Fanfics

3 ကျားနဲ့ယုန်ပေါက်လေး

19:39, 21 September 2025

Tee အလောတကြီးအောက်ထပ်ကို‌ေပြးဆင်းလာခဲ့တယ်။ အမောတကောနဲ့ အိမ်ရဲ့ပတ်ပတ်လည်ကိုလိုက်ကြည့်နေတာ

- အကိုလေး ဘယ်သူ့ကိုရှာတာလဲ

အနီးအနားကအိမ်အကူဝန်ထမ်းမလေးတစ်ယောက်ကမေးလိုက်တယ်။

- ခွန်ဝစ် သူတို့ပြန်သွားပြီလား။ - ဟုတ်ကဲ့ သခင်ကြီးနဲ့အပြင်ပြန်ထွက်သွားပါတယ် အရေးကြီးကိစ္စရှိလို့လားမသိဘူး။ - အော် ရပါတယ် ထားလိုက်ပါ ဘာမှမဟုတ်တော့ပါဘူး လုပ်စရာရှိတာဆက်လုပ်ပါ- ဟုတ်ကဲ့

အဲ့နေ့ညကသူအိပ်မပျော်ပါ။ မနက်လင်းတော့ မနက်စာစားတဲ့စားပွဲဝိုင်းမှာ Dew ရယ် သူရယ် သူကအရင်စကားစလိုက်တယ်။

- ခွန် ကျတော်မေးစရာရှိတယ် မနေ့ကလူကိုဘာဖြစ်လို့ ခွန်နဲ့အလုပ်လုပ်ဖို့ဖိတ်ခေါ်လိုက်ရတာလဲ။ သူကရော ခွန်ကမာဖီးယားဆိုတာသိလား။ အဲဒီဟိုတယ်က လုပ်ငန်းဗန်းပြဆိုတာရော သိထားလား။ ဘယ်လိုတွေခြိမ်းခြောက်လိုက်လို့ဒီလိုလာလုပ်နေတာလဲ။ ဘာမကောင်းတဲ့အကြံတွေကြံနေတာလဲ။ ဟင်

အရင်ရက်ကသူ့ကိုစကားအကောင်းမပြောဘဲ ဒီနေ့ကျမှစကားတွေအများကြီးပြောနေတဲ့အပြင် ခွန်ဝစ်နဲ့ ပတ်သက်တာတွေချည်းဖြစ်နေတော့ Dew စိတ်ထင့်သွားကာ

- မေးခွန်း‌ေတွကများလှချည်လား။ ငါမင်းကိုမေးခွန်းမေးဖို့အတွက် ခေါ်ထားတယ်မှတ်နေတာလား။ ငါလုပ်တဲ့အတိုင်းကို ဒီဟာလုပ်တယ်ဆိုရင်ဒီဟာလုပ်တယ် ဟိုဟာလုပ်တယ်ဆိုရင်ဟိုဟာလုပ်တယ်။ ကောင်းတယ်ဆိုးတယ် ငါပဲဆုံးဖြတ်မယ်မင်းဝင်မပါလို့မရဘူးလား။ ပြီးတော့မင်းကသူ့ကိုဘာကိစ္စစိတ်ဝင်စားနေရတာလဲ။ မင်းသူနဲ့သိလို့လား။မင်းသိထားတာရှိရင်ငါ့ကိုပြော

Dew က မျက်နှာထားတင်းတင်းနဲ့မေးလိုက်တာမလို့ Tee ကခပ်လန့်လန့်ဖြစ်သွားပေမဲ့ အတတ်နိုင်ဆုံးဟန်ဆောင်ပြီးတော့

-  ခင်ဗျားကကောင်းတဲ့သူမှမဟုတ်တာ နောက်ထပ် ဘာလုပ်ရပ်တွေလုပ်နေလဲဆိုတာကို ဘယ်သူ့ကိုသတ်ဖို့ကြံနေလဲဆိုတာကိုမေးကြည့်တာလေ

Dew လည်း ဘာမှပြန်မပြောတော့ဘဲနဲ့အစားကိုသာစားနေပါတယ်။ သူအခုမှ အစာစားနေတဲ့ Tee ရဲ့ မျက်နှာကိုသေချာကြည့်မိတယ်။

(ချစ်စရာလေးပါလား မျက်နှာအစိတ်ပိုင်းတစ်ခုလုံးကပြောစရာမရှိအောင်ပြည့်စုံတယ်  ဖြူစင်သန့်ရှင်းတဲ့အကြည်ဓာတ်လေး)

- ဒီမှာ ကျနော့်မျက်နှာမှာပေနေလို့စိုက်ကြည့်နေတာလား။

Tee စကားပြောမှ သူသတိပြန်ဝင်လာကာ အကြည့်လွှဲလိုက်ပြီး ကော်ဖီတငုံသောက်လိုက်ပါ‌ေတာ့တယ်။

_______

Tee က တစ်ကိုယ်လုံးလုံခြုံအောင်ဝတ်ထားပြီး mask လည်းတပ်ထားကာ clinic အထဲကိုဝင်လာတယ်။ အပြင်မှာတော့အ‌ေစာင့်တစ်ယောက်ကျန်ခဲ့တယ်။ clinic အခန်းထဲကို treatment ယူမဲ့သူပဲ ဝင်ရမယ်ဆိုလို့ dew ခိုင်းထားတဲ့အစောင့်က ကျန်ခဲ့ရတာပင်။ Tee ကလည်း သူ့ကိုယုံအောင် လက်ကိုင်ဖုန်းရော အိတ်ကောအစောင့်ကို ပေးခဲ့လိုက်တယ်။ ဒီအချိန်မှာသူတွေးနေတာတစ်ခုက အဆင်ပြေဖို့ပါပဲ။ Dew မသိဖို့ဆိုရင် ပိုမှန်မယ်။ မကြာပါဘူး အခန်းထဲရောက်လာပြီ။ Perth ကထွက်လာပြီး

- ဒီ clinic က ငါ့မိတ်ဆွေပိုင်တာ လုံခြုံစိတ်ချလို့ရတယ် ငါဒီနားကနေ စောင့်နေမယ် အတွင်းခန်းထဲမှာသူရှိတယ် သူငယ်ချင်းငါမင်းအတွက်အဆင်ပြေအောင်လုပ်ပေးထားတယ်

Perth ကသူ့ပခုံးကိုပုတ်လိုက်တယ်။

- ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ ဒီလိုတွေအကူအညီတောင်းရလို့လဲအားနာပါတယ် - ရပါတယ် မင်းကငါ့သူငယ်ချင်းပဲ

အကြောင်းကတော့ Perth ကိုသူ လွန်ခဲ့တဲ့ရက်က message ပို့ပြီး အကူညီတောင်းထားတာ

- Ai Perth ငါမထင်မှတ်ဘဲ‌ေမျာက်ဝံနဲ့ပြန်တွေ့တယ်။ သူက ကျား(dew)နဲ့ အလုပ်တွဲလုပ်မယ်တဲ့။ ငါတိရစ္ဆာန်ဥယျာဉ်ကိုသွားချင်တယ်။ ကျားဘက်ကသိလို့မဖြစ်ဘူး။ ကူညီပါ။ - အိုခေ Ai Tee ငါအားတဲ့နေ့မင်းကိုလိုက်ပို့မယ် စိတ်ချ စုံစမ်းကြည့်ဦးမယ်

Perth လည်းခက်ခက်ခဲခဲလှုပ်ရှားထားရတာပင်။_______

Tee ရင်ခုန်စွာနဲ့ပဲ အတွင်းခန်းရဲ့ တံခါးလက်ကိုင်လုံးကိုလှည့်ပြီး အထဲကိုဝင်သွားခဲ့တယ်။ အဲကွန်းကသိပ်မအေးပေမယ့်သူ့လက်တွေက ပိုပြီးအေးစက်နေတယ်။ မကြာခင် သူအကြည့်တစ်ခုနဲ့ ဆုံတွေ့လိုက်တော့

- Tee လာလေ ထိုင်

သူမကြားရတာကြာပြီဖြစ်တဲ့အသံလေး အချိန်အကြာကြီးလွမ်းဆွတ်တမ်းတနေခဲ့တဲ့အသံလေးပါသူဆိုဖာခံုပေါ်ထိုင်ချလိုက်တယ်။ တစ်ဖက်လူကလည်း သူ့ကိုစိုက်ကြည့်နေတုန်းပဲ။ သူစပြီးစကားပြောရပါတော့မယ်

- မတွေ့တာကြာပြီ နေကောင်းတယ်မလား- ကို နေကောင်းပါတယ် ကိုယ်အရမ်းအံ့ဩသွားတယ် Tee က သူငယ်ချင်းကနေတဆင့် တွေ့ဖို့ကိုဆက်သွယ်လာလိမ့်မယ်လို့မထင်လို့လေ။- omm ဟိုနေ့ကအိမ်မှာ - သူနဲ့အဆင်ပြေရဲ့လား သူနဲ့နေရတာ ပျော်လား

Tee ပြန်မဖြေမိပါ။ မျက်ဝန်းတွေက အောက်ကိုစိုက်ကြည့်နေပြီး လက်ဖဝါးတွေက အချင်းချင်းပြန်ပွတ်သပ်နေတယ်။

- Tee- အကို

မခေါ်တာကြာပြီဖြစ်တဲ့ စကားလေးတစ်ခွန်းTeeနှုတ်ကနေ အလိုလိုခေါ်ထွက်မိတယ်။

- ပြောလေ Tee- ဘယ်တုန်းကပြန်ရောက်တာလဲ- တစ်လလောက်ရှိပြီ- အော်- ပြန်ရောက်တုန်းကဆက်သွယ်မလို့ပေမယ့် အလုပ်တွေရှုပ်နေမယ်ထင်လို့မဆက်သွယ်မိဘူး- အော်- မထင်ထားဘူး ကိုယ့်ကိုအလုပ်ကမ်းလှမ်းတဲ့သူနဲ့ အဆက်သွယ်ရှိနေမယ်ဆိုတာ- သူ့အကြောင်းဘယ်လောက်သိထားလဲ - ဘာကိုလဲ ခွန် Dew လား- omm- သူကအလုပ်လုပ်တဲ့နေရာမှာပြတ်သားတယ်။ လူကောင်းတစ်ယောက်ဖြစ်မဲ့ပုံပါပဲ။ ကိုယ်လည်းတော်ရုံဆိုရင်အလုပ်လုပ်ဖို့လက်မခံမိဘူး သူနဲ့ကျတော့ ရေစက်ပါလို့လားမသိဘူး။

Tee သူ့ကို မျက်လုံးချင်းဆုံပြီးကြည့်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းတွေက စကားတွေအများကြီးပြောနေပါတယ်။

- Tee ဒီနှစ်တွေအတွင်းမှာအဆင်ပြေရဲ့လား။ - ပြေပါတယ်။- လက်စွပ‌်‌ေလးကလှတယ်နော်- အကို အဲဒီနေ့ကဘာလို့မသိချင်‌ေယာင်ဆောင်နေတာလဲ- အစက နှုတ်ဆက်မလို့ပါဘဲ ဒါပေမဲ့မင်းက ကိုယ့်ကိုမမှတ်မိဘူးထင်လို့ပါ- omm မှတ်မိပါတယ် ဒီအတိုင်းပဲ- Tee တစ်ခုခုဖြစ်နေတယ်မလား။ သူနဲ့လေ

Tee ရင်တွေကွဲပြီးငိုချပစ်ချင်လာတယ်။ နှုတ်ခမ်းဖျားတွေကတုန်ရင်လာတယ်။

- မဖြစ်ပါဘူး။ သူကကောင်းပါတယ်။ သဝန်တိုတတ်လို့ပါ- အော် ကိုယ်နားလည်ပြီ သူ့ရှေ့ရောက်ရင်ကိုယ်တို့မသိသလိုနေရမယ် မလား။ ဟား ဟား

ခွန်ဝစ်ရယ်နေတယ်။ ပြုံးပြနေတယ်။ Tee သိတာပေါ့ ဒါသက်သက်လုပ်ယူနေရတယ်ဆိုတာ။ ခွန်ဝစ်က ဆေးလိပ်ကိုမီးရှို့ပြီး နှုတ်ခမ်းဝမှာ‌ေတ့မိတော့  Tee က

- အခုထိဆေးလိပ်မပြတ်‌ေသးဘူးဘဲ- omm ဒီတစ်ခုတော့ဖြတ်လို့မရဘူး။ ကြိုးစားကြည့်သေးတယ် မအောင်မြင်လာဖူးလေ - အကိုဖြစ်ချင်တဲ့ စားဖိုမှူး တစ်ယောက်ဖြစ်လာပြီးတော့ အများကြီးအောင်မြင်နေတဲ့အတွက် ဝမ်းသာပါတယ်။ အားလည်းပေးနေမယ်။- ကိုယ့်မှာအခုအရာအားလုံးပြည့်စုံနေပြီ တစ်ခုပဲလိုနေတာ အဲ့တာဘာလဲသိလား

Tee ပြန်မပြောပါ။ ခွန်ဝစ်က Tee မျက်ဝန်းတွေကနေရှောင်ရင်း ဆေးလိပ်ကိုတစ်ချက်ဖွာထုတ်ကာ

- ကိုယ်လိုနေတာက အချစ်ပဲရှိတော့တယ်။ ဟင်း ရမယ်တော့ မထင်တော့ပါဘူး ကိုယ်ကအိုနေပြီလေ- ဟား ဟား

Tee ရော သူပါ မသက်မသာ ပြုံးလိုက်ပါတယ်။

- ဒါဆို ပြန်တော့မယ်လေ- omm ပြန်လေ ကိုယ့်ကျန်းမာရေးကိုဂရုစိုက် နေကောင်းအောင်နေ အစာလည်းများများစား

Tee ပြန်ဖို့ကျောခိုင်းထားရင်း မျက်ဝန်းတွေက ရွာချတော့မယ့်မိုးတိမ်တွေလို အုံ့မှိုင်းနေပါတယ်။ သူတံခါးလက်ကိုင်ကိုလှည့်ပြီးမထွက်ခင်မှာ

- ကိုယ့်ကိုလွမ်းနေလား Tee မျောက်ဝံကြီးကိုလေ

Tee တကယ်ငိုချမိပါပြီ။ သူကျောခိုင်းထားရက်ကြီးကိုငိုချမိပါတယ်။ ရှိုက်သံတွေပါပါလာတယ်။ နောက်ကနေ ခွန်ဝစ်ကရောက်လာပြီး သူ့ကို ဖက်ကာ

- မငိုပါနဲ့ Tee ရယ် ကိုယ်က Tee ပျော်နေတာကို မြင်ချင်တာပါ မငိုပါနဲ့ ယုန်‌ေပါက်လေးရယ်

Tee သူ့ကို ဖက်ထားတဲ့သူဆီက ရုန်းထွက်ကာ- ပြန်ခွင့်ပြုပါဦး သွားတော့မယ်

သူ clinic ထဲကနေအမြန်ထွက်လာပါတယ်။ အစောင့်တွေမရိပ်မိအောင်လည်း သူ mask ကိုပြန်တပ်ပြီး အိမ်ပြန်ပါတယ်။

_____အိမ်ရဲ့ ရေချိုးခန်းထဲမှာတော့ သူရေဗန်းကိုဖွင့်ချကာ ထိုင်ရက်ကြီး ငိုနေပါတယ်။ ရင်တစ်ခုလုံး ကွဲထွက်တော့မလိုပါပဲ။ Dew ပြန်ရောက်လာတာကြာပြီ။ ဟိုတစ်ယောက်ရေချိုးခန်းထဲကထွက်မလာတာလည်းကြာပြီ။

- ဒေါက် ဒေါက် ဒေါက် ဟေ့ မင်းအထဲမှာလား ဘာလုပ်နေရတာလဲ ဟေ့ ငါပြောတာကြားလား ဟာ ကျစ်

Dew အမြန်ပြေးပြီးအံဆွဲထဲက တံခါးသော့ယူကာဖွင့်ကြည့်တော့ ရေချိုးခန်း ကြွေပြားပေါ်မှာခွေခွေလေးလဲကျနေတဲ့ Tee သူထူပူသွားပြီး

- ဟေး မင်း သတိထားအုံး Tee Tee Teeradech  အပြင်မှာဘယ်သူရှိလဲဆရာဝန်သွားခေါ်ကြစမ်း မြန်မြန်လုပ်ကြ ကြာနေရင်အကုန်လုံးခြေထောက်တွေရိုက်ချိုးပစ်မယ်။

_____ဆရာဝန်ပြန်သွားပြီးနောက် Dew ကအိမ်ထိန်း ခေါင်းဆောင်ကို

- အန်တီဝါ ဆရာဝန်ကသူအားနည်းနေတယ်လို့ပြောသွားတယ်။ အားရှိစေမယ့်အစားအစာတွေ ပြင်ဆင်ထားပေးပါ ပြီးတော့ သူဘာကြိုက်တတ်လဲ အစားဝင်အောင် သူတောင်းဆိုတာလုပ်ကျွေးလိုက်ပါ- ဟုတ်ကဲ့

အန်တီဝါ အခန်းထဲကထွက်သွားပြီး သူ Tee ကိုကြည့်မိတယ်။ အခုလိုမျိုးအိပ်ပျော်နေတော့လည်း အပြစ်မရှိတဲ့ကလေးလေးတစ်ယောက်လိုပဲ။ မင်းသာ Lilyနဲ့ မပတ်သက်ခဲ့ရင် မင်းဘဝဒီလိုမျိုးဖြစ်မနေဘူး။ သူထဖို့အလုပ် Tee ကအိပ်နေရင်း ကယောင်ကတမ်းဖြစ်ကာ

- မသွားပါနဲ့ မသွားလို့မရဘူးလား ကျနော့်ကိုဒီတိုင်းမထားခဲ့ပါနဲ့ တောင်းဆိုတာပါ

Tee မျက်ဝန်းထောင့်က မျက်ရည်တွေကျလာတယ်။ Dew သူ့လက်နဲ့ သုတ်ပေးလိုက်မိတယ်။ စောင်ကိုအသာလေးခြုံပေးလိုက်ပြီး လက်လေးကိုကိုင်ကာ

- ဘယ်သူမှဘယ်မှမသွားဘူးအေးအေးဆေးဆေးနားတော့

Dew သူ့ကိုသူတောင်မသိလိုက်ပဲလုပ်မိလိုက်တဲ့အပြုအမူတစ်ခုကြောင့် သူ့ရင်ခုန်နေတာကိုလည်း သူသိမယ်မထင်ပါဘူး။ _____

- ဘာပြောတယ် ငွေလိုတယ်ဟုတ်လား။ Ree နင်ကလေ တကယ့်ကောင်ပဲ အခုဆို ဟိုသားမိကြောင့် စိတ်ရှုပ်ရတဲ့ကြားထဲ နင်ကတစ်မျိုး ငါလဲ ဖုံးဖိပြီးလိမ်ပေးထားတာ မတတ်နိုင်ဘူး မွေးမိတာငါ့အမှားပဲ- မာမီကလည်းအဲ့လိုမပြောပါနဲ့။ သားကမြတ်မယ်ထင်လို့ လုပ်မိတာ အဖိုးကလည်းအခုအိပ်ရာမှာလဲနေတာ ဒီငွေလေးယူသုံးတာလောက်ကတော့သူမသိလောက်ပါဘူး။ - ဟဲ့ သူမသိပေမဲ့ နင့်အဒေါ် Tee ရဲ့ အမေကငြိမ်နေမလား သူ့သားကိစ္စကြောင့်အရင်ထက်ပိုပြီးတော့ သတိထားနေတာ ငါတို့ခြေလှမ်းမှားရင်ပြီးပြီ။- ဒါဆို သား Tee ဆီကနေ ပိုက်ဆံသွားတောင်းလိုက်ရမလား။ သူ့မှာမရှိတောင် ဟိုဘဲကြီးဆီက တောင်းပေးမှာပဲ သူကသားကိုချစ်တယ်လေ သူကသနားတတ်တော့နည်းနည်းလောက်သနားစရာလုပ်ပြလိုက်ရင်ရပြီ။ ဟီး ဟီး- တော်စမ်း သူ့အကြောင်းလာမပြောနဲ့။ သူကနင့်စန်းတွေကိုပိတ်နေတာ သိလား သူရှိနေလို့ နင်က သူ့လောက်နေရာမရတာ - မာမီကလည်း - တော်တော့ Ree လာချွဲမနေနဲ့ နင်လိုချင်တဲ့ငွေကိုငါပေးမယ် ဒါမဲ့ ငါလုပ်ပေးတာကို အကျယ်ကျယ်ဖြစ်အောင်မလုပ်နဲ့ ကြားလား- ဟုတ်ကဲ့ ဒါမှတို့မာမီကွ အာဘွား- ဖယ်ပါ ကလေးမဟုတ်သူငယ်မဟုတ်

_____Tee အိမ်ထဲမှာလျှောက်ပတ်သွားနေရင်း အိမ်ကဝန်ထမ်းတွေအလုပ်ရှုပ်နေတာတွေ့တော့

- ဒီမှာ ဘာတွေလုပ်နေကြတာလဲ- မမလေး Lily ရဲ့ ပစ္စည်းတွေရှင်းနေတာပါ မလိုအပ်တဲ့ပစ္စည်းတွေကိုလွှတ်ပစ်ပြီး တချို့ဟာတွေကိုလှူလိုက်ဖို့ပါ - ဟို ကျနော်ရော ကြည့်လို့ရမလား

(သဲလွန်စတစ်ခုခုရမလားလို့သူမေးကြည့်မိတယ်)

- ဒါပေမဲ့ ဒီကိစ္စကိုသခင်ကြီးသိရင် - ရပါတယ် ကြည့်ခိုင်းလိုက် သူလည်းသူ့ရဲ့ကောင်မလေးကိုတမ်းတချင်တမ်းတလို့ရတာပေါ့။

Dew ကဝင်လာပြီး ဖြတ်ပြောလိုက်တယ်။

- ဒီမှာ ခွန် ကျနော်ကတကယ့်တရားခံအစစ်ကိုရှာပေးမလို့ - တရားခံအစစ်က မျက်စိ‌ေရှ့မှာရှိနေတဲ့ဥစ္စာကို ထပ်လိုက်ရှာနေဦးမှာလား။- ခင်ဗျား တော်ပြီ‌ဗျာ ကျနော်ခင်ဗျားကိုစကားမပြောတော့ဘူး။ ဆက်ပြောလည်းရန်ဖြစ်နေမှာပဲ

Tee ဆူဆောင့်ပြီးသာ ထွက်သွားပါတော့တယ်။

- pop - kha boss- စုံစမ်းခိုင်းတာဘာထူးလဲ- ဟုတ်ကဲ့ဗျ ကျနော်စုံစမ်းရသလောက်တော့ အကိုလေးမှာ အဲ့လို လက်ပတ်မရှိပါဘူး ပြီးတော့ သူ့visa မှတ်တမ်းထဲမှာလည်း Dubai ကိုမသ္ွားခဲ့ပါဘူး ဟိုလေ boss

Pop က အားနာနေတဲ့ပုံစံဖြစ်နေတာမို့လို့ Dew က ပြောသာပြောပါ ဘာပြောချင်တာလဲ

- အကိုလေးကိုလေ ကျနော့်အထင်ပါ သူကတကယ် သူပြောသလို မမလေးကိုမသိဘူးလို့ထင်တာပဲ။ ကျနော်တို့ လူမှားနေပြီလို့ထင်တယ်။

Dew ခဏသက်ပြင်းချပြီး အဝေးကြီးကို‌‌ေငးကြည့်လိုက်မိတော့တယ်။____

- ဒီနေ့အိမ်ကိုဧည့်သည်တွေလာဖို့ရှိတာလား။ - မရှိပါဘူးရှင့်

စားပွဲပေါ်မှာဟင်းပွဲတွေအများကြီးတွေ့လို့ Tee က မီးဖိုချောင်ကဝန်ထမ်းတွေကိုမေးလိုက်တယ်။

- ဒါဆို ဒီနေ့ပွဲတခုခုလုပ်ဖို့ရှိသလား။ - မရှိပါဘူး - ဟင်းပွဲတွေကမများဘူးလား။- ဟုတ်ကဲ့ ဒါတွေအကုန် အကိုလေး စားဖို့ပါ သခင်ကြီးက ကြိုက်တာလုပ်ပေးလိုက်လို့မှာထားတာပါ။ ဘာကြိုက်မှန်းမသိလို့အကုန်ပြင်ထားလိုက်တာ - ဟမ် - စားပါနော် အများကြီးစားမှဖြစ်မှာပါ မဟုတ်ရင်ကျွန်မတို့အကုန်အဆူခံရလိမ့်မယ်။

တစ်ဖက်ကောင်မလေးကသနားကမားမျက်နှာနဲ့ပြောလာတော့ သူလည်း

- မစိုးရိမ်ပါနဲ့ စားလိုက်ပါ့မယ်

Tee တစ်ယောက် ဟင်းပွဲတွေကများလို့ဘာကိုစစားရမှန်းတောင်မသိဘူး။ သူ့အတွေးထဲမှာတော့ ဟိုကျားကြီးက ဒါမျိုးလေးလည်းတွေးပေးတတ်တာပဲ လို့ တွေးနေလေရဲ့ သူထမင်းစားနေတာကို အဝေးကနေကြည့်ပြီး မသိမသာ ပြုံးနေတဲ့တစ်စုံတစ်ယောက်ကိုတော့ သူမမြင်ပါဘူးရှင်

There are no comments yet. Log in to be the first to leave a review!

Similar stories