Fanfics

ĂŠp 25

15:25, 30 July 2023

ယနေ့ LAသို့ သွားမည်ဖြစ်၍ အထုပ်အပိုးတွေကိုပြင်ဆင်ကာ ဂျီမင်းဟျောင်းအား အကူအညီတောင်း၍ အင်ချွန်းလေဆိပ်သို့လိုက်ပို့ခိုင်းရလေသည်။ ကိုယ်တိုင်ကားယူသွားဖို့ကျလည်းအဆင်မပြေသည်မို့ အလုပ်မအားသည့် ဂျီမင်းဟျောင်းအား လှမ်း၍ အကူအညီတောင်းရခြင်းပင်ဖြစ်သည်။

"မအားတာသိပေမယ့် မတတ်သာလို့ အကူအညီတောင်းလိုက်ရတာ အားနာပါတယ် ဂျီမင်းဟျောင်း"

"ဟဟ! ဂျောင်ကုက အားတောင်နာတတ်နေပြီလား။ အရင်တုန်းက ဂျောင်ကုနဲ့အရမ်းကိုကွာသွားတာပဲ။ ငါသာမင်းအနားမှာရှိမနေဘဲ အဝေးရောက်နေခဲ့ရင် မင်းကငါသိခဲ့တဲ့ဂျောင်ကုမှ ဟုတ်ပါမလားဆိုပြီး စဉ်းစားမိလိမ့်မယ်ထင်တယ်"

ဂျီမင်းရယ်ပြီး ပြောလိုက်မိသည်။ တကယ်ပင် ဂျောင်ကုက ပြောင်းလဲသွားခဲ့သည်။ အရင်ကဆို ခက်ထန်နေတတ်သည့် မျက်နှာက ယခုတော့သူ၏စိတ်အပေါ်မူတည်ကာ အသွင်ပြောင်းသွားတတ်လေသည်။ သို့သော်အေးစက်ဆဲပါပင်။ တစ်ခြားသူတစ်ယောက်ကို သူဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာရင် အလိုမကျကာ လိုသလိုပုံသွင်းပစ်တတ်သည့်သူက ယခုတစ်ဖက်သား၏စိတ်ကို နားလည်ပေးတတ်လာလေသည်။ သို့သော် ထယ်ယောင်းနှင့်ပတ်သတ်ရင်တော့မရပေ။

"ဒါဆို ငါပြန်တော့မယ်နော်။ ဆေးရုံက ဂျူတီ၀င်ရဦးမှာ၊ ထယ်ယောင်းလည်း ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်။ ကိုယ်၀န်ကလရင့်ထဲရောက်နေပြီ"

"ဟုတ် ဟျောင်း"

ဂျီမင်းစကားကို ထယ်ယောင်းပြုံးပြရင်း ပြန်ဖြေလိုက်လေသည်။ LAသို့သွားမည့်ခရီးက ရက်အနည်းငယ်ပင်ဖြစ်သော်လည်း ကိုယ်၀န်ဆောင်မိခင်တွေအတွက်လိုအပ်သည့် အားဆေးမှန်သမျှအား တစ်လစာပင် ထည့်ပေးလိုက်သော ဟျောင်းပါပင်။ အစားကိုလည်းပုံမှန်စား။ အိပ်ချိန်လည်းမှန်အောင်အိပ်၊ ဆေးလည်းမှန်အောင်သောက်ဟု ဆိုသည့်စကားကိုသာ အထပ်ထပ်မှာနေသော ဟျောင်းကြောင့် ထယ်ယောင်းခေါင်းငြိမ့်နေရတာ အခါခါပင်။

"လေယာဉ်က အသိပေးချက်ထွက်လာပြီ ၊ သွားတော့မယ်ဂျီမင်းဟျောင်း"

ဂျီမင်းအားနှုတ်ဆက်ပြီးနောက် luggageကိုတစ်ဖက်၊ ထယ်ယောင်းကိုတစ်ဖက်ဆွဲကာ လေယာဉ်ပေါ်သို့တတ်လာခဲ့သည်။ ထယ်ယောင်း၏ ဗိုက်ကလေးကတော့ ခပ်ပွပွအ၀တ်အစား၏အောက်တွင် မြုပ်နေလျက်။ ယောကျာ်းလေးကိုယ်၀န်ဆောင်ဖြစ်သည့်အပြင် ပထမဆုံးလွယ်ရသည့်ဗိုက်မို့ အရမ်းကြီးပူနေသည်မရှိဘဲ ခပ်လုံးလုံးဖောင်းဖောင်းလေးရယ်သာ။ အကျီအကြပ်တွေ၀တ်လျှင် ပူပြီးဖောင်းနေတတ်သော်လည်း ခပ်ပွပွ long coatကို ၀တ်လိုက်သည့်အခါတွင်တော့ အနည်းငယ်မြုပ်သွားရလေသည်။ သို့သော်လည်း ခပ်ပူပူလေးတော့ ပေါ်နေဆဲပင်။ ထင်ထင်ရှားရှားကြီးမဟုတ်သော်လည်း ချစ်စဖွယ်ကောင်းအောင်ပူနေပါသေး၏။

"မောင် ! "

လေယာဉ်ပေါ်တွင်နှစ်ယောက်တွဲထိုင်နေရင်းမှ ဘေးနားတွင် Macbookတစ်လုံးဖြင့် အလုပ်ရှုပ်နေသူအား ထယ်ယောင်းခပ်ချွဲချွဲလေး ခေါ်လိုက်လေသည်။

"အင်း ပြောလေ"

"ငါ ဗိုက်ဆာတယ်"

ဗိုက်လုံးလုံးလေးအားပွတ်ကာ စကားဆိုလာသော ဗိုက်ကလေးကြောင့် ဂျောင်ကုပြုံးလိုက်မိသည်။ သူစားဖို့ရာအတွက်သယ်လာခဲ့သည့်မုန့်မှန်သမျှက luggageထဲတွင်သာထည့်ထားသည်မို့ ထို luggageတွေအားတစ်ခြားနေရာမှာထားလိုက်ရတော့ မုန့်တွေကပါထို‌အထဲသို့ပါသွားရခြင်းဖြစ်လေသည်။

"ခနလေး မောင် လေယာဉ်မယ်ကိုပြောကြည့်မယ်"

ထိုသို့ပြောပြီးနောက် လေယာဉ်တွင်ပါသောလူခေါ်ခလုတ်အားနှိပ်ကာ လေယာဉ်မယ်အားလှမ်းခေါ်လိုက်၏။ ဂျောင်ကုခေါ်ပြီးသိပ်မကြာခင်မှာပင် လေယာဉ်မယ်တစ်ယောက် ရောက်လာလေသည်။

ထိုလေယာဉ်မယ်က အဂ်လိပ်လိုမေးလာသည်မို့ ဂျောင်ကုကလည်း အဂ်လိပ်လိုကျွမ်းကျင်စွာပြန်‌ဖြေလေသည်။ သူတို့ပြောနေသည့်စကာစလုံးတွေအား ထယ်ယောင်း နားလည်တစ်ချက် မလည်တစ်ချက်ဖြင့်သာ ငူတူတူလေးနားထောင်နေမိသည်။

ထယ်ယောင်းက ဘွဲ့ရပြီးသားသူတစ်ယောက်မို့ အတော်အသင့်စကားကို နားလည်သည်ဆိုသော်လည်း လုံး၀ကြီးစင်းလုံးချောတတ်သည်တော့ မဟုတ်ပေ။ အဂ်လိပ်စကားကိုလည်း မသင်ဖူးသလို လုပ်ငန်းအတွေ့အကြုံလည်းမရှိသူမို့ အဂ်လိပ်စကားကိုမပြောတတ်ပေ။ ဂျောင်ကုကတော့ သူနှင့်ဆန့်ကျင်စွာပင်။ လေယာဉ်မယ်၏အဂ်လိပ်စကားစကေးကိုကျော်ကာ လျှာခလုတ်တိုက်မတတ်ပင် တစ်တွတ်တွတ်ရွတ်ရင်း လိုနေသည်များကိုမှာလေသည်။

"Okay! Sir. We will make it convenient."

လေယာဉ်မယ်၏စကားကို ဂျောင်ကုခေါင်းငြိမ့်ကာသာ အသိအမှတ်ပြုလိုက်လေသည်။ ဂျောင်ကု၏အသိအမှတ်ပြုမှုကိုရပြီးနောက် လေယာဉ်မယ်လေးက ခေါင်းငုံ့ကာအရိုအသေပေးရင်း ထွက်သွားလေသည်။

"မောင်တို့က ဘာတွေပြောနေတာလဲ "

"ဪ....မောင့်ဗိုက်ကလေးစားဖို့အတွက် မှာပေးနေတာလေ၊ ဗိုက်ကြီးသည်အတွက်ရှောင်ရန်အစားအသောက်တွေကို ယူမလာပေးဖို့ရယ်၊ အချဉ်အစပ်တွေ ယူမလာပေးဖို့ရယ်၊ စတော်ဘယ်ရီများများယူခဲ့ဖို့ရယ် အဲ့ဒါတွေမှာနေတာပါ"

"အဲ့လိုတွေမှာလို့ရတယ်လား"

"ဒါပေါ့ မောင်က ဘယ်သူမို့လဲ"

"မောင်က ဂျွန်ဂျောင်ကုလေ"

ထယ်ယောင်း၏ စကားသံအဆုံး၌ နှစ်ယောက်သားပြိုင်တူရယ်လိုက်မိသည်။ ထို့နောက်ထယ်ယောင်း၏ ဆံပင်လေးတွေအား ခပ်ဖွဖွပွတ်သပ်လိုက်ရင်း

"မောင့်ဗိုက်ကလေး အိပ်ချင်လား"

မျက်၀န်းတွေအား နင့်နင့်နဲနဲစိုက်ကြည့်ရင်းမှ မေးလာသောဂျောင်ကုစကားကို ထယ်ယောင်းခေါင်းရမ်းပြလိုက်မိသည်။ စတော်ဘယ်ရီတွေစားဖို့ စောင့်ရဦးမှာမို့ သူမအိပ်ချင်သေးဘူး။

"စတော်ဘယ်ရီစားပြီးရင် အိပ်မယ်နော်"

"မောင့်ဗိုက်ကလေးက ဆိုးလိုက်တာကွာ"

"‌အဲ့ဒီတော့ မောင်က ငြိုငြင်တာလား"

"ငြိုငြင်စရာလားကွာ မောင့်ဗိုက်ကလေးကို ချစ်လို့တောင်မ,၀သေးတာကို"

"ဒါဆို မောင်က ချစ်လို့၀ရင် ငြိုငြင်မယ်ပေါ့"

"ဟာ မောင့်ဗိုက်ကလေးက ရစ်ပြီကွာ၊ ဗိုက်ကလေးကို မောင်က ဘယ်တော့မှလည်း ချစ်လို့၀,မှာ မဟုတ်သလို ငြိုငြင်သွားမှာလည်း မဟုတ်ဘူး"

"တကယ်လား "

"ဒါပေါ့ "

"စတော်ဘယ်ရီနဲ့ မုန့်တွေလာပို့ပေးတာပါရှင့် "

နှစ်ယောက်သားစကားအဆုံး၌ ကြားဖြတ်၀င်လာသော လေယာဉ်မယ်၏ စကားကြောင့် ထယ်ယောင်းမှာ ထိုဆီသို့သာ စိတ်ရောက်သွားလေသည်မို့ စကားစ,ပြတ်သွားရလေသည်။

----------------------------------------

"သူအဆင်ပြေလား, Loy "

"အဆင်ပြေပါတယ်လို့ပြောရင် သခင်လေး ယုံမှာလား"

ထိုစကားကြောင့် ယွန်ဂီ ခပ်တွေတွေလေးစဉ်းစားမိသွားရလေသည်။ ပြီးနောက်မှ ခေါင်းကိုအသာခါလိုက်ကာ

"သူ ငါ့ကိုမချစ်ရင်ပေါ့ "

ယွန်ဂီစကားကို Loy ခေါင်းခါပြလိုက်မိသည်။ ထိုနောက် ပြတင်းပေါက်ဆီမှ ကောင်းကင်သို့ ငေးကြည့်ရင်း စကားဆို၏။

"သူက သခင်လေးမထင်ထားလောက်တဲ့အထိကို သခင်လေးကိုချစ်ရှာတာပါ၊ သခင်လေးသူ့ဆီကို အခုထိမဆက်သွယ်တာတောင် သူသခင်လေးကို မျှော်နေတုန်းပဲ"

"ငါ့ကို သူကမျှော်တယ် "

"ဟုတ်တယ် သခင်လေး ၊ သူက သခင်လေးရဲ့,ကတိကို အခုထိစောင့်နေတုန်းပဲ "

ဂျီမင်းက ယခုချိန်လောက်ဆို သူ့ကိုမေ့နေလိမ့်မည်ဟု ထင်သော်လည်း သတိရနေသည်ဆိုသော Loy၏ စကားကြောင့် babyဆီသို့ ပြေးသွားချင်စိတ်က တားဆီး၍မရနိုင်တော့ချေ။

"ငါသူ့ဆီသွားမယ် Loy ၊ မင်းဒီဘက်က အ‌ခြေအနေတွေကို ခန,ထိန်းထားပေး"

"စိတ်ချပါ သခင်လေး၊ စိတ်ဖြောင့်ဖြောင့်သွားပါ "

"အင်း"

-------------------

၀ရံတာတွင်ထိုင်ကာ ပြန်မလာသည့်လူကို မျှော်နေမိတာက ရူးသွပ်မှန်းသိပါသည်။ သို့ပေမယ့်လည်း ထိုကတိစကားအား ယုံကြည်နေမိဆဲပင်။ မိမိကိုယ်တိုင်ကပဲ တုံးအလွန်းနေတာလား။ သူကပဲ လှည့်စားတတ်လွန်းခဲ့တာလား။

"ခများကြီး လိမ်တယ်၊ ဒါပေမယ့် ကျွန်တော်ယုံနေတုန်းပဲ၊ မုန်းတယ် ခများကိုရော ကိုယ့်ကိုယ်ကိုရော သိပ်မုန်းတယ်"

"baby "

ရုတ်တရက်နားဆီသို့၀င်လာသော စကားသံကြောင့် ဂျီမင်းခန္ဓာကိုယ်လေး မယုံနိုင်စွာဖြင့် တောင့်တင်းသွားမိသည်။ သူအခု သွေးစုပ်ဖုတ်ကောင်ရဲ့အသံကို ကြားလိုက်ရတာလား။ ၀ရံတာတွင်ထိုင်ကာ အရက်သောက်နေသည်မို့ ကြားနေရသည့်စကားသံက ခပ်ရေးရေးသာ။ ဒီတစ်ခါလည်း စိတ်ထင်တာပဲထင်ပါသည်။

"အဟင့်! ဟင့် ! "

၀ရံတာ၌ထိုင်ကာငေးနေရင်းမှ ရုတ်တရက်ငိုချလိုက်သော ဂျီမင်းကြောင့် ယွန်ဂီမှာ တံခါးနား၌ရပ်နေရာမှ အပြေးထိုလူ့အနားသို့ရောက်သွားမိသည်။

"baby "

"ဟင် ! ခများ "

ဂျီမင်းငိုနေရာမှပင် ထိူလူ၏မျက်နှာကို အသေအချာကြည့်မိသေးသည်။ တကယ်ကြီးပင်။ မင်ယွန်ဂီဆိုသည့်ထိုလူက ဒီတစ်ကြိမ်တွင်တော့ တကယ်ရောက်လာခဲ့သည်။

"ခများကို မုန်းလိုက်တာ"

"မုန်းပါ ကိုယ်ကကတိမတည်နိုင်ခဲ့တဲ့သူမို့ baby မုန်းလည်းခံရမှာပဲ"

"ခများကြီး ဘာလို့မို့ ဖုန်းလေးတစ်ချက်တောင် မဆက်ပဲနေနိုင်ရတာလဲ ကျွန်တော်ဘယ်လောက်လွမ်းနေလဲ မသိဘူးလား ဟင့် "

"ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ်ဆက်သွယ်ဖို့ အခွင့်မသာခဲ့ဘူး baby "

"လူလိမ်ကြီး ခများကိုမုန်းတယ် "

စကားပြောရင်းမှ လည်ပင်းဆီကအကျီစ,ကိုဆွဲကာ နှုတ်ခမ်းကိုနမ်းလာသော babyကြောင့် ယွန်ဂီ ထိုကိုယ်လုံးသေးသေးလေးအား ပွေ့ချီကာ အိပ်ခန်းဆီသို့လာခဲ့၏။ ဒီခန္ဓာကိုယ်လေးရဲ့ အထိအတွေ့တွေကို သူဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။

"baby "

"အင်း "

အိပ်ခန်းဆီသို့သွားသည့်တစ်လျှောက်လုံး ပခုံးပေါ်ကိုသာ ခေါင်းမှီလိုက်လာရင်း တစ်အင့်အင့်ဖြင့် ရှိုက်ငိုနေလေသည်။

"ကိုယ့်ကို ဒီည ခွင့်ပြုပေးမလား "

"ပြီးကျရင် ခများက ပြန်သွားမှာလား "

"အင်း ခနပဲ ပြီးကျရင် babyဆီ အပြီးပြန်လာမယ်"

"ကျနော်အိပ်နေတဲ့အချိန်မှာ ခများပြန်သွားရင်ရော....."

ပခုံးထက်၌ ခပ်စိုစိုအထိအတွေ့ကိုရနေသည်မို့ babyငိုနေမှန်းရိပ်မိပါသည်။ ထိုကောင်လေး၏ စိုးရိမ်စိတ်က သိပ်ကြီးပေသည်။ ပထမတစ်ခေါက်တုန်းကလည်း သူ့ကိုပြောပြီးမှ သွားတာကို ယခုလည်း သူမနိုးသေးသည့်အချိန်ထွက်သွားမှာ စိတ်ပူသည်တဲ့။

"စိတ်မပူပါနဲ့ ကိုယ် babyနဲ့ နှစ်ရက်သုံးရက်လောက်တော့ အတူရှိပေးနိုင်မှာပါ"

"ဒါဆို ခွင့်ပြုပေးမယ်"

"အဟက်! babyက အပေးအယူလုပ်နေတာလား"

"ထင်ချင်သလိုထင်"

ဆိုကာ လူကိုနှုတ်ခမ်းဆူကာပြောရင်း ရင်ခွင်ထဲသို့မျက်နှာဝှက်သွားလေသူ။ သူ့ဟာသူချွဲပြီး ရှက်သွားပုံရပါသည်။ ထို့နောက်အိပ်ခန်းထဲသို့၀င်လာရင်း babyအား အိပ်ယာပေါ်သို့အသာချပေးလိုက်၏။

"baby အရမ်းနာရင်ပြောနော် "

"အင်း "

ဂျီမင်း၏ခေါင်းငြိမ့်ပြီးဖြေသံအဆုံး နှစ်ယောက်သားအတူ အချစ်ရမ္မက်လမ်းသို့ တိုး၀င်ခဲ့ကြလေသည်။

------------------------------------

ကိုယ့်ရဲ့နိုင်ငံသို့ပြန်ရောက်လာရသော အငွေ့အသက်က မိခင်ရင်ခွင်ထံ၀ယ် ထွေးဖက်ထားခံရသော ကလေးငယ်တစ်ယောက်၏ ခံစားချက်ပမာ သဏ္ဍာန်တူလှ၏။ ထိုင်းနိုင်ငံသို့ခဏလေးပင် အလည်သွားမိသည်ကို မီနာမှာ နှစ်တွေဆယ်ချီကြာနေသလိုပါပင်။

"ဆိုယောင်း ဒီကိုပြန်လာရတာပျင်းလား"

"ဟင့်အင်း! အောင်မြင်မှုအတွက် ရွေးချယ်ခဲ့တဲ့လမ်းတစ်ခုဖြစ်လို့ ပျင်းတယ်လို့မရှိပါဘူး ဘေးနားမှာ မီနာရှိနေရင်တော့ ပိုပြီးကောင်းတာပေါ့"

ဆိုကာ မီနာပခုံးအားလှမ်းဖက်လိုက်လေသည်။

"အခု ဘယ်အိမ်ကိုပြန်မလဲ"

မီနာအမေးကို ဆိုယောင်းတစ်ချက်တွေးတောဟန်ပြုရင်း

"မီနာအိမ်သွားကြမလား ဆိုယောင်းရဲ့ခွင့်ရက်က မပြည့်သေးတော့ နားချိန်ရှိသေးတယ်"

"ဟုတ်လား ဒါဆိုမီနာအိမ်လိုက်ခဲ့၊ ဆိုယောင်းကို ရေညှိထမင်းလိတ်လုပ်ကျွေးမယ်"

"မီနာက လုပ်တတ်တယ်လား"

"ဒါပေါ့ ဆိုယောင်းကို မီနာရဲ့ရေညှိလိတ်မှစားချင်ပါတယ်ဆိုပြီး ဖြစ်သွားအောင်ကိုလုပ်ကျွေးမှာ"

လက်မလေးတစ်ထောင်ထောင်ဖြင့် ကိုယ့်ကိုယ်ကိုအားအမွှန်းတင်နေသော မီနာကြောင့် ဆိုယောင်းထိုကောင်မလေးအား ပြုံး၍သာကြည့်နေမိသည်။

"ဆိုယောင်း အကြိုလူခေါ်လိုက်ဦးမယ်"

"ဟင့်အင်း မခေါ်နဲ့ တစ်ခါတစ်လေ busတိုးစီးရအောင်လို့"

အကြိုခေါ်ရန်အတွက် ဖုန်းဆက်ဖို့ပြင်နေသောဆိုယောင်းလက်ထဲမှ ဖုန်းအားဆွဲလုကာ busကားဂိတ်ဆီသို့ luggageတွေကိုယ်စီဆွဲကာဖြင့်လာခဲ့လေသည်။

"ဆိုယောင်းအတွက် အဆင်ပြေပါ့မလား မီနာ"

"ပြေပါတယ် မီနာ့ကိုယုံ၊ maskကလေးတပ် ဦးထုပ်လေး ခပ်ငိုက်ငိုက်ဆောင်းလိုက်။ အရမ်းကြီး သိသိသာသာကြီးဖြစ်အောင်မနေနဲ့။ မျက်နှာကိုအရမ်းကွယ်နေရင် နာမည်ကြီးတစ်ယောက်ဆိုတာ သူတို့ရိပ်မိလိမ့်မယ်"

"မီနာက ဘယ်လိုလုပ်ပြီးသိတာလဲ"

ဆိုယောင်းက ထိုသို့မေးသောအခါ မီနာမှာနှုတ်ခမ်းလေးကိုက်၍ ကြိတ်ပြုံးရုံသာတတ်နိုင်ပါသည်။ မိမိကိုယ်တိုင်ကလည်း သူမ၏ အကြီးစားfanတစ်ယောက်ဖြစ်နေခဲ့ပါသည် မဟုတ်လား။

"ငါက ငါက ဆိုယောင်းရဲ့ big fanလေ"

နှုတ်ခမ်းလေးကိုက်ကာ ရှက်ရွံ့နေပုံက တစ်ကယ်ပင်ချစ်ဖွယ်အတိပင်။

"ဒါဆို ဆိုယောင်းရဲ့ fanလေးကို လက်ဆောင်ပေးသင့်တာပေါ့"

"ဘာလက်ဆောင်လဲ "

ဆိုယောင်းကလက်ဆောင်ပေးမည်ဆိုတော့ အရောင်လက်သွားသည့်သူမ၏မျက်လုံးတွေက တစ်ကယ်ပင်ချစ်ဖွယ်အတိ။

" secretလေ"

"ဟင့်! "

secretဆိုတော့ စိတ်ပျက်စွာဖြင့်ဆူထွက်လာသည့် နှုတ်ခမ်းပါးလှလှလေးက ဆွဲကိုက်ပစ်ချင်စရာကောင်းလှသည်။

"နောက်တော့ သိရမှာပေါ့ အခုတော့ သွားရအောင်"

ထပ်ပြီး ကြာကြာနေလျှင် ဖက်နမ်းမိတော့မည်မို့ စကားလမ်းကြောင်းပြောင်းကာ မြန်မြန်ပြန်ဖို့လုပ်ရလေသည်။

"အိမ်ရောက်ရင်တော့ ရေညှိလိပ်ကောင်းကောင်းလုပ်ကျွေးနော်"

ဆိုယောင်းကဲ့စကားအဆုံးမှာ မီနာဆီမှ အခဲမကျေသည့်မျက်စောင်းလေးတစ်ချက် ပြန်ရလိုက်လေသည်။ ဒီကောင်မလေးက တစ်ကယ်ပင်ချစ်ဖွယ်အတိ။

J JuliH

အကြာကြီး ပျောက်သွားခဲ့လို့ ကလေးလေးတို့ကိုအများကြီးတောင်းပန်ပါတယ်နော်။ ရွာပြန်နေတာရယ်၊ အလုပ်များနေတာရယ်၊ စိတ်ရှုပ်စရာတွေများနေတာကြောင့် စာရေးဖို့ moodကောင်းကောင်းမရတာရယ်ကြောင့် အရမ်းကြာသွားခဲ့တာပါ။

ဒါနဲ့ မုန်တိုင်းလေးတွေ လာရင် အဆင်ပြေမလားဟင်😄။

Zawgyi

ယေန႕ LAသို႔ သြားမည္ျဖစ္၍ အထုပ္အပိုးေတြကိုျပင္ဆင္ကာ ဂ်ီမင္းေဟ်ာင္းအား အကူအညီေတာင္း၍ အင္ခြၽန္းေလဆိပ္သို႔လိုက္ပို႔ခိုင္းရေလသည္။ ကိုယ္တိုင္ကားယူသြားဖို႔က်လည္းအဆင္မေျပသည္မို႔ အလုပ္မအားသည့္ ဂ်ီမင္းေဟ်ာင္းအား လွမ္း၍ အကူအညီေတာင္းရျခင္းပင္ျဖစ္သည္။

"မအားတာသိေပမယ့္ မတတ္သာလို႔ အကူအညီေတာင္းလိုက္ရတာ အားနာပါတယ္ ဂ်ီမင္းေဟ်ာင္း"

"ဟဟ! ေဂ်ာင္ကုက အားေတာင္နာတတ္ေနၿပီလား။ အရင္တုန္းက ေဂ်ာင္ကုနဲ႕အရမ္းကိုကြာသြားတာပဲ။ ငါသာမင္းအနားမွာရွိမေနဘဲ အေဝးေရာက္ေနခဲ့ရင္ မင္းကငါသိခဲ့တဲ့ေဂ်ာင္ကုမွ ဟုတ္ပါမလားဆိုၿပီး စဥ္းစားမိလိမ့္မယ္ထင္တယ္"

ဂ်ီမင္းရယ္ၿပီး ေျပာလိုက္မိသည္။ တကယ္ပင္ ေဂ်ာင္ကုက ေျပာင္းလဲသြားခဲ့သည္။ အရင္ကဆို ခက္ထန္ေနတတ္သည့္ မ်က္ႏွာက ယခုေတာ့သူ၏စိတ္အေပၚမူတည္ကာ အသြင္ေျပာင္းသြားတတ္ေလသည္။ သို႔ေသာ္ေအးစက္ဆဲပါပင္။ တစ္ျခားသူတစ္ေယာက္ကို သူျဖစ္ေစခ်င္သည့္အတိုင္း ျဖစ္မလာရင္ အလိုမက်ကာ လိုသလိုပုံသြင္းပစ္တတ္သည့္သူက ယခုတစ္ဖက္သား၏စိတ္ကို နားလည္ေပးတတ္လာေလသည္။ သို႔ေသာ္ ထယ္ေယာင္းႏွင့္ပတ္သတ္ရင္ေတာ့မရေပ။

"ဒါဆို ငါျပန္ေတာ့မယ္ေနာ္။ ေဆး႐ုံက ဂ်ဴတီ၀င္ရဦးမွာ၊ ထယ္ေယာင္းလည္း ဟိုေရာက္ရင္ က်န္းမာေရးဂ႐ုစိုက္ေနာ္။ ကိုယ္၀န္ကလရင့္ထဲေရာက္ေနၿပီ"

"ဟုတ္ ေဟ်ာင္း"

ဂ်ီမင္းစကားကို ထယ္ေယာင္းၿပဳံးျပရင္း ျပန္ေျဖလိုက္ေလသည္။ LAသို႔သြားမည့္ခရီးက ရက္အနည္းငယ္ပင္ျဖစ္ေသာ္လည္း ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္လိုအပ္သည့္ အားေဆးမွန္သမွ်အား တစ္လစာပင္ ထည့္ေပးလိုက္ေသာ ေဟ်ာင္းပါပင္။ အစားကိုလည္းပုံမွန္စား။ အိပ္ခ်ိန္လည္းမွန္ေအာင္အိပ္၊ ေဆးလည္းမွန္ေအာင္ေသာက္ဟု ဆိုသည့္စကားကိုသာ အထပ္ထပ္မွာေနေသာ ေဟ်ာင္းေၾကာင့္ ထယ္ေယာင္းေခါင္းၿငိမ့္ေနရတာ အခါခါပင္။

"ေလယာဥ္က အသိေပးခ်က္ထြက္လာၿပီ ၊ သြားေတာ့မယ္ဂ်ီမင္းေဟ်ာင္း"

ဂ်ီမင္းအားႏႈတ္ဆက္ၿပီးေနာက္ luggageကိုတစ္ဖက္၊ ထယ္ေယာင္းကိုတစ္ဖက္ဆြဲကာ ေလယာဥ္ေပၚသို႔တတ္လာခဲ့သည္။ ထယ္ေယာင္း၏ ဗိုက္ကေလးကေတာ့ ခပ္ပြပြအ၀တ္အစား၏ေအာက္တြင္ ျမဳပ္ေနလ်က္။ ေယာက်ာ္းေလးကိုယ္၀န္ေဆာင္ျဖစ္သည့္အျပင္ ပထမဆုံးလြယ္ရသည့္ဗိုက္မို႔ အရမ္းႀကီးပူေနသည္မရွိဘဲ ခပ္လုံးလုံးေဖာင္းေဖာင္းေလးရယ္သာ။ အက်ီအၾကပ္ေတြ၀တ္လွ်င္ ပူၿပီးေဖာင္းေနတတ္ေသာ္လည္း ခပ္ပြပြ long coatကို ၀တ်လိုက်သည့်အခါတွင်တော့ အနည္းငယ္ျမဳပ္သြားရေလသည္။ သို႔ေသာ္လည္း ခပ္ပူပူေလးေတာ့ ေပၚေနဆဲပင္။ ထင္ထင္ရွားရွားႀကီးမဟုတ္ေသာ္လည္း ခ်စ္စဖြယ္ေကာင္းေအာင္ပူေနပါေသး၏။

"ေမာင္ ! "

ေလယာဥ္ေပၚတြင္ႏွစ္ေယာက္တြဲထိုင္ေနရင္းမွ ေဘးနားတြင္ Macbookတစ္လုံးျဖင့္ အလုပ္ရႈပ္ေနသူအား ထယ္ေယာင္းခပ္ခြၽဲခြၽဲေလး ေခၚလိုက္ေလသည္။

"အင္း ေျပာေလ"

"ငါ ဗိုက္ဆာတယ္"

ဗိုက္လုံးလုံးေလးအားပြတ္ကာ စကားဆိုလာေသာ ဗိုက္ကေလးေၾကာင့္ ေဂ်ာင္ကုၿပဳံးလိုက္မိသည္။ သူစားဖို႔ရာအတြက္သယ္လာခဲ့သည့္မုန႔္မွန္သမွ်က luggageထဲတြင္သာထည့္ထားသည္မို႔ ထို luggageေတြအားတစ္ျခားေနရာမွာထားလိုက္ရေတာ့ မုန႔္ေတြကပါထိုအထဲသို႔ပါသြားရျခင္းျဖစ္ေလသည္။

"ခနေလး ေမာင္ ေလယာဥ္မယ္ကိုေျပာၾကည့္မယ္"

ထိုသို႔ေျပာၿပီးေနာက္ ေလယာဥ္တြင္ပါေသာလူေခၚခလုတ္အားႏွိပ္ကာ ေလယာဥ္မယ္အားလွမ္းေခၚလိုက္၏။ ေဂ်ာင္ကုေခၚၿပီးသိပ္မၾကာခင္မွာပင္ ေလယာဥ္မယ္တစ္ေယာက္ ေရာက္လာေလသည္။

ထိုေလယာဥ္မယ္က အဂ္လိပ္လိုေမးလာသည္မို႔ ေဂ်ာင္ကုကလည္း အဂ္လိပ္လိုကြၽမ္းက်င္စြာျပန္ေျဖေလသည္။ သူတို႔ေျပာေနသည့္စကာစလုံးေတြအား ထယ္ေယာင္း နားလည္တစ္ခ်က္ မလည္တစ္ခ်က္ျဖင့္သာ ငူတူတူေလးနားေထာင္ေနမိသည္။

ထယ္ေယာင္းက ဘြဲ႕ရၿပီးသားသူတစ္ေယာက္မို႔ အေတာ္အသင့္စကားကို နားလည္သည္ဆိုေသာ္လည္း လုံး၀ႀကီးစင္းလုံးေခ်ာတတ္သည္ေတာ့ မဟုတ္ေပ။ အဂ္လိပ္စကားကိုလည္း မသင္ဖူးသလို လုပ္ငန္းအေတြ႕အႀကဳံလည္းမရွိသူမို႔ အဂ္လိပ္စကားကိုမေျပာတတ္ေပ။ ေဂ်ာင္ကုကေတာ့ သူႏွင့္ဆန႔္က်င္စြာပင္။ ေလယာဥ္မယ္၏အဂ္လိပ္စကားစေကးကိုေက်ာ္ကာ လွ်ာခလုတ္တိုက္မတတ္ပင္ တစ္တြတ္တြတ္႐ြတ္ရင္း လိုေနသည္မ်ားကိုမွာေလသည္။

"Okay! Sir. We will make it convenient."

ေလယာဥ္မယ္၏စကားကို ေဂ်ာင္ကုေခါင္းၿငိမ့္ကာသာ အသိအမွတ္ျပဳလိုက္ေလသည္။ ေဂ်ာင္ကု၏အသိအမွတ္ျပဳမႈကိုရၿပီးေနာက္ ေလယာဥ္မယ္ေလးက ေခါင္းငုံ႕ကာအရိုအေသေပးရင္း ထြက္သြားေလသည္။

"ေမာင္တို႔က ဘာေတြေျပာေနတာလဲ "

"ဪ....ေမာင့္ဗိုက္ကေလးစားဖို႔အတြက္ မွာေပးေနတာေလ၊ ဗိုက္ႀကီးသည္အတြက္ေရွာင္ရန္အစားအေသာက္ေတြကို ယူမလာေပးဖို႔ရယ္၊ အခ်ဥ္အစပ္ေတြ ယူမလာေပးဖို႔ရယ္၊ စေတာ္ဘယ္ရီမ်ားမ်ားယူခဲ့ဖို႔ရယ္ အဲ့ဒါေတြမွာေနတာပါ"

"အဲ့လိုေတြမွာလို႔ရတယ္လား"

"ဒါေပါ့ ေမာင္က ဘယ္သူမို႔လဲ"

"ေမာင္က ဂြၽန္ေဂ်ာင္ကုေလ"

ထယ္ေယာင္း၏ စကားသံအဆုံး၌ ႏွစ္ေယာက္သားၿပိဳင္တူရယ္လိုက္မိသည္။ ထို႔ေနာက္ထယ္ေယာင္း၏ ဆံပင္ေလးေတြအား ခပ္ဖြဖြပြတ္သပ္လိုက္ရင္း

"ေမာင့္ဗိုက္ကေလး အိပ္ခ်င္လား"

မ်က္၀န္းေတြအား နင့္နင့္နဲနဲစိုက္ၾကည့္ရင္းမွ ေမးလာေသာေဂ်ာင္ကုစကားကို ထယ္ေယာင္းေခါင္းရမ္းျပလိုက္မိသည္။ စေတာ္ဘယ္ရီေတြစားဖို႔ ေစာင့္ရဦးမွာမို႔ သူမအိပ္ခ်င္ေသးဘူး။

"စေတာ္ဘယ္ရီစားၿပီးရင္ အိပ္မယ္ေနာ္"

"ေမာင့္ဗိုက္ကေလးက ဆိုးလိုက္တာကြာ"

"အဲ့ဒီေတာ့ ေမာင္က ၿငိဳျငင္တာလား"

"ၿငိဳျငင္စရာလားကြာ ေမာင့္ဗိုက္ကေလးကို ခ်စ္လို႔ေတာင္မ,၀သေးတာကို"

"ဒါဆို ေမာင္က ခ်စ္လို႔၀ရင္ ၿငိဳျငင္မယ္ေပါ့"

"ဟာ ေမာင့္ဗိုက္ကေလးက ရစ္ၿပီကြာ၊ ဗိုက္ကေလးကို ေမာင္က ဘယ္ေတာ့မွလည္း ခ်စ္လို႔၀,မွာ မဟုတ္သလို ၿငိဳျငင္သြားမွာလည္း မဟုတ္ဘူး"

"တကယ္လား "

"ဒါေပါ့ "

"စေတာ္ဘယ္ရီနဲ႕ မုန႔္ေတြလာပို႔ေပးတာပါရွင့္ "

ႏွစ္ေယာက္သားစကားအဆုံး၌ ၾကားျဖတ္၀င္လာေသာ ေလယာဥ္မယ္၏ စကားေၾကာင့္ ထယ္ေယာင္းမွာ ထိုဆီသို႔သာ စိတ္ေရာက္သြားေလသည္မို႔ စကားစ,ျပတ္သြားရေလသည္။

----------------------------------------

"သူအဆင္ေျပလား, Loy "

"အဆင္ေျပပါတယ္လို႔ေျပာရင္ သခင္ေလး ယုံမွာလား"

ထိုစကားေၾကာင့္ ယြန္ဂီ ခပ္ေတြေတြေလးစဥ္းစားမိသြားရေလသည္။ ၿပီးေနာက္မွ ေခါင္းကိုအသာခါလိုက္ကာ

"သူ ငါ့ကိုမခ်စ္ရင္ေပါ့ "

ယြန္ဂီစကားကို Loy ေခါင္းခါျပလိုက္မိသည္။ ထိုေနာက္ ျပတင္းေပါက္ဆီမွ ေကာင္းကင္သို႔ ေငးၾကည့္ရင္း စကားဆို၏။

"သူက သခင္ေလးမထင္ထားေလာက္တဲ့အထိကို သခင္ေလးကိုခ်စ္ရွာတာပါ၊ သခင္ေလးသူ႕ဆီကို အခုထိမဆက္သြယ္တာေတာင္ သူသခင္ေလးကို ေမွ်ာ္ေနတုန္းပဲ"

"ငါ့ကို သူကေမွ်ာ္တယ္ "

"ဟုတ္တယ္ သခင္ေလး ၊ သူက သခင္ေလးရဲ႕,ကတိကို အခုထိေစာင့္ေနတုန္းပဲ "

ဂ်ီမင္းက ယခုခ်ိန္ေလာက္ဆို သူ႕ကိုေမ့ေနလိမ့္မည္ဟု ထင္ေသာ္လည္း သတိရေနသည္ဆိုေသာ Loy၏ စကားေၾကာင့္ babyဆီသို႔ ေျပးသြားခ်င္စိတ္က တားဆီး၍မရနိုင္ေတာ့ေခ်။

"ငါသူ႕ဆီသြားမယ္ Loy ၊ မင္းဒီဘက္က အေျခအေနေတြကို ခန,ထိန္းထားေပး"

"စိတ္ခ်ပါ သခင္ေလး၊ စိတ္ေျဖာင့္ေျဖာင့္သြားပါ "

"အင္း"

-------------------

၀ရံတာတွင်ထိုင်ကာ ျပန္မလာသည့္လူကို ေမွ်ာ္ေနမိတာက ႐ူးသြပ္မွန္းသိပါသည္။ သို႔ေပမယ့္လည္း ထိုကတိစကားအား ယုံၾကည္ေနမိဆဲပင္။ မိမိကိုယ္တိုင္ကပဲ တုံးအလြန္းေနတာလား။ သူကပဲ လွည့္စားတတ္လြန္းခဲ့တာလား။

"ခမ်ားႀကီး လိမ္တယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ယုံေနတုန္းပဲ၊ မုန္းတယ္ ခမ်ားကိုေရာ ကိုယ့္ကိုယ္ကိုေရာ သိပ္မုန္းတယ္"

"baby "

႐ုတ္တရက္နားဆီသို႔၀င္လာေသာ စကားသံေၾကာင့္ ဂ်ီမင္းခႏၶာကိုယ္ေလး မယုံနိုင္စြာျဖင့္ ေတာင့္တင္းသြားမိသည္။ သူအခု ေသြးစုပ္ဖုတ္ေကာင္ရဲ႕အသံကို ၾကားလိုက္ရတာလား။ ၀ရံတာတွင်ထိုင်ကာ အရက္ေသာက္ေနသည္မို႔ ၾကားေနရသည့္စကားသံက ခပ္ေရးေရးသာ။ ဒီတစ္ခါလည္း စိတ္ထင္တာပဲထင္ပါသည္။

"အဟင့္! ဟင့္ ! "

၀ရံတာ၌ထိုင်ကာငေးနေရင်းမှ ႐ုတ္တရက္ငိုခ်လိဳက္ေသာ ဂ်ီမင္းေၾကာင့္ ယြန္ဂီမွာ တံခါးနား၌ရပ္ေနရာမွ အေျပးထိုလူ႕အနားသို႔ေရာက္သြားမိသည္။

"baby "

"ဟင္ ! ခမ်ား "

ဂ်ီမင္းငိုေနရာမွပင္ ထိူလူ၏မ်က္ႏွာကို အေသအခ်ာၾကည့္မိေသးသည္။ တကယ္ႀကီးပင္။ မင္ယြန္ဂီဆိုသည့္ထိုလူက ဒီတစ္ႀကိမ္တြင္ေတာ့ တကယ္ေရာက္လာခဲ့သည္။

"ခမ်ားကို မုန္းလိုက္တာ"

"မုန္းပါ ကိုယ္ကကတိမတည္နိုင္ခဲ့တဲ့သူမို႔ baby မုန္းလည္းခံရမွာပဲ"

"ခမ်ားႀကီး ဘာလို႔မို႔ ဖုန္းေလးတစ္ခ်က္ေတာင္ မဆက္ပဲေနနိုင္ရတာလဲ ကြၽန္ေတာ္ဘယ္ေလာက္လြမ္းေနလဲ မသိဘူးလား ဟင့္ "

"ကိုယ္သိပါတယ္ ဒါေပမယ့္ ကိုယ္ဆက္သြယ္ဖို႔ အခြင့္မသာခဲ့ဘူး baby "

"လူလိမ္ႀကီး ခမ်ားကိုမုန္းတယ္ "

စကားေျပာရင္းမွ လည္ပင္းဆီကအက်ီစ,ကိုဆြဲကာ ႏႈတ္ခမ္းကိုနမ္းလာေသာ babyေၾကာင့္ ယြန္ဂီ ထိုကိုယ္လုံးေသးေသးေလးအား ေပြ႕ခ်ီကာ အိပ္ခန္းဆီသို႔လာခဲ့၏။ ဒီခႏၶာကိုယ္ေလးရဲ႕ အထိအေတြ႕ေတြကို သူဘယ္ေလာက္ေတာင္ လြမ္းေနခဲ့ရသလဲ။

"baby "

"အင္း "

အိပ္ခန္းဆီသို႔သြားသည့္တစ္ေလွ်ာက္လုံး ပခုံးေပၚကိုသာ ေခါင္းမွီလိုက္လာရင္း တစ္အင့္အင့္ျဖင့္ ရွိုက္ငိုေနေလသည္။

"ကိုယ့္ကို ဒီည ခြင့္ျပဳေပးမလား "

"ၿပီးက်ရင္ ခမ်ားက ျပန္သြားမွာလား "

"အင္း ခနပဲ ၿပီးက်ရင္ babyဆီ အၿပီးျပန္လာမယ္"

"က်ေနာ္အိပ္ေနတဲ့အခ်ိန္မွာ ခမ်ားျပန္သြားရင္ေရာ....."

ပခုံးထက္၌ ခပ္စိုစိုအထိအေတြ႕ကိုရေနသည္မို႔ babyငိုေနမွန္းရိပ္မိပါသည္။ ထိုေကာင္ေလး၏ စိုးရိမ္စိတ္က သိပ္ႀကီးေပသည္။ ပထမတစ္ေခါက္တုန္းကလည္း သူ႕ကိုေျပာၿပီးမွ သြားတာကို ယခုလည္း သူမနိုးေသးသည့္အခ်ိန္ထြက္သြားမွာ စိတ္ပူသည္တဲ့။

"စိတ္မပူပါနဲ႕ ကိုယ္ babyနဲ႕ ႏွစ္ရက္သုံးရက္ေလာက္ေတာ့ အတူရွိေပးနိုင္မွာပါ"

"ဒါဆို ခြင့္ျပဳေပးမယ္"

"အဟက္! babyက အေပးအယူလုပ္ေနတာလား"

"ထင္ခ်င္သလိုထင္"

ဆိုကာ လူကိုႏႈတ္ခမ္းဆူကာေျပာရင္း ရင္ခြင္ထဲသို႔မ်က္ႏွာဝွက္သြားေလသူ။ သူ႕ဟာသူခြၽဲၿပီး ရွက္သြားပုံရပါသည္။ ထို႔ေနာက္အိပ္ခန္းထဲသို႔၀င္လာရင္း babyအား အိပ္ယာေပၚသို႔အသာခ်ေပးလိုက္၏။

"baby အရမ္းနာရင္ေျပာေနာ္ "

"အင္း "

ဂ်ီမင္း၏ေခါင္းၿငိမ့္ၿပီးေျဖသံအဆုံး ႏွစ္ေယာက္သားအတူ အခ်စ္ရမၼက္လမ္းသို႔ တိုး၀င္ခဲ့ၾကေလသည္။

------------------------------------

ကိုယ့္ရဲ႕နိုင္ငံသို႔ျပန္ေရာက္လာရေသာ အေငြ႕အသက္က မိခင္ရင္ခြင္ထံ၀ယ္ ေထြးဖက္ထားခံရေသာ ကေလးငယ္တစ္ေယာက္၏ ခံစားခ်က္ပမာ သ႑ာန္တူလွ၏။ ထိုင္းနိုင္ငံသို႔ခဏေလးပင္ အလည္သြားမိသည္ကို မီနာမွာ ႏွစ္ေတြဆယ္ခ်ီၾကာေနသလိုပါပင္။

"ဆိုေယာင္း ဒီကိုျပန္လာရတာပ်င္းလား"

"ဟင့္အင္း! ေအာင္ျမင္မႈအတြက္ ေ႐ြးခ်ယ္ခဲ့တဲ့လမ္းတစ္ခုျဖစ္လို႔ ပ်င္းတယ္လို႔မရွိပါဘူး ေဘးနားမွာ မီနာရွိေနရင္ေတာ့ ပိုၿပီးေကာင္းတာေပါ့"

ဆိုကာ မီနာပခုံးအားလွမ္းဖက္လိုက္ေလသည္။

"အခု ဘယ္အိမ္ကိုျပန္မလဲ"

မီနာအေမးကို ဆိုေယာင္းတစ္ခ်က္ေတြးေတာဟန္ျပဳရင္း

"မီနာအိမ္သြားၾကမလား ဆိုေယာင္းရဲ႕ခြင့္ရက္က မျပည့္ေသးေတာ့ နားခ်ိန္ရွိေသးတယ္"

"ဟုတ္လား ဒါဆိုမီနာအိမ္လိုက္ခဲ့၊ ဆိုေယာင္းကို ေရညွိထမင္းလိတ္လုပ္ေကြၽးမယ္"

"မီနာက လုပ္တတ္တယ္လား"

"ဒါေပါ့ ဆိုေယာင္းကို မီနာရဲ႕ေရညွိလိတ္မွစားခ်င္ပါတယ္ဆိုၿပီး ျဖစ္သြားေအာင္ကိုလုပ္ေကြၽးမွာ"

လက္မေလးတစ္ေထာင္ေထာင္ျဖင့္ ကိုယ့္ကိုယ္ကိုအားအမႊန္းတင္ေနေသာ မီနာေၾကာင့္ ဆိုေယာင္းထိုေကာင္မေလးအား ၿပဳံး၍သာၾကည့္ေနမိသည္။

"ဆိုေယာင္း အႀကိဳလူေခၚလိုက္ဦးမယ္"

"ဟင့္အင္း မေခၚနဲ႕ တစ္ခါတစ္ေလ busတိုးစီးရေအာင္လို႔"

အႀကိဳေခၚရန္အတြက္ ဖုန္းဆက္ဖို႔ျပင္ေနေသာဆိုေယာင္းလက္ထဲမွ ဖုန္းအားဆြဲလုကာ busကားဂိတ္ဆီသို႔ luggageေတြကိုယ္စီဆြဲကာျဖင့္လာခဲ့ေလသည္။

"ဆိုေယာင္းအတြက္ အဆင္ေျပပါ့မလား မီနာ"

"ေျပပါတယ္ မီနာ့ကိုယုံ၊ maskကေလးတပ္ ဦးထုပ္ေလး ခပ္ငိုက္ငိုက္ေဆာင္းလိုက္။ အရမ္းႀကီး သိသိသာသာႀကီးျဖစ္ေအာင္မေနနဲ႕။ မ်က္ႏွာကိုအရမ္းကြယ္ေနရင္ နာမည္ႀကီးတစ္ေယာက္ဆိုတာ သူတို႔ရိပ္မိလိမ့္မယ္"

"မီနာက ဘယ္လိုလုပ္ၿပီးသိတာလဲ"

ဆိုေယာင္းက ထိုသို႔ေမးေသာအခါ မီနာမွာႏႈတ္ခမ္းေလးကိုက္၍ ႀကိတ္ၿပဳံး႐ုံသာတတ္နိုင္ပါသည္။ မိမိကိုယ္တိုင္ကလည္း သူမ၏ အႀကီးစားfanတစ္ေယာက္ျဖစ္ေနခဲ့ပါသည္ မဟုတ္လား။

"ငါက ငါက ဆိုေယာင္းရဲ႕ big fanေလ"

ႏႈတ္ခမ္းေလးကိုက္ကာ ရွက္႐ြံ႕ေနပုံက တစ္ကယ္ပင္ခ်စ္ဖြယ္အတိပင္။

"ဒါဆို ဆိုေယာင္းရဲ႕ fanေလးကို လက္ေဆာင္ေပးသင့္တာေပါ့"

"ဘာလက္ေဆာင္လဲ "

ဆိုေယာင္းကလက္ေဆာင္ေပးမည္ဆိုေတာ့ အေရာင္လက္သြားသည့္သူမ၏မ်က္လုံးေတြက တစ္ကယ္ပင္ခ်စ္ဖြယ္အတိ။

" secretေလ"

"ဟင့္! "

secretဆိုေတာ့ စိတ္ပ်က္စြာျဖင့္ဆူထြက္လာသည့္ ႏႈတ္ခမ္းပါးလွလွေလးက ဆြဲကိုက္ပစ္ခ်င္စရာေကာင္းလွသည္။

"ေနာက္ေတာ့ သိရမွာေပါ့ အခုေတာ့ သြားရေအာင္"

ထပ္ၿပီး ၾကာၾကာေနလွ်င္ ဖက္နမ္းမိေတာ့မည္မို႔ စကားလမ္းေၾကာင္းေျပာင္းကာ ျမန္ျမန္ျပန္ဖို႔လုပ္ရေလသည္။

"အိမ္ေရာက္ရင္ေတာ့ ေရညွိလိပ္ေကာင္းေကာင္းလုပ္ေကြၽးေနာ္"

ဆိုေယာင္းကဲ့စကားအဆုံးမွာ မီနာဆီမွ အခဲမေက်သည့္မ်က္ေစာင္းေလးတစ္ခ်က္ ျပန္ရလိုက္ေလသည္။ ဒီေကာင္မေလးက တစ္ကယ္ပင္ခ်စ္ဖြယ္အတိ။

J JuliH

အၾကာႀကီး ေပ်ာက္သြားခဲ့လို႔ ကေလးေလးတို႔ကိုအမ်ားႀကီးေတာင္းပန္ပါတယ္ေနာ္။ ႐ြာျပန္ေနတာရယ္၊ အလုပ္မ်ားေနတာရယ္၊ စိတ္ရႈပ္စရာေတြမ်ားေနတာေၾကာင့္ စာေရးဖို႔ moodေကာင္းေကာင္းမရတာရယ္ေၾကာင့္ အရမ္းၾကာသြားခဲ့တာပါ။

ဒါနဲ႕ မုန္တိုင္းေလးေတြ လာရင္ အဆင္ေျပမလားဟင္😄။

There are no comments yet. Log in to be the first to leave a review!

Similar stories