Fanfics

Ep - 11

15:58, 25 December 2024

Sky ပေးထားတဲ့ ကတိအတိုင်း ပိတ်ရက်မှာ nani အိမ်သို့အလည်လိုက်ပို့ဖြစ်သည်။ သူ့အိမ်ကိုရောက်တော့ အဆိုးလေးက အမေနားကပ်ကာချွဲသည်။ အိမ်နဲ့ တစ်ခါမှ ခွဲမနေဖူးတဲ့ ကလေးဆိုတော့ sky နဲ့ ရုတ်တရက်အိမ်ထောင်ကျသွားတော့ အိမ်ကိုလွမ်းနေတာ မျက်နှာလေးကြည့်ရုံနဲ့ သိနိုင်သည်။ အခုသူ့အမေနှင့်တွေ့ရခါမှ မျက်နှာလေး ရွှင်ပြလာတော့သည်။

"ညနေ အပြန်ကျရင် အမေတို့က မင်းကိုတွေ့ချင်လို့ အိမ်ကို ခဏဝင်လာခဲ့ပါအုံးတဲ့။ "

Nani သူ့အခန်းထဲတွင် ကျန်နေခဲ့သည့် အရုပ်တွေကို အိတ်ထဲထည့်နေတုံး အခန်းဝက တံခါးကိုမှီကာ sky က လှမ်းပြောသည်။

"သိပြီ..."

"အဲ့တာဘာတွေလုပ်နေတာလဲ ..."

Nani, sky ကိုမျက်လုံးလှန်ကြည့်လိုက်ကာ...အလိုမကျသည့်လေသံဖြင့်....

"အဝတ်လျှော်နေတာ! "

"အသုံးမလိုတာတွေဆို မယူခဲ့နဲ့လေ။ လိုချင်တာရှိရင် အပြန်ကျ ကိုယ်ဝယ်ပေးမယ်။ "

"မလိုဘူး! ဒါတွေပဲယူသွားမှာ! "

  လက်တစ်ဖက်က အရုပ်အိတ်ကိုဆွဲကာ ကျန်လက်ထဲတွင်လဲ my melody လက်တစ်ပွေ့စာအရုပ်ကြီးကိုလည်းပိုက်ထားသေးသည်။ မျက်နှာလေးကို မော်ချီကာ အခန်းဝတွင်ရပ်နေသည့်sky အား ဂရုမစိုက်သည့်ပုံစံဖြင့် အောက်ထပ် သို့ဆင်းသွားတော့သည်။

အပေါ်ထပ်က nani ဆင်းလာတော့ sky ကပါ အနောက် က ကပ်လျက်ဖြင့်ပါလာသည်။

"သားသားရယ် ဘာတွေယူသွားမလို့ သယ်လာပြန်တာလဲကွယ် "

"မေမေကလဲ ဒီအရုပ်ကို nani အရမ်းကြိုက်တာ မေမေ သိသားနဲ့။ ဟိုတစ်ခါထဲကထည့်ပေးလိုက်တုံးက nani ကြိုက်တဲ့အရုပ်တွေမှမပါတာ။ "

Nani အမေကသူ့သားကို အသည်းတယားယားဖြင့် ကြည့်ပြီး နောက်တွင်ရပ်နေသည့် sky အားကျော်ကြည့်လိုက်ကာ...

"သားsky ရေအဲ့ဒီ့အရုပ်က သူငယ်ငယ်ကလေးတည်းက သူ့အစ်ကိုdewပေးထားတာမလို့လေ သားသားကအရမ်းသဘောကျတာ "

Sky မျက်နှာတွင် အလိုမကျမှုတို့အထင်းသားပေါ်လာရပြီး၊ nani လက်ထဲတွင်ပွေ့ထားသည့် အရောင်အနည်းငယ်နွမ်းသယောင်ရှိနေသည့် အရုပ်လေးကိုကြည့်နေပုံမှာ နဂါးသာဆို အရုပ်ကလေးမှာ ပြာကျသွားလောက်ပြီ။

Nani အမေမှာလည်း ရုတ်တရက်ကြီး မျက်နှာမကောင်းတော့တဲ့ sky ကြောင့် ဘာလုပ်ရမှန်းမသိတောင်ဖြစ်သွားရသည်။ သူမ များစကားမှားပြောလိုက်မိသလားမသိပါ။

"ညနေတောင်စောင်းတော့မယ်ဆိုတော့ ညစာစားပြီးမှပြန်ကြပါလား။ "

"အားနာပါတယ်။ အိမ်က wedding ပြီးထဲကသီးသန့်မတွေ့ရသေးတာမလို့လာတွေ့ဖို့ခေါ်ထားလို့ ပါ အန်တီ။ နောက်တစ်ခေါက်မှအေးဆေးလာခဲ့ပါ့မယ်။ "

"အေးပါကွယ်။ အဲ့တာဆိုလဲ နောက်မကျခင် သွားကြတော့လေ။ "

"မေမေ nani နောက်တစ်ခေါက်ထပ်ပြီးလာလည်မယ်နော်။ "

"အင်းပါ။ သားသား ကျန်းမာရေးဂရုစိုက်နော်။ "

"ဟုတ်။ nani သွားပြီနော် မေမေ။ "

မေမေက အိမ်ရှေ့က ကားပေါ်တက်တဲ့အထိလိုက်ပို့သည်။ ခြံထဲမှကားလေးထွက်သွားတဲ့အထိ ကားမှန်က ခေါင်းလေးထွက်ကာ မေမေအား နှုတ်ဆက်လိုက်သည်။

ကားမောင်းနေသည့်တစ်လမ်းလုံး ကားထဲတွင်လေထုက ငြိမ်သက်နေသည်။ အရင်လို nani အားစကားတွေရေပတ်မဝင်ပြောတတ်သည့် sky မှာ အခုတော့ မျက်ခုံးတန်းထူထူတို့ကို တွန့်ချိုးထားကာ တိတ်ဆိတ်လို့နေသည်။ nani အရုပ်ကလေးကိုပိုက်ထားပြီး sky အားခိုးကြည့်မိသည်။ nani ကြည့်နေပေမယ့် sky သည် nani အားတစ်ချက်ပင်လှည့်မကြည့်လာပါ။

Sky အမေ၏ခြံဝန်းထဲတွင် ကားရပ်လိုက်သည်နှင့် sky ၏အမေက အိမ်ပေါက်ဝတွင်ထွက်ကြိုသည်။

"လာ ကလေး မေမေကမျှော်နေတာ။ "

ကားပေါ်ကဆင်းလာသည့် nani ၏လက်ကလေးကိုဆွဲကာ အိမ်ထဲကိုခေါ်သည်။

"Wedding ပြီးကတည်းက မေမေကတွေ့ချင်နေတာ။ sky အားတဲ့ရက်ကိုစောင့်နေရတာ။ "

Sky အမေက ဆိုဖာပေါ်တွင် လက်ကြီးပိုက်ကာ မှုံကုပ်ကုပ်ဖြင့် ထိုင်နေသည့် sky အားမျက်စပြစ်ပြကာပြောသည်။

"သားလေး စားချင်တာရှိလား။ မေမေလုပ်ပေးမယ်။"

"ရပါတယ်ဗျ။ nani ဗိုက်မဆာသေးပါဘူး အန်...တီ "

"အန်တီ တွေဘာတွေလုပ်မနေပါနဲ့။ မေမေလို့ပဲခေါ် "

"ဟုတ်..ဟုတ်ကဲ့။ မေမေ "

"ချစ်စရာကောင်းလိုက်တာ..."

Sky ၏ အမေက nani ၏ပါးလေးနှစ်ဖက်ကိုဖွဖွလေးဆွဲကာ ချစ်စရာကောင်းကြောင်းပြောသည်။ဒါကြောင့်လဲ သူမသားက သည်းသည်းလှုပ်ဖြစ်နေတာနေမှာ။

nani, sky အား ခိုးကြည့်လိုက်တော့ မျက်မှောင်ကြီးကြုံ့ကာ nani တို့၂ယောက်ကိုကြည့်နေတာကြောင့် အမြန်အကြည့်လွှဲလိုက်ရသည်။

Sky ၏အမေမှာလည်း စရောက်လာထဲက မျက်နှာကြီးမှုံကုပ်နေတဲ့ မိမိရဲ့သားဖြစ်နှင့် သူမနှင့်သာ စကားပြောနေပေမယ့် မိမိသားဖြစ်သူကို တစ်ချိန်လုံးခိုးကြည့်နေသည့် မိမိသားမက်ကလေးကြောင့် ဒီနှစ်ယောက်စိတ်ဆိုးနေကြတာဖြစ်မည်ထင်သည်။

တည်တင်းနေသည့် မိမိသား၏မျက်နှာကြောင့် naniလေးမှာ မျက်နှာလေးမသာမယာဖြစ်လာတော့သည်။ မကြည့်ရက်တဲ့ သူမကပဲ nani လေးအာရုံလွှဲသွားအောင်လုပ်ရတော့သည်။

"ဒီအိမ်ကိုအခုမှရောက်ဖူးတာဆိုတော့ သားကို မေမေအိမ်အနှံ့လိုက်ပြမယ်လေ။ လာ မေမေနဲ့ လိုက်ခဲ့ "

Sky ၏ မေမေ nani ကို ပထမဆုံးခေါ်သွားမိတာက sky ငယ်ငယ်တုံးကနေခဲ့သည့် အခန်းလေးပင်။

"ဒါက sky ငယ်ငယ်ကနေတဲ့အခန်းလေ။ "

Nani အခန်းလေးကိုလှည့်ပတ်ကြည့်မိတော့ sky အရင်က သုံးခဲ့သည့်ပစ္စည်းလေးတွေမှာ နေရာတကျကလေးရှိနေကာ သပ်သပ်ရပ်ရပ်ကလေးဖြစ်နေသည်။

"လာ ထိုင်။ မေမေ skyငယ်ငယ်ကပုံလေးတွေပြမယ်။ "

Nani အားကုတင်အစွန်းလေးတွင်ထိုင်စေကာ ဘီရိုထဲတွင်ရှိနေသည့် ဓာတ်ပုံထည့်ထားသည့်albumလေးကို ထုတ်လာကာ nani ၏လက်ထဲတွင်ထည့်ပေးလာသည်။

Sky ငယ်ငယ်တုံးက ပါးဖောင်းဖောင်းကလေးနှင့် ပြည့်ပြည့်ကလေးဖြစ်ကာချစ်စရာကောင်းလှသည်။ဓာတ်ပုံတိုင်းလိုလိုတွင် နားရွက်ကားကားကလေးနှင့်သွားတန်းဖွေးဖွေးကလေးများပေါ်အောင် ပြုံးနေသေးသည်။ nani ဓာတ်ပုံလေးတွေအကုန်လုံးကိုကြည့်ရင်း သဘောတကျပြုံးမိသည်။ နောက်ဆုံးဓာတ်ပုံကလေးသို့ အရောက် nani သွားတန်းဖွေးဖွေးလေးတို့ပါ ပေါ်အောင်သဘောတကျပြုံးနေသည်မလို့ sky ၏မေမေကတောင် သတိထားမိသွားသည်။

"မေမေ nani ဒီပုံလေးကို သိမ်းထားလို့ရလားဟင်..."

Nani ပြသည့်ပုံကလေးကိုကြည့်ပြီး sky၏မေမေပါသဘောတကျပြုံးမိသွားသည်။

"ဒါက သား မူလတန်းတုံးကပုံလေးလေ။ skyက ဒီပုံကိုပြပြီး စရင်အရမ်းစိတ်ဆိုးတာ။ အဲ့တာကြောင့် album ရဲ့နောက်ဆုံးမှာထားထားတာသာကြည့်တော့..."

Sky၏ မေမေကဓာတ်ပုံလေးကို ကိုင်ထားရင်း ရယ်သံတစ်ဝက်လွှမ်းကာပြောလာသည်မလို့ nani လည်းသဘောတကျပြုံးလိုက်သည်။

"သား သိမ်းထားချင်တယ်ဆိုယူထားလိုက်လေ။ "

"ဟုတ်မေမေ။ "

"ဒါဆို အခန်းထဲမှာရှိတာလေးတွေလိုက်ကြည့်နေအုံးနော်။ မေမေသားတို့ညစာတစ်ခါတည်းစားသွားဖို့ ထမင်းဝိုင်းပြင်လိုက်အုံးမယ်။"

"ဟုတ်ကဲ့ "

Sky ၏မေမေ အခန်းတံခါးလေးကို အသာစိကာ အပြင်သို့ရောက်တော့ လှေကားထိပ်တွင်မှီကာ မတ်တပ်ကြီးရပ်နေသည့်သားဖြစ်သူကြောင့် လန့်တောင်လန့်သွားရသည်။ ဘယ်အချိန်ကတည်းကရပ်စောင့်နေလည်းမသိဘူး။

မျက်နှာကြီးစူပုပ်ကာရပ်နေသည့်Sky အနားသို့ကပ်ကာ ခပ်တိုးတိုးမေးရတော့သည်။

"ဟိုကလေးနဲ့ စိတ်ဆိုးနေတာလား။ ရောက်လာထဲက ဆူပုတ်နေတာပဲ ဘာဖြစ်ထားကြတာလဲ။ "

"ဘာမှမဖြစ်ပါဘူး.... "

ပါးစပ်ကသာ မဖြစ်ဘူးပြောတာ မျက်နှာကဆူပုတ်နေတုံး။

"မဖြစ်ဘူးလုပ်မနေနဲ။ ဟိုကလေးက မင်းမျက်နှာကိုကြည့်ပြီး မျက်နှားလေးပျတ်နေတာနော်။ စိတ်ဆိုးရတဲ့အကြောင်းအရာက ကြီးကြီးမားမားမဟုတ်ရင် သွားပြန်ခေါ်လိုက်။ သားကအကြီးပဲကလေးကို ကောက်မနေပါနဲ့။ "

"အမေကဗျာ..."

Sky ရှက်ရှက်နှင့် အရှေ့ကအခန်းထဲကိုသာဝင်သွားလိုက်သည်။ ရှက်ရမ်းရမ်းကာ အခန်းထဲဝင်သွားတဲ့ သားဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်မိသည်။ အလကား နေနိုင်တာလဲမဟုတ်ဘဲ ကလေးကိုစိတ်ကောက်နေတာ။ စိတ်သာကောက်တာ သူ့ဟာလေးကိုစိတ်မချဖြစ်ပြီး အခန်းရှေ့လာစောင့်နေတာဘယ်အချိန်ကတည်းကမှန်းမသိဘူး။ လူပျိုကြီးတွေအိမ်ထောင်ကျတော့လဲ ကဲသဲနေလိုက်တာများမပြောချင်တော့ပေ။

...

"ဘာလုပ်နေတာလဲ... "

တံခါးလည်းမခေါက်ဘဲ အခန်းထဲဝင်လာကာ ရုတ်တရက်ကြီးထွက်လာတဲ့ sky ရဲ့အသံကြောင့် ဓာတ်ပုံကိုကြည့်နေတဲ့ nani မှာကိုယ်လေးတုန်ကာ လန့်သွားရသည်။

Nani အနားသို့ တိုးကပ်လာသည်မလို့ လက်ထဲတွင်ကိုင်ထားတဲ့ပုံလေးကို sky မြင်မှာဆိုး၍ကျောအနောက်သို့ ဖွက်လိုက်မိသည်။

"ဘာ...ဘာမှမလုပ်ပါဘူး..."

စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ အနောက်တွင်တစ်ခုခုဖွက်လိုက်ပုံရတဲ့ nani ကြောင့် sky သံသယတို့ဝင်လာရသည်။

"အနောက်မှာဘာဖွက်လိုက်တာလဲ..."

"ဘာမှမရှိဘူး...ဘာမှမဖွက်ပါဘူးဆို..."

"ဟုတ်လို့လား... "

လက်ကိုအနောက်တွင်သာဖွက်ထားသည့်သူကြောင့် sky မယုံသင်္ကာဖြစ်လာကာ ကုတင်ပေါ်တွင်ထိုင်နေသည့် nani အနားသို့တိုးကပ်သွားသည်။

တဖြေးဖြေး အနားသို့တိုးကပ်လာသည့်skyကြောင့် ကုတင်အစွန်းတွင်ထိုင်နေသည့် nani မှာ ကုတင်၏ခေါင်းရင်းသို့တိုးကပ်သွားရသည်။

"ဘာတွေဖွက်ထားတာလဲ ကိုယ့်ကိုပြ..."

"မဖွက်ဘူးလို့ nani ပြောနေတာ မဖွက်ပါဘူးဆိုနော်..."

Sky ကလဲအလျော့မပေးဘဲ nani အနားသို့တိုးကပ်လာသည်မှာ ကုတင်ပေါ်တွင် လုံးလုံးလျားလျားရောက်နေပြီး nani ကိုယ်လေးပေါ်တွင်တောင် အုံ့မိုးနေမိသည်။ ခန္ဓာကိုယ်နှစ်ခုက အလွန်ပင်နီးကပ်ကာနေသည်မလို့ တစ်ယောက်၏ဝင်လေထွက်လေကိုတောင် ခံစားမိနေရသည်။ sky ၏ မျက်လုံးတို့မှာလည်း စိုရဲနေသည့် နှုတ်ခမ်းလေးအားစိုက်ကြည့်ကာနေပြီး အသက်ရှုသံတို့မှာ ပုံမှန်ထပ် မြန်ကာနေသည်။ nani ထိုအခြေအနေအားနေရခက်လာသည်ကြောင့် လွတ်နေသည့်လက်တစ်ဖက်နှင့် sky၏ ရင်ဘတ်ကြီးအားတွန်းဖယ်ပြစ်လိုက်သည်။

"မ...မဖွက်ဘူးလို့...ဖယ်...ဖယ်အုံး..."

"ငြိမ်ငြိမ်နေ..."

"မနေဘူး ဖယ်လို့...မေမေပြန်ဝင်လာရင်တွေ့သွားလိမ့်မယ်!"

"တွေ့ပါစေပေါ့ ကိုယ့်ယောက်ျားနဲ့ကိုယ်နမ်းတာပဲဘာဖြစ်လဲ "

တွေ့သွားလဲ ဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာဘေးနဲ့ sky ကြောင့် nani အမြင်ကပ်စွာ သူ့ရင်ဘတ်ကြီးကိုအားဖြင့်တစ်ချက်ထုပြစ်လိုက်သည်။

"ခွန်မရှက်ပေမယ့် ကျွန်တော်ရှက်တယ်! ဖယ်ပေး!"

"မဖယ်ဘူးကွာ..."

"ဖယ်ပါဆို...အွန့်..."

Nani, sky ကိုယ်ကြီးကိုတွန်းဖယ်နေစဥ် sky၏ထောက်ထားသည့် လက်မှာဟန်ချက်ပျက်စွာ ပြုတ်ကျသွားပြီး နဂိုကတည်းကနီးကပ်နေသည့်မျက်နှာနှစ်ခု၏ နှုတ်ခမ်းလွှာတို့မှာ ထပ်တူကျသွားကုန်တော့သည်။

ထိကပ်ရုံမျှ မဟုတ်ဘဲ nani ရဲ့နှုတ်ခမ်းလွှာတို့အားစုပ်ယူလာသည်မှာခပ်ပြင်းပြင်း။ သူ၏ပြင်းရှရှအနမ်းတို့အောက်တွင် naniမှာ ရုန်းကန်သော်လည်းမလွတ်မြောက်နိုင်ပေ။

"အ့..."

ဘာကိုမကျေနပ်နေမှန်းမသိပါ။ nani ၏နှုတ်ခမ်းတို့အား သွားဖြင့်ပါဖိကိုက်ပြစ်နေသည်။ ဖိကိုက် ခြင်းအားခံလိုက်ရသည့်နှုတ်ခမ်းသားနုနုတို့မှာပေါက်ပြဲသွားပြီး သွေးများစိမ့်ထွက်လာသည်။ စိမ်းထွက်လာသည့် သွေးများအား တစ်စက်မကျန်အောင် စုပ်ယူပြစ်သည်မှာ နူးနူးညံ့ညံ့။ စုပ်ယူနေသည့်သွေးများကုန်သွားခါမှ နှုတ်ခမ်း လွှာတို့အား အပေါ်အောက်တစ်လှည့်စီ ဖွဖွကလေးစုပ်ယူသည်။

ကြမ်းတမ်းလိုက် နူးညံ့လိုက်နဲ့ သူ့ကို nani နားမလည်နိုင်တော့ပါ။ နူးညံ့လာသည့် သူအနမ်းတို့အောက်တွင် nani ပျော်ဝင်သွားရကာ သူ့အနမ်းတို့အားပြန်လည်တုံ့ပြန်လာမိသည်။ nani သူ့အနမ်းတွင် လိုက်ပါစီးမြောနေမိတုံး sky, nani ကျောအောက်တွင်ဖွက်ထားသည့် ဓာတ်ပုံကလေးအား ဆွဲယူပြစ်လိုက်ကာ အနမ်းတို့ကို ရပ်တန့်ပြစ်လိုက်သည်။

Nani အနမ်းတို့တွင်ပျော်ဝင်ကာတုံ့ပြန်နေသည့်အချိန်မှ sky အခွင့်ကောင်းယူကာဓာတ်ပုံကိုဆွဲယူပြစ်တာဖြစ်သည်။ nani မှာသာ သူ့အနမ်းတို့ကြားကြောင်တောင်တောင်ကလေးဖြစ်နေကာ အိပ်ယာပေါ်တွင်ပက်လပ်ကလေးဖြစ်နေပြီး ဓာတ်ပုံအား ပြန်လုရန်လည်းသတိမရမိတော့ပေ။ sky လက်ထဲတွင်ပါလာသည့် ဓာတျပုံကိုကွညျ့မိတော့ မိမိငယ်ငယ်ကပုံဖြစ်နေသည်ကြောင့်...

"ဟာ...အမေကတော့ကွာ..."

"ဓာတ်ပုံကိုပြန်ပေး..."

"မပေးဘူး! ဒီပုံကိုဘာလုပ်ဖို့လဲ လိုချင်ရင်အခြားပုံတွေ ကိုယ်ပေးမယ်ကွာ"

"ပေးလို့ပြောနေတယ်နော် အဲ့တာပဲယူမှာ nani မေမေဆီကတောင်းထားတာ..."

"မေမေပေးလဲ ကိုယ်မပေးဘူးကွာ..."

"ခွန် တကယ်မပေးဘူးလား..."

မျက်နှာလေးက ရဲနေကာ တကယ်ကိုဒေါသထွက်လာသည့် ပုံမလို့ skyမှာ ရယ်ရခက်ငိုရခက်ပေ။

"ဒီပုံကြီးကကွာ..."

"ခွန်!"

ဆူဆူအောင့်အောင့်နှင့်အော်လိုက်သည့် အသံကလေးကြောင့် sky မှာ မျက်စိစုံမှိတ်ကာ လက်ထဲက ပုံအား သူ့အလိုကျပေးလိုက်ရသည်။အဲ့ဒီ့တော့မှလိုချင်တာရတဲ့ကလေးလို မျက်နှာလေးရွှင်ပြသွားသည်။

"သားလေးရေ မေမေထမင်းဝိုင်းပြင်ပြီးပြီ "+

"ဟုတ်ကဲ့ လာပါပြီဗျ..."

"Sky ရောတစ်ခါတည်းလိုက်လာခဲ့..."

Nani ဓာတ်ပုံလေးအား သူ၏အိတ်အသေးလေးထဲတွင် သေချာထည့်သိမ်းကာ မေမေခေါ်သည့် အနောက်သို့လိုက်သွားလိုက်သည်။ sky ကတော့ အရှေ့မှ တစ်ယောက်ကိုတစ်ယောက်ဖတ်ကာထွက်သွားသည့်၂ယောက်ကိုကြည့်ပြီးခေါင်းသာခါမိသည်။ သူများတွေမြင်ရင် sky ကိုမွေးစားသားလို့ထင်အုံးမှာပင်။

ညစာစားသည့် စားပွဲဝိုင်းတွင် nani နှုတ်ခမ်းပေါက်သွားသည်ကိုမေ့ကာ အစပ်စားမိလိုက်ကြောင့် နှုတ်ခမ်းက စပ်သွားရသည်။

"အ့..."

"သားလေး အဆင်ပြေရဲ့လား။ နှုတ်ခမ်းကဘယ်လိုဖြစ်ရတာလဲ။ အစောကတောင်အကောင်းကြီးပါကွာ။ "

Nani အရှက်ပြေသာရယ်ပြလိုက်ပြီး အရှေ့ကရေခွက်ကိုသာမော့သောက်လိုက်သည်။ နောက်ပြီး nani အားစိုးရိမ်သလိုကြည့်နေသည့် sky အားမျက်စောင်းထိုးပြီးကြည့်ပြစ်လိုက်သည်။ သူမထိန်းသိမ်းနိုင်လို့ဖြစ်ရတာ။ တကယ့်အရှက်မရှိတဲ့လူ။

လူပျိုကြီးတွေများ အိမ်ထောင်လဲကျရော ကိုယ့်ဘာသာတစ်ယောက်တည်းကြိတ်စိတ်ဆိုးပြီး ကိုယ့်ဘာသာပဲစိတ်ပြန်ပြေရတာပါလား။ ဟော မထိန်းနိုင်လို့်နမ်းမိပြန်တော့လဲ စိတ်အကောက်ခံရသေးသည်။ ဘယ်မှာလဲ သူ့အတွက်တရားမျှတမှု။

~~~~~~~~~~~~~~~~25.12.24 (wed)

ထုခွန်တို့အားလုံး Merry Christmas ပါရှင်ရာသီဥတုအေးလာပြီမလို့ နွေး"ထွေး"လေးနေကြပါရှင်။ အားလုံးကျန်းမာရေးဂရုစိုက်ကြပါနော်။ mwah"

There are no comments yet. Log in to be the first to leave a review!

Similar stories