Fanfics

Ep - 12

20:37, 30 December 2024

"ညနေကျရင် ပြင်ဆင်ပြီးစောင့်နေ ကိုယ်လာခေါ်မယ်။ ညစာစားပွဲအတူတူတက်ရအောင်။ " ဆိုပြီး မနက်ထဲကပြောသွားသည့် လူကြောင့် nani မှာစိတ်လှုပ်ရှားနေရသည်။ ဒါက wedding အပြီး သူနဲ့အတူတူ တက်ရပြီး ပထမဦးဆုံးပွဲမဟုတ်လား။

ညနေ ၄နာရီလောက်ကတည်းက nani ရေချိုးကာ ပြင်ဆင်နေလိုက်သည်။ suit တွေကိုလဲ စိတ်အိုက်၍မဝတ်ချင်သည်မလို့ ဘီရိုထဲတွင်ရှိသည့် အဆင်ပြေမည့် shirt အနက်ရောင်နှင့် pant တစ်ထည်ကိုသာ ယူဝတ်လိုက်သည်။ ခါးသေးသူမလို့ shirt သည်ခါးနေရာတွင်ပွပွကလေးဖြစ်နေသေးသည်။ အသားဖြူဥနေသူမလို့ shirt အနက်ရောင်ကလေးမှာ ကိုယ်ပေါ်တွင်ထင်းထွက်လို့နေသည်။ ရိုးရိုးကလေးဝတ်ထားတာတောင် အကြည့်မလွှဲချင်အောင် သူ့နေရာနှင့်သူ အချိုးအစားကျကျလှပနေသည်။ ဆံပင်ကိုလည်း အရင်နေ့တွေကနှင့်မတူ သေချာလေးပုံသွင်းထားသေးသည်မလို့ ကလေးဆန်ဆန်လေးမဟုတ်ဘဲ တစ်မျိုးလေး သဘောကျချင်စရာဖြစ်နေတာပင်။

Nani သေချာသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ရင်း မှန်ထဲတွင် ကိုယ်လုံးကိုလှည့်ပတ်ကြည့်နေတုံး အခန်းထဲသို့ sky ဝင်လာသည်။  အခန်းဝတွင်သာ ရပ်နေကာ မှန်ထဲက naniကိုသာကြည့်နေသည်မလို့ nani ရှက်လာကာသူ့အားနောက်လှည့်မကြည့်ဘဲ မှန်ထဲကနေသာကြည့်လိုက်ပြီး......

"ခွန်...ဘာရပ်လုပ်နေတာလဲ။ နောက်ကျချင်လို့လား။ "

Sky အလုပ်ကနေ တန်းလာပုံရသည်။  nani ပြောခါမှ ချောင်းတစ်ချက်ဟန့်လိုက်ကာ

"ကိုယ် ရေအမြန်ချိုးလိုက်မယ်နော်။ ပြီးတာနဲ့သွားကြမယ်။ "

Nani အားအသိပေးကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ sky ရခှေိုူခနွးထဲဝငသွှားတော့ nani ကုတင်ပေါ်တွင်သာ ငြိမ်ငြိမ်လေးထိုင်စောင့်နေမိသည်။ ခဏကြာတော့ မှ sky က ပြန်ထွက်လာသည်။

ရေချိုးပြီးအဝတ်ပါတစ်ခါထဲလဲလာပုံရသည်။ တစ်ကိုယ်လုံးအနက်ရောင်တွေသာဝတ်လာသည့် skyအား nani ငေးခနဲဖြစ်သွားရသည်။ ပုံမှန်လဲဝတ်နေကြဆိုပေမယ့် ဒီနေ့မှ sky က တစ်ကိုယ်လုံးနက်ဆွေးနေကာ သာမာန်နေ့များထက်ပို၍ခန့်ညားကာ ကြည့်လို့ကောင်းနေသည်။

တည်ကြည်သည့် မျက်ဝန်းများ၏ အကြည့်များက nani ထံတွင်သာရှိနေသည်။ တင်းတင်းစေ့ပိတ်ထားသည့် နှုတ်ခမ်း တို့မှာ nani အားအကြိမ်ကြိမ်နမ်းရှိုက်ဖူးသည်ဟူသော အသိဝင်လာတော့ nani ၏ပါးလေးတို့မှာ ရုတ်တရက်ရဲသွားရသည်။ အဲ့တာကိုမြင်လိုက်သည့် sky က ချက်ချင်းပင် nani အနားရောက်လာကာ...ခပ်ရဲရဲဖြစ်နေသည့် ပါးပြင်လေးအား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ...

"နေမကောင်းဘူးလား။ မျက်နှာလေးရဲနေတာပဲ။ နေမကောင်းရင် ကိုယ်တို့ မသွားဘဲနေမလား။အိမ်မှာပဲ နားချင်လား။ "

စိတ်ပူကာ နှုတ်မှတဖွဖွရေရွတ်နေသူကြောင့် nani နှုတ်ခမ်းလေးတွေ ပြုံးယောင်သမ်းမလိုတောင်ဖြစ်သွားသေးသည်။ ရေချိုးပြီးကာစ မလို့အေးနေသည့် sky၏လက်အေးအေး တစ်ဖက်ကို nani အပေါ်မှထပ်ပြီး အုပ်ကိုင်လိုက်ရင်း....

"ခွန်...စိတ်မပူပါနဲ့။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ သွားရအောင်နော် နောက်ကျနေရင်မကောင်းဘူး။ "

"တကယ်ဖြစ်ရဲ့လား..."

"ကျွန်တော်တကယ် ဘာမှမဖြစ်ပါဘူးဆို..."

စိတ်မချသလိုမေးနေသည့်လူကြောင့် nani သဘောတကျ ရယ်လိုက်မိကာပြန်ဖြေလိုက်သည့်အသံကလေးမှာတောင်မှာ ရယ်သံလေးပင်စွတ်နေသေးသည်။

သွားစွယ်ဖွေးဖွေးကလေးများပေါ်အောင် ရယ်လိုက်သည့် nani အား sky အကြည့်မလွှဲမိပါ။ ဒါ nani ပထမဆုံးအကြိမ် sky နှင့်အတူရှိနေချိန်မှာ စိတ်လိုလက်ရ ပြုံးမိတာမဟုတ်ပါလား။ သဘောတကျပြုံးရယ်နေသည်မလို့ မျက်လုံးကလေးများပင်မှိတ်ကျနေသေးသည်။

လက်နှစ်ဖက်နှင့်မျက်နှာကလေးအား အုပ်ကိုင်ထားဆဲဖြစ်တာကြောင့် sky ကိုယ်ကို ငုံ့ကိုင်းလိုက်ရင်း ဆံပင်တို့ကိုပုံသွင်းထားသည်ကြောင့် ဆံစတို့ရှင်းလင်းနေသည့် နှဖူးပြေပြေလေးအား အမြတ်တနိုးထိကပ်နမ်းရှိုက်လိုက်မိသည်မှာ စက္ကန့်ပိုင်းပင်ကြာသွားသည်။

Nani, sky၏အနမ်းအား မျက်လုံးကလေးမှိတ်ကာ လက်ခံယူသည်။ပြီးခါမှ....

"ခွန်...တော်ပြီလေ။ နောက်ကျနေအုံးမယ်။"

Nani ၏အသံကလေးမှာ နူးနူးညံ့ညံ့ကလေးဖြစ်နေသည်မလို့ sky အသည်းတယားယားဖြစ်လာကာ သူ၏အောက်နှုတ်ခမ်းကိုသာဖိကိုက်လိုက်မိသည်။

"ကိုယ်နည်းနည်းလောက်နမ်းလို့ရမလား...."

စကားတို့နှင့်အတူ ကိုယ်လုံးကြီးကပါ nani အပေါ်အုံ့မိုးလာသည့်မလို့ sky ၏ ရင်ဘတ်ကြီးအား nani ပြန်တွန်းထားလိုက်ရသည်။

"မရဘူး...အင်္ကျီတွေ ကြေကုန်လိမ့်မယ် မရဘူး..."

"တစ်ခါပဲလေ ကိုယ်တစ်ခါပဲနမ်းမှာပါ..."

"မရဘူးလို့ ခွန် ပြန်လာမှလေနော် ပြန်လာမှ..."

"တကယ်ပြောတာလား...ဘေဘီ တကယ်ပြောတာနော်..."

ဘေဘီဆိုသည့် အခေါ်အဝေါ်ကြောင့် nani ၏မျက်နှာလေးမှာ ရဲခနဲပင်။ သူစိတ်လိုနေသည့်အချိန်ဆို nani အား နာမည်ပြောင်မျိုးစုံခေါ်သည်။ အခန်းထဲတွင် ထပ်ပြီးအချိန်ဖြုန်းနေမိမှာဆိုး၍ nani, sky အား ခေါင်းမြန်မြန်ငြိမ့်ပြလိုက်သည်။ အဲ့ဒီ့အခါမှ အိမ်ထဲမှ ထွက်ခွင့်ရတော့သည်။

...

ညစာစားပွဲကျင်းပမည့် hotel အရှေ့ရောက်ပြီး ကားရပ်ပြီးသည်အထိ nani ကားပေါ်ကမဆင်းရသေးပေ။ လူအများကြီးနှင့်တွေ့ရမှာမလို့ စိတ်လှုပ်ရှားနေမိမှာ လက်ဖျားလေးတွေပင်အေးစက်လာရသည်။

စိတ်လှုပ်ရှားနေပုံရသည့် nani ၏လက်ကလေးတစ်ဖက်အား sky ဆွဲယူလိုက်ကာ လက်ထွက်လက်စွပ်ဝတ်ထားသည့်လက်ကလေးအားခပ်ဖွဖွပွတ်သတ်လိုက်ပြီး...

"ဘာမှ စိုးရိမ်စရာမလိုဘူး ဘေဘီ့ရဲ့ယောက်ျားက  Wongravee လေ။ အဲ့တာကြောင့်မလို့ ဘာကိုမှစိုးရိမ်နေစရာမလိုဘူး။ "

စိန်ပွင့်ကလေးတွေတလက်လက်တောက်ပနေသည့် လက်စွပ်ဝတ်ထားသည့် လက်ကလေးအား sky ၏နှုတ်ခမ်းတို့ဖြင့် နမ်းကာပြောလိုက်သည်။

"ကိုယ်တို့ သွားကြမလား..."

Nani ခေါင်းငြိမ့်ပြပြီးကားပေါ်က ဆင်းလိုက်သည်။ ကားပေါ်ကဆင်းလိုက်ပြီးသည်နှင့် sky ,nani ၏လက်ချောင်းကလေးများကို သူ၏သန်မာသည့်လက်ချောင်းကြီးများဖြင့် သွယ်ယှက်ကာကိုင်လိုက်သည်။ နောက်ပြီး ယုံကြည်မှုအပြည့်ရှိသည့်မျက်ဝန်းများဖြင့် nani အားကြည့်ပြီး....

"အထဲဝင်ကြရအောင်...."

Nani ၏လက်ကိုဆွဲကာ hotel အထဲသို့ဝင်လာသည်ကြောင့် လူအများက အကဲခတ်သလိုကြည့်နေကြသည်။ wedding ကိုအကျဥ်းချုံပဲလုပ်ဖြစ်တာကြောင့် sky လက်ထပ်လိုက်တာကိုသိကြပေမယ့် လက်ထပ်လိုက်သည့်သူကတော့ ဘယ်သူမှန်းမသိကြပါ။ Hotel အထဲသို့ရောက်ခါမှ ပွဲထဲတွင်ရှိသည့်လူများမှာ မသိမသာရော သိသိသာသာပါ အကဲခတ်နေကြသည်။

"ခွန်sky ဒီနေ့ပါတနာနဲ့တူတူပွဲတက်လားခင်ဗျာ..."

ပွဲကိုဖိတ်ကြားသူလို့ထင်ရတဲ့သူက ဝင်လာသည့် sky ကားကြိုဆိုကာ ဘေးက nani ကိုပါအကဲခတ်ကာ နှုတ်ဆက်သည်။sky စိတ်လှုပ်ရှားနေသည့် nani လက်ကလေးအား အသာဖျစ်ညှစ်လိုက်ရင်း...

"ဒါ ကျွန်တော့်အမျိုးသားပါ Nani Hirunkit လို့ခေါ်ပါတယ်။ "

"ေဩာ... ခွန်sky လက်ထပ်သွားတယ်ကြားတာ လူကိုတော့အခုမှပဲမွငျဖူးတော့တယျ။ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ rainbow group ရဲ့ CEO ပါ။ "

CEO ဆိုသူမှာနှုတ်ဆက်ကာ လက်ကမ်းပေးသည်မလို့ nani အလိုက်သင့်လေးပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ရပြီ! လုပ်ငန်းအသစ်အတွက်ဂုဏ်ယူပါတယ်နော် CEO။ လာ သွားထိုင်ရအောင်..."

လက်ဆွဲနှုတ်ဆက်တာ စက္ကန့် ပိုင်းပင်မကြာလိုက် nani လက်အား အတင်းဆွဲခေါ်လာသူကြောင့် အရှေ့မှ CEO ဆိုသောလူကို အားနာစွာပြုံးပြနှုတ်ဆက်လိုက်ပြီး sky ခေါ်ရာအနောက်သို့ လိုက်သွားရတော့သည်။

"ခွင့်ပြုပါအုံးခင်ဗျ..."

ထိုင်ရမည့် စားပွဲဝိုင်းသို့ရောက်တော့ sky က nani အားအရင်ထိုင်ရအောင် ခုံထုတ်ပေးသည်။ nani ထိုင်လို့ပြီးကာမှ nani၏ဘေးတွင်သူပါဝင်ထိုင်သည်။ နောက်ပြီး စားပှဲပေါမြှတဈသွှူးတဈရှကအြားယူလိုကပြှီး ခုဏက လက်ဆွဲနှုတ်ဆက်ထားသည့် nani ၏လက်ကလေးအားဆွဲယူလိုက်ကာ တစ်သျှူးဖြင့် ခပ်ဖွဖွသုတ်ပေးနေသည်။

"ခွန်...ဘာလုပ်နေတာလဲ "

အခြားလူတွေလဲရှိနေသည်မလို့ nani ,sky၏ အနားသို့ကပ်ကာ လေသံတိုးတိုးလေး​ဖြင့်မေးလိုက်ရသည်။ sky က မျက်နှာတည်တည်ဖြင့်...

"ဘေဘီခုဏက သူများကိုထိထားလေ..."

"အဲ့တာ လူမှုရေးအရ နှုတ်ဆက်တာလေ ခွန်... "

"မသိဘူး ဘေဘီ့ကို အခြားလူထိတာကိုယ်မကြိုက်ဘူး..."

အလုပ်လုပ်ရာတွင်ပြတ်သားပြီး အမြဲတည်ငြိမ်နေတတ်သူက အခုပြန်ဖြေလိုက်ပုံမှတော့ကလေးဆန်ဆန်ပင်။ ရုံးကလူတွေသာ sky ၏အခုပုံစံကိုတွေ့ရင် အံ့သြနေတော့မှာပင်။ အဲ့တာကြောင့်ပြောတာပေါ့ အချစ်နဲ့ထိတွေ့ရင် လူတွေအားလုံးက ဆယ်ကျော်သက်ဆိုတာ။

"P'sky~~~~"

ချွဲပြစ်ပြစ်အသံနှင့်အတူ လွတ်နေသည့် sky၏ ခုံဘေးသို့ဝင်ထိုင်လာသည့် မိန်းကလေးတစ်ဦး။

" didi..."

အချင်းချင်းရင်းနှီးနေကြသည့် နှစ်ယောက်ကြောင့် nani မျက်မှောင်ကြုံ့လိုက်မိသည်။

"P'sky မလာတော့ဘူးထင်နေတာ။ didi က P' ကိုမျှော်နေတာ ~~~"

ပြောလဲပြော sky ၏လက်မောင်းကို ချိတ်ပြစ်လိုက်သည့် အမျိုးသမီးကြောင့် nani ထိုင်နေရာမှ တစ်ချက်လှုပ်သွားပြီး sky ထံသို့အကြည့်စူးစူးကလေးပို့လိုက်မိသည်။

Nani မျက်နှာကလေးပျတ်နေတာကို sky မြင်တော့မှ ချိတ်ထားသည့်လက်အား sky အသာတွန်းဖယ်လိုက်ရင်း...

"အင်း didi ။ ကိုယ့်အမျိုးသားနဲ့တူတူပွဲကိုလာတာ။ ဒီမှာလေ ကိုယ့်အမျိုးသား..."

Sky ညွှန်ပြသည်မလို့ didi, naniကိုကြည့်ပြီး မျက်နှာတစ်ချက်ပျက်သည်။ သို့ပေမယ့် ပျတ်နေသည့်မျက်နှာကိုအမြန်ထိန်းလိုက်ကာ sky ဆီသို့အကြည့်ပြန်ပို့လိုက်ပြီး nani အား ဂရုမစိုက်ဘဲ....

"didi, P' ကိုသတိရနေတာ။ နောက်ဆုံး project ပြီးကတည်းက didi တို့မတွေ့ဖြစ်ကြတော့တာလေ~~~"

"အ...အမ်း... "

မျက်နှာလေး ပျက်ကာ တစ်ဆထပ်တစ်ဆ မျက်နှာလေးပျက်လာသည်မလို့ sky အားတွယ်ကပ်ချင်နေသည့် လက်တွေအား ဖယ်ချပြစ်ရသည်။ didi ကိုကျောခိုင်းပြစ်ရင်း ဆူပုတ်ပုတ်လေးထံသို့ တစ်ကိုယ်လုံးစောင်းကာလှည့်ပြစ်လိုက်ပြီး...

"ဘေဘီ ဘာစားချင်လဲ။ ကိုယ်သွားယူပေးမယ်။ "

Sky လေသံကိုဖျော့ကာ မျက်နှာငယ်လေးဖြင့်မေးလိုက်သော်လည်း Nani ပြန်မဖြေပဲ မျက်နှာလေးဆူပုတ်ထားဆဲဖြစ်သည်။

didi ကလဲ ပျတ်နေသည့်မျက်နှာကိုထိန်းကာ လက်မလျှော့သေးပေ။

"P'sky...didi ကလေ..."

"ကိုကို! Nani အိမ်ပြန်ချင်ပြီ! "

Sky အား ကိုကိုဟု အသံစူးစူးလေးဖြင့်ခေါ်ကာ မတ်တပ်ထရပ်သည့် nani ကြောင့် sky မှာ ကြက်သေသေ သေသွားရသည်။ sky ကြောင်အကာ တိတ်ဆိတ်နေမျတုံး didi ထံမှ...

"P'sky~~ နေပါ..."

"ကိုကို!!! "

didi စကားမဆုံးခင် အော်ပြစ်လိုက်တာများ ခပ်စူးစူး။

"ဗျ....ဗျာ "

"အိမ်ပြန်မယ်လို့! "

ဆူအောင့်အောင့်ကလေးပြောမှ sky မတ်တပ်ထရပ်လိုက်မိတာ ချက်ချင်း။

"အင်း ပြန်မယ်...ပြန်မယ်..."

ပြန်ဖို့ လုပ်နေသည့် sky အား တားရန်ပြင်နေသည့့် didi ကြောင့် nani, sky ၏လက်မောင်းအား ချိတ်ပြစ်လိုက်ကာ သူ့ဘက်ကိုဆွဲလိုက်ပြီး didi အားကြည့်ကာ...

"ကျွန်တော့်အမျိုးသားအနားကို အရမ်းမကပ်ပါနဲ့ ခွန်didi။ အလုပ်သဘောအရကလွဲလို့ လိုတာထပ်မပိုပါနဲ့။ ကျွန်တော့်အမျိုးသားက ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှပြန်ပြီးစိတ်ဝင်စားမှာမဟုတ်ပါဘူး အဲ့တာကြောင့် ခွင့်ပြုပါအုံး "

Sky ၏လက်အား ချိတ်ကာ didi ရှိရာဆီမှထွက်လာခဲ့သည်။  ခန်းမကနေ hotel အပြင်သို့ ရောက်သည်အထိ sky မှာအံ့သြခြင်းတို့ဖြင့်ပြည့်နက်နေရသည်။ တော်ရုံဆို သူစိမ်းတွေနှင့်စကားသိပ်မပြောတတ်သည်သူက didi အား ကိုယ်နှင့်မပတ်သတ်ဖို့ပြောသွားတာပင်။

ကိုယ်ကသာအတင်းအကြပ်ယူထားလို့ ကိုယ့်ဖက်ကပဲခံစားချက်ရှိနေတယ်ထင်တာ။ အခုလိုလေး ကိုယ့်အား သဝန်တိုတာမြင်ရတော့ သူလဲကိုယ့်လိုပဲခံစားချက်ရှိတောသိရ၍ ရင်ထဲမှာနွေးခနဲဖြစ်သွားရသည်။ နောက်ပြီး ကိုယ့်အားခေါ်သည့် နာမ်စားလေးအားလည်း အခါခါပြန်ကြားယောင်ရင်း သဘောတကျဖြစ်ရသည်။

Nani, hotel အရှေ့သို့ရောက်သည်နှင့် ချိတ်ထားသည့်လက်အားဖြုတ်ချပြစ်လိုက်တာ ချက်ချင်းပင်။ နောက်ပြီး sky ကိုတစ်ချက်မကြည့်ဘဲ အရှေ့တွင်ရပ်ထားသည့် ကားပေါ်သို့ တက်ပြစ်လိုက်သည်။

ဘာမှမပြောဘဲကားပေါ်သို့ တက်သွားသူကြောင့် sky လည်း အမြန်လိုက်တက်လိုက်ရသည်။ sky ကားပေါ်ရောက်ကာ ကားမောင်းထွက်လာသည်အထိ nani က sky ၏ဆက်ကျင်ဘက်တွင်သာ တိုးပြီးထိုင်နေခဲ့ကာ ကားမှန်ကိုဖက်သာ မျက်နှာမူထားသည်။ ကားထိုင်ခုံပေါ်တွင် တင်ထားသည့်လက်ကလေးအား sky အုပ်ကိုင်မည်အပြု ချက်ချင်းဖယ်ခွာသွားကာ သူ့ပေါင်လေးပေါ်သာပြန်တင်ထားလိုက်သည်။

တစ်လမ်းလုံး sky မှာ အရိပ်တကြည့်ကြည့်ဖြင့်လိုက်ပါလာခဲ့သော်လည်း စိတ်ဆိုးနေသူမှာ sky အားတစ်ချက်ပင်လှည့်မကြည့်လာပါ။

အိမ်သို့ပြန်ရောက်တော့လည်း sky အားဘာမှမပြောဘဲ ကားပေါ်ကဆင်းသွားပြန်သည်။ အပေါ်ထပ်သို့ရောက်သည်အထိ skyမှာ nani အနောက်မှ ထပ်ကြပ်မကွာလိုက်နေသော်လည်း အဆိုးလေးက တစ်ချက်ပင်လှည့်မကြည့်ပါ။

အိပ်ခန်းရှေ့သို့ ရောက်တော့ အဆိုးလေးက အရင်ဆုံး အခန်းထဲဝင်သွားသည် sky လိုက်ဝင်ရန်ပြင်တော့ တံခါးက ဝုန်းခနဲပိတ်သွားသည်မလို့ sky အခန်းရှေ့တွင်သာရပ်ပြီးကျန်နေခဲ့သည်။ ခဏကြာတော့မှ တံခါးက ပြန်ပွင့်လာကာ မြင်ချင်နေသည့် မျက်နှာကလေးမှာပေါ်လာသည်။ မကြာပါ လက်ထဲတွင်ကိုင်ထားသည့် ခေါင်းအုံးအား sky ဆီသို့ ပြစ်ထုတ်ပြစ်လိုက်ပြီး....

"ခွန်sky ဒီညအပြင်မှာအိပ် အခန်းထဲကိုဝင်မလာနဲ့!!"

ပြောပြီးတာနဲ့ တံခါးအား ဝုန်းခနဲမြည်အောင် ထပ်ပိတ်ပြစ်လိုက်ပြန်သည်။ အခန်းတံခါးသော့ဖွင့်ကာဝင်လျှင်ရသော်လည်း sky မလုပ်မိပါ။ မတော်လို့ ချော့မရဘဲ ဖြစ်သွားခါမှ ပိုဆိုးကုန်မည်။ တစ်ချက်လွှတ် အမိန့်အား နာခံရင်း sky မှာလေပူတွေကိုသာမှုတ်ထုတ်လိုက်ရပြီး ခေါင်းအုံးကလေးပိုက်ကာ အခန်းရှေ့တွင် တစ်ညလုံးယောင်လည်လည်ဖြစ်နေရတော့သည်။

~~~~~~~~~~~~~~~~~~~~~31.12.24 (Tue)

Happy New year ပါရှင် 🎉

နှစ်သစ်မှစလို့ အစစအရာရာအဆင်ပြေပြီး ပျော်ရွှင်ကျန်းမာချမ်းသာကြပါစေ။

There are no comments yet. Log in to be the first to leave a review!

Similar stories