5
17:24, 5 September 2024ဂျိတ်ခ်ရဲ့အိမ်မှာပစ္စည်းတွေချပြီးတာနဲ့ပြန်မလို့လုပ်နေတုန်း
"မုန့်...စာသွားဦးလေ"
"ဪ?"
"မုန့်မင်းအတွက်...ထပ်ဝယ်ပေးထားတယ်စားသွားပြီးမှပြန်လေအချိန်ရတယ်မလား?"
"ရတာပေါ့မုန့်အတွက်ပဲဟာ" ဆိုပြီးတစ်ခုပြီးတစ်ခုထိုင်စားပစ်နေတော့ဂျိတ်ခ်ကသဘောတွေကျနေကာ
"ဖြေးဖြေးစားဦးနင်ဦးမယ်"
"ဪ"
"..."
"စားလို့ကောင်းလိုက်တာဒါနဲ့ဒီလောက်အများကြီးကိုငါ့အတွက်တကယ်ကြီးဝယ်ပေးထားတာပေါ့?"
"ဪ"
"မဝယ်ပေးလည်းရတာပဲကိုးနောက်တစ်ခါကျအဲ့လိုမလုပ်ပါနဲ့အားနာလို့"
"သူငယ်ချင်းတွေကအားမနာရဘူးမဟုတ်ဘူးလား?မနေ့ကစာထဲမှာသေချာပေါက်..."
"စာထဲမှာသူငယ်ချင်းတစ်ယောက်ထားရင်ဘယ်လိုဆက်ဆံသင့်လဲဆိုတာဖတ်ပြီးအခုလိုတွေလုပ်နေတာလား?"
"ဪ...အာမဟုတ်ပါဘူး"
"နောက်တစ်ခါဒီလိုတွေလုပ်စရာမလိုပါဘူးဒါပေမဲ့ငါကတော့မုန့်ကြိုက်တာမို့ချွင်းချက်ပေါ့အတူတူစားတာဖြစ်ဖြစ်ပဲလုပ်ရအောင်"
"ဪ"
"ဒီလိုလုပ်ပိတ်ရက်အားတယ်မလား?"
"ပိတ်ရက်?"
"ဪ"
"အားတယ်"
"ငါလုပ်နေကျအရာတစ်ခုရှိတယ်"
"လုပ်နေကျအရာ?"
"ဪမင်းငါနဲ့လိုက်ခဲ့ရမယ်"
"ဒိတ်လား?"
"ဪ" ဆိုပြီးပြုံးလိုက်ပြီးပိတ်ရက်လည်းရောက်ကောညပိုင်းကိုဂျိတ်ခ်ဆီဖုန်းလှမ်းဆက်တော့တာပေါ့...။
"ဟယ်လို"
"ဟယ်လို"
"အဆင်သင့်ဖြစ်ပြီလား?"
"ရေချိုးနေတာ"
"အာဟုတ်လား?ငါအခုမင်းအိမ်ရှေ့ရောက်နေပြီဝင်လာခဲ့ရမလား?"
"အိမ်ရှေ့တောင်ရောက်နေပြီလား?ဪဝင်လာခဲ့လိုက်"
"ဪဪ" ဆိုပြီးဖုန်းချလိုက်ပြီးအိမ်ထဲကိုဝင်လာကာမီးဖိုချောင်ထဲဂျိတ်ခ်ကအင်္ကျီဗလာနဲ့ရှိနေတော့စချင်စိတ်ဖြစ်သွားတော့တယ်...။
အသက်ရှူသံကိုကြားသွားပြီးလှည့်ကြည့်လိုက်တော့ဆောင်းဟွန်းကပြေးလာဖို့ပြင်နေတာနဲ့
"ဟိုက်..ရေတွေရှိတယ်မပြေးလာနဲ့" ဆိုပြီးပြောနေတုန်းပဲရှိသေးဆောင်းဟွန်းကပြေးလာတာပေါ့...။
ရေတွေကလည်းအောက်မှာရှိနေတော့ခြေချော်ပြီးဂျိတ်ခ်အပေါ်ကိုပြုတ်ကျသွားတော့ဆောင်းဟွန်းတစ်ယောက်ဂျိတ်ခ်ရင်ခွင်ထဲရောက်သွားတော့တယ်...။
ချက်ချင်းဆောင်းဟွန်းကထလိုက်ပြီးလက်ကမ်းပေးလိုက်ကာ
"ထလေထူပေးမယ်"
"ဪ" ဆိုပြီးထလာပြီး
"ရရဲ့လား?နာသွားသေးလား?"
"ဪရတယ်အဝတ်အစားဝတ်လိုက်ဦးလေပြီးရင်သွားမယ်"
"ဪ" ဆိုပြီးအဝတ်အစားလဲခန်းထဲကိုပြေးဝင်သွားတာပေါ့...။
အခန်းတံခါးနောက်မှာရှက်နေတဲ့ဂျိတ်ခ်ကရင်ခုန်မရပ်တော့ပဲမျက်နှာတစ်ခုလုံးနီရဲတက်နေကာတစ်ဖက်မှာဆောင်းဟွန်းလည်းသက်ပြင်းချနေရတော့တယ်...။
"ခံစားချက်ကတစ်မျိုးကြီးပဲ" ဆိုပြီးပြောနေတုန်းခံ့ခံ့ညားညားနဲ့ထွက်လာတဲ့ဂျိတ်ခ်ကိုခေါင်းစခြေဆုံးကြည့်လိုက်ကာ
"မင်း?ဒါဝတ်လာမယ်လို့တော့မပြောနဲ့နော်"
"ဒိတ်ဆိုငါအွန်လိုင်းပေါ်ကသေချာရှာကြည့်ထားတာပါမဟုတ်ဘူးလား?" ဆိုပြီးမေးတော့ကြိတ်ရယ်နေတာပေါ့...။
"ဪ?"
"ငါပြောတဲ့ဒိတ်ဆိုတာ...လမ်းဘေးမှာကြယ်တွေလတွေကြည့်ရင်းပေါင်မုန့်သွားစားမယ်ပြောတာဟိုဒိတ်မဟုတ်ဘူးဒီအချိန်ကြီးလျှောက်သွားလို့မှမရတော့တာ"
"အာ...ဆောရီးအမှားလုပ်မိပြီ"
"ငါ...မင်းကိုအင်္ကျီဆင်ပေးမယ်လာ" ဆိုပြီးလက်ကိုဆွဲသွားပြီးအဝတ်အစားလဲခန်းထဲကိုပြန်ဝင်သွားကြကာအဝတ်အစားလည်းလဲပြီးကောလမ်းဘေးလေးမှာပေါင်မုန့်သွားထိုင်စားကြတော့တယ်...။
"လမ်းဘေးမှာပေါင်မုန့်စားရတာအကောင်းဆုံးပဲမြင်ကွင်းလည်းလှတယ်"
"ဒီလိုလာစားနေကျလား?"
"ဪကြယ်တွေကိုလည်းသေချာမြင်ရတယ်ကားတွေကိုလည်းသေချာမြင်ရတယ်ဒီကိုလာတာသာသိရင်မေမေကသတ်မှာ"
"မကြိုက်ဘူးလား?"
"မေမေကပြောတယ်နင့်ကိုငါကပိုးမွေးသလိုမွေးတယ်ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားတယ်နင်ကတော့သူတောင်းစားလေးလိုလျှောက်သွားနေတယ်တဲ့လေ"
"အန်တီအသံကိုကြားနေရသလိုပဲ"
"မေမေ့အသံနဲ့တူလို့လား?"
"ဪ"
"နေတာကြာလာလို့ဖြစ်မှာပေါ့"
"..."
"အဆင်ကောပြေရဲ့လား?အနားကပ်ထိုင်လေအခင်းကသေးသေးလေးကိုးအောက်မှာအေးတယ်ဒီဘက်တိုး" ဆိုပြီးလက်ကိုဆွဲလိုက်တော့မျက်နှာနားကပ်သွားပြီးဆောင်းဟွန်းကရှောင်လိုက်ကာ
"ဆိုဂျူသောက်လေရော့"
"ဪ"
"ဆိုဂျူနဲ့ပေါင်မုန့်ကအလိုက်ဖက်ဆုံးပဲဟုတ်တယ်မလား?"
"ဪဟုတ်တယ်"
"ကြယ်တွေကိုရေတွက်ချင်လိုက်တာမဖြစ်နိုင်တဲ့အရာတွေကိုလုပ်ချင်တာငယ်ငယ်လေးကတည်းကအကျင့်ဖျောက်ဖျက်လို့ကိုမရဘူး"
"မဖြစ်နိုင်တဲ့အရာတွေကိုလုပ်ဖို့အတွက်ကြောက်ရွံနေတာထက်စာရင်တော့ကောင်းပါတယ်"
"ဟုတ်တယ်မလား?မင်းလည်းသဘောတူတယ်မလား?ငါ့အမေကိုကူပြောပေးစမ်းပါသူကနားမလည်ဘူးလေ"
"အန်တီကစိတ်ပူလို့ဖြစ်မှာပါ"
"လူတိုင်းကအဲ့လိုပြောကြတာငါ့ဘက်မှာဘယ်သူမှလည်းရှိတာမဟုတ်ဘူး"
"အဲ့လိုသဘောမဟုတ်ပါဘူးရှိပါတယ်ဒါပေမဲ့မိဘဆိုတော့ကိုယ့်သားသမီးကိုစိတ်ပူကြတာပဲလေ"
"..."
"နော်စိတ်မဆိုးပါနဲ့" ဆိုပြီးအနားကိုတိုးလာတာကိုတွန်းဖယ်ပစ်ပြီး
"စိတ်မဆိုးပါနဲ့မနေတတ်လို့ပါ" ဆိုပြီးပါးကနေကိုင်ရင်းဆွဲလှည့်လိုက်တာပေါ့...။
အကြာကြီးအကြည့်ချင်းစိုက်နေကြရင်းဂျိတ်ခ်ကအကြည့်ချင်းအရင်လွှဲပလိုက်တော့ဆောင်းဟွန်းကပါးကနေဆွဲကိုင်လိုက်ကာအရင်နမ်းပလိုက်တော့တယ်...။
မျက်လုံးကြီးပြုတ်ထွက်မတတ်ပြူးသွားပြီးပါးတွေနီရဲတက်လာကာဆောင်းဟွန်းကဘာမှမဖြစ်သလိုဖယ်လိုက်ရင်း
"ပါးစပ်ကဆိုဂျူကပိုချိုတယ်ဆိုတာတကယ်မှန်တာပဲ" ဆိုပြီးလျှာသပ်လိုက်တာပေါ့...။
ဂျိတ်ခ်တစ်ယောက်လှုပ်တောင်မလှုပ်တော့ပဲအဲ့အတိုင်းကြီးမျက်တောင်မခတ်နေနေကာ
"ဂျိတ်ခီ?ဂျိတ်ခီ??" ဆိုပြီးပခုံးကိုလှုပ်လိုက်တော့သတိဝင်သွားပြီး
"ဪ?"
"ဘာဖြစ်သွားတာလဲ?ဆောရီးပါငါကတခြားသူရဲ့ပါးစပ်မှာအဲ့လိုပေနေတာမြင်ရင်မနေနိုင်လို့"
"..."
"ဒါလေးအပြီးသတ်လိုက်ရအောင်ပြီးရင်အိမ်ပြန်ကြမယ်"
"ဆောင်း-"
"ခနနော်ဘယ်သူလဲမသိဖုန်းဆက်နေလို့" ဆိုပြီးဖုန်းကိုင်လိုက်တော့တယ်...။
"ဟယ်လိုဪ?မင်းလား?နောက်မှစကားပြောရအောင်ငါမအားသေးလို့ဪဒါပဲ" ဆိုပြီးခပ်ပြတ်ပြတ်ပြောပြီးဖုန်းချလိုက်တော့
"ဘယ်သူလဲ?"
"ဪဘယ်သူမှမဟုတ်ပါဘူးပြီးပြီမလား?ပြန်ကြမယ်" ဆိုပြီးထသွားကာ
"ခနလေးစောင့်ဦး" ဆိုပြီးအနောက်ကနေပြေးလိုက်ရတော့တာပေါ့...။
There are no comments yet. Log in to be the first to leave a review!




![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)