ep9
16:05, 18 September 2023" အစ်ကို ဒါတွေက စက်ရုံသစ်အတွက် အစ်ကိုရှာခိုင်းထားတဲ့ မြေနေရာနဲ့ လက်ဝယ်ပိုင်ဆိုင်မှု အချက်အလက်တွေပါ တချို့မြေနေရာတွေကတော့ အစိုးရမြေတွေပါ "
" ချထားလိုက်အုံး "
" ဒန် အခုလောလောဆယ်တော့ ငါဒါကို ဆက်မလုပ်တော့ဘဲ နေလိုက်ရမလားလို့ အတွေးဝင်နေမိတယ် "
" အစ်ကို.. မဟုတ်မှ သခင်လေးဂျွန်နဲ့ညှိလို့အဆင်မပြေခဲ့ဘူးလား "
ဆော့ဂျင်လုပ်စလက်ကို ရပ်လိုက်ပြီး ဒန့်ကို သူ့ရှေ့ကခုံမှာထိုင်ဖို့ အချက်ပြလိုက်သည်။ သူဒီကိစ္စကို တစ်ယောက်ယောက်ကိုမှ ဖွင့်မပြောရရင် ရူးတော့မည်။ အဲနေ့ ဂျွန်ဂျောင်ဂုသူ့ကိုပြောလာတဲ့စကားတွေက သူ့ခေါင်းထဲမှာ အပြည့်နေရာယူနေသည်။ သူက သူထင်ထားတာထက်တောင် အကြံများပြီး ကောက်ကျစ်သေးတယ်။ သူ့ကိုလည်း လှုပ်မရအောင် အပီချုပ်သွားတာ။ အဆိုးဆုံးက သူတို့လိုလူမျိုးတွေကို အထင်သေးစော်ကားနေတာပဲ။
သူက သူ့အစ်ကိုလို အထက်တန်းအလွှာက ဝန်ကြီးချုပ်ကိုလုပ်ခဲ့သလို သူ့ကိုလည်း အဲလို ပြန်လုပ်မလားဆိုပြီး သူ့အကွက်နဲ့သူ့ကိုပြန်ပြီး ပြန်ချောင်ပိတ်ဖမ်းလိုက်တာ သူ့ဆီက အကူအညီလိုအပ်မှန်းသိလို့ အခုလိုမျိုး သူက သူတို့အပေါ် မထီမဲ့မြင်နဲ့ စော်ကားချင်သလို စော်ကားပြနေတာ။ သူ့ညီမလေးကိုလည်း သူလိုမျိုးထဲ ဆွဲထည့်သွားတာ သူမခံနိုင်ဆုံးဘဲ ဂျယ်နီက သူ့ကိစ္စတွေမှာ ဘာမှသိတာမဟုတ်ဘူး။ သူကသူ့လိုမျိုးလည်း မလုပ်ခဲ့ဖူးဘူး။ ဒါကြောင့် သူ့ညီမလေးကို ထိခိုက်ပြောလာရင် သူဒေါသထွက်ပါသည်။ သူ့ကို ထင်ချင်သလိုထင် ပြောချင်သလိုပြော ဘာမှမဖြစ်ဘူး။ သူတကယ်လုပ်ခဲ့တဲ့ ကိစ္စတွေမလို့.. အဲနေ့က သူ့ကိုပြောခဲ့တာလည်း သူဒေါသမထွက်ပါဘူး သူက အဲလိုအပြောတွေကြောင့်လည်း အထိနာသွားမဲ့သူမဟုတ်ဘူး။ မဆိုင်တဲ့သူတွေထိ အထင်အမြင်လိုက်သေး ရှုပ်ချနေတာတွေတော့ သူသည်းမခံနိုင်။ မြွေပွေးလိုကောင် သူ့လိုမြွေပွေးလိုလူအတွက် ဖြစ်နိုင်ချေအားလုံးကို တွက်ဆထားပြီးသားကို သူ့ကိုအသုံးချချင်လိမ့်မယ်လို့ပဲ သူမတွက်ဆထားမိတာ.. သူ့အတွက် အဲလောက်လွယ်မယ်ထင်နေလား..
" ဒါဆိုသူက ယောကျာ်းတွေကို စိတ်ဝင်စားတယ်လို့ ဆိုလိုတာလား "
" မသိဘူး သူကတော့ ဝန်မခံဘူး။ ဒါပေမဲ့ ငါတို့ဂေဟာက အပျော်မယ်ကောင်လေးတစ်ယောက်ကိုတော့ ပိုက်ဆံပေးပြီး ငှားခဲ့ဖူးတယ် အဲဒါလည်း သူအိမ်တော်မပြန်လာခင်လောက်ကပဲ ငါအဲဒါကို သူနဲ့ဂေဟာသွားတဲ့နေ့က သိခဲ့ရတာ ဂွန်လေးကို မေးကြည့်တော့ သူ့အဖြေကလည်း မရေမရာဘဲ "
ဂွန်လေးပြောချက်အရ သူတို့ဘာမှလွန်လွန်ကျူးကျူးမဖြစ်ခဲ့ကြဘူး။ သူ့ကိုပဲ ခန္ဓာကိုယ်ထိတွေ့ အစပျိုးမှုတွေ ခိုင်းစေပြီး ဆန္ဒဖြေခိုင်းထာမျိုးပဲ ရှိခဲ့တယ်တဲ့။ အဲဒါဆို သူက တကယ်ပဲ ယောကျာ်းတွေနဲ့ စမ်းသပ်ချင်နေပုံရသည်။ သူ့ပုံစံအရဆို အပျော်မယ်တွေနဲ့စမ်းသပ်ဖို့ဆို ထိတွေ့ဖို့ ရွံရှာနေမျိုး ဖြစ်လောက်မည်။ သူကအပျော်မယ်တွေရဲ့ ယောကျာ်းတိုင်းနဲ့ ထိတွေ့ဆက်ဆံနေရမှာကို ရွံရှာနေပြီး ရောဂါကူးမှာကို ကြောက်နေပုံပဲ။ ဂွန်လေးကိုလည်း သူ့အသားကို မထိဖို့ အမိန့်ပေးပြီးမှ ထိတွေ့စေသည်တဲ့။ အသားထိတွေ့မှုမရှိဘဲ ဘယ်လိုခန္ဓာကိုယ် နှီးနှောချင်တာလဲ။
အပျော်မယ်တွေက သူအိပ်နေကြ အဆင့်အတန်းမြင့်မိန်းကလေးတွေထက် သန့်ရှင်းသည်။ လူတိုင်းကိုလည်း ခန္ဓာကိုယ်ပေးနေတာမဟုတ် သူ့တန်ရာတန်ကြေးနဲ့ အလုပ်လုပ်နေတာ။ ၁၀၀%ကျန်းမာရေးထောက်ခံချက်ရှိထားပြီးသားအပြင် လစဉ် ရောဂါရှာဖွေရေးဌာနကို သူတို့က ပို့ဆောင်စေပြီးသား.. အဲဒါကလည်း ဧည့်သည်တွေ ရောဂါကူးခံရမှာထက် ကိုယ်တိုင်ရဲ့ကျန်းမာရေးကို အလေးပေးဆောင်ရွက်တာ။ မပြောနိုင်ဘူးလေ လူကုံထံတွေက ပိုလို့တောင် ရောဂါများသေးတယ်.. သူလည်း သိမှာပဲ သူကိုယ်တိုင်ကတောင် လိင်ဆက်ဆံတဲ့အခါ ဈေးမြင့်မားတဲ့ အကာအကွယ်တွေသုံးပြီး ဆက်ဆံတတ်တယ်လို့ နာမည်ကြီးနေသေးတာပဲ.. ဒါက ကိုယ်ဝန်ဆောင်ဖို့အတွက် အကာအကွယ်ဖြစ်သလို ရောဂါကူးစက်စေခြင်းကိုလည်း ကာကွယ်ပေးထားသည်။ သူတို့ဂေဟာသည်လည်း အတတ်နိုင်ဆုံး အကာအကွယ်နဲ့မှပဲ လက်ခံဖို့ မှာကြားထားသည်။
" ဒါဆို အစ်ကို ဘယ်လိုဆက်လုပ်ချင်လဲ ကျွန်တော်တို့အစီအစဥ်တွေကို သူအကုန်သိသလောက်ဖြစ်နေပြီ အဲဒါကြောင့်လည်း သူက ကျွန်တော်တို့သွားမဲ့လမ်းနဲ့ သွေဖယ်ပြီး တမင်ကန့်လန်လုပ်နေတာ.. သူက အစ်ကိုကိုလည်း.. "
" မင်းလည်း အဲလိုပဲထင်တယ်မလား သူကတမင် ငါ့ကိုစိတ်အနှောင့်အယှက်ပေးချင်နေတာ.. ဒီလောက် သူ့ဘက်ကအသာကြီး ညှိပေးထားတာကိုတောင် သူက အကျိုးအမြတ်လည်း မလိုအပ်ဘူးဆိုပြီး.. သူ့ကိုငါတို့လိုအပ်နေမှန်းသိလို့ သူ့ဘက်က အရမ်းတင်စီးလွန်းနေတာ သူမဟုတ်ဘဲ တခြားကူညီမဲ့သူဆိုတာကလည်း.. မဖြစ်နိုင်မှန်း သူသိနေတယ်လေ "
အခုလောက်ဆို သူက သူနဲ့ အိမ်ထောင်ဖက်အဖြစ် တွေ့ပေးစေချင်တဲ့သူက သူ့ညီမလေးဆိုတာလည်း သိပြီးထားပြီးလောက်ပြီ။ ဒါကြောင့်မလို့ သူ့ကိုတမင် သူ့ညီမလေးကို စော်ကားတဲ့စကားတွေ တမင်ပြောနေခဲ့တာ။ သူက အမွေယူဖို့အတွက် ညီမကို ထိုးပေးတယ်ဆိုပြီး.. အစက သူ့ရည်ရွယ်ချက် ဘယ်လိုပဲရှိခဲ့ခဲ့ အခုချိန်မှာ သူ့ညီမလေးနဲ့ ထိုမြွေပွေးလိုကောင်ကို တွေ့ပေးဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ သူ့အကြောင်း သိသိလျက်နဲ့တော့ သူမျက်စိမှိတ် မလုပ်နိုင်တော့ဘူး။
ဒါဆို သူကို့ အဲလိုမျိုး ပြောလာတာကရော.. အဲဒီအကြောင်း သူတွေးလို့ ရသလောက်ကတော့ သူကယောကျာ်းတွေကို စိတ်မဝင်စားတာတော့ ဟုတ်လောက်မယ် သူပြောသလို စမ်းကြည့်ချင်တယ်ဆိုတာက အမှန်ဖြစ်နိုင်သည်။ စမ်းကြည့်ဖို့ အပျော်မယ်ယောကျာ်းကို ရွေးချယ်ခဲ့ပေမဲ့ သူ့ရဲ့စိတ်က ထိုလိုမျိုးနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေကို မသတီမှုကြောင့် ကိစ္စမဖြစ်မြောက်ခဲ့တာဖြစ်မည်။ ဒါဆို သူ့ကို ဘာလို့ အဲလိုပြောခဲ့လဲ ဆိုတာကတော့ သူ့စိတ်ကို စမ်းသပ်ချင်တာမျိုး ဖြစ်နိုင်လောက်မည်။ သူက သူ့ညီမလေးကိုတောင် ပိုက်ဆံအတွက် သူ့လက်ထဲထည့်ပေးချင်တဲ့သူလေ သူ့ကို တမင် အကြပ်ကိုင်ပြီး အခက်တွေ့စေချင်နေတဲ့ပုံပဲ..
" ငါမသိတော့ဘူး လောလောဆယ်အဲဒီကိစ္စတွေ ရပ်ထားလိုက်တာ ကောင်းမယ် သူ့အကွက်တွေထဲ အရောက်မခံချင်ဘူး။ ဂျယ်နီကိုလည်း ဘာမှဆက်မလုပ်တော့ဖို့ ပြောရမယ် "
" ဟုတ်ကဲ့ အစ်ကို "
" ဒါနဲ့ အိမ်တော်မှာရော အလုပ်တွေရှုပ်နေကြလား "
အိမ်တော်တွင် ဂျွန်ဂျောင်ဂုအတွက် ကြိုဆိုပွဲဆိုပြီး မစ္စမာရင်းက ဦးဆောင်စီစဉ်နေသည်။ အဲနေ့က သူဂျွန်ဂျောင်ဂုကို သူတို့ပိုင်တဲ့ဂေဟာခေါ်သွားတယ်ဆိုတာ သိသွားပြီးနောက် ထိုသို့ထစီစဉ်သည်ပဲ။ သူတို့ ဂျွန်ဂျောင်ဂုကို ဘယ်လိုလူများ ထင်နေကြလဲမသိဘူး။ သူ့သမီးကိုလည်း အတည်ယူမယ်များ တွက်ထားကြလေသလား..
" မစ္စမာရင်းတို့သားအမိက ကောင်းကောင်းဦးစီးနေပါတယ်။ မြို့ကမျက်နှာဖုံးတွေနဲ့ မိန်းမပျိုတွေ အားလုံးဖိတ်ပြီး ခြိမ့်ခြိမ့်သဲကျင်းပဖို့ စီစဉ်နေကြပါတယ်။ အစ်ကိုလည်း မမလေးကို ဖိတ်သင့်တယ်လို့ထင်တယ် မမလေးက သူ့ကိုမဖိတ်ရင် အစ်ကို့အပေါ် အထင်လွဲလာလိမ့်မယ် "
" အင်း.. မင်းပြောတာဟုတ်တယ် မင်းသူ့ကိုအကြောင်းကြားလိုက်တော့ ငါလည်းသူနဲ့တွေ့ပြီး ပြောစရာတွေ ရှိသေးတယ်။ "
" ဟုတ်ကဲ့အစ်ကို လုပ်လိုက်ပါ့မယ် "
_____________________________________________________________________
ဆော့ဂျင်စက်ရုံကပြန်လာတော့ အပြင်အဆင်တွေအားလုံး ပြီးလုဖြစ်နေပြီ။ အိမ်တော်ရှေ့ မြက်ခင်းပြင်ကျယ်ကြီးတွင် စားပွဲခုံဝိုင်းတွေ တော်တော်များများ နေရာယူထားသည်။ အလှဆင်မီးသီး၊ပန်းတွေကလည်း သူ့နေရာနဲ့သူ လှလှပပပြင်ဆင်ထားသည်။ ထိပ်တွင် စင်မြင့်လိုပုံစံခပ်မြင့်မြင့်နေရာတစ်ခု ရှိနေပြီး တီးဝိုင်းနဲ့ ကခုန်ဖို့ရာ နေရာလည်း ရှ်ိနေသည်။ သူအပေါ်ယံလောက်သာ မျက်လုံးနှင့်ဝေ့ကြည့်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲဝင်ဝင်ချင်းပင် မစ္စမာရင်းနှင့်တွေ့သည်။ သူကမနက်ဖြန်ဝတ်ဆင်ဖို့ လက်ဝတ်ရတနာထုတ်ကြည့်နေပုံရသည်။ လက်ထဲနှင့် စားပွဲခုံပေါ်တွင် တန်ဖိုးကြီး အဆင်တန်ဆာတွေ ရှိနေသည်။ သူကသူ့ကို့မြင်တော့ ဂုဏ်ယူဟန်နှင့် သူ့ကိုကြည့်လာသည်။
" မဒမ်ပြန်ရောက်လာပြီပဲ သိပ်နောက်မကျဘူးရော ဘယ်လိုလဲ အားလုံးအဆင်ပြေရဲ့လား အပြင်အဆင်က ကြီးကျယ်ခမ်းနားတဲ့ပုံ ပေါက်ရဲ့လား "
" ဟုတ်ကဲ့ ရုတ်တရက်ဆိုတော့ ကြိုဆိုပွဲလို့တောင် မထင်မိဘူး မသိရင် ဟယ်လင်နဲ့သခင်လေးဂျွန် မင်္ဂလာပွဲလို့ပဲ ထင်နေကြမှာ.. "
" မင်းက အမြင်ရှိသားပဲ အဲလိုပွဲမျိုးလည်း မကြာခင်ဖြစ်လာမှာပါ အခုတောင် ဟယ်လင်နဲ့သခင်လေးဂျွန်က တော်တော်ရင်းနှီးလာကြပြီ။ မနက်ဆိုလည်း နံနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ဆိုပြီး အတူထွက်သွားလိုက်ကြတာ ဟော အခုဆိုလည်း ဟယ်လင်ဈေးဝယ်ချင်လို့ဆိုပြီး လိုက်ပို့ပါရဲ့ အရင်က ဆိုးသွမ်းတယ်ဆိုပြီး နာမည်ကြီးတဲ့ သခင်လေးဂျွန်က အခုတော့ ဟယ်လင့်ကို ဈေးဝယ်လိုက်ပို့နေလေရဲ့ ဟင်းဟင်း "
" ဟုတ်ကဲ့ ကောင်းပါတယ် ရင်းရင်းနှီးနှီးရှိကြတာ "
ဆော့ဂျင် ဖိနပ်ချွတ်ရင်း မစ္စမာရင်းရဲ့ အခြေအမြစ်မရှိတဲ့စကားတွေကို နားထောင်ပေးနေရသည်။ သူ့ဖိနပ်ကို တစ်ခါတည်း ဖုန်သုတ် သုတ်သင်ပြီး စိတ်မပါလက်မပါဘဲ တုံ့ပြန်လိုက်သည်။ သူ့ကို အဲလိုလာပြောနေလို့ သူကဘာလုပ်ရမှာလဲ အားကျရမှာလား.. မနာလိုဖြစ်ရမှာလား.. ဘာလို့သူ့ကိုလာပြောပြချင်နေတာလဲ သူ့ကို ပြိုင်ဘက်လို့ သဘောထားရင် ဘာလို့ သူတို့လုပ်မဲ့အစီအစဉ်တွေကို သူ့ကို လာပြောပြနေရတာလဲ။ သူတို့အတွက်သူက အရမ်းလွယ်လွန်းတဲ့ ပြိုင်ဘက်ဖြစ်နေလို့လား..
" ဪ ဒါနဲ့ မနက်ဖြန်ပွဲအတွက် မဒမ့်ညီမ ဟိုကလေးမကိုရော ဖိတ်ပြီးပြီလား သူလည်း လာချင်ရှာမှာပေါ့ "
" ဟုတ်ကဲ့ သခင်လေးဂျွန်နဲ့ မိတ်ဆက်ပေးရအောင်လို့ ဖိတ်ထားပြီးပါပြီ သခင်လေးဂျွန်အတွက်လည်း နောက်ထပ်အသိမိန်းမလှလေးတစ်ယောက် တိုးတာပေါ့ "
သူတမင်ရွဲ့ပြောလိုက်တော့မှ မစ္စမာရင်းရဲ့ ပြုံးတုံ့တုံ့ဖြစ်နေတဲ့မျက်နှာ တည်သွားသည်။
" မဟုတ်မှ ညီမကိုလည်း အစ်ကိုလိုဖြစ်အောင် သင်ပေးအုံးမလို့လား အစ်ကိုဖြစ်သူနဲ့တုန်းက အမွေတွေမရလိုက်လို့ ညီမလေးကို လက်ဆင့်ကမ်းသင်ပေးအုံးမလို့လား "
" ဟုတ်ကဲ့ ဟယ်လင့်ကို မစ္စမာရင်း သင်ပေးခဲ့သလိုမျိုး ကျွန်တော့်ညီမလေးကိုလည်း လုပ်ခိုင်းရမလားလို့.. "
" မင်း!! မင်းရဲ့အကြံကို သခင်လေးဂျွန်က မသိဘူးများထင်နေလား! သူက မင်းတို့လို မျိုးရိုးနိမ့်တွေနဲ့ ပတ်သက်မှာမဟုတ်ဘူး မင်းတို့နဲ့ယှဉ်ရင် တို့ဟယ်လင်ကမှ အဆင့်အတန်းရော ရုပ်ရည်ရောက ဘာမှပြောစရာမရှိဘူး သခင်လေးဂျွန်ကလည်း ပစားပေးတော့ မကြာခင် မဒမ်ဟယ်လင်ဆိုပြီးဖြစ်လာတော့မှာ ဟင်းဟင်း အဲချိန်ကျရင် မဒမ်ဟောင်းကလည်း နေရာအေးဆေးဖယ်ပေးပေါ့ ဟင်းဟင်း "
မစ္စမာရင်းက ဘာအတွက် ဒီလောက်ကျေနပ်ပြုံးပျော်နေမှန်းမသိ။ စိတ်ကူးယဉ်စကားတွေနဲ့ သူ့ကိုကြွားလုံးထုတ်ပြီးကို ဘာလို့ဒီလောက် ပျော်နေရတာလဲ.. လက်တွေ့သူ့သမီးကို ဂျွန်ဂျောင်ဂုက အတည်ယူလိမ့်မယ်များ ထင်နေလား.. သူတောင် ဂျယ်နီ့ကို အများကြီးမမျှော်လင့်ထားခဲ့တာ ဂျွန်ဂျောင်ဂုအကြောင်းသိလို့.. ဂျွန်ဂျောင်ဂုကို ဟယ်လင်နဲ့ လက်ထပ်ပေးစေချင်ခဲ့တာက သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်မလို့သာ..
" အိုး.. သခင်လေးဂျွန်နဲ့ဟယ်လင်တို့ ပြန်လာကြပြီ.. အကြာကြီး လည်ပတ်ခဲ့ကြတာပဲ လက်ဆောင်တွေလည်း အများကြီးဝယ်ခဲ့ကြတာပဲ ကြည့်စမ်း တစ်ကားလုံးပြည့်နေပြီ.. အိုး ... နိုင်တောင်နိုင်ပါ့မလားလေ "
ဆော့ဂျင်လည်း ကားသံကြောင့် လှည့်ကြည့်မိသွားသည်။ ကားပေါ်တွင် ဂျွန်ဂျောင်ဂု၊ဟယ်လင်နဲ့ သူ့လက်ထောက်ကိန်းဝပ်။ သူ့လက်ထောက်က ကားမောင်းလာပြီး နောက်တွင် ဂျွန်ဂျောင်ဂုနဲ့ဟယ်လင်.. ကားနောက်ခန်းတွင်လည်း မစ္စမာရင်းပြောသလို ပစ္စည်းတွေအပြည့် မြင်နေရသည်။ သူတို့ကားပေါ်က ဆင်းလာတဲ့အခါ ဆော့ဂျင်ကြည့်နေတာရပ်လိုက်ပြီး အပေါ်တက်ဖို့ပြင်လိုက်သည်။ သူကျောခိုင်းခဲ့ပေမဲ့ မစ္စမာရင်းရဲ့ အပိုလောကွတ်ချော်စကားတွေက အတိုင်းသား ကြားနေရတုန်း..
သူအခန်းထဲရောက်တော့ ဝတ်ထားတဲ့အပြင်ဝတ်စုံတွေ ချွတ်လိုက်ပြီး ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ ဒီနေ့သူ အိမ်တော်မှာ ပွဲတော်လုပ်မယ်ဆိုတာ ကြောင့်မလို့ အရင်အချိန်အတိုင်း မနေချင်၍ ပုံမှန်ထက် စောပြန်လာခဲ့သည်။ အိမ်တော်ကကိစ္စတွေ ဂရုမစိုက်နေရင် ပြောမည်စိုး၍ ဂရုတစိုက်နဲ့ စောစောပြန်လာခဲ့သည်။ ပြန်လာခဲ့တော့လည်း ပြောခံရသည်ပါပဲ အရည်မရ အဖတ်မရတဲ့ ကြွားလုံးတွေ နားနဲ့မဆံ့ အပြောခံလိုက်ရသည်။ သူတို့သမီးကို ဂျွန်ဂျောင်ဂုက အတည်တကျ ယူလိမ့်မယ်.. ဂေဟာမှာ သူ့ကိုပြောခဲ့တဲ့စကားတွေသာ ပြန်ပြောပြလိုက်ချင်တော့တယ် ထိုအချိန်ကြရင်လည်း ယောကျာ်းကောင်းမောင်းမတစ်ထောင်ဆိုပြီး ခွင့်လွှတ်နေအုံးမလား.. အဲလိုဆိုရအောင်လည်း ဂျွန်ဂျောင်ဂုက ယောကျာ်းကောင်းလည်းမဟုတ်..
___________________________
ကလစ်..
" မင်း! "
သူရေချိုးခန်းထဲက ထွက်ခဲ့တော့ သူ့အိပ်ရာပေါ်တွင် ထိုင်နေတဲ့ မထင်မှတ်ထားတဲ့သူကြောင့် သူလန့်သွားသည်။ ဂျွန်ဂျောင်ဂုက သူ့အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူထွက်လာတဲ့ဘက်ကို မျက်နှာမူထားသည်။ သူ့ကိုမြင်တော့ ဘာမှအထူးအဆန်းမဖြစ်သွားသလို တစ်ချက်တောင် မူမပျက်သွား.. ဘယ်ကတည်းက ရောက်နေတာလဲ ဘယ်အချိန်တည်းက ဝင်လာတာလဲ! သူအခန်းထဲမှာ ရှိမနေတာသိရင် မဝင်လာဘဲနေရမှာမဟုတ်ဘူးလား..
လူမရှိတဲ့အခန်းကိုဝင်ပြီး အိပ်ရာပေါ် ထိုင်စောင့်နေတာက ကောင်းတဲ့အပြုအမှုမဟုတ်ဘူး။ ဒါတွေ သူပြောလည်း ထိုကောင်က ဂရုစိုက်မည်တော့မဟုတ် သူ့အိမ်သူ့နေရာဆိုပြီး စိတ်ကြိုက်ပြုမှုလိမ့်မည်။ အဲလိုတွေးလို့လည်း အခုသူ့အခန်းထဲ ရောက်နေခဲ့တာပဲပေါ့.. ယဉ်ကျေးမှုအခြေခံတောင် မသိတာ.. တစ်စပ်တည်း သူအောက်ဘက်ဆီကို ကြည့်မိသွားသည်။ ထင်တဲ့အတိုင်း ဖိနပ်တွေနဲ့! ထိုကောင်က သူ့အကြည့်တွေကို မသိသလိုလုပ်နေပြီး ရေချိုးဝတ်နဲ့ရှိနေတဲ့သူ့ကို ရဲတင်းစွာ ကြည့်နေခဲ့သည်။ သူရေချိုးဝတ်ကို သေချာဖုံးဖိလိုက်ပြီး သူ့အကြည့်တွေကို မသိသလိုနေဖို့ ကြိုးစားလိုက်သည်။
" ဘာကိစ္စရှိလို့လဲ မင်း "
" မရီးအတွက် လက်ဆောင်လာပေးတာ မရီးရေချိုးနေတယ်ထင်လို့ စောင့်နေတာ "
" ကျေးဇူးပါပဲ ထားခဲ့လိုက်ပါ "
ဆော့ဂျင်အတွက် ယဉ်ကျေးမှုက ဒီလောက်ပဲ ဒီထက်ပိုပြီး ဂျွန်ဂျောင်ဂုကို ယဉ်ကျေးမပြချင်တော့ဘူး။ သူအရင်ကလည်း ခက်ခက်ခဲခဲနဲ့ သူ့ကိုယဉ်ကျေးပြနေရတာ အခုသူ ထိန်းချုပ်ထားစရာမလိုတော့ဘူး သူတောင်မှ သူ့အပေါ် ယဉ်ကျေးမှုမရှိတော့တာ..
" ဘာလဲတောင် မမေးကြည့်တော့ဘူးလားမရီးက မရီးကျုပ်ကို တစ်ခုခုစိတ်ခုနေတာများလား "
ထိုကောင်က ခပ်ထေ့ထေ့ အပြုံးတွေနဲ့ ထိုင်နေရာမှ ထလာပြီး သူ့အနားလျှောက်လာသည်။ သူ သူနဲ့နီးနီးကပ်ကပ် ရောက်မလာခင် သူ့ခြေလှမ်းတွေကို အဝတ်အစားဗီရိုဘက် အမြန်လျှောက်သွားလိုက်သည်။ သူရှောင်ထွက်သွားသလို ဖြစ်သွားတော့ ထိုကောင့်ဆီမှ ရယ်သံတစ်ချက် ထွက်လာခဲ့သည်။ သူဂရုမစိုက်ဘဲ အဝတ်ဗီရိုတံခါးရှေ့တွင် ရပ်လိုက်သည်။
သူအဝတ်အစားရွေးနေရင်း သူသူ့ကို လုံးလုံးလျားလျား လျစ်လျှူရှုထားလိုက်သည်။ သူ့မျက်နှာက ဗီရိုတံခါးနဲ့ကွယ်ထားတာမလို့ ထိုကောင် ဘယ်လိုရှိနေမလဲမသိရ။ နှင်မှန်းသိလည်း မပြန်တတ်တဲ့ကောင်။ လူတစ်ယောက်အခန်းထဲ ခွင့်မတောင်းဘဲ ဝင်လာကတည်းက ယဉ်ကျေးမှုက ရှိမနေတာ သူ့ကိုနှင်မှန်းလည်း သိမည်မဟုတ်။ မဟုတ်ဘူး သိသိလျက်နဲ့ တမင်လုပ်နေတာပဲဖြစ်မှာ။ အစကတည်းက ပိုင်ရှင်မရှိတဲ့အခန်းကို မဝင်သင့်မှန်းလည်း သိပုံမရ။
" မရီး အဝတ်အစားက ဝတ်ဖြစ်အုံးမှာလား ကျုပ်မရီးနဲ့ စကားပြောဖို့စောင့်နေတာ မရီးက အဝတ်ဝတ်ပြီး စကားပြောချင်ပုံမရဘူးထင်တယ် "
သူ့စကားကြောင့် ဆော့ဂျင် အဝတ်ဗီရိုတံခါး ပြန်ပိတ်လိုက်သည်။ ထိုကောင်က သူ့ခုတင်ခြေရင်းက မှန်တင်ခုံပေါ်တွင် အဖျားလေးတင် ထိုင်နေသည်။ အကြည့်တွေကလည်း သူ့မျက်နှာပေါ်မှာရှိမနေဘဲ ဘာစကားပြောချင်သေးတာလဲသူက!
" သခင်လေးဂျွန်က ကျွန်ုပ်အခန်းထဲထိ ရောက်လာတယ်ဆိုတော့ ဘာအရေးကြီးပြောစရာများ ရှိနေလို့လဲ "
" မရီးအဝတ်အစားမဝတ်တော့ဘူးလား "
" သခင်လေးဂျွန်ရဲ့ အရေးကြီးပြောစရာစကားသာ အရင်ပြောလိုက်ပါ ကျွန်ုပ်အဝတ်အစားက အရေးကြီးမယ်မထင်ဘူး "
ထိုအခါ သူ့မျက်နှာပေါ်မှာမရှိတဲ့ ထိုကောင်ရဲ့မျက်လုံးအကြည့်တွေက ကြမ်းပြင်ဆီရောက်သွားသည်။
" မရီးရဲ့ ခြေကျင်းဝတ်လေးတွေက တကယ်သေးသေးလေးတွေပဲ "
" ... "
" ခြေထောက်ကလည်း အခုမှ အဝတ်မပါဘဲ မြင်ဖူးလို့ထင် ထင်ထားတာထက် သေးပြီး ဆွဲဆောင်မှုရှိတာပဲ "
" သခင်လေးဂျွန် ကျွန်ုပ်မရှိတုန်း အခန်းထဲထိ ဝင်စောင့်ပြီးနေတာက ဒီလိုမျိုးတွေ ပြောချင်လို့လား "
" အိုး.. ကျုပ်က လက်ဆောင်ပေးဖို့ လာတာလို့ ပြောသားပဲ လက်ဆောင်က ဟိုမှာလေ.. အာ ပြီးတော့ ကျုပ်က မရီးအခန်းထဲမှာရှိနေတာ သိသားပဲ ရေချိုးနေတာသိလို့ စောင့်နေတာလေ "
" ထပ်ပြီးကျွန်ုပ်ကို ပြောစရာစကားရှိသေးလား "
သူထပ်ပြောချင်စိတ် မရှိတော့၍ စကားလမ်းကြောင်းလွှဲပြီး ထိုမဖိတ်ခေါ်တဲ့အမေးမျိုးသာ ထပ်မေးလိုက်သည်။ ထိုအခါ ထိုကောင်ဆီမှ အကြည့်တွေက သူ့ရင်ဘတ်ဆီမှာ..
" မရီးရင်ဘတ်က မိန်းမတွေလို ဆူဖြိုးနေတာမျိုးမရှိပေမဲ့ ကိုင်ကြည့်ချင်မိတယ် မိန်းမတွေက သူတို့ရင်သားတွေကို ကိုင်လိုက်တဲ့အချိန်ဆို အရမ်းခံစားလို့ကောင်းတယ်တဲ့ ကျုပ်သိချင်တယ် ယောကျာ်းတွေရော ကိုင်ခံလိုက်ရရင် အဲလိုခံစားချက်မျိုး ဖြစ်သွားလား သိချင်မိတယ် "
" သခင်လေးဂျွန် ယောကျာ်းလေးတစ်ယောက်ကို အမြန်ရှာသင့်တယ် သူတို့မှာ ဘာရောဂါမှ မရှိတာမလို့ သခင်လေးဂျွန်စိတ်ပူစရာမလိုဘူး။ အဲလိုမျိုးနဲ့ပတ်သက်တဲ့ ရောဂါတွေဆို ကျွန်ုပ်က ပိုသိကျွမ်းတာမလို့ သခင်လေးဂျွန်ကျွန်ုပ်ကိုယုံပြီး သူတို့နဲ့ပျော်ပါးကြည့်ပါ။ သခင်လေးဂျွန်ရဲ့ တန်ဖိုးမြင့်အကာအကွယ်တွေက ဘာရောဂါမှမကူးစက်အောင် တားဆီးပေးနိုင်ပါတယ် "
" ဒါဆိုကျုပ်က သူတို့နဲ့အတူပျော်ပါးပြီး စက်ရုံတစ်ခုစာအတွက် ရင်းနှီးမြှုပ်နှံလို့ရမဲ့ငွေတွေ ပေးပစ်လိုက်ရမလား.. ကျုပ်နဲ့ပျော်ပါးမဲ့သူကိုလေ "
_________________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



