ep11
16:48, 22 September 2023မနက်နိုးလာတော့ အိပ်ရာပေါ်တွင် သူတစ်ယောက်တည်းသာ.. ကြည့်ရတာ ပုံမှန်အချိန်အတိုင်း ထသွားပြီ ထင်ပါရဲ့.. သူခုတင်အောက် ခြေထောက်ချလိုက်ပြီး ခေတ္တမျှထိုင်နေမိသည်။ မနေ့က သူတို့တစ်ခုတင်တည်း အတူအိပ်လိုက်မိတာပဲ စက်ရုံမြေလိုက်ကြည့်မယ်ပြောတာနဲ့ သူငြင်းဆန်ဖို့ပင် ထပ်မကြိုးစားနိုင်တော့ဘူး။ သူတို့ထိုအတိုင်းပဲ အိပ်ရာဝင်လိုက်ကြတာ.. ဂျွန်ဂျောင်ဂုဘာအကွက်တွေ ရွှေ့ချင်နေတာလဲဆိုတာ သူတွေးမရလောက်အောင် ဖြစ်နေပြီ။ ဂျယ်နီနဲ့ဟယ်လင့်ကို ပတ်ကစားနေတာကိုတော့ သူနားလည်လို့ရပြီး သူနဲ့ကျတော့ ဘယ်လိုဖြစ်ချင်နေတာလဲဆိုတာ သူတွေးရခက်နေသည်။ တကယ်ပဲ သူနဲ့အဲလိုသွားချင်တာလား..
အမှန်အတိုင်းပြောရရင် သူလည်းအပျော်မယ်ယောကျာ်းတွေနဲ့ ဘာမှမကွာဘူး။ သူသည်လည်း ဝန်ကြီးချုပ်ကို ဖြားယောင်းပြီး အခုလိုအဆင့်အတန်းအလွှာထဲ ရောက်လာခဲ့ပေမဲ့ မျိုးရိုးကအပျော်မယ်ဆိုတာ ပျောက်မသွားဘူး။ ဂျွန်ဂျောင်ဂုမလိုချင်တာက ယောကျာ်းတွေအများကြီးရဲ့ အသုံးတော်ခံဖြစ်နေတာမလို့ တခြားယောကျာ်းတွေနဲ့ အတူနေရမှာ မနှစ်မြို့၍ သူ့ကိုရွေးချယ်ချင်ခဲ့တာလား.. သူကတကယ်ပဲ ဝန်ကြီးချုပ်ကို ဖြားယောင်းခဲ့တဲ့သူ့ကို လိုချင်ပါ့မလား.. မဟုတ်မှ သူက.. သူ့ကောလဟာလသတင်းတွေအတိုင်း ပိုင်ရှင်ရှိအမျိုးသမီးတွေကိုသာ ပိုနှစ်သက်သည်ကြောင့်လား.. အဲဒါကြောင့်လား..
သူ လားပေါင်းများစွာနဲ့ ရောက်တတ်ရာရာတွေးနေခဲ့ပြီး နေ့စဉ်လုပ်နေကြအလုပ်တွေ နှောင့်နှေးကုန်သည်။ မျက်နှာသစ် ရေချိုးပြီး အောက်ထပ်ဆင်းလာခဲ့သည်။ မနေ့က ပါတီပွဲကြောင့် အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေ အကုန်ပြန်စီစစ်ပြီး စာရင်းထုတ်ရအုံးမည်။ ကုန်ကျစရိတ်တွေလည်း တွက်ချက်ရအုံးမည်။
သူအောက်ရောက်တော့ ဧည့်ခန်းတွင် မနေ့ကရတဲ့ လက်ဆောင်ပစ္စည်းတွေ ပြည့်နှက်လို့နေသည်။ သူထိုဟာတွေကို တစ်ချက်သာကြည့်လိုက်ပြီး အရှေ့ထွက်လာခဲ့သည်။ မနေ့တုန်းက အပြင်အဆင်တွေ ရှင်းလင်းနေတာ အားလုံးပြီးလုနေပြီ။ အိမ်တော်က အလုပ်သမားတွေအားလုံး ထိုအတွက် ပျားပန်းခတ်အလုပ်ရှုပ်နေကြ၍ မုန့်ဖိုးသတ်သတ်ပေးရအုံးမည်။ ဒါတွေ ပွဲပြင်ဆင်တဲ့သူတွေက ဘာမှလှည့်မကြည့်တော့ သူတို့ပွဲပြီးပြီးပစ်ထားလိုက်ပြီ။ သူအထဲပြန်ဝင်လာခဲ့တော့ ဧည့်ခန်းတွင် မစ္စမာရင်းအသံကြားရသည်။ သူသေချာကြည့်တော့မှ မစ္စမာရင်းနဲ့ အကူမလေးနှစ်ယောက် လက်ဆောင်ထိုင်ဖောက်နေကြသည်။ လက်ဆောင်ပုံးတွေကြား လူပျောက်နေ၍ ခုနကထိ လူမရှိဘူးလို့ သူထင်နေတာ။ သူတို့က ရရှိတဲ့ လက်ဆောင်တွေကိုကြည့်ပြီး ပျော်ရွှင်မှုတွေ ဖုံးမရဖြစ်နေကြသည်။
" ကိုကို "
ဂျယ်နီက အခန်းထဲက ထွက်လာပြီး မနေ့ကအဝတ်အစားနှင့်ပင် အိပ်ရာဝင်ထားပုံရသည်။ မနေ့ကအတိုင်းကိုမှ မလန်းမဆန်းဖြစ်နေပြီး ခြေလှမ်းတွေက လေးလံကာ သူနားကနေ ဖြတ်ကျော်သွားပြီးလက်ဆောင်တွေကြားက ထိုင်ခုံတွင် ထိုင်ကာ ပြန်မှိန်းနေသည်။
" ခေါင်းကိုက်တယ် ထတောင် မထချင်ဘူး ခေါင်းတွေကိုက်လွန်းလို့ နိုးလာရတာ "
" ဟဲ့ ဟဲ့ ဘယ်နေရာမှာ လာအိပ်နေတာလဲ ဒီမှာလက်ဆောင်တွေ မမြင်ဘူးလား ဒါအိပ်ရမဲ့နေရာမဟုတ်ဘူး မသိဘူးလားမသိဘူး ဒါမင်းတို့နေတဲ့ ဂေဟာတွေ အငှားဆောင်တွေမဟုတ်ဘူးနော် စံအိမ်တော် စံအိမ်တော် "
မစ္စမာရင်းက သူ့ထုံးစံအတိုင်း ဗျစ်တောက်ဗျစ်တောက်ပြောနေသည်။ ဂျယ်နီကအကြောမာလေ သူက နားထောင်နေလိမ့်မယ် အဲဒီအစား လက်ဆောင်ပုံးတွေကို ခြေထောက်တွေနဲ့ပင် မသိမသာ တိုက်ချလိုက်သေးသည်။ သူ့ညီမလေးက တကယ်အဆိုးလေးပဲ..
" ဟဲ့ ဟဲ့ ကျကုန်ပြီ အမယ်လေး ကင်မ်ဆော့ဂျင် နင့်ညီမကိုပြောအုံးလေ ကြည့်ကောင်းနေလို့လား ဧည့်ခန်းထဲမှာ "
" မစ္စမာရင်းတို့လည်း လက်ဆောင်တွေကို စတိုခန်းအလွတ်မှာ သွားဖောက်သင့်တယ် အိမ်ရှေ့ဧည့်ဆောင်မှာ အမြင်မတင့်တယ်ပါဘူး "
" ဘာ ဘာ ဒါငါ့အိမ် ဒါသခင်လေးဂျွန်ရဲ့ လက်ဆောင်ပဏ္ဏာတွေ မင်းက-.. "
" ဂျယ်နီ ထ အိပ်ရာထဲပြန်သွားအိပ် ခေါင်းမူးတယ်ဆို မနက်စာစားပြီး ဆေးသောက်လိုက် ကျောင်းကရော.. "
ဆော့ဂျင်က မစ္စမာရင်းစကားတွေကို ဖြတ်ပြောလိုက်ပြီး ဂျယ်နီကို အသံကျယ်ကျယ်ဖြင့် နှိုးလိုက်သည်။ သူ့စကားဖြတ်ပြောခံလိုက်ရတော့ မစ္စမာရင်းတစ်ယောက် မကြိတ်မခဲနိုင် ဖြစ်ကာနေသည်။ ဂျယ်နီကလည်း သူ့အပြောကို တုတ်တုတ်မလှုပ် မတုံ့ပြန်။ ထိုအချိန် ခြံထဲမှ လူရိပ်နှစ်ခုကို မြင်လိုက်ရတော့ သူလှမ်းကြည့်ရင်း ဂျယ်နီ့ကို နှိုးလိုက်သည်။ ဒီလိုပုံကိုတော့ သခင်လေးဂျွန်ရှေ့ မြင်စေချင်မယ်မထင်ဘူးမလား..
" ဂျယ်နီ ထတော့လို့ အခန်းထဲဝင်မယ် "
" မိန်းကလေးဖြစ်ပြီး ယဉ်ကျေးမှုမရှိ ဧည့်ခန်းထဲမှာများ.. ငါတို့ဟယ်လင်နဲ့များ ကွာပါ့ "
မစ္စမာရင်းက နဂိုတည်းက ပြောချင်ရဲ့လက်တို့ပါဆို အခုလိုဆိုတော့ ပိုပြောကောင်းပေါ့
" အိုး ဟယ်လင်နဲ့သခင်လေးဂျွန်တောင် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီး ပြန်လာပြီ။ တော်လိုက်တာ ဟယ်လင်တို့များ ဝီရိယရှိလိုက်တာ ငါ့သမီးလေး ကျန်းမာပြီး ပိုလှလာတော့မှာ.. "
မစ္စမာရင်းရဲ့ အသံစာစာနှင့်အတူ ဟယ်လင်နဲ့ဂျွန်ဂျောင်ဂုတို့ အိမ်တော်ထဲဝင်လာသည်။ ထိုအခါကျမှ ဂျယ်နီလည်း မျက်လုံးတွေ ပွင့်လာတော့သည်။
" ဟိတ် ဟိုကောင်မလေး ဟယ်လင့်ကိုတွေ့လား ဘယ်လောက်ဝိီရိယရှိလဲ သခင်လေးဂျွန်နဲ့ မနက်တိုင်း အပြေးလေ့ကျင့်နေတာ မနေ့က ပင်ပန်းတာချင်းအတူတူတောင် လေ့ကျင့်မပျက်ဘူး မင်းကတော့.. "
ဂျယ်နီက အခုမှဝင်လာတဲ့ဟယ်လင်နဲ့သခင်လေးဂျွန်ကို အကဲခတ်ကြည့်ပြီး သူ့ပုံစံသူ ဒေါသထွက်သွားသည်။ ဟုတ်တာပေါ့ ဂျယ်နီ့အခုပုံစံက ဖြစ်ကတတ်ဆန်း ဖြစ်နေသည်။ ဆံပင်အဝတ်အစားတွေကလည်း ရှုပ်ပွနေပြီး ခေါင်းကိုက်မှုကြောင့် စိတ်မကြည်မလင်ဖြစ်ပြီး မျက်နှာသည်လည်း မှုန်ပြနေသည်။ ဟယ်လင်နဲ့မစ္စမာရင်းကတော့ သူ့ကိုနှိမ်ကြည့်ကြည့်ပြီး အောင်နိုင်သူလို ပြုံးနေကြသည်ဆိုတော့ ပိုခံပြင်းနေမိသည်။ ဂျွန်ဂျောင်ဂုတော့ သူတို့အဖြစ်အပျက်တွေအပေါ် အာရုံမရှိသလို ခပ်အေးအေးသာ လုပ်နေသည်။
" သခင်လေးဂျွန် ပင်ပန်းသွားပြီ ဟယ်လင်ကျောင်းသွားဖို့ ပြင်ဆင်လိုက်အုံးမယ် ခဏနေ မနက်စာစားဖို့ ဟယ်လင်လာခေါ်ပါ့မယ် "
" ကောင်းပါပြီ "
ဟယ်လင်က ဂျွန်ဂျောင်ဂုနဲ့စကားဆိုပြီး အောင်နိုင်သူအပြုံးနဲ့ ထိုအနားက ထွက်သွားသည်။ ဂျွန်ဂျောင်ဂုကလည်း ဂျယ်နီ့ကိုပြုံးပြပြီး အပေါ်တက်သွားသည်။ ဂျယ်နီက ထိုအခါမှ ဒေါသတွေပိုတိုးကာ ထိုနေရာမှ ထရပ်တော့သည်။ ဂျယ်နီက မကြိတ်မခဲနိုင် ဒေါသဖြစ်ပြီး လက်ဆောင်တွေတွန်းတိုက်ကာ ထထွက်သွားတော့ မစ္စမာရင်းအော်သံတွေကြား သူပါထိုနေရာက ထွက်လာကာ အပေါ်ထပ်တက်လာလိုက်တော့သည်။
ဂျယ်နီက လှေကားကို ဆောင့်အောင့်နင်းပြီး မည်မျှဒေါသထွက်ကြောင်း ပြနေသည်။ ဂျယ်နီ့ကိုစိတ်မချတာ အဲဒါတွေ စိတ်ကို ထင်တဲ့အတိုင်းကြဲတတ်သည်ပဲ။ ပြိုင်ဘက်ရှေ့မှာ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲပြတတ်သည်ပဲ အဲလိုလုပ်ပြရင် သူတို့က အားရကျေနပ်နေမှာပေါ့..
" အား!! ဒေါသထွက်လိုက်တာ သူတို့က အမြဲအဲလိုသွားတတ်တာ ဘာလို့မပြောရတာလဲ! စိတ်တိုလိုက်တာ အင်ဟယ်လင်! နင်ကငါ့ကို ဒီလိုမျိုး ကြောချင်တယ်ပေါ့ "
" ဒီလိုပုံစံအတိုင်း နေမနေနဲ့တော့ လန်းသွားအောင်ရေချိုးလိုက် အဝတ်အစားကို သင့်တော်တဲ့ဟာ အရင်ယူဝတ်ထားလိုက် "
" ကိုကိုလည်း ဂျယ်နီအခုလိုခံလိုက်ရလို့ ပျော်နေတယ်မလား အင်ဟယ်လင်အခုလိုကြောသွားတာ လုံးဝသည်းမခံနိုင်ဘူး "
" တော်စမ်း အခုဟာက ဘာမှမပြောပလောက်စရာကိစ္စလေး.. သူတို့က အတူလမ်းလျှောက်ကြရုံပဲ နောက်နေ့ မင်းလည်း လိုက်ချင်လိုက်သွားလို့ ရနေတာပဲ အဲလိုလေးအတူလုပ်ပြတာနဲ့ ဘယ်နားသာမှာလဲ မဟုတ်တာတွေ တွေးမနေနဲ့တော့ ရေချိုးထား ပြီးရင် အောက်ဆင်းလာခဲ့ ခုနနေမှ သူတို့မနက်စာအတူစားနေရင် မင်းထပ်ကျန်နေခဲ့လိမ့်မယ် "
ဆော့ဂျင် အခန်းထဲကပြန်ထွက်လာခဲ့ပြီး အောက်ဆင်းလာခဲ့သည်။ မစ္စမာရင်းက လက်ဆောင်ဖောက်နေရာက မထသေး။ သူစားဖိုဆောင်ထဲဝင်ပြီး မနက်စာအတွက် အသင့်ပြင်ခိုင်းလိုက်သည်။ မကြာ သုံးယောက်လုံး ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြသည်။ ဂျွန်ဂျောင်ဂုအရင် ရောက်လာသည်။ သူက ရေချိုးလာခဲ့ပြီး ခုနကနဲ့ ဆင်ဆင်အဝတ်အစားမျိုးကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ ဖိနပ်တွေကတော့ မပါမဖြစ်။
" ဂျန် "
ဆော့ဂျင်ကြည့်နေတုန်း ဂျွန်ဂျောင်ဂုက သူ့ကိုခေါ်လာတော့ သူခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ခါတိုင်းလို ခပ်ထေ့ထေ့နဲ့ မရီးလို့ ခေါ်လာတာမျိုး မဟုတ်ဘဲ..
" မရီးလို့ မခေါ်စေချင်ဘူးမလား ဒါကြောင့်.. ဂျန် ကျုပ်အတွက် မနက်စာရပြီလား.. "
သူက နေရာတွင် သဘာဝကျကျဝင်ထိုင်ပြီး သူ့ကိုပြောသည်။ သူဘာပြန်ပြောရမလဲ မသိလိုက်ခင် ဟယ်လင်ရောက်လာ၍ ဘာမှပြန်မပြောလိုက်ရ။
" သခင်လေးဂျွန်က အရင်ရောက်နှင့်နေပြီပဲ ဟယ်လင်နည်းနည်းနောက်ကျသွားတယ် "
ဟယ်လင်က အသံစာစာနှင့် ဂျွန်ဂျောင်ဂုဘေးနားတွင် ဝင်ထိုင်သည်။ ဟယ်လင်ရောက်လာပြီး ခဏအကြာတွင် ဂျယ်နီလည်းဝင်လာသည်။ ဂျယ်နီဝင်လာတော့ အကုန်လုံးက ဂျယ်နီ့ကိုကြည့်နေကြသည်။ ဂျယ်နီက မြင်နေကြမိန်းကလေးဆန်ဆန်အပြင်အဆင်တွေနဲ့ ကွဲပြားစွာ သူဝတ်နေကြ အဖြူရှပ်နဲ့စတိုင်ပင်န်အနက်လေးကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ ပုံမှန်ဆို ဂျယ်နီက မိန်းကလေးဆန်ဆန် ဂါဝန်နဲ့ ခန္ဓာကိုယ်အသာပေး ကိုယ်ကပ်အင်္ကျီတို့သာ ဝတ်ဆင်လေ့ရှိသည်။ အခုလို သူဝတ်နေကြ အဝတ်အစားတွေ ဝတ်လိုက်တော့ မသိရင် သူလိုပဲ.. သူတို့မောင်နှမက ရုပ်ချင်းကလည်း ခပ်ဆင်ဆင်လေးမလို့ ဂျယ်နီရဲ့ အခုပုံစံက သူနှင့်ဆင်တူလှသည်။
" ဘာလို့ကြည့်နေကြတာလဲ ဂျယ်နီ့မှာ အဝတ်အစားအပိုမပါလို့ ကိုကို့အဝတ်တွေယူဝတ်လာတာ.. ကိုကိုက ဒီပုံစံကနေ မထွက်ဘူးလေ အဝတ်ဗီရိုထဲမှာရှိသမျှက ဒီလိုအဝတ်အစားတွေကြီးပဲ မတူတာများရှိမလားရှာတာတောင် မတွေ့ဘူး "
" ရှိပါတယ်.. ဒါတွေက ဝတ်နေကြမလို့ သတ်သတ်ဖယ်ထားတာ "
ဆော့ဂျင်ချောင်းတစ်ချက်ဟန့်ပြီး ကိုယ်ဟန်ဖို့ ပြောလိုက်သည်။ တကယ်လည်း သတ်သတ်ဖယ်ထားတာပါ။ တခြားအဝတ်အစားတွေရှိပါသည်။
" လိုက်တယ် "
" ရှင် "
ဂျွန်ဂျောင်ဂုဆီမှ ထွက်လာတဲ့စကားကြောင့် ဂျယ်နီတစ်ယောက် အံ့ဩသွားသလို သူနဲ့ဟယ်လင်သည်လည်း ဂျွန်ဂျောင်ဂုကို ကြည့်လိုက်မိသည်။ ထိုကောင်က ဂျယ်နီ့ကိုသာ ဝင်လာကတည်းက စိုက်ကြည့်နေတာဖြစ်ပြီး အခုထိပါ အကြည့်မလွဲသေး..
" ဒါနဲ့ လိုက်တယ်လို့ ပြောတာ.. "
" အာ.. ကျေးဇူးတင်ပါတယ် "
ဂျယ်နီက ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းငုံ့သွားသည်။ ဟယ်လင်ကတော့ ဒီအခြေအနေကို မကျေမနပ်ဖြစ်နေသည်။ သူလည်း ဂျွန်ဂျောင်ဂုကို နားလည်ရန် ကြည့်နေမိသည်။ ဂျွန်ဂျောင်ဂု ဂျယ်နီကို သဘောကျလို့ သဘောကျကြောင်း ရိုးရိုးပြောတာလား ဟယ်လင့်ရှေ့မှာမလို့ တမင်ပြောတာလား.. သူအတွေးတွေဖြင့် မနက်စာကို အာရုံမရှ်ိ စားရင်း အဆုံးသတ်လိုက်သည်။
________________________________
မနက်စာစားပြီးတော့ အားလုံးအသီးသီး ပြန်သွားကြပြီး အလုပ်သွားဖို့ ကျောင်းသွားဖို့ ပြင်ရသည်။ ဂျွန်အယ်ရိုက ပို့နေကြယာဉ်မောင်းသမားနှင့် သွားသည်။ နောက်ထပ် မစ္စမာရင်းတို့ယာဉ်မောင်းက ဟယ်လင့်အတွက်ဖြစ်သည်။ အိမ်တော်တွင် ယာဉ်မောင်းက ဒန်အပါအဝင်မှ သုံးယောက်သာ ရှိသည်။ ဂျွန်ဂျောင်ဂုရဲ့လက်ထောက်က ကားမောင်းတတ်ပေမဲ့ သူက အိမ်တော်နှင့်မရောထွေး။ ဟယ်လင်နဲ့ဂျယ်နီက ကျောင်းတူပေမဲ့ ဟယ်လင်က ဂျယ်နီ့ကို ခေါ်မသွားချင်သလို ဂျယ်နီကလည်း ဟယ်လင်နဲ့အတူမလိုက်ချင်။ သူ့စက်ရုံနဲ့ဂျယ်နီ့ကျောင်းက ဆန့်ကျင်ဘက်ဆိုပေမဲ့ သူခေါ်သွားရုံအပြင် မရှိတော့..
သူတို့သွားဖို့ ပြင်ဆင်ပြီး အဆင်သင့်ဖြစ်နေချိန် ဂျွန်ဂျောင်ဂုလက်ထောက်က သူတို့အနား ခပ်သွက်သွက်ရောက်လာပြီး သူထံရောက်လာသည်။
" သခင်လေးက စက်ရုံမြေသွားကြည့်ဖို့ အတူသွားမယ်ပြောပါတယ် ဒီကမမလေးကို ကျွန်တော်လိုက်ပို့ပေးပါ့မယ် "
" ခဏလေး .. "
ဆော့ဂျင်က တကယ်ပဲ စက်ရုံမြေကြည့်ဖို့ အတူသွားရမှာလားဆိုတာ တွေးလိုက်သည်။ သူတကယ်လုပ်ဖို့ ကြိုးစားနေတာလား..
" ကိုကိုတို့စက်ရုံမြေက ဘယ်မှာသွားကြည့်မှာလဲ ဂျယ်နီရော အတူလိုက်ကြည့်လို့မရဘူးလား "
" အဲဒါက တစ်နေရာတည်းမှာမဟုတ်ဘူး သင့်တော်တဲ့နေရာကို ယူရမှာမလို့ တစ်နေရာတည်းမရောက်ဘူး "
" ဒါဆို ဂျယ်နီဒန်နဲ့ပဲ သွားလိုက်မယ် အဲဒါမှ ဒန့်ကို အဆောင်က ပစ္စည်းတွေ ရွှေ့ခိုင်းလို့ရမှာ "
" ဒီမှာလာနေတော့မလို့လား "
" ဟုတ်တယ် ဒီနေ့ကစပြီး ဂျယ်နီဒီအိမ်မှာပဲ နေတော့မယ် "
ဂျယ်နီက အိမ်ထဲကိုကြည့်ရင်း အပြုံးတွေနဲ့ ပြောလာသည်။ ထိုအချိန် အိမ်ထဲမှ ဂျွန်ဂျောင်ဂု ဆင်းလာသည်။ ဆော့ဂျင် ဂျွန်ဂျောင်ဂုကိုကြည့်ရင်း ဂျယ်နီ့ကိုပြန်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူဘယ်လိုလုပ်ရမလဲ ဂျယ်နီ့ကို..
" သခင်လေးဂျွန် သွားလိုက်ပါအုံးမယ် "
ဂျယ်နီက ဂျွန်ဂျောင်ဂုကို နှုတ်ဆက်ကာ ကားပေါ်တက်သွားသည်။ သူဂျယ်နီနဲ့ ထွက်သွားတဲ့ကားလေးကိုကြည့်ပြီး စိတ်မောနေမိသည်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာအုံးမလဲ ရင်လေးမိသည်။ ဂျွန်ဂျောင်ဂုတစ်ယောက်နဲ့တောင် သူ့မှာရှုပ်ထွေးနေရတာ ဂျယ်နီပါပါလာရင် သူတော့ဘယ်လိုတွေလုပ်ရအုံးမလဲ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာအုံးမလဲ..
" ကျုပ်တို့လည်း သွားကြမယ် "
ဂျွန်ဂျောင်ဂုက ပြောပြီး ကားဆီလျှောက်သွားကာ နောက်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူသည်လည်း ကားကိုတစ်ချက်ကြည့်ရင်း ကားဆီလျှောက်လာခဲ့ကာ နောက်ခန်းတံခါးကို ဖွင့်လိုက်သည်။ ကားထဲတွင် နှစ်ယောက်ထိုင်စာက အတိအကျပင်။ ဒါကို ဂျွန်ဂျောင်ဂုက အရင်နေရာယူပြီး ထိုင်ထားတာက သူ့နေရာရဲ့ သုံးပုံပုံတစ်ပုံကိုပါ ယူထိုင်ထားသည်။ သူ့ခြေထောက်တစ်ဖက်က သူထိုင်မည့်နေရာနား ရောက်နေသည်။ သူဝင်ထိုင်တဲ့အချိန် သူ့ခြေထောက်တစ်ဖက်နဲ့က ထပ်လျက်ထိကပ်လု ဖြစ်နေပြီ။ သူတံခါးနှင့်သူ့ခြေထောက်ကြားတွင်ပြည့်ပြည့်သိပ်သိပ်သာ ထိုင်လိုက်ရသည်။ သူတို့နေရာယူပြီးသွားတော့ လက်ထောက်ကိန်းဝပ်က အရှေ့ခန်းတွင် နေရာယူဝင်ထိုင်ပြီး ကားကို စတင်ထွက်ခွာသည်။
သူတို့ကားလေး လမ်းမထဲထိ ထွက်ခဲ့ကြပြီး လယ်ကွင်းတွေဘေးက ဖြတ်လာကြသည်။ လယ်ကွင်းဘေးတစ်လျှောက်အဖြတ်တွင် လေတွေက တအားပင် တိုက်ခတ်လို့ သူကားပေါ်တွင် မြေစာရင်းကြည့်ဖို့ တော်တော်ခက်ခဲနေသည်။ ကားမောင်းမြန်ပြီး လေတိုက်ကြမ်း၍ သူ့စာရွက်တွေက လွှင့်ချင်တိုင်းကို လွှင့်နေခဲ့တာ တော်ကြာလွှင့်ထွက်သွားခဲ့ရင် အလုပ်ပိုနေအုံးမည်။ ထို့ကြောင့် စာရွက်တွေကို ထပ်လျက်သာကိုင်ထားရင်း မကြည့်ဖြစ်တော့။ လူက အားနေတဲ့အချိန်မရှိအောင် အလုပ်နဲ့လက် မပြတ်ချင်တာမလို့သာ အမှန်က သူအကုန်ကြည့်ခဲ့ပြီးသားတွေပါပဲ..
" ငါတို့ ပထမဆုံးနေရာကို ကျော်ခဲ့ပြီမဟုတ်ဘူးလား "
" အဲဒါဘာလဲ "
" နေရာလေ ပထမဆုံးနေရာက သူဌေးမာရဲ့လျော်ကြေးရထားတဲ့မြေကွက်ကို သွားကြည့်မှာ မဟုတ်ဘူးလား "
သူလက်ထဲက အချက်အလက်ပါတဲ့ စာရွက်ကို ထောင်ပြလိုက်သည်။ အဲဒါက သူတို့ပထမဆုံးကြည့်မဲ့ မြေနေရာလေ..
" အဲနေရာက အရှုပ်အရှင်းတောင် မကင်းတာ ခင်ဗျားဘယ်လိုစိတ်ချဝယ်မှာလဲ "
" သူ့မှာလက်ဝယ်ပိုင်ဆိုင်ခွင့် ရှိထားပါတယ် အဲဒါသူ့အပိုင်ပဲလေ အထောက်အထားတွေအားလုံးလည်း ရှိတယ် "
" ဒါပေမဲ့ ဒါက အစိုးရဆီက လျော်ကြေးရထားတယ်ဆိုတာ မမေ့နဲ့ အစိုးရမြေနဲ့ စက်ရုံဆောက်လိုက်ရင် ကြာရင် အစိုးရပိုင် ဖြစ်သွားလိမ့်မယ် ခင်ဗျားတို့ဂေဟာလိုမျိုး.. "
" ငါတို့က လျော်ကြေးရထားတာမဟုတ်ဘူး အဲဒါက အစားထိုးမြေကွက် "
" အတူတူပဲ လျော်ကြေးဖြစ်ဖြစ် အစားထိုးပေးတာဖြစ်ဖြစ် တစ်ပါးသူ လက်ဝယ်ပြောင်းရွေ့ စီးပွားရေးလုပ်တာက ရေရှည်သေချာမှု အာမခံနည်းတယ် အစိုးရက အချိန်မရွေး ပြန်သိမ်းပိုင်ခွင့်ရှိတယ် ဥပဒေက တစ်မျိုးတည်း.. "
သူပြောတာလည်း သဘာဝကျတာမလို့ ဆော့ဂျင်ပြန်မပြောလိုက်တော့။ ဟုတ်တာပဲ စက်ရုံဆောက်တယ်ဆိုတာ ရိုးရှင်းတဲ့ကိစ္စတစ်ခုမှ မဟုတ်ဘဲ.. အရမ်းကြီးပြဿနာမရှိနိုင်ပေမဲ့ ကိုယ့်အမည်ပေါက်ပြန်လျှောက်ပြီး ပိုင်ရှင်အဖြစ်လွဲပြောင်းပြီး စက်ရုံဆောက်ဖို့ စာတွေတင်တဲ့အခါ ရှုပ်ထွေးလာနိုင်သည်။
သူတို့ကားလေး နောက်ထပ် ဆက်သွားရင်း မြို့ပြင်စွန်ရှ်ိ မြေကွက်လပ်ပေါင်းများစွာကြားတွင် ရပ်သွားသည်။ သူကားပေါ်ကဆင်းလိုက်ပြီး သူတို့ရောက်နေတဲ့နေရာက ဘယ်သူ့မြေမှာဖြစ်မလဲ အလျင်အမြန်တွေးလိုက်သည်။
" ဒီနေရာပဲ ခင်ဗျားလေ့လာကြည့်လို့ရတယ် "
ဒီနေရာဆိုရင်တော့ နေရာကောင်းတစ်ခုပဲလို့ ဆော့ဂျင်တွေးနေမိသည်။ ဒီနေရာက သူတို့လာတဲ့ လမ်းတစ်လျှောက်တွင်လည်း စက်ရုံတွေရှိပြီး စည်ကားစပြုတဲ့နေရာတစ်ခုတွင် ပါသည်။ စက်မှုဇုန်နေရာလို့ပင် ပြောလို့ရအောင် ဈေးကောင်းသည်။ ဒီနေရာကို သူရမယ်ဆိုရင် အတိုင်းထက်အလွန် ပြည့်စုံသည်။
" လာ "
ဂျောင်ဂုက ဦးဆောင်သွားပြီး သူ့ကို မြေနေရာ၊ဧရိယာနဲ့ လမ်းကြောင်းတွေအကြောင်း ရှင်းပြသည်။ ဒါက အစိုးရမြေဖြစ်ပေမဲ့ လျှောက်ထားခွင့်တင်ပြီး အပိုင်လုပ်ရမည့်အကြောင်းတွေ အဆင့်ဆင့်ရှင်းပြသည်။ နေရာနဲ့အကျယ်အဝန်းက တော်တော်ကိုမှ အဆင်ပြေနေသည်။
" ဒီနေရာက စက်ရုံဆောက်ဖို့ တကယ်ရောအဆင်ပြေပါ့မလား.. "
သူတို့ မြေဧရိယာဝေးဝေးထိ နေရာတော်တော်များများဆီ လျှောက်ပတ်ကြည့်ပြီးပြီ။ ဒါက အဆင်ပြေလွန်းနေပြီမလို့ သူတစ်ခုခုအမှားအယွင်းဖြစ်မှာ စိုးရိမ်စွာမေးလိုက်သည်။
" ခင်ဗျားကြိုက်ရင် စာချုပ်ချုပ်လို့ရပြီ "
" တကယ်လား ဘယ်မှာလဲ ဘယ်သူတွေနဲ့စာချုပ်ချုပ်ရမှာလဲ "
" ကျုပ်နဲ့.. "
ဂျွန်ဂျောင်ဂုက သူ့လက်ကိုဆွဲကိုင်ရင်း တစ်နေရာဆီခေါ်သွားသည်။ သူက သူတို့နဲ့လှမ်းလှမ်းက သစ်ပင်ရိပ်ကြီးဆီ သွားနေတာ ဖြစ်မည်။ သူ သူခေါ်သွားရာနောက် ကန့်လန့်ကာ ပါသွားသည်။
" ခင်ဗျားကြိုက်တယ်ဆိုရင် အခုပဲ သဘောတူစာချုပ်ချုပ်လိုက်ကြတာပေါ့ "
ဂျွန်ဂျောင်ဂုက သူ့ကို သူနှင့်နီးနီးကပ်ကပ်တွင် ဆွဲကပ်ပြီး သူ့ကိုခါးတွေကနေ ဖက်ကိုင်ထားသည်။ သူတို့နီးကပ်လွန်းလို့ အောက်ပိုင်းချင်းပင် ထိကပ်လို့နေပြီ.. ဂျွန်ဂျောင်ဂုရဲ့လက်တွေက ခါးတွေကနေ သူ့တင်ပါးဆီရောက်လာပြီး ဆုပ်ကိုင်လာတော့ သူထိုသူကို မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့လက်တွေက ဂျွန်ဂျောင်ဂုရင်ဘတ်ပေါ်ရှိနေရာကနေ တစ်ချက်တွန်းကာ သူ့ကိုဟန့်လိုက်သည်။
" မင်း.. "
" ခင်ဗျားသဘောကျတယ်မလား သဘောလည်းတူတယ်မလား.. "
သူက ပြုံးတုံ့တုံ့သာလုပ်နေပြီး မျက်နှာက သူ့မျက်နှာနဲ့ ထိကပ်လုမတတ် တိုးကပ်လာသည်။
" မဟုတ်ဘူး ခဏလေး မင်းအရမ်းကိုမှ လွယ်လွန်းနေတာမဟုတ်ဘူးလား ငါ့ကိုကူညီပေးမယ်ဆိုတာ ဘယ်အထိလဲ ဘယ်လိုမျိုးကိစ္စတွေအထိလဲ "
အခြေအနေတွေက ရုတ်တရက်ဆန်ဆန် ပြောင်းလဲနေပေမဲ့ သူဂျွန်ဂျောင်ဂုနဲ့ လိုက်ပါလာကတည်းက နည်းမျိုးစုံတွေးပြီးသား.. မနေ့တည်းက သူတို့ တစ်ခုခုဖြစ်ဖို့ အစပျိုးနေတာမှန်းကို သဘောပေါက်ပြီးသား.. ဂျွန်ဂျောင်ဂုကမြွေပွေးလိုလူမှန်းသိပေမဲ့ သူမငြင်းဆန်နိုင်ဘူး သူလက်မလွှတ်နိုင်ဘူးဖြစ်နေတယ်။ သူအများကြီး ပေးဆပ်ထားခဲ့ရတယ် သူ့ရည်ရွယ်ချက်၊ရည်မှန်းချက်တွေကို လက်မလွှတ်နိုင်ဘူး ဖြစ်နေတယ်။ ဂျွန်ဂျောင်ဂုကလည်း သူ့အားနည်းချက်ကို သေချာသိလို့ ငါးစားချပြီးမျှားတယ် သူကသိသိလျက်နဲ့ လာဟပ်ဖို့လုပ်နေမိတယ်။
သူကအရမ်းသိက္ခာရှိပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားနေတဲ့ သူတစ်ယောက်မဟုတ်တာ ပထမအကြိမ် ဖြစ်ပြီးသွားကတည်းကမလား အခုနောက်တစ်ကြိမ် ထပ်ပြီး အဲလိုဆင်တူမျိုးထပ်ဖြစ်မယ်ဆိုတော့ရော.. ဘာမှမထူးသွားဘူးမလား ထူးသွားတာက သူအရာအားလုံး လက်လွှတ်လိုက်ရမှ ထူးသွားမှာ.. သူစခဲ့သမျှကိစ္စတွေ သူပေးဆပ်ခဲ့သမျှအရာတွေ အကုန်လုံး မျက်စိတစ်မှိတ်အတွင်း သဲထဲရေသွန် အကုန်အလကား ဖြစ်သွားလိမ့်မှ သူတို့အတွက် ဆုံးရှုံးမှုကြီး ဖြစ်လာခဲ့မှာ.. သူ့အတွက်အခွင့်အရေးရှိနေတုန်း အသေအချာ ဆုပ်ကိုင်ထားသင့်တယ် မဟုတ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ပျောက်ကွယ်သွားနိုင်တယ်..
ဂျွန်ဂျောင်ဂုက သူလက်ခံမယ်ဆိုတာ သူ့ဘက်က အသေအချာသိထားသည်။ ဒီလိုအခွင့်အရေးကို လက်လွှတ်ခံမဲ့သူက ရူးနေလို့ပဲ.. သူတောင် ဒီလိုမျိုး ဆင်တူအခြေအနေကနေပဲ စခဲ့တာမလား.. အခုအခြေအနေမှာ မတူတာတစ်ခုက သူကစခဲ့တာမဟုတ်ဘဲ အခွင့်အရေးက သူ့ရှေ့အဆင်သင့်ပေါ်လာခဲ့တာ..
သူဂျွန်ဂျောင်ဂုဆီမှ ရုန်းထွက်လိုက်ပြီး ကိုယ်ဟန်ဖို့ရာ စကားအနည်းငယ် ရှာလိုက်သည်။ဒီလိုမျိုး လွယ်လွယ်ကူကူ ဖြစ်လာအုံးတော့လည်း သူ့ဘက်က အကျိုးအမြတ် တွက်ချက်ရအုံးမည်ပဲမလား..
" ငါမင်းကို ဘယ်အထိလိုက်လျောပြီး မင်းကရော ဘယ်အထိငါ့အတွက် လိုက်လျောပေးနိုင်မလဲ သိဖို့လိုတယ်မလား မင်းကအရမ်း မြန်ဆန်လွန်းနေတယ် ငါတို့ဒါကို သေချာလေး-.. "
ဂျွန်ဂျောင်ဂုက သူ့စကားကို ပြက်ရယ်ပြုတစ်ချက်ရယ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခါးကနေဖက်တွယ်ပြီး ပြန်နီးကပ်စေသည်။
" မရီးက အရမ်းစကားများလွန်းနေတာမဟုတ်ဘူးလား မရီးကျုပ်ဆန္ဒကိုဖြည့်ဆည်းပေးရင် ကျုပ်ကလည်း မရီးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာပေါ့ ဘာလို့စကားတွေအများကြီးပြောပြီး အချိန်ဖြုန်းနေမှာလဲ မရီးအခုချိန်မှာ ကျုပ်ဆန္ဒအတွက်ပဲ အာရုံစိုက်ထားသင့်တာမဟုတ်ဘူးလား "
ဂျွန်ဂျောင်ဂုက သူ့မျက်နှာကို မေးဖျားကနေပင့်ကိုင်ပြီး ပရောပရည်ပြောနေတော့ သူဒေါသထွက်ပြီး လက်တွေကို ပုတ်ချလိုက်ရင်း..
" ငါ့ကိုမရီးလို့မခေါ်နဲ့! "
သူငြင်းဆန်စကားဆိုလို့ ထိုတစ်ခွန်းသာ ပြောနိုင်လိုက်သည်။
" ဟက်.. ဒါဆိုစလိုက်ရအောင် "
________________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



