Fanfics

Part 14

10:06, 3 December 2023

ကုတင် ပေါ်၌ ဟီးဆွန်းရဲ့ လက်မောင်းပေါ်ခေါင်းအုံးအိပ်နေတဲ့ နီခီကို ဟီးဆွန်း သေချာ ကြည့်နေမိသည်..။

အိပ်ပျော်နေတာကြောင့် သူ့လက်မောင်းနဲ့ ကပ်နေတဲ့ ပါးအိအိလေးတွေ‌ဟာ အပေါ်သို့ ဖောင်းတက်နေသည်။ ဟီးဆွန်းဖြင့် လဲကျရပါတယ်။

တုန်ခါလာတဲ့ ဖုန်းကြောင့် ဟီးဆွန်း Nightstand ပေါ်ကြည့်မိတော့ ဂျေးဆီက ဝင်လာတဲ့ မက်ဆေ့တစ်ခု။ အကြောင်းမှာ သူတို့ company က အချက်အလက်အချို့ ပျောက်နေသည် ဟု ပြောသည်။

မဖြစ်နိုင်တာ သိပ် စည်းကမ်းတင်းကြပ်ပြီး၊ သိပ်ကို လုံခြုံတဲ့ Lee Group က ဘာကြောင့် များ အချက်အလက်‌တွေ ပျောက်နေရမှာလဲ။

သူ့လက်မောင်းပေါ်၌ အပူပင်ကင်းကင်း အိပ်ပျော်နေတဲ့ ကလေးလေးကို မနိုးစေရန် ဖြေးဖြေးသက်သာလေး ခေါင်းအုံးပေါ် တင်ပေးလိုက်ပြီး ဖုန်းပြောရန် ထွက်လာခဲ့သည်။

" ဘယ်လို ဖြစ်တာလဲ ဂျေး! "

' မသိဘူး ဟျောင်း.. ဟယ်ဆွန်းကလဲ သူမသိဘူးလို့ ပြောနေတယ် ဟယ်ဆွန်းလဲ ဒဏ်ရာရထားတယ် ညလောက်က လူတစ်ယောက် company ထဲဖောက်ဝင်တယ် ပြောတယ် '

" ကျစ်! သေလိုက်ပါတော့ကွာ! အခုရော အခြေအနေ "

' အဓိက အရေးကြီးတဲ့ အချက်တွေပဲ ပျောက်သွားတာ ရိုးတော့ မရိုးသားဘူး ပြီးတော့ ဟယ်ဆွန်းရဲ့ ဒဏ်ရာကလဲ လုပ်ဇာတ်ပုံစံလို '

What the... မဖြစ်နိုင်တာ company ရဲ့ သစ္စာရှိတဲ့ အလုပ်သမားကလေ။

" ကိုကို.. "

နိုးကာစဖြစ်တာကြောင့် ခပ်ဩဩရှရှ အသံနက်ကြောင့် ဟီးဆွန်း လှည့်ကြည့်မိတော့ မျက်လုံးလေးကို ပွတ်ကာ ဝရန်တာက သူ့ကို ရပ်ကြည့်နေတဲ့ နီခီ။

ဟီးဆွန်း အသဲယားလွန်းလို့ ပြေးဖက်မိပြီး နှုတ်ခမ်းလေးတွေကို နမ်းရှိုက်လိုက်သည်..။

" နောက်ပြီးတော့ရော "

' တုတ်နဲ့ ရိုက်လိုက်တဲ့ ဒဏ်ရာဆိုရင် တော်တော် ပေါက်သွားမှာဆိုပင်မဲ့ အခုဟာက သေးသေးလေး ဟျောင်းသာ မြင်ရင် ရယ်လိုက်တယ် '

" Hk! ကြည့်ရတာ ထမင်းကျွေးတဲ့ လက်ကို ကိုက်သွားပြီ ထင်တယ် ငါလာခဲ့မယ် ဂျေး.. အခုတော့ ဒါပဲ "

*Ti

" ဘာဖြစ်လို့လဲ ကိုကို "

" Company မှာ ပြဿနာတက်တယ် ကလေး "

" ဟင်! ဘယ်လို ဖြစ်တာ‌တုန်း "

" အရေးကြီးတဲ့ အချက်အလက်တွေ အခိုးခံလိုက်ရတယ် "

" ဒါဆိုရင်သွားရ‌မှာပေါ့ စိတ်ကိုထိန်း ဒေါသကိုရှေ့တန်းမတင်နဲ့ နော်! "

ဟီးဆွန်းပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်နမ်းပြီး နီခီကဆုံးမနေလေရဲ့။ မင်းကိုယ့်ကိုပိုချစ်ပြလေ ကိုယ်ကနောင်တရပြီး နာကျင်လေလေပဲအသက်၊ တစ်နေ့မင်းကိုယ့်သရုပ်မှန်သာသိသွားရင် သေချာပေါက်စိတ်ပျက်မိမှာပဲ။ ကိုယ်တောင်းပန်ပါတယ်။

" ကိုယ်တောင်းပန်ပါတယ် "

" ဘာအတွက်လဲ၊ အပြစ်မလုပ်ပဲနဲ့တောင်းပန်တယ် ဟုတ်လား "

ဟီးဆွန်းသည် ပုံမှန်ဆို တော်ရုံတောင်းပန်တတ်သည့်လူမဟုတ်ပါ၊ ဒီတောင်းပန်စကားသည် ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်သာဖြစ်သည်။

ဘာအတွက်လဲဆိုတော့ မင်းကို လှည့်စားမိတဲ့အတွက်၊ မင်းကို ကိုယ့်ရဲ့ ငါးစာအဖြစ် အသုံးချမိတဲ့အတွက်။

ဒါပင်မဲ့ ကိုယ်မင်းကို ပေးခဲ့တဲ့ မေတ္တာတွေက အစစ်အမှန်ပါ ကလေးရယ်..။

" ဒီတိုင်း...မင်းအပေါ်အပြစ်မကင်းသလိုခံစားရတယ် "

" ဘာစကားတွေလဲ ကိုကိုရယ် ကျစ်! ငိုနေတယ် "

ဟီးဆွန်းပါးပေါ်က မျက်ရည်တွေကိုတွေ့တော့ နီခီက စိတ်ပျက်စွာ စုတ်တစ်ချက်သက်လိုက်သည်။

" သန်မာတဲ့ ကျွန်တော့်ရဲ့ကိုကို ကျွန်တော့်ကိုကာကွယ်ပေးနိုင်တဲ့ကိုကို ကိုပဲလိုချင်တယ် ငိုနေတာတိတ်ပြီး အခုသွားတော့ အားလုံးအဆင်ပြေသွားရင် ကျွန်တော့်ကိုဖုန်းဆက် "

" ကိုကို့ကလေးလေး နားလည်‌ပေးရုံနဲ့တင် ကိုကိုက ကျေးဇူးတင်လှပြီ "

ပိုမို တင်းကြပ်စွာ ဖက်ထားရင် ဆိုလေသည်။နှာခေါင်းဝထဲ ဝင်လာတဲ့ ရိုးမအီသွားတဲ့ Lavender ကိုယ်သင်းရနံ့လေး။

" သွားတော့ ကိုကို ပြဿနာတွေ ကြီးကုန်မယ် "

" ဟုတ်ကဲ့ပါဗျ... "

အမှာစကားပါးနေသည့် ‌ချစ်သူကောင်လေးရဲ့ နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်ပြီး ထိုတိုက်ခန်းလေးမှထွက်ကာCompany သို့ အပြေးအလွှား ထွက်လာခဲ့မိသည်။

ရိုးရိုးသား‌သား ကိစ္စတော့ မဟုတ်၊ ထိုအချက်အလက်တွေ ပျောက်တဲ့ထဲမှာလဲ ဟယ်ဆွန်းက အဓိက တရားခံဖြစ်နေနိုင်တယ်‌။

------

" ဒါဘယ်လိုဖြစ်ရတာလဲ!! ဟယ်ဆွန်း!! "

ရုံးခန်းအတွင်း၌ ပျံ့နှံ့သွားတဲ့ ဒေါသသံကပ်ပါနေတဲ့ စကားအချို့။ လက်ထဲက စာရွက်စာ‌တန်း အချို့ကို ဟယ်ဆွန်း ဆီသို့ ပြစ်ပေါက်လိုက်ရင်း ဆိုလေသည်။

" ကျွန်တော်လဲ မသိပါဘူး၊ ကျွန်တော် တွေ့တော့ ကျွန်တော့်ကို ရိုက်ခဲ့တာ "

" မင်း!! ပေါ့ဆလှရီလား!! "

" တောင်းပန်ပါတယ် သူဌေး "

ဟီးဆွန်းဒေါသနဲ့ လက်ထောက် ဂျောင်ဟယ်ဆွန်း အသတ်ခံရတော့မှာသိတဲ့ ဂျေးက ဟယ်ဆွန်းကိုမျက်ရိပ်ပြပြီးအခန်းထဲကထွက်သွားခိုင်းလိုက်သည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အဆုံး ဟီးဆွန်းခုံပေါ်ခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပြီး မျက်နှာကြပ်ကိုသာ ပြဿနာရှာဖို့တွေးနေလိုက်တယ်။

" ဟျောင်း "

" ဂျေးရ ငါဘာလုပ်ရမလဲ၊ အာပါးချစ်တဲ့ company ကငါ့လက်ထက်မှအခုလိုဖြစ်နေတယ်၊ ဒီအတောအတွင်းဘာတွေဖြစ်နေတာလဲ "

" စိတ်ကိုအေးအေးထားပါ "

ဟီးဆွန်းထိုင်နေရာက ထကာမှန်တွေနားကပ်လိုက်ပြီး ဆိုးလ်မြို့ရဲ့နေ့ခင်းဘက်အလှနှင့် company ဝန်းမှဝန်ထမ်းတွေ ဟိုပြေးဒီပြေးဖြင့်အလုပ်ကြိုးစားနေပုံကိုကြည့်နေသည်။

အချို့လူတွေ အပူအပင်ကင်းမဲ့စွာ သွားလာနေပုံမြင်တော့ ဟီးဆွန်း အားကျမိပါတယ်။

သက်ပြင်းအကြိမ်ကြိမ် ချမိသည်။ သက်ပြင်းချရင် အသက်တစ်ရက်တိုတယ်ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဟီးဆွန်းသေတာကြာရောပေါ့။

လှည့်ထွက်မယ် ကြံတော့ မြင်ကွင်းတစ်ခုဟာ သူ့ကို တားဆီးလေ၏။

" ဂျေးရ ဂျောင်ဟယ်ဆွန်းဟိုမှာ "

" ဟမ်! ဘယ်မှာ? "

ဂျေး လုပ်လက်စ အလုပ်တွေ ပြစ်ချရင်း ဟီးဆွန်းဆီ သွားကာ ဟီးဆွန်းလက်ညိုးညွှန်ရာကြည့်လိုက်တော့ company ရဲ့ခပ်လှမ်းလှမ်း‌တွင် ကားအနက်ကို ကျော်မှီကာရပ်နေ သည့်လူကို ဖိုင်တစ်ချို့ပေးနေသည်။ ထိုဖိုင်ကိုလက်ခံသည့်သူမှာ ဟီးဆွန်းတို့ရဲ့ရန်ဖက် 'Nishimura Haruki' သာ။

" ဟုတ်...တယ်! ဟိုမှာ ခွေးသတောင်းစားကြီး Haruki "

" တောက်!! ခွေးမသား!! "

" ဟျောင်း!! စိတ်အေးအေးထားပါဗျာ "

" ဒီလောက် အခြေအနေကိုစိတ်အေးအေးထားခိုင်းနေတာ ဘာလဲငါ့စိတ်ကိုရေခဲသေတ္တာထဲထည့်ထားရမှာလား တောက်! မင်း- "

" ဟျောင်း! ဘယ်သွားမလို့လဲ "

အပြင်ထွက်ရန်ပြင်နေတဲ့ဟီးဆွန်းကို ဂျေးလှမ်းတားလိုက်သည်။ ဒီအခြေအနေနဲ့ ဟီးဆွန်းဒေါသကိုပေါင်းလိုက်ရင် မီးလောင်လာ လေပင့်အနေအထားဖြစ်ရုံတင်မက ဓာတ်ဆီလောင်း သိလိုပါ ဖြစ်သွားနိုင်သည်။

" သွားသတ်မလို့ "

အသံဟာ တည်ကြည်၍ ဩဇာအပြည့်။ ပြောရင် ပြောသလို လုပ်တတ်ပြီး၊ ညှာတာမှု တင်းမဲ့တဲ့ ပုံစံ။

" ကျွန်တော်လဲလိုက်မယ် "

" မင်းနေခဲ့ "

" ဟျောင်း...ကျေးဇူးပြုပြီး...ဟျောင်းသေရင်ကျွန်တော်သေမယ် ဟျောင်းရှင်ရင် ကျွန်တော်ရှင်မယ် ကျွန်တော့်အသက်ကဟျောင်းလက်ထဲမှာ "

ဒါဟာ ဂျေးပြီးစလွယ် ပြောလိုက်တာမျိုးမဟုတ်ပဲ ရင်ထဲကို ပါတဲ့စကားတစ်ခွန်းဆိုတာ ကောင်းကင်ဘုံက မိဘနှစ်သားအသိဆုံး ဖြစ်မည်။

" ကျွန်တော့်မှာအစီစဉ်ရှိတာမို့ နာရီပိုင်းပဲစောင့်ပေးနိုင်မလား "

ကမ်းလှမ်းချက်အား အနည်းငယ် စိတ်ဝင်စားတဲ့ ဟီးဆွန်းဟာ တံခါးလက်ကိုင်ပေါ်က ‌လက်သွယ်သွယ်တွေကို ဖြေလျော့ရင်း ဘောင်းဘီ အိတ်ထဲ ထည့်လိုက်သည်။

သက်ပြင်းချလျက် ဂျေးကို တစ်ချက် မျက်စိလှန်ကြည့်ကာ...။

" ကောင်းပြီး ယုံကြည်ပေးပါ့မယ် "

" ကျေးဇူးပါ "

" ငါလဲ...ကျေးဇူးပါ.. "

အတွင်း၌ တိမ်ဝင်သွားတဲ့ လေသံ။

အခုအချိန်သူ့ခေါင်းထဲမှာ နေရာယူနေသည့်မှာ ကောင်လေးတစ်ယောက်သာ။ အကယ်၍သူရဲ့ သရုပ်အမှန်၊ အလုပ်အမှန်သာသိသွားရင် နီခီမုန်းသွားမလား။ တွေးလေ နာကျင်လေ ၊ တွေးလေ နောင်တရလေ ၊ တွေးလေ လိပ်ပြာမလုံလေဖြစ်နေ၏။ သူ့ကိုယ်သူလဲမုန်းသည် ဂျေးသတိပေးနေရက်ကြားထဲကိုမှ ရူးရူးမိုက်မိုက် ချခဲ့သည့်အကြံအစဉ်ကြောင့် သူတင်မက နီခီ့ပါ နာကျင်ရတော့မည် ထင်ပါရဲ့။

" ကိုယ်မင်းကို ဘယ်လိုမျက်နှာပြရမလဲကွာ "

ဟီးဆွန်းရဲ့စကားဟာ ဂျေးကိုလဲထိခိုက်စေသလို ကောင်းကင်ဘုံက သူ့မိဘတွေကိုလဲအလားတူထိခိုက်စေသည်။

ပြီးတော့ ကောင်းကင်ဘုံက မိဘနှစ်ပါးနဲ့ ကျေးဇူးရှင် အန်ကယ်နဲ့ အန်တီကိုလဲ အားနာမိပါရဲ့..။

-----

*Knock knock*

" သား နီခီ "

ထူးဆန်းစွာဖြင့် Mr. Nishimura Haruki ဟာ နီခီ့တီ အလည်လာခဲ့တယ်။ အရင်ကဆို နီရှီမူရာ! လို့ အထက်စည်းဆန်ဆန် ခေါ်တတ်တဲ့ အဖေဟာ ဒီနေ့တွင်‌တော့ တရင်းတနှီး သား လို့ခေါ်ခြင်းကြောင့် နီခီ သံသယတော့ ဝင်မိတယ်။

သူ့အဖေအပြင် နောက်ထက် သူ့တပည့် ငါးယောက်ပါ ပါသေးတယ်။

" ဝင်လာ! "

ခွင့်ပြုချက်ရတော့ သူ့ရဲ့ boots အားချွတ်ကာ တိုက်ခန်းထဲသို့ ဝင်လာသည်။

" ထူးဆန်းလို့ပါလား ဘာကိစ္စတုန်း "

" ငါ့သား..ကို အဖေတစ်ခုပြောပြစရာရှိလို့ "

" ပုံမှန်တိုင်းပဲ ပြောပါ၊ 'သား' 'အဖေ' ဆိုတဲ့ အဲ့အသုံးအနှုန်းကြီးကို သဘောမကျဘူး အရင်ကလို 'မင်း' နဲ့ 'ငါ' ပဲသုံးပါ "

နီခီ့အဖေဟာ တစ်ချက်ရယ်လိုက်ပြီး..။

" ကောင်းပြီ..မင်း Lee Group CEO နဲ့ တွဲနေတယ်ဆို "

TV ပေါ်သို့ ရောက်နေတဲ့ နီခီ့ရဲ့ အကြည့်တွေဟာ ဒိန်းခနဲ ဆိုသလို သူ့အဖေဆီသို့။

" ဟုတ်နေတာပဲ အဲ့လူရဲ့ နာမည်က အီဟီးဆွန်း တစ်ခုထဲ မဟုတ်ဘူးနော်.. အီသန်လီ လဲရှိသေးတယ် "

" ဘာ? "

အခုပြောနေတာတွေက အဖေသူတို့နှစ်ယောက်ကို သပ်သပ် သွေး‌ခွဲချင်လို့ မဟုတ်လား။

" ရူးနေတာလား? ကိုကိုက အဲ့လိုလူစားမျိုးမဟုတ်- "

သူ့မျက်စိရှေ့သို့ ရောက်လာတဲ့ ဓာတ်ပုံအချို့။ တစ်ချို့ပုံတွေမှာ သေနတ်ကိုင်ထားတဲ့ ဟီးဆွန်းရဲ့ ပုံ၊ တစ်ချို့တွေမှာ Cocaine တွေကို လိုက်လံစစ်ဆေးနေပုံ။

" ပြီးတော့ ဒါလေးပါ ကြည့်လိုက်အုံး "

သူ့မျက်စိရှေ့က Laptop screen ထက် ပေါ်နေတဲ့ သေနတ်ကိုင်ထားတဲ့ ဟီးဆွန်းရဲ့ video။

' မင်း ဘာပဲဖြစ်နေဖြစ်နေ ငါတော့ မင်းဂိုဏ်းကို အလွတ်မပေးဘူးနော် '

' ကောင်းကောင်း မွန်မွန် ပြောနေချိန်မှာလက်ခံလိုက်ပါ '

' ပြောနေတာကို နားမလည်ဘူးလားမင်းတို့- '

*ဒိုင်း

ဟီးဆွန်းကိုင်ထားတဲ့ သေနတ်ဆီက ထွက်လာတဲ့ ကျည်ဟာ မျက်စိရှေ့က သူမသိတဲ့ လူတစ်ယောက်ရဲ့ ခေါင်းကို ဖြတ်ကာ အသက်ကို နုတ်ယူသွားခဲ့တယ်။ ဒီလို လုပ်ရက်တွေ လုပ်နေတာ ဟီးဆွန်းတစ်ယောက်ထဲတော့ မဟုတ် ဂျေးပါ ပါသေးတယ်။

" ကဲ..ယုံပြီလား "

" ဒါတွေ ဘယ်ကဘယ်လိုရတာလဲ ကိုကို့ကို လိုက်ပြီး stalk နေတာလား ကိုကိုသာ ပြန်ကြားရင် အဆင်မပြေဘူးနော် "

" ဟား!! မင်းကတော့ ရူးနေတာပဲ သွက်သွက်ခါအောင် ရူးသွားပြီ ငါက ဘာကိစ္စကြောက်ရမှာလဲ မင်းကိုကို ကို? "

ဟီးဆွန်းရဲ့ ပါးစပ်ကနေ 'သူဟာရာဇဝတ်သား ဟုတ်ရပါတယ်' လို့မ‌ပြောမချင်း သူဟာ ယုံအုံးမည်မဟုတ်။ အကယ်လို့ ဟုတ်ခဲ့သည် ရှိသော်၊ နီခီက ဟီးဆွန်း လူသတ်ရင် အနောက်ကနေ အလောင်း လိုက်ဖျောက် ပေးတော့မှာ။

လိမ္မာခဲ့တုန်းကလဲ အတူတူပဲလေ၊ ဆိုးတော့မှ ဟီးဆွန်း တစ်ယောက်ထဲဆိုရင် မတရားရာ ကျသွားမှာပေါ့။

" ဘာတွေပဲ ဖြစ်နေ ဖြစ်နေ၊ ကျွန်တော်က ကိုကို့ကို ယုံကြည်တယ်လေ ကိုကိုပါးစပ်က သူက ရာဇဝတ်သား ဟုတ်တယ်လို့ ဝင်မခံမခြင်း ကျွန်‌တော်က ယုံအုံးမှာ မဟုတ်ဘူး၊ လူတိုင်းက မှန်နေနိုင်တာမှ မဟုတ်တာ "

သားဖြစ်သူရဲ့ စကားကြောင့် နီခီ့အဖေဟာ ခပ်ဟဟ ရယ်လိုက်သည်။

" နောက်ပြီးတော့ မေးပါအုံးမယ်၊ အခုလာရင်း ကိစ္စက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လာပြီး ခွဲတာလား ဒါဆို ဆောရီးပါ "

" ခေါ်လာခဲ့ စမ်း ဒီကောင့်ကို! "

အနောက်က အရိုက်ခံလိုက်ရတာကြောင့် နီခီ့မှာ ကြမ်းပြင်၌ လဲကျသွားခဲ့ရသည်။

----2.12.2023

နောက်တစ်ပိုင်းဆို ပြီးပြီ။

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories