Fanfics

1 စတင်တွေ့ဆုံမှု

19:09, 19 September 2025

ခမ်းနားထည်ဝါလှတဲ့အိမ်ကြီးရဲ့ ထမင်းစားပွဲမှာ အခန့်သား ထိုင်နေသူက ထိုင်းနိုင်ငံက လူတကာဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ အမှောင်စီးပွားရေးလောကမှာ မသိသူမရှိတဲ့ မာဖီးယားဂိုဏ်းချုပ် Dew jirawat

စံအိမ်ကြီးထဲမှာအလုပ်သမားတွေများလွန်းလို့ ဘုရင့်နန်းတော်ကြီးလို့‌ေတာင်တင်စားလို့ရပါတယ်

Dew ဆိုတဲ့သူက ရက်စက်တယ် အကြင်နာမရှိဘူး အပြုံးအရယ်မရှိဘူး လူသတ်ဖို့ဝန်မလေးဘူး

- အန်တီဝါ ဟိုတစ်ယောက်ကို ထမင်းလာစားဖို့ ပြောလိုက် မစားရင် အတင်းချုပ်ပြီးတော့ ဒီကိုခေါ်လာခဲ့

အိမ်ထိန်း အန်တီကြီးကိုပြောလိုက်တဲ့အသံကခပ်မာမာ သူ့အမိန့်ကိုမလိုက်နာလို့မှမရပဲ အန်တီဝါလဲသွားခေါ်ဖို့အလုပ် အဖြူရောင်ညအိပ်ဝတ်စုံကိုဝတ်ထားပြီး ဖြူဖွေးကြည်လင်နေတဲ့ အသားရေပိုင်ဆိုင်ထားတဲ့တစ်စုံတစ်ယောက် ထမင်းစားခန်းထဲကိုဝင်လာတယ်

- ငါ့ကိုဘယ်သူမှအတင်းချုပ်စရာမလိုဘူး ငါ့မှာခြေထောက်ပါတယ်

တစ်ဖက်လူကလည်းခနဲ့သလိုပြောပြီးဝင်ထိုင်လိုက်တယ်။ အများအမြင်မှာတော့ တော်ဝင်စုံတွဲရဲ့ရိုမန့်မင်္ဂလာဦးညစာပါပေါ့တကယ်ကတော့

- မင်းကို ငါတစ်ခုပြောထားမယ် ဒီအိမ်မှာ ကန့်သတ်ထားတဲ့နေရာတွေကို မသွားပါနဲ့ အေး စပ်စုတာတို့ ဘာတို့ တစ်ခုခုကြားရင် မင်းအမေခေါင်းပြတ်မယ်မှတ်

- ခင်ဗျား

တစ်ဖက်လူကတော့လက်သီးကိုတင်းကျပ်နေအောင်ဆုပ်ထားတယ်။ ပြီးမှ

- ခင်ဗျား ကျုပ်အမေကို ထိရဲရင်ထိကြည့်လိုက် ခင်ဗျားပါ ခင်ဗျားညီမနောက် လိုက်သွားရမယ်

- ဘာကွ Teeradech

Dew ပြောပြောဆိုဆိုနဲ့ ထကာ လက်ထဲကကိုင်ထားတဲ့ဓါးနဲ့ Tee ရဲ့လည်ပင်းကိုထောက်ကာ မျက်လုံး‌ေတွကဒေါသတကြီးကြည့်လိုက်ပါတယ်။ တစ်ဖက်ကလည်းချေချေပါပဲ။ မနေနိုင်မထိုင်နိုင် ဝင်တားသူကတော့ Dew ရဲ့ personal assistant ဖြစ်သူ pop ပါပဲ

- ဘော့စ် တော်ပါဗျာ စိတ်ကိုထိန်းလိုက်ပါ လာပါဗျာ လာပါ

Dew အတော်လေး စိတ်ကိုထိန်းပြီး တောက်ခ် ခေါက်ပြီးသာ ထွက်သွားပါတယ်။

_____Tee အခန်းထဲက အိပ်ရာပေါ်မှာလဲှနေတုန်း သူဖုန်းထဲမှာစာတွေအများကြီးဝင်နေတာသိတယ် ဖုန်းတွေဆက်တိုက်ခေါ်နေတာလည်းသိတယ် ဒါပေမဲ့ မဖြေမိ မကိုင်မိ ____

လွန်ခဲ့သောရက်ပိုင်းခန့်က

Dew Jirawat ၏တစ်ဦးတည်းသောညီမလေး Lily က Bangkok Luxury Club တစ်ခုထဲမှာသေဆုံးလျက်ရှိ စစ်ဆေးရာမှာ ကိုယ်ဝန်ရှိနေကြောင်း သိရ သေတမ်းစာတစ်ခုလည်းတွေ့ရ

သတင်းတွေကိုမြင်ရပြီး ခေါင်းကျိန်းသွားသူမှာ Tee တို့မိသားစုပင် အဘယ်ကြောင့်ဆိုသော် ကလပ်ပိုင်ရှင်မှာ Teeradech ဖြစ်နေသောကြောင့် နောက်ထပ်အရေးကြီးတာတစ်ခုက ကလေးအဖေကလည်း Teeradech ပါတဲ့

- ဟွန့် သိပီမလား အဖေသိပ်ချစ်ပါတယ်ဆိုတဲအ‌ေဖ့ရဲ့‌ေမြးကတော့ အဖေသိက္ခာတွေချနေပြီ

အခုစကားပြောနေတဲ့သူက vitheepanich မိသားစုရဲ့ သမီးကြီး Tee ၏ အဒေါ်အရင်းဖြစ်ပါတယ်။ ဒီမိသားစုမှအဖိုးဖြစ်သူအပြင် သူ့ရဲ့သမီးနှစ်ယောက် မြေးနှစ်ယောက်ရှိတယ်။ သမီးကြီးက သားတစ်ယောက်မွေးထားတယ် နာမည်က Ree သမီးငယ်က သားတစ်ယောက်မွေးထားတယ် နာမည်က Tee

မြေးနှစ်ယောက်မှာ Tee က Ree ထက် အစစအရာရာမှာသာလွန်ပြီးတော့ထက်မြတ်တဲ့လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်အဖိုးကပိုပြီးတော့စိတ်ချတယ်။ပိုပြီးတော့ယုံကြည်တယ်။ ပိုပြီးတော့ချစ်တယ် အဲဒါကြောင့်အဒေါ်ဖြစ်တို့သားမိက သူတို့သားမိကိုမကြည်ပါ။ ဘယ်လောက်ပဲသွေးသားရင်းဖြစ်နေပါစေအမွေကိစ္စ ကိုသားသမီးအရေးနဲ့ကြုံလာရင်တော့သွေးကွဲသွားတာပဲ အခုလည်းတစ်ခါလေးအမှားလုပ်မိတာနဲ့ တဘဝလုံး တော်လာခဲ့သမျှသဲထဲ‌ေရသွန် ပြောခံရတာပါပဲ

Tee အမေက ဝင်ပြီး

- အဖေ အဖေလည်းသူ့အကြောင်းသိတာပဲ Tee က သမီးရဲ့သေချာဆုံးမမှုတွေကြောင့် ဒီလိုမျိုးမိုက်မဲတွေလုပ်ရပ်ကိုလုပ်မှာမဟုတ်ဘူး။

- ဒါပေမဲ့တစ်ဖက်ကနစ်နာသွားတယ်။ လူဆိုတာအမှားလုပ်မိနိုင်တာပဲလေ ငါ့ကိုရှင်းစမ်း Teeradech အဲဒီသေဆုံးသွားတဲ့ကောင်မလေးနဲ့မင်းနဲ့က ချစ်သူတွေလား ဘာလို့သူများသားသမီးအပေါ်ကျူးကျူးလွန်လွန်လုပ်ရတာလဲ ယောက်ျား‌ေကာင်းဆိုတာဒီလိုလုပ်ရပ်မျိုးကိုမလုပ်ဘူးကွ

အဘိုးဖြစ်သူအရမ်းကိုဒေါသတွေကြီးနေပါတယ်။ Tee ကတည်ငြိမ်စွာနဲ့ပဲ

- ဒီကိစ္စမှာတစ်ခုခုရှိရပါမယ်။ သားအဲဒီကောင်မလေးကိုတစ်ခါမှမသိပါဘူး။မြင်လည်းမမြင်ဖူးခဲ့ဘူး။

အဒေါ်ဖြစ်သူကဝင်ပြီး

- အမလေး tee ရယ် နင်ကသာမမြင်ဖူးဘူးပြောနေတာ ဟိုကလေးမလေးက နင်နဲ့ရတဲ့ရတဲ့ကိုယ်ဝန်ရှိလို့ဆိုပြီးတော့ နင့်ဆီလိုက်လာရှာတာ နင်က တာဝန်မယူနိုင်ဘူးလို့ပြောလို့ သူ့ခမျာ ဒီလိုသက်သေသွားရတာလေ

- အန်တီကဘာမှမသိပဲဝင်မပြောပါနဲ့။ ကျနော်ဖြူစင်တာကျွန်တော်ပဲသိတယ်။ ဖိုးဖိုး မာမီ သားကိုယုံပေးပါဗျာ ဒီကိစ္စအမှန်တကယ်မဟုတ်ဘူးဆိုတာသက်သေရှာပါ့မယ်

ဒုန်း

- ငါမယုံဘူးကွ

- ဘာ

ညကြီးအချိန်မတော်သူများအိမ်ထဲကိုပိုင်စိုးပိုင်နက်ဝင်လာတဲ့သူတွေကတော့ Dew Jirawat နဲ့ သူ့လူတွေပါပဲ ညဘက်ကြီးသူတို့အိမ်ကသူ‌ေတွကိုဝိုင်းထားလိုက်တယ် Tee တို့ဘက်က အသိုင်းအဝိုင်းရှိပြီးပိုက်ဆံချမ်းသာတယ်ဆိုပေမယ့် မာဖီးယားလိုလူကိုတော့ဘယ်ယှဥ်နိုင်ပါ့မလဲ။

- ဟေ့လူ မယုတ်မာနဲ့ ငါ့အမေကိုအခုချက်ချင်းလွှတ်

Dew က Tee ရဲ့အမေ‌ေခါင်းကို သေနတ်နဲ့ထောက်ကာ

- ဟိုကောင်လေး ငါ့ညီမကို တာဝန်မယူတဲ့ ခွေးကောင်လေး ငါ့မျက်နှာကိုစေ့စေ့ကြည့်စမ်း

- ခင်ဗျားဘာလိုချင်တာလဲ။ ကျုပ်ကိုထောင်ထဲထည့်ချင်တာလား ထည့်လေ ဒါပေမဲ့ ကျုပ်ကအပြစ်မရှိဘူးဆိုတော့လွတ်လာမှာပဲ

- ဟား ဟား ဟား ရယ်ရတယ်ဟေ့ ဒီမှာ မင်းကြောင့်ငါ့ညီမကသေသွားတာ ငါကမင်းကို ထောင်ထဲမှာ အိပ်လိုက်စားလိုက်လုပ်ပြီးသာယာခိုင်းမယ်များမှတ်နေလား ဟမ်ဟား ဟား ဟား

- အဲဒါဆိုမင်းကဘာဖြစ်ချင်တာလဲ။

- မင်းယောက်ျား

- ဘာကွ ခွေးကောင်

- အိုး ဝိုး ပါးစပ်ကကြမ်းနေရောပဲ မိန်းမရယ် ကိုယ့်ယောက်ျားကိုပြောရလား နော် ယောက္ခမကြီး ခင်ဗျားသားကိုသင်ပေးထားလိုက်ပါဦး လင်ယောကျ်ား ကိုဘယ်လိုဆက်ဆံရတယ်ဆိုတာ

Dew တစ်ယောက် Tee အမေရဲ့နားကို ကပ်ပြပြောလိုက်ပါတယ်။ Tee တစ်ယောက်ဒေါသနားထင် ရောက်နေပေမယ့်လည်းအမေဖြစ်သူကို ငဲ့နေရတာကြောင့် ဘာမှမလုပ်မိ

- ဒီနေ့ညပဲ ကျုပ်ကြေညာမယ် vitheepanich မိသားစုရဲ့ မြေးကြောင့် ကျုပ်ညီမသေရတယ်။ အဲ့တော့ကျုပ်ကလည်း အဲ့ဒီလူသတ်သမားရဲ့ဘဝကို ရှင်လျက်နဲ့သေအောင်လုပ်ပြမယ် ခင်ဗျားတို့ရဲ့သဘောတူညီမှုကိုမေးတာမဟုတ်ဖူး ကျုပ်က ပြောပြနေတာ အေး ပြီးတော့ ကျုပ်ညီမကိုတာဝန်မယူဘူးလို့ပြောတဲ့သူကို ကျနော်ကလည်း လက်ထပ်ပြီး တာဝန်မယူချင်လို့ ဟား ဟား လှလှပပလက်စားချေမယ်ဆိုပါတော့။

- မင်းရူးနေလား ခွေးကောင် ဆိုက်ကိုကောင်

- နိုး ရှူး အချစ်လေး မင်းယောင်္ကျားစကားပြောနေတော့ဝင်မပြောနဲ့ စကားဖြတ်ပြောလဲအပြုအမူကရိုင်းတယ်ဆိုတာမသိဘူးလား။ ကျနော် အမှုမဖွင့်ဘူးဒီကိစ္စကို မသိချင်ယောင်ဆောင်ပေးမယ် ညီမ‌ေလးရဲ့သိက္ခာအတွက်။ ကျ‌ေတာ်သာ လက်ဖျောက်တချက်တီးလိုက်ရင် မင်းတို့မိသားစုတွေအကုန် ပြာကျသွားနိုင်တယ်နော် အဲ့တော့ လိုရင်းပဲပြောမယ်။ ဒီနေ့ကစပြီးခင်ဗျားတို့မိသားစု ပုံမှန်အတိုင်းအလုပ်လုပ်လို့ရတယ်နေလို့ရတယ် ဒါပေမဲ့ ဘယ်သွားတယ်ဘာလုပ်တယ် ကျတော့လူတွေက စောင့်ကြည့်နေလိမ့်မယ်။ အေးဆေးနေကြ ပြောတဲ့အတိုင်းမလုပ်ရင် ဘာဖြစ်သွားမလဲဆိုတာသိတယ်နော်။ မင်းကတော့ ငါနဲ့လိုက်ခဲ့

Tee ကိုကြည့်ရင်းပြောလိုက်တယ်။

- ငါမလိုက်ရင်‌ေရာဘာဖြစ်မှာလဲ။

- မင်းအမေကိုသတ်မယ် မင်းရဲ့ကလပ်ကဝန်ထမ်းတွေအကုန်လုံးကိုလည်းသတ်မယ်။

- ဘာကွ

- မင်းစဉ်းစားလိုက် နောက်သုံးရက်နေရင် မင်းကိုပြန်လာခေါ်မယ်

______အဲ့နေ့ပြီးကတည်းက Tee တို့မိသားစု စပြီးတော့အဆင်မပြေတာပါ အမြဲစောင့်ကြည့်ခံနေရတဲ့အပြင် အဘိုးဖြစ်သူက သူ့စိတ်နဲ့ အိပ်ရာထဲလဲသွားပြီ သူ့အမေကို ဟိုသားမိနဲ့တအိမ်တည်းထားခဲ့ရတာ စိတ်မချပါဘူး။ အကုန်လုံးအဆင်ပြေ‌ေနပေမဲ့ သူတစ်ချက်လေးမှားရင် သူ့ရဲ့မိသားစုနဲ့ဝန်ထမ်း‌ေတွထိခိုက်မှာစိုးလို့ငြိမ်နေရတယ်။ သူဟိုလူ့ကို တော်တော်လေးကိုမှအမြင်ကတ်တယ်။ မုန်းတယ်။ မင်္ဂလာဆောင်တာလည်းသူ့ရဲ့စိတ်တိုင်းကျအကုန်လုပ်တယ်။ မရိုက်ချင်တဲ့ pre wedding photo တွေ မပြုံးချင်ဘဲပြုံးလိုက်ရတဲ့အခိုက်အတန့်တွေ မချချင်ဘဲချလိုက်ရတဲ့မာနတွေ စိတ်တိုဖို့ ကောင်းလိုက်တာ ဘယ်ဘက်လက်သကြွယ်က လက်စွပ်ကို မြင်ရတာလည်းစိတ်ရှုပ်ဖို့ကောင်းလာတယ်။ လက်စွပ်ကိုချွတ်တဲ့နေ့ကျ အမေ့လက်ကိုဖြတ်မဲ့နေ့တဲ့ ရက်စက်တဲ့သူ သူဘယ်သူလဲဆိုတာသိနေတော့လည်း ခဏတော့သည်းခံ‌လိုက်မယ် အမှန်တရားပေါ်လာတဲ့နေ့ကငါ့ကိုဒူးထောက်ပြီးတောင်းပန်စေရမယ်။

______မနက်စာစားဖို့ဆင်းလာတော့ သူ့အတွက် ဘာမှပြင်မထား အိမ်ကဝန်ထမ်းတွေကအားနာသလိုအကြည့်နဲ့ကြည့်ကြတယ်

- ဟိုလေ အကိုလေး Boss ကလေ မနက်စာကိုမပြင်ထားပါနဲ့လို့ပြောလို့ သူခိုင်းတဲ့အတိုင်းလုပ်ရတာပါ ခွင့်လွှတ်ပေးပါ။တောင်းပန်ပါတယ်

စားဖိုဆောင်က ဝန်ထမ်းကောင်မလေးကမျက်နှာငြှိုးငယ်စွာနဲ့ သူ့ကိုပြောပါတယ်။ ဒီအိမ်ကလေအပြင်ဘက်ကကြည့်ရင်သာခမ်းနားတာ အထဲမှာတော့ကျားရဲတွင်းလိုပဲသနားစရာဝန်ထမ်းလေးတွေ Tee လည်းပြုံးပြပြီး

- ရပါတယ်ဗျာ ကျနော်အလုပ်ရောက်မှစားလိုက်ပါမယ်ျကျနော်ကြောင့်အပင်ပန်းမခံကြပါနဲ့

Tee ထွက်သွားပြီးတဲ့အချိန်မှာဝန်ထမ်းတွေတယောက်တစ်ပေါက်ပြောနေကြတယ်။

- ဒီလောက်ချောပြီးသဘောကောင်းတဲ့သူက လူသတ်လိမ့်မယ်လို့ငါတော့မယုံဘူး။ မမလေးကိုသတ်တာ သူမဖြစ်နိုင်ဘူး ငါတို့သခင်ကြီးမှားနေတာပဲဖြစ်မယ် - အေးလေ- ဟဲ့ လူဆိုတာအပြင်ပဲကြည့်ပြီးမယုံရဘူး သူက club CEO လေ သူ့မှာလည်းမကောင်းတဲ့အချက်တွေရှိမှာပဲ - ဟုတ်ပါ့ ဟုတ်ပါ့- ဒါနဲ့ငါတို့သခင်ကြီးကပုံမှန်ဆိုရင် သူ့ကိုလာထိရင် အပျက်ရှင်းပစ်တာပါ ဘာလို့ သူ့ကိုကျမှ လက်စားချေတယ်ဆိုပြီးတော့ လက်ထပ်ရတာလဲ အကြောင်းပြချက်တစ်ခုခုရှိလို့များလား။ - အေးလေ သခင်ကြီးက အချစ်ကိုအယုံကြည်မရှိဘူးတဲ့။ အခုကျတော့လည်း လက်စားချေတာကြီးက ဆန်းကြယ်တာအေ

ထိုစဉ် အိမ်တော်၏ဝန်ထမ်းခေါင်းဆောင်မာနုကဝင်လာပြီး

- မိန်းမတွေအတင်းတုပ်မနေကြနဲ့ သခင်ကြီးကြားရင် အကုန်လုံးခေါင်းပြတ်နေမယ် လုပ်စရာရှိတာလုပ်ကြစမ်း

ထိုအခါမှပဲလူစုခွဲသွားတော့တယ်။_____

Tee ရဲ့ ခန္ဓာကိုယ်ကို‌ေဝ့ပတ်ပြီးကြည့်နေလိုက်တာ Perth တို့များ

- ဟေ့ကောင် သူငယ်ချင်းမင်းဘာမှမဖြစ်ဘူးနော် ငါ့မှာတော့ ဟိုဆိုက်ကိုမာဖီးယားကောင် ငါ့သူငယ်ချင်းလေးကို မင်္ဂလာဆောင်မယ်ဆိုပြီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ထင်နေတာ

- တော်စမ်းပါကွာသူ့ရဲ့အကြောင်းနဲ့မပြောစမ်းပါနဲ့ စိတ်ပျက်လို့ ငါ့ကိုသာစုံစမ်းပေးစမ်းပါ Lily ဘယ်လိုသေရတာလဲ သူ့ရဲ့ချစ်သူကဘယ်သူလဲ။ သူကရော ဘာလို့ငါ့နာမည်ကိုရေးပြီးတော့ ချောက်ချရတာလဲဆိုတာသိချင်တယ်။

- အေးပါ ငါအတတ်နိုင်ဆုံးကူညီပေးမယ်ဖရန့်။ မင်းသာသတိနဲ့နေ

- အေးပါ

____

Dew နဲ့ သူ့လက်ထောက် Pop အလုပ်ခန်းတွင်

- ဒီနေ့ဘာထူးသေးလဲ -ဘာမှမထူးပါဘူး Boss သူ့အရင်လိုပဲclubသွားပါတယ် အလုပ်ဆင်းချိန်ကျရင်ပြန်ပါတယ်။- သူ့ကိုစောင့်ကြည့်ထားလိုက် မူမမှန်တာရှိရင်ငါ့ကိုပြော။- yes boss

Teeradech လူလေးက လက်တောက်လောက်နဲ့ ဘယ်လောက်ထိသည်းခံနိုင်မလဲကြည့်တာပေါ့။ သေပြီသာမှတ် (သူ့ရဲ့အလုပ်စားပွဲပေါ်က မောင်နှမနှစ်ယောက်ဓာတ်ပုံလေးကိုကြည့်ပြီးပြောလိုက်တယ်။)

______

Dew အခန်းထဲဝင်လာတော့ Tee ကမသိယောင်ဆောင်နေပြီး ကွန်ပျူတာရှေ့မှာထိုင်ကအလုပ်လုပ်နေတယ်။

- ဟိုကောင်လေး ခဏလာအုံး

Tee အတော်လေးခံပြင်းသွားတယ်။ သူဟာလူတကာလေးစားရတဲ့လုပ်ငန်းရှင်တစ်ယောက်ပါ ဘာကိစ္စ ဟာ ဒီလူကတော့ ‌တောက်ခ်

- ဒီမှာ ငါ့မှာနာမည်ရှိတယ်

- အော် ဟုတ်လား ငါက မင်းရဲ့နာမည်ကိုလူသတ်သမားလို့ထင်နေတာ

- မင်း အဲ့အကြောင်း လာပြန်ပြီလား ငါ့ကိုယုံစမ်းပါ ငါမသတ်ဖူးလို့

- ဟင်း

Dew ကမဲ့ပြုံးပြုံးပြီး

- ထားပါ လာခဲ့ ငါ့နားကို

မလာရင် သူ့အမေနဲ့ပတ်သက်ပေးချိန်းခြောက်အုံးမှာဆိုတော့ Tee မကျေနပ်ပေမဲ့ ခေါ်တော့လည်းသွားရပါတယ်

- ဘာလဲ

- ငါအိပ်တော့မယ်

- အိပ်ပါလား ကိုယ့်ဘာကိုယ်

Tee ကိုမုန်းတယ်သာပြောတာ အခန်းတော့ခွဲမအိပ်ပါ။ Tee ထွက်ပြေးသွားမှာစိုးလို့ ညအိပ်တောင် လက်ကို သံကြိုးနဲ့ချည်ထားသေးတယ်။ သူ့ကိုထိဖို့နေနေသာသာ မြင်တာနဲ့ ပထွေးမုန်းမုန်းနေတာကိုပဲ Tee ကျေးဇူးတင်ရမလိုပင်

- ငါ့ကိုနှိပ်ပေး ခေါင်းကိုက်လို့

- ဘာ ဒီအိမ်မှာခိုင်းတဲ့သူတွေဒီလောက်ပေါနေတာ ငါမင်းကျွန်မဟုတ်ဖူး

- မင်းကငါ့မိန်းမလေ

- ခွေးစကားတွေမပြောနဲ့ သေတောင်မလုပ်....

- အေးလေ ရပါတယ် မင်းကဒီလိုဆိုတော့လည်း ငါကမင်းအ‌ေမကို

မကြာပါဘူး Tee ရဲ့လက်လေး သူ့ခေါင်းပေါ်ရောက်လာတယ်။ လက်ကတော့ပေါက်သား မဆိုးဘူး။ သူရေချိုးထားတယ်ထင်တယ် ဆပ်ပြာနံ့ သင်းသင်း‌ေလးပါရ‌ေနတာ

- ရပြီလား နည်းနည်းကြာနေပြီ

Tee စကားစတော့မှ သူ့အတွေးကမ္ဘာထဲကရပ်တန့်ကာ

- ပခုံး ကျန်သေးတယ် လက်ကော ခြေထောက်ရော ဟိုနားလေးကဆေးboxထဲမှာ ဆေးဗူးယူပြီး နှိပ်ပေး ငါအနားယူမယ်

Dew ကတော့ ပြောချင်ရာပြောပြီး လှဲသွားပြီ Tee ကတော့ ထိုလူမျက်လုံးပိတ်ထားတဲ့အချိန်တိုင်း ဓားနဲ့ထိုးသတ်ပစ်ချင်တာအသေပဲ အမေ့မျက်နှာကိုမြင်နေလို့သာကုန်ပါပြီ ငါ့သိက္ခာတွေ မာနတွေ သူလိုလူကိုနှိပ်ပေးနေရတယ်တဲ့Dew တစ်ယောက် Tee ဘာကိုတွေးနေလဲဆိုတာသိသလိုပဲ ပြုံးလိုက်ပြီး ကျေနပ်နေပါတယ်။ Dew စိတ်ထဲမှာတော့ဒေါသ မီး တောက်ကာ Teeradech မင်းတစ်ဘဝလုံး ရှင်လျက်သေစေရမယ်။ မပျော်ရွှင်စေရဘူး။ ငါ့ညီမလို မင်းထပ်တူခံစား‌ေစရမယ်။ ဟား ဟား ဒါအစပဲရှိသေးတယ်

3.8К1310

There are no comments yet. Log in to be the first to leave a review!

Similar stories