးကလည်း အလုပ်များနေတယ်ဆိုတော့.. "

သူကပြောနေတာ ရပ်လိုက်ပြီး မှန်ပြတင်းတွေဘက် လှမ်းကြည့်ကာ,

" ဒီနေ့ရာသီဥတုကလည်း တော်တော်လေးကောင်းတာမလို့ အပျင်းပြေ မြင်းစီးထွက်မလားလို့ "

" ရူးနေလို့မြင်းစီးရမှာလား မသွားရဘူး "

" မရီး ကျုပ်ဒဏ်ရာတွေက သက်သာနေပြီလို့ ပြောနေတာကို ဘာလို့လက်မခံရတာလဲ မရီးကိုလက်တွေ့ပြမယ်ဆိုတော့လည်း လက်မခံ "

" ဘာလို့လက်ခံရမှာလဲ ဆရာဝန်ကတောင် မင်းအရင်လိုမျိုး လှုပ်ရှားဖို့ ခွင့်မပြုထားတဲ့ဟာကို "

" အဲဒီကောင် သက်သက်မဲ့လျှောက်ပြောနေတာ ကျုပ်ဒီဒဏ်ရာတွေနဲ့ပဲ ငါးမိုင်လောက်ခရီးကို ခြေလျင်လျှောက်လာခဲ့ရတာ ဘာမှမဖြစ်ဘူး ဖြစ်ချင်ရင် ဒီကိုတောင် ရောက်လာခဲ့မှာမဟုတ်ဘူးဆိုတာ ‌သူသိတယ် သက်သက်အိမ်မှာခြေချုပ်နေရအောင် လျှောက်ပြောနေတာ ခင်ဗျားကိုပြောရင် ခင်ဗျားက ပိတ်ပင်ထားမှာသိလို့ "

" ထားတော့ မင်းသွားမှာဆိုလည်း ငါလိုက်မယ် "

ဆော့ဂျင် သူဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေကို မကြားချင်တော့တာမလို့ သူ့သဘောအတိုင်းသာ သဘောတူလိုက်သည်။ သူသူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကြားရတိုင်း စိတ်အခြေအနေက ဟိုးအောက်ဆုံးထိ ထိုးကျသွားတတ်တာမလို့ သူနှင့်အတူရှိနေချိန် မကောင်းတဲ့ခံစားချက်တွေ မဝင်ချင်ပေ။ ဒါပေမဲ့ ဆော့ဂျင်ဒီလောက်လေးဖြစ်သွားတာတောင် သူကသိပုံပေါ်ပြီး ဆော့ဂျင်ရှိရာနား တိုးကပ်လာပြီး လက်မောင်းတွေကနေ ဆွဲယူကိုင်ကာ သူ့မျက်နှာကို အကဲခတ်လာသည်။

" မရီး.. စိတ်မကောင်းဖြစ်သွားတာလား "

" မဟုတ်ဘူး သွားမယ် "

" ကျုပ်က တခြားသဘောနဲ့ပြောချင်လို့မဟုတ်ဘူး ကျုပ်သက်သာနေပြီဆိုတာ ပြောပြချင်လို့ စိတ်မကောင်းမဖြစ်နဲ့ "

" မဖြစ်ဘူး မင်းထပ်ပြောနေမှ ငါဖြစ်တော့မှာ မြန်မြန်သွားဖို့ပြင်တော့ "

" အင်း.. "

အင်းဆိုပြီး ဆော့ဂျင်ခန္ဓာကိုယ်ကို ဖက်တွယ်ထားတာ မလွှတ်ပေးသေးတော့ ဆော့ဂျင်သူနဲ့ မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။ ထိုအခါသူက မျက်နှာနားတိုးကပ်လာပြီး နှုတ်ခမ်းတွေကို ထိတွေ့နမ်းရှိုက်လာသည်။ အနမ်းတွေကို ခံယူလိုက်ပြီး တုံ့ပြန်နမ်းရှိုက်လိုက်ကာ အသက်ရှူကြပ်တော့မှ ဖယ်ခွာလိုက်ကြသည်။

" သွားရအောင် "

သူတို့သက်သောင့်သက်သာဖြစ်စေမဲ့ အဝတ်အစားတွေ လဲလှယ်လိုက်ကြပြီး အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ အိမ်တော်ထဲတွင် မည်သူမှရှိမနေ။ စစ်ပွဲကြီးပြီးဆုံးပြီး သူမပြန်လာနိုင်သေးတဲ့ တစ်လျှောက်တွင် မစ္စမာရင်းတို့သားအမိက သူ့ပြန်မလာနိုင်တော့ဘူးထင်မှတ်သွားကြပြီး သူ့ကိုလက်လျှော့ကာ ဟယ်လင်အတွက် တခြားယောကျာ်းတစ်ယောက်နဲ့ မိတ်ဆက်ကာ လက်ထပ်ပေးလိုက်သည်။ ဟယ်လင်လက်ထပ်သွားတဲ့သူကလည်း အရာရှိတစ်ယောက်ပင်။ မစ္စမာရင်းတို့ရည်မှန်းချက်က အရာရှိကတော်ဖြစ်ဖို့မလို့ သူ့သမီးကိုလည်း အရာရှိတစ်ယောက်နှင့်သာ လက်ထပ်စေသည်။ ဂျွန်ဂျောင်ဂုမရှိတော့တဲ့အခါ အိမ်တော်ရဲ့ စီးပွားရေးတွေအားလုံးက သူ့လက်ထဲမှာရှိနေပြီး ဂျွန်ဂျောင်ဂုကိုယ်တိုင်ကလည်း လွဲပြောင်းပေးထားပြီးသားမလို့ သူတို့ဂျွန်ဂျောင်ဂုအပေါ်  ထပ်ပြီးမျှော်လင့်ချက်တွေ မထားတော့ဘဲ အရာရှိတစ်ယောက်ကို အမြန်အပိုင်ချုပ်လိုက်ကြတော့သည်။ အယ်ရိုကိုတော့ အယ်ရိုရဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ သူတို့နဲ့အပါခေါ်ထားချင်ပေမဲ့ အယ်ရိုကိုယ်တိုင်က သူနဲ့နေဖို့ ဆန္ဒရှိနေတာမလို့ ဘာမှမတတ်နိုင်လိုက်။ အယ်ရိုကလည်း အခုဆိုရင် တဖြည်းဖြည်းနဲ့ စစ်ပညာ‌သင်ဖို့ကြိုးစားနေပြီဖြစ်၍ အိမ်တော်တွင် အမြဲလိုလို သူတို့နှစ်ယောက်သာ ရှိနေတတ်သည်။

" ကျုပ်ပျင်းရင်လည်း ပျင်းလောက်တယ် ဟုတ်တယ်မလား "

အိမ်တော်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်နေတာကိုမြင်တော့ သူကပြောလာသည်။ ဆော့ဂျင်သည်လည်း ထောက်ခံလိုက်သည်။ တကယ်ကို ပျင်းစရာကောင်းလောက်အောင် တိတ်ဆိတ်လွန်းနေသည်။

သူတို့အိမ်တော်ထဲက ထွက်လာခဲ့ကြပြီး အိမ်နောက်က မြင်းဇောင်းတန်းရှိရာဆီသို့ ဦးတည်လာခဲ့လိုက်သည်။ ဇောင်းတန်းထဲရောက်တော့ သူအရင်တုန်းက စီးခဲ့တဲ့ မြင်းညိုကြီးကိုမြင်တော့ လည်ဂုတ်မွေးတွေကို ပွတ်သပ်လိုက်သည်။ တော်တော်တောင် ရှည်နေပြီ။

" ငါတို့ တစ်ယောက်တစ်ကောင်စီ စီးလို့ဖြစ်ပါ့မလား "

သူမြင်းညိုကြီးရဲ့ လည်ဆံမွေးတွေကို ပွတ်သပ်ပေးနေရင်း သူ့ဒဏ်ရာကိုလည်း စိုးရိမ်စွာကြည့်ရင်း မေးလိုက်သည်။

" မဖြစ်ဘူး မရီးနဲ့အတူစီးမယ် "

" ဖြစ်ပါ့မလား မြင်းက နှစ်ယောက်အလေးချိန်ကို သယ်နိုင်ပါ့မလား "

" သယ်နိုင်တာပေါ့ မရီးကိုယ်ကိုလည်းကြည့်အုံး ခြေသလုံးတွေက ကျုပ်လက်မောင်းထက်တောင် သေးနေသေးတယ်။ ကျုပ်တို့ဒီကောင်ကြီး‌ကို ခေါ်သွားမယ် သူက အားလုံးထဲမှာ အကျန်းမာဆုံးပဲ "

" အင်း.. "

ဆော့ဂျင် သူပြောတဲ့အတိုင်း သဘောတူလက်ခံလိုက်ပြီး သူတို့ ထိုအသန်မာဆုံးမြင်းကြီးကို ဇောင်းတန်းထဲမှ ထုတ်လာခဲ့ကြသည်။ သူတို့မြင်းကို ခေါ်ထုတ်လာခဲ့ပြီး လမ်းအနည်းငယ်လျှောက်လာကြသည်။ အိမ်တော်နဲ့တော်တော်လှမ်းလှမ်းထိ လျှောက်လာကြပြီး တောစပ်နားရောက်တော့မှ သူတို့မြင်းပေါ် စတက်လိုက်သည်။ မြင်းကို လမ်းလျှောက်ရုံလောက်သာ နှင်၍ ဖြည်းဖြည်းချင်း တောစပ်ထဲသို့ ထွက်ခွာလာခဲ့ကြသည်။

____________________________

ဂျွန်ဂျောင်ဂုသူ့ကို တစ်ခါခေါ်သွားဖူးတဲ့ ပန်းရိုင်းခင်းထဲသို့ ခေါ်လာခဲ့သည်။ ပန်းရိုင်းခင်းနားမရောက်ခင် သူတို့မြင်းပေါ်က ဆင်းလိုက်ကြပြီး သူကမြင်းကို အရင် စားကျက်နေရာရှာပေးနေသည်။ ဆော့ဂျင်သူတစ်ယောက်တည်း အရင် ပန်းခင်းဆီသို့ လျှောက်လာခဲ့သည်။ အရောင်အသွေးစုံလင်လှပြီး တစ်ဆုံးမြင်နေရတဲ့ ပန်ခင်းကြီးကိုကြည့်ရင်း သူ့အတွေးတွေက အတိတ်ကအကြောင်းအရာတွေကို ပြန်တွေးမိသွားသည်။ အများဆုံးတွေးမိတာ‌ကတော့ သူနှင့်တွေ့ခါစက အချိန်တွေပင်။ ဆော့ဂျင်အရင်က သူ့ကိုတော်တော်လေးမျက်မုန်းကျိုးခဲ့သလို သူသည်လည်း ဆော့ဂျင်ကို တော်တော်လေးအထင်သေးပြီး မထီမဲ့မြင်လုပ်ခဲ့ဖူးသည်။ ဒါပေမဲ့ သူတို့ပတ်သက်ခဲ့တဲ့တစ်လျှောက်လုံး ဂျွန်ဂျောင်ဂုသူ့ကို စိတ်အနှောင့်အယှက်ပေးတာနဲ့ ထိကပါးရိကပါးပြောဆိုဆက်ဆံတာကလွဲရင် သူ့ကိုကြီးကြီးမားမား အခက်တွေ့ရန်စတာမျိုး မလုပ်ခဲ့ဖူးဘူး။ အနှောင့်အယှက်‌ဖြစ်စေတာမျိုးတွေလည်း ရှိခဲ့ပေမဲ့ ကူညီခဲ့တာတွေလည်း ရှိခဲ့တာပဲလေ..

ဆော့ဂျင်သူ့အဖြစ်ကို တွေးရင်း ရယ်လည်းရယ်ချင်မိသည်။ အခုချိန်မှတော့ သူလုပ်ခဲ့သမျှ အဆိုးထဲကအကောင်းလို့ပဲ တွေးနေမိမှာပဲလေ။ တကယ်တော့ သူက လူကောင်းရယ်လို့မဟုတ်သလို လူဆိုးရယ်လို့လည်း မဟုတ်ပြန်ဘူး။ သူ့ကိုချစ်တဲ့စိတ်နဲ့ သူဆိုးခဲ့ဖူးတာတွေ မေ့သွားနိုင်တာဖြစ်မယ် ..

" မရီး ဘာတွေတွေးနေတာလဲ "

" ဒီအတိုင်းပါပဲ လူဆိုးတစ်ယောက်အကြောင်း.. "

" လူဆိုးတစ်ယောက်ကို ချစ်မိလို့ လူကောင်းပါလို့ မျက်စိမှိတ်ယုံနေမိတဲ့ အကြောင်းလား "

ဆော့ဂျင်သူ့စကားကြောင့် မျက်ထောင့်ကပ်ကြည့်လိုက်တော့ သူက ဖွဖွရယ်သည်။ လူဆိုးလူကောင်းဘာအရေးလဲ သူ့အပေါ်ဒီလောက်ကောင်းနေတာပဲ သူ့ကိုလည်း ချစ်ပါတယ် သူကလည်းချစ်နေတာမလို့ လူဆိုးလူကောင်းက သူ့အတွက် ဘာမှအရေးမပါတော့ပါဘူး။

" မရီးအရင်တစ်ခါကလို ပန်းကုံးကွင်းလေးတွေ မလုပ်တော့ဘူးလား "

" မြင်းအတွက်လား "

" ကျစ်! ဒီမြင်း.. ထားပါတော့ မြင်းဆိုလည်းမြင်းပေါ့ မလုပ်တော့ဘူးလား "

" လိုချင်လို့လား.. "

" အင်း.. အလှဆုံးလေးလုပ်ပေး မရီးစိတ်တိုင်းကျလှတဲ့အထိ "

" အင်း.. "

ဆော့ဂျင်သူလိုချင်တယ်ဆိုတော့ ဆက်မစတော့ဘဲ ပန်းရိုင်းခင်းထဲသို့ ဦးတည်လိုက်သည်။ သူကလည်း ခပ်လှမ်းလှမ်းကနေ ပါလာပြီး လျှောက်ပတ်ကြည့်နေသည်။ ဆော့ဂျင်ခူးနေတဲ့ ပန်းအမျိုးအစားတွေကို သူကလည်း ဆော့ဂျင်လိုချင်တဲ့ ပန်းအရောင်တွေ မေးကာ ကူချိုးယူပေးနေသည်။ အရင်တစ်ခါတုန်းကတော့ ဘာအတွက်ကောင်းမှာလဲဘာညာနဲ့ မလိုချင်ခဲ့ပြီးတော့ အခုမှ စိတ်လိုလက်ရ ခူးယူပေးနေသည်။ သူစိတ်ဝင်တစားရှိနေတာမလို့ ဆော့ဂျင်လည်း ပန်းကုံးသီရဖို့ ပိုလို့စိတ်အားထက်သန်လာသည်။

" မရီး ဒီတစ်ခေါက်ပန်းကို မြင်ဖူးသမျှထဲမှာ အလှသကာ့အလှဆုံးလုပ်ပေးနော် လိုတဲ့ပန်းအမျိုးအစား‌သာပြောလိုက် ခူးပေးမယ် "

" သိပြီလို့ .. ဘာလို့ဒီလောက်လိုချင်နေရတာလဲ မလှရင် မယူတော့ဘူးလား "

" မဟုတ်ပါဘူး မရီးသဘောပါ မရီးအမြင်မှာ လှတယ်ဆိုရင် လှမှာပါ "

" ငါသိပြီ ငါလုပ်နေကြပဲ ငါတို့ဂေဟာမှာတုန်းကဆို စားပွဲတင်ပန်းအိုးတွေ အမွှေးနံ့သာအိတ်တွေဆို ငါပဲလုပ်ပေးတာ ငါ့မျက်လုံးက လှတဲ့အရာတွေဆို သဘောကျတတ်လို့ အလှအပဆင်ယင်ပေးရတာကို သဘောကျတယ် "

" အခုလိုမျိုးလုပ်ရတာကို သဘောကျလား.. ဒါဆို အိမ်တော်က ပန်းဥယျာဉ်ကို တိုးချဲ့သင့်လား မရှိသေးတဲ့ ပန်းမျိုးစိတ်အသစ်တွေနဲ့ ဒီထက်ကြီးတဲ့ ဥယျာဉ်အဖြစ် တိုးချဲ့ချင်လား "

" ဟင့်အင်း တော်ပြီ ငါအချိန်မပေးနိုင်သေးဘူး ငါ့အလုပ်တွေနဲ့တောင် မလည်တာ ဘယ်အချိန်ပန်းဥယျာဉ်ထဲမှာ အချိန်ဖြုန်းမလဲ "

" အလုပ်တွေကို အခုလိုပဲ ဒန်နဲ့ပစ်ထားလိုက်ပေါ့ အခုလည်း အကုန်လွဲထားလို့ရနေတာပဲ "

" မရဘူး ငါတစ်ယောက်လုံး အကောင်းတိုင်းရှိနေတာကို ဘာလို့အလုပ်တွေကို လွဲထားရမှာလဲ ပန်းသီရတာက ဘယ်လောက်ကြီးကျယ်တဲ့ကိစ္စမလို့ အလုပ်တွေကို ပစ်ထားရမှာလဲ အခုက မင်းကြောင့်သာ ပစ်ထားရတာ မင်းသာနေကောင်းသွားရင် မင်းကိုပစ်ပြီး အလုပ်သွားတော့မှာ .. ဒီမှာတစ်ခုရပြီ ဘယ်လိုနေလဲ ပန်ကြည့်တော့မလား ဒါမှမဟုတ် မြင်းကိုအရင်ပန်ပေးလိုက်မလား "

ဆော့ဂျင်လှလှပပလေးပေါ်လာတဲ့ ပန်း‌ကုံးကွင်းလေးကို သူ့ရှေ့ယမ်းပြရင်း စနောက်လိုက်သည်။ သူ့အပြောကြောင့် သူကဆော့ဂျင်ကို မျက်လုံးတွေမှေးစင်းပြီး ကြည့်လာသည်။ ဆော့ဂျင်ခပ်သာသာရယ်လိုက်ပြီး သူ့လက်ထဲက ပန်းကွင်းလေးကို သူ့ခေါင်းပေါ်တင်ပေးလိုက်သည်။

" သဘောကျလား.. "

" မရသေးဘူး နောက်တစ်ခုလုပ်ပေးအုံး "

" နှစ်ခုကြီးဘာလုပ်မလို့လဲ "

" မြင်းအတွက်လေ "

" ဟုတ်ပြီ ဟုတ်ပြီ "

ဆော့ဂျင်သူ့ရဲ့ရှုတင်းတင်းအပြောကြောင့် ခပ်သာသာရယ်မောလိုက်ရင်း သူ့သဘောအတိုင်း နောက်တစ်ခုထပ်လုပ်လိုက်သည်။ သူကရယ်မောနေတဲ့ဆော့ဂျင်ကို ခဏမျှကြည့်နေပြီး ဆတ်ခနဲထထွက်သွားသည်။ သူလှမ်းကြည့်လိုက်တော့ ဘယ်မှဝေးဝေးမသွားဘဲ ပန်းတွေသွားခူးနေတာ မြင်လိုက်သည်။ ဒီနေ့မှ ပန်းတွေကို စိတ်လိုလက်ရ ခူးယူနေတာက ထူးဆန်းသား.. စစ်ပွဲက အသက်လုပြန်လာပြီးမှ ရုတ်တရက် စိတ်နှလုံးသားက ပျော့ပျောင်းသွားရတာလား.. ဆော့ဂျင်သူ့အတွေးနဲ့သူ ခေါင်းကိုခါယမ်းပြီး ပန်းသီကုံးနေခြင်းအလုပ်ကို ဆက်လုပ်နေလိုက်သည်။

အချိန်အတန်ကြာ အာရုံစူးစိုက်လုပ်ကိုင်နေ၍ သူပတ်ဝန်းကျင်ကို ခေတ္တမျှ မေ့လျော့သွားသည်။ သူ့လက်ထဲက ပန်းကုံးကွင်းလေး ပြီးတော့မှ သူဘေးပတ်ပတ်လည်ကိုကြည့်ရင်း သူ့ကိုရှာမိသည်။ ဆော့ဂျင် ညောင်းကြောဆန့်ရင်း ခေါင်းကို ဟိုလှည့်ဒီလှည့်ရှာကြည့်တော့ မတွေ့။ သူ့အနီးအနားတစ်ဝှိုက် ဆက်တိုးသွားလိုက်ပြီး သူ့အရိပ်အယောင်လေးကို လိုက်ရှာနေမိသည်။ ခပ်လှမ်းလှမ်းထိ သူ့အရိပ်အယောင်ကို မတွေ့ရတော့ ဆော့ဂျင်စိုးထိတ်သွားမိသည်။

" ဂျောင်ဂု.. "

သူစိုးရိမ်‌စိတ်က လုံးခနဲဝင်လာတော့ အသံတွေတောင် အဖျားခတ်တုန်ယင်သွားသည်။ သူဘယ်လိုတောင် ပတ်ဝန်းကျင်ကို မေ့လျော့တဲ့အထိ နေမိသွားရတာလဲ.. သူ့ခန္ဓာကိုယ်က အကောင်းကြီးမဟုတ်သေးဘူးလေ တစ်နေရာရာမှာ လဲနေရင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ် တစ်ဖက်နိုင်ငံက အရှုံးကို မကျေနပ်လို့ သူ့ကိုကလဲ့စားချေဖို့ ဖမ်းခေါ်သွားကြလေလား.. အတွေးပေါင်းစုံဖြင့် သူ့ခြေလှမ်းတွေက သွက်လာခဲ့သည်။

" ဂျောင်ဂု.. မင်းဘယ်မှာလဲ "

" ကျုပ်ဒီမှာ.. "

အသံကြောင့် ဆော့ဂျင်နှလုံးခုန်သံတွေမြန်ရင်း အသံလာရာ နောက်လှည့်ကြည့်လိုက်မိသည်။ ထိုအခါမှ သူ့နောက်နားနီးနီးတွင် ရပ်နေတဲ့သူကို မြင်လိုက်ရတော့မှ သက်ပြင်းကိုချလိုက်မိသည်။

" မင်းဘယ်ကို-.. ! "

ဆော့ဂျင်သူ့ကို ထိတ်လန့်အောင် လုပ်ရမလားဆိုပြီး ထုရိုက်ဖို့ရာ ပြင်လိုက်ပေမဲ့ သူက မူလပန်းစည်းလေးကိုင်ပြီး ရပ်နေရာကနေ ရုတ်တရက်ဒူးတစ်ဖက်ကိုကွေးကာ ထိုင်ချလိုက်တော့ သူပိုလို့ပင် အံ့အားသင့်သွားမိသည်။ သူက ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး လက်ထဲကပန်းစည်းကို ဆော့ဂျင်ရှေ့ တဖြည်းဖြည်း‌တိုးပေးလာသည်။

" ကျုပ်ကိုလက်ထပ်နိုင်မလား.. "

ဆော့ဂျင် ဒူးထောက်ထိုင်နေတဲ့သူ့ကိုတစ်လှည့် သူ့မျက်နှာရှေ့က ပန်းစည်းကိုတစ်လှည့် အံ့အားသင့်စွာ ကြည့်နေမိသည်။ သူတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ် လက်ထပ်ဖို့ ကတိကဝတ်တွေလည်း အတူတူထားခဲ့ကြတယ် ဒါပေမဲ့ သူအခုလိုမျိုး ခွင့်တောင်းလာတဲ့အခါ ဆော့ဂျင်တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်အသစ်နှင့် အံ့ဩခြင်း၊ထိတ်လန့်ခြင်း၊မယုံနိုင်ခြင်းများစွာဖြင့် အတွေးတွေချာချာလည်ပြီး သူ့နှလုံးခုန်သံက ပေါက်ထွက်တော့မတတ် အခုန်မြန်နေတော့သည်။

" ကျုပ်ဘဝမှာ ခင်ဗျားအတွက် ပထမဆုံးနေရာကိုပေးဖို့ စဉ်းစားကြည့်လိုက်တော့ ဒီဟာအပြင် မစဉ်းစားခဲ့မိဘူး။ ခင်ဗျားနဲ့မတွေ့ခင် ဘဝတစ်လျှောက်လုံးက ဆိုးသွမ်းပြီး အပေအတေအလေလိုက်မှုတွေနဲ့ ဘဝကိုအလေးအနက်မရှိ အတည်တကျမရှိ ပေါ့ပျက်ပျက်ပဲ ဖြတ်သန်းလာခဲ့လို့ ခင်ဗျားကိုပေးစရာ ပထမဆုံးဆိုတာ မရှိခဲ့ဘူး။ ဒါပေမဲ့ သေချာတယ် ကျုပ်ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဖူးတာမလို့ ခင်ဗျားကိုတော့ ‌ဒူးထောက်တောင်းဆိုပြီး ကျုပ်နဲ့လက်ထပ်ဖို့ ခွင့်တောင်းချင်တယ် ကျုပ်ကိုပဲချစ်ပေးပြီး ကျုပ်ရဲ့အချစ်တွေခံယူပြီး ကျုပ်နဲ့တစ်သက်လုံး အတူနေထိုင်သွားဖို့ ဆန္ဒရှိရဲ့လား.. "

ဆော့ဂျင်ဘာမှပြန်မပြောနိုင်ခဲ့။ ပါးပြင်ထက်က မျက်ရည်စီးကြောင်းတွေက တစ်လိမ့်ချင်း အဆက်မပြတ် လိမ့်ဆင်းကျလာခဲ့ပြီး ခေါင်းကိုသာ အတန်တန်ညိတ်ပြလိုက်တော့သည်။

" ငါမင်းကိုပဲချစ်ပြီး မင်းအချစ်တွေကို ငါတစ်ယောက်တည်းကပဲရပြီး မင်းနဲ့အတူ တစ်သက်လုံးနေသွားဖို့ ဆန္ဒရှိတယ် ငါမင်းကိုလက်ထပ်မယ် "

ဆော့ဂျင်အငိုတွေကြားက သူ့ကိုပြန်အဖြေပေးလိုက်ပြီး သူ့လက်ထဲက ပန်းစည်းကို လက်ခံလိုက်ကာ သူ့ကိုလည်း ထရပ်စေလိုက်သည်။

" လက်ခံပြီဆိုတော့ ပန်းတွေကြားမှာ လက်စွပ်ပါတယ် ကျုပ်ခင်ဗျားကို ဝတ်ပေးမယ် "

မျက်ရည်တွေကြောင့် ဝေဝါးနေတဲ့ သူ့မျက်လုံးအိမ်က မျက်ရည်တွေကို သုတ်ဖယ်လိုက်ပြီး ပန်းစည်းကို ငုံ့ကြည့်လိုက်မိသည်။ ပန်းပွင့်တွေရဲ့အလယ်ပေါ်တွင် လက်စွပ်နှစ်ကွင်းက ရှိနေပြီး ကြိုးအနီလေးနှင့် ချည်နှောင်ထားသည်။ ခုနက အံ့အားသင့်နေရင်းမလို့ လက်စွပ်တွေရှိနေမှန်းကို သူမမြင်ခဲ့။ သူက ကြိုးအနီလေးကို အသာဖြည်လိုက်ပြီး လက်စွပ်တစ်ကွင်းကို ယူလိုက်ပြီး ဆော့ဂျင်လက်တစ်ဖက်ကို ဆွဲယူလိုက်သည်။ လက်ဖမိုးပေါ်သို့ ဖွဖွပွတ်သပ်လာပြီး နှုတ်ခမ်းဖြင့်ထိရုံ အသာနမ်းရှိုက်ကာ သူ့လက်သူကြွယ်သို့ လက်စွပ်ဝတ်ပေးလာသည်။ ဆော့ဂျင်သူ့လက်သူကြွယ်ထဲသို့ အသာအယာဝင်သွားတဲ့ လက်စွပ်လေးကို မသုန်မမှိတ် ကြည့်နေမိရင်း မျက်ရည်တစ်စက်က ပေါက်ခနဲသူ့လက်ဖမိုးပေါ် ဆင်းသက်သွားသည်။ ထိုအခါမှ ဆော့ဂျင်ခေါင်းမော့လိုက်ပြီး သူ့ကိုပြန်ကြည့်လိုက်သည်။

" ဒီတစ်ခါကျတဲ့မျက်ရည်တွေကိုလည်း သဘောကျတယ် "

ဆော့ဂျင်ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေကို အသာအယာသုတ်သင်ပေးနေတဲ့ သူ့လက်ဖဝါးပြင်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး လက်သူကြွယ်နေရာလေးကို ခဏမျှစိုက်ကြည့်ရင်း နောက်လက်စွပ်တစ်ကွင်းကိုယူကာ သူ့အတွက် ဝတ်ဆင်ပေးလိုက်သည်။ လက်သူကြွယ်ပေါ် အသာအယာရောက်သွားတဲ့ လက်စွပ်လေးကိုကြည့်ရင်း ခေါင်းအကြိမ်ကြိမ်ညိတ်လိုက်ပြီး သူ့မျက်နှာကိုထိန်းကိုင်ကာ ဆော့ဂျင်ကအရင်ဦးဆောင်တဲ့ အနမ်းတွေနဲ့ သူ့နှုတ်ခမ်းတွေပေါ် ခြယ်လှယ်လိုက်သည်။ ဆော့ဂျင် လက်တွေကို သူ့ပခုံးတစ်ဖက်တစ်ချက်စီကနေ ဝှိုက်ကာ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ယှက်ထားလိုက်တော့ သူ့လက်တွေကလည်း ဆော့ဂျင်ခါးပေါ်တင်လာပြီး တန်ပြန်နမ်းရှိုက်လာသည်။ အမျှင်မပြတ်တဲ့ အနမ်းတွေ ကူးလူးရောယှက်ပြီး အချိန်အတန်ကြာသည်အထိ မရပ်တန့်နိုင်ခဲ့။ အမျှင်မပြတ်နိုင်တဲ့အနမ်းတွေကို ခက်ခက်ခဲခဲရပ်တန့်ဖို့ ကြိုးစားလိုက်ပြီး မပြောမဖြစ်တဲ့စကားတစ်ခွန်းကို ပြောရအုံးမည်။

" မင်းကိုချစ်တယ် "

" ကျုပ်ကလည်း ခင်ဗျားကို သိပ်ချစ်တယ် "

နဖူးပြင်ချင်းထိကပ်ထားလိုက်ကြတော့ အတန်ကြာသည်အထိ ထိုပုံစံအတိုင်းသာ နေနေမိကြသည်။ သူတို့နှလုံးခုန်သံတွေ အခုထိမငြိမ်သက်နိုင်သေး.. အားစိုက်နားထောင်စရာမလိုဘဲနဲ့တောင် တစ်ယောက်နှလုံးခုန်သံတစ်ယောက် အတိုင်းသား ကြားနေရသည်။ အတန်ကြာအောင်ထိ ဘာမှမဆိုနိုင်ဘဲ ငြိမ်သက်နေကြပြီးမှ ဆော့ဂျင်ကအရင် လက်ရှိအနေအထားဆီ ပြန်ရောက်လာခဲ့သည်။ ဆော့ဂျင်ထိုအနေအထားကနေ ဖြည်းဖြည်းချင်းခွာလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။

" မင်းဘယ်တုန်းက,ကတည်းနဲ့ အစီအစဉ်ရှိနေတာလဲ.. ငါစိတ်ပူသွားတာ မင်းကိုမတွေ့လိုက်ရတော့ "

" မရီးက အမြဲအဲလိုပဲမလား တစ်ခုခုကို အာရုံစိုက်နေမိရင် ကျုပ်ကိုတောင်မေ့ပြီလေ ဒါဖြစ်နေကြပဲမလား.. "

" ငါမှားသွားတယ် ဟုတ်ပြီလား "

" အင်း အခုလိုအလွယ်တကူဝန်ခံလို့ အပြစ်မတင်တော့ဘူး.. အာ ဒါနဲ့.. "

သူက ပြောလက်စစကားကိုရပ်လိုက်ပြီး ဘေးကိုလှမ်းကြည့်လိုက်ကာ ခြေလှမ်းအနည်းငယ်လှမ်းသွားလိုက်ပြီး ပန်းခင်းပြင်တွေပေါ်မှာတင်ထားတဲ့ ပန်းကုံးကွင်းနှစ်ခုကို ယူလာခဲ့သည်။ အဲဒါခုနက သူပစ်ချခဲ့တဲ့ ပန်း‌ကွင်းလေးတွေသာ..

သူက ထိုပန်းကုံးကွင်းနှစ်ခုကို ယူလာပြီး ဆော့ဂျင်ရှေ့ပြန်ရပ်လိုက်ကာ တစ်ခုကို လက်ထဲထည့်ပေးလာသည်။

" မင်းတမင်ရည်ရွယ်ပြီး လုပ်ခိုင်းခဲ့တာပေါ့လေ ငါဘာလို့မသိရတာလဲ ငါက တကယ်မြင်းအတွက်ပဲ ထင်နေခဲ့တာ "

ဆော့ဂျင်လက်ထဲက ပန်းကွင်းလေးကို ကြည့်ရင်း သူ့ကိုခပ်ပြုံးပြုံးလေး ပြောလိုက်တော့ သူက ခေါင်းတညိတ်ညိတ်လုပ်နေသည်။

" ကျုပ်ကမြင်းပဲလေ ခဏနေ မရီးစီးရတော့မှာ "

သူက လူယုတ်မာသံနဲ့ပြောပြီး သူ့လက်ထဲက ပန်းကုံးကွင်းလေးကို ဆော့ဂျင်ခေါင်းပေါ် ဖွဖွတင်ပေးလာသည်။

" ငါခုနက မြင်းတစ်ကောင်ရဲ့ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရတာလား "

ဆော့ဂျင်သူ့ကို ပြန်ချေပလိုက်ပြီး သူ့လက်ထဲက ပန်းကုံးကွင်းလေးကို  သူ့ခေါင်းပေါ် ဖွဖွတင်ပေးလိုက်သည်။

" အဲဒါကြောင့် အခုပဲမြင်းစီးရတော့မယ်လို့ "

သူကဆော့ဂျင်ကို ခါးကနေ အလျင်အမြန်ဆွဲဖက်ယူလိုက်ပြီး ခန္ဓာကိုယ်ချင်းထိကပ်ကာ နား,နား တ်ိုးဖွဖွကပ်ပြောလာသည်။

" ခုနနေပဲ မရီးမြင်းတစ်ကောင်နဲ့ မိတ်လိုက်ရတော့မှာ ဘယ်လိုလဲ မြင်းတွေက မိတ်လိုက်ရင် အရမ်းကြမ်းတယ်ဆိုတာ သိရဲ့လား "

ဆော့ဂျင်သူ့ရင်ဘတ်ကို တစ်ချက်ထုရိုက်လိုက်သည်။ ခုနတုန်းက လူကောင်းသူကောင်းစကားတွေ ပြောနေလို့ ကြည်နူးရမယ်မကျန်သေးဘူး  မျက်နှာအရည်ထူလာပြန်ပြီ။

" မဟုတ်ဘူးလား ကျုပ်တို့ဒီနေရာမှာ လက်ထပ်ဖို့သဘောတူခဲ့ပြီမလို့ မင်္ဂလာညကိုလည်း ဒီနေရာမှာပဲ ဖြစ်သင့်တယ် ဟုတ်တယ်မလား မရီးဒီနေရာလေးကို သဘောကျတယ်ဆို "

" တော်စမ်း ငါ့ကိုမဟုတ်တာတွေမပြောနဲ့ ငါ့ရဲ့ကြည်နူးနေတဲ့စိတ်ကို မင်းလာမဖျက်နဲ့ "

" ဟုတ်ပြီ လာ ကျုပ်တို့ ဟိုဘက်ပြန်သွားရအောင် "

ဆော့ဂျင်သူဆွဲခေါ်ရာနောက် ပါလာခဲ့သည်။ မြေပြင်နေရာက တခြားနေရာထက် မြင့်နေတဲ့ ကုန်းမြေမြင့်နေရာလေးတစ်ခုဆီသို့ ရောက်လာကြပြီး အပေါ်စီးကနေ အရာ‌အားလုံးကို ကောင်းကောင်းမြင်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်သည်။ သူတို့‌ စိမ်းစိုပြီး မြက်ခင်းပြင်များတဲ့ နေရာကောင်းကို ရွေးလိုက်ကြပြီး နေရာယူလိုက်ကြသည်။ မထင်မှတ်ဘဲ ဒီနေရာကို လိုက်လာခဲ့ရပြီး ဆော့ဂျင် သူဒီလိုမျိုးလုပ်လိမ့်မည်လို့ မထင်မှတ်ထားတာကြောင့် အခုထိရင်ထဲက ကြည်နူးမှုကို တသိမ့်သိမ့်ခံစားနေမိတုန်းပဲ.. ဆော့ဂျင်သူ့လက်ထဲက သူပေးခဲ့တဲ့ ပန်းစည်းလေးကို ငုံ့ကြည်မိပြန်သည်။ တကူးတက အလှဆင်ထားတဲ့ အဆင်တန်ဆာတွေမပါပေမဲ့ သူမြင်ဖူးသမျှထဲမှာ အလှဆုံးပါပဲ..

" သဘောကျလား.. "

" အင်း "

ဆော့ဂျင်သူ့လက်ထဲက ပန်းစည်းလေးကို အကြည့်မပျက်ဘဲ ပြန်ဖြေလိုက်သည်။

" သဘောကျတယ် အရမ်းသဘောကျတယ် "

" ကျုပ်အခုလိုမျိုးအစီအစဉ်လိုက်ရတာ ကျေနပ်ရဲ့လား အရမ်းမကြီးကျယ်သလိုမျိုး ဖြစ်သွားလား ဒါက ခင်ဗျားနဲ့ကျုပ်ရဲ့ နှစ်ယောက်ကြားထဲက ကိစ္စမလို့ လူတွေကြားထဲမှာ ထင်ပေါ်အောင် မလုပ်ချင်လို့ အခုလိုမျိုး ခင်ဗျားသဘောကျတဲ့နေရာမှာ စီစဉ်လိုက်ရတာ လက်ထပ်မှတ်ပုံတင်ပြီးတဲ့အခါကျရင်တော့ အားလုံးသိအောင် သတင်းစာထဲမှာ ထည့်ကြေညာလိုက်မယ်.. ခင်ဗျားစီးပွားရေးမိတ်ဆွေတွေနဲ့ ပါတီပေးချင်တယ်ဆိုရင်လည်း သတ်သတ်စီစဉ်လိုက်မယ်လေ "

" မဟုတ်ဘူး နောက်ထပ်ပွဲစီစဉ်စရာ မလိုတော့ဘူး အခုလိုမျိုး စီစဉ်လိုက်တာ ငါအရမ်းသဘောကျတယ် ငါ့အတွက် အဆင်ပြေတယ် လူတွေအာရုံစိုက်ခံရမှာမျိုး ငါလည်းသဘောမကျဘူး။ လက်ထပ်ပြီးစီးကြောင်းကိုတော့ သတင်းစာထဲထည့်မှာကို သဘောတူတယ် "

ဆော့ဂျင်အိမ်ကိုရောက်လာတဲ့ သူ့အချစ်စာလွှာတွေအကြောင်းတွေးမိရင်း ပြောလိုက်သည်။ သူလက်ထပ်ပြီးသွားမှပဲ အချစ်စာလွှာတွေ ပို့တာ ရပ်သွားကြမှာမဟုတ်ဘူးလား။ ဆော့ဂျင်ပြောချင်တဲ့အဓိပ္ပာယ်ကိုသိတော့ သူက အားရကျေနပ်စွာ ပြုံးနေပြီး အနားတိုးကပ်လာပြန်သည်။

" ဒါဆို ဒီနေရာမှာ မင်္ဂလာသက်သေထူဖို့ရော သဘောတူပြီလား "

" မင်းဆန္ဒရှိတယ်ဆိုရင် မငြင်းတော့ဘူး ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခုတော့ ကျန်နေခဲ့မယ်ထင်တယ် "

" မရီး.. "

သူက ဆော့ဂျင်နဲ့ မျက်နှာချင်းဆိုင်ကို လှည့်လာတဲ့အခါ ဆော့ဂျင်ခေါင်းထပ်ညိတ်ပြလိုက်သည်။ ဒီနေ့တော့ သူဘယ်လိုတောင်းဆိုဆို ဆော့ဂျင်ငြင်းနိုင်မယ်မထင်ဘူး။

" မင်းသဘော.. "

သူ့စကားဆုံးသည်နှင့် ဆော့ဂျင်ကိုယ်လေး မြေပြင်ပေါ် ဖွဖွလျှောဆင်းကာ သူ့ကိုယ်ပေါ်မှာတော့ သူကအုပ်မိုးရင်း ထပ်ပါလာသည်။ သူနှင့်အကြည့်ချင်းဆုံမိတော့ သူ့မျက်လုံးထဲတွင် ချစ်ကြည်နူးရိပ်များနှင့် စိတ်အားထက်သန်မှုများကို မြင်လိုက်ရပြီး ဆော့ဂျင်မှာသာ မှန်တစ်ချပ်ရှိနေခဲ့ရင်လည်း ထိုမှန်ရိပ်ထဲက သူ့မျက်ဝန်းတွေသည်လည်း သူ့လိုပဲ ဖြစ်နေမယ်ဆိုတာ ကျိန်းသေသည်။ ဆော့ဂျင်သူ့ကိုကြည့်နေရင်း သူက ကိုယ်ကိုငုံ့ကိုင်းလာခဲ့ပြီး နှုတ်ခမ်းတွေက မျက်နှာပေါ်‌  ရောက်လာတော့ ဆော့ဂျင်မျက်လုံးတွေကို မှိတ်ချလိုက်ပြီး သူ့အနမ်းတွေကို ခံစားလိုက်သည်။

အနမ်းတွေက မျက်ခွံပေါ် ဖွဖွကျလာတယ်။ နဖူးပြင်တွေပေါ် နေရာမလပ်ရောက်လာတယ်။ နှာတံတစ်လျှောက် ဖွဖွထိတွေ့လာပြီး နှာခေါင်းထိပ်ဖျားလေးကို သွားတွေဖြင့် ဖွဖွကုတ်ခြစ်လာခဲ့သည်။ ဆော့ဂျင်နှုတ်ခမ်းတွေ တွန့်ကွေးသွားတော့ အနမ်းတွေက နှုတ်ခမ်းတွေပေါ် ရောက်လာခဲ့သည်။ နှုတ်ခမ်းတွေပေါ် ခပ်ကြာကြာထိတွေ့လာပြီးနောက် လည်ပင်းတွေကြား ဆင်းသက်လာတဲ့အခါ ဆော့ဂျင်မျက်လုံးတွေပြန်ဖွင့်ကြည့်လိုက်တော့ ကြည်လင်နေတဲ့ ကောင်းကင်ကျယ်ကြီးကို မြင်လိုက်ရသည်။ ဘေးဘီကိုကြည့်လိုက်တဲ့အခါတွင်လည်း တစ်ဖက်တွင် လေနှင့်အတူယိမ်းနေကြတဲ့ ပန်းခင်းကြီးရှိသည်။ တစ်ဖက်တွင်တော့ မြင့်မားတဲ့တောင်ကုန်းတောင်တန်းတွေကို မြင်နေရသည်။ သူ့ကိုယ်ပေါ်မှာတော့ သူ့တစ်ယောက်တည်းကိုပဲ ချစ်ပါတယ်လို့ ဒူးထောက်သစ္စာဆိုခဲ့တဲ့ သူချစ်ရတဲ့သူရှိနေတယ်။ သူ့ဘဝမှာ ဘာမှထပ်ပြီး မလိုတော့ဘူး။

မင်းရှိနေတဲ့ငါ့ဘဝက ဘာကိုမှ ထပ်ပြီးမလိုအပ်တော့ဘူးဂျောင်ဂု.. မင်းကိုချစ်တယ်။ မင်းကို ငါ့ဘဝတစ်ခုလို ချစ်တယ်။ ချစ်တယ်ဂျောင်ဂု။

မကြာခင် စိမ်းမို့နေတဲ့ မြက်ခင်းပြင်နဲ့ အဆုံးမရှိတဲ့ အပြာရောင်ကောင်းကင်ကျယ်ကြီး အောက်တွင် တစ်ယောက်ကိုတစ်ယောက် တိုးဖက်ကာ အချစ်သက်သေထူနေကြတဲ့ လူသားနှစ်ဦးရဲ့ ညည်းညူသံလွင့်လွင့်က ပန်းဝတ်မှုန်တွေကြား ကျေးငှက်မြည်သံတွေကြား ရောနှောပျံ့နှံ့လာခဲ့‌တော့သည်။

__________THE END

ကဲ နောက်ဆုံးတော့ ပြီးပါပြီလို့ မုဆိုးမလေးဂင်္ဂါလို မရှည်‌နိုင်ပေမဲ့ အိုင်တစ်ခါမှမရောက်ဖူးတဲ့ ငါးဆယ်ကျော်ထိ ရောက်ခဲ့ပြီမလို့ ဗဲရီးဟဲပီးသွားတယ် ဝူးဟူး ဒါပေမဲ့ ခွဲရတော့မှာမလို့ မပျော်တော့ပြန်ဘူး တကယ်တော့ ဇာတ်လမ်းက ရေးပြီးတာကြာပြီ အလုပ်မဝင်ခင်ကတည်းက အပြီးထိ ရေးထားပြီးတာ ကြားထဲ အလုပ်ဝင်ဖြစ်သွားတော့ အလုပ်ဝင်စ ဖိအားတွေနဲ့ အလုပ်ရှုပ် မအားလပ်တာနဲ့ နောက်ပိုင်းမှ ပုံမှန်တင်နိုင်ဖို့ အချိန်ပေးဖြစ်ပြီး အခုလိုကြာကုန်တာ။ တော်သေးတယ်‌ အလုပ်မဝင်ခင်ကတည်းက အပြီးသတ် ရေးထားနိုင်လို့ မဟုတ်ရင် တစ်လတစ်ပိုင်းတောင် အပ်ပေးနိုင်မှာမဟုတ်ဘူး။

ကဲ ဒါဆို ဇာတ်လမ်းအကြောင်း ပြောကြမယ် ဇာတ်လမ်းကတော့ အဓိက ပုံဖော်ချင်တာက မရီးနဲ့ မတ်လေးကြားက အချစ်ဇာတ်လမ်းကိုပဲ အဓိကပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဂျင်ကူးထဲမှာလည်း ဒီလိုဇာတ်အိမ်ဇာတ်ကြောင်းနဲ့ တည်ထားတဲ့ ဇာတ်လမ်းမျိုး မရှိလောက်ဘူးထင်လို့ ရေးဖို့စဉ်းစားမိခဲ့တာပါ။ ကိုယ်တိုင်လည်း ဒီလိုမျိုး ဇာတ်ကြောင်းမျိုး အရမ်းစိတ်ဝင်စားတာမလို့ ရေးတုန်းက သိပ်အခက်အခဲ မရှိခဲ့ဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် စိတ်ဓာတ်တွေ အများကြီးကျခဲ့ရတယ် စာမရေးတော့ဖို့ စဉ်းစားခဲ့တဲ့အထိပါပဲ အခုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆင်ပြေသွားပြန်တော့လည်း စာရေးဖို့က မအားလပ်တော့ပြန်ရော .. တွေးမိစဉ်းစားမိတဲ့ ပလော့တွေ ရှိသေးပေမဲ့ အခုလောလောဆယ်တော့ မရေးနိုင်သေးဘူး ༎ຶ⁠‿⁠༎ຶ တကယ် စာရေးဖို့ အတွေးတွေရော စိတ်ကူးတွေရော ရှိနေသေးတယ် လောလောဆယ်တော့ ဇာတ်လမ်းအသစ် ရေးဖို့ မရှိသေးဘူး ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဒီဝန်းကျင်လေးကို မစွန့်လွှတ်နိုင်သေးတာမလို့ ပါးပလစ်မလုပ်ရသေးတဲ့ဟာတွေ ဖြည်းဖြည်းချင်းပြန်တင်ပေးသွားပါ့မယ်လို့ အားလုံးပဲ ဖတ်ပြီးသားလေးတွေ ပြန်ဖတ်ရင်း အိုင်နဲ့အတူ ရှိနေပေးကြအုံးမယ်မလား မရှိချင်လည်း ရတယ်နော်😏 နိုတီမရှိတော့တဲ့တစ်နေ့ အိုင်လည်း ဝပ်ပတ်ထဲ ဝင်မလာတော့ဘူး ယူတို့ကို အဆက်အသွယ် ဖြတ်သွားတော့မှာ ဟွန်!

တကယ်တော့ အိုင်လေ ဒီဝန်းကျင်လေးကို သိပ်ကို သံယောဇဉ်တွယ်နေတာ အရင်ကလေ တကယ်ပဲ တစ်ပုဒ်နှစ်ပုဒ်လောက် ရေးပြီး တိတ်တဆိတ်လေး ပျောက်ကွယ်သွားတော့မလို့ကနေ တစ်စတစ်စနဲ့ မခွဲနိုင်ဖြစ်သွားတယ် ㅠㅠ အလုပ်ဝင်တုန်းကဆိုလည်း ပထမဦးဆုံးစိုးရိမ်မိတာက စာမရေးနိုင်တော့မှာဘဲ ☹️

အဲတော့ ပြောချင်တာက စာရေးဖို့က စိတ်ကူးက ရှိနေတုန်းပါပဲ ဒီကြားထဲ အဆက်အသွယ်မပြတ်သွားအောင်တော့ အဟောင်းတွေ ပြန်တင်ပေးသွားမယ် အားလပ်တဲ့အချိန်ရှိလာရင် ဝမ်းရှော့အတိုလေးတွေ ရေးထားမယ်။ အဲလိုစိတ်ကူးလေးတွေ ရှိတာပေါ့ အခုတော့ စာစစ်နိုင်ဖို့တောင် အနိုင်နိုင်ပါလို့..

အဲတော့ နိဂုံးချုပ်အနေတဲ့ ဇာတ်လမ်းပေါ် အမြင်နဲ့ ဘယ်အခန်းအကြိုက်ဆုံးလဲဆိုတာ ပြောပြပေးသွားကြ အိုင်ကတော့ မရီးကို ဓားပြတွေလက်ထဲက သွားကယ်ခဲ့တဲ့အခန်း အကြိုက်ဆုံးပါလို့ ရေးရတာလည်း အခက်အခဲမရှိဘဲ ဒေါက်ဒေါက်ဒေါက်ပဲ တစ်ခါတည်း ရေးပြီးသွားသလို ချခန်းတွေလည်း မြင်သာအောင် ရေးနိုင်ခဲ့သလို အဲအခန်းက နှစ်ယောက်သားရဲ့ အချိတ်အဆက်လေးကိုလည်း သဘောကျလို့ အကြိုက်ဆုံးအခန်းအဖြစ် ရွေးလိုက်တယ်။ စာဖတ်သူတို့ရော..

အာ.. နောက်တစ်ခုပြောချင်တာက အိတ်စထွာ 🙄 လိုချင်လား 🙄 လိုချင်တယ်ဆိုရင် အခွင့်အရေးတစ်ခုတော့ရှိတယ် 🙄 နှစ်ဆယ့်လေးနာရီအတွင်း ဗုတ်၃၀၀ပြည့်ရင် တင်ပေးဖို့ စဉ်းစားကြည့်မယ်လေ 😌 တို့ကတော့ မြင့်မြင့်ပဲ 😌 ဟွင်း ဟွင်း

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories