Fanfics

ep10

16:38, 19 September 2023

" သခင်လေးဂျွန်နဲ့မိတ်ဆက်ပေးဖို့ကိစ္စကို မေ့လိုက်တော့ အဲလိုလုပ်စရာမလိုတော့ဘူး "

" ဘာလို့လဲ ဘာကိုပြောချင်တာလဲ ကိုကိုက "

" အရင်က မင်းကိုသူနဲ့ရင်းနှီးစေချင်ပြီး လက်ထပ်ပေးချင်ခဲ့တာလေ.. အခု အဲလိုလုပ်ဖို့ မလိုတော့ဘူး သူနဲ့မပတ်သက်ချင်တော့ရင်လည်း ရပြီ။ ပြီးတော့ ဟယ်လင့်ကိုရှုံးမှာမျိုးလည်း စိတ်မပူနဲ့ သူလည်းဟယ်လင့်ကို မကြိုက်ဘူး ဟယ်လင်နဲ့လက်ထပ်တာမျိုးလည်း ဖြစ်လာမှာမဟုတ်ဘူး "

" အဲတော့ ဘာလဲ.. ဂျယ်နီက အစကတည်းက ကိုကို့စကားနားထောင်ခဲ့တယ်များထင်နေလား ကိုကိုက မလိုတော့ဘူးလို့ပြောလို့ ဂျယ်နီက သခင်လေးဂျွန်နဲ့ မတွေ့ရတော့ဘူးပေါ့ ဟုတ်လား ဘာလို့လဲ.. ကိုကိုက ဘာလို့အမွေတွေ မလိုချင်တော့တာလဲ ပိုက်ဆံမလိုချင်တော့ဘူးလား "

" ပိုက်ဆံက လိုအပ်တယ်ဆိုရင်တောင် ညီမလေးလောက် အရေးမကြီးဘူး သူက လူကောင်းတစ်ယောက်မဟုတ်ဘူး အဲဒါကြောင့်မလို့ ညီမလေးနဲ့မပတ်သက်စေချင်တော့ဘူး "

" ဟက်... ဒါပေမဲ့ ကိုကိုရယ် ဘယ်လိုလုပ်မလဲ ဂျယ်နီသူနဲ့တွေ့ပြီးသွားပြီ သူနဲ့ရင်းနှီးသလောက်ဖြစ်နေပြီ သူနဲ့ဂျယ်နီက အဆင်ပြေနေတယ်ရော.. "

" ဘယ်လို! ဘယ်ကဘယ်လို တွေ့ပြီးသွားကြတာလဲ ဘယ်တုန်းကလဲ "

" ကိုကိုအံ့ဩသွားလား သူနဲ့မကြာသေးခင်ကဘဲဆုံပြီး ရင်းနှီးသွားတာ သူကဂျယ်နီကို ကိုကို့ညီမမှန်းလည်း သိတယ် ဂျယ်နီတို့ ဘာမှပြဿနာမရှိဘူး အဲတော့ ကိုကိုစိတ်မပူနဲ့ ဂျယ်နီနဲ့သူနဲ့ကိစ္စ ဂျယ်နီ့ဘာသာဆက်သွားမယ် ကိုကို့ကိစ္စမရှိတော့ဘူးဆိုတော့ ပိုလိုတောင် သူနဲ့ပတ်သက်လို့ အဆင်ပြေသွားတာပေါ့ "

" မဟုတ်ဘူး မဟုတ်ဘူးဂျယ်နီ သူက.. သူက အဲလိုလူမဟုတ်ဘူးနော် သူ့ကိုယုံကြည်လိုက်လို့မရဘူး သူနဲ့မင်းနဲ့ ဘယ်လိုအခြေအနေမှာ တွေ့ကြတာလဲ! "

ဂျယ်နီနဲ့ဂျွန်ဂျောင်ဂု တွေ့ပြီး အဆင်ပြေနေတယ်ဆိုတာက ‌သူ့ကိုခေါင်းမီးတောက်သွားစေသည်။ ဘယ်ကဘယ်လို ဘယ်တုန်းက ဘယ်အခြေအနေထိ ရောက်ကုန်ကြတာလဲ။ ဒါ သာမန်တွေ့ဆုံမှုရော ဟုတ်ပါ့မလား..

" ကိုကိုက ဘာဖြစ်နေတာလဲ ဂျယ်နီတို့က လူလွှတ်တွေပဲလေ ဒီအတိုင်း ရင်းနှီးပြီး အဆင့်တက်လာတာကိုတော့ ကိုကိုမတားနဲ့လေ ဒါက ကိုကို့အတွက် ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား ကိုကိုက ဘာဖြစ်နေတာလဲ "

" မဟုတ်ဘူး မင်းသူ့အကြောင်း ဘာမှမသိဘဲနဲ့.. ဂျယ်နီ သူ့ကို လွယ်လွယ်မယုံသွားနဲ့ သူကအကြံတွေပြည့်နေတဲ့ မြွေပွေး.. "

" ကိုကို! ကိုကိုကမှ သူ့ကိုအကြံအစည်နဲ့ ပတ်သက်ဖို့ ကြိုးစားခဲ့တာမလား ဘာလို့ပြောင်းပြန်တွေပြောပြီး သူ့ကိုအပြစ်တင်နေတာလဲ.. ဒါဆို ကိုကိုပြော ကိုကိုဘာလို့ သူနဲ့ဂျယ်နီ့ကို စီစဉ်ထားသလို လက်မထပ်ပေးတော့တာလဲ ဘာလို့လဲ "

" သူကမကောင်းတဲ့ကောင်လို့ ကိုကိုပြောတယ်မလား သူမိန်းမ ဘယ်လောက်ပွေရှုပ်လဲ မင်းလည်းသိတယ်မလား သူကကိုကို့ကို ဘယ်မိန်းကလေးကိုမှ အတည်မယူဘူး၊ ညီမလေးကိုလည်း အတည်လက်ထပ်နိုင်မှာမဟုတ်ဘူးလို့ သူကိုယ်တိုင်ပြောခဲ့တာကို ကိုကိုကဘာကိစ္စ ရှေ့ဆက်တိုးနေရမှာလဲ "

သူသူ့ကိုပါ ထိုကဲ့သို့ပြောလာတာတွေကိုတော့ မပြောပြဖြစ်လိုက်တော့။ အခုချိန်မှာ သူအဲဒါတွေပြောရင်လည်း သူလုပ်ကြံပြောတယ်ပဲ ဖြစ်နေမှာ.. သူ့ကိုအဲလိုတွေပြောလာလို့ ဘာမှမဖြစ်သွားပေမဲ့ မောင်နှမနှစ်ယောက်လုံးကို အဲလိုပတ်သက်မှုစာရင်းထဲ လာထည့်နေမှာကိုတော့ ဘယ်လိုမှလက်မခံနိုင်။

" ဘာဖြစ်လဲကိုကို အဲဒါပွင့်ပွင့်လင်းလင်းပြောပြတာလေ.. အခု သူနဲ့ဂျယ်နီကလည်း ဘာမှဖြစ်သေးတာမဟုတ်ဘူး။ သူဂျယ်နီ့ကို တကယ်ချစ်လာတဲ့အခါကျရင်တော့ သူပြောင်းလဲပစ်ချင်ပစ်မှပေါ့ သူရော ဂျယ်နီရောက လူပျိုလူလွတ်တွေ နှစ်ယောက်သား သဘောတူချစ်ကြိုက်တာ အမှားတစ်ခုမဟုတ်ဘူး ကိုကို့ကိစ္စတွေမရှိတော့ရင်လည်း ဂျယ်နီဘာသာ ဆက်ပတ်သက်မယ် ဂျယ်နီက အစတည်းက သူ့ကို အမွေကြောင့်နဲ့ ပတ်သက်ချင်ခဲ့တာ မဟုတ်ဘူး။ သူနဲ့တွေ့ပြီးတော့မှ ဂျယ်နီသူ့ကို ပိုပြီးစိတ်ဝင်စားလာတယ် ဒါကြောင့် ဂျယ်နီသူ့ကို စိတ်ခံစားမှုကြောင့် ဆက်ပတ်သက်မှာ ကိုကိုနဲ့ ဘာမှမဆိုင်ဘူး "

ထင်တဲ့အတိုင်း ဂျယ်နီက သူ့စကားနားမထောင်။ ထိုကောင်နဲ့ ဘယ်ချိန်တွေ့ပြီး ဘယ်လိုအဆင့်ထိရောက်နေကြပြီလဲ သူမသိလိုက်ရ။ မတော်တဆ တွေ့ကြတယ်လို့ သူမထင်ဘူး။ ဂျွန်ဂျောင်ဂုကပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်မှာ.. ဘာတွေနဲ့ ဘယ်‌လိုတွေပြောထားလို့ ဂျယ်နီက အခုလိုတောင် သူဘက်ကပါနေရတာလဲ!ဂျွန်ဂျောင်ဂု မြွေပွေးလိုကောင်..

________________________________

ဒေါက် ဒေါက်

" အစ်ကို ပွဲချိန်ကျနေပါပြီ ဧည့်သည်တွေလည်း တော်တော်များများရောက်နေကြပြီ "

" ဝင်ခဲ့ ဒန် ခဏလေး ငါဒီဟာလေး.. လည်ဆွဲက တပ်ရခက်နေတယ် "

လည်ဆွဲကို ဒန်ကူတပ်ပေးတော့မှ အဆင်ပြေပြေ ဖြစ်သွားခဲ့သည်။ ဒီနေ့ ဂျွန်ဂျောင်ဂုက အဓိကဇာတ်ဆောင်ဖြစ်နေပေမဲ့ အိမ်တော်နဲ့ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကျတော့ သူဧည့်ခံမှ ရမည်။ သူ့ဧည့်သည်တွေက များသည်။

" လူတော်တော်စုံနေပြီလား "

" လူငယ်ပရိတ်သတ်တွေလည်း တော်တော်စုံနေပါပြီ။ သူတို့ကိုတော့ သခင်လေးဂျွန်နဲ့ မမလေးဟယ်လင်တို့ ဧည့်ခံနေပေမဲ့ တချို့ဧည့်သည်တွေက အစ်ကို့ကိုမေးနေကြပြီ "

" အင်း.. ငါပြီးပြီ။ ဂျယ်နီရော "

" မမလေးဂျယ်နီလည်း သခင်လေးဂျောင်ဂုနဲ့အတူပဲ ရှိနေပါတယ် "

" ဟင်း.. ဒီကောင်မလေးကတော့.. မင်းကို နောက်မှပဲ သေချာပြောပြတော့မယ် လာ အခုတော့ သွားကြစို့ "

ဆော့ဂျင်က ရိုရိုးရှင်းရှင်း အဖြူရောင်ပိုးဇာသားနဲ့ချုပ်လုပ်ထားတဲ့ အင်္ကျီနဲ့ အမည်းရောင် စတိုင်ပင်အရှည်ကို ဝတ်ဆင်ထားသည်။ ဒါက သူအမြဲဝတ်နေကြ ပုံစံပေမဲ့ အင်္ကျီကတော့ အရင်ပုံစံထက်ကွဲထွက်ပြီး တန်ဖိုးကြီးသည်။ သူဒီလိုအဝတ်အစားမျိုးကိုတော့ ပွဲသွားပွဲလာရှိမှသာ ထုတ်ဝတ်ဖြစ်၍ ဒီနေ့လည်း အရင်နေ့တွေနဲ့မတူသွားအောင် ထုတ်ဝတ်ဖြစ်သွားသည်။

အပြင်ရောက်လာတော့ အိမ်တော်တစ်ခုလုံး လူသွားလူလာတွေနဲ့ ရှုပ်ထွေးစည်ကားလို့နေသည်။ အဝတ်အစားအပြင်အဆင် တောက်တောက်ပြော‌င်ပြောင်နဲ့ လူမျိုးစုံတွေ့ရသည်။ အများစုက လူငယ်တွေဖြစ်ပေမဲ့ လူကြီးဧည့်သည်တွေကလည်းမနည်း.. ဝန်ကြီးချုပ်ဟောင်းအိမ်က ပါတီပွဲပေမဲ့ နောက်ဆို ဂျွန်ဂျောင်ဂုကလည်း အရာရှိဖြစ်လာတော့မှာမလို့ မိတ်ဖွဲ့ထားက အကျိုးရှိသည်။

သူပွဲထဲဝင်လိုက်ပြီး သူ့ဧည့်သည်တချို့ကို သွားရောက်နှုတ်ဆက်လိုက်သည်။ လက်ရှိသူနဲ့တွဲလုပ်နေတဲ့ သူတွေအပြင် တခြားလူကုံထံလုပ်ငန်းရှင်တွေလည်း အများအပြား တက်ရောက်ကြသည်။ သူဧည့်သည်တွေကို လိုက်လံနှုတ်ဆက်ပြီး ဂျယ်နီ့ကိုရှာမိသည်။ ဂျွန်ဂျောင်ဂုနားမှာရှိနေတယ်ဆို၍ ဂျွန်ဂျောင်ဂုကိုပါ လိုက်ရှာကြည့်ပေမဲ့ ကောင်းကောင်းရှာဖို့ အချိန်မရ၍လား သူမတွေ့မိသေး..

ပွဲက လူကျပြီး ထိုင်သွားတော့မှ နှုတ်ဆက်ရတာ နည်းသွားပြီး အကျွေးအမွေးဧည့်ခံချိန်မှာတော့ အားလုံးဖြတ်သွားဖြတ်လာ လူငြိမ်သွားသည်။ ထိုမှ မျက်စိရှင်းပြီး သူကောင်းကောင်းရှာနိုင်တော့သည်။

ဂျယ်နီက ဂျွန်ဂျောင်ဂုနဲ့ တစ်ဝိုင်းတည်းတောင်မှ ဘေးချင်းကပ်လျက်။ တစ်ဖက်မှာက ဟယ်လင်..ဘေးနားမှာလည်း မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ .. သူစိတ်ပျက်လက်ပျက် ခေါင်းယမ်းမိသည်။ သူ့ကိုယ်သူ ဘုရင်နဲ့မိဖုရား၊မောင်းမတွေ နန်းတက်မင်္ဂလာ ကျင်းပနေတယ်များ ထင်နေလား.. ဂျယ်နီသူ့သိက္ခာတွေ ဘယ်ရောက်နေပြီလဲ သူထိုနေရာကနေ ဂျယ်နီ့ကို ထခေါ်ချင်စိတ်တွေ တဖွားဖွား.. သူကသာ တကြွကြွနဲ့ ဂျယ်နီ့ကိုဆွဲခေါ်ထုတ်ချင်နေတာ သူတို့ထိုဝိုင်းကတော့ ပျော်ပျော်ပါးပါးပဲစားသောက်လို့ရှိနေကြသည်။

ပါတီပွဲတွင် ယောကျာ်းလေးလူငယ်တွေက နည်းသည်။ မိန်းကလေးတွေနဲ့ သူ့လူကြီးဧည့်သည်တွေက များသည်။ လူကြီးဧည့်သည်တွေကိုတော့ သူကပဲ ဒိုင်ခံ ဧည့်ခံရသည်။ မစ္စမာရင်းက အရာရှိကတော်တွေနဲ့သာ အလုပ်ရှုပ်ရင်း ဧည့်ခံဖို့နေရာမှာရှိမနေ။ ဂျွန်ဂျောင်ဂုကလည်း သူ့မိန်းကလေးဧည့်သည်တွေကိုသာ ဂရုစိုက်သည်။ ထိုထဲတွင် ဂျယ်နီနဲ့ ပိုနီးနီးကပ်ကပ် ရှိနေသည်။ ဂျယ်နီ့ကိုတော့ ဂျယ်နီပြောသလိုပဲ တခြားသူတွေထက် အရေးပေးသည်။ သူဂျယ်နီ့ကို လိုက်ကြည့်နေပြီး ဂျယ်နီနဲ့အကြည့်ချင်းဆုံဖို့ လိုက်ကြိုးစားရင်း သတိပေးဖို့လုပ်နေပေမဲ့ ဂျယ်နီက တစ်ခါမျှသာ ကြည့်ပြီး သူ့ကိုထပ်မကြည့်တော့.. ဧည့်သည်တွေနဲ့ စကားပြောနေရင်းကတစ်ဖက်ဆိုတော့ သူလည်း အချိန်တိုင်း မစောင့်ကြည့်နိုင်တော့။

အချိန်အားဖြင့်လွန်လေတော့ လူကြီးဧည့်သည်တချို့က ပြန်ဖို့အစချီလာကြသည်။ သောက်စားစကားပြောရင်း လူတွေက တဖြည်းဖြည်းစဲသွားပြီး လူငယ်အများစုသာ ကျန်ခဲ့သည်။ ညပါတီဖြစ်တဲ့အတွက် လူငယ်တွေအတွက်တော့ လွတ်လွတ်လပ်လပ်ပျော်ပါးရမဲ့ အချိန်အခါပင်။ ညလေက တစ်ချက်တစ်ချက် အားပင့်တိုက်သွားတိုင်း အဖြူရောင်ပိုးဇာသာဝတ်ထားတဲ့သူ စိမ့်တက်သွားသည်။ လူငယ်တွေကတော့ သောက်စားကခုန်နေကြသဖြင့် အအေးဒဏ်ကို မည်သို့မျှပင်မနေ။ သူကတော့ ဧည့်သည်တွေနဲ့ ခွက်ချင်းတိုက်ရုံသောက်တော့ ဝိုင်တစ်ခွက်လောက်သာ ဗိုက်ထဲဝင်သည်။ ဧည့်သည်တွေ အနည်းငယ်လျော့ကျသွားတော့ ချမ်းစိမ့်လာတာက ပိုသိသာလာသည်မလို့ သူဝိုင်ခွက်လေးကိုင်ပြီး အချမ်းပြေသောက်ရင်း စုံတွဲအက ဖျော်ဖြေနေကြတဲ့ လူငယ်တချို့ကို ကြည့်နေလိုက်သည်။

" သခင်လေးဂျွန် သူများတွေကနေကြပြီ ဟယ်လင့်ကိုရော တ‌စ်ယောက်ယောက်က ကဖို့ခေါ်လာရင် ဟယ်လင်ကလိုက်ရမလား ငြင်းလို့မကောင်းဘူးထင်တယ်နော် "

" ဒါဆို ကိုယ်ဟယ်လင့်ကို ကဖို့ခေါ်လို့ရမလား "

" အို.. သခင်လေးဂျွန်သဘောပါ "

သူထရပ်လိုက်ပြီး မိန်းကလေးဟယ်လင်ရှေ့ တွဲကဖို့ လက်ကမ်းလိုက်သည်။ ထိုအခါ ဟယ်လင်က သူ့ကမ်းလှမ်းမှုကြောင့် ရှက်သွားပြီး ပတ်ဝန်းကျင်ကို ခေတ္တမျှကစားကြည့်ကာ သူ့လက်ပေါ် ထပ်ကိုင်လာသည်။ ဘေးကနေ ဟယ်လင့်ကို အားကျသလို အသံတွေ ထွက်ပေါ်လာတော့ ဟယ်လင့်မျက်နှာက အပြုံးတွေက ပိုသိသာ‌လာလေသည်။ သူကတော့ ဘာမှမဆိုဘဲ အကစင်မြင့်ရှေ့ ခေါ်လာခဲ့သည်။ ဒီမှာရှိနေတဲ့ မိန်းကလေးတွေ အကုန်လုံးက ဟယ်လင့်ကိုအားကျပြီး သူ့လက်ကိုတွဲထားရတဲ့ မိန်းကလေးက ကံအကောင်းဆုံးဖြစ်နေတယ်ဆိုတာ ပြချင်၍.. ဒီမှာရှိနေတဲ့ မိန်းကလေးတွေအားလုံးက သူနဲ့တွဲကဖို့ သူလက်ကမ်းကြိုပေးနေတာကို လိုချင်နေကြတဲ့သူချည်းပဲ..

ထိုထဲတွင် မိန်းကလေးဂျယ်နီကိုလည်း အဲလိုပဲဖြစ်စေလာအောင် သူဟယ်လင့်ကို ရွေးချယ်လိုက်သည်။ ထင်သည့်အတိုင်း မိန်းကလေးဂျယ်နီက မျက်နှာပျက်သွားသည်။ ခုနက သူမကို အလေးပေးဆက်ဆံခဲ့ပြီးပြီမလို့ အခုက နောက်တစ်ယောက်ကို ပြန်အသာပေးလိုက်ရုံပါပဲ.. ဟက် ခုနက သူမိန်းကလေးဂျယ်နီနဲ့ နီးနီးကပ်ကပ် ရှိနေတုန်းက ကင်မ်ဆော့ဂျင် မျက်နှာပျက်ပျက်ယွင်းယွင်း.. သူ့အဖိုးတန်ညီမလေးက အခုလို သူနဲ့မခွာရှိနေတော့ ထိုသူသူ့ဧည်သည်တွေတောင် ကောင်းကောင်းဧည့်မခံနိုင်ဘဲ တကြည့်ကြည့်ရှိနေသည်။

ဒီနေ့သူက ခါတိုင်းလိုအပြင်အဆင်ထက်ကို ပိုကျော့ရှင်းပြီး ပိုထင်ပေါ်နေသည်။ သူ၏ကျယ်ပြန့်တဲ့ပခုံး၊သေးသွယ်တဲ့ခါးသွယ်လျနဲ့ခြေတံနဲ့ ခြေကျင်းဝတ်သေးလေးတွေ အဲဒါတွေက အရင်လိုပဲ အရင်အတိုင်းပဲ ဆွဲဆောင်မှုရှိရှိ ထင်းနေတုန်း.. ညမီးရောင်ကြောင့် ကြယ်လိုလက်နေတဲ့မျက်လုံးတွေနဲ့ ဧည့်သည်တစ်ဦးချင်းစီကို ဖော်ရွေစွာ လိုက်လံပြုံးပြနေတဲ့ အပြုံးတွေအပြည့်နဲ့ ထိုနှုတ်ခမ်း.. ဟက်..သူ့ဘက်ကို ကြည့်လာတဲ့အချိန်တွေဆိုရင်တော့ ဆန့်ကျင်စွာ မှုန်တင်းတင်းထိုမျက်နှာ.. ထိုသူက သူ့ညီမလေးကို သူ့နားက ဆွဲခေါ်ထုတ်သွားချင်နေပေမဲ့ သူ့ညီမအဆိုးလေးက သူ့စကားနာခံချင်ပုံမရ.. ဟက်.. ခင်ဗျားထပ်ပြီး စိတ်မချရတဲ့ကိစ္စတွေကို ကျုပ်က အသက်ရှူထုတ်သလိုပဲ လုပ်ပြသွားမယ် ကင်မ်ဆော့ဂျင်..

" ဟယ်လင်က ခုနတုန်းကထိ စိတ်မကောင်းဖြစ်နေတာ သခင်လေးက ဂျယ်နီ့ကို ဟယ်လင့်ထက် ပိုဦးစားပေးနေသလိုပဲမလို့ ဟယ်လင်ဝမ်းနည်းနေမိတယ် "

" ကိုယ်က.. အဲလိုဖြစ်သွားလား.. "

" ဟုတ်တယ် သခင်လေးက ဂျယ်နီ့ကို ပိုဦးစားပေးတယ် နောက်မှသိတဲ့သူကို ဟယ်လင့်ထက်ပိုပြီး ဦးစားပေးနေတော့ ဟယ်လင်စိတ်မကောင်းဘူး "

" ကိုယ်က သူကဧည့်သည်ဖြစ်နေလို့ ပိုဂရုစိုက်လိုက်မိတာထင်တယ် "

" သခင်လေးက.. "

ထိုအချိန် တေးသွားသံရပ်သွားတော့ တိတ်ကျသွားပြီး အကတင်ဆက်မှုကိုလည်း ရပ်လိုက်ကြသည်။ မကြာခင် နောက်တေးသွားတစ်ပုဒ် စတင်မှာ ဖြစ်ပေမဲ့ သူဆက်မကတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်အရိုအသေပေးလိုက်ပြီး သူတို့နေရာဆီ ပြန်လာခဲ့လိုက်သည်။

သူတို့နေရာနားရောက်တော့ သူတို့နားတွင် ကင်မ်ဆော့ဂျင်ရောက်နေတာကို တွေ့လိုက်ရသည်။ ‌သူခြေလှမ်းတွေသွက်လိုက်ပြီး အနားလျှောက်သွားလိုက်သည်။ ကင်မ်ဆော့ဂျင်က သူ့ညီမကို အတင်းပြန်ခေါ်နေပုံရသည်။ ပေကပ်ထိုင်နေတဲ့သူ့ညီမကို မရအရခေါ်ချင်နေပုံပါပဲ.. သူ‌ကင်မ်ဆော့ဂျင်နဲ့ နီးနီးကပ်ကပ်တွင် ရပ်လိုက်ပြီး သူ့လက်တွေကို ခါးပေါ်တင်လိုက်သည်။ ထိုအခါ ဆတ်ခနဲပင် သူ့ခါးပေါ်ရှိနေတဲ့ လက်တွေနဲ့ သူ့ကိုကြည့်လာသည်။

" မရီး ဒီနေ့ပွဲ အဆင်ပြေရဲ့လား "

ဆော့ဂျင် ခါးပေါ်ရောက်လာတဲ့ လက်တွေကို ငုံ့ကြည့်ပြီး ဘေးကိုတစ်စပ်တည်း လှည့်ကြည့်လိုက်တော့ ဂျွန်ဂျောင်ဂု! သူထိုလက်တွေကို ချက်ချင်းဖယ်ချလိုက်ပြီး ဘေးနည်းနည်းရွေ့လိုက်သည်။

" သခင်လေးဂျွန် ပြန်ရောက်လာပြီပဲ ကတာအရမ်းကောင်းတယ် သခင်လေးဂျွန်.. "

သူဂျယ်နီ့ကို ဂျွန်ဂျောင်ဂုမရှိတုန်း အထဲဝင်နားဖို့ ခေါ်နေပေမဲ့ ထိုကောင်မလေးက လက်မခံပေ။ သူမက ဟယ်လင်နဲ့ဂျွန်ဂျောင်ဂု တွဲကသွားတာကို မခံမရပ်နိုင် စိတ်တိုနေပြီး သူက ဂျွန်ဂျောင်ဂုတမင်လုပ်နေတာပြောလည်း လက်မခံ ပြန်ခေါ်တာလည်း မလိုက်..

" ဒါဆို မိန်းကလေးဂျယ်နီကိုရော တွဲကဖို့ ခေါ်လို့ရမလား "

" သခင်လေးဂျွန်! "

သူလက်မခံနိုင်သလို ကြည့်လိုက်သလို ဟယ်လင်သည်လည်း ဟန့်တားလာသည်။ ဂျွန်ဂျောင်ဂုက သူ့ကို မထိတထိကြည့်နေပြီး အတူတွဲကဖို့ ဂျယ်နီ့ကို လက်ကမ်းပေးနေသည်။  ဂျယ်နီပြောသလိုပဲ အပျိုနဲ့လူပျို တွဲကမှာကို သူဘယ်လိုနည်းနဲ့မှ ငြင်းဆန်ခိုင်းချင်နေလို့မရ။ ဂျယ်နီက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မော်ကြွားစွာ ဂျွန်ဂျောင်ဂုကို လက်ပြန်ကမ်းလိုက်သည်။ ဂျွန်ဂျောင်ဂုက သူ့ကိုတစ်ချက်ကြည့်ပြုံးပြသွားပြီး ဂျယ်နီ့လက်ကိုဆွဲကာ သူ့ရှေ့ကနေ ခေါ်ထုတ်သွားသည်။ သူဘာမှမတတ်နိုင်လိုက်ဘဲ ထိုအတိုင်းသာ ရပ်ကြည့်နေလိုက်ရသည်။ ဂျယ်နီနဲ့ ဂျွန်ဂျောင်ဂုက အတွဲညီညီနဲ့ လိုက်ဖက်သည်ထက်ပိုပါသည်။ ဂျွန်ဂျောင်ဂုသာ မြွေပွေးလိုလူဟုတ်မနေရင် သူသူညီမလေးနဲ့ သဘောတူမိမှာအသေအချာပင်.. ဂျွန်ဂျောင်ဂုသာ သူ့ကိုဂေဟာမှာတုန်းက ပြောခဲ့တဲ့စကားတွေ မပြောခဲ့ရင် သူဂျယ်နီနဲ့ကို လွှတ်ထားမိမှာ..

သူထိုနေရာမှ ပြန်လှည့်ခဲ့လိုက်ပြီး ဂျယ်နီနဲ့ဂျွန်ဂျောင်ဂုရဲ့ အတွဲညီညီဖျော်ဖြေမှုကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ အချိန်အားဖြင့်လည်း ညဉ့်နက်ချိန်ရောက်လာခဲ့ပြီမလို့ သူ့အိပ်ချိန်ကျော်လွန်လို့နေပြီ။ သူဒန့်ကို ဂျယ်နီ့ကို သေချာစောင့်ကြည့်ပေးဖို့ မှာကြားခဲ့ပြီး အိမ်တော်ထဲဝင်လာခဲ့သည်။ ဂျယ်နီရောက်လာမှာမလို့ ကြိုပြင်ထားတဲ့ အခန်းရှိသည်။ ပွဲပြီးရင် အခန်းထဲသေချာအနားယူစေဖို့ ဒန်နဲ့မှာကြားခဲ့ပြီး သူအရင်အနားယူဖို့ တက်လာခဲ့သည်။

သူ့အခန်းထဲရောက်တော့ ဝတ်ထားတဲ့ လက်ဝတ်ရတနာနဲ့ အဝတ်အစားတွေ ချွတ်လိုက်ပြီး သေချာပြန်သိမ်းလိုက်သည်။ ခုနက ပွဲအတွက်ပြင်ဆင်တုန်းက ရေချိုးပြီးပြီမလို့ ယခုအခါတော့ ပင်ပန်းနေပေမဲ့ ခြေလက်ရေသာ ဆေးကြောလိုက်သည်။ ရာသီဥတုက အေးသည်မလို့ ရေနွေးနဲ့ချိုးမှရမည်။ အခုချိန် အိမ်တော်ကလူတိုင်းက ပင်ပန်းနေပြီမလို့ ရေနွေးမတည်ခိုင်းချင်တော့ ဒီအတိုင်းသာ ဆေးကြောပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်သည်။

အိပ်ရာထဲခေါင်းချလိုက်တိုင်း တစ်နေ့တာအဖြစ်အပျက်နဲ့ အတွေးတွေက ခေါင်းထဲအလိုအလျောက် ဝင်လာခဲ့သည်။ စက်ရုံကိစ္စ သူ့ညီမလေး.. ဂျွန်ဂျောင်ဂု.. အဖြေက ထိုအထဲတွင်ပဲ ရှိနေပေမဲ့ ဖြေရှင်းရခက်နေတုန်း.. ထိုသို့ အဖြေမရတွေးတောရင်းပင် မကြာခင် သူ့မျက်လုံးတွေ မှေးစင်းလာပြီး အိပ်ပျော်တော့မည်။

ကျွီ..

အိပ်ပျော်ခါနီး အိပ်မက်လိုလို ဆူညံသံတွေကြောင့် အိပ်ပျော်ကာစဖြစ်နေတဲ့ သူ့မျက်လုံးတွေကို ဖွင့်ဖို့ ဖိအားပေးလိုက်ရသည်။ ပွဲကမပြီးသေးဘဲ ဝင်ခဲ့သည်မလို့ ပြဿနာပေါ်လာမည်စိုးရသည်။ ထိုရှုပ်ထွေးသံတွေက နီးနီးကပ်ကပ်ရှိနေတာမလို့ သူမထလို့ မဖြစ်တော့..

အင့်!

" မင်း!! "

သူ့အိပ်ရာပေါ် ပြိုကျလာတဲ့ ခန္ဓာကိုယ်တစ်ခု..သူစူးစမ်းပြီး ထထိုင်မယ်လုပ်တော့ လက်တစ်ဖက် သူ့ရင်ဘတ်တွေပေါ် ရောက်လာပြီး တင်းတင်းကြပ်ကြပ် ဖက်တွယ်လာသည်။

" မင်း!! ဂျွန်ဂျောင်ဂု! ထစမ်း ငါ့အခန်းထဲ ဘာလို့ဝင်လာတာလဲ ထစမ်း! အခုထွက်သွား "

" မရီး.. "

" ငါ့ကိုမရီးမရီးလို့ ခေါ်နေတာ တော်လိုက်တော့ မင်းအခေါ်အဝေါ်နဲ့ အပြုအမှုတွေက လုံးဝမအပ်စပ်ဘူး ဖယ် အခုချက်ချင်း အခန်းထဲက ထွက်သွား "

ဆော့ဂျင် သူ့ရင်ဘတ်ပေါ် သိုင်းဖက်ထားတဲ့ လက်တွေကို ဖယ်ထုတ်ပစ်ပြီး ထထိုင်လိုက်သည်။ ဂျွန်ဂျောင်ဂုက သူ့အိပ်ရာပေါ် ပစ်စလက်ခတ်လှဲချလာပုံရသည် သူက..!! သူဆက်မတွေးနိုင်ခင် ခုတင်ပေါ်မှ ဆင်းလိုက်သည်။ ဂျွန်ဂျောင်ဂု ဖိနပ်တွေက သူ့အိပ်ရာပေါ်ရောက်ဖို့ နည်းနည်းလေးသာ လိုတော့သည်။ ထိုကောင်သာ ခြေထောက်တွေကို မ,တင်လိုက်ရင် ဖိနပ်တွေပါ အိပ်ရာပေါ် ရောက်လာတော့မည်။ သူအမြန်ဘဲ တစ်‌ဖက်ခြေရင်းဘက် ရောက်သွားပြီး ဖိနပ်တွေကို ချွတ်ပစ်သည်။ တကယ်အိပ်ရာပေါ်ရောက်ဖို့ နည်းနည်းလေးသာ လိုတော့သည်။

သူဖိနပ်ချွတ်ပြီးတော့မှ သူ့အိပ်ရာပေါ် ပစ်စလက်ခတ် အိပ်နေ‌တဲ့ ထိုကောင်ကို ခါးထောက်ကြည့်လိုက်သည်။ ခုနကထိ ဒီလောက်ထိ မူးမနေသေးတာကို အခုမှ ဘယ်လိုဖြစ်လာရတာလဲ.. အချိန်ခဏလောက်နဲ့ ဒီလောက်ထိ မူးသွားတာမျိုး ဘယ်လိုမှ မဖြစ်နိုင်တာမလို့ သူထိုကောင်ကို အိပ်ရာပေါ်က ဆွဲချဖို့ စဉ်းစားလိုက်သည်။ သူ့ဟာသူဘယ်နေရာမှာမှ အိပ်အိပ် သူ့အိပ်ရာပေါ်မှာတော့ ပေးမအိပ်နိုင်ဘူး!

" မင်း.. အ့! "

သူဆွဲထူပြီး ခုတင်အောက် တွန်းချဖို့ လုပ်လိုက်ပေမဲ့ ဂျွန်ဂျောင်ဂုသူ့ကို ပြန်ဆွဲလိုက်တဲ့အခါမှာတော့ သူတစ်ချက်တည်းနဲ့ ဂျွန်ဂျောင်ဂုရင်ဘတ်ပေါ်  ပြန်ကျသွားသည်။

" မရီး.. "

သူထိုကောင်ရဲ့ရင်ဘတ်ကို ထုချလိုက်သည်။ ဘယ်လောက် ပြင်ခေါ်ခိုင်းခိုင်း ဒီမရီးပဲ.. သူထုချလိုက်ပေမဲ့ ထိုကောင်က အသံတစ်ချက် ယိုင်သွားရုံအပြင် ဘာမှမတုံ့ပြန်.. သူထပ်ပြီး ထထိုင်ဖို့ ကြိုးစားလိုက်ပြန်ပေမဲ့ ထိုလက်တွေက ခိုင်ခိုင်မြဲမြဲပင် ဖက်တွယ်ထားသည်။ သူကနဂိုကကို ဇွဲကြီးတဲ့သူမျိုးမလို့ လိုတာမရဖြစ်တဲ့အခါ လုံ့လကြီးစွာပင် ထိုလက်တွေကို အားစိုက် ဖယ်နေမိသည်။ အားမလိုအားမရဖြစ်တိုင်း အသံတွေက ထိန်းချုပ်မရစွာ ထွက်လာပြီး သူရင်ဘတ်တွေကိုလည်း စိတ်ရှိလက်ရှိ ထုရိုက်မိသည်။ ထိုအခါမှ ထိုကောင်က လှုပ်ရွလာပြီး အခုမှ နိုးလာသလို နောက်လက်တစ်ဖက်က မျက်ခုံးတွေကို နှိပ်နယ်နေသည်။

" ဘယ်လိုခေါ်စေချင်လို့လဲ ဒါဆို.. "

အတန်ကြာမှ ထွက်ပေါ်လာတဲ့ လည်ချောင်းထဲက အသံတစ်ခု။ သူထိုကောင့်မျက်နှာကို အကဲခတ်ကြည့်နေရင်းမှ ထိုစကားကြောင့် ပြန်အသိဝင်မိသည်။ ထိုအခါ သူသည်လည်း သူ့ရင်ဘတ်ပေါ်က သူ့ကို ကြည့်နေသည်။ သူတို့မျက်လုံးချင်းဆုံသွားတော့ သူရင်ဘတ်တွေကို ပြန်တွန်းလိုက်ပြီး ထပ်ပြီးရုန်းကန်လိုက်သည်။

" မင်းဟာမင်း ဘယ်လိုခေါ်ခေါ် အခုငါ့အခန်းထဲက ထွက်သွားတော့ "

" ဒီနေ့ဒီမှာပဲအိပ်မယ်.. အိပ်ရအောင် "

" ဂျွန်ဂျောင်ဂု! "

ဂျွန်ဂျောင်ဂုသူ့ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ပြန်တဲ့အခါ သူသည် သူ့ရင်ဘတ်နား ခေါင်းကပ်သွားပြီး သူ့လက်မောင်းတွေထဲ ပြန်ပါသွားရပြန်သည်။

" ဂျွန်ဂျောင်ဂု! "

" အိပ်ရအောင် ..မနက်ဖြန် စက်ရုံအတွက် မြေကွက်ကြည့်ဖို့ ခေါ်သွားပေးမယ် "

" ငါကမင်းနဲ့! ဘာလို့.. "

" ဘာလို့လဲဆိုတော့ ကျုပ်ပိုက်ဆံတွေကို မရီးကိုပဲ သုံးခိုင်းစေချင်လို့.. အိပ်ရအောင် "

_________________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories