Fanfics

ep50

16:27, 24 January 2024

တစ်နေ့သောသာမန်နေ့လေးတစ်ခုမှာ စစ်တပ်က ဆက်သွယ်လာတဲ့ ဆက်သွယ်မှုတစ်ခုကြောင့် သူနှလုံးခုန်မမှန်သည်အထိ ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရသည်။ သူတို့က သူ့ကို သတင်းကောင်း၊သတင်းဆိုး တစ်ခုမှပြောခဲ့တာမဟုတ်ဘဲ ဒီအတိုင်း စစ်တပ်ကို ရောက်လာပေးဖို့ ဖိတ်ခေါ်ခဲ့တာပဲ။ ဒါပေမဲ့ သူ့နှလုံးခုန်သံတွေ ဆက်တိုက်လှုပ်ခတ်လို့နေသည်။ ထိုအကြောင်းအရာက သတင်းဆိုးရော သတင်းကောင်းရော ဖြစ်နိုင်သည်လေ။ စစ်တပ်က သူ့ကို ကောင်းသည်ဆိုးသည် တစ်ခုမှမပြောခဲ့ဘဲ ဒီအတိုင်း ရောက်လာပေးဖို့ပဲ ဖိတ်ခေါ်ခဲ့တယ်။ သူ့နှလုံးခုန်သံတွေ ပေါက်ထွက်မတတ် တင်းကြပ်ကာ တယ်လီဖုန်းကိုင်ထားတဲ့ သူ့လက်တွေပင် မမြဲနိုင်တော့။ မခိုင်တော့တဲ့ ‌သူ့ခြေထောက်ကို ကွေးချလိုက်ဖို့ မစဉ်းစားနိုင်သေးဘဲ စစ်တပ်သို့ အသော့နှင်တော့သည်။

သူအခုစက်ရုံမှာ ရှိနေခဲ့တာ။ သူအပြေးထွက်လာခဲ့ပြီးမှ လမ်းတွင် ကားသော့ယူခဲ့ဖို့မေ့ခဲ့ပြီ။ သူ့ကားကို ဒန်မောင်းနေကြမလို့ ကားသော့က သူ့လက်ထဲမှာပဲရှိမှာ.. ကားသော့မပါခဲ့တာသိပေမဲ့ ပြေးနေတဲ့ခြေလှမ်းတွေ မရပ်မိ။ အခုချိန်မှာ ဘာကိစ္စတွေနဲ့မှ ကြီးကျယ်နေပါစေ သူ့ခြေလှမ်းတွေ နောက်ပြန်လှည့်ဖို့ စဉ်းစားလိမ့်မည်မဟုတ်။ သူ့နောက်က စက်ရုံတစ်ခုလုံး မီးစွဲနေတာဖြစ်ဖြစ် သူသွားမဲ့လမ်းမှာ မုန်တိုင်းထန်နေတာပဲဖြစ်ဖြစ် သူနောက်လှည့်မကြည့်ဘဲ ဆက်သွားမိမယ်ထင်တယ် လူမှုကူညီရေးကိစ္စတွေလုပ်ဆောင်နေတဲ့သူ့အတွက် တခြားသူတွေရဲ့အခက်အခဲတွေကိုတောင် မေ့ထားလိုက်နိုင်သည်။ ဒီလူကအရေးကြီးသည်။ သူ့ဘဝထက် သူ့အသက်ထက်ပင် အရေးကြီးသည်။

ကျွီ..

သူစက်ရုံရှေ့ရောက်သွားတော့ ကားတစ်စီးက သူ့အနားတွင် အစောတလျင် ဆိုက်ရပ်လာသည်။ ထိုကားက သူ့ရှေ့ဆက်မည့်လမ်းတွင် ပိတ်ရပ်လိုက်သည့်အခါ သူဘေးလမ်းကနေ ချက်ချင်းကွေ့ပြီး ရှေ့ဆက်လိုက်သည်။

" မဒမ်.. "

ရင်းနှီးနေတဲ့ခေါ်သံကြောင့် သူ့ခြေလှမ်းတွေတုံ့နှေးရင်း နောက်လှည့်ကြည့်လိုက်တော့..

" မဒမ်သွားလိုရာ ပို့ဆောင်ပေးပါ့မယ် တက်ပါ "

ထိုကားကို မောင်းနှင်လာတဲ့သူက လက်ထောက်ကိန်းဝပ်ဖြစ်နေတော့ သူဘာမှတောင် မစဉ်းစားနိုင်တော့ဘဲ ကားပေါ်တက်လိုက်သည်။ သူကားပေါ်ရောက်သည်နှင့် လက်ထောက်ကိန်းဝပ်ကလည်း ဘာအမေးအမြန်းမှမရှိဘဲ ကားကို စတင်ထွက်ခွာသည်။ သူအလောတလျင်ရှိစရာတောင်မလို ကားက အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ သူတို့ကားလေး လမ်း‌မပေါ် အရှိန်ပြင်းစွာ မောင်းနှင်နေတော့မှ သူသက်မချရင်း ရှေ့တမျှော်မျှော်ကြည့်နေဖို့ သတိရမိသည်။ ကားက အခုလို အချိန်ကိုက် ရောက်လာခဲ့လို့သာ မဟုတ်ရင် သူဘယ်အထိအသိစိတ်ပျောက်ပြီး လမ်း‌မပေါ်ပြေးနေအုံးမလဲမသိနိုင်..

" လက်ထောက်ကိန်းဝပ် .. သိပြီးပြီလား "

လက်ထောက်ကိန်းဝပ် သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တာက တိုက်ဆိုင်မှုမဖြစ်နိုင်၍ သူစိတ်လှုပ်ရှားစွာ မေးလိုက်သည်။ စစ်ပွဲတွေပြီးဆုံးသွားပြီးကတည်းက လက်ထောက်ကိန်းဝပ်က လက်ရွေးစင်တပ်သားတွေနဲ့အတူ စစ်တပ်မှာ ပြန်တာဝန်ထမ်းဆောင်နေသည်။ အိမ်တော်ကို  လုံခြုံရေးအတွက် မကြာခဏ လာရောက်လေ့ရှိပေမဲ့ ဒန်ရောက်လာပြီးကတည်းက သူ့နောက်လိုက်လေ့မရှိတော့တာ.. ဒီနေ့ဒီအချိန်သူ့ရှေ့ပေါ်လာတာက တစ်ခုခုသိလာရ၍လား..

" ဟုတ်ကဲ့ သတင်းရလို့ မဒမ့်ဆီရောက်လာခဲ့တာပါ "

" မင်း မင်းသိလား သူ သူပြန်လာပြီလား သူ ပြန်ရောက်လာပြီမလား "

" မဒမ် ကျွန်တော်လည်း မဒမ်သိသလောက်ပဲ သိထားတာပါ သိထားရင်တောင် ဘာမှထုတ်ပြောပိုင်ခွင့်မရှိတာမလို့ အမြန်ဆုံးပို့ဆောင်ပေးပါ့မယ် "

" သိပါပြီ "

ဒါက အထူးလျှို့ဝှက်တာဝန်မလို့ ဘာမှထုတ်ပြောခွင့်မရှိတာကို သိ၍ သူထပ်မမေးလိုက်တော့။ အမြန်‌ဆုံးနည်းနဲ့ စစ်တပ်ကို ရောက်သွားဖို့သာ အားခဲထားတော့သည်။ သူတို့ကားလေး လမ်းမပေါ် တရိပ်ရိပ်ပြေးဆွဲနေပြီး မကြာခင် စစ်တပ်ဂိတ်ဝကို မြင်လိုက်ရသည်။ သူ့နှလုံးခုန်သံတွေက ကနဦးက စစ်တပ်ကအသိပေးဆက်သွယ်လာတဲ့အချိန်တုန်းကလိုပင် အခုန်မြန်လာခဲ့ပြန်သည်။ ဂိတ်ပေါက်ကို ဖြတ်ကျော်တဲ့အချိန် လက်ထောက်ကိန်းဝပ်ကိုမြင်တော့ အမေးအမြန်းမရှိ ဖြတ်ကျော်ခွင့်ရခဲ့သည်။ ကားလေးက အဆောက်အအုံတွေကိုကျော်ရင်း မည်သည့်နေရာဆီသို့ ဦးတည်နေသည်မသိ‌ရသေး။ အခုချိန်မှာ သူသိချင်နေသည့်တိုင် ဘယ်ဟာကိုဘယ်လိုအဆင်ချောအောင် ပြောရမှန်းပင်မသိ။ စိတ်လှုပ်ရှားမှုတွေနဲ့ သူ့တစ်ကိုယ်လုံးက တည်ငြိမ်နိုင်မှုမရှိ တုန်ယင်လို့နေသည်။

ကားရပ်သွားသည့်အခါ သူတံခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်လိုက်ပြီး မြေပြင်ပေါ်သို့ အမြန်ခြေချလိုက်သည်။ လက်ထောက်ကိန်းဝပ်က သူ့ကိုခေါင်းညိတ်အချက်ပြပြီး သူ့နောက်လိုက်ခဲ့ဖို့ စောင့်ခေါ်နေသည်။ သူဘာမှမပြောဘဲ လက်ထောက်ကိန်းဝပ်ဘက် အမြန်လျှောက်သွားလိုက်သည်။

" မဒမ် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ "

" လက်ထောက်ကိန်းဝပ် .. သူ သူ.. "

" စစ်တပ်က မဒမ့်ကို သတင်းကောင်းယူဆောင်‌လာပေးတာပါ ခုနက စစ်တပ်ဧရိယာပြင်ပမှာရှိနေတုန်းမလို့ မဒမ့်ကိုဘာမှမပြောနိုင်ခဲ့တာ.. စိတ်ပူစေမိသွားတယ် "

ဆော့ဂျင်နှလုံးခုန်သံတွေ ပေါက်ထွက်တော့မတတ် သူ့တစ်ကိုယ်လုံး သွေးဆောင့်တက်သွားတော့မည်။

" တကယ် တကယ်ပဲလား သူ သူ ပြန်လာခဲ့တာလား ဟင် တကယ်ပဲလား "

" မဒမ့်ကိုယ်တိုင်စစ်ဆေးကြည့်ဖို့ ပို့ဆောင်ပေးပါ့မယ် "

လက်ထောက်ကိန်းဝပ်က မည်သည့်အမူအရာမှမဖော်ပြတော့ဘဲ သူ့ရှေ့က ဦးဆောင်ထွက်ခွာသွားသည်။ မည်သည့်အဖြေမှ တိတိပပမသိရသေးဘဲ သူဘယ်လိုမှ စိတ်အေးနိုင်မည်မဟုတ်။ သူ့မျက်စိနဲ့မမြင်နိုင်သေးဘဲ သူဘာကိုမှ မယုံနိုင်သေးဘူး။ ဘယ်လိုပုံစံနဲ့ဖြစ်နေနေ သူ့စိတ်ကို အစွမ်းကုန်ပြင်ဆင်ထားပြီးပြီ။ ဘယ်သတင်းဖြစ်ဖြစ် သူသိချင်တယ်။ သူ့မျက်စိနဲ့အတည်ပြုပြီးနိုင်မှ သူယုံမယ်။

ကြီးမားတဲ့အဆောက်အအုံကြီးတစ်ခုအတွင်းသို့ သူတို့ရောက်လာခဲ့သည်။ သူအဝင်အဝက မည့်သည့်ခေါင်းစဉ်ဆိုင်းဘုတ်မှ မကြည့်ခဲ့ရ၍ မည်သည့်နေရာသို့ ဦးဆောင်ခေါ်လာမှန်း မသိခဲ့ရပေမဲ့ အဆောက်အအုံအတွင်းသို့ ရောက်လာမှ နှာခေါင်းထဲလှိုက်ဝင်လာတဲ့ ဆေးနံ့နဲ့ပိုးသတ်ဆေးနံ့တွေကြောင့် စစ်တပ်ကဆေးရုံဝန်းထဲရောက်နေတယ်ဆိုတာ သိလိုက်သည်။ သူ့ကိုဒီခေါ်လာတယ်ဆိုတော့ သူဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့လား.. ဒါမှမဟုတ်..

" မဒမ်ဒီမှာခဏစောင့်နေပေးပါ ကျွန်တော်ရောက်ကြောင်း အကြောင်းကြားလိုက်ပါအုံးမယ် "

ဆော့ဂျင်ခေါင်းညိတ်ပြလိုက်ပြီး ခုနက ပြတ်တောက်သွားတဲ့အတွေးကို ဆက်တွေးမိပြန်သည်။ သူတို့ရောက်နေတဲ့နေရာကို ကြည့်လိုက်တော့ တိတ်ဆိတ်ငြိမ်သက်နေပြီး ကိုယ့်အသက်ရှူသံပင် ကိုယ်ပြန်ကြားရလောက်အောင်ထိ တိတ်ဆိတ်ခြောက်ခြားဖို့ကောင်းနေသည်။ မဟုတ်မှ မဟုတ်ဘူးလား.. ရင်ခွဲရုံကိုခေါ်လာတာတော့ မဟုတ်ဘူးမလား.. သူအပြင်ဘက်မှာရပ်နေရင်း အတွေးပေါင်းစုံဖြင့် ရူးတော့မည်ထင်တယ်.. ထိုသို့သူအဆုံးထိတွေးကြည့်ပြီးပြန်တော့လည်း သူထိတ်လန့်တုန်လှုပ်ပြီး ရလဒ်ကို လက်မခံနိုင်ဖြစ်နေအုံးပေမဲ့ သူကိုယ်တိုင်အတည်ပြုချင်တဲ့ဆန္ဒတွေက ရှိနေတုန်းပဲ.. သူဘယ်လိုနေနေ ကိုယ်တိုင် ကိုယ်တိုင်မြင်ရမှပဲ.. ကိုယ်တိုင်မြင်ရမှပဲ..

ခဏကြာတော့ ခြေသံသုံးလေးသံလောက် ကြားရလာတော့ သူ့နှလုံးခုန်သံတွေက  ပြင်းပြင်းထန်ထန် လှုပ်ခုန်လာပြန်သည်။ သူဘယ်လိုမှ စိတ်ကို တည်ငြိမ်အောင် ထားလို့မရတော့။ သူရူးတော့မယ် သူရူးရင်ရူး မရူးရင် သူနှလုံးရောဂါရပြီး သေသွားနိုင်လောက်တယ်။

ခပ်လှမ်းလှမ်းမှ တပ်ချုပ်ကြီးဦးဆောင်ပြီး စစ်ဆရာဝန်တစ်ယောက်ရယ်၊ လက်ထောက်ကိန်းဝပ်ရယ် တပ်မှူးနှစ်ယောက်ရယ် သူ့ဆီလျှောက်လာတာကို မြင်လိုက်ရသည်။

" မဒမ်ရောက်လာပြီလား "

" တပ်ချုပ်ကြီး တပ်ချုပ်ကြီး သူ သူ သူရော သူဘယ်မှာလဲ သူပြန်ရောက်လာတာဟုတ်တယ်မလား "

" မဒမ် အရင်ဆုံး စိတ်ကိုအေးအေးထားလိုက်ပါ "

" ဘယ်လိုလုပ်စိတ်ကိုအေးအေးထားနိုင်ရမှာလဲ!! သူဘယ်မှာလဲ ဘယ်မှာလဲ "

အခုချိန်မှာ သူ့ကိုယ်သူဘာတွေဖြစ်နေလဲတောင် သုံးသပ်မရနိုင်နေတဲ့အချိန် စိတ်အေးအေးထားဖို့ ဖျောင်းဖျနေတာက သူ့လက်ကျန်အသိစိတ်ကို အဆုံးထိဖွင့်ထုတ်ပေးလိုက်သလိုပဲ.. သူဘယ်အချိန် ဘယ်နေရာထိ စိတ်ကိုအေးအေးထားနေရအုံးမှာလဲ သူ့စိတ်ကို အေးအေးထားစေချင်ရင် တိကျတဲ့အဖြေတစ်ခုကို ပေးလိုက်လေ!!! အခုတော့ ‌အခုမှာတော့... သူမရူးရုံတမယ်ပဲဆိုတာ သိကြရဲ့လား.. သူ့ကိုဘယ်လိုနေစေချင်နေကြတာလဲ!!

" မဒမ်.. "

သူပေါက်ကွဲအော်ဟစ်မိတော့ လက်ထောက်ကိန်းဝပ်က အနားရောက်လာပြီး နှစ်သိမ့်လာသည်။ သူစိတ်ကို ပြန်ထိန်းချုပ်လိုက်ကာ သူ့ရှေ့ကသူတွေကို ပြန်ကြည့်လိုက်သည်။ ထိုလူတွေက သူ့ရိုင်းပြမှုကို မည်သို့မျှမတုံ့ပြန်ဘဲ ဒီအတိုင်း သူ့စိတ်တည်ငြိမ်မဲ့အ‌ချိန်ကို စောင့်နေကြသည်။ သူ့အသက်ကို ဖြည်းဖြည်းချင်းရှူထုတ်ရင်း အတတ်နိုင်ဆုံးစိတ်ကို တည်ငြိမ်အောင် ကြိုးစားကြည့်သည်။ စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့က သူ့အတွက်ခက်ခဲနေတုန်းပဲ.. သူသူ့ကိုယ်သူတောင် ဘာတွေဖြစ်နေမှန်း ဆင်ခြင်ကြည့်လို့မရဘူး။ ဒါပေမဲ့.. ဒါပေမဲ့.. သူသိချင်နေပြီ။ တိကျတဲ့မျက်မြင်ကိုယ်တွေ့စစ်ဆေးမှုနဲ့ သူအတည်ပြုချင်လှပြီ မဟုတ်ရင် သူပိုဆိုးသွားနိုင်တယ်။ သူရူးတော့မယ်လို့..

" တပ်ချုပ်ကြီး.. ပြော ပြောပြလို့ရပြီလား ကျွန်ုပ် ကျွန်ုပ် သူ့ကိုတွေ့ချင်တယ် "

သူအတတ်နိုင်ဆုံး ကတုန်ကယင်မဖြစ်အောင် သူ့စိတ်အစုံကို စုစည်းပြီး မေးလိုက်သည်။ တပ်ချုပ်ကြီးနဲ့တခြားသူတွေမျက်နှာကို သူဝိုးတဝါးသာ မြင်နေရသည်။ ဘာလို့လည်းဆိုတော့ သူမျက်ဝန်းအိုင်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေပြီ.. သူသူ့အရှေ့ကအရာအားလုံးကို ဘာမှအရှင်းသားမမြင်ရတော့ဘူး။ ဒါပေမဲ့ သူမျက်ရည်တွေကို ချက်ချင်းသုတ်ဖယ်လိုက်သည်။ သူ့အခြေအနေကိုမြင်ပြီး သူ့စိတ်မတည်ငြိမ်နိုင်သေးဘူးထင်မှတ်သွားပြီး သူနဲ့တွေ့ရဖို့ ထပ်ပြီးအချိန်တွေကို ရွှေ့ဆိုင်းသွားမှာ စိုးရွံ့လှသည်။

" မဒမ် အရင်ဆုံး မဒမ်ကို စိုးရိမ်စေမိလို့ အနူးအညွတ်တောင်းပန်ပါတယ် "

ထိုလူတွေက သူ့ကိုခါးတစ်ဝက်ညွှတ်ကိုင်းကာ ဦးညွှတ်တောင်းပန်‌လာကြပေမဲ့ သူ့စိတ်ထဲ ဘာအကြောင်းအရာအတွက် တောင်းပန်နေမှန်း သူမသိ။ ဒီအတိုင်း သူတို့နောက်ပြောလာမဲ့စကားတွေကိုသာ မျှော်လင့်တကြီး စောင့်စားနေမိသည်။

" ထပ်ပြီးပြောနေကြစကားအတိုင်း ကတိတစ်ခုတောင်းခံပါရစေ။ စစ်တပ်ကသတင်းစကားတွေကို အပြင်မသယ်ယူသွားဖို့ မေတ္တာရပ်ခံပါရစေ။ ဒါက နိုင်ငံတော်အတွက်နဲ့ စစ်တပ်တစ်ခုလုံးအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လို့ စစ်တပ်က‌စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးဖို့ မျှော်လင့်ပါတယ် "

" ဟုတ်ကဲ့ ကျွန်ုပ်နားလည်ပါတယ် ကျွန်ုပ် ကျွန်ုပ် သူ သူ့ကို "

" ဗိုလ်မှူးဂျွန်ရဲ့တာဝန်နဲ့ပတ်သက်ပြီး ဗိုလ်မှူးရဲ့မိသားစုကို အလေးအနက် တောင်းပန်ပါရစေ။ ကျွန်ုပ်တို့စစ်တပ်က ပေးအပ်လိုက်တဲ့တာဝန်ကြောင့် ဗိုလ်မှူးရဲ့အထိအခိုက်အနာတရတွေနဲ့ မိသားစုဝင်တွေရဲ့ ပူပန်မှုတွေအတွက် အလေးအနက်တောင်းပန်အပ်ပါတယ်။ ဗိုလ်မှူးနဲ့မိသားစုက နိုင်ငံအတွက်အထောက်အပံ့ဖြစ်တဲ့ သူရဲကောင်းတွေဆိုတာကို ရင်ထဲမှာ အမြဲမှတ်သားထားပါတယ် နစ်နာဆုံးရှုံးမှုများအတွက် အလေးအနက်တောင်းပန်ပါတယ် "

" ရ ရပါတယ် ကျွန်ုပ် ကျွန်ုပ်ကို.. "

" မဒမ့်ကို ဗိုလ်မှူးဆီ ပို့ဆောင်ပေးပါ့မယ် "

တပ်ချုပ်ကြီးနဲ့စကားပြောဆိုပြီးတော့ သူ့ကို လိုက်ပို့ပေးဖို့ အချက်ပြလာသည်။ လက်ထောက်ကိန်းဝပ်က သူ့ကို အလျင်အမြန်ပင် ခေါ်ဆောင်သွားသည်။ နေရာတစ်ခုဆီ ဦးတည်သွားနေတုန်း သူစိတ်လှုပ်ရှားစွာ သူ့လက်တွေက ပေါင်ရင်းနားက ဘောင်းဘီစကို တင်းကြပ်စွာ ကိုင်တွယ်ထားမိသည်။

" မဒမ် ဝင်သွားလိုက်ပါ.. "

လက်ထောက်ကိန်းဝပ်က အခန်းတစ်ခုဆီသို့ ညွှန်ပြပေးလာတော့ သူလက်ထောက်ကိန်းဝပ်ကို တစ်ချက်မော့ကြည့်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။ သူ့စိတ်တွေ တုန်လှုပ်ခြောက်ခြားလို့နေပြီး အထဲကမြင်ကွင်းကို ရင်ဆိုင်ဖို့ မရဲဖြစ်လာသည်။ ဘယ်လိုအခြေအနေနဲ့နေနေ ကိုယ်တိုင်အတည်ပြုဖို့ရာ စိတ်အားထက်သန်ခဲ့ပေမဲ့ သူမလိုချင်ဆုံးပုံစံမျိုးဖြစ်နေခဲ့မှာကိုတော့ စိုးရွံ့နေမိစဲပဲ..

သူတံခါးကို တွန်းဖွင့်ရင်း အထဲကို လျှောက်လာခဲ့တော့ ကျယ်ပြန်တဲ့အခန်းကြောင့် ဘာကိုမှမမြင်ရသေး.. သူဆက်သွားရင်း အတွင်းဘက်ကို လျှောက်သွားတော့မှ ခေါင်းကို ငုံကိုင်းထားတဲ့ ကျောပြင်တစ်ခုကို လှမ်းမြင်လိုက်ရတဲ့အခါ သူ့ခြေထောက်တွေ ညွှတ်ကျချင်လာသည်။ သူ သူဆိုတာ ဟုတ်တယ်မလား.. ဆော့ဂျင်ခြေထောက်တွေ ပျော့ခွေယိုင်ကာ ထိုနေရာမှာတင် လဲကျသွားတော့သည်။

" မရီး.. "

သူအသက်ရှင်တယ်။ သူအသက်ရှင်တယ်။ သူပြန်လာပြီ။ သူပြန်လာခဲ့ပြီ။ ပျော်ရွှင်မှုဝမ်းသာကြည်နူးမှုတွေနဲ့ ဆို့နင့်လာပြီး အချိန်အကြာကြီး မျှော်လင့်နေတဲ့သူကို မျက်စိရှေ့ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရပြီမလို့ သူတင်းထားတဲ့စိတ်အစုံကို လျှော့ချလိုက်တော့သည်။

သူက အသံကြောင့် နောက်လှည့်ကြည့်လာပြီး သူ့အနားရောက်လာခဲ့သည်ကို ဆော့ဂျင်ငေးကြည့်နေမိသည်။ တကယ်ပဲသူဟုတ်တယ်။ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်ညိုမဲစွဲတွေ ပတ်တီးဖြူတွေနဲ့ ပြည့်နှက်နေပေမဲ့ သူဟုတ်တယ်။ သူက အနားလျှောက်လာပြီး လဲကျထိုင်ချနေတဲ့သူ့နည်းတူ ‌ထိုင်ချကာ  ဆော့ဂျင်ကို ပွေ့ဖက်လာသည်။

" မရီး.. ကျုပ်ပြန်လာပြီ "

သူ့ဖက်တွယ်မှုကြားတွင် ဆော့ဂျင်မျက်ရည်များမဆည်‌နိုင်အောင် ကျဆင်းလာခဲ့သည်။ သူ့ကိုပွေ့ဖက်လာမဲ့နေ့ကို မျှော်နေခဲ့တာမလို့ ဒီလိုနေ့ရက်မျိုးကို မျှော်လင့်နေခဲ့တာမလို့ ဟင့် ဟင့် ငါအရင်က.. မင်းငါ့ကိုမပွေ့ဖက်နိုင်တော့ရင် မင်းမပြန်လာနိုင်တော့ရင် ဆိုတာမျိုး တွေးဖို့တောင်မရဲခဲ့ဘူးသိလား အတွေးနဲ့တောင် မတွေးဝံ့တာမလို့ အဲဒီအတွေးတွေကပဲ ငါ့ကိုသတ်ပြီး တစ်နေ့မှ စိတ်မချမ်းသာနိုင်ခဲ့တာ.. ငါ ငါလေ..

" ကျုပ်ပြန်လာပါပြီမရီး အကြာကြီးစောင့်နေခဲ့ရတယ်မလားဟင် တောင်းပန်ပါတယ် ကျုပ်ကြာသွားတယ် တောင်းပန်ပါတယ် "

" ဟင့် မင်း သိလား ဟမ် အင့် ငါဘယ်လောက် မင်းကိုမျှော်ခဲ့ရလဲ အင့် ငါဘယ်လောက် စောင့်နေခဲ့ရလဲလို့ သိရဲ့လား သိရဲ့လား ဟမ် သိရဲ့လားလို့!!! "

" မင်း မင်းကများ ဟမ် ပြန်လာပြီတဲ့လား ပြန်လာပြီတဲ့ ဟမ် ငါဘယ်လောက်တောင် စောင့်ခဲ့ရလဲ ငါဘယ်လောက်တောင် မင်းကိုမျှော်ခဲ့ရလဲလို့!! အသက်ရှင်နေလားသေသွားပြီလား ဘာတစ်ခုမှ မသိခဲ့ရဘဲ ငါဘယ်လိုနေခဲ့ရလဲဆိုတာ သိရဲ့လား "

" တောင်းပန်ပါတယ် အများကြီးစိတ်ပူစေမိလို့ ကျုပ်ကတောင်းပန်ပါတယ် ကျုပ်အပြစ်တွေပါ နောက်ကျနေခဲ့တာ ကျုပ်အပြစ်ပါ မရီးကို အကြာကြီးစောင့်နေစေမိတာ ကျုပ်အပြစ်ပါ "

" မင်းသာပြန်မလာတော့ရင်.. မဟုတ်ဘူး ဒီနေရာမှာ လဲလျောင်းနေတဲ့ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရရင် ငါဘယ်လိုဖြစ်မသွားမလဲ မင်းသိရဲ့လား ..  ငါအတွေးနဲ့တောင် တွေးကြည့်လို့မရခဲ့တာ မင်းသိလား မင်းသိရဲ့လားလို့!! မင်းသတင်းမကြားရဘဲ ငါဘယ်လိုနေထိုင်ခဲ့ရလဲ မင်းသိရဲ့လားလို့!! "

" ကျုပ်သိပါတယ် ကျုပ်သိပါတယ် အားလုံးက ကျုပ်အပြစ်တွေဆိုတာ ကျုပ်သိပါတယ် "

" ငါတစ်ရက်မှ စိတ်အေးလက်အေးနေလို့မရခဲ့ဘူး  ငါမင်းကိုစိတ်အရမ်းဆိုးချင်တယ်လို့!! ငါမင်းကိုဒေါသထွက်ချင်တယ် စိတ်ရှိလက်ရှိ ရိုက်ပုတ်ပစ်ချင်တယ်.. ဘာလို့ငါ့ကို ဒီလိုမျိုးဖြစ်အောင် လုပ်ရတာလဲ .. တကယ်ပဲငါ့ကိုထားခဲ့ဖို့ စိတ်ကူးရှိခဲ့တယ်မလား စိတ်ကူးရှိခဲ့တယ်မလား ဘာလို့ပြန်လာခဲ့သေးလဲ! ဘာလို့ပြန်လာခဲ့သေးလဲ!! ငါ့ခံနိုင်ရည်အားကို စမ်းသပ်နေတာလား ငါဘယ်လောက်ထိ နေနိုင်မလဲ မင်းစမ်းသပ်နေတာမလား ဟမ် လူယုတ်မာ အကျင့်မကောင်းတဲ့သူ တစ်ကိုယ်ကောင်းဆန်တဲ့ကောင် မင်းလောက်အကျင့်မကောင်းတဲ့သူ ငါ့ဘဝမှာမမြင်ဖူးခဲ့ဘူး မင်းလောက်ယုတ်မာတဲ့သူ.. ဟင့်ဟင်း မင်းကိုငါခွင့်မလွှတ်နိုင်ဘူး ငါ့ကိုတစ်ရက်လေးမှစိတ်ချမ်းသာခွင့်မပေးတဲ့သူ အင့်ဟင့် မင်းလိုကောင်ကို ငါသေမတတ်မျှော်နေခဲ့တာ အင့် "

" ဟုတ်ပါတယ် ကျုပ်ကမကောင်းခဲ့တာပါ မရီးကိုအများကြီးခက်ခဲစေခဲ့တယ်။ အကြပ်အတည်းထဲရောက်အောင်လည်း ချောင်ပိတ်ဖမ်းခဲ့တယ်။ ဆန္ဒမပါဘဲ အတင်းအကြပ်အတူနေဖို့ သဘောတူခိုင်းခဲ့တယ်။ ဘာမှမသိဘဲရမ်းသမ်းစွပ်စွဲခဲ့တယ် သိက္ခာချခဲ့တယ် အကြပ်ကိုင်ခဲ့တယ် တစ်ယောက်တည်းချန်ထားခဲ့ပြီး အကြာကြီးစောင့်နေရအောင်လည်း လုပ်ခဲ့သေးတယ်။ မရီးတစ်ယောက်တည်း ဘယ်လောက်တောင် ထိတ်လန့်နေခဲ့မလဲ ကျုပ်မတွေးခဲ့မိဘူး။ ကျုပ်တောင်းပန်ပါတယ် ဒီကောင်က မရီးအတွက် မကောင်းတဲ့ကောင် ဖြစ်ခဲ့ပေမဲ့ မရီးကိုတော့ သိပ်ချစ်တာ.. "

" အင့်ဟင်း အီးဟီး မင်းငါ့ကိုဘယ်လောက်ထိ ငိုကြွေးစေချင်တာလဲ!! အီးဟီး မင်းအတွက် ငါ့ကို ဘယ်လောက်ထိ မျက်ရည်ကျစေချင်တာလဲ မင်းကိုယ်တိုင်ကို မြင်နေရတာတောင် ငါငိုနေမိတုန်းပဲ ငါ့ကိုဘယ်လောက်ထိငိုစေချင်နေတာလဲ!! "

" ငိုပါ မျက်ရည်ကျပါ ဒီကောင်က မကောင်းတဲ့ကောင်ဆိုတဲ့အတိုင်း မရီးငိုနေတာတောင် ကျုပ်အတွက်ငိုကြွေးနေတယ်ဆိုပြီး ပျော်နေသေးတယ် ကျုပ်ကိုကျုပ်လည်း မကောင်းမှန်းသိပါတယ် ဒါပေမဲ့ ဒီမကောင်းတဲ့ကောင်က မရီးကိုတော့ သေအောင်ချစ်တာပါ ကျုပ်အတွက်ငိုကြွေးပေးလို့ ကျေးဇူးတင်ပါတယ် ကျုပ်ကိုစောင့်ဆိုင်းပေးနေလို့လည်း ကျေးဇူးတင်ပါတယ် မရီး.. မရီးကကျုပ်ဘဝ ကျုပ်ကမ္ဘာ ကျုပ်မရီးကို အသက်ထက်မက ချစ်တယ် ကျုပ်ကိုစောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်မရီးရယ် "

ဆော့ဂျင်ငိုရလွန်းလို့ ဘာအသံမှပင် မထွက်နိုင်တော့။ မျက်ရည်တွေက တာကျိုးသလို မျက်လုံးအတွင်းမှ အဆက်မပြတ်အိုင်ထွန်းကာ ပါးပြင်အထက်စီးကျလာပြီး သူ့ပခုံးပြင်ပေါ် လမ်းဆုံးလာသည်။ သူအချိန်အကြာကြီး ဘာမှမပြောနိုင်တော့ဘဲ တိတ်တဆိတ်သာ မျက်ရည်‌တွေကို စီးဆင်းစေပြီး သူ့ကိုသာ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားနိုင်ကာ တိုးရှိုက်နေတော့သည်။ သူရက်ပေါင်းများစွာ ခံစားလာရတဲ့ဝေဒနာက သူ့ကိုဖက်တွယ်ထားလိုက်ရတာနဲ့ အားလုံးချေဖျက်ပျက်စီးသွားကုန်ပြီ။  သူသူ့ကို လွှတ်ထွက်မသွားအောင်သာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်တော့သည်။

" ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် "

__________TBC

မေးခွန်းသတ်ရမဲ့အချိန်ရောက်ပြီ။

မေး : ဂျွန်ဂျောင်ဂု ဘာလို့ ကင်မ်ဆော့ဂျင်ကို မရီးလို့ပဲ ‌ခေါ်တာလဲ စိတ်အနှောင့်အယှက်ဖြစ်စေချင်လို့ပဲလား ဒါမှမဟုတ် နှုတ်ကျိုးနေလို့ပဲလား ဒါမှမဟုတ် တခြားအကြောင်းပြချက်တခုခု သေသေချာချာတွေးကြည့်ရင် အဖြေတစ်ခုတော့ ရှိလာမှာပါ ဘယ်လိုထင်လဲ

ထုံးစံအတိုင်း မဖြေနိုင်မှန်း သိလျက်နဲ့ မေးပြန်ပြီ။ အနီးစပ်ဆုံးမှန်ရင် နောက်တစ်ပိုင်း မြန်မြန်လာမယ် 😛 စကားမစပ် အပိုင်း ထိပ်စီးပြောင်းသွားပြီ မြင်ကြလား ရေးခဲ့သမျှထဲ အရှည်ဆုံးပါပဲလို့

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories