Episode 6 (အနီရောင်စံအိမ်ကြီး)
14:15, 2 October 2025လက်ပံပင်ကိုလည်း မသွားရဲတော့…
သွားရင် သူမအဖြေကိုရှာနိုင်မှာပေမဲ့ သူမအသက်နဲ့တော့ ရင်းရတဲ့အထိ သူမမရူးပါ။
ဒိလိုနဲ့ သာလက်လျော့ခဲ့ ပြီး အိမ်မက်တွေနောက်သာ ဆက်လိုက်ခဲ့သည်။ အိမ်မက်…အိမ်မက်တွေကားး
ကလျာ နေ့တိုင်းဆက်တိုက် ထပ်၍သာမက်နေခဲ့သော အိမ်မက်တွေ….။
အကြိမ်ဖမ်များစွာ မှတ်မိသမျှကို ချရေးလိုက် ပုံဆွဲလိုက်လုပ်ပေမဲ့ ရုပ်လုံးမှာပေါ်မလာ…။
ဒီလိုပဲ ထယ်ရဲ့နာမည်ကို ပိုသိလာရတာက။
နန်းထယ် တဲ့လေ……။ နှစ်လုံးတည်းလားးး မသေချာပါ။ ဒါပေမဲ့ သူမှတ်မှတ်ရရကြားမိလိုက်ပါသည်။
အိမ်မက်ထဲက အမျိုးသား ကခေါ်လိုက်နဲ့ နာမည်ကားး နန်းထယ် တဲ့လေ။
နန်းထယ်ရဲ့ နာမည်သာသိခွင့်ရပေမဲ့….. တစ်ဖက်က အမျိုးသား ကမည်သူနည်းး။ ကလျာအိမ်မက်ထဲ ဘယ်လောက်ပေါ်လာပေါ်လာ အမြဲ ဝါးတားတား။
နောက်ကျောပြင်တွေနဲ့သာမိတ်ဆက်လေ့ရှိရာ….. တစ်ခါမှမမြင်ဖူးတာမို့ အကြပ်တော့ရိုက်ပါသည်။
ဒါပေမဲ့လည်းး နန်းထယ်ဆိုတဲ့နာမည်ကတော့ သူမစုံစိမ်းရာမှာ အထောက်အကူ ပြုဖို့ မျှော်လင့် ပါတယ်လေ။
“စိုးမိုးး နင် နန်းထယ် ဆိုတဲ့နာမည်ကြားဖူးလားး”
“ဟင့်အင်….”
“ဒါဆို ဒီလူကိုလည်းမမြင်ဖူးဘူးပေါ့”
“အေးးလို့ မေမေတို့မေးကြည့်ပါလားး သိရင်သိမှာပေါ့”
“ဟုတ်သားး”
ကလျာလည်း အန်တီသူဇာ နားကပ်၍
“ကလျာ…တစ်ခုခုပြောချင်လို့လားး”
“ဟုတ် အန်တီ မေးချင်တာလေးရှိလို့”
“ဘာမေးမလို့လဲ ပြောလေ”
“ဟို….အန်တီ နန်းထယ်ဆိုတဲ့နာမည်ကိုကြားဖူးလားး”
“နန်းထယ်…သမီး ဘယ်လိုလုပ်”
“သူလေ…မြင်ဖူးလား”
ကလျာပြတဲ့ပုံကြောင့် အန်တီသူဇာ အံ့ဩကာ မျက်လုံးတို့မှာပြူးကျယ်သွားရသည်။
ထို့နောက်….ထိုဆွဲထားသောပုံကို ကိုင်ကာ…..
“အော်…..နန်းထယ်…မောင်လေးရယ်”
“ဟင် အန်တီသူဇာ သူ့ကိိုသိတာလားး”
“သိတာထက်ပိုတာပေါ့ကွယ်…သူက အန်တီရဲ့ မောင်အရင်းလေ…”
“ရှင်…ဒါဆို စိုးမိုးရဲ့ ဦးလေးပေါ့”
“ဟုတ်တယ်…သမီးး”
“ဒါဆို စိုးမိုးက မသိတာလား သူမကြားဖူးဘူးလို့ပြောတယ်”
“မသိတာပဲကောင်းတာပဲလေ …ကွယ်”
“ဘာ…ဘာဖြစ် လို့လဲ အန်တီရဲ့”
“အင်းး ပြောရရင်ရှည်တယ်ကွဲ့….ဒါနဲ့ ကလျာက ဘယ်လိုလုပ် နန်းထယ်ကိုသိလာတာလဲ….နန်းထယ်မှာ ပုံတူဆိုလို့ သူဆွဲပေးထားတာတွေပဲရှိခဲ့တာလေ”
“ဟို…ကလျာ အမှန်တိုင်းပြောရရင်…ကလျာ အိမ်မက်ထဲကပါ…”
“ဘယ်လို ဘယ်လို"
“ကလျာ အသက် ၁၀နှစ် ကတည်းက အိမ်မက်တွေမက်နေခဲ့ရတာ….အဲထဲမှာ နန်းထယ်ပါတယ်….စစချင်းတုန်းက အိမ်မက်ဆိုးတွေလိုလိုနဲ့ပဲ….
နောက် စိုးမိုးကခေါ်တာနဲ့ ကလျာပုဂံကိုလိုက်လာခဲ့တာ ပုဂံမှာ အိမ်မက်တွေက ပိုမက်လာတယ်… နောက်တော့ နန်းထယ်ဆိုတဲ့နာမည်ကို သိလာရသလို….
သူ့ပုံတွေမှာ မြင်လာရတယ်လေ…သူ့ကို မှတ်မိအောင် ဒါက ကလျာ ဆွဲထားတာပါ”
“ဒါဆို သမီးနဲ့ နန်းထယ် ဆက်စပ်မှုရှိနေတာလားး”
“အာတော့ ကလျာမသိဘူး အန်တီ….ကလျာက အိမ်မက်တွေမက်နေလို့ အဖြေရှာချင်ရုံပါ”
“နန်းထယ်ရယ်….မင်း အခုထိ ရှိနေသေးတာလားးကွယ်”
“အန်တီ….ဒါဆို သူ့အကြောင်းပြောပြပါလားး”
“အင်းး သမီးအနေနဲ့ နားထောင်ချင်ရင်ပြောပြပါ့မယ်…”
“ဟုတ်ကဲ့ အန်တီ”
“နန်းထယ်လို့ ခေါ်ကြပေမဲ့ တကယ်တမ်းက ရွှေနန်းထယ်ပါ…..
နန်းထယ်ရဲ့ဖေဖေက တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ပုဂံရဲ့ ပန်းပုဆရာကြီးး ဦးမြတ်စံ…
မေမေကတော့ ဒေါ်ပန်းသစ္စာ..….
ကလေးအရမ်းလိုချင်တဲ့ ငါတို့လင်မယားနှစ်ယောက် ပထမဆုံးး မိုးသူဇာခေါ်တဲ့ မိန်းကလေး သမီးလေးကို မိုးရာသီ မိုးသည်းသည်းထဲမှာမွေးခဲ့တယ်
ဒါပေမဲ့ သားယောကျ်ားလေးပိုလိုချင်တာမို့ သမီးလေးကိုချစ်ပေမဲ့ ထပ်တောင့်တမိကြတာပေါ့….
ကံက စီစဥ်ပေးလို့နဲ့တူပါရဲ့……သူဇာ အသက်၁၅ နှစ် အရွယ်မှာပဲ….. မေမေ သစ္စာမှာ ကိုယ်ဝန်ရလာတယ်လေ…
အဲကိုယ်ဝန်ကတော့ ရွေနန်းထယ်လေးပေါ့….
ရွှေနန်းထယ်လေး မွေးတဲ့အချိန်မှာ အိမ်ကစီးပွားရေးး အဆင်ပြေလို့ ရွှေငွေပေါခဲ့တာမို့ ရွှေနန်းထယ်လို့ပေးခဲ့တာ….
သူဇာ လည်း နန်းထယ်အသက် ၁၅နှစ် မှာပဲ ရန်ကုန်ကိုအလုပ်လုပ်ဖို့ထွက်လာခဲ့တာ
မမမိုးသူဇာ နန်းထယ်နဲ့ မိဘတွေ ကို မဆက်သွယ်ဖြစ်တာကြာသွားတုန်း ဘာတွေဖြစ်ခဲ့လဲမသိ… မောင်လေး နန်းထယ် စေ့စပ်ခဲ့ တယ်တဲ့….
ပုဂံမြို့စားနဲ့လက်ထပ်တယ်လို့ သတင်းကြားခဲ့တာ… မကြာပါဘူး မမသူဇာ အမြန်ပြန်လာခဲ့တယ်…ဒါပေမဲ့ ရောက်တော့ နန်းထယ်နဲ့ မတွေ့ရသလို စံအိမ်လည်း မီးလောင်မှုဖြစ်ပွားခဲ့တာ….အဲနေ့မှာပဲ မောင်လေး နန်းထယ် အစမရှိအဆုံးမရှိ ပျောက်သွားတာပဲ
ဘာတွေဖြစ်ခဲ့လဲ ဘယ်သူမှမသိသလို….. ဆက်ပြီးလည်း မပြောကြတော့တာ ဒီနေ့ထိပဲ
ရဲတွေတော့ စုံစမ်းကြပါတယ်…. သူတို့ရအောင် ရှာကြပေမဲ့ အစအနတောင်မတွေ့ဘူးး မီးလောင်တဲ့အထဲလည်းပါမသွားခဲ့ဘူးးး
အများကတော့ မီးထဲမှာ သေသွားပြီလို့ပြောခဲ့ကြပေမဲ့ ရဲတွေရဲ့ပြောချက်အရ နန်းထယ် ပျောက်သွားခဲ့တာ
မီးထဲမပါသွားဘူးလေ….ဒါကြောင့်
မိုးသူဇာကတော့ နန်းထယ်ကို ရအောင်ရှာခဲ့ပေမဲ့ နှစ်တွေကြာလို့ ကုန်ဆုံးးကာ ပုဂံမှာတင် စိုးအောင်နဲ့တွေ့ ချစ်ကြိုက်လို့ မိသားစုတစ်ခုသာ ထူထောင်ခဲ့တာ…
ခုထိ ပျောက်ဆုံးနေဆဲ ရွှေနန်းထယ် ကိုတော့ မတွေ့တော့ဘူးလေ”
“ဒါဆို…သူဘာဖြစ်ခဲ့လဲ ဘယ်သူမှမသိတာလားး”
“အင်းး ဟုတ်မယ်ထင်တယ်….သူ ကိုယ်တိုင်ကလွဲလို့မသိနိုင်ဘူးးလေ”
“ဟူးး ခက်ပြီ..ခက်ပြီ…ရှာကတော့ခက်ပြီ”
“ဒီ မှာ လာ… ကလျာ အန်တီနောက်လိုက်ခဲ့”
“ဘယ်ကိုလဲ အန်တီရဲ့…”
“နန်းထယ်နဲ့ သက်ဆိုင်တဲ့အခန်းကိုပြမလို့ပါ”
“နန်းထယ်အခန်းး”
“အင်းး ကလျာက ထူးခြားတယ်မလားး ကြည့်ရတာ နန်းထယ်က ကလျာ့ကို အကူအညီတောင်းချင်နေပုံပဲ… ဒါကြောင့် တစ်ခုခုများ သိလာရမလားးလို့ပါ”
ကလျာ အန်တီသူဇာနောက်ကလိုက်သွားရင်းး သူတို့အိမ်ရဲ့ မရောက်ဖူးသေးတဲ့နေရာရှိနေသည်ပင်။
“ဟင်..ဒီအခန်းက အရင်ကတည်းကရှိတာလားး”
“ဟုတ်တယ်လေ….ကလျာ တို့က ဒီဘက်ကိုသိပ်မလာသလို ပိတ်ထားတော့ မသိတာနေမှာ”
“စိုး စိုးမိုးက ရော”
“သားက…အန်တီတို့ပြောထားလို့ မလာဘူးး ဒီနေရာကို သူက စကားသိပ်နားထောင်တတ်တာလေ”
“ဟုတ်ပါ့ အလိမ္မာသားလေ”
အန်တီသူဇာ ကြီးမားသော သော့တံကြီးနဲ့ ဖွင့်လိုက်ရာ ဖုန်တစ်စေ့မှာမတက်။
ကြာရှည်နေသောအခန်းပေမဲ့ ဖုန်တွေ ပင့်ကူမျှင်တွေရှိမယ်ထင်ခဲ့တာ အခုတော့ လတ်တလောကနေထားသလိုပင် သန့်ရှင်းနေလျက်။
“အခန်းက အန်တီသူဇာ သန့်ရှင်းရေးလုပ်ထားတယ်ထင်တယ် သန့်နေတာပဲ”
“မဟုတ်ဘူး အန်တီအပါအဝင် ဒီကိုဘယ်သူမှမဝင်တာကြာပေါ့ “
“ဟင်…ဒါဆို"
“ထူးဆန်းတယ်ဆိုတာ ဒါလေ…. အန်တီတို့အိမ်မှာ အမြဲ သန့်နေပြီးး ဖုန်တောင်မတက်ပဲ လူနေသလိုဖြစ်နေတဲ့ အိမ်ခန်း နန်းထယ်ရဲ့အခန်းပေါ့”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဖြစ်မဖြစ် ခုမျက်မြင်ပဲလေ”
အံ့ဩဖို့အရမ်းကောင်းသည်။ စာရွက်တွေ ခဲတံတွေ ခုံတွေ စားပွဲတွေ ကုတင်ကအစ အဝတ်အစားတွေကအရ အကုန်သန့်ရှင်းလျက်။
ကလျာ့အခန်းတောင် ဒီလောက်မသန့်ပါလေ။
ထို့နောက် အန်တီသူဇာမှ ပိတ်စတစ်ခုနဲ့ဖုံးထားသော အရာဝတ္ထုတစ်ခုကို ဖယ်ချလိုက်မည်လုပ်သည်။
ကြည့်ရတာ ပန်းပုရုပ်ဖြစ်မယ်ထင်တယ်။
ပိတ်စကို ဖယ်လိုက်တော့ ကျောက်သားများဖြင့် ဖန်တီးထားသော ပန်းပုလက်ရာ။
ထင်းကနဲနေအောင် လက်ရာမြောက်သည်။ အရမ်းလှသည်။ အရောင်အသွေးကအစ စုံလင်လွန်းပါသည်။ တကယ်လက်ရာမြောက်တဲ့ ပန်းပုရုပ်ပါ။ သမိုင်းပြတိုက်ထဲ တောင်ထည့်လို့ရတဲ့အထိပင်။
“ဒါက…”
“နန်းထယ်လေ”
“နန်းထယ်…”
ကလျာအနီးကပ်ကြည့်တော့ မှန်ပါသည်။ သူမအိမ်မက်ထဲက နန်းထယ်ပင်။
“ဒါက သူထုထားခဲ့တာလားး”
“မဟုတ်ဘူးး ထုတဲ့သူကသပ်သပ် အန်တီက သူ့ကိုမသိဘူးး အန်တီမရှိတုန်း ဖြစ်သွားတာတွေလေ….ဒီပန်းပုကလည်း
အဲလူထုပေးခဲ့တာ နန်းထယ်အတွက်”
ဒီပန်းပုမှာ လက်ရာမြောက်ရုံမက။ ခံစားချက်တွေပေးစွမ်းသည်။
လွမ်းဆွတ်မှုတွေ ပူဆွေးမှုတွေ နာကျင်မှုတွေက တစ်မျိုး…။
မြတ်နိုးမှုတွေ အချစ်စိတ်တွေ လှိုင်နေအောင် ထွက်နေတဲ့ ဒီရုပ်ထုဟာ သာမာန်မဟုတ်။ ဒီကနေပဲ ကြည့်ရင်းပင် ချစ်သူ ရဲ့ ရုပ်ထုကိုထုထားတာသိသာပါသည်။
ဒါဆို ကလျာအိမ်မက်ထဲက နောက်ထပ် အမျိုးသားများ လားး။
“ကလျာ…ဒီအခန်းကို သုံးရင်သုံးလေ…နည်းနည်းပါးပါး ရှာလို့ရတာပေါ့ နန်းထယ်ရဲ့ ပစ္စည်းတွေကို အန်တီတို့တစ်ခါမှ မထိကြည့်တာမို့….တစ်ခုခုတွေ့နိုင်တာပဲ”
“ဟုတ်ကဲ့ အန်တီသူဇာကျေးဇူးပါ”
“မလိုပါဘူး နန်းထယ်လေးသာ အကူအညီရမယ်ဆိုရင် သူ့အစ်မအနေနဲ့ အကုန်လုပ်ပေးမှာပါ”
အန်တီသူဇာကတော့ ထွက်သာသွားခဲ့သည်။
ကလျာ အခန်းထဲမှာ လျှောက်ပတ်ကြည့်ရင်းးး အနည်းငယ်တော့ သူမသိလိုက်ရပေမဲ့ …လိုနေသေးဆဲ အချက်အလက်တွေ။
ပြီးတော့ အဓိကက….ကလျာရှာနေတာက… .ဘာလို့ သူ့အိမ်မက်ထဲရောက်လာတာလဲ… ဘာလို့ကလျာလဲ… သူ့ကိုအကူအညီတောင်းနေတာလားး တစ်ခုခုကို ပြောချင်တာလားးး တကယ်ပဲ ဘာတွေဖြစ်ခဲ့လို့လဲလေ။
ကလျာဆက်၍သာရှာပေအုံးမည်။ လမ်းစခဲ့ပြီမို့ လမ်းဆုံးကိုဆက်၍ရှာပေမည်။
စိတ်အားထက်သန်တဲ့ ကလျာ….ထပ်၍ မက်ပြန်သော အိမ်မက်။
တစ်နေကုန် နန်းထယ်အခန်းထဲမှာ နေနေရင်း အိပ်ပျော်မိသွားတာ ညအထိပင်။
မျက်စိ ဖွင့်လိုက်တော့ လင်းထိန်နေသော နေအလင်းရောင်။ သူမရပ်နေမိတာက… စိမ်းလန်းနေဆဲ မြက်ခင်းပြင်ကျယ်။
မျက်စိတစ်ဆုံး တောက်ပသော အလင်းရောင်တွေသာပေမဲ့ သူမကိုယ်ပေါ်မှာ့တော့ အေးမြနေသည်။
ငုံ့ကြည့်မိတော့ အရိပ်ထဲမှာရပ်နေတာပါလားး။
အတော်ကြီးပြီး အေးချမ်းတဲ့အရိပ်မို့ မော်ကြည့်မိတော့ ကြီးမားသောပင်စည်နဲ့ စိမ်းရွှင်နေသော သစ်ရွက်စိမ်းများရှိပြီး ရွှေဝါရောင်ပန်းတွေအပြည့်နဲ့ အပင်ကြီးးး။
အော်…ပိတောက်ပင်ပါလားး။
ပိတောက်ပင်ကြီးကိုကြည့်ပြီးးး ကလျာခြေရင်းမှာလည်း ဖိမိထားတဲ့ ပိတောက်ပန်းတွေမှာ လမ်းခင်းထားသလိုပဲ…။
ပိတောက်ပင်နဲ့မဝေးတဲ့နေရာမှာ မြင်နေရတဲ့ နီရဲရဲ အဆောက်အအုံ။ မြင်ဖူးသယောင်ရှိတာမို့ ပိတောက်ပင်ရိပ်မှထွက်ကာ ထိုနေရာသို့ လျှောက်ခဲ့သည်။
ပူပြင်းသော နေရောင်အောက်တွင် နီးနီးလေးပင်မဲ့ ချွေးပင်ပြန်လို့ မောပါသည်။
ရောက်ရှိသွားတာက ထိုအဆောက်အအုံရှေ့…။ အဆောက်အအုံဆိုတာထက်….စံအိမ်ကြီးးလို့ ဆိုတာပိုမှန်မည်။အနီရောင်စံအိမ်ကြီးဟာ သူမမက်မြင်နေကြဖြစ်ပေမဲ့ ခုလို တိတိကျကျမဟုတ်… မြင်လိုက်ပျောက်ကွယ်လိုက် တွေ့ခဲ့ရတာ ခုတော့ ပုံရိပ်မှာ လုံးလုံးပေါ်လာပြီ။
အတိအကျသော အဆောက်အအုံရဲ့ပုံစံနဲ့ အရောင်အသွေးး ကြည့်ရုံနဲ့ ဩဇာအပြည့်…
ဆွဲမက်ဖွယ်ရာ…ကောင်းသည်။
နေချင်လားးဆိုတော့ ဟင့်အင် ကြည့်ရင်းပင် ကျောချမ်းလာသလိုလို…။ ကြောက်စိတ်တွေဝင်လာသလိုလို။ မွန်းကျပ်လာသလိုလို။ စံအိမ်ကြီးမှာ လှပနေရာကနေ အိမ်မက်ဆိုးတစ်ခုလိုပင်….။
ရုတ်တရက် စံအိမ်ထဲကနေ မျက်ရည်တွေနဲ့ ပြေးထွက်လာသော နန်းထယ်။
အလောတကြီးးနဲ့ ခြေကုန်သုတ်ပြေးလာသည်။ သူ့မျက်နှာမှာ စိုးရိမ်မှုတွေအပြည့်ဖြင့်။ ကြောက်ရွံ့နေသလို သူ့မျက်နှာကားးး ကလျာ့ကို စိတ်မသက်မသာဖြစ်စေသည်အထိ။
နန်းထယ်ရဲ့ ပုံရိပ်ပျောက်ကွယ်းသွားတာနဲ့ စံအိမ်လည်းပျောက်ကွယ်ကာ ကလျာ နိုးထလာခဲ့တော့သည်။
“စံ အိမ် ကြီးးး ငါမှတ်မိအောင် ဆွဲရမယ်…အနီရောင်စံအိမ်ကြီးး အခုဆိုရှိလောက်သေးလားးမသိဘူးး ဒါက သဲလွန်စတစ်ခုဖြစ်နိုင်တယ်”
ကလျာ နန်းထယ်ရဲ့အခန်းထဲမှာပဲ အသင့်ရှိနေတဲ့ ခဲတံနဲ့ စာရွက်ကိုသုံးကာ အရောင်တွေပါဖြည့်လျက် အနီရောင်စံအိမ်ကို အသေးစိတ်ကအစ ဆွဲသားလိုက်တော့။ ရုပ်လုံးပေါ်လာပါတော့သည်။
သူမလည်းး ဆွဲထားတဲ့ စာရွက်ကိုယူကာ အခန်းကိပြန်၍ အိပ်တော့သည်။
“မနက်ကြရင်တော့ စိုးမိုးနဲ့ ဒီအိမ်ကိုရှာရမယ်”
မနက်လင်းလို့ သူမနိုးတာနဲ့ မျက်နှာကိုမြန်မြန်သစ်လို့ မနက်စာတောင်မစားရသေးး။
“စိုးမိုးး …စိုးမိုးး မနိုးသေးဘူးလားဟ…ထ..ထတော့”
တံခါးကနေ တစ်ဒေါက်ဒေါက်ခေါက်ကာ နိုးနေသော ကလျာ့အသံ ဆူညံညံကြောင်းနိုးလာပါလေသော စိုးမိုးး။
“ဘာလဲဟာ ကလျာရယ် ငါအိပ်နေတာကို “
“ထတော့ ငါနင့်ကိုမေးစရာရှိလို့ ပြစရာရောပဲ”
“ဘာလဲ…”
“လာပါ…”
“နေ..နေစမ်းပါ့အုံးး ငါမျက်နှာသစ်ပါရစေအုံးးဟာ”
“သစ်သစ်..မြန်မြန်သာလုပ်”
“အင်းပါ”
စိုးမိုးလည်း မျက်နှာမြန်မြန်သစ်၍သာ ….ကလျာနောကလိုက်လာခဲ့သည်။
“ထိုင် ဒီမှာ”
မနက်စာစားခန်းမှာ ထိုင်ခိုင်းပြီးးး
“ဒီ..မှာဟ…”
ကလျာထုတ်ပြသော ပုံကိုကြည့်၍သာ…
“ဘာလဲဟ..ဒါကြီးက “
“ စံအိမ်လေ”
“အာတော့ငါသိတယ်ဟေ့….ငါမေးတာ ဘာဆန်းလို့လဲ ဒါက”
“ဒါက ငါ့အိမ်မက်ထဲကအိမ်ဟ…အမြဲ ပါနေတတ်တာ… .အခုမှ အကုန်ပြည့်စုံအောင်ဆွဲနိုင်တာ”
“အင်းး အဲတော့”
“ငါ ဒီအိမ်ကိုရှာမလို့”
“ဘယ်လို…”
“နင်က ပုဂံမှာ ကျွမ်းစိန်ပဲမလားး နင်ရှာပေးပါလားး နင်မတွေ့ဘူးဘူးလားး ဒီစံအိမ်ကို”
“အင်းး တွေ့တော့ တွေ့ဘူးသလိုလိုပဲ”
*ခွမ်းးးးးး*
တစ်ခုခုကွဲကျသည့်အသံကြောင့် လှည့်ကြည့်လိုက်ရာ… .အန်တီသူဇာ။
လက်ထဲမှာ ကိုင်လာတဲ့ ပန်းကန်တွေခွက်တွေကွဲလို့ စားသောက်စရာတွေလည်း ကြမ်းပြင်ပေါ်ပေပွလို့ပင်။
အန်တီသူဇာမှာ ထိတ်လန့်နေဟန် အသက်ရှူသံတွေမှာမြန်ဆန်နေသည်။ ကလျာနဲ့စိုးမိုးလည်းး ပုံပျက်သွားသော အန်တီသူဇာ အနားသွားကာ….
“မေမေ…ဂရုစိုက်မှပေါ့…အကုန်ကွဲကုန်ပြီလေ…ရှသွားသေးလားး”
သားပီပီ ဂရုစိုက်တတ်တဲ့ စိုးမိုးမှာ သူ့အမေကို စိုးရိမ်ကာပြောတော့ အန်တီသူဇာမလှုပ်သေးး။
“အန်တီ….”
ကလျာအန်တီကို စူးစမ်းမိတော့ တစ်ခုခုကို သဘောပေါက်ကာ
“အန်တီသူဇာ အန်တီ ဒီစံအိမ်ကိုသိတာလားး”
ထိုသို့မေးမှ အန်တီသူဇာ တံတွေးတွေမြိုချကာ….ကလျာ့ကိုကြည့်လျက်
“အင်းး သိတာထက်ပိုတာပေါ့ ကလျာရယ်”
“ဒါဆို အန်တီသမီးကို ပြောပြပါလားး “
အန်တီသူဇာလည်း ထိုင်ခုံပေါ်ထိုင်လျက် ကလျာနဲ့ စိုးမိုးကား မျက်နှာချင်းဆိုင် မှာထိုင်ရင်းး နားထောင်ကြသည်။
“ဒီစံအိမ်က တခြားတော့မဟုတ်ဘူး အန်တီပြောဖူးနဲ့ မြို့စားအိမ်…ပုဂံမြို့စားစံအိမ်ပါ…အနီရောင်စံအိမ်တဲ့လေ….
ဒီစံအိမ်ကြီးမှာ အရာရာက အဆင်ပြေလို့ သာယာခဲ့ပေမဲ့ မြို့စား အသစ်ရောက်လာပြီးးကတည်းက ရက်စက်တဲ့သူ့ကြောင့် ဘယ်သူမှသိပ်မသွားကြသလို တဖြည်းဖြည်း ခြောက်ကပ်လာခဲ့တာ….
နန်းထယ်ကလည်း မြို့စားနဲ့လက်ထပ်ပြီးနောက် နန်းထယ်ပျောက်သွားတယ်ဆိုတဲ့နေ့…လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ဆယ်လောက်ကပေါ့….
၁၉၃၅ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့… နန်းထယ်မွေးရက်ဖြစ်သလို နန်းထယ် အဆုံးအစမရှိ ရှာမရအောင်ကို ပျောက်သွားတဲ့နေ့မှာပဲ…
အနီရောင်စံအိမ်ကြီးမှာ ဘယ်ကဘယ်လိုစလဲမသိ မီးလောင်မှုဖြစ်ခဲ့တယ် တစ်ခုထူးဆန်းတာက….
စံအိမ်ကြီး မီးလောင်စဥ်မှာ အိမ်ထဲက လူတွေ ဘယ်သူမှအပြင်ထွက်မရသလို ဝင်လို့လည်းမရဘူးး စည်းတားထားသလိုပဲ…
ရွာသားတွေကဝိုင်းငြိမ်းပြန်တော့ ရေပတ် သဲပတ်နဲ့ လုပ်ကြပေမဲ့ မငြိမ်းပဲ ပိုပိုတောက်လာပြီးး နောက်ဆုံးး အထဲက လူတွေသေကုန်မှ မိုးကြီးမဲမှောင်လို့ရွာချပြီးး မီးငြိမ်းသွားတာပဲ….
အထဲက လူတွေကတော့ လူးလိမ့်လို့ အရှင် လတ်လတ်မီးထဲမှာ သေကုန်တာပဲ…
အန်တီက အဲအချိန် မြို့ကနေပြန်လာတဲ့နေ့မို့… အကုန်မြင်ခဲ့ရတာ ခုထိမမေ့နိုင်လောက်အောင်ကို ကြောက်စရာကောင်းခဲ့တာ….
ပိုငြိမ်းလေ ပိုတောက်လောင်လေနဲ့ လောင်စာတွေထည့်နေသလားမှတ်ရတယ် ကြီးမားတဲ့ မီးတောက်တွေက လူတွေကို တိုက်စားသွားတာများး ကျောချမ်းစရာကောင်းခဲ့တာ…
တစ်ချက်က….အကုန်လုံး မီးထဲပါခဲ့ပေမဲ့ မြို့စားပဲ အသက်ရှင်ခဲ့တာ သူကတော့ တခြားနေရာမှာ ပြောင်းနေနေပြီးးးး
အခုဆို အနီရောင်စံအိမ်နားကို မသွားရဲကြတော့ဘူး တစ်ခါက မြို့ပေါ်က လူတွေ ခရီးသွားရင်း ပူလို့ အဲမှာ နားကြတုန်းက သူတို့လည်း အထဲမှာ ရုပ်ပျက်ဆင်းပျက် သေကုန်ကြတာ နောက်တော့ စံအိမ်ထဲ ဝင်တဲ့သူတိုင်း သေကုန်တာမို့ စံအိမ်ကို ပိတ်ထားခဲ့တာ
အားလုံးဝင်သွားတဲ့သူတွေထဲကမှ ပြန်ထွက်လာနိုင်တာတစ်ယောက်ပဲရှိတာ…”
“ဘယ်သူလဲဟင်”
“အဲဒါ ကလျာပဲလေ”
“ရှင်….သမီးးလားး”
ဟူး စိတ်ဝင်စားကြရဲ့လား ဖတ်လို့အဆင်ပြေတယ်ဟုတ်🤧
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
လက္ပံပင္ကိုလည္း မသြားရဲေတာ့
သြားရင္ သူမအေျဖကိုရွာနိုင္မွာေပမဲ့ သူမအသက္နဲ႕ေတာ့ ရင္းရတဲ့အထိ သူမမ႐ူးပါ။
ဒိလိုနဲ႕ သာလက္ေလ်ာ့ခဲ့ ၿပီး အိမ္မက္ေတြေနာက္သာ ဆက္လိုက္ခဲ့သည္။ အိမ္မက္အိမ္မက္ေတြကားး
ကလ်ာ ေန႕တိုင္းဆက္တိုက္ ထပ္၍သာမက္ေနခဲ့ေသာ အိမ္မက္ေတြ.။
အႀကိမ္ဖမ္မ်ားစြာ မွတ္မိသမွ်ကို ခ်ေရးလိုက္ ပုံဆြဲလိုက္လုပ္ေပမဲ့ ႐ုပ္လုံးမွာေပၚမလာ။
ဒီလိုပဲ ထယ္ရဲ႕နာမည္ကို ပိုသိလာရတာက။
နန္းထယ္ တဲ့ေလ။ ႏွစ္လုံးတည္းလားးး မေသခ်ာပါ။ ဒါေပမဲ့ သူမွတ္မွတ္ရရၾကားမိလိုက္ပါသည္။
အိမ္မက္ထဲက အမ်ိဳးသား ကေခၚလိုက္နဲ႕ နာမည္ကားး နန္းထယ္ တဲ့ေလ။
နန္းထယ္ရဲ႕ နာမည္သာသိခြင့္ရေပမဲ့.. တစ္ဖက္က အမ်ိဳးသား ကမည္သူနည္းး။ ကလ်ာအိမ္မက္ထဲ ဘယ္ေလာက္ေပၚလာေပၚလာ အၿမဲ ဝါးတားတား။
ေနာက္ေက်ာျပင္ေတြနဲ႕သာမိတ္ဆက္ေလ့ရွိရာ......တစ္ခါမွမျမင္ဖူးတာမို႔ အၾကပ္ေတာ့ရိုက္ပါသည္။
ဒါေပမဲ့လည္းး နန္းထယ္ဆိုတဲ့နာမည္ကေတာ့ သူမစုံစိမ္းရာမွာ အေထာက္အကူ ျပဳဖို႔ ေမွ်ာ္လင့္ ပါတယ္ေလ။
"စိုးမိုးး နင္ နန္းထယ္ ဆိုတဲ့နာမည္ၾကားဖူးလားး"
"ဟင့္အင္..."
"ဒါဆို ဒီလူကိုလည္းမျမင္ဖူးဘူးေပါ့"
"ေအးးလို႔ ေမေမတို႔ေမးၾကည့္ပါလားး သိရင္သိမွာေပါ့"
"ဟုတ္သားး"
ကလ်ာလည္း အန္တီသူဇာ နားကပ္၍
"ကလ်ာတစ္ခုခုေျပာခ်င္လို႔လားး"
"ဟုတ္ အန္တီ ေမးခ်င္တာေလးရွိလို႔"
"ဘာေမးမလို႔လဲ ေျပာေလ"
"ဟို....အန္တီ နန္းထယ္ဆိုတဲ့နာမည္ကိုၾကားဖူးလားး"
"နန္းထယ္သမီး ဘယ္လိုလုပ္"
"သူေလျမင္ဖူးလား"
ကလ်ာျပတဲ့ပုံေၾကာင့္ အန္တီသူဇာ အံ့ဩကာ မ်က္လုံးတို႔မွာျပဴးက်ယ္သြားရသည္။
ထို႔ေနာက္.ထိုဆြဲထားေသာပုံကို ကိုင္ကာ....
"ေအာ္..နန္းထယ္ေမာင္ေလးရယ္"
"ဟင္ အန္တီသူဇာ သူ႕ကိိုသိတာလားး"
"သိတာထက္ပိုတာေပါ့ကြယ္သူက အန္တီရဲ႕ ေမာင္အရင္းေလ"
"ရွင္ဒါဆို စိုးမိုးရဲ႕ ဦးေလးေပါ့"
"ဟုတ္တယ္သမီးး"
"ဒါဆို စိုးမိုးက မသိတာလား သူမၾကားဖူးဘူးလို႔ေျပာတယ္"
"မသိတာပဲေကာင္းတာပဲေလ ကြယ္"
"ဘာဘာျဖစ္ လို႔လဲ အန္တီရဲ႕"
"အင္းး ေျပာရရင္ရွည္တယ္ကြဲ႕.ဒါနဲ႕ ကလ်ာက ဘယ္လိုလုပ္ နန္းထယ္ကိုသိလာတာလဲ.နန္းထယ္မွာ ပုံတူဆိုလို႔ သူဆြဲေပးထားတာေတြပဲရွိခဲ့တာေလ"
"ဟိုကလ်ာ အမွန္တိုင္းေျပာရရင္ကလ်ာ အိမ္မက္ထဲကပါ"
"ဘယ္လို ဘယ္လို"
"ကလ်ာ အသက္ ၁၀ႏွစ္ ကတည္းက အိမ္မက္ေတြမက္ေနခဲ့ရတာ.အဲထဲမွာ နန္းထယ္ပါတယ္.စစခ်င္းတုန္းက အိမ္မက္ဆိုးေတြလိုလိုနဲ႕ပဲ...."
"ေနာက္ စိုးမိုးကေခၚတာနဲ႕ ကလ်ာပုဂံကိုလိုက္လာခဲ့တာ ပုဂံမွာ အိမ္မက္ေတြက ပိုမက္လာတယ္ ေနာက္ေတာ့ နန္းထယ္ဆိုတဲ့နာမည္ကို သိလာရသလို...."
"သူ႕ပုံေတြမွာ ျမင္လာရတယ္ေလသူ႕ကို မွတ္မိေအာင္ ဒါက ကလ်ာ ဆြဲထားတာပါ"
"ဒါဆို သမီးနဲ႕ နန္းထယ္ ဆက္စပ္မႈရွိေနတာလားး"
"အာေတာ့ ကလ်ာမသိဘူး အန္တီ.ကလ်ာက အိမ္မက္ေတြမက္ေနလို႔ အေျဖရွာခ်င္႐ုံပါ"
"နန္းထယ္ရယ္.မင္း အခုထိ ရွိေနေသးတာလားးကြယ္"
"အန္တီ.....ဒါဆို သူ႕အေၾကာင္းေျပာျပပါလားး"
"အင္းး သမီးအေနနဲ႕ နားေထာင္ခ်င္ရင္ေျပာျပပါ့မယ္"
"ဟုတ္ကဲ့ အန္တီ"
"နန္းထယ္လို႔ ေခၚၾကေပမဲ့ တကယ္တမ္းက ေ႐ႊနန္းထယ္ပါ..
နန္းထယ္ရဲ႕ေဖေဖက တစ္ခ်ိန္က နာမည္ႀကီးခဲ့တဲ့ ပုဂံရဲ႕ ပန္းပုဆရာႀကီးး ဦးျမတ္စံ
ေမေမကေတာ့ ေဒၚပန္းသစၥာ...
ကေလးအရမ္းလိုခ်င္တဲ့ ငါတို႔လင္မယားႏွစ္ေယာက္ ပထမဆုံးး မိုးသူဇာေခၚတဲ့ မိန္းကေလး သမီးေလးကို မိုးရာသီ မိုးသည္းသည္းထဲမွာေမြးခဲ့တယ္
ဒါေပမဲ့ သားေယာက်္ားေလးပိုလိုခ်င္တာမို႔ သမီးေလးကိုခ်စ္ေပမဲ့ ထပ္ေတာင့္တမိၾကတာေပါ့.
ကံက စီစဥ္ေပးလို႔နဲ႕တူပါရဲ႕သူဇာ အသက္၁၅ ႏွစ္ အ႐ြယ္မွာပဲ.. ေမေမ သစၥာမွာ ကိုယ္ဝန္ရလာတယ္ေလ
အဲကိုယ္ဝန္ကေတာ့ ေ႐ြနန္းထယ္ေလးေပါ့.
ေ႐ႊနန္းထယ္ေလး ေမြးတဲ့အခ်ိန္မွာ အိမ္ကစီးပြားေရးး အဆင္ေျပလို႔ ေ႐ႊေငြေပါခဲ့တာမို႔ ေ႐ႊနန္းထယ္လို႔ေပးခဲ့တာ.
သူဇာ လည္း နန္းထယ္အသက္ ၁၅ႏွစ္ မွာပဲ ရန္ကုန္ကိုအလုပ္လုပ္ဖို႔ထြက္လာခဲ့တာ
မမမိုးသူဇာ နန္းထယ္နဲ႕ မိဘေတြ ကို မဆက္သြယ္ျဖစ္တာၾကာသြားတုန္း ဘာေတြျဖစ္ခဲ့လဲမသိ ေမာင္ေလး နန္းထယ္ ေစ့စပ္ခဲ့ တယ္တဲ့.
ပုဂံၿမိဳ႕စားနဲ႕လက္ထပ္တယ္လို႔ သတင္းၾကားခဲ့တာ မၾကာပါဘူး မမသူဇာ အျမန္ျပန္လာခဲ့တယ္ဒါေပမဲ့ ေရာက္ေတာ့ နန္းထယ္နဲ႕ မေတြ႕ရသလို စံအိမ္လည္း မီးေလာင္မႈျဖစ္ပြားခဲ့တာ.အဲေန႕မွာပဲ ေမာင္ေလး နန္းထယ္ အစမရွိအဆုံးမရွိ ေပ်ာက္သြားတာပဲ
ဘာေတြျဖစ္ခဲ့လဲ ဘယ္သူမွမသိသလို.. ဆက္ၿပီးလည္း မေျပာၾကေတာ့တာ ဒီေန႕ထိပဲ
ရဲေတြေတာ့ စုံစမ္းၾကပါတယ္. သူတို႔ရေအာင္ ရွာၾကေပမဲ့ အစအနေတာင္မေတြ႕ဘူးး မီးေလာင္တဲ့အထဲလည္းပါမသြားခဲ့ဘူးးး
အမ်ားကေတာ့ မီးထဲမွာ ေသသြားၿပီလို႔ေျပာခဲ့ၾကေပမဲ့ ရဲေတြရဲ႕ေျပာခ်က္အရ နန္းထယ္ ေပ်ာက္သြားခဲ့တာ
မီးထဲမပါသြားဘူးေလ.ဒါေၾကာင့္
မိုးသူဇာကေတာ့ နန္းထယ္ကို ရေအာင္ရွာခဲ့ေပမဲ့ ႏွစ္ေတြၾကာလို႔ ကုန္ဆုံးးကာ ပုဂံမွာတင္ စိုးေအာင္နဲ႕ေတြ႕ ခ်စ္ႀကိဳက္လို႔ မိသားစုတစ္ခုသာ ထူေထာင္ခဲ့တာ
ခုထိ ေပ်ာက္ဆုံးေနဆဲ ေ႐ႊနန္းထယ္ ကိုေတာ့ မေတြ႕ေတာ့ဘူးေလ"
"ဒါဆိုသူဘာျဖစ္ခဲ့လဲ ဘယ္သူမွမသိတာလားး"
"အင္းး ဟုတ္မယ္ထင္တယ္.သူ ကိုယ္တိုင္ကလြဲလို႔မသိနိုင္ဘူးးေလ"
"ဟူးး ခက္ၿပီ..ခက္ၿပီရွာကေတာ့ခက္ၿပီ"
"ဒီ မွာ လာ ကလ်ာ အန္တီေနာက္လိုက္ခဲ့"
"ဘယ္ကိုလဲ အန္တီရဲ႕"
"နန္းထယ္နဲ႕ သက္ဆိုင္တဲ့အခန္းကိုျပမလို႔ပါ"
"နန္းထယ္အခန္းး"
"အင္းး ကလ်ာက ထူးျခားတယ္မလားး ၾကည့္ရတာ နန္းထယ္က ကလ်ာ့ကို အကူအညီေတာင္းခ်င္ေနပုံပဲ ဒါေၾကာင့္ တစ္ခုခုမ်ား သိလာရမလားးလို႔ပါ"
ကလ်ာ အန္တီသူဇာေနာက္ကလိုက္သြားရင္းး သူတို႔အိမ္ရဲ႕ မေရာက္ဖူးေသးတဲ့ေနရာရွိေနသည္ပင္။
"ဟင္..ဒီအခန္းက အရင္ကတည္းကရွိတာလားး"
"ဟုတ္တယ္ေလ.ကလ်ာ တို႔က ဒီဘက္ကိုသိပ္မလာသလို ပိတ္ထားေတာ့ မသိတာေနမွာ"
"စိုး စိုးမိုးက ေရာ"
"သားကအန္တီတို႔ေျပာထားလို႔ မလာဘူးး ဒီေနရာကို သူက စကားသိပ္နားေထာင္တတ္တာေလ"
"ဟုတ္ပါ့ အလိမၼာသားေလ"
အန္တီသူဇာ ႀကီးမားေသာ ေသာ့တံႀကီးနဲ႕ ဖြင့္လိုက္ရာ ဖုန္တစ္ေစ့မွာမတက္။
ၾကာရွည္ေနေသာအခန္းေပမဲ့ ဖုန္ေတြ ပင့္ကူမွ်င္ေတြရွိမယ္ထင္ခဲ့တာ အခုေတာ့ လတ္တေလာကေနထားသလိုပင္ သန့္ရွင္းေနလ်က္။
"အခန္းက အန္တီသူဇာ သန့္ရွင္းေရးလုပ္ထားတယ္ထင္တယ္ သန့္ေနတာပဲ"
"မဟုတ္ဘူး အန္တီအပါအဝင္ ဒီကိုဘယ္သူမွမဝင္တာၾကာေပါ့ "
"ဟင္ဒါဆို"
"ထူးဆန္းတယ္ဆိုတာ ဒါေလ. အန္တီတို႔အိမ္မွာ အၿမဲ သန့္ေနၿပီးး ဖုန္ေတာင္မတက္ပဲ လူေနသလိုျဖစ္ေနတဲ့ အိမ္ခန္း နန္းထယ္ရဲ႕အခန္းေပါ့"
"ဒါက ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ"
"ျဖစ္မျဖစ္ ခုမ်က္ျမင္ပဲေလ"
အံ့ဩဖို႔အရမ္းေကာင္းသည္။ စာ႐ြက္ေတြ ခဲတံေတြ ခုံေတြ စားပြဲေတြ ကုတင္ကအစ အဝတ္အစားေတြကအရ အကုန္သန့္ရွင္းလ်က္။
ကလ်ာ့အခန္းေတာင္ ဒီေလာက္မသန့္ပါေလ။
ထို႔ေနာက္ အန္တီသူဇာမွ ပိတ္စတစ္ခုနဲ႕ဖုံးထားေသာ အရာဝတၳဳတစ္ခုကို ဖယ္ခ်လိဳက္မည္လုပ္သည္။
ၾကည့္ရတာ ပန္းပု႐ုပ္ျဖစ္မယ္ထင္တယ္။
ပိတ္စကို ဖယ္လိုက္ေတာ့ ေက်ာက္သားမ်ားျဖင့္ ဖန္တီးထားေသာ ပန္းပုလက္ရာ။
ထင္းကနဲေနေအာင္ လက္ရာေျမာက္သည္။ အရမ္းလွသည္။ အေရာင္အေသြးကအစ စုံလင္လြန္းပါသည္။ တကယ္လက္ရာေျမာက္တဲ့ ပန္းပု႐ုပ္ပါ။ သမိုင္းျပတိုက္ထဲ ေတာင္ထည့္လို႔ရတဲ့အထိပင္။
"ဒါက"
"နန္းထယ္ေလ"
"နန္းထယ္"
ကလ်ာအနီးကပ္ၾကည့္ေတာ့ မွန္ပါသည္။ သူမအိမ္မက္ထဲက နန္းထယ္ပင္။
"ဒါက သူထုထားခဲ့တာလားး"
"မဟုတ္ဘူးး ထုတဲ့သူကသပ္သပ္ အန္တီက သူ႕ကိုမသိဘူးး အန္တီမရွိတုန္း ျဖစ္သြားတာေတြေလ.ဒီပန္းပုကလည္း"
"အဲလူထုေပးခဲ့တာ နန္းထယ္အတြက္"
ဒီပန္းပုမွာ လက္ရာေျမာက္႐ုံမက။ ခံစားခ်က္ေတြေပးစြမ္းသည္။
လြမ္းဆြတ္မႈေတြ ပူေဆြးမႈေတြ နာက်င္မႈေတြက တစ္မ်ိဳး။
ျမတ္နိုးမႈေတြ အခ်စ္စိတ္ေတြ လွိုင္ေနေအာင္ ထြက္ေနတဲ့ ဒီ႐ုပ္ထုဟာ သာမာန္မဟုတ္။ ဒီကေနပဲ ၾကည့္ရင္းပင္ ခ်စ္သူ ရဲ႕ ႐ုပ္ထုကိုထုထားတာသိသာပါသည္။
ဒါဆို ကလ်ာအိမ္မက္ထဲက ေနာက္ထပ္ အမ်ိဳးသားမ်ား လားး။
"ကလ်ာဒီအခန္းကို သုံးရင္သုံးေလနည္းနည္းပါးပါး ရွာလို႔ရတာေပါ့ နန္းထယ္ရဲ႕ ပစၥည္းေတြကို အန္တီတို႔တစ္ခါမွ မထိၾကည့္တာမို႔.....တစ္ခုခုေတြ႕နိုင္တာပဲ"
"ဟုတ္ကဲ့ အန္တီသူဇာေက်းဇူးပါ"
"မလိုပါဘူး နန္းထယ္ေလးသာ အကူအညီရမယ္ဆိုရင္ သူ႕အစ္မအေနနဲ႕ အကုန္လုပ္ေပးမွာပါ"
အန္တီသူဇာကေတာ့ ထြက္သာသြားခဲ့သည္။
ကလ်ာ အခန္းထဲမွာ ေလွ်ာက္ပတ္ၾကည့္ရင္းးး အနည္းငယ္ေတာ့ သူမသိလိုက္ရေပမဲ့ လိုေနေသးဆဲ အခ်က္အလက္ေတြ။
ၿပီးေတာ့ အဓိကက.ကလ်ာရွာေနတာက .ဘာလို႔ သူ႕အိမ္မက္ထဲေရာက္လာတာလဲ ဘာလို႔ကလ်ာလဲ သူ႕ကိုအကူအညီေတာင္းေနတာလားး တစ္ခုခုကို ေျပာခ်င္တာလားးး တကယ္ပဲ ဘာေတြျဖစ္ခဲ့လို႔လဲေလ။
ကလ်ာဆက္၍သာရွာေပအုံးမည္။ လမ္းစခဲ့ၿပီမို႔ လမ္းဆုံးကိုဆက္၍ရွာေပမည္။
စိတ္အားထက္သန္တဲ့ ကလ်ာ.ထပ္၍ မက္ျပန္ေသာ အိမ္မက္။
တစ္ေနကုန္ နန္းထယ္အခန္းထဲမွာ ေနေနရင္း အိပ္ေပ်ာ္မိသြားတာ ညအထိပင္။
မ်က္စိ ဖြင့္လိုက္ေတာ့ လင္းထိန္ေနေသာ ေနအလင္းေရာင္။ သူမရပ္ေနမိတာက စိမ္းလန္းေနဆဲ ျမက္ခင္းျပင္က်ယ္။
မ်က္စိတစ္ဆုံး ေတာက္ပေသာ အလင္းေရာင္ေတြသာေပမဲ့ သူမကိုယ္ေပၚမွာ့ေတာ့ ေအးျမေနသည္။
ငုံ႕ၾကည့္မိေတာ့ အရိပ္ထဲမွာရပ္ေနတာပါလားး။
အေတာ္ႀကီးၿပီး ေအးခ်မ္းတဲ့အရိပ္မို႔ ေမာ္ၾကည့္မိေတာ့ ႀကီးမားေသာပင္စည္နဲ႕ စိမ္း႐ႊင္ေနေသာ သစ္႐ြက္စိမ္းမ်ားရွိၿပီး ေ႐ႊဝါေရာင္ပန္းေတြအျပည့္နဲ႕ အပင္ႀကီးးး။
ေအာ္ပိေတာက္ပင္ပါလားး။
ပိေတာက္ပင္ႀကီးကိုၾကည့္ၿပီးးး ကလ်ာေျခရင္းမွာလည္း ဖိမိထားတဲ့ ပိေတာက္ပန္းေတြမွာ လမ္းခင္းထားသလိုပဲ။
ပိေတာက္ပင္နဲ႕မေဝးတဲ့ေနရာမွာ ျမင္ေနရတဲ့ နီရဲရဲ အေဆာက္အအုံ။ ျမင္ဖူးသေယာင္ရွိတာမို႔ ပိေတာက္ပင္ရိပ္မွထြက္ကာ ထိုေနရာသို႔ ေလွ်ာက္ခဲ့သည္။
ပူျပင္းေသာ ေနေရာင္ေအာက္တြင္ နီးနီးေလးပင္မဲ့ ေခြၽးပင္ျပန္လို႔ ေမာပါသည္။
ေရာက္ရွိသြားတာက ထိုအေဆာက္အအုံေရွ႕။ အေဆာက္အအုံဆိုတာထက္.စံအိမ္ႀကီးးလို႔ ဆိုတာပိုမွန္မည္။အနီေရာင္စံအိမ္ႀကီးဟာ သူမမက္ျမင္ေနၾကျဖစ္ေပမဲ့ ခုလို တိတိက်က်မဟုတ္ ျမင္လိုက္ေပ်ာက္ကြယ္လိုက္ ေတြ႕ခဲ့ရတာ ခုေတာ့ ပုံရိပ္မွာ လုံးလုံးေပၚလာၿပီ။
အတိအက်ေသာ အေဆာက္အအုံရဲ႕ပုံစံနဲ႕ အေရာင္အေသြးး ၾကည့္႐ုံနဲ႕ ဩဇာအျပည့္
ဆြဲမက္ဖြယ္ရာေကာင္းသည္။
ေနခ်င္လားးဆိုေတာ့ ဟင့္အင္ ၾကည့္ရင္းပင္ ေက်ာခ်မ္းလာသလိုလို။ ေၾကာက္စိတ္ေတြဝင္လာသလိုလို။ မြန္းက်ပ္လာသလိုလို။ စံအိမ္ႀကီးမွာ လွပေနရာကေန အိမ္မက္ဆိုးတစ္ခုလိုပင္.။
႐ုတ္တရက္ စံအိမ္ထဲကေန မ်က္ရည္ေတြနဲ႕ ေျပးထြက္လာေသာ နန္းထယ္။
အေလာတႀကီးးနဲ႕ ေျခကုန္သုတ္ေျပးလာသည္။ သူ႕မ်က္ႏွာမွာ စိုးရိမ္မႈေတြအျပည့္ျဖင့္။ ေၾကာက္႐ြံ႕ေနသလို သူ႕မ်က္ႏွာကားးး ကလ်ာ့ကို စိတ္မသက္မသာျဖစ္ေစသည္အထိ။
နန္းထယ္ရဲ႕ ပုံရိပ္ေပ်ာက္ကြယ္းသြားတာနဲ႕ စံအိမ္လည္းေပ်ာက္ကြယ္ကာ ကလ်ာ နိုးထလာခဲ့ေတာ့သည္။
"စံ အိမ္ ႀကီးးး ငါမွတ္မိေအာင္ ဆြဲရမယ္အနီေရာင္စံအိမ္ႀကီးး အခုဆိုရွိေလာက္ေသးလားးမသိဘူးး ဒါက သဲလြန္စတစ္ခုျဖစ္နိုင္တယ္"
ကလ်ာ နန္းထယ္ရဲ႕အခန္းထဲမွာပဲ အသင့္ရွိေနတဲ့ ခဲတံနဲ႕ စာ႐ြက္ကိုသုံးကာ အေရာင္ေတြပါျဖည့္လ်က္ အနီေရာင္စံအိမ္ကို အေသးစိတ္ကအစ ဆြဲသားလိုက္ေတာ့။ ႐ုပ္လုံးေပၚလာပါေတာ့သည္။
သူမလည္းး ဆြဲထားတဲ့ စာ႐ြက္ကိုယူကာ အခန္းကိျပန္၍ အိပ္ေတာ့သည္။
မနက္ၾကရင္ေတာ့ စိုးမိုးနဲ႕ ဒီအိမ္ကိုရွာရမယ္
မနက္လင္းလို႔ သူမနိုးတာနဲ႕ မ်က္ႏွာကိုျမန္ျမန္သစ္လို႔ မနက္စာေတာင္မစားရေသးး။
"စိုးမိုးး စိုးမိုးး မနိုးေသးဘူးလားဟထ..ထေတာ့"
တံခါးကေန တစ္ေဒါက္ေဒါက္ေခါက္ကာ နိုးေနေသာ ကလ်ာ့အသံ ဆူညံညံေၾကာင္းနိုးလာပါေလေသာ စိုးမိုးး။
"ဘာလဲဟာ ကလ်ာရယ္ ငါအိပ္ေနတာကို "
"ထေတာ့ ငါနင့္ကိုေမးစရာရွိလို႔ ျပစရာေရာပဲ"
"ဘာလဲ"
"လာပါ"
"ေန..ေနစမ္းပါ့အုံးး ငါမ်က္ႏွာသစ္ပါရေစအုံးးဟာ"
"သစ္သစ္..ျမန္ျမန္သာလုပ္"
"အင္းပါ"
စိုးမိုးလည္း မ်က္ႏွာျမန္ျမန္သစ္၍သာ .ကလ်ာေနာကလိုက္လာခဲ့သည္။
"ထိုင္ ဒီမွာ"
မနက္စာစားခန္းမွာ ထိုင္ခိုင္းၿပီးးး
"ဒီ..မွာဟ"
ကလ်ာထုတ္ျပေသာ ပုံကိုၾကည့္၍သာ
"ဘာလဲဟ..ဒါႀကီးက "
" စံအိမ္ေလ"
"အာေတာ့ငါသိတယ္ေဟ့.ငါေမးတာ ဘာဆန္းလို႔လဲ ဒါက"
"ဒါက ငါ့အိမ္မက္ထဲကအိမ္ဟအၿမဲ ပါေနတတ္တာ .အခုမွ အကုန္ျပည့္စုံေအာင္ဆြဲနိုင္တာ"
"အင္းး အဲေတာ့"
"ငါ ဒီအိမ္ကိုရွာမလို႔"
"ဘယ္လို"
"နင္က ပုဂံမွာ ကြၽမ္းစိန္ပဲမလားး နင္ရွာေပးပါလားး နင္မေတြ႕ဘူးဘူးလားး ဒီစံအိမ္ကို"
"အင္းး ေတြ႕ေတာ့ ေတြ႕ဘူးသလိုလိုပဲ"
*ခြမ္းးးးးး*
တစ္ခုခုကြဲက်သည့္အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ .အန္တီသူဇာ။
လက္ထဲမွာ ကိုင္လာတဲ့ ပန္းကန္ေတြခြက္ေတြကြဲလို႔ စားေသာက္စရာေတြလည္း ၾကမ္းျပင္ေပၚေပပြလို႔ပင္။
အန္တီသူဇာမွာ ထိတ္လန့္ေနဟန္ အသက္ရႉသံေတြမွာျမန္ဆန္ေနသည္။ ကလ်ာနဲ႕စိုးမိုးလည္းး ပုံပ်က္သြားေသာ အန္တီသူဇာ အနားသြားကာ.....
"ေမေမဂ႐ုစိုက္မွေပါ့အကုန္ကြဲကုန္ၿပီေလရွသြားေသးလားး"
သားပီပီ ဂ႐ုစိုက္တတ္တဲ့ စိုးမိုးမွာ သူ႕အေမကို စိုးရိမ္ကာေျပာေတာ့ အန္တီသူဇာမလႈပ္ေသးး။
"အန္တီ...."
"ကလ်ာအန္တီကို စူးစမ္းမိေတာ့ တစ္ခုခုကို သေဘာေပါက္ကာ"
"အန္တီသူဇာ အန္တီ ဒီစံအိမ္ကိုသိတာလားး"
ထိုသို႔ေမးမွ အန္တီသူဇာ တံေတြးေတြၿမိဳခ်ကာ.ကလ်ာ့ကိုၾကည့္လ်က္
"အင္းး သိတာထက္ပိုတာေပါ့ ကလ်ာရယ္"
"ဒါဆို အန္တီသမီးကို ေျပာျပပါလားး"
အန္တီသူဇာလည္း ထိုင္ခုံေပၚထိုင္လ်က္ ကလ်ာနဲ႕ စိုးမိုးကား မ်က္ႏွာခ်င္းဆိုင္ မွာထိုင္ရင္းး နားေထာင္ၾကသည္။
"ဒီစံအိမ္က တျခားေတာ့မဟုတ္ဘူး အန္တီေျပာဖူးနဲ႕ ၿမိဳ႕စားအိမ္ပုဂံၿမိဳ႕စားစံအိမ္ပါအနီေရာင္စံအိမ္တဲ့ေလ....
ဒီစံအိမ္ႀကီးမွာ အရာရာက အဆင္ေျပလို႔ သာယာခဲ့ေပမဲ့ ၿမိဳ႕စား အသစ္ေရာက္လာၿပီးးကတည္းက ရက္စက္တဲ့သူ႕ေၾကာင့္ ဘယ္သူမွသိပ္မသြားၾကသလို တျဖည္းျဖည္း ေျခာက္ကပ္လာခဲ့တာ.
နန္းထယ္ကလည္း ၿမိဳ႕စားနဲ႕လက္ထပ္ၿပီးေနာက္ နန္းထယ္ေပ်ာက္သြားတယ္ဆိုတဲ့ေန႕လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ဆယ္ေလာက္ကေပါ့....
၁၉၃၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ရက္ေန႕ နန္းထယ္ေမြးရက္ျဖစ္သလို နန္းထယ္ အဆုံးအစမရွိ ရွာမရေအာင္ကို ေပ်ာက္သြားတဲ့ေန႕မွာပဲ
အနီေရာင္စံအိမ္ႀကီးမွာ ဘယ္ကဘယ္လိုစလဲမသိ မီးေလာင္မႈျဖစ္ခဲ့တယ္ တစ္ခုထူးဆန္းတာက.
စံအိမ္ႀကီး မီးေလာင္စဥ္မွာ အိမ္ထဲက လူေတြ ဘယ္သူမွအျပင္ထြက္မရသလို ဝင္လို႔လည္းမရဘူးး စည္းတားထားသလိုပဲ
႐ြာသားေတြကဝိုင္းၿငိမ္းျပန္ေတာ့ ေရပတ္ သဲပတ္နဲ႕ လုပ္ၾကေပမဲ့ မၿငိမ္းပဲ ပိုပိုေတာက္လာၿပီးး ေနာက္ဆုံးး အထဲက လူေတြေသကုန္မွ မိုးႀကီးမဲေမွာင္လို႔႐ြာခ်ၿပီးး မီးၿငိမ္းသြားတာပဲ.
အထဲက လူေတြကေတာ့ လူးလိမ့္လို႔ အရွင္ လတ္လတ္မီးထဲမွာ ေသကုန္တာပဲ
အန္တီက အဲအခ်ိန္ ၿမိဳ႕ကေနျပန္လာတဲ့ေန႕မို႔ အကုန္ျမင္ခဲ့ရတာ ခုထိမေမ့နိုင္ေလာက္ေအာင္ကို ေၾကာက္စရာေကာင္းခဲ့တာ.
ပိုၿငိမ္းေလ ပိုေတာက္ေလာင္ေလနဲ႕ ေလာင္စာေတြထည့္ေနသလားမွတ္ရတယ္ ႀကီးမားတဲ့ မီးေတာက္ေတြက လူေတြကို တိုက္စားသြားတာမ်ားး ေက်ာခ်မ္းစရာေကာင္းခဲ့တာ
တစ္ခ်က္က.အကုန္လုံး မီးထဲပါခဲ့ေပမဲ့ ၿမိဳ႕စားပဲ အသက္ရွင္ခဲ့တာ သူကေတာ့ တျခားေနရာမွာ ေျပာင္းေနေနၿပီးးးး
အခုဆို အနီေရာင္စံအိမ္နားကို မသြားရဲၾကေတာ့ဘူး တစ္ခါက ၿမိဳ႕ေပၚက လူေတြ ခရီးသြားရင္း ပူလို႔ အဲမွာ နားၾကတုန္းက သူတို႔လည္း အထဲမွာ ႐ုပ္ပ်က္ဆင္းပ်က္ ေသကုန္ၾကတာ ေနာက္ေတာ့ စံအိမ္ထဲ ဝင္တဲ့သူတိုင္း ေသကုန္တာမို႔ စံအိမ္ကို ပိတ္ထားခဲ့တာ
အားလုံးဝင္သြားတဲ့သူေတြထဲကမွ ျပန္ထြက္လာနိုင္တာတစ္ေယာက္ပဲရွိတာ"
"ဘယ္သူလဲဟင္"
"အဲဒါ ကလ်ာပဲေလ"
"ရွင္.သမီးးလားး"
ဟူး စိတ္ဝင္စားၾကရဲ႕လား ဖတ္လို႔အဆင္ေျပတယ္ဟုတ္🤧
ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





