Fanfics

ep 10

16:06, 20 July 2023

ဒီနေ့ကတနဂ်နွေနေ့ဖြစ်သည့်အပြင် မနေ့ညကလည်း တစ်ညလုံးပင်ပန်းထားသည်မို့ ဂျီမင်းအိပ်ယာထဲမှ မထဖြစ်သေးပေ။

"အင်း! အ့!"

အိပ်ယာမထခင် အကြောဆန့်တတ်သည့်အကျင့်ကြောင့် ရှိသမျှအကြောအကုန်ဆန့်ထုတ်မိတော့ ခန္ဓာကိုယ်အတွင်းတစ်နေရာက စူးနေအောင်နာ၏။

"သွေးစုပ်ဖုတ်ကောင်ကြီး"

ခေါ်ရင်းမှပင် အိပ်ယာဘေးသို့လက်စမ်းလေတော့ လွတ်နေသောနေရာတစ်ခုကိုသာ စမ်းမိ၏။

"ဟမ်!"

ဂျီမင်းနာနေတာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထထိုင်လိုက်မိတာဖြစ်၏။ ထို့ပြင် မနေ့ညကသူပြောသည့်စကားကို နားထဲပြန်ကြားယောင်ရင်း မျက်၀န်းအိမ်ထဲ၌ မျက်ရည်တို့အလိုလိုဝေ့သီလာလေ၏။

"ကိုယ်တစ်ကယ်တောင်းပန်ပါတယ်ကွာနော်။ ကိုယ့်ကိုယ်ခွင့်လွှတ်ပါကွာ။ ပြန်ရတော့မယ် လူတစ်ယောက်ကို စိတ်မကောင်းအောင်မလုပ်ပါနဲ့"

ဒါဆိုရင် သူက သူက ပြန်သွားတာလား။ နှုတ်တောင်မဆက်ပဲနဲ့လေ။ ဂျီမင်းတစ်ယောက်တွေးလေ၀မ်းနည်းလေဖြင့် မျက်ရည်တို့ဖြေမဆည်နိုင်အောင်ပင် စီးကျလာပြီဖြစ်သည်။

"လူယုတ်မာကြီး ဟင့်! လူကိုစားပြီးနားမလည်လုပ်တယ်"

"ဘာတွေပြောနေတာလဲ baby"

အခန်းတံခါးအားဖွင့်ကာ ၀င်လာသူက ဆန်ပြုတ်ပန်းကန်အားကိုင်ပြီး ၀င်လာရင်းမေး၏။

"ခ ခများ ပြန်သွားပြီမဟုတ်လား"

"မပြန်သေးပါဘူးဗျာ babyကို ဒီတိုင်းကြီးပစ်သွားစရာလား ကိုယ်ပြန်ရင် နှုတ်ဆက်သွားမှာပေါ့ အဲ့ဒီကျရင်သာ မငိုနဲ့"

"ငိုစရာလား ဟင့်!"

ပြောရင်းပင် ပင့်သက်ရှိုက်လာသော baby booလေးကြောင့် ယွန်ဂီသဘောကျစွာဖြင့် ဂျီမင်းခေါင်းလေးအား လှမ်းဖွ၏ ။

"သေချာလား မငိုတာ"

မျက်၀န်းအစုံကို တည့်တည့်စိုက်ကြည့်ကာ ပြောလာသော ယွန်ဂီကြောင့် ဂျီမင်းဘာမှပြန်မဖြေတော့ဘဲ စောင်ခြုံထဲကနေသာ ယွန်ဂီအားလှမ်းကာ သိုင်းဖက်လိုက်၏။

"ပြန်သွားခဲ့ရင်တောင် စောင့်နေမှာမို့ ပြန်လာရှာပါ ဒီနေရာမှာပဲ ဒီတိုင်းပဲစောင့်နေမယ်"

"ဟုတ်ပါပြီ ကိုယ်က သေချာပေါက်လာရှာမှာပါကွာ"

သူပြောတာကိုမယုံရဲပေမယ့်လည်း ဂျီမင်းသူ့ကိုချစ်မိနေတာ သေချာပါသည်။ ယခုချိန်မှာထုတ်ပြောဖို့ အသင့်မဖြစ်သေးပေမယ့် ပြန်လာရှာမယ့်တစ်ချိန်ကျရင်တော့ သူ့ရင်ခွင်ထဲတိုး၀င်ကာ အားပါးတရအော်ပြောပစ်ဦးမည်။

"လာရှာပါ"

ဂျီမင်း ယွန်ဂီအားလွတ်ထွက်သွားမှာစိုးသည့်အလား ပိုတိုး၍သာဖက်ထားမိသည်။ ဖြစ်နိုင်ရင်သူ့ကို အနားကနေ ထွက်မသွားစေချင်တော့ဘူး။ တစ်ယောက်တည်းဖြတ်သန်းရတဲ့နေ့တွေကိုလည်း ထပ်ပြီးမလိုချင်တော့ဘူး။ သူနဲ့အတူ သာယာတဲ့ဘ၀လေးတစ်ခု တည်ဆောက်ပြီး အေးချမ်းစွာပဲ နေချင်မိပါသည်။ သို့သော်လည်း ကံကြမ္မာက မျက်နှာသာ မပေးသေးပေ။

"ချစ်တယ် baby booလေး"

"ကျွန်တော် ပြန်ဖြေဖို့အဆင်သင့်မဖြစ်သေးတာ တောင်းပန်ပါတယ်"

"ရပါတယ် babyအေးဆေးစဉ်းစားပါ ကိုယ့်ဘက်ကပဲချစ်နေရုံနဲ့လည်း ပြည့်စုံတာမို့ သိပ်ပြီးစိတ်ထဲမထားနဲ့နော်"

"အင်း"

ဂျီမင်း ခေါင်းကိုအသာငြိမ့်ကာ ယွန်ဂီ၏ရင်ခွင်ထဲသို့ ထပ်မံတိုး၀င်မိပြန်သည်။ နောက်ဆိုရင် ဒီရင်ခွင်က အကြာကြီးခွဲရတော့မည်မဟုတ်လား။

ရင်ခွင်ထဲသို့တိုး၀င်လာသော ကောင်လေးအား ယွန်ဂီပြန်ထွေးပွေ့ထားမိသည်။ ဒီကောင်လေးနှုတ်ဖျားက ထုတ်မပြောသေးတောင် သူ့အပေါ်မှာ ဒီကောင်လေးဘယ်လောက်ထိ မေတ္တာရှိသလဲ သိပါသည်။ သိပ်ကိုမေတ္တာကြီးသည့်ထိုကောင်လေးက အချစ်ကြောင့်နဲ့ နာကျင်ရမှာတော့ ကြောက်ပုံရပါသည်။

----------------------------------------------------------------------

"အာ့!"

ထယ်ယောင်းတစ်ယောက် မနေ့က ဂျွန်၏ဒဏ်ကြောင့် အိပ်ယာထဲမှပင် မထနိုင်သေးပေ။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေကာ လှုပ်တောင်မလှုပ်နိုင်အောင်အထိပင် ဖြစ်နေတာဖြစ်၏။ မနေ့က ဂျွန်သည်ခါတိုင်းထက်ပိုပြီးကြမ်းခဲ့၍လားမသိပေ ထယ်ယောင်းခေါင်းတွေထဲ မူးနောက်နောက်နှင့်ပင်။

"မိုးတောင်လင်းပြီပဲ"

ထမင်းဟင်းချက်လည်း ဂျွန်ကမစားသည်မို့ ထယ်ယောင်းတကူးတကထပြီး မချက်ချင်တော့။ မဟုတ်လည်း ဂျွန်က အပြင်မှာပဲစားသည်မဟုတ်လား။ ကိုယ်ကလည်း ခပ်နွေးနွေးဖြစ်နေသည်မို့ ရေချိုးပြီးတစ်ခုခုစားကာ ဆေးသောက်ပြီး ပြန်နားရဦးမည်။

မနေ့က ဂျွန်ပိုပြီးကြမ်းခဲ့သည်လား။ ခါတိုင်းဆို ထယ်ယောင်း ထိုလောက်ထိနေရတာ မအီမသာမဖြစ်တတ်ပေ။ ဒီနေ့ကျမှ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည့်အပြင် ခေါင်းထဲကပါမူးနောက်နောက်ဖြစ်နေ၏။ လူကလည်း ခါတိုင်းထက်ပိုပြီး အားနည်းနေသလိုပင်။

"ပွမ်! ပွမ်!"

ထယ်ယောင်းလိုက်ကာဖွင့်တာကို မြင်သွားပုံရသည်။ အောက်ထပ်၌စောင့်နေသော ဘိုဂမ်ဟျောင်းက ဟွန်းတီးကာ လှမ်းခေါ်၏။ လူကနေမကောင်းသော်လည်း သူကတကူးတကလာခေါ်သည်မို့ ထယ်ယောင်းမငြင်းသာပေ။ လူကတော်တော်လေး နွမ်းနေပုံပေါက်နေသည်မို့ ရေကိုတော့အမြန်ချိုးရသေး၏။ ဆေးကိုတော့ အပြင်ကပဲ ၀ယ်သောက်ပါမယ်လေ။

ရေချိုးပြီးနောက် ခေါင်းစွပ်ဟူဒီအဖြူလေးနှင့် စတိုင်ပန့်အနက်ကိုတွဲ၀တ်ကာ အောက်ထပ်သို့ဆင်းလာခဲ့၏။ တံခါးဖွင့်ကာ ထွက်လာတော့ ဟျောင်းကပြုံးကာကြို၏။ သို့သော် ထယ်ယောင်းပြန်ပြီးပြုံးပြမိလားမသိပါ။ ခေါင်းတွေထဲက ရိပ်တိတ်တိတ်နှင့် မူးနေသည်မို့ ဘာကိုမှသိပ်ပြီးအာရုံမရပေ။

"ယောင်း"

"ဗျာ! ဟျောင်း"

"ဒီနေ့ ယောင်း ကြိုက်တဲ့ ပါစတာလိုက်ကျွေးမယ် အဲ့ဒီဆိုင်က အရမ်းစားကောင်းတယ် သန့်လည်းသန့်တယ် ဒါပေမယ့် ဆိုင်ကြီးတော့မဟုတ်ဘူး"

"ဟျောင်း အဆင်ပြေတဲ့ဆီသွားပါ"

"ယောင်း နေမကောင်းဘူးလား မျက်နှာက အရမ်းညှိုးနေတယ်"

ကိုယ့်မျက်နှာငြှိုးရုံနှင့် နေမကောင်းဘူးလားဟုတန်းမေးသော ဟျောင်းနေရာ၌သာ ဂျွန်ဆို ဘယ်လောက်တောင်ကောင်းမလဲ။ မဂ်လာဆောင်ပြီးကတည်းကနေ အခုထိ အတူအိပ်ပြီးတိုင်း ကိုယ်ဘယ်လိုဖြစ်နေခဲ့လဲဆိုတာ သူဂရုမစိုက်ပေ။ တစ်ခါတစ်လေ ရုံးသွားတတ်သလို တစ်ခါတစ်လေလည်း ဥပေက္ခာပြု၏။

"ယောင်း"

"ဗျာ! ဟုတ် နည်း နည်းနည်းပါ"

အတွေးလွန်နေသော ထယ်ယောင်း၏အသိစိတ်တို့က ဟျောင်းအသံကြားမှ သတိပြန်ကပ်တာဖြစ်၏။ တစ်ခုခုဆို ဂျွန့်အကြောင်းတွေးလိုက်မိရင် အရာရာမေ့ကာ သတိလက်လွတ်ဖြစ်မိတာ ထယ်ယောင်းအတွက် အကျင့်တစ်ခုလိုတောင် ဖြစ်နေလေပြီ။

"ဒါဆို ဆေးခန်းသွားမလား ယောင်း"

"မသွားတော့ဘူး ဟျောင်း ဒီတိုင်းဆေးပဲ၀ယ်သောက်လိုက်တော့မယ်"

"အဲ့ဒါဆိုလည်း ယောင်းသဘောပါပဲ ပါစတာစားပြီးသွား၀ယ်ကြတာပေါ့"

"ဟုတ် ဟျောင်း"

ထယ်ယောင်းသဘောအတိုင်းလုပ်ပေးရန် ဆုံးဖြတ်ပြီးနောက် ပါစတာစားရန်ဆိုင်သို့ထွက်လာခဲ့၏။ ထိုဆိုင်လေးဆီရောက်တော့ ကားကို parking ၌ထိုးကာ ဆိုင်ထဲသို့၀င်လာခဲ့သည်။ သူ့လက်ကိုဆွဲကာခေါ်ချင်ပေမယ့်လည်း သက်ဆိုင်သူမဟုတ်သည်မို့ နှစ်ယောက်ယှဉ်လျက်သာ၀င်လာခဲ့ရ၏။ တစ်ခါတစ်ရံမှာ နောက်ကျမှဆုံတွေ့မှုတွေက ကောင်းတယ်ဆိုပေမယ့်လည်း တစ်ခါတစ်ရံကျရင်တော့ နောင်တရစရာတွေဖြစ်နေတတ်သည်။ ဥပမာ ယခုလိုမျိုး ထယ်ယောင်းနဲ့ဆုံတွေ့မှုမှာပေါ့။

ယောင်းရယ် မင်းကသာ သိပ်လှတဲ့ပန်းတစ်ပွင့်ဖြစ်ခဲ့မယ်ဆို ကိုယ်ကအဲ့ဒီပန်းလေးကို ပိုင်ဆိုင်ခွင့်မရဘဲ ရပ်ကြည့်ပြီးမြတ်နိုးရုံသာ တတ်နိုင်တဲ့လူသားတစ်ဦးပါပဲ။

"ဟျောင်း"

"ပြောလေ ယောင်း"

"ဘာမှမဟုတ်ပါဘူး မှာထားတာတွေမစားပဲ ကျွန်တော်ကိုကြည့်နေလို့ မျက်နှာတစ်ခုခုပေနေလားလို့"

"အဟက် မပေပါဘူး ယောင်းကလှလို့ငေးမိတာပါ"

ဘိုဂမ်ညှင်သာစွာပြုံးလိုက်ပြီးနောက် ထယ်ယောင်းအားမြတ်နိုးစွာကြည့်ကာပြောလာ၏။ တကယ်ပါ။ ထယ်ယောင်းက ယောကျာ်းလေးတစ်ယောက်ဖြစ် နေတာတောင် မိန်းကလေးရှုံးအောင်လှ၏။

"ဟျောင်းက မြှောက်ပြောလွန်းနေပြီ"

ထယ်ယောင်းရှက်ပြုံးလေးပြုံးရင်း ပြန်ဖြေလိုက်၏။

"မမြှောက်ပါဘူးဗျာ"

ထယ်ယောင်းပြုံးတာလေးကိုကြည့်ပြီး ဘိုဂမ်လည်းလိုက်ပြုံးမိ၏။ ဒီလူသားလေး တစ်ခါပြုံးရင် ဒီကောင်တစ်ခါသေတာ သူလေးမသိရော့လား။ မြတ်နိုးတာထက်ပိုတဲ့ စကားလုံးရှိရင် အဲ့ဒီစကားလုံးက ကိုယ်မင်းကိုပြောချင်တဲ့ စကားလုံးပဲ ယောင်း။ ပိုင်ဆိုင်လိုခြင်းဆိုတဲ့ အတ္တတွေမပါဘဲ အဖြူသက်သက်ကလေးပဲ မြတ်နိုးပါတယ် မြတ်နိုးရသူ။

"ထားပါ။ စားပြီးရင် ဆေးဆိုင်လိုက်ပို့ပေးနော် ဟျောင်း။ ပြီးရင်တော့ ကျွန်တော်အိမ်ပြန်ပြီး နားလိုက်တော့မယ်"

"ယောင်းသဘောပါ ဂရုစိုက်နော် အိမ်ပြန်ရောက်ရင် ဆေးသောက်ပြီး နွေးနွေးထွေးအိပ် ဟုတ်ပြီလား"

"ဟုတ်ပါဟျောင်းရဲ့"

"ဒါဆို ယောင်းပြီးရင်ပြန်ကြတာပေါ့"

"ဟုတ်"

ထယ်ယောင်းစားလက်စ ပါစတာအားကုန်အောင်စားပြီးနောက် ထိုဆိုင်မှထွက်လာခဲ့၏။ ဆိုင်လေးကအနည်းငယ်သေးသော်လည်း တိတ်ဆိတ်ပြီးအေးချမ်းသည်မို့ ထယ်ယောင်းသဘောကျပါ၏။ ဟျောင်းသေချာရှာထားပုံရပါသည်။ ထို့နောက်တွင်တော့ ထယ်ယောင်းအတွက်ဆေး၀ယ်ပေးရန် ဆေးဆိုင်သို့မောင်းခဲ့၏။

ဆေးဆိုင်သို့ရောက်ပြန်တော့လည်း ထယ်ယောင်းဘာမှမရွေးရပေ။ ထယ်ယောင်းဘာဖြစ်သလဲမေးပြီး လိုတဲ့ဆေးတွေကိုစပ်ကာ သူကိုယ်တိုင်၀ယ်ပေးနေတာဖြစ်၏။ အားလုံး၀ယ်ပြီးကာမှ လက်ထဲသို့ထည့်ပေးလေ၏။

"ရော့ ယောင်း ဒါကမနက် ဒါကနေ့လည် ဒါကညေန အခုကနေ့လယ်ရောက်နေပြီဆိုတော့ ဒီဟာကိုသောက် ပြီးရင် ညနေသောက် က်န္တာ မနက်ဖြန်မနက်သောက်လိုက် ဆေးပတ်လည်အောင်လို့ သုံးကြိမ်ပြည့်အောင်သောက်နော်"

"ဟုတ်ပါပြီ ဟျောင်းရယ်။ ထယ်ယောင်းက ကလေးမဟုတ်ပါဘူး ဒီလောက်တော့သိပါတယ်"

ထယ်ယောင်းပြုံးစစလေးပြောတော့ ဘိုဂမ်သဘောကျစွာဖြင့် ပြုံးမိ၏။ ဒီကောင်လေးကို သူသိပ်ဂရုစိုက်နေမိတာပဲ။

"ကိုယ်ကစိတ်ပူလို့ပါ"

"ဟုတ်ပါ ဟျောင်းစေတနာကို အသိအမှတ်ပြုလို့ ဆေးပတ်လည်အောင်သောက်လိုက်မယ်နော် စိတ်ချ"

"အင်း ကိုယ့်ယောင်းလေး လိမ္မာတယ်"

ဆိုကာ ခေါင်းလေးခပ်ဖွဖွပုတ်ရင်းဆိုလာလေသည်။ ထယ်ယောင်းရင်ထဲမှာတော့ ဘယ်လိုမှနေမှာမဟုတ်မှန်း သိပေမယ့်လည်း ဘိုဂမ်ရင်ထဲမှာတော့ သိမ့်ကနဲဖြစ်သွားရလေသည်။ ကိုယ့်ယောင်းလေးဆိုတဲ့စကားလုံးလေးက ဘာရယ်မဟုတ်ပေမယ့် ဘိုဂမ်ရင်ထဲအား နွေးထွေးသွားသလိုပင်။ ထိုနာမ်စားလေးကို သိပ်သဘောကျမိပါ၏။ ကိုယ့်ယောင်းလေးဟူသောနာမ်စားက ဘိုဂမ်ရင်ထဲမှာ အကြိမ်ကြိမ်အော်ခေါ်နေမိသည့် အမည်နာမလေးတစ်ခုပင်။ သို့သော် နှုတ်ကနေထုတ်ခေါ်ဖူးတာ ဤသည်ကသာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

"ပြန်ရအောင်လေ ကိုယ်ပို့ပေးမယ်"

"ဟုတ် ဟျောင်း"

ထယ်ယောင်းအားဆေးဆိုင်ထဲကနေ ခေါ်လာပြီးနောက် ကားတံခါးဖွင့်ပေးပြီး သေချာ၀င်ထိုင်စေ၏။ ထို့နောက်လုပ်နေကျထုံးစံအတိုင်း ထယ်ယောင်းအားခါးပတ်ပတ်ပေး၏။

"အိပ်ချင်အိပ်နော် ယောင်း ကိုယ်ရောက်ရင် နှိုးပေးမယ်"

"ဟုတ်ဟျောင်း"

ထို့နောက်ကားလေးသည် အိမ်ပြန်ခရီးသို့စတင်ခဲ့၏။ ခရီးကသိပ်မဝေးသော်လည်း ထယ်ယောင်း ပင်ပန်းနေသည်။ ဘာရယ်ကြောင့် ထိုလောက်ပင်ပန်းနေမှန်း ထယ်ယောင်းမသိပေ။

ဘိုဂမ်ကားမောင်းနေရင်းမှ ဘေးသို့စောင်းကြည့်မိတော့ ထယ်ယောင်းက အိပ်ပျော်နေလေပြီ။ အိပ်ပျော်နေသော ထယ်ယောင်း၏မျက်နှာပေါ်၌ တစ်စွန်းတစ်စကျနေသော ဆံပင်စတွေအားအသာသပ်တင်ပေးပြီးနောက် နဖူးအားခပ်ဖွဖွနမ်းမိ၏။ အတ္တမပါသော မြတ်နိုးမှုသက်သက်ဖြင့်သာနမ်းမိခြင်းမို့ ယောင်းစိတ်မဆိုးလောက်ပါဘူးလေ။ မြတ်နိုးသည်ဆိုတာထက်ပိုပြီးကို မြတ်နိုးတာမို့ မပိုင်ဆိုင်ရတောင် အနားရှိနေရရုံနဲ့ကျေနပ်ပါတယ်။

မင်းလေးအတွက်ဆို ဒီလူက အရာရာပေးဆပ်ဖို့အသင့်ပါပဲယောင်း.......။

J JuliH

Zawgyi

ဒီေန႕ကတနဂ္ႏြေေန႕ျဖစ္သည့္အျပင္ မေန႕ညကလည္း တစ္ညလုံးပင္ပန္းထားသည္မို႔ ဂ်ီမင္းအိပ္ယာထဲမွ မထျဖစ္ေသးေပ။

"အင္း! အ့!"

အိပ္ယာမထခင္ အေၾကာဆန႔္တတ္သည့္အက်င့္ေၾကာင့္ ရွိသမွ်အေၾကာအကုန္ဆန႔္ထုတ္မိေတာ့ ခႏၶာကိုယ္အတြင္းတစ္ေနရာက စူးေနေအာင္နာ၏။

"ေသြးစုပ္ဖုတ္ေကာင္ႀကီး"

ေခၚရင္းမွပင္ အိပ္ယာေဘးသို႔လက္စမ္းေလေတာ့ လြတ္ေနေသာေနရာတစ္ခုကိုသာ စမ္းမိ၏။

"ဟမ္!"

ဂ်ီမင္းနာေနတာကိုပင္ ဂ႐ုမစိုက္နိုင္ေတာ့ဘဲ ထထိုင္လိုက္မိတာျဖစ္၏။ ထို႔ျပင္ မေန႕ညကသူေျပာသည့္စကားကို နားထဲျပန္ၾကားေယာင္ရင္း မ်က္၀န္းအိမ္ထဲ၌ မ်က္ရည္တို႔အလိုလိုေဝ့သီလာေလ၏။

"ကိုယ္တစ္ကယ္ေတာင္းပန္ပါတယ္ကြာေနာ္။ ကိုယ့္ကိုယ္ခြင့္လႊတ္ပါကြာ။ ျပန္ရေတာ့မယ္ လူတစ္ေယာက္ကို စိတ္မေကာင္းေအာင္မလုပ္ပါနဲ႕"

ဒါဆိုရင္ သူက သူက ျပန္သြားတာလား။ ႏႈတ္ေတာင္မဆက္ပဲနဲ႕ေလ။ ဂ်ီမင္းတစ္ေယာက္ေတြးေလ၀မ္းနည္းေလျဖင့္ မ်က္ရည္တို႔ေျဖမဆည္နိုင္ေအာင္ပင္ စီးက်လာၿပီျဖစ္သည္။

"လူယုတ္မာႀကီး ဟင့္! လူကိုစားၿပီးနားမလည္လုပ္တယ္"

"ဘာေတြေျပာေနတာလဲ baby"

အခန္းတံခါးအားဖြင့္ကာ ၀င်လာသူက ဆန္ျပဳတ္ပန္းကန္အားကိုင္ၿပီး ၀င်လာရင်းမေး၏။

"ခ ခမ်ား ျပန္သြားၿပီမဟုတ္လား"

"မျပန္ေသးပါဘူးဗ်ာ babyကို ဒီတိုင္းႀကီးပစ္သြားစရာလား ကိုယ္ျပန္ရင္ ႏႈတ္ဆက္သြားမွာေပါ့ အဲ့ဒီက်ရင္သာ မငိုနဲ႕"

"ငိုစရာလား ဟင့္!"

ေျပာရင္းပင္ ပင့္သက္ရွိုက္လာေသာ baby booေလးေၾကာင့္ ယြန္ဂီသေဘာက်စြာျဖင့္ ဂ်ီမင္းေခါင္းေလးအား လွမ္းဖြ၏ ။

"ေသခ်ာလား မငိုတာ"

မ်က္၀န္းအစုံကို တည့္တည့္စိုက္ၾကည့္ကာ ေျပာလာေသာ ယြန္ဂီေၾကာင့္ ဂ်ီမင္းဘာမွျပန္မေျဖေတာ့ဘဲ ေစာင္ၿခဳံထဲကေနသာ ယြန္ဂီအားလွမ္းကာ သိုင္းဖက္လိုက္၏။

"ျပန္သြားခဲ့ရင္ေတာင္ ေစာင့္ေနမွာမို႔ ျပန္လာရွာပါ ဒီေနရာမွာပဲ ဒီတိုင္းပဲေစာင့္ေနမယ္"

"ဟုတ္ပါၿပီ ကိုယ္က ေသခ်ာေပါက္လာရွာမွာပါကြာ"

သူေျပာတာကိုမယုံရဲေပမယ့္လည္း ဂ်ီမင္းသူ႕ကိုခ်စ္မိေနတာ ေသခ်ာပါသည္။ ယခုခ်ိန္မွာထုတ္ေျပာဖို႔ အသင့္မျဖစ္ေသးေပမယ့္ ျပန္လာရွာမယ့္တစ္ခ်ိန္က်ရင္ေတာ့ သူ႕ရင္ခြင္ထဲတိုး၀င္ကာ အားပါးတရေအာ္ေျပာပစ္ဦးမည္။

"လာရွာပါ"

ဂ်ီမင္း ယြန္ဂီအားလြတ္ထြက္သြားမွာစိုးသည့္အလား ပိုတိုး၍သာဖက္ထားမိသည္။ ျဖစ္နိုင္ရင္သူ႕ကို အနားကေန ထြက္မသြားေစခ်င္ေတာ့ဘူး။ တစ္ေယာက္တည္းျဖတ္သန္းရတဲ့ေန႕ေတြကိုလည္း ထပ္ၿပီးမလိုခ်င္ေတာ့ဘူး။ သူနဲ႕အတူ သာယာတဲ့ဘ၀ေလးတစ္ခု တည္ေဆာက္ၿပီး ေအးခ်မ္းစြာပဲ ေနခ်င္မိပါသည္။ သို႔ေသာ္လည္း ကံၾကမၼာက မ်က္ႏွာသာ မေပးေသးေပ။

"ခ်စ္တယ္ baby booေလး"

"ကြၽန္ေတာ္ ျပန္ေျဖဖို႔အဆင္သင့္မျဖစ္ေသးတာ ေတာင္းပန္ပါတယ္"

"ရပါတယ္ babyေအးေဆးစဥ္းစားပါ ကိုယ့္ဘက္ကပဲခ်စ္ေန႐ုံနဲ႕လည္း ျပည့္စုံတာမို႔ သိပ္ၿပီးစိတ္ထဲမထားနဲ႕ေနာ္"

"အင္း"

ဂ်ီမင္း ေခါင္းကိုအသာၿငိမ့္ကာ ယြန္ဂီ၏ရင္ခြင္ထဲသို႔ ထပ္မံတိုး၀င္မိျပန္သည္။ ေနာက္ဆိုရင္ ဒီရင္ခြင္က အၾကာႀကီးခြဲရေတာ့မည္မဟုတ္လား။

ရင္ခြင္ထဲသို႔တိုး၀င္လာေသာ ေကာင္ေလးအား ယြန္ဂီျပန္ေထြးေပြ႕ထားမိသည္။ ဒီေကာင္ေလးႏႈတ္ဖ်ားက ထုတ္မေျပာေသးေတာင္ သူ႕အေပၚမွာ ဒီေကာင္ေလးဘယ္ေလာက္ထိ ေမတၱာရွိသလဲ သိပါသည္။ သိပ္ကိုေမတၱာႀကီးသည့္ထိုေကာင္ေလးက အခ်စ္ေၾကာင့္နဲ႕ နာက်င္ရမွာေတာ့ ေၾကာက္ပုံရပါသည္။

----------------------------------------------------------------------

"အာ့!"

ထယ္ေယာင္းတစ္ေယာက္ မေန႕က ဂြၽန္၏ဒဏ္ေၾကာင့္ အိပ္ယာထဲမွပင္ မထနိုင္ေသးေပ။ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနကာ လႈပ္ေတာင္မလႈပ္နိုင္ေအာင္အထိပင္ ျဖစ္ေနတာျဖစ္၏။ မေန႕က ဂြၽန္သည္ခါတိုင္းထက္ပိုၿပီးၾကမ္းခဲ့၍လားမသိေပ ထယ္ေယာင္းေခါင္းေတြထဲ မူးေနာက္ေနာက္ႏွင့္ပင္။

"မိုးေတာင္လင္းၿပီပဲ"

ထမင္းဟင္းခ်က္လည္း ဂြၽန္ကမစားသည္မို႔ ထယ္ေယာင္းတကူးတကထၿပီး မခ်က္ခ်င္ေတာ့။ မဟုတ္လည္း ဂြၽန္က အျပင္မွာပဲစားသည္မဟုတ္လား။ ကိုယ္ကလည္း ခပ္ႏြေးႏြေးျဖစ္ေနသည္မို႔ ေရခ်ိဳးၿပီးတစ္ခုခုစားကာ ေဆးေသာက္ၿပီး ျပန္နားရဦးမည္။

မေန႕က ဂြၽန္ပိုၿပီးၾကမ္းခဲ့သည္လား။ ခါတိုင္းဆို ထယ္ေယာင္း ထိုေလာက္ထိေနရတာ မအီမသာမျဖစ္တတ္ေပ။ ဒီေန႕က်မွ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနသည့္အျပင္ ေခါင္းထဲကပါမူးေနာက္ေနာက္ျဖစ္ေန၏။ လူကလည္း ခါတိုင္းထက္ပိုၿပီး အားနည္းေနသလိုပင္။

"ပြမ္! ပြမ္!"

ထယ္ေယာင္းလိုက္ကာဖြင့္တာကို ျမင္သြားပုံရသည္။ ေအာက္ထပ္၌ေစာင့္ေနေသာ ဘိုဂမ္ေဟ်ာင္းက ဟြန္းတီးကာ လွမ္းေခၚ၏။ လူကေနမေကာင္းေသာ္လည္း သူကတကူးတကလာေခၚသည္မို႔ ထယ္ေယာင္းမျငင္းသာေပ။ လူကေတာ္ေတာ္ေလး ႏြမ္းေနပုံေပါက္ေနသည္မို႔ ေရကိုေတာ့အျမန္ခ်ိဳးရေသး၏။ ေဆးကိုေတာ့ အျပင္ကပဲ ၀ယ်သောက်ပါမယ်လေ။

ေရခ်ိဳးၿပီးေနာက္ ေခါင္းစြပ္ဟူဒီအျဖဴေလးႏွင့္ စတိုင္ပန႔္အနက္ကိုတြဲ၀တ္ကာ ေအာက္ထပ္သို႔ဆင္းလာခဲ့၏။ တံခါးဖြင့္ကာ ထြက္လာေတာ့ ေဟ်ာင္းကၿပဳံးကာႀကိဳ၏။ သို႔ေသာ္ ထယ္ေယာင္းျပန္ၿပီးၿပဳံးျပမိလားမသိပါ။ ေခါင္းေတြထဲက ရိပ္တိတ္တိတ္ႏွင့္ မူးေနသည္မို႔ ဘာကိုမွသိပ္ၿပီးအာ႐ုံမရေပ။

"ေယာင္း"

"ဗ်ာ! ေဟ်ာင္း"

"ဒီေန႕ ေယာင္း ႀကိဳက္တဲ့ ပါစတာလိုက္ေကြၽးမယ္ အဲ့ဒီဆိုင္က အရမ္းစားေကာင္းတယ္ သန႔္လည္းသန႔္တယ္ ဒါေပမယ့္ ဆိုင္ႀကီးေတာ့မဟုတ္ဘူး"

"ေဟ်ာင္း အဆင္ေျပတဲ့ဆီသြားပါ"

"ေယာင္း ေနမေကာင္းဘူးလား မ်က္ႏွာက အရမ္းညွိုးေနတယ္"

ကိုယ့္မ်က္ႏွာျငႇိုး႐ုံႏွင့္ ေနမေကာင္းဘူးလားဟုတန္းေမးေသာ ေဟ်ာင္းေနရာ၌သာ ဂြၽန္ဆို ဘယ္ေလာက္ေတာင္ေကာင္းမလဲ။ မဂ္လာေဆာင္ၿပီးကတည္းကေန အခုထိ အတူအိပ္ၿပီးတိုင္း ကိုယ္ဘယ္လိုျဖစ္ေနခဲ့လဲဆိုတာ သူဂ႐ုမစိုက္ေပ။ တစ္ခါတစ္ေလ ႐ုံးသြားတတ္သလို တစ္ခါတစ္ေလလည္း ဥေပကၡာျပဳ၏။

"ေယာင္း"

"ဗ်ာ! ဟုတ္ နည္း နည္းနည္းပါ"

အေတြးလြန္ေနေသာ ထယ္ေယာင္း၏အသိစိတ္တို႔က ေဟ်ာင္းအသံၾကားမွ သတိျပန္ကပ္တာျဖစ္၏။ တစ္ခုခုဆို ဂြၽန႔္အေၾကာင္းေတြးလိုက္မိရင္ အရာရာေမ့ကာ သတိလက္လြတ္ျဖစ္မိတာ ထယ္ေယာင္းအတြက္ အက်င့္တစ္ခုလိုေတာင္ ျဖစ္ေနေလၿပီ။

"ဒါဆို ေဆးခန္းသြားမလား ေယာင္း"

"မသြားေတာ့ဘူး ေဟ်ာင္း ဒီတိုင္းေဆးပဲ၀ယ္ေသာက္လိုက္ေတာ့မယ္"

"အဲ့ဒါဆိုလည္း ေယာင္းသေဘာပါပဲ ပါစတာစားၿပီးသြား၀ယ္ၾကတာေပါ့"

"ဟုတ္ ေဟ်ာင္း"

ထယ္ေယာင္းသေဘာအတိုင္းလုပ္ေပးရန္ ဆုံးျဖတ္ၿပီးေနာက္ ပါစတာစားရန္ဆိုင္သို႔ထြက္လာခဲ့၏။ ထိုဆိုင္ေလးဆီေရာက္ေတာ့ ကားကို parking ၌ထိုးကာ ဆိုင္ထဲသို႔၀င္လာခဲ့သည္။ သူ႕လက္ကိုဆြဲကာေခၚခ်င္ေပမယ့္လည္း သက္ဆိုင္သူမဟုတ္သည္မို႔ ႏွစ္ေယာက္ယွဥ္လ်က္သာ၀င္လာခဲ့ရ၏။ တစ္ခါတစ္ရံမွာ ေနာက္က်မွဆုံေတြ႕မႈေတြက ေကာင္းတယ္ဆိုေပမယ့္လည္း တစ္ခါတစ္ရံက်ရင္ေတာ့ ေနာင္တရစရာေတြျဖစ္ေနတတ္သည္။ ဥပမာ ယခုလိုမ်ိဳး ထယ္ေယာင္းနဲ႕ဆုံေတြ႕မႈမွာေပါ့။

ေယာင္းရယ္ မင္းကသာ သိပ္လွတဲ့ပန္းတစ္ပြင့္ျဖစ္ခဲ့မယ္ဆို ကိုယ္ကအဲ့ဒီပန္းေလးကို ပိုင္ဆိုင္ခြင့္မရဘဲ ရပ္ၾကည့္ၿပီးျမတ္နိုး႐ုံသာ တတ္နိုင္တဲ့လူသားတစ္ဦးပါပဲ။

"ေဟ်ာင္း"

"ေျပာေလ ေယာင္း"

"ဘာမွမဟုတ္ပါဘူး မွာထားတာေတြမစားပဲ ကြၽန္ေတာ္ကိုၾကည့္ေနလို႔ မ်က္ႏွာတစ္ခုခုေပေနလားလို႔"

"အဟက္ မေပပါဘူး ေယာင္းကလွလို႔ေငးမိတာပါ"

ဘိုဂမ္ညွင္သာစြာၿပဳံးလိုက္ၿပီးေနာက္ ထယ္ေယာင္းအားျမတ္နိုးစြာၾကည့္ကာေျပာလာ၏။ တကယ္ပါ။ ထယ္ေယာင္းက ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ ေနတာေတာင္ မိန္းကေလးရႈံးေအာင္လွ၏။

"ေဟ်ာင္းက ျမႇောက္ေျပာလြန္းေနၿပီ"

ထယ္ေယာင္းရွက္ၿပဳံးေလးၿပဳံးရင္း ျပန္ေျဖလိုက္၏။

"မျမႇောက္ပါဘူးဗ်ာ"

ထယ္ေယာင္းၿပဳံးတာေလးကိုၾကည့္ၿပီး ဘိုဂမ္လည္းလိုက္ၿပဳံးမိ၏။ ဒီလူသားေလး တစ္ခါၿပဳံးရင္ ဒီေကာင္တစ္ခါေသတာ သူေလးမသိေရာ့လား။ ျမတ္နိုးတာထက္ပိုတဲ့ စကားလုံးရွိရင္ အဲ့ဒီစကားလုံးက ကိုယ္မင္းကိုေျပာခ်င္တဲ့ စကားလုံးပဲ ေယာင္း။ ပိုင္ဆိုင္လိုျခင္းဆိုတဲ့ အတၱေတြမပါဘဲ အျဖဴသက္သက္ကေလးပဲ ျမတ္နိုးပါတယ္ ျမတ္နိုးရသူ။

"ထားပါ။ စားၿပီးရင္ ေဆးဆိုင္လိုက္ပို႔ေပးေနာ္ ေဟ်ာင္း။ ၿပီးရင္ေတာ့ ကြၽန္ေတာ္အိမ္ျပန္ၿပီး နားလိုက္ေတာ့မယ္"

"ေယာင္းသေဘာပါ ဂ႐ုစိုက္ေနာ္ အိမ္ျပန္ေရာက္ရင္ ေဆးေသာက္ၿပီး ႏြေးႏြေးေထြးအိပ္ ဟုတ္ၿပီလား"

"ဟုတ္ပါေဟ်ာင္းရဲ႕"

"ဒါဆို ေယာင္းၿပီးရင္ျပန္ၾကတာေပါ့"

"ဟုတ္"

ထယ္ေယာင္းစားလက္စ ပါစတာအားကုန္ေအာင္စားၿပီးေနာက္ ထိုဆိုင္မွထြက္လာခဲ့၏။ ဆိုင္ေလးကအနည္းငယ္ေသးေသာ္လည္း တိတ္ဆိတ္ၿပီးေအးခ်မ္းသည္မို႔ ထယ္ေယာင္းသေဘာက်ပါ၏။ ေဟ်ာင္းေသခ်ာရွာထားပုံရပါသည္။ ထို႔ေနာက္တြင္ေတာ့ ထယ္ေယာင္းအတြက္ေဆး၀ယ္ေပးရန္ ေဆးဆိုင္သို႔ေမာင္းခဲ့၏။

ေဆးဆိုင္သို႔ေရာက္ျပန္ေတာ့လည္း ထယ္ေယာင္းဘာမွမေ႐ြးရေပ။ ထယ္ေယာင္းဘာျဖစ္သလဲေမးၿပီး လိုတဲ့ေဆးေတြကိုစပ္ကာ သူကိုယ္တိုင္၀ယ္ေပးေနတာျဖစ္၏။ အားလုံး၀ယ္ၿပီးကာမွ လက္ထဲသို႔ထည့္ေပးေလ၏။

"ေရာ့ ေယာင္း ဒါကမနက္ ဒါကေန႕လည္ ဒါကညေန အခုကေန႕လယ္ေရာက္ေနၿပီဆိုေတာ့ ဒီဟာကိုေသာက္ ၿပီးရင္ ညေနေသာက္ က်န္တာ မနက္ျဖန္မနက္ေသာက္လိုက္ ေဆးပတ္လည္ေအာင္လို႔ သုံးႀကိမ္ျပည့္ေအာင္ေသာက္ေနာ္"

"ဟုတ္ပါၿပီ ေဟ်ာင္းရယ္။ ထယ္ေယာင္းက ကေလးမဟုတ္ပါဘူး ဒီေလာက္ေတာ့သိပါတယ္"

ထယ္ေယာင္းၿပဳံးစစေလးေျပာေတာ့ ဘိုဂမ္သေဘာက်စြာျဖင့္ ၿပဳံးမိ၏။ ဒီေကာင္ေလးကို သူသိပ္ဂ႐ုစိုက္ေနမိတာပဲ။

"ကိုယ္ကစိတ္ပူလို႔ပါ"

"ဟုတ္ပါ ေဟ်ာင္းေစတနာကို အသိအမွတ္ျပဳလို႔ ေဆးပတ္လည္ေအာင္ေသာက္လိုက္မယ္ေနာ္ စိတ္ခ်"

"အင္း ကိုယ့္ေယာင္းေလး လိမၼာတယ္"

ဆိုကာ ေခါင္းေလးခပ္ဖြဖြပုတ္ရင္းဆိုလာေလသည္။ ထယ္ေယာင္းရင္ထဲမွာေတာ့ ဘယ္လိုမွေနမွာမဟုတ္မွန္း သိေပမယ့္လည္း ဘိုဂမ္ရင္ထဲမွာေတာ့ သိမ့္ကနဲျဖစ္သြားရေလသည္။ ကိုယ့္ေယာင္းေလးဆိုတဲ့စကားလုံးေလးက ဘာရယ္မဟုတ္ေပမယ့္ ဘိုဂမ္ရင္ထဲအား ႏြေးေထြးသြားသလိုပင္။ ထိုနာမ္စားေလးကို သိပ္သေဘာက်မိပါ၏။ ကိုယ့္ေယာင္းေလးဟူေသာနာမ္စားက ဘိုဂမ္ရင္ထဲမွာ အႀကိမ္ႀကိမ္ေအာ္ေခၚေနမိသည့္ အမည္နာမေလးတစ္ခုပင္။ သို႔ေသာ္ ႏႈတ္ကေနထုတ္ေခၚဖူးတာ ဤသည္ကသာ ပထမဆုံးအႀကိမ္ပင္ျဖစ္သည္။

"ျပန္ရေအာင္ေလ ကိုယ္ပို႔ေပးမယ္"

"ဟုတ္ ေဟ်ာင္း"

ထယ္ေယာင္းအားေဆးဆိုင္ထဲကေန ေခၚလာၿပီးေနာက္ ကားတံခါးဖြင့္ေပးၿပီး ေသခ်ာ၀င္ထိုင္ေစ၏။ ထို႔ေနာက္လုပ္ေနက်ထဳံးစံအတိုင္း ထယ္ေယာင္းအားခါးပတ္ပတ္ေပး၏။

"အိပ္ခ်င္အိပ္ေနာ္ ေယာင္း ကိုယ္ေရာက္ရင္ ႏွိုးေပးမယ္"

"ဟုတ္ေဟ်ာင္း"

ထို႔ေနာက္ကားေလးသည္ အိမ္ျပန္ခရီးသို႔စတင္ခဲ့၏။ ခရီးကသိပ္မေဝးေသာ္လည္း ထယ္ေယာင္း ပင္ပန္းေနသည္။ ဘာရယ္ေၾကာင့္ ထိုေလာက္ပင္ပန္းေနမွန္း ထယ္ေယာင္းမသိေပ။

ဘိုဂမ္ကားေမာင္းေနရင္းမွ ေဘးသို႔ေစာင္းၾကည့္မိေတာ့ ထယ္ေယာင္းက အိပ္ေပ်ာ္ေနေလၿပီ။ အိပ္ေပ်ာ္ေနေသာ ထယ္ေယာင္း၏မ်က္ႏွာေပၚ၌ တစ္စြန္းတစ္စက်ေနေသာ ဆံပင္စေတြအားအသာသပ္တင္ေပးၿပီးေနာက္ နဖူးအားခပ္ဖြဖြနမ္းမိ၏။ အတၱမပါေသာ ျမတ္နိုးမႈသက္သက္ျဖင့္သာနမ္းမိျခင္းမို႔ ေယာင္းစိတ္မဆိုးေလာက္ပါဘူးေလ။ ျမတ္နိုးသည္ဆိုတာထက္ပိုၿပီးကို ျမတ္နိုးတာမို႔ မပိုင္ဆိုင္ရေတာင္ အနားရွိေနရ႐ုံနဲ႕ေက်နပ္ပါတယ္။

မင္းေလးအတြက္ဆို ဒီလူက အရာရာေပးဆပ္ဖို႔အသင့္ပါပဲေယာင္း.......။

J JuliH

There are no comments yet. Log in to be the first to leave a review!

Similar stories