Fanfics

Ep - 10

19:17, 20 December 2024

Nani, skyနှင့် ပြေလည်ပြီး နောက်နေ့မှာပင် သွားချင်သည့် ချင်းမိုင်သို့သွားခွင့်ရခဲ့သည်။ ဒါပေမယ့် ကျောင်းက အဖွဲ့နှင့်မဟုတ်ပေ။ nani, sky နှင့်အတူသွားရတာပေ။ ကျောင်းကအဖွဲ့နှင့် အတူပျော်ပါးပြီးမသွားရတာကြောင့် ကားပေါ်တွင် တစ်လမ်းလုံး nani မျက်နှာလေးမှာ ဆူပုတ်နေသည်။ ဒါကို sky က သိသည့်အလား ကားမောင်းနေရင်း nani လက်ကလေးကို အုပ်ကိုင်ကာ လက်ခုံလေးအား သူ့လက်မနှင့် ပွတ်သပ်ကာချော့မြူသည်။

လမ်းတွင်သာ ဆူပုတ်နေခဲ့သမျှ ချင်းမိုင်သို့ရောက်တာနဲ့ သွားချင်တဲ့နေရာတွေစားချင်တာတွေအကုန်စားရတာကြောင့် မျက်နှာလေးမှာကြည်လင်လာသည်။ စားချင်တာနဲ့လိုချင်တာလေးများ တွေ့ပြီဆို sky ၏ အကျီစကိုဆွဲကာ ပူဆာသည်။ အကုန်ဖြည့်ဆည်းပေးချင်နေတဲ့ကောင်ကြီးကတော့ ဘာတတ်နိုင်မှာလဲ အပြုံးကြီးကြီးချိတ်ဆွဲထားပြီး ငွေလိုက်ရှင်းရုံပေါ့။

နေရာအစုံလျှောက်လည်ဖြစ်ကြရင်း ဘုရားကျောင်းလေးတစ်ခုအရောက် ဘုရားကျောင်းတွင်ရှိသည့် လက်ဖွဲ့ကြိုးအနီကလေးများက sky၏အမြင်အာရုံကိုဆွဲဆောင်သည်။ ပတ်ဝန်းကျင်အား ခေါင်းလေးလှည့်ပတ်ကာငေးနေသည့် nani ၏လက်ချောင်းသွယ်သွယ်လေးတွေအကြား sky၏ လက်ချောင်းများဖြင့်သွယ်ယှက်လိုက်သည်။ ငေးနေသူက လက်မှအထိအတွေ့ကြောင့် sky ကိုကြည့်လာသည်။ nani ၏မျက်ဝန်းနက်နက်ကလေးများအား skyပြန်စိုက်ကြည့်လိုက်ရင်း....

"သွားရအောင်..."

လက်ကလေးမှ အသာဆွဲခေါ်သွားရင်း ဘုရားဝတ်ပြုခဲ့ကြသည်။ နောက်ပြီး မျက်စိအရှေ့တွင်ရှိနေသည့် အဆောင်လက်ပတ်ကြိုးနီကလေးအား nani ၏လက်ကလေးတွင်ချည်နှောင်လိုက်သည်။ ဒီကလေးလေး ကိုယ့်အနားကထွက်မသွားချင်အောင် ချစ်ခွငျးမတေ်တာွဖင့့်မြဲမြန်အောင် ချည်နှောင်မည်။ ဒီကြိုးနီလေးက အဆောင်သက်သက်မဟုတ်ဘဲ sky ၏ ချစ်ချင်းမေတ္တာတွေပါဝင်နေသည့် ကြိုးကလေးပင်။

"ကိုယ့်ကိုလဲပြန်ချည်ပေး..."

Sky ၏ လက်အရှေ့သို့တိုးပေးတော့ nani က ကြိုးနီကလေးကိုယူပြီး sky အလိုကျချည်နှောင်ပေးသည်။ sky အိတ်ကပ်ထဲတွင်ရှိသော ဖုန်းကို ထုတ်ကာ nani လက်ကလေးကိုအသာဆွဲယူရင်း လက်ပတ်ဝတ်ထားသည့် လက်ကလေးနှစ်ဖက်ကိုယှဥ်ကာ ဓာတ်ပုံရိုက်ယူလိုက်သည်။ ရိုက်ထားသည့် ဓာတ်ပုံလေးကို ကြည့်ပြီး sky သဘောတကျပြုံးမိကာ ig တွင် တင်ပြစ်လိုက်သည်မှာ ခပ်မြန်မြန်။

"ကလေးလေးနဲ့ ပထမဆုံးခရီး ❤"

Sky တင်ပြီး မကြာဘူး post အောက်တွင်ဝင်မန့်လာသူမှာ တူတော်မောင်ပင်။

"ချင်းမိုင်ကို ရအောင်သွားပြမယ်ဆိုတာ ယောက်ျားနဲ့ပထမဆုံးခရီးကိုပြောတာလားလို့ ဦးငယ်ဘေးက တစ်ယောက်ကိုမေးပေးအုံး..."

ထို comment ကိုမြင်ပြီး sky အသံထွက်ရယ်မိတော့ ဘေးက တစ်ယောက်က မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။ sky ဖုန်းကို သူ့မျက်နှာရှေ့ထောင်ပြလိုက်တော့ comment ကိုမြင်ပြီးစိတ်ဆိုးသွားကာ sky၏ရင်ဘတ်ကိုထုရိုက်လာသည်။

"အဲ့တာ ခွန့်ကြောင့်! "

ပြောပြီး စိတ်ဆိုးကာ အရှေ့မှအမြန်ထွက်သွားသူအနောက်သို့ ဖုန်းကိုပိတ်ကာအမြန်လိုက်ရတော့သညျ။စိတျဆိုးနသေူအား မရမကချော့ပြီးတဲ့နောက်မှာ လည်ပတ်ရန်ကျန်သည့်နေရာများအား သွားကာ အမှတ်တရများဖန်တီးခဲ့ကြသည်။

~~~~~~~~~~

"ခွန်...မေမေတို့ဆီသွားချင်တယ်။ "

"အခုမှ ခရီးကပြန်ရောက်တာလေ။ မင်းပင်ပန်းနေတယ်မဟုတ်ဘူးလား။ "

"မေမေတို့ကို လွမ်းလို့..."

"ကိုယ်ဒီအပတ်ပိတ်ရက်လိုက်ပို့ပေးမယ်။ မင်းကိုယ်မင်းလည်းကြည့်ပါအုံး ခရီးပန်းပြီး အိပ်ချင်နေတာ မျက်လုံးတောင်ကောင်းကောင်းမပွင့်တော့တာကို ဒီပုံစံနဲ့မသွားရပါဘူး။ "

Nani အမှန်တကယ်လဲ ပင်ပန်းကာ အိပ်ချင်နေသည်မလို့ sky၏စကားအား အထွန့်မတက်တော့ဘဲ လက်ခံလိုက်သည်။

"ရေချိုးပြီး အခန်းထဲမှာ ခဏနားနေ။ မင်းစားဖို့တစ်ခုခုပြင်ပြီး ကိုယ်အခန်းထဲကိုယူလာခဲ့မယ်။"

"အွန်း...."

သမ်းဝေရင်း အပေါ်ထပ်သို့ တက်သွားသည့် သူကြောင့် sky မှာပြန်ရောက်ရောက်ပြီးချင်းလဲမနားရပါ။ မီးဖိုချောင်ထဲဝင်ပြီး သင့်လျော်မည့်ဟာ တစ်ခုခုလုပ်ပေးပြီး အပေါ်ထပ်သို့ယူသွားလိုက်သည်။

Sky ယူလာသည့် စားစရာများကို ဘေးကစားပွဲပေါ်သို့တင်လိုက်သည်။ ကုတင်ပေါ်တွင်ကွေးကွေးလေးအိပ်နေသူက အဝတ်အစားလဲမလဲ ရေလဲမချိုးဘဲ ကုတင်ပေါ်တွင် အိပ်နေသည်မလို့ sky ကုတင်ပေါ်သို့တက်သွားလိုက်ပြီး...

"အဆိုးလေး ထအုံး..."

အိပ်နေသူမှ ဘာမှတုံ့ပြန်မလာပေ။

"ဟေ့ ကိုယ်ပြောနေတာကြားလား။ ရေမချိုးချင်ရင်ခြေလက်ဆေးပြီး အဝတ်လဲရမယ် ထအုံး...."

"ဟင့်အင်း~~~~ မထချင်ဘူး nani အိပ်ချင်နေပြီ..."

အိပ်ချင်မူးတူးနှင့်ပြောနေသည့်အသံကလေးမှာ ချစ်စရာကောင်းတာကြောင့် sky ကိုယ့်နှုတ်ခမ်းကိုယ်သာဖိကိုက်လိုက်မိသည်။

"တစ်နေ့လုံး လျှောက်သွားထားတာလေ ချွေးအနံ့တွေနံနေမှာပေါ့..."

"မဟုတ်ဘူး... nani က မွှေးတယ် "

"ဟုတ်လား ဒါဆိုကိုယ်မွှေးကြည့်အုံးမယ်။ "

ဘေးစောင်းအိပ်နေသူအား ပတ်လပ်ကလေးဖြစ်အောင်ဆွဲလှန်ပြစ်ပြီး ရင်ဘတ်သေးသေးကလေးကြားခေါင်းတိုး နေရာအနှံ့မွှေးကြူပြစ်လိုက်သည်။

"ခွန်... မလုပ်နဲ့..ယားတယ်~~"

Sky ၏ခေါင်းအား လက်သေးသေးကလေးများဖြင့် တွန်းဖယ်ကာ ပြောလာသည်။

"တကယ်မွှေးတာပဲကွ...ကိုယ်ထပ်ပြီးမွှေးကြည့်အုံးမယ် "

လည်ပင်းသားနုနုကလေးတွေနှင့် ပါးပြင်ကလေးတွေပါ နေရာမကျန်မွှေးကြူပြစ်လိုက်တော့ ရင်ခွင်အောက်က ကိုယ်လေးမှာ ရယ်သံပိစိလေးတို့ထွက်လာပြီးထွန့်ထွန့်လူးနေသည်။ sky၏ နှောက်ယှက်မှုတို့ကြောင့် အိပ်ချင်နေသူမှာမျက်လုံးတို့ကျယ်လာရကာ အိပ်ဖြစ်သည့်လမ်းကိုမရောက်လိုက်ပါ။

~~~~~~~~~~

Nani တို့ကျောင်းက အပန်းဖြေခရီးထွက်ပြီးသည့်ရက်နောက်ပိုင်းပိတ်ရက်ပါထပ်ပေးသည်မလို့ nani အိမ်ထဲတွင်တစ်ယောက်ထဲပျင်းနေရသည်။ မေမေတို့အိမ်သွားနေချင်ပေမယ့်လည်း nani ကိုတစ်ယောက်ထဲပေးမသွားပေ။ ဘယ်သွားသွား သူမပါရင် မသွားရဘူးဟုလည်းမှာသွားသေးသည်။

"ဟိတ် nani ပေါက်စ! "

"ဟာ sun! nani ဆီကိုလာတာလား။ "

"အေးဟုတ်တယ် မင်းတစ်ယောက်ထဲ ဖြစ်နေတယ်ထင်လို့!"

"ငါလဲ ပျင်းနေတာ။ မင်းလာတာနဲ့အတော်ပဲ ငါအပြင်သွားချင်တယ်။ "

"မင်း ယောက်ျားကခွင့်ပြုလို့လား။ "

"ငါသွားချင်လို့ပါ sunရယ်။ အပြင်ထွက်ပြီးမုန့်စားချင်လို့ပါနော် sun နော် နော် နော် "

Sun ၏လက်ကိုဆွဲကာ ပါပီအိုင်းလေးဖြင့် တောင်းဆိုနေသည့် nani ကိုကြည့်ပြီးSun ကတစ်ချက်စဥ်းစားဟန်ပြုလိုက်ပြီးမှ...

"ကောင်းပြီလေ ဦးငယ်မပြန်လာခင်တော့ အချိန်မီပြန်လာရမယ်။ "

"အွန်း ဟုတ်ပြီ ဟုတ်ပြီ သွားရအောင် sun "

Sun ၏လက်အားဆွဲကာ အပြင်ထွက်ရမည်ဆိုသောကြောင့် ခုန်ပေါက်ကာ ထွက်သွားကြတော့သည်။

~~~~~~~~~

Sky ဒီနေ့ အလုပ်တွေကို စောစောလက်စသတ်ကာ အိမ်သို့အမြန်ပြန်ပြေးရသည်။ အရင်လို အလုပ်သရဲလုပ်လို့မရတော့ဘူး။ အလုပ်ပုံထဲခေါင်းနှစ်နေလို့ မရတော့ဘူး အိမ်ကဟာလေးအနားကိုလဲ ကပ်ချင်သေးတယ်လေ။ အလုပ်ကအပြန် ကားကိုရပ်ကာ အိမ်ကဟာလေး ကြိုက်မည့် မုန့်များကိုလည်း ဆင်းဝယ်ပေးသည်မှာ မမေ့မလျော့။

အိမ်ပြန်ရောက်တော့ အရင်နေ့တွေက ကိုယ်ပြန်လာချိန်တိုင်း ဧည့်ခန်းထဲတွင်ရှိနေသည့် အရိပ်ကလေးအားမတွေ့ရသည်မလို့ ကြီးကြီးကိုမေးရတော့သည်။

"ကြီးကြီး ဟိုတစ်ယောက်ရော "

"ဟို...ဟို..."

"တ ဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ ကြီးကြီး။ ပြောစရာရှိတာပြောလေ။ "

"Nani လေးက ညနေက sun နဲ့အတူတူအပြင်ထွက်သွားပါတယ်။ "

"ဘာဖြစ်တယ်! "

Sky စိတ်တိုတိုဖြင့် မုန့်ထုတ်တို့အား ကြီးကြီး ၏လက်ထဲသို့ထည့်ပေးကာ နက်ခ်တိုင်ကြိုးအား ဖြေလျော့လိုက်မိသည်။ ဒီလောက်အတန်တန်မှာထားတာကိုတောင် အပြင်ကိုရအောင်သွားသေးသည်။ ဒီကောင်က သူ့ကိုတွေ့ချင်လွန်းလို့အလုပ်စောစောဆင်းပြီးတောင်ပြန်ခဲ့တာကို ပြန်ရောက်လာလာချင်းအမောကိုမပြေပေ။ sky အပေါ်ထပ်သို့ ခြေသံပြင်းပြင်းဖြင့်တက်သွားကာ ဒေါသတို့ကိုဖြေလျှော့ရန် ရေခြိုးပွဈလိုကျသညျ။

...နာရီဝက်လောက်နေတော့မှ nani မုန့်ထုတ်တွေလက်ကဆွဲကာ ပြန်ရောက်လာသည်။ ခြံထဲတွင် ဟိုလူရဲ့ကားကိုတွေ့တာကြောင့် nani တံတွေးကိုအသာမြိုချလိုက်ရသည်။ ဘေးတွင်ရပ်နေသည့် sun အားကြည့်လိုက်ပြီး....

"သူပြန်ရောက်နေပြီ sun ..."

"ဟမ် ဦးငယ်လား! ဘယ်လိုလုပ်အစောကြီးပြန်ရောက်နေရတာလဲ။ "

"ငါလဲမသိဘူး... "

"ငါလိုက်ပြီးကူပြောပေးရမလား။ "

"ရပါတယ် sun ပြန်တော့နော်။ nani ကိုယ့်ဘာသာ ဖြေရှင်းလိုက်ပါ့မယ်။ "

Nani, sun ကိုပြန်လွှတ်လိုက်ပြီး အိမ်ထဲတွင် လူအရိပ်အခြေကြည့်ကာ မီးဖိုချောင်ထဲ အသာဝင်သွားလိုက်သည်။ မီးဖိုချောင်ထဲတွင်ရှိနေသည့် ကြီးကြီးအား ဝယ်လာသည့် သဘောငျ် သီးထောင်းအထုတ်နှင့်အခြားအချဥ်ပေါင်းအထုတ်များအားထည့်ပေးလိုက်ရင်း...

"ဒါတွေကို သူမမြင်အောင်သိမ်းထားပေးပါနော်..."

"အဲ့တာဘာတွေလဲ ကြီးကြီး!"

မီးဖိုချောင် အခန်းဝကနေ ထွက်လာသည့် အသံမာမာကြီးကြောင့် nani လန့်သွားကာ ကိုယ်လုံးလေးတုံသွားရသည်။

"မေးနေတယ်လေ ကြီးကြီး အဲ့တာဘာတွေလဲလို့!"

"သဘောငျ် သီးထောင်းနဲ့အချဥ်ပေါင်းတွေပါ..."

"အဲ့တာတွေ အကုန်လွှင့်ပြစ်လိုက် ကြီးကြီး အိမ်မှာမမြင်ချင်ဘူး..."

"ခွန်! အဲ့တာတွေ ကျွန်တော်စားဖို့ဝယ်လာတာ!"

"အဲ့ဒီ့လမ်းဘေးစာတွေစားပြီးရင် မင်းဗိုက်မကောင်းဖြစ်မှာမဟုတ်ဘူးလား။ စားချင်တာမှန်သမျှဝယ်ပေးနေတာပဲ! "

"အဲ့တာတွေ ကျွန်တော်မှမစားချင်တာ။ ကျွန်တော်စားချင်တာကိုပဲစားမယ်!"

Nani က ကြီးကြီးလက်ထဲကအထုတ်တွေကိုဆွဲယူရန်ပြင်နေသည်မလု့ိ....sky,nani တို့ရပ်နေသည့် အနားသို့အမြန်သွားကာ ကြီးကြီးလက်ထဲက အထုတ်များကို အမှိုက်ပုံးထဲသို့ပြစ်ထည့်လိုက်သည်။

"မကောင်းတဲ့လူ! "

စိတ်တိုနေသူက ရင်ဘတ်လေးနိမ့်ချည်မြင့်ချည်ဖြင့်။ sky အား အကြည့်ဆူးဆူးကလေးများဖြင့် ကြည့်ကာ အပေါ်ထပ်သို့ပြေးတက်သွားသည်။ ငဆိုးလေးအား မြင်ကွင်းက ပျောက်သည်အထိလိုက်ကြည့်ပြီးခါမှ sky သက်ပြင်းချပြစ်လိုက်မိသည်။

"သားရယ် စိတ်လဲအရမ်းတိုမနေပါနဲ့။ ဟိုက ကလေးသာသာလေးပဲရှိသေးတာလေကွယ်။ သားကချစ်လို့ယူထားပြီးပြီပဲ သည်းခံလိုက်ပါကွယ်။ ကလေးကိုသေချာလေးနားဝင်အောင်ပြောပါ သားကစိတ်တိုပြတော့ ကလေးက သားနဲ့ဘယ်အဆင်ပြေမလဲ။ "

ကြီးကြီး၏ စကားတို့ကြောင့် sky စိတ်ရှုပ်ကာ ဆံပင်တို့အားဆွဲဖွပြစ်လိုက်သည်။ ကိုယ်ကအရင်ထဲကတစ်ယောက်ထဲနေလာတာမလို့ အရာရာဆိုစိတ်မရှည်တတ်ပေ။ ဒီကလေးနဲ့တွေ့မှ sky အများကြီး စိတ်ရှည်ပေးကာ အလျှော့ပေးခဲ့တာများသည်။ ဒါပေမယျ့ အဲ့ဟာလေးကဆိုးသည်။ sky သေချာမှာခဲ့သားနဲ့ အပြင်ကိုလည်းခိုးထွက်သေးတယ် နောက်ပြီး စားပြီးဗိုက်အောင့်မယ့် ဟာတွေလည်းဝယ်လာသေးသည်။ အပြင်မှာလည်းဘယ်လောက်တောင်စားလာခဲ့သေးလဲမသိပါ။

Sky သက်ပြင်းထပ်ချလိုက်ပြီးစိတ်လျှော့လိုက်ရသည်။ ကိုယ်ကသူ့ကိုစိုးရိမ်ပြီးပြောမိရာက ဒေါသရှေ့တန်း​တင်မိလိုက်ပြန်တာဖြစ်သည်။ ဒါတွေက sun လာခေါ်ထုတ်သွားလို့ဖြစ်ရတာ။ တွေ့ခါမှ သေချာလေးဆူပြစ်အုံးမယ်လို့ sky တေးမှတျထားလိုကျတယျ။ အခုတော့ စိတ်ကောက်သွားတဲ့ အဆိုးလေးကိုချော့ဖို့ အပေါ်ထပ်သို့အပြေးသွားရတော့သည်။

အိပ်ယာထဲတွင် နှစ်ယောက်သားစောင်ဖြင့် လုံးထွေးပြစ်ကာ အဆိုးလေး မကျေနပ်မချင်းချော့ရသည်။

"ဖယ်! လူကိုလာမထိနဲ့! ဖယ်လို့! "

"မဖယ်ဘူးကွာ ဒီလိုနေချင်လွန်းလို့ ရအောင်ယူထားတာ!"

Sky ရုန်းနေသူအား သူ၏ခြေထောက်တွေအပြင်တစ်ကိုယ်လုံးနှင့်ဖိချုပ်ထားတာကြောင့်...

"မကောင်းတဲ့လူကြီး လူကိုအနိုင်ကျင့်တယ်!"

"အာ့ "

ရုန်းပေမယ့်လည်းရုန်းလို့မရတာကြောင့် nani အရှေ့တွင်မြင်နေရသည့် ရင်ဘတ်ကျယ်ကြီးက ဘယ်ဖက်ရင်အုံသို့ သွားချွန်ချွန်ကလေးများနစ်ဝင်သည်အထိ ဖိကိုက်ပြစ်လိုက်သည်။

"မင်းကခွေးလေးလားဟမ်... ခွေးပေါက်လေး"

"လူကိုချုပ်မထားနဲ့လေ ခွန့်လက်တွေကအသက်ရှုကြပ်လာပြီ "

Nani ပြောမှ sky ၏လက်တွေက အနည်းငယ်ပြေလျော့သွားပေမယ့် လွှတ်တော့မလွှတ်ပေးခဲ့ပါ။ sky အာပေါက်အောင်ချော့ပြီးခဲ့တဲ့နောက်မှာတော့ ဒီတစ်ပတ်ပိတ်ရက် သူ့အိမျကိုလိုကျပို့ပေးပွီး သူစားချင်တာတွေ လိုက်ကျွေးပါမည်ဟု ကတိအထပ်ထပ်ပေးလိုက်ကာမှ စိတ်ကောက်တာပြေတော့သည်။

Sky လဲအိမ်ထောင်ကျခါမှ ဒီအရစ်ထုတ်လေးကောက်သမျှကိုချော့နေရတော့တယ်။ ကလေးလေးကိုချစ်ရတယ်လဲမလွယ်လိုက်တာ ဟူးးးး။

~~~~~~~~~~~~~~~~~~~~~~20.12.24 (Fri)

သဘောကျပေးကျတဲ့ အသည်းလေးတွေ အကုန်လုံး အာဘွားပါရှင် mwah "

There are no comments yet. Log in to be the first to leave a review!

Similar stories