Fanfics

ep 11

19:45, 20 July 2023

ထယ်ယောင်းအိမ်ပေါက်သို့ရောက်သည့်တိုင် ထယ်ယောင်းအားမနှိုးရက်သေးပဲ ကားကိုစက်ရပ်ကာစောင့်နေမိ၏။ ထိုကောင်လေး သိပ်ပင်ပန်းနေသည် ထင်ပါ၏။ မြတ်နိုးရသူ၏ မျက်နှာလေးအား ဘေးကနေထိုင်ကြည့်ကာ ငေးနေရသည့်ထိုအချိန်လေးကို ဘိုဂမ်သိပ်သဘောကျမိသည်။

"အင်း"

အိပ်နေသူက အနည်းငယ်လူးလွန့်လာတော့ ဘိုဂမ် ကားစက်ကိုပြန်နှိုးလိုက်၏။ ထို့နောက်မှ

"ယောင်း အိမ်ရောက်ပြီ"

"‌ဪ ဟုတ်ဟျောင်း"

ဘိုဂမ်နှိုးမှ ထယ်ယောင်းမျက်လုံးတွေကို အားယူဖွင့်ရ၏။ ဒီနေ့ ထယ်ယောင်းအရမ်းကို ပန်းနေသလိုခံစားရသည်။ ဘယ်လောက်အိပ်အိပ်လည်း အိပ်ရေးကမ၀။ နေမကောင်းသည်လားဆိုတော့လည်း ကိုယ်ကမပူပေ။ လူတစ်ကိုယ်လုံးမှာသာ နုံးချိနေတာဖြစ်၏။

"သက်သာရဲ့လား ယောင်း"

"အိပ်လိုက်တော့ နည်းနည်းသက်သာပါတယ်"

"၀ယ်ပေးတဲ့ဆေးကို သေချာသောက်နော်"

"ဟုတ်ဟျောင်း ဒါဆို ကျွန်တော်သွားတော့မယ်နော်"

"အင်း ဂရုစိုက်နော်"

ထယ်ယောင်းခေါင်းငြိမ့်ပြကာသာ ပြန်ဖြေလိုက်၏။ ထို့နောက် ကားပေါ်မှဆင်းကာအိမ်ထဲသို့၀င်ခဲ့၏။ အိမ်ထဲသို့ရောက်လာတော့ တံခါးကိုဖွင့်ကြည့်မိသည်။

"သော့ခတ်ထားတာပဲ"

သော့ခတ်ထားသည်ဆိုတော့ ဂျွန်ပြန်မရောက်သေးသည့်သဘောပင်။ ဂျွန်မရောက်သေးတာလည်း ကောင်းပါတယ်လေ။ အဆူမခံရတော့ဘူးပေါ့။

ဟျောင်း၀ယ်ပေးသည့် ဆေးထုပ်နှင့် ရေခဲသေတ္တာထဲမှ ရေဘူးအားယူကာ အိပ်ခန်းရှိရာသို့ တတ်လာခဲ့သည်။ ဆေးသောက်ပြီးရင် ပြန်အိပ်ရဦးမည်။

..................................................................................

"CEO ခေါ်တယ်ဆိုလို့"

စာရင်းဖိုင်တွေကို သယ်ရင်းမှရုံးခန်းထဲသို့၀င်လာသော ယူဟယ်ရာပင်။ CEOက အရေးတကြီးခေါ်သည်ဆို၍ ထပ်ရမည့်စာရင်းဖိုင်တွေကိုယူကာ အပြေးလာခဲ့ခြင်း။

"အင်း နောက်အပတ်ကျရင် dinnerတစ်ခုသွားစရာရှိတယ် ငါမအားလို့ မင်းနဲ့လီဂျွန်ဝူးသွားလိုက်"

"ဟုတ် CEO ဟယ်ရာသွားလိုက်ပါ့မယ် ဂျွန်ဝူးကရော သိပြီးပြီလား CEO"

"မင်းအခုပြန်သွားရင် သူ့ပြောလိုက်တော့"

"ဟုတ် CEO"

"သွားလို့ရပြီ"

ဂျောင်ကုပြောလိုက်တော့ ခေါင်းငုံ့အရိုအသေပေးကာ သူမထွက်သွားလေသည်။ လီဂျွန်ဝူးဆိုတာ ဂျောင်ကု၏အယုံကြည်ရဆုံးနှင့် သစ္စာအရှိဆုံးအလုပ်သမားတစ်ယောက်ဖြစ်သည့်အပြင် ဂျောင်ကု၏ secretary ဆိုလည်းမမှားပေ။ အရင်တလောက ယူဟယ်ရာကိုသဘောကျသည်ဟု ဖွင့်ဟပြောလာသော ဂျွန်ဝူးကြောင့် ဂျောင်ကုထိုအစီအစဉ်ကို စဉ်းစားမိခြင်းပင်ဖြစ်သည်။

တကယ်တမ်းပြောရလျှင် ထိုနေ့၌ဂျွန့်မှာဘာအလုပ်မှမရှိပေ။ ဂျွန်ဝူးအတွက်ကြောင့်သာ လိမ်လိုက်ရခြင်းပင်။ မသေချာတဲ့လူတစ်ယောက်ဆိုလျှင် စီစဉ်ဖြစ်မှာမဟုတ်ပေမယ့် ဟယ်ရာကလည်း ဂျွန်ဝူးကိုသဘောကျနေတာ ရိပ်မိသဖြင့်စီစဉ်ပေးခြင်းပင်ဖြစ်သည်။

တစ်ခါတစ်လေကျတော့လည်း ခပ်တည်တည် CEOကြီးက မြှားနတ်မောင်ဖြစ်နေတတ်သေးတာပဲ။

တွေးပြီး ဂျောင်ကုသဘောကျစွာရယ်မိသည်။ ထို့နောက် နံရံပေါ်ကနာရီအားတစ်ချက်လှမ်းကြည့်မိ၏။

"ငါးနာရီတောင်ရှိပြီပဲ"

အိမ်ပြန်ရင် ဟိုတစ်ယောက်အတွက် မုန့်၀ယ်သွားရဦးမည်။ မချစ်သော်လည်း ၀တ္တရားကရှိသေးသည် မဟုတ်လား။ မနေ့ကကြမ်းထားခဲ့တာ သူနေရတာအဆင်ပြေရဲ့လားတောင်မသိပေ။

ဂျောင်ကုအခုတလော ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေမိသည်။ အရင်ကဆို မြင်မြင်လေသမျှအရာတိုင်း ဆိုယောင်းကိုသာမြင်‌ယောင်ပြီး အသေအလဲလွမ်းမိ၏။ သွားလည်းဒီစိတ် စားလည်းဒီစိတ် အိပ်လည်းဒီစိတ်နဲ့ ဂျောင်ကုပြိုလဲလုနီးနီးထိဖြစ်ခဲ့ရသည်။ ထိုသို့ဖြစ်တာကိုတွေးမိတိုင်း ထယ်ယောင်းကိုမုန်းခဲ့သည်။ အိပ်ယာပေါ်ကကိစ္စမှာလည်း မကျေနပ်ခြင်းများစွာဖြင့် ကြမ်းတမ်းစွာဆက်ဆံခဲ့သည်။ တစ်ခါတစ်ရံ သနားစိတ်၀င်မိသော်လည်း မုန်းသည့်စိတ်ကြောင့် ဥပေက္ခာသာပြုခဲ့မိ၏။ သို့သော်အခုတလောမှာတော့ ဆိုယောင်း အားသိပ်သတိမရဖြစ်ပေ။ ထို့ပြင်ထယ်ယောင်းအားလည်း သိပ်မမုန်းတော့သလိုပင်။

အခုတလောတော့ ဂျောင်ကုပြောင်းလဲ‌ဖို့ဆုံးဖြတ်ထားသည်။ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ သူ့ကိုလက်ထပ်ယူပြီးမှတော့ လင်ယောကျာ်းတာ၀န်ကို ကျေပွန်သင့်သည်မဟုတ်လား။ သူကတောင် ကိုယ်မချစ်မှန်းသိလျက် သစ္စာရှိပေးနေသေးသည်ပဲလေ။ ကိုယ့်ဘက်ကလည်း ပြန်ကောင်းပေးရမှာပေါ့။

ဤနောက်တွင်တော့ ဂျောင်ကုလုပ်လက်စတွေကို အပြီးသတ်ကာ ရုံးကနေပြန်ခဲ့၏။ ဂျီမင်းဆီ၀င်ပြီးလည်း ဆေးတောင်းရဦးမည်။ သူပေးခဲ့သည့်ဆေးက အရင်တလောလေးကပင် ကုန်သွားသည်မို့ ထယ်ယောင်းအနာမသက်သာမှာလည်း စိုးရိမ်ရသေးသည်။

ဘာလဲ ငါအခုသူ့ကိုစိုးရိမ်နေတာလား.....

ဂျောင်ကု ကိုယ့်ကိုယ်ကိုပင် အံ့ဩသွားမိသည်။ ကိုယ်မုန်းပါတယ်ဆိုတဲ့လူတစ်ယောက်ကို သူကစိတ်ပူနေမိတာလား။ တွေးရင်းပင် ညှိုးငယ်နေသော သူ့မျက်နှာလေးမြင်ယောင်လာမိသည်။

"ချောသားပဲ"

ရုတ်တရက်ဆန်စွာထွက်လာသော စကား၏အဆုံး၌ ဂျောင်ကုပြုံးလိုက်မိ၏။ ထိုအခိုက်အတန့်တွေကို ကာယကံဖြစ်သည့် ဂျောင်ကုကိုယ်တိုင်ပင် သတိမထားမိလိုက်ပါပေ။ အတွေးတွေဖြင့်ပြုံးရင်းမောင်းလာခဲ့သည်က ဂျီမင်းအိမ်သို့ပင်။ ထိုကနေပြန်မှ ကိတ်မုန့်ဆိုင်သို့၀င်၍ ကိတ်၀င်၀ယ်ရမှာဖြစ်သည်။

"ပွမ် ! ပွမ်!"

ဂျီမင်းနှင့်ယွန်ဂီချစ်ကြည်နူးနေချိန် အိမ်ရှေ့မှကားဟွန်းသံကြောင့် ဂျီမင်းဧည့်ခန်းထဲကနေ အိမ်ရှေ့သို့ထွက်လာခဲ့၏။ တကယ်ပဲ သူများ‌တွေ ချစ်စကားတွေနဲ့သာယာနေချိန်ဆို အနှောက်အယှက်ကသိပ်ပေါ၏။

"ဟင် ! ဂျောင်ကု"

တံခါးဖွင့်ချိန်၌ရုတ်တရက်မြင်လိုက်သော ဂျောင်ကုကြောင့် ဂျီမင်းအံ့ဩမိခြင်းပင်။ ခါတိုင်းဆိုလိုမှသာ ဖုန်းဆက်ခေါ်တတ်သည့်သူက အိမ်လာဖို့နေနေသာသာ ခြေဦးတောင်လှည့်တာမဟုတ်ပေ။

"ဂျီမင်း ဟျောင်း"

"အင်း အိမ်ထဲ၀င်ဦးလေ ဂျောင်ကု"

"မ၀င်တော့ဘူးဟျောင်း ဆေးကုန်သွားလို့လာတောင်းတာ"

"ဟမ်! ဘာဆေး...ဪ ငါသိပြီ အထဲ၀င်ပြီးခနစောင့်လေ ငါယူခဲ့မယ်"

"ရတယ် မ၀င်တော့ဘူးဟျောင်း အထဲမှာလူရှိနေတာလားလို့"

"အာ ဟုတ်တယ် ငါ့ကောင်လေးလေ"

"ဪ "

ဂျောင်ကု ဘာမှပြန်မပြောဖြစ်ဘဲ ဪဟုသာသံရှည်ဆွဲကာ ခေါင်းတစ်ဆက်ဆက်ငြိမ့်လိုက်မိ၏။

"ဒါဆို ခနစောင့်နော် ငါဆေးယူလာခဲ့မယ် များများလေး"

ဆိုကာ ပြုံးစစဖြင့် အိမ်ထဲသို့၀င်သွားသော ဂျီမင်းအားကြည့်ကာ ဂျောင်ကုပြုံးရင်းကျန်ခဲ့၏။ ကိုယ့်အကြောင်းကိုသိ၍ များများယူခဲ့မယ်ဆိုသောသူ့စကားကြောင့် ဂျောင်ကုပြုံးမိတာကို အတောမသတ်နိုင်အောင်ပင်ဖြစ်နေရသည်။

ဒီနေ့ငါတော်တော်ပြုံးမိနေတာပဲ......

J JuliH

နေမကောင်းနေတာနဲ့တိုသွားတယ် ဆောတီးပါ🥺 နေမကောင်းတော့ moodမရဘူးဖြစ်နေတာ မီယားနဲ🥺🥺

Zawgyi

ထယ္ေယာင္းအိမ္ေပါက္သို႔ေရာက္သည့္တိုင္ ထယ္ေယာင္းအားမႏွိုးရက္ေသးပဲ ကားကိုစက္ရပ္ကာေစာင့္ေနမိ၏။ ထိုေကာင္ေလး သိပ္ပင္ပန္းေနသည္ ထင္ပါ၏။ ျမတ္နိုးရသူ၏ မ်က္ႏွာေလးအား ေဘးကေနထိုင္ၾကည့္ကာ ေငးေနရသည့္ထိုအခ်ိန္ေလးကို ဘိုဂမ္သိပ္သေဘာက်မိသည္။

"အင္း"

အိပ္ေနသူက အနည္းငယ္လူးလြန႔္လာေတာ့ ဘိုဂမ္ ကားစက္ကိုျပန္ႏွိုးလိုက္၏။ ထို႔ေနာက္မွ

"ေယာင္း အိမ္ေရာက္ၿပီ"

"ဪ ဟုတ္ေဟ်ာင္း"

ဘိုဂမ္ႏွိုးမွ ထယ္ေယာင္းမ်က္လုံးေတြကို အားယူဖြင့္ရ၏။ ဒီေန႕ ထယ္ေယာင္းအရမ္းကို ပန္းေနသလိုခံစားရသည္။ ဘယ္ေလာက္အိပ္အိပ္လည္း အိပ္ေရးကမ၀။ ေနမေကာင္းသည္လားဆိုေတာ့လည္း ကိုယ္ကမပူေပ။ လူတစ္ကိုယ္လုံးမွာသာ ႏုံးခ်ိေနတာျဖစ္၏။

"သက္သာရဲ႕လား ေယာင္း"

"အိပ္လိုက္ေတာ့ နည္းနည္းသက္သာပါတယ္"

"၀ယ်ပေးတဲ့ဆေးကို ေသခ်ာေသာက္ေနာ္"

"ဟုတ္ေဟ်ာင္း ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္"

"အင္း ဂ႐ုစိုက္ေနာ္"

ထယ္ေယာင္းေခါင္းၿငိမ့္ျပကာသာ ျပန္ေျဖလိုက္၏။ ထို႔ေနာက္ ကားေပၚမွဆင္းကာအိမ္ထဲသို႔၀င္ခဲ့၏။ အိမ္ထဲသို႔ေရာက္လာေတာ့ တံခါးကိုဖြင့္ၾကည့္မိသည္။

"ေသာ့ခတ္ထားတာပဲ"

ေသာ့ခတ္ထားသည္ဆိုေတာ့ ဂြၽန္ျပန္မေရာက္ေသးသည့္သေဘာပင္။ ဂြၽန္မေရာက္ေသးတာလည္း ေကာင္းပါတယ္ေလ။ အဆူမခံရေတာ့ဘူးေပါ့။

ေဟ်ာင္း၀ယ္ေပးသည့္ ေဆးထုပ္ႏွင့္ ေရခဲေသတၱာထဲမွ ေရဘူးအားယူကာ အိပ္ခန္းရွိရာသို႔ တတ္လာခဲ့သည္။ ေဆးေသာက္ၿပီးရင္ ျပန္အိပ္ရဦးမည္။

..................................................................................

"CEO ေခၚတယ္ဆိုလို႔"

စာရင္းဖိုင္ေတြကို သယ္ရင္းမွ႐ုံးခန္းထဲသို႔၀င္လာေသာ ယူဟယ္ရာပင္။ CEOက အေရးတႀကီးေခၚသည္ဆို၍ ထပ္ရမည့္စာရင္းဖိုင္ေတြကိုယူကာ အေျပးလာခဲ့ျခင္း။

"အင္း ေနာက္အပတ္က်ရင္ dinnerတစ္ခုသြားစရာရွိတယ္ ငါမအားလို႔ မင္းနဲ႕လီဂြၽန္ဝူးသြားလိုက္"

"ဟုတ္ CEO ဟယ္ရာသြားလိုက္ပါ့မယ္ ဂြၽန္ဝူးကေရာ သိၿပီးၿပီလား CEO"

"မင္းအခုျပန္သြားရင္ သူ႕ေျပာလိုက္ေတာ့"

"ဟုတ္ CEO"

"သြားလို႔ရၿပီ"

ေဂ်ာင္ကုေျပာလိုက္ေတာ့ ေခါင္းငုံ႕အရိုအေသေပးကာ သူမထြက္သြားေလသည္။ လီဂြၽန္ဝူးဆိုတာ ေဂ်ာင္ကု၏အယုံၾကည္ရဆုံးႏွင့္ သစၥာအရွိဆုံးအလုပ္သမားတစ္ေယာက္ျဖစ္သည့္အျပင္ ေဂ်ာင္ကု၏ secretary ဆိုလည္းမမွားေပ။ အရင္တေလာက ယူဟယ္ရာကိုသေဘာက်သည္ဟု ဖြင့္ဟေျပာလာေသာ ဂြၽန္ဝူးေၾကာင့္ ေဂ်ာင္ကုထိုအစီအစဥ္ကို စဥ္းစားမိျခင္းပင္ျဖစ္သည္။

တကယ္တမ္းေျပာရလွ်င္ ထိုေန႕၌ဂြၽန႔္မွာဘာအလုပ္မွမရွိေပ။ ဂြၽန္ဝူးအတြက္ေၾကာင့္သာ လိမ္လိုက္ရျခင္းပင္။ မေသခ်ာတဲ့လူတစ္ေယာက္ဆိုလွ်င္ စီစဥ္ျဖစ္မွာမဟုတ္ေပမယ့္ ဟယ္ရာကလည္း ဂြၽန္ဝူးကိုသေဘာက်ေနတာ ရိပ္မိသျဖင့္စီစဥ္ေပးျခင္းပင္ျဖစ္သည္။

တစ္ခါတစ္ေလက်ေတာ့လည္း ခပ္တည္တည္ CEOႀကီးက ျမႇားနတ္ေမာင္ျဖစ္ေနတတ္ေသးတာပဲ။

ေတြးၿပီး ေဂ်ာင္ကုသေဘာက်စြာရယ္မိသည္။ ထို႔ေနာက္ နံရံေပၚကနာရီအားတစ္ခ်က္လွမ္းၾကည့္မိ၏။

"ငါးနာရီေတာင္ရွိၿပီပဲ"

အိမ္ျပန္ရင္ ဟိုတစ္ေယာက္အတြက္ မုန႔္၀ယ္သြားရဦးမည္။ မခ်စ္ေသာ္လည္း ၀တ္တရားကရှိသေးသည် မဟုတ္လား။ မေန႕ကၾကမ္းထားခဲ့တာ သူေနရတာအဆင္ေျပရဲ႕လားေတာင္မသိေပ။

ေဂ်ာင္ကုအခုတေလာ ကိုယ့္ကိုယ္ကို ျပန္သုံးသပ္ေနမိသည္။ အရင္ကဆို ျမင္ျမင္ေလသမွ်အရာတိုင္း ဆိုေယာင္းကိုသာျမင္ေယာင္ၿပီး အေသအလဲလြမ္းမိ၏။ သြားလည္းဒီစိတ္ စားလည္းဒီစိတ္ အိပ္လည္းဒီစိတ္နဲ႕ ေဂ်ာင္ကုၿပိဳလဲလုနီးနီးထိျဖစ္ခဲ့ရသည္။ ထိုသို႔ျဖစ္တာကိုေတြးမိတိုင္း ထယ္ေယာင္းကိုမုန္းခဲ့သည္။ အိပ္ယာေပၚကကိစၥမွာလည္း မေက်နပ္ျခင္းမ်ားစြာျဖင့္ ၾကမ္းတမ္းစြာဆက္ဆံခဲ့သည္။ တစ္ခါတစ္ရံ သနားစိတ္၀င္မိေသာ္လည္း မုန္းသည့္စိတ္ေၾကာင့္ ဥေပကၡာသာျပဳခဲ့မိ၏။ သို႔ေသာ္အခုတေလာမွာေတာ့ ဆိုေယာင္း အားသိပ္သတိမရျဖစ္ေပ။ ထို႔ျပင္ထယ္ေယာင္းအားလည္း သိပ္မမုန္းေတာ့သလိုပင္။

အခုတေလာေတာ့ ေဂ်ာင္ကုေျပာင္းလဲဖို႔ဆုံးျဖတ္ထားသည္။ မခ်စ္ေသာ္လည္းေအာင့္ကာနမ္းေပါ့။ သူ႕ကိုလက္ထပ္ယူၿပီးမွေတာ့ လင္ေယာက်ာ္းတာ၀န္ကို ေက်ပြန္သင့္သည္မဟုတ္လား။ သူကေတာင္ ကိုယ္မခ်စ္မွန္းသိလ်က္ သစၥာရွိေပးေနေသးသည္ပဲေလ။ ကိုယ့္ဘက္ကလည္း ျပန္ေကာင္းေပးရမွာေပါ့။

ဤေနာက္တြင္ေတာ့ ေဂ်ာင္ကုလုပ္လက္စေတြကို အၿပီးသတ္ကာ ႐ုံးကေနျပန္ခဲ့၏။ ဂ်ီမင္းဆီ၀င္ၿပီးလည္း ေဆးေတာင္းရဦးမည္။ သူေပးခဲ့သည့္ေဆးက အရင္တေလာေလးကပင္ ကုန္သြားသည္မို႔ ထယ္ေယာင္းအနာမသက္သာမွာလည္း စိုးရိမ္ရေသးသည္။

ဘာလဲ ငါအခုသူ႕ကိုစိုးရိမ္ေနတာလား.....

ေဂ်ာင္ကု ကိုယ့္ကိုယ္ကိုပင္ အံ့ဩသြားမိသည္။ ကိုယ္မုန္းပါတယ္ဆိုတဲ့လူတစ္ေယာက္ကို သူကစိတ္ပူေနမိတာလား။ ေတြးရင္းပင္ ညွိုးငယ္ေနေသာ သူ႕မ်က္ႏွာေလးျမင္ေယာင္လာမိသည္။

"ေခ်ာသားပဲ"

႐ုတ္တရက္ဆန္စြာထြက္လာေသာ စကား၏အဆုံး၌ ေဂ်ာင္ကုၿပဳံးလိုက္မိ၏။ ထိုအခိုက္အတန႔္ေတြကို ကာယကံျဖစ္သည့္ ေဂ်ာင္ကုကိုယ္တိုင္ပင္ သတိမထားမိလိုက္ပါေပ။ အေတြးေတြျဖင့္ၿပဳံးရင္းေမာင္းလာခဲ့သည္က ဂ်ီမင္းအိမ္သို႔ပင္။ ထိုကေနျပန္မွ ကိတ္မုန႔္ဆိုင္သို႔၀င္၍ ကိတ္၀င္၀ယ္ရမွာျဖစ္သည္။

"ပြမ္ ! ပြမ္!"

ဂ်ီမင္းႏွင့္ယြန္ဂီခ်စ္ၾကည္ႏူးေနခ်ိန္ အိမ္ေရွ႕မွကားဟြန္းသံေၾကာင့္ ဂ်ီမင္းဧည့္ခန္းထဲကေန အိမ္ေရွ႕သို႔ထြက္လာခဲ့၏။ တကယ္ပဲ သူမ်ားေတြ ခ်စ္စကားေတြနဲ႕သာယာေနခ်ိန္ဆို အႏွောက္အယွက္ကသိပ္ေပါ၏။

"ဟင္ ! ေဂ်ာင္ကု"

တံခါးဖြင့္ခ်ိန္၌႐ုတ္တရက္ျမင္လိုက္ေသာ ေဂ်ာင္ကုေၾကာင့္ ဂ်ီမင္းအံ့ဩမိျခင္းပင္။ ခါတိုင္းဆိုလိုမွသာ ဖုန္းဆက္ေခၚတတ္သည့္သူက အိမ္လာဖို႔ေနေနသာသာ ေျခဦးေတာင္လွည့္တာမဟုတ္ေပ။

"ဂ်ီမင္း ေဟ်ာင္း"

"အင္း အိမ္ထဲ၀င္ဦးေလ ေဂ်ာင္ကု"

"မ၀င္ေတာ့ဘူးေဟ်ာင္း ေဆးကုန္သြားလို႔လာေတာင္းတာ"

"ဟမ္! ဘာေဆး...ဪ ငါသိၿပီ အထဲ၀င္ၿပီးခနေစာင့္ေလ ငါယူခဲ့မယ္"

"ရတယ္ မ၀င္ေတာ့ဘူးေဟ်ာင္း အထဲမွာလူရွိေနတာလားလို႔"

"အာ ဟုတ္တယ္ ငါ့ေကာင္ေလးေလ"

"ဪ "

ေဂ်ာင္ကု ဘာမွျပန္မေျပာျဖစ္ဘဲ ဪဟုသာသံရွည္ဆြဲကာ ေခါင္းတစ္ဆက္ဆက္ၿငိမ့္လိုက္မိ၏။

"ဒါဆို ခနေစာင့္ေနာ္ ငါေဆးယူလာခဲ့မယ္ မ်ားမ်ားေလး"

ဆိုကာ ၿပဳံးစစျဖင့္ အိမ္ထဲသို႔၀င္သြားေသာ ဂ်ီမင္းအားၾကည့္ကာ ေဂ်ာင္ကုၿပဳံးရင္းက်န္ခဲ့၏။ ကိုယ့္အေၾကာင္းကိုသိ၍ မ်ားမ်ားယူခဲ့မယ္ဆိုေသာသူ႕စကားေၾကာင့္ ေဂ်ာင္ကုၿပဳံးမိတာကို အေတာမသတ္နိုင္ေအာင္ပင္ျဖစ္ေနရသည္။

ဒီေန႕ငါေတာ္ေတာ္ၿပဳံးမိေနတာပဲ......

J JuliH

ေနမေကာင္းေနတာနဲ႕တိုသြားတယ္ ေဆာတီးပါ ေနမေကာင္းေတာ့ moodမရဘူးျဖစ္ေနတာ မီယားနဲ

There are no comments yet. Log in to be the first to leave a review!

Similar stories