ep22
16:44, 16 October 2023" မဒမ်ကင်မ် ကျွန်တော်တို့ကျောင်းမှာ မနက်ဖြန်ပဲအစမ်းစစ်ဆေးမှုတွေလုပ်တော့မှာ ပြိုင်ပွဲအတွက် အကြိုလက်ရည်ပြရမှာ စိတ်လှုပ်ရှားလိုက်တာ ဒီညစောစောအိပ်ရမယ် "
" ဟုတ်လား ပြိုင်ပွဲကရော ဘယ်နေ့တဲ့လဲ "
" အတိအကျမသတ်မှတ်ရသေးဘူး မဒမ်ကင်မ် ဘာလို့လဲဆိုတော့ တခြားပြိုင်ပွဲဝင်တွေရဲ့ လေ့ကျင့်ချိန်ကာလက ပိုကြာတော့ သူတို့နဲ့အချိန်ညှိပြီးမှ သေချာတဲ့ရက်သတ်မှတ်မှာတဲ့ "
" ဩ.. မင်းရော အကုန်အဆင်သင့်ဖြစ်နေပြီလား "
" ဖြစ်နေပြီ။ ကျွန်တော်အားလုံးကိုတတ်နေပြီ ပစ်မှတ်အရှင်ကိုပစ်တာတောင် အမှတ်ပြည့်ရဖူးတယ်။ ပြိုင်ပွဲနေ့မရောက်ခင်အထိ ပုံမှန်လေ့ကျင့်သွားရင် ပထမရနိုင်တယ်တဲ့ ဦးလေးငယ်ပြောတာ.. "
ဆော့ဂျင် အယ်ရိုရဲ့ စိတ်ဝင်တစားပြောပြနေတဲ့ အကြောင်းအရာတွေကို ခေါင်းတညိတ်ညိတ်လုပ်ရင်း နားထောင်ပေးလိုက်ပြီး တစ်ခါတလေ သူပါပြန်မေးလိုက်သည်။ အခုဆိုရင် သူနဲ့အယ်ရိုက အရင်ကထက်စာရင် ပိုရင်းနှီးလာပြီလို့ ပြောလို့ရမယ်။ သူတို့အတူ သေနတ်ပစ်သင်ပြီးနောက်ပိုင်း ပိုခေါ်ပြောဖြစ်လာသည်။ အထူးသဖြင့် သေနတ်ပစ်အကြောင်းပြောတဲ့အခါ စကားတွေက ပိုအဆင်ချောချော ထွက်လာတတ်သည်။ အယ်ရိုက သေနတ်ပစ်နဲ့အတိုက်အခိုက်ပိုင်းကို ဝါသနာကြီးပုံရသည်။ သူက သူရဲကောင်းလို အတိုက်အခိုက်စွမ်းရည်ရှိတဲ့သူတွေကို အထင်ကြီးလေးစားတတ်သည်။ သူ့ဦးလေးငယ်၊လက်ထောက်ကိန်းဝပ်၊ သူတို့ကိုဆို တော်တော်လေး အထင်ကြီးလေးစားနေသည်။ သူ့ဦးလေးငယ်ကိုဆို ဘာမဆိုလုပ်နိုင်တဲ့ သူရဲကောင်းကြီးလို ထင်မှတ်ထားတာ..
ကလေးတွေရဲ့အမြင်က လူကြီးတွေရဲ့ အပြုအမူတွေနဲ့ အများကြီးဆိုင်သည်။ အယ်ရိုက အရင်တုန်းက သူ့ကို မစ္စမာရင်းတို့ဆက်ဆံတဲ့အပြုအမူ သွေးထိုးစကားတွေကြောင့် သူ့ကိုဆို အမြင်မကြည်သလို သူ့အပေါ်အမြင်က မစ္စမာရင်းတို့ ဆက်ဆံသလိုသာ ထင်မြင်ထားသည်။ နောက်ပိုင်း ဂျွန်ဂျောင်ဂုနှင့် တွဲမြင်တဲ့အခါမှာတော့ အမြင်တွေက ကွာခြားသွားပြန်သည်။ ဂျွန်ဂျောင်ဂုက သူ့အပေါ်မှာဆို နှစ်ယောက်တည်းရှိတဲ့အချိန်မှာသာ အရှက်မရှိတဲ့စကားတွေနဲ့ အပြုအမူကိုပြတာ လူအများရှေ့မှာဆို သူက ရိုသေတတ်တဲ့ မတ်ကလေးလို မရီး မရီးဆိုတာ ပါးစပ်ကမချ။ အပြုအမူတွေကို သင်ယူနေစဲဖြစ်တဲ့ ကလေးတွေအမြင်မှာဆို ဂျွန်ဂျောင်ဂုက သူ့အပေါ်လေးလေးစားစားနှင့် ဆက်ဆံသည်ပေါ့ အယ်ရိုက သူ့ကိုဆို သူအားကျအတုယူရတဲ့ စံပြပုဂ္ဂိုလ်ကြီးလေ အဲဒီပုဂ္ဂိုလ်က သူ့အပေါ်ကို လေးစားသမှုရှိနေတော့ သူသည်လည်း သူ့အပေါ်ရှိန်လာခဲ့သည်။ အမှန်လို့မထင်ရပေမဲ့ တကယ်လည်း အယ်ရိုက ဂျွန်ဂျောင်ဂုသူ့အပေါ်ဆက်ဆံပုံကိုကြည့်ပြီး သူ့အပေါ်အမြင်တွေလည်း ပြောင်းလဲလာခဲ့တာ..
" မဒမ်ကင်မ်ရော ထပ်မသင်တော့ဘူးလား အစပိုင်းကခက်ပေမဲ့ ပိုလေ့ကျင့်လေ စိတ်ဝင်စားဖို့ ကောင်းလာလေပဲ မဒမ်ကင်မ်က ဦးလေးငယ်ကြောင့် မသင်ချင်တော့တာလား ဒါဆိုရင် ကျွန်တော်သင်ပေးရမလား ဦးလေးငယ်လောက် မတော်ပေမဲ့ ဦးလေးငယ်သင်ပေးသမျှ ကျွန်တော်ကောင်းကောင်း မှတ်ထားပါတယ် မဒမ်ကင်မ်သင်ချင်သေးလား "
အယ်ရိုက သူက သူဆက်မသင်တော့တာ ဂျွန်ဂျောင်ဂုကြောင့်လို့ ထင်နေပုံရသည်။ သင်တုန်းက သူနှင့်ဂျွန်ဂျောင်ဂုက ခဏခဏ စကားအချေအတင် ဖြစ်ကြသည်လေ သူလည်းစိတ်မရှည်သလို ဆော့ဂျင်လည်းစိတ်မရှည်ပေ။ သူရဲ့ တပ်ထဲက ကျင့်သုံးတဲ့အာဏာနဲ့ ခိုင်းစေမှုတွေ သူမှမနာခံနိုင်တာ။ သူကသူ့ကို ကလေးတစ်ယောက်လိုပင် အော်ငေါက်ချင်နေတာလေ.. ဒါပေမဲ့လည်း အဆုံးသတ်ကတော့ သူလည်းမသင်ချင်တာမလို့ပါဘဲလေ..
" ငါက သိပ်လည်းဝါသနာမပါလို့ပါ အလုပ်လုပ်ရတာပဲ ပိုစိတ်ဝင်စားလို့ မသင်တော့တာပါ။ တကယ်လို့ မင်းသင်ပေးမယ်ဆိုရင်တော့ မင်းပထမရတဲ့အခါ ငါမင်းဆီက သင်လိုက်မယ် "
" တကယ်လားမဒမ်ကင်မ် တကယ်နော် ကျွန်တော်ပထမရရင် ကျွန်တော့်ဆီက သင်ရမှာနော်.. အဲဒါဆို ကျွန်တော်လည်း ဆရာဖြစ်တော့မှာပေါ့ ကတိနော် ကတိ "
သူ့စကားကြောင့် အယ်ရိုက စိတ်လှုပ်ရှားသွားပြီး သူ့ကိုအတင်းလိုက်ကပ်ကာ သူ့ဆီက ကတိကို တောင်းခံတော့သည်။ အယ်ရိုက သူ့ဆီက လိုလိုချင်ချင် တောင်းခံတာမျိုး ရှားတော့ သူရယ်ရယ်မောမောပင် သဘောတူလိုက်သည်။ ပထမရမယ်ဆိုရင် မသင်နိုင်စရာ အကြောင်းမရှိပါဘူး။ ပထမရမယ်ဆိုရင် အယ်ရိုအတွက် ဆုတောင်ချရအုံးမှာ..
" အဟမ်း.. "
" ဦးလေးငယ်.. ညစာစားပြီးပြီလား "
သူတို့ထမင်းစားနေတဲ့အချိန် ဂျွန်ဂျောင်ဂုဝင်လာခဲ့သည်။ သူက အယ်ရိုအမေးကို ခေါင်းတစ်ချက်ဆတ်ပြရင်း စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ထိုအချိန် အလုပ်သမားတစ်ယောက်မှ အခန်းထဲမှာ ရှိမနေတာကြောင့် သူပင် သူစားဖို့အတွက် ထပြင်ပေးလိုက်သည်။
" ဦးလေးငယ် ကျွန်တော်ပထမရရင် မဒမ်ကင်မ်က ကျွန်တော့်ဆီက သေနတ်ပစ်သင်မယ်တဲ့ "
အယ်ရိုအပြောကြောင့် သူဂျွန်ဂျောင်ဂုကို ကြည့်မိလိုက်သည်။ ထိုအခါ သူကလည်း သူ့ကိုကြည့်နေသည်။ အကြည့်ချင်းဆုံတော့ သူမနေတတ်သလို အကြည့်လွဲလိုက်သည်။ တစ်သက်လုံးမသင်တော့ဘူးလို့ သူ့ရှေ့ကြွေးကြော်ထားပြီးကာမှ ထိုစကားကို အယ်ရိုက သူ့ရှေ့သွားပြောနေသည်။ သူအယ်ရိုကို စိတ်ချမ်းသာအောင်သာ ပြောလိုက်တာ အယ်ရိုက ထိုလိုလိုက်ကြွားနေမယ်မထင်ထား အထူးသဖြင့် သူကြွေးကြော်ထားတဲ့သူအရှေ့မှာအပေါ့ ဟမ်း..
" ကျွန်တော်သေချာလေးသင်ပေးလိုက်မယ် ဦးလေးငယ် ကျွန်တော်ဦးလေးငယ်ရဲ့ တပည့်ပီသကြောင်း ကျောင်းပြိုင်ပွဲမှာ အနိုင်ယူပြပြီး ဦးလေးငယ်မျက်နှာမပျက်ရအောင် အစွမ်းကုန်ကြိုးစားပါ့မယ် ပထမဆုံးတပည့်အတွက်လည်း ပိုကြိုးစားရမယ် "
ဂျွန်အယ်ရိုက ထိုအတွက် တော်တော်စိတ်အားထက်သန်နေတော့ ခေါင်းသာယမ်းခါလိုက်ပြီး သူ့နေရာသူ ပြန်ဝင်ထိုင်လိုက်သည်။
" ဦးလေးငယ်သိလား မဒမ်က ဦးလေးငယ်ဆူလို့မသင်ချင်တာလည်း ဖြစ်နိုင်တာပဲ ကျွန်တော်က မဆူဘူးနော်မဒမ်ကင်မ် ကျွန်တော်စိတ်ရှည်ရှည်နဲ့သင်ပေးမှာ ပထမဦးဆုံးတပည့်ဆိုတော့.. အကောင်းဆုံးဖြစ်အောင် သင်ပြနိုင်ဖို့ ကြိုးစားရမယ် "
အယ်ရိုအပြောကြောင့် ဂျွန်ဂျောင်ဂုသူ့ကိုကြည့်လာမှာသိတော့ သူမသိသလိုသာ ထမင်းငုံ့စားနေလိုက်သည်။ အယ်ရိုက သူ့ကို ဂျွန်ဂျောင်ဂုသူ့ကို စိတ်မရှည်လို့ မသင်တော့တယ်ဘဲ ထင်နေတာ..
" အယ်ရို မင်းကြွက်သားလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရဲ့လား "
" ဟုတ် မနက်တိုင်းလုပ်ပါတယ် ဘားလည်းဆွဲတယ် ဒိုက်လည်းထိုးတယ် အိပ်ထလည်း လုပ်တယ် အကုန်လုံး ဦးလေးငယ်ပြောတဲ့အတိုင်း နေ့တိုင်းလုပ်တယ် "
" ဒီနေ့ကစပြီး လုပ်နေကြထက် နှစ်ဆတိုးလုပ် မင်းဆရာလုပ်ချင်တယ်မလား ဆရာဆိုတာ အားလုံးထက်သာနေမှ ဆရာလုပ်ဖို့ဖြစ်နိုင်မှာ ဒီနေ့ကစပြီး လေ့ကျင့်ချိန်လည်း နှစ်ဆတိုးလုပ်ရမယ် "
" ... "
အယ်ရိုတစ်ယောက် မျက်နှာငယ်လေးနဲ့ နာခံပြီး စားဖိုဆောင်ထဲမှ ထွက်သွားသည်။ သူဂျွန်ဂျောင်ဂုကို ပြန်ကြည့်လိုက်သည်။ ထိုကောင်က သူ့ကိုတစ်ချက်စွေ့ကြည့်ပြီး ထမင်းပြန်ငုံ့စားနေသည်။ တမင်လုပ်နေတာမဟုတ်ဘူးလား.. ကလေးက ကလေးဟာကလေး ကလေးအတွေးနဲ့ပြောနေတာကို.. သူက အယ်ရိုပြောတဲ့ သူက သူဆူငေါက်လို့ မသင်ချင်တော့တယ်ကို ကြားပြီး ခံပြင်းနေတယ်ထင်ပါရဲ့.. တကယ်ရော ဟုတ်မနေလို့လား အဲလိုလူဆီ ဘယ်သူကသင်ချင်အုံးမှာလဲ .. ဆော့ဂျင်ဒေါသထွက်စွာ တစ်ခုခုပြောမလို့ရှိနေတုန်း ထပ်ဝင်လာတဲ့ အရိပ်ကြောင့် တံခါးဆီသို့ အရင်ကြည့်မိသွားသည်။ ထိုအခါ ဂျယ်နီက သူတို့စားပွဲဆီလျှောက်လာသည်။
ဂျယ်နီက သူ့ကိုတစ်ချက်သာ မသိသလိုကြည့်ပြီး ဦးတည်ချက်တွေက ဂျွန်ဂျောင်ဂုဆီတွင်.. သူနဲ့ဂျယ်နီ တစ်ခါအချေအတင်ဖြစ်ပြီးကတည်းက ဂျယ်နီက သူ့ကိုကောင်းကောင်းစကားမပြောတော့ ဂျွန်ဂျောင်ဂုကိုလည်း သူ့ရှေ့တွင်ဆို တမင်ပိုပိုသာသာ ဆက်ဆံပြတတ်သည်။ သိသိသာသာပင် ဂျွန်ဂျောင်ဂုနား အကြောင်းမရှိအကြောင်းရှာ ကပ်သွားတတ်ပြီး ထိုကြောင့်နှင့် ဟယ်လင်နှင့်လည်း မကြာခဏ စောင်းချိတ်စကားများကြသည်။ ဂျယ်နီသူ့ကိုအခုလိုရွဲ့နေတာ ရပ်အောင် ဘယ်လိုလုပ်ရမှန်းပင် မသိတော့ ဟမ်း..
" ဂျယ်နီ.. ထမင်းစားမလို့လား "
သူ့အပြောကို ဂျယ်နီက မကြားသလိုလုပ်ပြီး အကြည့်တွေက ဂျွန်ဂျောင်ဂုဆီသာ ဦးတည်နေသည်။
" သခင်လေးဂျွန်.. "
" မိန်းကလေးဂျယ်နီ ညစာစားပြီးပြီလား "
" ဂျယ်နီမစားရသေးဘူး ဂျယ်နီအခုပဲ.. "
" ဒါဆို အတူစားရအောင်လေ.. ဟမ်း အလုပ်သမားတွေကလည်း မရှိတော့.. "
ဂျွန်ဂျောင်ဂုမျက်လုံးတွေက အလုပ်သမားတွေကို ရှာတာမတွေ့တော့ သူ့ဆီဆိုက်ကပ်လာခဲ့သည်။ သူထလိုက်ပြီး ဂျယ်နီ့ကို ထမင်းပန်ကန်ပြင်ပေးလိုက်သည်။ ပန်းကန်အသင့်ယူထားတာ မရှိတော့ သူနေရာမှ ပြန်ထပြီး အသစ်သွားယူရသည်။ သူစားပွဲပြန်ရောက်လာတော့ ဂျယ်နီနဲ့ဂျွန်ဂျောင်ဂုက ရယ်ရယ်မောမောဖြင့် စကားလက်ဆုံကျနေကြသည်။ မသိရင် သူကဆိုင်ကစားပွဲထိုးလို သူ့ကိုရှိတယ်လို့ပင် မထင်စွာ နှစ်ယောက်သားက တစ်ကမ္ဘာတည်နေကြသည်။
ဆော့ဂျင် သူ့နေရာမှာသူပြန်ထိုင်လိုက်ပြီး စားလက်စထမင်းကို ဆက်စားနေလိုက်သည်။ ဂျယ်နီက သူ့ရှေ့မှာဆို လိုတာထက်ပိုပြီးကို ဂျွန်ဂျောင်ဂုနှင့် အရောဝင်ပြသည်။ ဂျွန်ဂျောင်ဂုသည်လည်း ဟိုးအစကတည်းက ဂျယ်နီ့ကိုဆို ဟယ်လင်ထက်ပိုပြီး အရောတဝင်နဲ့ ဦးစားပေးတတ်သည်။ အဲဒါတွေကြောင့်လည်း ဂျယ်နီက ပိုပြီးအထင်မှားနေခဲ့တော့ပေါ့.. ဂျယ်နီက သူ့ကိုရွဲ့ပြီး တမင်လုပ်ပြနေပေမဲ့ ဂျွန်ဂျောင်ဂုကရော ဘာလို့ဂျယ်နီနဲ့အလိုက်အထိုက်ဖြစ်နေရတာလဲ.. မဟုတ်မှ သူတကယ်ပဲ ဂျယ်နီကို စိတ်ဝင်စားနေလို့လား.. ဒါဆိုရင် သူ..
ဂျွန်ဂျောင်ဂုသာ ဂျယ်နီ့ကိုစိတ်ဝင်စားနေမယ်ဆိုရင် သူဘယ်လိုဖြစ်သွားမလဲ.. သူတို့ဘယ်လိုဖြစ်သွားမလဲ ဂျယ်နီနဲ့ဂျွန်ဂျောင်ဂုသာ တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ချင်းထပ်တူကြနေတဲ့ ချစ်သူတွေဖြစ်သွားကြရင် သူကဘယ်လိုဖြစ်သွားမည်လဲ.. သူက သူ့ညီမချစ်သူနဲ့ တိတ်တိတ်ပုန်းပတ်သက်နေတဲ့ အစ်ကိုဖြစ်သွားမှာလား.. ထိုအချက်က သူစိတ်အပူဆုံးအချက်မလို့ ထိုအရာကို တွေးမိတော့ သူ့တစ်ကိုယ်လုံး သွေးပင်မလျှောက်တော့သလို ဖြူဆုပ်သွားသည်။ သူဂျွန်ဂျောင်ဂုကို လှမ်းကြည့်လိုက်တော့ သူက ဂျယ်နီနဲ့ ရယ်ရယ်မောမောပင် စားသောက်လို့နေသည်။ သူတကယ်ပဲ ဂျယ်နီ့ကိုစိတ်ဝင်စားတာလား.. သူအဖြစ်အပျက်အစုံကို ပြန်တွေးကြည့်တော့ အဲတုန်းက ဂျွန်ဂျောင်ဂုပြောခဲ့တာတွေက သူ့ကိုတမင်ပြောခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ.. အဲတုန်းက ဂျယ်နီနဲ့ကောင်းကောင်းမပတ်သက်ရသေးလို့ ကြွေးကြော်ခဲ့တာလည်း ဖြစ်နိုင်နေတာပဲ
ဒါဆို သူနဲ့ဇာတ်လမ်းတွေလုပ်ခဲ့တာကရော.. သူယောကျာ်းတွေနဲ့ စမ်းသပ်ချင်တာကရော တမင်အကြောင်းပြချက်ပေးတာလား.. မြို့တော်မှာ သူနှစ်သက်မဲ့ယောကျာ်းမျိုး ပေါပါလျက်နဲ့ သူစိတ်ဝင်စားနေတဲ့ မိန်းကလေးရဲ့ အစ်ကိုနဲ့မှလေ.. ဟမ်း.. ဒါဆို သူတမင်ပတ်သက်ခဲ့တဲ့ အကြောင်းပြချက်က ဘာဖြစ်မလဲ.. တကယ်ပဲ သူအားလုံးကို တမင်ရည်ရွယ်ပြီး အကွက်ချလုပ်ခဲ့တာလား..
သူခေါင်းတွေမူးနှောက်သွားပြီး အသိစိတ်မကပ်စွာ ထိုင်ရာမှ ထရပ်လိုက်သည်။ ဒါက တကယ်ပဲ အဲလိုဖြစ်နေခဲ့တာလား.. သူ့ဘက်က ပိုက်ဆံတစ်မျက်နှာပဲ ကြည့်ခဲ့လို့ ဘာမှမမြင်နိုင်ခဲ့တာလား ဟမ်း.. တကယ်ပဲ သူဂျယ်နီ့ကိုပြောခဲ့တာတွေနဲ့ တလွဲစီဖြစ်နေခဲ့တာလား.. သူစိတ်ရှုပ်ထွေးစွာနဲ့ အပေါ်ထပ်ဆီ တက်လာခဲ့သည်။
____________________________________
ကင်မ်ဆော့ဂျင်ထွက်သွားပြီးတော့ နှစ်ယောက်စလုံးက တိတ်ဆိတ်စွာပင် ထွက်သွားတဲ့ ကျောပြင်ဆီ ကြည့်မိလိုက်ကြသည်။ သူထွက်သွားတဲ့ကျောပြင်ဆီကြည့်ရင်း မိန်းကလေးဂျယ်နီကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူမက ခပ်ရွဲ့ရွဲ့အပြုံးတွေနဲ့ ကြည့်နေခဲ့သည်။ အခုဆိုရင် ကင်မ်ဆော့ဂျင်တစ်ယောက် တော်တော်မှ ပူပန်နေလောက်ပြီ။ သူ့ညီမက သူနဲ့ ပတ်သက်ဖို့ အားသွန်ခွန်စိုက် ရှိနေတာမြင်ပြီး အစိုးရိမ်တွေ လွန်နေတော့မည်။ ကင်မ်ဂျယ်နီက သူတို့ပတ်သက်မှုကို ရိပ်မိသွားသည်ထင် သူတို့ညဉ့်နက်မှ ပြန်ရောက်တဲ့နေ့က သူတို့မောင်နှမနှစ်ယောက် အကြီးအကျယ်စကားများနေကြသည်။
အဲဒီနောက်ပိုင်း ကင်မ်ဂျယ်နီက သူ့အစ်ကိုကို အရွဲ့တိုက်ပြီး သူနှင့်ပိုလို့ အရောတဝင်နေလာသည်။ သူကတော့ မကြိုက်စရာအကြောင်းမရှိပါဘူး။ ကျားလေ ကျားနားတမင်လည်စင်းလာခံတဲ့သားကောင်ကို ငြင်းလွှတ်စရာအကြောင်း မရှိဘူးမလား.. ကချင်တဲ့ဇာတ်ကကြပါစေ သူကလည်း အလိုက်သင့်ဝင်ကပေးရမှာပေါ့ ဟွန်း.. ကင်မ်ဆော့ဂျင်က သူ့ညီမကို ဘယ်လောက်တောင်တိုနေပြီလဲ ကြည့်ချင်သေးတာ.. သူ့မရီးက သူနဲ့သူ့ညီမပတ်သက်မှာကို သေလောက်အောင် ကြောက်နေတာ.. သူ့ညီမကလည်း သူ့စကားကို တစ်စက်မှနားမထောင်နဲ့ ဟမ်း.. ကြည့်လို့ကောင်းနေပြီ။
သူအပေါ်ထပ် တက်လာတော့ သူ့အခန်းထဲ တစ်ယောက်ယောက်ရှိနေတာ သိလိုက်ရသည်။ တံခါးဖွင့်လိုက်သည်နှင့် ရင်းနှီးနေတဲ့အနံ့လေးက နှာခေါင်းထဲ တိုးဝင်လာခဲ့ပြီး သူ့ခုတင်ပေါ်တွင် ကင်မ်ဆော့ဂျင်ထိုင်နေတာကို တွေ့လိုက်ရသည်။ ကင်မ်ဆော့ဂျင်က အတွေးတွေများနေတဲ့ မျက်လုံးအိမ်တွေနဲ့ သူ့ဘက်ကြည့်နေခဲ့သည်။
" အိုး.. မရီးပါလား.. ကြည့်ရတာ မရီးကျုပ်ကိုလွမ်းနေပုံရတယ် ကျုပ်တို့ခုနကပဲ ထမင်းအတူစားနေခဲ့တာမဟုတ်ဘူးလား.. "
ဂျောင်ဂုအနားတွင် ဝင်ထိုင်လိုက်ပြီး ရွတ်နောက်နောက်ပြောလိုက်သည်။ သူနှင့်ဆန့်ကျင်စွာ ကင်မ်ဆော့ဂျင်မျက်နှာက တော်တော်လေးတည်နေပြီး အသေအချာဖြစ်နေသည်။
" မင်းကိုပြောစရာရှိလို့.. "
" ဟမ်း.. ဘယ်လောက်တောင်အရေးကြီးလို့ အခန်းထဲထိ ရောက်နေရတာပါလိမ့် မရီးကြည့်ရတာ မရီးရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကို မေ့သွားပုံရတယ် လူမရှိတဲ့အခန်းထဲဝင်လာတာက မရီးအတွက်.. "
" မင်းနဲ့ငါနဲ့က တစ်ယောက်နဲ့တစ်ယောက်ခွင့်တောင်းဖို့တွေ လိုသေးတာလား.. မင်းလည်း ငါ့အခန်းထဲ အခုလိုဝင်ထွက်နေတာပဲမဟုတ်လား.. "
" ဟမ်း.. ဒါပေမဲ့လည်း မရီးကိုတော့ ခွင့်ပြုပေးထားပါတယ်လေ.. "
ဂျောင်ဂု အနီးကပ်ရှိနေတဲ့ကိုယ်လေးဆီ တိုးကပ်သွားလိုက်ပြီး မျက်နှာပြင်ထက် လက်ချောင်းတွေဖြင့် ဖွဖွတို့ထိလိုက်ရင်း နားနားကပ်ကာ လေသံဖြင့် ပြောလိုက်သည်။
" မရီးကိုယ်ထဲတောင် ကျုပ်ဝင်ထွက်နေပြီးပြီပဲ "
" မင်း! "
" ထားပါ မရီးလာရင်းကိစ္စက.. မဟုတ်မှ ကျုပ်နဲ့အတူ အိပ်ဖို့လား "
သူ့အပြောတွေကို ကင်မ်ဆော့ဂျင်က သည်းမခံနိုင်စွာ သူ့ကိုတွန်းလွှတ်လာပြီး အနေအထားကို ပြင်လိုက်သည်။
" မင်းကို ဂျယ်နီနဲ့မပတ်သက်ဖို့ လာသတိပေးတာ "မင်းသူ့ကို မကြိုက်နိုင်ဘူးလို့ မင်းကိုယ်တိုင်ပြောခဲ့တယ်မလား အဲဒါကြောင့် သူနဲ့ပတ်သက်ဖို့လုပ်နေတာတွေ ရပ်လိုက်တော့ မင်းကိုယ်တိုင်ပဲ သူ့ကိုလက်ထပ်မယူဘူး ငြင်းခဲ့တာမဟုတ်လား "
" ခဏလေးမရီး.. မရီးအခုက တောင်းဆိုနေတာလား သတိပေးနေတာလား.. ဒါမှမဟုတ် ခြိမ်းခြောက်ချင်နေတာလား ဟမ်း .. ကျုပ်နားမလည်ဘူး ကျုပ်နဲ့သူက ဘာတွေဖြစ်ဖြစ် ဖြစ်လို့ရတယ်မဟုတ်ဘူးလား ဟင် "
" မရဘူး မင်းသူ့ကိုထိလို့မရဘူး! မင်း မင်းကိုယ်တိုင်ပဲ ငါ့ကိုပြောခဲ့တယ်မလား ဟမ် မင်းသူ့ကိုမချစ်ဘူးမလား ဘာလို့အခုလိုတွေ လုပ်နေရတာလဲ မင်းမိန်းမတွေနဲ့ အပျော်လုပ်ချင်ရင် မင်းဟာမင်း တခြားမိန်းမတွေနဲ့ပျော်ပါး နေချင်သလိုနေ သူနဲ့တော့ မပတ်သက်နဲ့! "
" ဟက် မရီး..မရီး ကျုပ်ကိုအဲလိုပြောတာထက် တောင်းဆိုတာမျိုးကို ပိုလုပ်သင့်တယ်မထင်ဘူးလား ဟမ်း အခုလိုမဟုတ်ဘဲ ကျုပ်နဲ့ညှိနှိုင်းတာမျိုးလုပ်ပြီး ဘယ်သူ့ဆီမှ မပါသွားအောင် ဆွဲထားသင့်တာမဟုတ်ဘူးလား.. ကျုပ်ဘယ်မှမပါသွားအောင် မရီးက သေချာလေး ဆွဲထားသင့်တာပေါ့ ဒါမှ မရီးအတွက် အကျိုးရှိမှာလေ မဟုတ်ဘူးလား ဟင် "
" မင်းအဲဒါဆို သူနဲ့မပတ်သက်မှာ သေချာလား "
ကင်မ်ဆော့ဂျင်က အခုမှ လေသံလျှော့သွားသည်။ သူပြောတာလည်း အမှန်တွေချည်းပဲလေ.. သူက သူတို့ကနေတဲ့ဇာတ်ထဲ အလိုက်သင့်ဝင်ကနေရုံပဲ.. သူ့ဘက်က ဇာတ်လမ်းတွေခင်းထားတာ ဘာတစ်ခုမှမရှိဘူးဆိုတာ သေချာသဘောပေါက်သိသင့်တယ်။ သူ့ဘက်က သူ့မရီးအတွက် ဘယ်လောက်တောင် လိုက်လျောပေးထားရလဲ..
" ဟမ်း.. ဘယ်ပြောလို့ရနိုင်မလဲ ကျုပ်က ကျုပ်ဟာကျုပ်နေတာပဲ မရီးညီမက လာလာဇာတ်လမ်းစချင်နေတာ မဟုတ်ဘူးလား.. "
" ဒါဆိုမင်းကတိပေးနိုင်လား သူ့ဘက်က ဘယ်လောက်ပဲအရောတဝင်ရှိနေနေ မင်းဘက်က စောင့်ထိန်းပေးနိုင်မလား မင်းသူ့ကိုမထိနဲ့ သူကငါ့အတွက် အဖိုးတန်လေးမလို့ ငါနဲ့မတူစေချင်ဘူး။ သူ့ကိုအဲလိုမျိုးတွေနဲ့ ဝေးဝေးမှာရှိနေစေချင်တယ် သူနဲ့ငါလည်း ယောကျာ်းတစ်ယောက်တည်း အတူမပတ်သက်နိုင်ဘူး မင်းကတိပေးနိုင်မလား "
အခုတော့ဖြင့် ကင်မ်ဆော့ဂျင်က ရန်မထောင်နိုင်တော့သလို ဒေါသတကြီးလည်း မကြည့်နိုင်တော့.. သူ့အား တောင်းဆိုညှိနှိုင်းသလို ခပ်ကြာကြာကြည့်နေခဲ့ရင်း သူ့ဆီကအဖြေကို စောင့်ဆိုင်းနေသည်။ တကယ်ကို သူ့ညီမက အားနည်းချက် ဖြစ်နေခဲ့ပါလား ..
သူကင်မ်ဆော့ဂျင်ရဲ့ မျက်နှာလေးကို မေးဖျားကနေ ပင့်တင်လိုက်ပြီး မျက်နှာချင်းဆိုင် တိုးကပ်လျက် ပါးပြင်တစ်လျှောက် နှုတ်ခမ်းတွေဖြင့် ဖွဖွတို့ထိလိုက်သည်။
" မရီးအပေါ်မှာမူတည်တယ် ကျုပ်သူ့ကိုစိတ်မဝင်စားပါဘူး ကျုပ်အတွက်သာမန်မိန်းမတစ်ယောက်လိုပဲ ဘာမှမထူးခြားဘူး ကျုပ်စိတ်ဝင်စားတဲ့နေရာက ပြောင်းသွားတာမသိဘူးလား.. ဟင် ကျုပ်စိတ်ဝင်စားတာက မိန်းမတွေထက်ကြပ်ပြီး ညစ်အားပိုကောင်းတဲ့ မရီးရဲ့ ဒီအပေါက်နွေးနွေးလေးကိုပဲ ဟမ်း.. မရပ်မနား လုပ်ပစ်ချင်တာ ဟမ်း.. "
သူ့လက်တွေက နောက်ပိုင်းဆီရောက်သွားပြီး တင်ပါးတွေကို ဖျစ်ညစ်ကာ ထိုနေရာဆီကို အဝတ်တွေပေါ်ကနေ ထိတွေ့ပွတ်သပ်လိုက်တော့ ကင်မ်ဆော့ဂျင်ထံမှ ညည်းသံတိုးဖျော့ဖျော့လေး ထွက်လာခဲ့သည်။ တိုးညင်းညင်းမှ တကယ့်ကို တိုးညင်းညင်းပဲ ဒါပေမဲ့ သူကောင်းကောင်းကြားရသလို သူ့အရာကလည်း ကောင်းကောင်းကြားလိုက်ရသည်ထင်.. ထိန်းချုပ်ရခက်စွာ ထိုးထွက်လာသည်။ သူပွတ်ဆွဲနေရင်း သူ့လက်ချောင်းလေးတွေက စိုလာသလိုခံစားရတော့ သူ့ဆန္ဒတွေက ချက်ချင်းတောက်လောင်သွားပြီး ကင်မ်ဆော့ဂျင်ကို ချက်ချင်းပင် အိပ်ရာပေါ်လှဲချပြီး နှုတ်ခမ်းတွေကို ထိတွေ့လိုက်သည်။ နှုတ်ခမ်းအစုံကို စုပ်ယူလိုက်ပြီး လက်တွေက ခန္ဓာကိုယ်အနှံ့ကိုင်တွယ်ကာ ကြမ်းတမ်းစွာ ထိတွေ့နေမိသည်။ ဘာလို့အထိအတွေ့တွေက ရူးသွပ်ဖို့ကောင်းနေရတာလဲ ..
" ဟင်း.. "
သူနှုတ်ခမ်းတွေကို လွှတ်ပေးလိုက်တော့ သူ့အောက်ကသူက အသက်လုရှူနေရသည်။ လေငွေ့နွေးနွေးက နီးကပ်လျက်ရှိနေတဲ့ သူ့မျက်နှာကို ရိုက်ခတ်လို့နေသည်။ မျက်လုံးတွေစင်းပြီး နှုတ်ခမ်းတွေပွင့်ဟအသက်ရှူနေတဲ့ပုံရိပ်က သူ့ရမ္မက်ကို နှိုးကြွစေသည်။ ထိုနှုတ်ခမ်းတစ်ခုလုံးကို လျှာဖြင့်လျက်လိုက်ပြီး ဟလျက်ဖြစ်နေတဲ့ခံတွင်းထဲ သူ့လျှာထိုးထည့်ကာ အနှံ့မွှေနှောက်လိုက်သည်။ ထိုအခါ ရောနှောသွားတဲ့ သွားရည်တို့ နှုတ်ခမ်းထောင့်ကနေ စီးကျလာသည်။ ဘာလို့ဖြစ်ပျက်သွားတဲ့တစ်ခုချင်းစီက သူ့ဆန္ဒကို တောက်လောင်စေရတာလဲ.. ဟမ်း.. သူထိုသွားရည်စီးကြောင်းကိုလည်း လျှာဖြင့်လျက်ရင်း တားဆီးလိုက်သည်။ ထို့နောက် စိုလဲ့နေတဲ့နှုတ်ခမ်းကို အသံမြည်သည်အထိ စုပ်ယူပြီးမှ ပြန်လွှတ်ပေးလိုက်သည်။
ကင်မ်ဆော့ဂျင်ကလည်း သူ့ကြောင့် သူ့အောက်တွင် အတုံးအရုန်းနဲ့ ရီဝေမိန်းမောလို့ နေသည်။ သူ့ကြောင့်ဖြစ်ပျက်နေတဲ့ ပုံရိပ်တွေက လှပပြီး တပ်မက်ချင်စရာ ကောင်းလွန်းနေသည်။ ဟမ်း.. သူတစ်ကိုယ်လုံးကို အရသာခံကြည့်ဖို့ မစောင့်နိုင်တော့ဘူး..
_______________TBC
ဆျာမရီးစိတ်ကျေနပ်ဝါးဘီ။ တစ်ပတ်လောက်နားလို့ရဘီ။ နားစေချင်ရင် ရက်စ်လို့မန့်ဝါး 🏍️
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



