Fanfics

2 ငါ့အမိန့်ကိုနာခံ

19:12, 19 September 2025

- ဘာပြောတယ် ခင်ဗျားက ကျတော့ရဲ့ club ကိုအပိုင်သိမ်းတယ် ဟုတ်လား ပိုင်ရှင်ဖြစ်တဲ့ကျွန်တော့်ကိုမတိုင်ပင်ဘဲနဲ့ ဒီလိုလုပ်ချင်တာလုပ်လို့ရလား။

Dew ကတော့ပြန်မဖြေ ခြေချိတ်ထိုင်ပြီးရေကူးကန်ဘက်မျက်နှာမူကာ ဝိုင်ကိုဇိမ်နဲ့သောက်နေပါတယ် ဒါက သူ့ရဲ့ဒေါသကိုပိုစွသလိုပဲ

- ခင်ဗျားနားကန်းနေတာလား- Teeradech နားထောင်စမ်းပါ ကိုယ့်ယောက်ျားကို ရိုင်းရိုင်းစိုင်းစိုင်းတွေမပြောရဘူးဆိုတာမသိဘူးလား။- ဘာ ယောက်ျားလဲ အတော်လေး ကျတော့ ယောက်ျားဖြစ်ချင်နေတယ်ပေါ့ဟုတ်လား။ သောက်ရူးကောင်-  ဒီနေ့ကစပြီး မင်းငါ့ရဲ့အနားမှာနေရမယ် ငါခိုင်းတာလုပ်ရမယ် အလုပ်ကို လုံးဝသွားစရာမလိုဘူး - ကျနော်ကရူးနေလို့ခင်ဗျားပြောတာနားထောင်ရမလား။ မလုပ်နိုင်တော့ဘာဖြစ်ချင်လဲ ဟင် သတ်မလို့လား သတ်လေ လာပါ လာစမ်းပါ ကျနော်ရောကျွန်တော့်မိသားစုရော ကျနော့်ရဲ့ဝန်ထမ်းတွေရောအကုန်သတ်ပစ်လိုက် ရှုပ်တယ် တောက်ခ်

Tee ‌ဒေါသအလွန်ထွက်သွားကာပြောမိပြောရာပြီးထွက်သွားပါတယ် Dew ကတော့မမှုပါ Pop ကစကားဖြတ်ပြီး

- Boss ကျနော်ဘာဆက်လုပ်ပေးရမလဲ - ငါမခိုင်းပဲဘာမှမလုပ်နဲ့ သူ့ကိုဒီတိုင်းထားလိုက် နေ့ရက်တွေအများကြီးသူ့ကိုပညာပြဖို့ကျန်သေးတယ်

_____Tee ဒေါသပုန်ထကာ အခန်းထဲမှာသောင်းကျန်းပါတော့တယ် ရှိသမျှပစ္စည်းတွေအကုန်လွှတ်ပစ်ပြီး

- အရူးကောင် ဆိုက်ကိုကောင် မင်းတို့မောင်နှမအပေါ် ငါကအရင်ဘဝကဘာမကောင်းမှုတွေလုပ်ခဲ့လို့ ဒီဘဝမှာအပြစ်မရှိဘဲပေးဆပ်နေရတာလဲ Dew Jirawat ဆိုက်ကိုကောင် မင်းကငါ့ဘဝထဲမှာမဆုံသင့်တဲ့သူပဲ______နေကာမျက်မှန်ကိုတပ်ပြီးမိမိုက်တဲ့ဖက်ရှင်နဲ့အာဏာပါဝါရှိတယ်လို့ထင်ရတဲ့သူ ရုံးထဲကိုဝင်လာတော့ အားလုံးငြိမ်ကျသွားကြတယ်။ Dew ကထိုင်ခုံမှချက်ချင်းထကာ ဝမ်းပန်းတသာ

- P'fa လာမယ်ဆိုကြိုမပြောဖူး ကျတော်လာကြိုမှာပေါ့

P'fa က သူ့ရဲ့အစ်မရင်းလို ခင်မင်ရတဲ့ သူတယောက်ပါ။ သူ့ကိုဒီလောကထဲမှာ ကျင်လည်ရအောင်လုပ်ပေးတဲ့ကျေးဇူးရှင်ဆိုလည်းမမှားဘူး။ P'fa က အသက် 36 လောက်ရှိပြီဆိုပေမဲ့နုပျိုဆဲ လှပဆဲ အမျိုးသမီးတစ်ယောက်ပါ။ အကြည့်နဲ့တင် ပွဲသိမ်းဆိုတဲ့ ဧကရီ ဆိုလည်းဟုတ်တယ်။

- ဘယ်လိုလဲ ဒီအတောတွင်း သတင်းတွေကြားတယ်နော် မင်းအပြတ်ရှင်းလိုက်နိုင်တဲ့ ပွဲကြီးတွေရှိတယ်ဆိုတာ - ဟာ ခွန်ဖာကတော့ ခွန်ဖာပီသပါပေတယ် ဟုတ်ပါ့ဗျာ - သူရော ဘယ်လိုလဲ လူသတ်သမားအသစ်လေး ပြောပြပါအုံး

Dew အထာပေါက်ကာ မျက်မှောင်ကြုတ်ပြီးခွန်ဖာကိုရှင်းပြဖို့ သူတို့နှစ်ယောက်စကားပြောဖြစ်တဲ့နေ့ ကို ပြန်အစဖော်ရပါမယ်

⚡- ကျနော့်အသက်နဲ့ထပ်တူသစ္စာဆိုရဲတယ် ခင်ဗျားရဲ့ညီမလေးကို ကျနော်အရင်ကတစ်ခါမှမသိဘူးမမြင်ဖူးဘူး။ ကျနော်သူ့အပေါ်ဘာမှမကျူးလွန်ခဲ့ဘူး ဒါပေမဲ့ဆက်နွှယ်မှုတစ်ခုခုကြောင့် ကျနော့်ကို ဒီကွင်းဆက်ကလာပြီးချိတ်ဆက်နေတာလို့ထင်တယ်။ ကျနော်အမှန်တရားကိုရှာဖွေမယ် ကျနော်အပြစ်မရှိကြောင်းပြမယ်။

Dew မျက်ခုံးကိုပင့်တင်လိုက်ကာ - မင်းပြောတာကိုငါမယုံဘူး။ မိန်းကလေးတယောက်ကသူ့သိက္ခာအကျခံပြီး သူ့ဗိုက်ထဲမှာရှိနေတဲ့ကိုယ်ဝန်ရဲ့ တာဝန်ရှိသူကဘယ်သူဆိုတာရေးပြီးတော့ အဆုံးသတ်သွားတာ ငါကမင်းလိုလူသတ်သမားရဲ့စကားကိုယုံမယ်ထင်နေလား။

Tee ရှိရှိသမျှစိတ်အားလုံးကိုထိန်းချုပ်ထားပြီး

- ဒီမှာ ကျနော်ပြောတာနားထောင်ပါ အခုမယုံကြည်ရင်တောင် တချိန်ကျရင် ကျနော့်ရဲ့ဖြူစင်မှုတွေကိုသက်သေပြနိုင်မယ်ဆိုတာကျနော်သိတယ်  တစ်ခုပဲကတိပေးပါ အဲဒီအချိန်ရောက်လာခဲ့ရင် ကျနော့်ကိုကွာရှင်းပေးပါ ကျနော်ရဲ့ပုံမှန်ဘဝကိုပြန်ပေးပါ   ဒီတစ်ခုပဲလိုချင်တယ်

Tee ရဲ့စကားကိုကြားပြီး သူ့ရဲ့မျက်ဝန်းတွေကိုအကဲခတ်လိုက်တော့ အတည်ပြောနေတယ်ဆိုတာ Dew သိလိုက်ရတယ်။ ဒါပေမယ့်ဘယ်သူ့ကိုမှအယုံအကြည်မရှိတာမလို့

- ငါကအပြောထက်အလုပ်နဲ့သက်သေပြတာကိုပိုကြိုက်တယ် ⚡

ခွန်ဖာကသူပြန်ပြောပြနေတာကိုခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နားထောင်နေတယ်။

- Dew မင်းသူ့ကိုဘာဖြစ်လို့မရှင်းထုတ်တာလဲ။ မင်းရော တို့ထင်သလိုထင်တယ်မလား

______

Perth နဲ့တွေ့တော့ Tee လွတ်လွတ်လပ်လပ်ရင်ဖွင့်မိတယ်။ ဒါပေမဲ့သူတို့ကိုစောင့်ကြည့်နေတဲ့လူတော့ရှိတာပေါ့။ Tee နေထိုင်ရတဲ့နေ့စဉ်ဘဝကိုကမလုံခြုံတော့ဘူး ဒါပေမဲ့ Perth ပေးတဲ့အကြံကြောင့် Tee မျက်လုံးပြူးသွားပါတယ်။ဘေးလူတွေလည်းသတိမထားမိအောင် အသံတိုးတိုးလေးနဲ့

- ဟေ့ကောင် ငါကစိတ်ညစ်နေတာ သေပါသေချင်နေတာကို မင်းက ငါ့ကိုဒီလိုအကြံမျိုးပြောနေတာ မဖြစ်ဘူး အဲဒီဆိုင်ကိုကောင်နဲ့မပတ်သက်ချင်ဘူး သူကအဲ့လိုလုပ်လိုရောရမှာတဲ့လား စိတ်ပျက်စရာပဲ- ငါ့ကိုယုံလိုက်သူငယ်ချင်း သူကမင်းကိုရှင်လျက်နဲ့သေအောင်လုပ်မယ်ဆိုရင် မင်းကလည်းသူ့ကို ထပ်တူခံစားရအောင်လုပ် မင်းကိုသူချစ်မိသွားအောင်လုပ် ပြီးတော့ သူမင်းကိုပဲသိပြီး ရူးနေတဲ့အချိန်မှာ ရက်ရက်စက်စက်ထားခဲ့လိုက် တကယ်ချစ်မိရင် အသည်းကွဲတဲ့ဒဏ်ရာက တော်ရုံနဲ့မပျောက်ဘူး ဘဝကိုပါသေစေတယ် ဟေ့ကောင် မင်းမှာသူ့အပေါ်ခံစားချက်မှမရှိတာ ချသာချ အခုမင်းတို့နှစ်ယောက်ကကစားပွဲထဲရောက်နေတာလို့သဘောထား- ဒါပေမဲ့ ငါက ကျစ် ဟာ မဖြစ်ပါဘူးကွာ ငါတို့ကမျက်နှာချင်းဆိုင်လိုက်တိုင်းရန်ဖြစ်နေတာ သူညီမတင်မကဘူးသူ့ပါမြှူဆွယ်တယ်ဆိုပြီးပြောခံနေရမှာပေါ့။ စိတ်ကောင်းဝင်ပြီးတော့လက်ကသံကြိုးကို‌ဖြည်ပေးထားတာ မကြာ‌ေသးဘူးစိတ်တိုပြီးလက်ကောခြေရောသံကြိုးချည်နေမှဘယ်လိုလုပ်မလဲ။- ဟေ့ကောင်ရာ မဝေးစမ်းပါနဲ့ ငါသူ့ကို ကြည့်ရသလောက်ဆိုရင်တော့ တော်ရုံသူ့စိတ်နဲ့ဆိုရင် မင်းတို့တမိသားစုလုံးတောင်ပြာကျနေလောက်ပြီ။ အဲဒါကိုဘာဖြစ်လို့ ဒီလိုနည်းလမ်းကိုသုံးပြီးလက်စားချေချင်တာလဲ စဉ်းစားလေ အခုထိလည်းမင်းမိသားစုကလူတွေကိုသူဘာမှမလုပ်ဘူးလေ။ မင်းကိုလည်းသူ့အသားနာအောင်လုပ်တာမဟုတ်တာ သူ့ရဲ့အားနည်းချက်ကိုရအောင်ရှာသူငယ်ချင်း ငါပြောတာယံု ရန်သူဆိုတာအနီးကပ်ထားရတယ်ကွ

___Teeလဲ Perth ပြောတဲ့စကားတွေကိုကြားယောင်နေတယ် ဘာလိုလိုနဲ့ သူဒီအိမ်ကိုရောက်တာတစ်လပြည့်တော့မယ် အဲဒီမုန်းစရာကောင်တဲ့လူသားနဲ့စကားအ‌ေကာင်းပြောတာ တစ်ချိန်မှမရှိဘူး မျက်နှာလည်းသိပ်မမြင်ရပါဘူး သူက  ညအိပ်ချိန်ဆိုသူ့ရဲ့လုပ်ငန်းတွေစတင်တဲ့အချိန်ဆိုတော့ အပြင်မှာနေဖြစ်တာများတယ်  အိမ်မှာဘယ်တော့မှပြန်မအိပ်ဘူး အိမ်မှာရှိလိုက်ပြန်ရင်လည်းသူ့တပည့်တွေကိုအပြစ်လုပ်ထားရင် ထိုးကြိတ်နေတတ်တယ်။ ဆူညံနေတတ်တယ် ဒီအိမ်မှာနေရတာပူလောင်တယ် Tee မပျော်ပါ။ ဒီအိမ်မှာသူ့ကိုချစ်ပြီးဂရုစိုက်တဲ့လူတစ်ယောက်မှမရှိဘူး။ အမေ့ကိုသတိရပေမယ့် အမေ့ကိုသွားတွေ့ခွင့်မရဘူး အဖိုးရဲ့လူနာသတင်းတောင်မေးလို့မရဘူး။ အလုပ်ကိုတောင်သွားလို့မရဘူး ဒီအိမ်ကြီးထဲမှာပဲ နေနေရတယ် ခင်ဗျားပြောသလိုပဲကျွန်တော့်ဘဝကရှင်ရက်နဲ့သေနေပြီဗျာ အမေပြောခဲ့သလိုပဲအမှန်တရားမပေါ်ခင် သည်းခံပြီးနေမယ်။ တစ်နေ့ ခင်ဗျားရဲ့လုပ်ရပ်တွေမှားတယ်ဆိုတာ သိလာစေရမယ် Dew Jirawat

- မင်းဘာတွေတွေးနေတာလဲ။

Dew က ရုတ်တရက်အနောက်ကရောက်လာပြီး စကားစတာမို့ သူမကြားချင်ယောင်ဆောင်ပြီးလှည့်ထွက်သွားလိုက်တယ်။ အဲ့တာကို dew ကသူ့လက်ကိုစောင့်ဆွဲပြီးတော့ သူ့အနားထိအနီးတိုးကပ်ကာ မျက်ဝန်းထဲကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး

- ငါမေးတာမကြားဘူးလား Teeradech

Tee က မဲ့ရွဲ့နေပြီးပြန်မဖြေပါ။ သူစိတ်တိုလာကာ Tee ရဲ့ ပါးနှစ်ဖက်ကို လက်နဲ့ဖျစ်ညှစ်လိုက်ပြီး နာသွားအောင်လုပ်ကာ

- ဖြေလေ ပါးစပ်မပါတော့တာလားဟင်- ခင်ဗျား ကျနော့်ကိုလွှတ် နာတယ်ဗျ- အသားမနာချင်ရင် ကောင်းကောင်းနာခံတတ်ရမယ် အခုငါနဲ့အောက်ထပ်ကိုလိုက်ခဲ့ ဧည့်သည်ရှိတယ် မင်းကောင်းကောင်းဟန်ဆောင်နိုင်ရင် မင်းကိုငါဆုချမယ် - ခင်ဗျားကကိုယ့်ကိုယ်ကိုတော်တော်အထင်ကြီးတာပဲ ကျနော့်ကိုသာသတ်လိုက်ပါတော့ခင်ဗျားကိုအတော်လေးစိတ်ရှုပ်နေပြီ သိလား- ရှူး ငါ့အမိန့်ကို နာခံ လာ အောက်ထပ်ကိုသွားမယ်

အောက်ထပ်ကိုဆင်းလာတော့ ခပ်သန့်သန့် လူတစ်ယောက်ထိုင်နေတယ်။ Tee ကထိုလူရဲ့ မျက်နှာကိုမကြည့်မိ ဆိုဖာပေါ်လည်းထိုင်ချရော Dew က Tee ခါးကို ပိုင်စိုးပိုင်နက်အတင်းဖတ်ထားကာ မသိရင် သိပ်ချစ်ပါတယ်ပေါ့

- sorry ဗျာ ကျနော့်အချစ်လေးစိတ်ကောက်နေတာနဲ့နည်းနည်းကြာသွားတယ် - ဟို ရပါတယ်ဗျာ ကျနော့်ကိုအားနာစရာမလိုပါဘူး

Tee ခန္ဓာကိုယ်ကသွေးတွေပြောင်းပြန်စီးသလိုခံစားသွားရတယ်။ ဒီအသံက သူရင်းနှီးနှီးကြားဖူးသလိုပဲ ဟုတ်တယ် ကြားဖူးတယ် သူအသာလေး တစ်ဖက်လူရဲ့မျက်နှာကိုကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ဆုံသွားပြီး

- ဟင်

သူတဆက်တည်း Dew ရဲ့ မျက်နှာကိုကြည့်လိုက်တော့ သူ့ကိုခြိမ်းခြောက်နေတဲ့ပုံစံနဲ့မတူ ပြုံးဖြီးလို့

- အော် Tee ကိုယ်မိတ်ဆက်ပေးရဦးမယ် ဒီဘက်က ခွန်ဝစ် ထိပ်တန်းစားဖိုမှုးတစ်ယောက် ကို့ရဲ့ဟိုတယ်အတွက် ခန့်ဖို့လေ ခွန်ဝစ် ဒါက ကျနော့်အမျိုးသား Teeradech ပါ- ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ခွန် Tee

တစ်ဖက်လူက လက်ဆန့်ထုတ်ကာ နှုတ်ဆက်ဖို့ပြင်တော့သူလည်းအလိုက်တသိ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ လက်ချင်းထိလိုက်တဲ့အခိုက်အတန့်မှာ ဘယ်သူမှမသိလိုက်တဲ့ ရင်တွေခုန်နေခဲ့တယ်ဆိုတာ‌ကိုတော့ Tee တယောက်ဝန်ခံပါတယ်။

Dew ကဆက်ပြီး

- ကျနော်ကမ်းလှမ်းတဲ့တာဝန်ကိုလက်ခံ‌ေပးလို့အရမ်းကိုကျေးဇူးတင်ပါတယ်။ တခြားသူတွေကိုငြင်းပြီးကျွန်တော့်ဆီကိုလာပေးလို့လည်းကျေးဇူးတင်ပါတယ်။ - ရပါတယ်ဗျာ ပုံမှန်ဆိုရင်ကျွန်တော်လည်း သက်သက်မှာပဲနေဖြစ်တာ ဒီလိုမျိုးအလုပ်မလုပ်တော့ဘူးဆိုပြီးတော့တွေးထားတာ ခွန်dew ကမရမကကမ်းလှမ်းနေတော့ ကျနော်လည်းဝါသနာပါနေတာနဲ့ လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာ - ဟုတ်ပါ့ဗျာ ကဲ သုံးဆောင်ပါဦး - ကျေးဇူးတင်ပါတယ်ဗျာ

Dew က ဖုန်းထမြည်လာတာမို့

- ခွင့်ပြုပါဦးဗျာ- ရပါတယ် အေးဆေးလုပ်ပါ

Tee ပုံစံကသွေးမရှိတဲ့မျက်နှာလိုမျိုးဖြူဖျော့နေတယ်။ လက်စွပ်ဝတ်ထားတဲ့လက်ကိုလည်း ကျန်တဲ့လက်တစ်ဖက်ကထပ်ကိုင်ထားတယ်။ သူတို့အနားမှာ bodyguard တွေလည်းရှိနေတယ်ခွန်ဝစ်ကလည်း Tee ကိုကြည့်နေတယ် သူက အစကတည်းကပါးနပ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် မျက်လုံးနဲ့အရင်စကားပြောကာပြီးမှ အေးဆေးတည်ငြိမ်နဲ့အပြုံးတစ်ပွင့်နဲ့

- ခွန် Tee ရဲ့အမျိုးသားဘက်က ဒီအလုပ်ကိုကမ်းလှမ်းလာတုန်းက ကျနော်တကယ်လုပ်ဖို့ဆန္ဒမရှိဘူး။ ပြီးမှ လက်ခံဖြစ်သွားတာ ကျနော်ကတော်ရုံအလုပ်ဆိုရင် လက်မခံဘူးလေ

Tee's pov သိတာပေါ့ ကျနော်သိပ်သိတာပေါ့  ခွန် ဒီလိုစားဖိုမှုအလုပ်ပေါ်မှာဘယ်လောက်ထိရူးသွပ်လဲဆိုတာရော ကိုယ်ပိုင်လုပ်ငန်းနဲ့ရပ်တည်နေနိုင်တဲ့အထိ အောင်မြင်မှုတွေရနေတယ်ဆိုတာရော သိတာပေါ့ ဘာလို့များဒီလိုလူနဲ့စီးပွားဖက်အဖြစ်လုပ်ရတာလဲ ဒီလူ့အကြောင်းကိုဘယ်လောက်သိလို့လဲ

- ခွန် Tee ကျနော်ပြောနေတာကြားလား။- ကြားပါတယ် ဟို

Dew ကဝင်လာပြီး

- Tee နဲ့ စကားပြောနေကြတာလားဘာတွေပြောနေကြတာလဲ။ ဟင်

သူမသိမသာ Tee အနားကို တိုးကပ်သွားပြီး အင်္ကျီနောက်ကနေမသိမသာ လက်နဲ့ထိကာ သူ့ရဲ့အပြုအမူကဘာလဲဆိုတာကို Tee ပဲသိပါတယ်။ ရတယ်လေ ဒီတခါတော့ငါ့ရဲ့အလှည့်ပဲ။ Tee ကခပ်ယဲ့ယဲ့ပြုံးကာ

- အားနာပေမယ့် ကျနော်နေသိပ်မကောင်းသလိုဖြစ်နေလို့ အပေါ်ထပ်ကိုသွားခွင့်ပြုပါဦး အလုပ်ကိစ္စဆက်ပြောကြပါ မနှောင့်ယှက်တော့ပါဘူး

Dew က ခေါင်းငြိမ်းပြလိုက်တာမလို့သူလည်းအမြန်လေးထွက်လာလိုက်တယ်။ အခန်းထဲရောက်မှာသူတုန်ရီနေတဲ့လက်ကလေးနဲ့ ထိုင်ခုံကိုဆွဲယူလိုက်ပြီး ခဏထိုင်ကာ အတွေးတွေကတော့ဟို‌ေရာက်ဒီရောက်

There are no comments yet. Log in to be the first to leave a review!

Similar stories