Fanfics

Part 15 Final

10:53, 3 December 2023

" Cheers!! "

အရက်ခွက် ‌တိုက်သံ မှာ အပန်းဖြေအိမ်အတွင်းသို့ ပျံ့နှံ့သွားသည်။

အခုရောက်နေတဲ့နေရာမှာ Haruki ရဲ့အပန်းဖြေအိမ်ဖြစ်ပြီး ဟယ်ဆွန်း၊ Haruki နဲ့အစောင့်အများအပြားရောက်ရှိနေလေရဲ့။

" ငါတော့ ထီပေါက်တာပဲ ဟယ်ဆွန်း၊ မင်းသာမကူညီရင်ငါတော့သွားပါပြီ "

" ကျွန်တော်လဲကူညီပြီးပြီ ဘယ်မှာလဲကျုပ်ရပိုင်ခွင့် "

" ဟက်! မင်းကတော့ တကယ့်ကောင်ပဲ မင်းလိုချင်တဲ့ Car Showroom စိတ်ကြိုက်ပျော်ပေတော့ "

မျက်စိရှေ့ချပေးတဲ့ စာချုပ်အားလက်မှတ်ထိုးဖို့ ဟယ်ဆွန်းပြင်လိုက်ချိန်။

" Boss.."

လှည့်ကြည့်လိုက်တော့ ခပ်ထွားထွားလူနှစ်ယောက်ရဲ့ အောက်တွင်ဒဏ်ရာတွေနဲ့ ဒူးထောက်နေသည့်လူငယ်နှစ်ယောက်ရှိလေသည်။

" ဟီးဆွန်း? ဂျေး? "

ဟယ်ဆွန်းရဲ့ အံ့ဩသံကြောက့် ဂျေးက 'ဟက်' ခနဲထရယ်သည်။

" hk! သစ္စာဖောက်ရတာ ပျော်ရဲ့လား ဟယ်ဆွန်း "

ဂျေးရဲ့ခနဲ့သည့်အသံသည် ထိုအိမ်တစ်ခုလုံးပျံ့နှံ့သွားခဲ့သည် ဟာရူကီသည် မျက်ရိပ်ပြကာထိုလူနစ်ယောက်ကိုထွက်သွားခိုင်းလိုက်သည်။

" မင်းတို့ဒီကိုဘယ်လိုလုပ် "

" ဟက်! မေ့နေတာလားကျုပ်တို့က ဘာဆိုတာကိုလေ "

ဟီးဆွန်းရဲ့ စကားကြောင့် ဟယ်ဆွန်းသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ တောက်တစ်ချက် ခေါက်လိုက်သည်။

" တောက်!! "

" ဟယ်ဆွန်းရ "

ဟာရူကီရဲ့ အသံ‌ရှည်ကြောင့်ဟယ်ဆွန်းတစ်ချက် လှည့်ကြည့်လိုက်သည်။ ဟာရူကီသည် အရှေ့တွင်ချထားသော အညိုရောင် ပစ္စတိုတစ်လက်ကို ဟယ်ဆွန်းဆီ ကမ်းပေးလိုက်သည်။

သူတို့ရဲ့ သစ္စာရှိတဲ့ ဟယ်ဆွန်းဟာ အခုတော့ သူတို့ကို ပြန်ပြီး သတ်တော့မယ်တဲ့လေ။

" အဆုံးသတ်လိုက်တော့ ဟယ်ဆွန်း "

ဟာရူကီလက်ထဲက သေနတ်ကိုယူပြီး မောင်းတစ်အချက်တင်ကာ ဟီးဆွန်းခေါင်းကိုတည့်လိုက်သည်။ ခက်ထန်နေသည့် သမင်မျက်ဝန်းနဲ့ ဟယ်ဆွန်းရဲ့ မိုက်ရူးရဲဆန်သည့် မျက်ဝန်းနှစ်ခု ဆုံခိုက် ဟီးဆွန်းဟာ တစ်ချက်ရယ်သည်။

" မင်းကတော့အရူးပဲ ဟယ်ဆွန်း၊ မင်းအဖေရဲ့ကျေးဇူးရှင်တွေကိုသတ်တော့မယ်ပေါ့ "

" ဘာ? "

ဂျေးရဲ့စကားကြောင့်ဟယ်ဆွန်း ခနတာကြောင်အအဖြစ်သွားခဲ့တယ်။

" မင်းအဖေဒုက္ခရောက်နေတဲ့အချိန်ကူညီခဲ့တာဘယ်သူတွေလဲ "

" ငါ့အဖေကို သတ်ခဲ့တာမင်းတို့တွေပဲလေ "

" မင်းအဖေcompany ဒေဝါလီခံလူနီးနီးဖြစ်နေချိန်ကူညီခဲ့တာငါတို့တွေပဲလေ၊ သတ်ခဲ့တာကတော့ငါ့တို့မဟုတ်တာသေချာတယ် "

ဟယ်ဆွန်းက ခနတာ တွန့်ဆုတ်သွားပြီး..။

" ဘာတွေပြောနေတာလဲ!! ဟယ်ဆွန်း သတ်မှာဖြင့်သတ်စမ်းပါ "

" ဟောကြည့် အလိမ်ပေါ်မှာဆိုးလို့ဖြစ်နေပုံများ "

ဟီးဆွန်းစကားအဆုံး ဟယ်ဆွန်းက သွေးပျက်နေပုံရတဲ့ ဟာရူကီ့ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ မျက်ဝန်းတွေဟာ မယုံနိုင်စွာဖြင့်။

" မဟုတ်ဘူး...မဟုတ်ဘူးဟယ်ဆွန်း မင်းအဖေကိုငါမသတ်ဘူး "

" ခများစောက်ပါးစပ်ပိတ်ထား!! "

သွေးရူးသွေးတန်းဖြစ်နေပုံကိုအခွင့်ကောင်းယူကာ ဖိနပ်အောက်ဖွက်ထားတဲ့ဓားသေးသေးလေးလေး၏ အကူအညီဖြင့်အချီအနှောင်များမှ လွတ်မြောက်လိုက်သည်။

" Well...well Mr. Nishimura ထိုင်ပါအုံး ဂျောင်ဟယ်ဆွန်းသေနတ်ကြီးတကားကားနဲ့ ပစ်တတ်တာလဲမဟုတ်ပဲနဲ့ ချထားပါကွာ "

" အစောင့်တွေ...အ..အစောင့်တွေ! "

" ကျစ်! ရှုပ်လိုက်တာ ကျုပ်လူတွေရှင်းလိုက်ပြီမို့ ခများအစောင့်တွေက သက်တန့်ရဲ့တစ်ခြားတစ်ဖက်ကို ကူးသွားပြီ "

ဆိုဖာ၏ညာဘက်ထောင့်၌ ခြေထောက်တစ်ချောင်းပေါ်‌တစ်ချောင်း ထပ်ပြီးထိုင်နေတဲ့ ဟီးဆွန်းရဲ့ဘေးတွင် ကပ်လျက်ဂျေးဟာလဲ သစ္စာရှိသည့် သက်တော်စောင့်အဖြစ် ရပ်နေလေရဲ့။

" ကဲ...စလိုက်ရအောင် ကျုပ်မိဘကိစ္စ‌ကနေပေါ့ ဘာလို့သတ်လိုက်ရတာလဲ "

" ရှုပ်လို့..ငါ့လမ်းပေါ်မှာရှုပ်နေလို့သတ်လိုက်တာ "

" Hotel..company ကျန်တဲ့လုပ်ငန်းစုတွေအားလုံးက ခများထက်သာပြီးခများအထက်ရောက်နေလို့မနာလိုပြီးသတ်လိုက်တာလား "

" အေးဟုတ်တယ် "

" နောက်ပြီး ဂျေးမိဘတွေကိုလဲ သတ်ရတာ အဲ့အကြောင်းတွေကြောင့်ပဲလား "

" အေး...ဟုတ်တယ် "

ဟီးဆွန်း တောက်အကျယ်ကြီးတစ်ချက်ထိုးလိုက်ပြီး ဟာရူကီ့ကိုမထိုးမိအောင်တစ်ချက်အောင့်ထားလိုက်သည်။

" ပြီးတော့ ငါလေမင်းကိုရောပါသတ်ဖို့လုပ်ခဲ့သေးတယ် မင်းကငယ်သေးလို့လေ "

" အခုအသက်ကြီးပြီလေ စိတ်‌မကောင်းစရာပဲ ခများကျုပ်ကိုသတ်လို့မရတော့ဘူးလေ "

ဟီးဆွန်းရဲ့ သေနတ်ဟာ ဟာရူကီ့ခေါင်းသို့တစ်ဖြေးဖြေးရောက်လာခဲ့သည်၊ ဘယ်လောက်ပဲမကြောက်ဘူးပြောပြော ဟာရူကီ့မျက်ဝန်းထဲမှာ ကြောက်လန့်မှူတွေအပြည့်။

" အနားယူလိုက်ပါအုံး "

*ဒိုင်းသေနတ်သံနှင့်အတူ ကျည်ဆံမှာလဲဝင်သွားခဲ့ပြီး ဟာရူကီမှာလဲ ခုံပေါ်တွင်အရုပ်ကြိုးပျက်သကဲ့သို့။

" ဟီးဆွန်းဟျောင်း!! "

အပေါ်ထပ်ကနေ အသားကုန်ခြစ်အော်သံ၏ အသံပိုင်ရှင်သည် ဟီးဆွန်းရဲ့ အားနည်းချက်၊ ဟီးဆွန်းရဲ့အသက်ဖြစ်တဲ့ နီခီသာ။

" ကလေးလေး! "

" ခများ..ဘာလုပ်လိုက်တာလဲ ခများလူမသတ်ဘူးမှတ်လား ဟင် ဖြေစမ်းပါ "

သူ့ဆီကို ပြေးဝင်လာရင်း မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ မေး‌လာတဲ့ နီခီ။

" ကိုယ်ရှင်းပြမယ် "

" လူမသတ်ဘူးမှတ်လား ကျွန်တော်မေးတာဖြေပါ ကျေးဇူးပြုပြီး "

" ကိုယ်..တောင်းပန်ပါတယ် "

" လူသတ်ကောင်!! လူယုတ်မာ ကျွန်တော့်ကိုခများရဲ့ငါးစာအဖြစ်အသုံးချခဲ့ပြီး ကျွန်တော့်အဖေကိုပါ သတ်ရတာပျော်ရဲ့လားဟမ်!! "

" မင်းအဖေကရော? ငါတို့ ညီအကိုနှစ်ယောက် မိဘတွေရဲ့ အသတ်ကို နုတ်ယူခဲ့တဲ့ လူပဲလေ!! မင်းအဖေကို ပြန်သတ်တော့ မင်းက နာတယ်ပေါ့ "

" ဘာရယ်? ခများရူးနေတာလား!! "

ဟီးဆွန်းသည် နီခီ့၏ခြေထောက်ရှေ့တွင် ခစားလျက်တောင်းပန်စကားဆိုလေသည်။

" မင်းနာကျင်ရသလို ကိုယ်လဲနာကျင်ရတယ်က‌‌လေးရဲ့ ကိုယ်မင်းကို အမှန်တကယ်ချစ်ခဲ့တာပါ "

နီခီ့ကိုတင်းကြပ်စွာ ဖက်ထားရင်း ဟီးဆွန်းတစ်ယောက် ငိုနေမိသည်။ ထပ်တူနာကျင်ရပါတယ် ရီခီ၊ ထပိတူဝမ်းနည်းရပါတယ်၊ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ။

" ဟီးဆွန်းဟျောင်း! "

ဂျေးတားလိုက်ပင်မဲ့လည်း မမှီခဲ့ပါ။ဟယ်ဆွန်းပစ်လိုက်သည့် ကျည်၏ပစ်မှတ်သည် နီခီဆိုသော်လည်းဟီးဆွန်းကိုတည့်တည့်မှန်သွားခဲ့သည်။

" ဟျောင်း...! "

ကြမ်းပြင်၌ လဲကျသွားတဲ့ ဟီးဆွန်းရဲ့ ကိုယ်အား ဂျေးက သူ့ရဲ့ ကိုယ်ပေါ်တင်လိုက်သည်။

" ဂျေးရ...ရီ..ရီခီ့ကို ကူပြီး အ့..ရှင်းပြပါအုံးကွာ "

" ဟီးဆွန်းဟျောင်း စကားအများကြီးမပြောနဲ့ ကျွန်တော်ရှင်းပြပါ့မယ် "

" ဟီးဆွန်းဟျောင်း...ဟျောင်း! အသိစိတ်ကပ်ထားနော် နီခီ ဆေးရုံကားခေါ်!! "

" အားကိုးမယ်နော် ငါ့ညီလေးဂျေး၊ ရီခီ့ကို...နားလည်အောင် အ့! ပြော..ပြောပေးပါ "

ထိုအချိန် ဟီးဆွန်းရဲ့မျက်ဝန်းအိမ်သည့်တစ်ဖြေးဖြေးမှိတ်ကျသွားခဲ့ပြီး လောကကြီးနဲ့အဆက်အသွယ်‌ပျက်တောက်သွားခဲ့သည်။ ဟယ်ဆွန်းသည်လဲ ထိုနေရာ‌တွင်သာတောင့်တောင့်ကြီးရပ်နေမိပြီး ပြေးလဲမလွတ်တော့ပါ။

------

" ကိုကို! အသိစိတ် မလွတ်နဲ့နော် "

" ဟျောင်း! အားလုံးအဆင်ပြေသွားမှာ ဟျောင်းထွက်သွားလို့ မရဘူးနော် "

ဆေးရုံရဲ့hall တစ်လျှောက် တွန်းသွားတဲ့ Stretcherပေါ်တွက် ဟီးဆွန်း ကိုယ်ဟာလဲ သွေးတွေနဲ့ ပြည့်နှံ့နေသည်။

ခွဲစိတ်ခန်းထဲတွင် အချိန်ဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်သည် 12နာရီ နီးပါး အချိန်တွင် နီခီနဲ့ ဂျေးရဲ့ ရင်တွင် မီးအစိုင်အခဲကြီးကို ထည့်ထားရသလို။

" သေမင်း ပါးစပ်ဝက ပြန်လာတယ်လို့ ပြောရမလားပဲ ခွဲစိတ်မှု အောင်မြင်ပါတယ် "

‌ထိုအခါမှ သက်ပြင်းချနိုင်ပြီး ရယ်နိုင်တော့သည်။

" ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျေးဇူးအများကြီး တင်ပါတယ် အခုအခြေအနေရော "

" အခြေအနေက အားလုံး အဆင်ပြေနေပါတယ် "

------

" လူနာက စိုးရိမ်ရတဲ့အခြေအနေတော့ မရှိတော့ပါဘူး "

VVIP အခန်းတွင် လှဲလျောင်းနေသည့်ဟီးဆွန်းဘေးတွင် ဂျေးနှင့် နီခီတို့ထိုင်နေလေရဲ့။ ထက်ပြီးသာအရေးပေါ်အခြေအနေဆိုရင် ဆီးရွက်‌ထက်တောင်ပိုသေးသွားအုံးမယ်ထင်တယ်။

" ကျေးဇူးပါ ဒေါက်တာယန်း "

" မလိုပါဘူး ပတ်ခ်ဂျေးရှီး "

အခန်းထဲကထွက်သွားတဲ့ ‌ဂျောင်ဝန်းနောက်ကို ဂျေးတစ်ယောက် တကောက်ကောက်လိုက်သွားပုံကြည့်ရရင် ချစ်သူတွေဖြစ်ကျမယ်ဟု နီခီမှတ်ချက်လိုက်ပြီး ကုတင်ထက်က လှဲလျောင်းနေတဲ့ချစ်သူကို တစ်ချက်ကြည့်လိုက်သည်။ နှဖူးထက် ပလာစတာလေးရယ်နှင့် နှုတ်ခမ်းထောင့်ကသွေးစို့နေတဲ့နေရာလေးကအစ စွဲလမ်းဖို့ကောင်းလွန်းသည်။

" ချောရက်လိုက်တာခများရယ် "

------

" ဂျောင်ဝန်း.. "

" ဂျေးဟျောင်း? ဘာလိုလို့လဲ ဟီးဆွန်းလဲသတိရသေးတာမဟုတ်- "

" ကိုယ့်ကိုအခွင့်အရေးလေးမပေးချင်ဘူးလားဟင် "

" အခွင့်အရေး? တော်ပါတော့ပတ်ခ်ဂျေး နှောက်ယှက်ရတာ မဝသေးဘူးလား "

" ကိုယ်.. "

" ခများလိုလူကို ကျွန်တော်ပြန်မကြိုက်နိုင်ဘူး အကြောင်းအရင်းက ခများဖြစ်နေလို့ "

ခများဖြစ်နေလို့ချစ်တယ်။

" ဂျောင်ဝန်း "

" ခွင့်ပြုပါအုံး "

လှည့်ထွက်သွားချိန် ဝဲခနဲဖြစ်သွားတဲ့ ‌ဂျူတီကုတ်နဲ့အတူ ဂျောင်ဝန်းသည်လဲ ဂျေးကိုကျောခိုင်းခဲ့သည်။ ဒါမှဂျောင်ဝန်းငိုနေတာကို ဂျေးမမြင်နိုင်မှာလေ မလိမ်ပဲနေကြည့်ချင်ပင်မဲ့ ဒီနေ့တော့ အကြီးကြီးလိမ်လိုက်မိသည် အဲ့တာကတော့ ဂျေးဟျောင်းကို ချစ်ရက်နဲ့ မချစ်ဘူးလို့ပြောလိုက်တာပါပဲ။ကျွန်တော်သေလောက်အောင်ချစ်တယ်ဆိုတာ သိစေချင်တယ်။------

" ကိုယ်ရှင်းပြတာကို နီခီနားလည်တယ်မှတ်လား "

ဂျေးသည် ဟီးဆွန်းဘာလို့ နီခီ့အပေါ်ဒီလိုလုပ်ရလဲဆိုတာကို အသေးစိတ်ရှင်းပြနေလေရဲ့။

" ဟုတ်ကဲ့ကျွန်တော်နားလည်ပါတယ် "

" ဟီးဆွန်းဟျောင်းက မင်းကိုတကယ်နှစ်နှစ်ကာကာချစ်တာကိုတော့ ယုံပေးပါ မင်းအကြောင်းဆိုငါ့ဆီမှာအမြဲမေးတယ် "

" ဒါနဲ့ ဒေါက်တာယန်း နဲ့က- "

" ကိုယ်ကြိုက်နေတဲ့တစ်ယောက်ပါ သူကတော့ပြန်မကြိုက်ဘူး "

" တောင်းပန်ပါတယ် မမေးသင့်တာမေးမိလို့ "

" ရပါတယ် "

နှစ်ယောက်စကားကောင်းနေချိန် အိပ်ယာထက်က ဟီးဆွန်းသည်လဲ သတိပြန်လည်လာခဲ့သည်။

" ခန ဂျောင်ဝန်းကိုသွားခေါ်လိုက်အုံးမယ် "

အလျှင်အမြန်ပြေးထွက်သွား တဲ့ဂျေးသည် လျှောက်လမ်းကလူတွေဘယ်နှစ်ယောက်တောင် ဝင်တိုက်ပြီးပြီလဲမသိခဲ့ခြေ။------

နားနေခန်းထဲတွင် ဂျောင်ဝန်း ငူငူငိုင်ငိုင်ထိုင်နေရင်း စဉ်းစားခန်းဝင်နေလေရဲ့။ အကြောင်းမှာ သူ့စိတ်ထဲမှာ ဂျေးတကယ်ရှိနေတာလား၊ တကယ်ချစ်သေးရဲ့လားအကြောင်းပေါ့။

" ဒေါက်တာ!! ဒေါက်တာဂျောင်ဝန်း "

" ဘာဖြစ်လာတာလဲ! "

" ဟီးဆွန်း‌ဟျောင်း သတိရလာပြီ "

ဂျောင်ဝန်း ခုံ‌ပေါ်တင်ထားတဲ့ Stethoscopeကိုယူပြီး ဟီးဆွန်းအခန်းကို ပြေးလာမိသည်။

" သက်သာရဲ့လား ဟျောင်း "

" အင်း သက်သာပါတယ် "

ဂျောင်ဝန်းလဲ ပါလာတဲ့Stethoscopeလေးနဲ့ နှလုံးခုန်နှုန်း စမ်းပေးလိုက်သည်မှာ ထူးထူးခြားခြား နှလုံးခုန်နှုန်းတွေမြန်နေလေရဲ့။

" နှလုံးခုန်နှုန်းတွေ မြန်နေတယ် "

" အွန်း နီခီအနားမှာရှိလို့ နေမှာပေါ့ "

နီခီပါးသည် ချက်ချင်းရဲတက်သွားသည်မှာခရမ်းချဉ်သီးလေးလို။ ဂျောင်ဝန်းသည် ဟီးဆွန်းနဲ့ နီခီ့ရဲ့အခြေအနေကိုကြည့်ရင်း အားကျတာလိုလို ဝမ်းသာတာလိုလို ဖြစ်နေလေရဲ့။

" ဒါဆိုရင် တစ်ခုခုဖြစ်တာတွေရှိရင် ကျွန်တော့်ကိုခေါ်နော် "

" အွန်း..ကိုယ်အဆင်ပြေပါတယ် အဆင်မပြေတာ မင်းနောက်ကလူ "

တံခါးနားမှာ ရပ်နေတဲ့ဂျေးကို ဟီးဆွန်း မေးငေါ့ပြလိုက်တော့ ဂျောင်ဝန်းက အားနာနေသည့် မျက်ဝန်းတွေနဲ့ လှမ်းကြည့်သည်။

" ခေါင်မိုးထပ်မှာ စကားပြောရအောင်ဂျေးဟျောင်း "

လှည့်ထွက်သွားတဲ့ ဂျူတီကုတ်လေးနဲ့ အမျိုးသားလေးရဲ့ အမိန့်တော်အတိုင်း သူ့နောက်ကနေခေါင်မိုးထပ်ကိုတက်လာခဲ့တယ်။

ဆောင်းလေးသည် ဆေးရုံခေါင်မိုးထပ်ကို တိုက်ခတ်နေသည်မှာ သိပ်ကိုကြည်နူးစရာကောင်းသည်ဟု ယူဆရမယ်၊ ဘာလို့လဲဆိုတော့ ချစ်ရသူက ဘေးနားရှိနေလို့ပေါ့။

" အခုတလော- ကျွန်တော်မရှိတဲ့အတောအတွင်း အဆင်ပြေရဲ့လား "

" မေးရက်လိုက်တာ ကိုယ်ဘယ်လိုလုပ်အဆင်ပြေမှာလဲ "

ဂျောင်ဝန်းသည် မျက်နှာထက်တိုက်ခတ်သွားတဲ့ လေညှင်းလေးတွေကို မျက်လုံးမှိတ်လျက်ခံစားနေသည်မှာ သိပ်ကိုလှလွန်းသည်။ ယောင်္ကျားလေးတစ်ယောက်ကို 'လှတယ်' ဆိုတဲ့အသုံးအနှုံးမသုံးရပင်မဲ့ ဂျောင်ဝန်းအတွက်တော့သုံးပါရစေ ဘာလို့လဲဆိုတော့ သိပ်လှလို့လေ။

" အရင်လိုပြန်နေရင်ရော "

အတန်ကြာတိတ်ဆိတ်နေတဲ့ ဂျောင်ဝန်းဆီက ထွက်ပေါ်လာတဲ့စကားကြောင့် ဂျေးမျက်ဝန်းထက် မျက်ရည်များစီးကျလာခဲ့တယ်

" နောက်နေတာမဟုတ်ဘူးမှတ်လား "

ဂျောင်ဝန်းသည် ခပ်သိမ့်သိမ့်ရယ်လိုက်ပြီး

" မနောက်ရပါဘူး ကျွန်တော်လဲပင်ပန်းတယ် မုန်းချင်ယောင်ဆောင်ရတာကို "

" ကိုယ်လဲပင်ပန်းနေပြီ "

ဂျေးသည် ဂျောင်ဝန်းရဲ့ ခါးသွယ်သွယ်လေးကို သူ့ဘက်ပါအောင် ဆွဲယူလိုက်ပြီး လွမ်းနေခဲ့တဲ့နှုတ်ခမ်းသားလေးကို နမ်းရှိုက်လိုက်သည်။

ဆေးရုံခေါင်မိုးထပ်က အနမ်းဖလှယ်နေသည့် ဒေါက်တာနှင့် မာဖီးယားလေးတို့သည် သိပ်ကိုကြည်နူးစရာကောင်းလှသည်။-----

" ဒါဆို ဂျေးပြောပြလို့သိပြီးပြီပေါ့ "

" အကုန်သိပြီးပြီ "

" ကိုယ့်ကို ခွင့်လွှတ်မယ်မဟုတ်လား "

နီခီက ဟီးဆွန်းရဲ့ နှဖူးပေါ်ကျနေတဲ့ဆံပင်တွေက အသာတကြီဖယ်ပေးလိုက်ပြီး ခေါင်းကိုဖြေးဖြေးချင်းညှိမ့်ပြတယ်။

" ကျေးဇူးတင်ပါတယ် "

" ဟျောင်းသိလား...ကျွန်တော်တွဲဖူးသမျှထဲမှာအချစ်ပေးဆုံးနဲ့ နာကျင်မှူအပေးဆုံးက ဟျောင်းပဲ "

" ကိုယ်တောင်းပန်ပါတယ် နောက်ဆိုရင် ကိုယ်မင်းကို တကယ်ချစ်ပေးသွားပါ့မယ် ကတိပေးပါတယ် နော်ရီခီ "

ရုတ်တရက်နီခီက ဟီးဆွန်းနှုတ်ခမ်းလေးကို လှမ်းနမ်းလိုက်တာမို့ အီသန်လီခမျာ ကြောင်အအဖြစ်သွားသည်။

" ဘာလို့ အလစ်နမ်းတာလဲ ပေါ်တင်နမ်းပါ "

" ဟာ‌ တော်ရောပေါ့ ဟျောင်းကလဲ "

ရေထ ခတ်တဲ့နီခီ့ကိုဟီးဆွန်းက ရုတ်တရက်လှမ်းဆွဲလိုက်ပြီး သူ့‌ပေါက်ပေါ်မှာထိုင်စေတယ်။ ဂျပန်ကောင်လေးကတော့ မျက်လုံးလေးအပြူးသား။ရုတ်တရက် စုတ်ယူလိုက်ချိန်ရလိုက်တဲ့ အနံ့သက်လေးသည် ဘာနဲ့မှလဲလို့မရ။ ဆေးရုံခန်းထဲက တစ်ချက်တစ်ချက်ရလိုက်တဲ့ ‌ပိုးသတ်ဆေးအနံ့ဟာလဲ နီခီ့နှာခေါင်းထဲတွင် ရတော့မည်မထင်။ ဟီးဆွန်းရဲ့ကိုယ်သင်းရနံ့သည် အနမ်းများနှင့်အတူ တစ်စွတ်ထိုးဝင်ရောက်လာသည်။

" ဟျောင်း ဆေး...ဆေးရုံမှာလေ "

" ကိုယ့်ဘေဘီလေးက ရှက်နေတယ်ပေါ့ "

ချက်ချင်းနီမြန်သွားတဲ့ ပါးလေးကို ဟီးဆွန်းက တစ်ချက်နမ်းလိုက်ပြီး ရယ်မောမိတယ်။ဒီမြင်ကွင်းသည် ဘာနဲ့လဲလို့မရတဲ့ မြင်ကွင်းဖြစ်သည် ထိုနေ့ညမှာ ဆိုးလ်မြို့ရဲ့ နာမည်ကြီးဆေးရုံရဲ့ အပေါ်ဆုံးထပ်တွင် ကောင်လေးနှစ်ယောက်အနမ်းဖလှယ်နေပုံနှင့် ဆေးရုံခန်းထဲ ချစ်ကြည်နူးနေကြတဲ့ ကောင်လေးနှစ်ယောက်တို့သည် သိပ်ကို ပြီးပြည့်စုံလှသည်။

The..END....

------3.12.2023

ကဲပါ နောက်ဆုံးတော့လဲ ခွဲရပြန်ပြီ ဒီဟာလေးက ဖန်တီးသမျှထဲမှာ အကြုက်ဆုံးပါ။

နောက် comeback ကြရင် အမိုက်စား တွေနဲ့ ပြန်လာခဲ့ပါ့မယ်။

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories