Fanfics

Episode 5 (လက်ပံကျိန်စာ)

14:14, 2 October 2025

ဒုတိယရက် တတိယရက် စတုတ္ထရက် စသည်ဖြင့် ရက်တွေကြာလာလိုက်တာ..

ဘုရားစေတီတွေများစွာကိုလည်း ဖူးမြော်လို့ သမိုင်းကြောင်းပေါင်းစုံ နေရာပေါင်းစုံရောက်လို့ဖူးခဲ့ပြီ။

ဒီလိုပဲ  ....သွားလေ သွားလေ မြင်ရတာတွေ ပိုလာလေလေ။ အိမ်မက်တွေမှာ ပိုထူးဆန်း လာလေလေ။

အစကတည်းမှ အဖြေရှာမရခဲ့တဲ့ အိမ်မက်တွေဟာ အခုတော့ပို၍ပင်ရှုပ်လို့နေပြီ။ အပိုင်းပိုင်းအစစ ကွဲထွက်နေတဲ့ အိမ်မက်တွေဟာ Puzzle တွေလို ပြန်ဆက်ရခက်ပါသည်။

တစ်စတစ်စပျောက်နေဆဲ အိမ်မက်တွေမှာ အဖြေရှာရ ခက်လှပေသည်။ ကလျာရဲ့ ညတိုင်းမှာ မတူညီတဲ့ အိမ်မက်ကိုယ်စီနဲ့ပင်။

ဒီညရောဘာမက်အုံးမှာလဲ

ကလျာ တီးတိုးရေရွတ်၍သာ အိပ်ယာဝင်ခဲ့သည်မှာ ၁၅ရက်မြောက်နေ့ပင်။

အနီရောင် ရဲရဲတောက်နေတဲ့ ပန်းပွင့်တွေ.. ဘာပန်းတွေလဲ။ အနီးကပ်ကြည့်မှသိသည်။

ဒါတွေက...လက်ပံပွင့်တွေ

ကလျာ လက်ပံပင်ကြီးပြီးအောက်မှာရောက်နေသည်။ လက်ပံပင်နဲ့ မနီးမဝေးမှာကားး အဖြူရောင် ဘုရားတစ်စူ။

ကလျာ ထိုနေရာမှရပ်နေရင်းး အနားမှာလည်းး ဘယ်သူမှမရှိ.ဒါပေမဲ့ ခပ်သဲ့သဲ့ရယ်သံလေး.  ကြားမိတာကြောင့်.လက်ပံပင်ရဲ့ တခြားဘက်ခြမ်း ကိုကြည့်လိုက်မှ

လူတစ်ယောက်ရပ်နေသည်။ သူ့လက်ထဲမှာ လက်ပံတွေအပြည့်နဲ့ ခြင်းတစ်ခြင်းကို ပွေ့ထားလျက်။

သူရယ်နေသည်။ သူလှည့်လာတယ်။ သူ ကလျာကိုကြည့်နေတာလားးး။

သူရဲ့မျက်ဝန်းတွေဟာ နူးညံ့လွန်းတယ်. ချစ်စိတ်တွေသမ်းနေတဲ့ မျက်ဝန်းးငယ်မှာ နက်မှောင်လျက်. ဆွဲမက်ဖွယ်ရာ။

သူပြုံးပြသည်။ ရက်ထဲကိုပင်နွေးသွားစေသည့် အပြုံးးတွေပါ။

ထို့နောက် သူစကားတစ်ခွန်းဆိုလိုက်မှ

ရောက်လာပြီလားး

ကလျာသိလိုက်ရသည်။ သူဟာ အမြဲ အိမ်မက်ထဲမှာကြားယောင်နေရတဲ့ ဩရှရှအသံပိုင်ရှင်။

သူ့ကို အမြဲလိုလို မျက်နှာ တစ်ဝက် မဟုတ်ရင် မျက်လုံးးတွေ နှုတ်ခမ်းတွေ နောက်ကျောတွေသာ မြင်ရသည်။

အခုကားးး သူ့မျက်နှာကိုအပြည့်အစုံမြင်ရပါသည်။ 

ရှည်လျားကော့တက်နေတဲ့ မျက်တောင်တွေကို ပိုင်ဆိုင် ထားသူ။ နှာတံဆင်းဆင်းလေးနဲ့ နှာခေါင်းထိပ်မှာရှိတဲ့

မှည့်နက်သေးသေးလေးး။

ဘယ်ဘက်ပါးပေါ်က မှည့်လေးတစ်ခု ညာဘက်မျက်ခမ်းအောက်က မှည့်နက်လေးတစ်ခု မျက်ရစ်တစ်ဖက်သာပါတဲ့ သူ။

အရမ်းကိုလှပါသည်။ ချောသည်မဟုတ် လှသည်။ မိန်းမပျိုတွေရှုံးလောက်အောင်လှသည်။ ပပဝတီရဲ့ အလှဟာ သူ့ရဲ့အလှမှာ ပြောနိုင်စရာမရှိပါ။

ကလျာ့ဘဝတစ်လျှောက် ဒီလောက်လှတဲ့ ယောကျ်ားလေးမျိုး မမြင်ဖူးပါ။

ဒါကြောင့် မို့လည်းး ချက်ချင်းပဲ ခေါင်းထဲစွဲသွားတဲ့ သူ့ရဲ့ မျက်နှာ ။

လွမ်းနေရတာ ဒီမှာ

ကလျာကြောင်သွားသည်။ အခုမှတွေ့ရတဲ့ သူမကိုလွမ်းတာတဲ့လားး။

နောက်မှသူမသိသည်။ သူမဟာ ပုံရိပ်တွေကြားရောက်နေရုံသာ။ သူဆိုလိုတဲ့သူဟာ ကလျာနောက်မှရောက်လာသည်။

အမေ့လန့်တာ

ကလျာ့ကိုယ်ကိုပင် ဝိဉာဉ်တစ်ကောင်လိုဖြတ်သွားကာ ထိုလူသားရှိရာကို လျှောက်သွားသော အမျိုးသားး။

ကိုယ် နောက်ကျသွားတယ်

ဒီမှာလေ လက်ပံတွေ.လှတယ်နော်

အင်းး ထယ့် လောက်မလှပါဘူး

ချစ်စနိုးနဲ့ခေါ်တဲ့နာမည်က ထယ်တဲ့လားးး။

ဒါဆို သူ့နာမည်က ထယ်တဲ့လားးး။ ဆန်းပါဘိ။

ကြည်နူးနေရာမှ ပြောင်းသွားသည့်ပုံရိပ်။

ထယ်ရယ်ထယ်ရယ်

ထယ် ကိုယ်တို့ထွက်ပြေးကြရအောင်

အင်းး ထယ် လိုက်ခဲ့မယ် ဒါပေမဲ့ မြို့စားက အာဏာပိုင်တယ် ထယ်

အဆင်ပြေတယ် ကိုယ့်ဒယ်ဒီက ပိုရာထူးကြီးတယ် သူကိုယ်တို့ကို ထိလို့ရမှာမဟုတ်ဘူးး

ဒါဆို သွားကြမယ် ထယ် သူနဲ့မနေနိုင်ဘူးး

ပုံရိပ်တွေကားထပ်၍ပျောက်သွားပြန်သည်။

တကယ်ပဲ ဒါတွေကဘာလဲ။ ပိုပိုနက်နဲလာပေမဲ့ နားမလည် နိုင်သေးပါလားး။

ရုတ်တရက်ပင် ကလျာ စိတ်မှာ အေးစိမ့်လာသလိုလို.

သူမလက်တွေက တစ်ခုခုကိုထိထားသည်။ သူမကိုယ်ကချမ်းနေပေမဲ့.. လက်တွေမှာ ပူလောင်လာသည်။ ပူနွေးနေရာမှ တဖြည်းဖြည်း မီးခဲလိုပူလာတာမို့ မျက်စိ အစုံကို ဖွင့်ကြည့်လိုက်ရာ.

သူမအခု ဘယ်မှာရောက်နေတာလဲ!!?

မှောင်မဲနေသော ညခင်းဘက် လရောင်အနည်းငယ် သာရှိပြီးးး ယခု သူမရောက်နေတာက သစ်ပင်တစ်ပင်။

မော့ကြည့်မိတော့ လရောင်အောက်မှာ တောက်ပလှပစွာပွင့်နေသော အနီရောင်ပန်းပွင့်တွေ။

လက်ပံလက်ပံပင်လားး။

လက်ကပူနေတာမို့ ဖယ်ချလိုက်သည်။ သူမထိမိနေတာက ထိုလက်ပံပင်ရဲ့ ပင်စည်သာ။ ပင်စည်ပင်စည်က ဘာလို့ အဲလောက်ပူနေရတာလဲ။

ပြီးတော့ ဒီနေရာက. ဘေးဘီကို ကြည့်တော့ အဖြူရောင် ဘုရားစေတီတစ်ခုမှာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်တာမို့

ရေညှိတွေ နွယ်တွေဖြင့် ဖုံးအုပ်လို့ အက်ကြောင်းတွေပါ ထလျက်.။

လက်ပံပင်ကြီးကလည်းး သူ့အိမ်မက်ထဲကလိုပင် ချွတ်ဆွတ်။

ဒါကဖြစ်နိုင်တယ်လားး သူနေ့စဥ် ခေါက်တုန့်ခေါက်ပြန် သွားခဲ့ပေမဲ့ သည်လက်ပံပင်နဲ့ စေတီကို သတိမမူမိခဲ့တာ

အခုမှသိသည်။

နောက်တစ်ခေါက် လက်ပံပင်စည်ကို ထိမိတော့ ထပ်ကာ အပူလောင်လို့ သူမလက်တွေရဲလာရသည်။

အ့အတော်ပူတာပဲ

သူမလည်းး လက်ကို တဖူးဖူး မှုတ်ကာ ..အိမ်အပြန်လမ်းကိုသာရှာဖို့ လမ်းနည်းနည်း လျှောက်လာရာ ခပ်လှမ်းလှမ်း ရောက်တော့

ဆိုင်းဘုတ်တစ်ခုကိုတွေ့သည်။

မြင်ကပါရွာမှ ကြိုဆိုပါသည် တဲ့။

ဒါဆို ဒီနေရာက မြင်ကပါရွာ အဝင်လားး!!?

ကလျာလည်းး အူကြောင်ကြောင်နဲ့သာ ခေါင်းတစ်ရမ်းရမ်းဖြင့် သူမအိမ်ကိုသာ ပြန်လာခဲ့သည်။

သန်းခေါင်ယံအချိန်မို့ လူတိုင်းအိပ်နေကြပြီ။ သူမလည်းး မနိုးစေရန် အသာလေးဝင်ကာ သူမအခန်းမှာ ပြန်အိပ်တော့သည်။

မနက်မိုးလင်းတော့ သူမမမေ့သေးတဲ့ မျက်နှာ။ ထိုမျက်နှာကို သူမပုံဖော်ရမည်။ ချက်ချင်း ခဲတံနဲ့ စာရွက်ထုတ်ကာ ပုံကိုဆွဲလိုက်သည်မှ ထယ် ဆိုတဲ့အမျိုးသားပုံပေါ်လေပြီ။

ဒါပေမဲ့ နောက်တစ်ယောက်ကရော ဘယ်သူလဲ နာမည်လည်းမသိရသလို.ရုပ်လည်းမသိ။ နောက်ကျောကိုသာမြင်မြင်နေရတတ်လို့ ကလျာ သူ့ကိုမဆွဲတတ်။

ခေါင်းတစ်ကုတ်ကုတ်နဲ့ သူမ တွေးနေတုန်းး တံခါးခေါက်ကာ ဝင်လာသော စိုးမိုးး။

ကလျာစောစောစီးစီး ဘာလုပ်နေပြန်တာလဲ

သူမရဲ့ ရှေ့က စားပွဲပေါ်က ဆွဲလက်စပုံကိုမြင်တော့

ဘာလားးး နင် ကြိုက်တဲ့သူလားး

ဟယ်..မဟုတ်တာ သူက ငါ့အိမ်မက်ထဲကလူ

နင့်အိမ်မက်ထဲက

အင်းး မနေ့ညကမှ မြင်လိုက်ရတာ မှတ်မိအောင် ဆွဲထားတာ

နင်အခုထိ ရှာမတွေ့သေးတာပေါ့

အင်းးး ခက်တယ်ခက်တယ် puzzle တွေဆက်ခဲ့တုန်းကတောင် စာမေးပွဲ ဖြေခဲ့တုန်းကတောင် ဒီလောက် ခေါင်းမစားရသလို အဖြေရှာရမခက်တာကိုးး ဒီအိမ်မက်နဲ့မှ ငါရူးတော့မယ် စိုးမိုးရေ

နင်ကအစောကတည်းက ရူးနေတာပါဟာ ပြောမနေနဲ့တော့

ဟဲ့. နင်ကလေငါ့ဆို အဲလိုကြည့်ပဲ

ကဲ ပြီးရင်လည်းး မျက်နှာသစ် အဝတ်စားလဲ မနက်စာစားကြမယ်ဟ

အေးအေးး ငါလာခဲ့မယ် ခဏစောင့်

စိုးမိုးထွက်သွားမှာ ကလျာလည်းး ထယ့် ပုံကိုသိမ်း၍သာ ထလာလိုက်သည်။

မနက်စာသားပြီးသည်ထိ သူမစိတ်ထဲသိချင်နေတဲ့ အရာတစ်ခု။

စိုးမိုးး ငါတစ်နေရာသွားလိုက်အုံးးမယ်

ဘယ်လဲ

ဒီနားလောက်ပါပဲ

နေနေအုံးး ငါပါလိုက်ခဲ့မယ် နင်က သိပ်စိတ်မချရဘူးး

သလောတော်လိုက်ချင်ရင်လည်းး

ကလျာလည်း မနေ့ညက သူလာခဲ့တဲ့လမ်းအတိုင်း သွားရာ စိုးမိုးကတော့ နောက်ကသာလိုက်လာခဲ့သည်။

ရောက်ပြီဒီလက်ပံပင်။

ကလျာ ရောက်ရောက်ချင်းး လက်ပံပင်ကိုထိကြည့်ပြန်တော့ ပူနေသေးသည်။ ပူကျစ်လို့ ပင်စည်ဟာ။ ဘယ်နေရာကထိထိ အပူချိန်ကားးမနည်းးပေ။

ဒါနဲ့ သူမ အနီရောင်လက်ပံပွင့်တွေကို ကောက်ကိုင်မည်လုပ်တော့

အဝေးက စိုးမိုးဟာ လှမ်းအော်သည်။

မကိုင်နဲ့.အဲပန်းတွေကိုမထိနဲ့ ကလျာ!!!

စိုးမိုးအော်သံကြောင့် သူမလက်တွေရပ်တန့်သွားရသည်။

ဘာ..ဘာလို့လဲ

စိုးမိုးမှာ စိုးထိတ်နေသာ အမူအရာဖြင့်

ကလျာ.မြန် မြန်လာခဲ့အဲနားမသွားနဲ့

စိုးမိုးမှာကြောက်နေဟန်မို့ ကလျာလည်းး သူ့အနားသွားရပ်သည်မှ။

အဲအပင်နားနောက်ထပ်မသွားနဲ့ ကလျာ

ဘာလို့လဲဟ ဒီတိုင်း လက်ပံပင်မဟုတ်ဘူးလား

မဟုတ်ဘူးး အဲအပင်က ကျိန်စာသင့်နေတဲ့လက်ပံပင်

ဘယ်လို ကျိန်စာသင့်တယ်

အေးးး ကျိန်စာ

ဟာအပင်ကဘယ်လိုလုပ် ကျိန်စာသင့်မှာလဲ

နင်မမှတ်မိတာလား ကလျာ

ဘာကိုလဲ

နင် ၁၀ နှစ်က ဒီအပင်ကြောင့် သေမလိုပဲလေ

ဘယ်လို!!!

သူမတကယ်ကိုမမှတ်မိပါ.သူမ မှာ မနေ့ညကမှ ဒီအပင်ကိုမြင်ဖူးတာလေ။

နင်အဲတုန်းက ဒီအပင်အောက်မှာ ပန်းကောက်ပြီးး ထွက်လာခဲ့တာ လေ

ငါကလားး

အင်းး ဟို မှာကြည့် ပန်းတွေကျနေတဲ့ပုံက မထူးခြားဘူးလား

စိုးမိုးပြောမှ ကြည့်မိသည်။ အမှန်လက်ပံပွင့်တွေဟာ လက်ပံပင်ရဲ့ ပင်စည်မှ ၅ပေအကွာလောက်အထိ စက်ဝိုင်းပုံပတ်ထားသည်။

အနီရောင် အဝိုင်းပုံ ကောဇောတစ်ခုခင်းထားသလိုပင်။

ဝိုင်းနေတယ် အပင်ကို

အေးး ဘယ်လက်ပံပင်က အဲလိုကြွေလို့တုန်းးကလျာ

မကြွေဘူးးလေ ဒီတိုင်း လေနှင်ရာ ကျပန်းပုံကြွေတာ

အေးး အခုလက်ပံပင်က ဒီနေရာ စက်ဝိုင်းပုံထက် ပိုမလွင့်သလို အဲထဲကို ဘယ်သူမှမဝင်ရဘူးး

ဘယ်လို!!!

အရင်က ဒီ စက်ဝိုင်းပုံ ပန်းခင်းထဲမှာဆော့မိလို့ ဖျားရတဲ့ကလေးတွေ ဒီမှာ လာနားမိလို့ ရောဂါရပြီး

ကုမရတဲ့သူတွေ ဒီနေရာမှာ သေးပန်းလို့. ရူးသွားတဲ့သူတွေ  အတွဲချိန်းလို့ သေကွဲကွဲခဲ့ရတဲ့ သူတွေ အရမ်းပေါခဲ့တယ် ကလျာ

....

နင် အသက်၁၀ ကလည်းး ဒီအပင် ဒီပန်းခင်းထဲ ဆော့ပြီးး ပန်းတွေကောက်ပြီးးး အပြင်ကိုထွက်လာတာနဲ့ နင်မေ့လဲတော့တာပဲ ကလျာ

ငါငါဘယ်တုန်းက

နင်မေ့လဲပြီးနောက် တစ်ပတ်လောက်ဖျားခဲ့တာ ဘယ်ဆေးတိုက်တိုက်မရဘူးးလေ ဒါနဲ့ နင့်မေမေနဲ့ ငါ့မေမေတို့က ဒီအပင်မှာလာတောင်းပန်ခဲ့တော့ မကြာပါဘူး နင်သက်သာသွားတာပဲ

တကယ်ကြီးးလားး ငါကဘာလို့ မမှတ်မိတာလဲ

မင် အဖျားကြောင့် မေ့သွားတာနေမှာ

အင်းး

ပြီးတော့ ဒီအပင်က ပန်းး အရမ်းဆန်းလွန်းတယ် ငါရော နင်ရော ရုက္ခဗေဒ ပညာရှင်ပေမဲ့ ဒီအပင်က အပွင့်ဘယ်တော့မှ မပြတ်ဘူးး ကလျာ

ဘာလဲ အပွင့်မပွင့်တဲ့နေ့မရှိဘူးးလို့ပြောချင်တာလားး

အေးး အခု ကြွေနေတဲ့ လက်ပံပွင့်တွေဆို တစ်ပင်နီးပါးရှိပေမဲ့ အပင်ပေါ်မှာ ကြွေထားတယ်မထင်ရအောင်ကို ပွင့်နေတယ်မလားး

စိုးမိုးပြောတဲ့အတိုင်း လက်ပံပင်မှာ အပေါ်ရော  အောက်ပါ နီနီရဲရဲပင်။

နင်ပြောတဲ့အတိုင်းပဲ

အေးး ဒါကြောင့်ပြောတာ တစ်ချို့အရာတွေက ငါတို့ သိပ္ပံပညာနဲ့ လိုက်မမှီဘူး ကလျာတစ်ချို့က ထူးဆန်းတာတွေရှိတတ်တာမို့ ဂရုစိုက်စမ်းပါ့ဟ

ငါငါမသိလို့ပါ

ကလျာ သိချင်ပေမဲ့ စိုးမိုးစကားအရ ကြောက်မိသည်။ ကျိန်စာတဲ့လားး မမြင်ရတဲ့အရာမို့ သူမ မစွန့်စားရဲပါ။

ကလျာ သိချင်စိတ်ကိုမြိုသိပ်ကာ ထိုနေရာမှ စိုးမိုးနဲ့အတူ အိမ်ကိုပြန်လာလိုက်တော့သည်။ နောက်ထပ်လည်း မသွားတော့ပါ။ သွားဖို့လည်း မကြံတော့ဘူးး။

မေ့ထားဖို့သာ သူမဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့လည်းး သူမ မသိစိတ်ကတော့ တစ်ခုခုကို သိရမလိုလို တစ်ခုခုကို နှိုးဆော်နေသလိုလို။

သူမ လက်ပံပင်ကိုထိလိုက်ချိန် ဝင်လာတဲ့ ဝိုးတဝါးပုံရိပ်တွေကြောင့်ပင်။  မသဲကွဲ မသေချာ မရေရာတဲ့ပုံရိပ်တွေမှာ များစွာပင် ဝင်လာခဲ့တာ။

သူမမှတ်တောင် မမှတ်မိနိုင်ခဲ့တာမို့ စမ်းသပ်ဖို့ ပြန်လာခဲ့မှ သိလိုက်ရတာကြောင့် ထပ်မစမ်းရဲတော့ပါ ဘူးလေ။

ဘယ်လိုနေလဲခ ဖတ်ရတာအဆင်ပြေရဲ့လား🥺

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

ဒုတိယရက္ တတိယရက္ စတုတၳရက္ စသည္ျဖင့္ ရက္ေတြၾကာလာလိုက္တာ..

ဘုရားေစတီေတြမ်ားစြာကိုလည္း ဖူးေျမာ္လို႔ သမိုင္းေၾကာင္းေပါင္းစုံ ေနရာေပါင္းစုံေရာက္လို႔ဖူးခဲ့ၿပီ။

ဒီလိုပဲ  ....သြားေလ သြားေလ ျမင္ရတာေတြ ပိုလာေလေလ။ အိမ္မက္ေတြမွာ ပိုထူးဆန္း လာေလေလ။

အစကတည္းမွ အေျဖရွာမရခဲ့တဲ့ အိမ္မက္ေတြဟာ အခုေတာ့ပို၍ပင္ရႈပ္လို႔ေနၿပီ။ အပိုင္းပိုင္းအစစ ကြဲထြက္ေနတဲ့ အိမ္မက္ေတြဟာ Puzzle ေတြလို ျပန္ဆက္ရခက္ပါသည္။

တစ္စတစ္စေပ်ာက္ေနဆဲ အိမ္မက္ေတြမွာ အေျဖရွာရ ခက္လွေပသည္။ ကလ်ာရဲ႕ ညတိုင္းမွာ မတူညီတဲ့ အိမ္မက္ကိုယ္စီနဲ႕ပင္။

ဒီညေရာဘာမက္အုံးမွာလဲ

ကလ်ာ တီးတိုးေရ႐ြတ္၍သာ အိပ္ယာဝင္ခဲ့သည္မွာ ၁၅ရက္ေျမာက္ေန႕ပင္။

အနီေရာင္ ရဲရဲေတာက္ေနတဲ့ ပန္းပြင့္ေတြ.. ဘာပန္းေတြလဲ။ အနီးကပ္ၾကည့္မွသိသည္။

ဒါေတြက...လက္ပံပြင့္ေတြ

ကလ်ာ လက္ပံပင္ႀကီးၿပီးေအာက္မွာေရာက္ေနသည္။ လက္ပံပင္နဲ႕ မနီးမေဝးမွာကားး အျဖဴေရာင္ ဘုရားတစ္စူ။

ကလ်ာ ထိုေနရာမွရပ္ေနရင္းး အနားမွာလည္းး ဘယ္သူမွမရွိ.ဒါေပမဲ့ ခပ္သဲ့သဲ့ရယ္သံေလး.  ၾကားမိတာေၾကာင့္.လက္ပံပင္ရဲ႕ တျခားဘက္ျခမ္း ကိုၾကည့္လိုက္မွ

လူတစ္ေယာက္ရပ္ေနသည္။ သူ႕လက္ထဲမွာ လက္ပံေတြအျပည့္နဲ႕ ျခင္းတစ္ျခင္းကို ေပြ႕ထားလ်က္။

သူရယ္ေနသည္။ သူလွည့္လာတယ္။ သူ ကလ်ာကိုၾကည့္ေနတာလားးး။

သူရဲ႕မ်က္ဝန္းေတြဟာ ႏူးညံ့လြန္းတယ္. ခ်စ္စိတ္ေတြသမ္းေနတဲ့ မ်က္ဝန္းးငယ္မွာ နက္ေမွာင္လ်က္. ဆြဲမက္ဖြယ္ရာ။

သူၿပဳံးျပသည္။ ရက္ထဲကိုပင္ႏြေးသြားေစသည့္ အၿပဳံးးေတြပါ။

ထို႔ေနာက္ သူစကားတစ္ခြန္းဆိုလိုက္မွ

ေရာက္လာၿပီလားး

ကလ်ာသိလိုက္ရသည္။ သူဟာ အၿမဲ အိမ္မက္ထဲမွာၾကားေယာင္ေနရတဲ့ ဩရွရွအသံပိုင္ရွင္။

သူ႕ကို အၿမဲလိုလို မ်က္ႏွာ တစ္ဝက္ မဟုတ္ရင္ မ်က္လုံးးေတြ ႏႈတ္ခမ္းေတြ ေနာက္ေက်ာေတြသာ ျမင္ရသည္။

အခုကားးး သူ႕မ်က္ႏွာကိုအျပည့္အစုံျမင္ရပါသည္။ 

ရွည္လ်ားေကာ့တက္ေနတဲ့ မ်က္ေတာင္ေတြကို ပိုင္ဆိုင္ ထားသူ။ ႏွာတံဆင္းဆင္းေလးနဲ႕ ႏွာေခါင္းထိပ္မွာရွိတဲ့

မွည့္နက္ေသးေသးေလးး။

ဘယ္ဘက္ပါးေပၚက မွည့္ေလးတစ္ခု ညာဘက္မ်က္ခမ္းေအာက္က မွည့္နက္ေလးတစ္ခု မ်က္ရစ္တစ္ဖက္သာပါတဲ့ သူ။

အရမ္းကိုလွပါသည္။ ေခ်ာသည္မဟုတ္ လွသည္။ မိန္းမပ်ိဳေတြရႈံးေလာက္ေအာင္လွသည္။ ပပဝတီရဲ႕ အလွဟာ သူ႕ရဲ႕အလွမွာ ေျပာနိုင္စရာမရွိပါ။

ကလ်ာ့ဘဝတစ္ေလွ်ာက္ ဒီေလာက္လွတဲ့ ေယာက်္ားေလးမ်ိဳး မျမင္ဖူးပါ။

ဒါေၾကာင့္ မို႔လည္းး ခ်က္ခ်င္းပဲ ေခါင္းထဲစြဲသြားတဲ့ သူ႕ရဲ႕ မ်က္ႏွာ ။

"လြမ္းေနရတာ ဒီမွာ"

ကလ်ာေၾကာင္သြားသည္။ အခုမွေတြ႕ရတဲ့ သူမကိုလြမ္းတာတဲ့လားး။

ေနာက္မွသူမသိသည္။ သူမဟာ ပုံရိပ္ေတြၾကားေရာက္ေန႐ုံသာ။ သူဆိုလိုတဲ့သူဟာ ကလ်ာေနာက္မွေရာက္လာသည္။

"အေမ့ .....လန့္တာ"

ကလ်ာ့ကိုယ္ကိုပင္ ဝိဉာဥ္တစ္ေကာင္လိုျဖတ္သြားကာ ထိုလူသားရွိရာကို ေလွ်ာက္သြားေသာ အမ်ိဳးသားး။

"ကိုယ္ ေနာက္က်သြားတယ္"

" ဒီမွာေလ လက္ပံေတြ.လွတယ္ေနာ္ "

"အင္းး ထယ့္ ေလာက္မလွပါဘူး "

ခ်စ္စနိုးနဲ႕ေခၚတဲ့နာမည္က ထယ္တဲ့လားးး။

ဒါဆို သူ႕နာမည္က ထယ္တဲ့လားးး။ ဆန္းပါဘိ။

ၾကည္ႏူးေနရာမွ ေျပာင္းသြားသည့္ပုံရိပ္။

"ထယ္ရယ္ထယ္ရယ္"

"ထယ္ ကိုယ္တို႔ထြက္ေျပးၾကရေအာင္"

"အင္းး ထယ္ လိုက္ခဲ့မယ္ ဒါေပမဲ့ ၿမိဳ႕စားက အာဏာပိုင္တယ္ ထယ္"

အဆင္ေျပတယ္ ကိုယ့္ဒယ္ဒီက ပိုရာထူးႀကီးတယ္ သူကိုယ္တို႔ကို ထိလို႔ရမွာမဟုတ္ဘူးး

ဒါဆို သြားၾကမယ္ ထယ္ သူနဲ႕မေနနိုင္ဘူးး

ပုံရိပ္ေတြကားထပ္၍ေပ်ာက္သြားျပန္သည္။

တကယ္ပဲ ဒါေတြကဘာလဲ။ ပိုပိုနက္နဲလာေပမဲ့ နားမလည္ နိုင္ေသးပါလားး။

႐ုတ္တရက္ပင္ ကလ်ာ စိတ္မွာ ေအးစိမ့္လာသလိုလို....

သူမလက္ေတြက တစ္ခုခုကိုထိထားသည္။ သူမကိုယ္ကခ်မ္းေနေပမဲ့.. လက္ေတြမွာ ပူေလာင္လာသည္။ ပူႏြေးေနရာမွ တျဖည္းျဖည္း မီးခဲလိုပူလာတာမို႔ မ်က္စိ အစုံကို ဖြင့္ၾကည့္လိုက္ရာ.

သူမအခု ဘယ္မွာေရာက္ေနတာလဲ!!?

ေမွာင္မဲေနေသာ ညခင္းဘက္ လေရာင္အနည္းငယ္ သာရွိၿပီးးး ယခု သူမေရာက္ေနတာက သစ္ပင္တစ္ပင္။

ေမာ့ၾကည့္မိေတာ့ လေရာင္ေအာက္မွာ ေတာက္ပလွပစြာပြင့္ေနေသာ အနီေရာင္ပန္းပြင့္ေတြ။

လက္ပံလက္ပံပင္လားး။

လက္ကပူေနတာမို႔ ဖယ္ခ်လိဳက္သည္။ သူမထိမိေနတာက ထိုလက္ပံပင္ရဲ႕ ပင္စည္သာ။ ပင္စည္ပင္စည္က ဘာလို႔ အဲေလာက္ပူေနရတာလဲ။

ၿပီးေတာ့ ဒီေနရာက. ေဘးဘီကို ၾကည့္ေတာ့ အျဖဴေရာင္ ဘုရားေစတီတစ္ခုမွာ ႏွစ္ကာလ ၾကာျမင့္ေနၿပီ ျဖစ္တာမို႔

ေရညွိေတြ ႏြယ္ေတြျဖင့္ ဖုံးအုပ္လို႔ အက္ေၾကာင္းေတြပါ ထလ်က္.။

လက္ပံပင္ႀကီးကလည္းး သူ႕အိမ္မက္ထဲကလိုပင္ ခြၽတ္ဆြတ္။

ဒါကျဖစ္နိုင္တယ္လားး သူေန႕စဥ္ ေခါက္တုန့္ေခါက္ျပန္ သြားခဲ့ေပမဲ့ သည္လက္ပံပင္နဲ႕ ေစတီကို သတိမမူမိခဲ့တာ

အခုမွသိသည္။

ေနာက္တစ္ေခါက္ လက္ပံပင္စည္ကို ထိမိေတာ့ ထပ္ကာ အပူေလာင္လို႔ သူမလက္ေတြရဲလာရသည္။

"အ့ ....အေတာ္ပူတာပဲ"

သူမလည္းး လက္ကို တဖူးဖူး မႈတ္ကာ ..အိမ္အျပန္လမ္းကိုသာရွာဖို႔ လမ္းနည္းနည္း ေလွ်ာက္လာရာ ခပ္လွမ္းလွမ္း ေရာက္ေတာ့

ဆိုင္းဘုတ္တစ္ခုကိုေတြ႕သည္။

ျမင္ကပါ႐ြာမွ ႀကိဳဆိုပါသည္ တဲ့။

ဒါဆို ဒီေနရာက ျမင္ကပါ႐ြာ အဝင္လားး!!?

ကလ်ာလည္းး အူေၾကာင္ေၾကာင္နဲ႕သာ ေခါင္းတစ္ရမ္းရမ္းျဖင့္ သူမအိမ္ကိုသာ ျပန္လာခဲ့သည္။

သန္းေခါင္ယံအခ်ိန္မို႔ လူတိုင္းအိပ္ေနၾကၿပီ။ သူမလည္းး မနိုးေစရန္ အသာေလးဝင္ကာ သူမအခန္းမွာ ျပန္အိပ္ေတာ့သည္။

မနက္မိုးလင္းေတာ့ သူမမေမ့ေသးတဲ့ မ်က္ႏွာ။ ထိုမ်က္ႏွာကို သူမပုံေဖာ္ရမည္။ ခ်က္ခ်င္း ခဲတံနဲ႕ စာ႐ြက္ထုတ္ကာ ပုံကိုဆြဲလိုက္သည္မွ ထယ္ ဆိုတဲ့အမ်ိဳးသားပုံေပၚေလၿပီ။

ဒါေပမဲ့ ေနာက္တစ္ေယာက္ကေရာ ဘယ္သူလဲ နာမည္လည္းမသိရသလို.႐ုပ္လည္းမသိ။ ေနာက္ေက်ာကိုသာျမင္ျမင္ေနရတတ္လို႔ ကလ်ာ သူ႕ကိုမဆြဲတတ္။

ေခါင္းတစ္ကုတ္ကုတ္နဲ႕ သူမ ေတြးေနတုန္းး တံခါးေခါက္ကာ ဝင္လာေသာ စိုးမိုးး။

"ကလ်ာေစာေစာစီးစီး ဘာလုပ္ေနျပန္တာလဲ"

"သူမရဲ႕ ေရွ႕က စားပြဲေပၚက ဆြဲလက္စပုံကိုျမင္ေတာ့"

"ဘာလားးး နင္ ႀကိဳက္တဲ့သူလားး"

"ဟယ္..မဟုတ္တာ သူက ငါ့အိမ္မက္ထဲကလူ"

"နင့္အိမ္မက္ထဲက"

"အင္းး မေန႕ညကမွ ျမင္လိုက္ရတာ မွတ္မိေအာင္ ဆြဲထားတာ"

"နင္အခုထိ ရွာမေတြ႕ေသးတာေပါ့"

"အင္းးး ခက္တယ္ခက္တယ္ puzzle ေတြဆက္ခဲ့တုန္းကေတာင္ စာေမးပြဲ ေျဖခဲ့တုန္းကေတာင္ ဒီေလာက္ ေခါင္းမစားရသလို အေျဖရွာရမခက္တာကိုးး ဒီအိမ္မက္နဲ႕မွ ငါ႐ူးေတာ့မယ္ စိုးမိုးေရ"

"နင္ကအေစာကတည္းက ႐ူးေနတာပါဟာ ေျပာမေနနဲ႕ေတာ့"

"ဟဲ့. နင္ကေလငါ့ဆို အဲလိုၾကည့္ပဲ"

"ကဲ ၿပီးရင္လည္းး မ်က္ႏွာသစ္ အဝတ္စားလဲ မနက္စာစားၾကမယ္ဟ"

"ေအးေအးး ငါလာခဲ့မယ္ ခဏေစာင့္"

စိုးမိုးထြက္သြားမွာ ကလ်ာလည္းး ထယ့္ ပုံကိုသိမ္း၍သာ ထလာလိုက္သည္။

မနက္စာသားၿပီးသည္ထိ သူမစိတ္ထဲသိခ်င္ေနတဲ့ အရာတစ္ခု။

"စိုးမိုးး ငါတစ္ေနရာသြားလိုက္အုံးးမယ္"

"ဘယ္လဲ"

"ဒီနားေလာက္ပါပဲ"

"ေနေနအုံးး ငါပါလိုက္ခဲ့မယ္ နင္က သိပ္စိတ္မခ်ရဘူးး"

"သေလာေတာ္လိုက္ခ်င္ရင္လည္းး"

ကလ်ာလည္း မေန႕ညက သူလာခဲ့တဲ့လမ္းအတိုင္း သြားရာ စိုးမိုးကေတာ့ ေနာက္ကသာလိုက္လာခဲ့သည္။

ေရာက္ၿပီဒီလက္ပံပင္။

ကလ်ာ ေရာက္ေရာက္ခ်င္းး လက္ပံပင္ကိုထိၾကည့္ျပန္ေတာ့ ပူေနေသးသည္။ ပူက်စ္လို႔ ပင္စည္ဟာ။ ဘယ္ေနရာကထိထိ အပူခ်ိန္ကားးမနည္းးေပ။

ဒါနဲ႕ သူမ အနီေရာင္လက္ပံပြင့္ေတြကို ေကာက္ကိုင္မည္လုပ္ေတာ့

အေဝးက စိုးမိုးဟာ လွမ္းေအာ္သည္။

"မကိုင္နဲ႕.အဲပန္းေတြကိုမထိနဲ႕ ကလ်ာ!!!"

စိုးမိုးေအာ္သံေၾကာင့္ သူမလက္ေတြရပ္တန့္သြားရသည္။

"ဘာ..ဘာလို႔လဲ"

စိုးမိုးမွာ စိုးထိတ္ေနသာ အမူအရာျဖင့္....

"ကလ်ာ....ျမန္ ျမန္လာခဲ့အဲနားမသြားနဲ႕"

စိုးမိုးမွာေၾကာက္ေနဟန္မို႔ ကလ်ာလည္းး သူ႕အနားသြားရပ္သည္မွ။

"အဲအပင္နားေနာက္ထပ္မသြားနဲ႕ ကလ်ာ"

"ဘာလို႔လဲဟ ဒီတိုင္း လက္ပံပင္မဟုတ္ဘူးလား"

"မဟုတ္ဘူးး အဲအပင္က က်ိန္စာသင့္ေနတဲ့လက္ပံပင္"

"ဘယ္လို က်ိန္စာသင့္တယ္"

"ေအးးး က်ိန္စာ "

"ဟာအပင္ကဘယ္လိုလုပ္ က်ိန္စာသင့္မွာလဲ"

"နင္မမွတ္မိတာလား ကလ်ာ"

"ဘာကိုလဲ"

"နင္ ၁၀ ႏွစ္က ဒီအပင္ေၾကာင့္ ေသမလိုပဲေလ"

"ဘယ္လို!!!"

သူမတကယ္ကိုမမွတ္မိပါ.သူမ မွာ မေန႕ညကမွ ဒီအပင္ကိုျမင္ဖူးတာေလ။

"နင္အဲတုန္းက ဒီအပင္ေအာက္မွာ ပန္းေကာက္ၿပီးး ထြက္လာခဲ့တာ ေလ"

"ငါကလားး"

"အင္းး ဟို မွာၾကည့္ ပန္းေတြက်ေနတဲ့ပုံက မထူးျခားဘူးလား"

စိုးမိုးေျပာမွ ၾကည့္မိသည္။ အမွန္လက္ပံပြင့္ေတြဟာ လက္ပံပင္ရဲ႕ ပင္စည္မွ ၅ေပအကြာေလာက္အထိ စက္ဝိုင္းပုံပတ္ထားသည္။

အနီေရာင္ အဝိုင္းပုံ ေကာေဇာတစ္ခုခင္းထားသလိုပင္။

"ဝိုင္းေနတယ္ အပင္ကို"

"ေအးး ဘယ္လက္ပံပင္က အဲလိုေႂကြလို႔တုန္းးကလ်ာ"

"မေႂကြဘူးးေလ ဒီတိုင္း ေလႏွင္ရာ က်ပန္းပုံေႂကြတာ"

"ေအးး အခုလက္ပံပင္က ဒီေနရာ စက္ဝိုင္းပုံထက္ ပိုမလြင့္သလို အဲထဲကို ဘယ္သူမွမဝင္ရဘူးး"

"ဘယ္လို!!!"

"အရင္က ဒီ စက္ဝိုင္းပုံ ပန္းခင္းထဲမွာေဆာ့မိလို႔ ဖ်ားရတဲ့ကေလးေတြ ဒီမွာ လာနားမိလို႔ ေရာဂါရၿပီး ကုမရတဲ့သူေတြ ဒီေနရာမွာ ေသးပန္းလို႔. ႐ူးသြားတဲ့သူေတြ  အတြဲခ်ိန္းလို႔ ေသကြဲကြဲခဲ့ရတဲ့ သူေတြ အရမ္းေပါခဲ့တယ္ ကလ်ာ"

"......."

"နင္ အသက္၁၀ ကလည္းး ဒီအပင္ ဒီပန္းခင္းထဲ ေဆာ့ၿပီးး ပန္းေတြေကာက္ၿပီးးး အျပင္ကိုထြက္လာတာနဲ႕ နင္ေမ့လဲေတာ့တာပဲ ကလ်ာ"

"ငါ....ငါ....ဘယ္တုန္းက"

"နင္ေမ့လဲၿပီးေနာက္ တစ္ပတ္ေလာက္ဖ်ားခဲ့တာ ဘယ္ေဆးတိုက္တိုက္မရဘူးးေလ ဒါနဲ႕ နင့္ေမေမနဲ႕ ငါ့ေမေမတို႔က ဒီအပင္မွာလာေတာင္းပန္ခဲ့ေတာ့ မၾကာပါဘူး နင္သက္သာသြားတာပဲ"

"တကယ္ႀကီးးလားး ငါကဘာလို႔ မမွတ္မိတာလဲ"

"မင္ အဖ်ားေၾကာင့္ ေမ့သြားတာေနမွာ"

"အင္းး "

"ၿပီးေတာ့ ဒီအပင္က ပန္းး အရမ္းဆန္းလြန္းတယ္ ငါေရာ နင္ေရာ ႐ုကၡေဗဒ ပညာရွင္ေပမဲ့ ဒီအပင္က အပြင့္ဘယ္ေတာ့မွ မျပတ္ဘူးး ကလ်ာ"

"ဘာလဲ အပြင့္မပြင့္တဲ့ေန႕မရွိဘူးးလို႔ေျပာခ်င္တာလားး"

"ေအးး အခု ေႂကြေနတဲ့ လက္ပံပြင့္ေတြဆို တစ္ပင္နီးပါးရွိေပမဲ့ အပင္ေပၚမွာ ေႂကြထားတယ္မထင္ရေအာင္ကို ပြင့္ေနတယ္မလားး"

စိုးမိုးေျပာတဲ့အတိုင္း လက္ပံပင္မွာ အေပၚေရာ  ေအာက္ပါ နီနီရဲရဲပင္။

"နင္ေျပာတဲ့အတိုင္းပဲ"

"ေအးး ဒါေၾကာင့္ေျပာတာ တစ္ခ်ိဳ႕အရာေတြက ငါတို႔ သိပၸံပညာနဲ႕ လိုက္မမွီဘူး ကလ်ာတစ္ခ်ိဳ႕က ထူးဆန္းတာေတြရွိတတ္တာမို႔ ဂ႐ုစိုက္စမ္းပါ့ဟ"

"ငါငါမသိလို႔ပါ"

ကလ်ာ သိခ်င္ေပမဲ့ စိုးမိုးစကားအရ ေၾကာက္မိသည္။ က်ိန္စာတဲ့လားး မျမင္ရတဲ့အရာမို႔ သူမ မစြန့္စားရဲပါ။

ကလ်ာ သိခ်င္စိတ္ကိုၿမိဳသိပ္ကာ ထိုေနရာမွ စိုးမိုးနဲ႕အတူ အိမ္ကိုျပန္လာလိုက္ေတာ့သည္။ ေနာက္ထပ္လည္း မသြားေတာ့ပါ။ သြားဖို႔လည္း မႀကံေတာ့ဘူးး။

ေမ့ထားဖို႔သာ သူမဆုံးျဖတ္လိုက္သည္။ ဒါေပမဲ့လည္းး သူမ မသိစိတ္ကေတာ့ တစ္ခုခုကို သိရမလိုလို တစ္ခုခုကို ႏွိုးေဆာ္ေနသလိုလို။

သူမ လက္ပံပင္ကိုထိလိုက္ခ်ိန္ ဝင္လာတဲ့ ဝိုးတဝါးပုံရိပ္ေတြေၾကာင့္ပင္။  မသဲကြဲ မေသခ်ာ မေရရာတဲ့ပုံရိပ္ေတြမွာ မ်ားစြာပင္ ဝင္လာခဲ့တာ။

သူမမွတ္ေတာင္ မမွတ္မိနိုင္ခဲ့တာမို႔ စမ္းသပ္ဖို႔ ျပန္လာခဲ့မွ သိလိုက္ရတာေၾကာင့္ ထပ္မစမ္းရဲေတာ့ပါ ဘူးေလ။

ဘယ္လိုေနလဲခ ဖတ္ရတာအဆင္ေျပရဲ႕လား🥺

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

There are no comments yet. Log in to be the first to leave a review!

Similar stories