Fanfics

2

20:18, 7 September 2025

မိုးအကူး ဆောင်းဦးကာလ ဖြစ်တာမို့ ဆောင်းကလည်း စိမ့်သလို မိုးကလည်း တစ်ခါတစ်ရံ ရွာတတ်သေးသည်။ ဆန်းဝန်း ကားထဲမှာ နည်းနည်း စိမ့်အေးလာတာကြောင့် ကားကို အရှိန်လျော့ကာ အနားက Coffee ဆိုင်ရှေ့ ကားထိုးကွေ့လိုက်သည် ။

နီမြန်းနေတဲ့ နှားခေါင်းတစ်ဝိုက်ကို လက်ဖြင့် အုပ်လိုက်ကာ အာငွေ့ အနည်းငယ် ပေးလိုက်သည်။ ဆိုင်က ခပ်ကျဉ်းကျဉ်းဆိုပေမဲ့ ကျောင်းသားတွေ အလာများသည်ဟု ထင်သည်။ ကျောင်းနဲ့ဆိုလျှင် ၆မိနစ်လောက်သာ ဝေးသည်။ ဆိုင်ရဲ့ အပြင်အဆင်က သူ့အား မျက်စိအေးစေပြီး စစဝင်လိုက်ချင်းမှာပင် နောက်ခံတေးသွား အငြိမ်လေးကို ကြားရသည် ။

ကောင်တာမှာ Menu ရွေးဖို့ ရှေ့မှာ ရပ်လိုက်သည်။မြင်လိုက်ရတဲ့ မျက်နှာကြောင့် ဆန်းဝန်း တစ်ခဏ ရပ်ကြည့်နေမိသည်။

ဟိုနေ့က တစ်ယောက်ပဲဟု စိတ်ထဲက ရေရွတ်မိကာ ပြုံးပြနှုတ်ဆက်လိုက်သည် ။ လီယိုလည်း ပြန်ပြုံးပြရင်း Orderကောက်ထားလိုက်သည် ။

ဆန်းဝန်းက ထောင့်ကျကျ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်သည်။ အနေအထားက ကောင်တာကို လှမ်းမြင်နေရတဲ့အနေအထား ဖြစ်ပြီး ကောင်တာက လီယိုကလည်း ဆန်းဝန်းကို တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေသည် ။

အကြည့်ချင်းဆုံသည့်အခါ လီယိုရဲ့ မျက်လုံးများက တုန်လှုပ်နေပြီး ချက်ချင်းပြန်ပြန်လှည့်သွားတတ်သည် ။  ထိုမျက်လုံးအစုံနှင့် ဆုံမိတိုင်း လီယိုရဲ့ ရင်တွေ အမြဲ ပူထူနေတတ်ပြီး နှလုံးခုန်မြန်လာသည်။ အဲ့ဒီအကြည့်တွေက ဘာလို့များ တစ်ထေရာတည်း တူနေသလဲတော့ သူလည်း မသိပါ ။

----------Flash Backဧပြီ ၂၂ ၊၂၀၂၄ ။

အဲ့ဒီညက မိုးတွေသည်းသည်းထန်ထန်ရွာနေပြီး ပတ်ဝန်းကျင်က မှောင်မိုက်နေသည်။ လမ်းပေါ်တွင် ကားများပင်အတော်ရှင်းနေပြီ ဖြစ်တာကြောင့် လီယို လမ်းကို ဂရုစိုက် လျှောက်ကာ နာရာ့ ဆီသို့ အမြန်ရောက်ဖို့သာ စိတ်လောနေသည် ။

ဒီနေ့က နာရာ နဲ့ 1 year Anniversary ဖြစ်တဲ့အတွက် Surprise လုပ်ဖို့အတွက် သူကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူနဲ့ က LDRSဖြစ်နေပေမဲ့ အချင်းချင်းနားလည်ပြီး အဆင်ပြေသည်ဟု သူယူဆခဲ့သည်။

နာရာ က အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ လှသည်။ စကားဆိုလည်း သိမ်သိမ်မွေ့မွေ့ပြောတတ်ပြီး Bright ဖြစ်သည် ။

စတွဲကာစ သူမက နိုင်ငံခြားမှာပဲ ရှိခဲ့ပြီး ၅လကျော်တဲ့ နောက်ပိုင်းမှာတော့ နာရာ က ကိုရီးယား ပြန်လာခဲ့သည် ။ အထက်တန်းကျောင်းတုန်းတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့တာမို့ နာရာက လီယို့အပေါ် ကောင်းကောင်းနားလည်နိုင်ခဲ့သည်လို့ ဆိုရမည် ။ အားသာချက် အာူနည်းချက် အကုန်တွက်ပြီး သူမက အနားရှိနေခဲ့ခြင်း ဖြစ်သည် ။

America မှာသူလဲအလုပ်ရှုပ် ကိုယ်လည်း အလုပ်ရှုပ်မို့ မတွေ့ဖြစ်ပေမဲ့ ဝေးသွားလို့ မတွေ့ဖြစ်တော့ဘူးဆိုတဲ့အတွေးကတော့ သိပ်ပြီး မရှိခဲ့ပါ ။အားတဲ့အခါ Video Call ပြောလို့ရပြီး ဖုန်းလဲ ပြောဖြစ်သည်။ လီယိုက ကနာရာ့ အပေါ်အရာရာ ယုံကြည်ထားခဲ့ပါသည် ။

လမ်းကိုမှန်မှန်လျှောက် လာခဲ့ပြီး အသင့်ပြင်လာတဲ့ ပန်းစည်းလေးက လက်ထဲ တွင် ငြိမ်သက်စွာရှိနေခဲ့သည် ။ နာရာက ရှေ့တစ်ပါတ်က ပြန်ရောက်နေခဲ့ပြီး အလုပ်မအားသေးဘူးဆိုတဲ့အကြောင်းပြချက်ကြောင့် လီယိုနဲ့ မတွေ့ဖြစ်သေး ။

ရှေ့နှစ်ခြံကျော်လောက်ဆို ရောက်ပြီ ဖြစ်တဲ့အတွက်လီယို ဖွဖွ ပြုံးလိုက်သည် ။ နာရာ့ကိုတွေ့ရတော့မည်ဆိုတဲ့ အသိက သူ့ရင်ထဲကကောင်လေးကို ဆွေ့ဆွေ့ ခုန်လာစေပါသည်။

ခြံရှေ့ရောက်တဲ့အခါ ခြံတံခါးက သော့မခတ်ထားသလို လူအရိပ်အယောင်လဲ မတွေ့ရပါ ။ နာရာ များ တစ်ခုခု ဖြစ်လို့လားဟူသည့်အသိက ရင်ကို ပူကနဲ နွေးသွားသည်။ ပွင့်ပြီးသား ဖြစ်နေတဲ့ တံခါးကို တွန်းဝင်ကာ သူ အိမ်ထဲသို့ဝင်လာခဲ့သည် ။

မီးရောင်မှိန်ဖျဖျ လင်းနေတဲ့အခန်းမှာ အသံတစ်ချို့က တိုးတိုးလေး ထွက်ပေါ်နေသည် ။ အပြင်ဘက်က စားပွဲပေါ်တွင် အမျိုးသား ဘေးလွယ်အိတ်တစ်ခုကို တွေ့ရတဲ့အခါ လီယို နားထင်ကြောတွေ ထောင်တက်သွားသည် ။ နာရာ များ တစ်ခုခု အန္တာရယ် ဖြစ်နေလား ဆိုသည့် အသိဖြင့် အသံကြားနေရသော အခန်းနား ဖြေးဖြေးချင်း ကပ်သွားလိုက်သည် ။

ခပ်ဟဟ ဖြစ်နေတဲ့ တံခါးကနေ သူအသာလေး တိုးကြည့်မိသည် ။ အဲ့ဒီတစ်ခဏမှာ သူ့နှလုံး ခုန်သံတွေ တစ်ခဏမျှ တိတ်ဆိတ်သွားရသည် ။ သူမြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ထောင်းခနဲ ဖြစ်သွားသည့် ဒေါသနဲ့အတူ ငြိမ်သက်သော ဒေါသတို့က တစ်ပြိုင်နှက်ရောနှောနေသည် ။

ငိုယိုပြီးပေါက်ကွဲရအောင်လည်း သူက ပျော့ညံ့သည့် သူမှမဟုတ်ပဲလေ ။ မပေါ်ရုံတစ်မယ် ဝတ်ထားတဲ့ အဝတ်တွေကြား နာရာ့ ရဲ့ လက်တွေက တစ်ဖက် အမျိုးသားရဲ့ လည်ပင်းတွေအပေါ် ယှက်တင်ထားသည် ။ ဘေးမှာချထားတဲ့ အကာအကွယ်တစ်ခုရဲ့ အခွံကိုတွေ့ပြီးတဲ့နောက်မှာတော့ကြည့်ဖို့အင်အားမရှိတဲ့အတွက် သူ ပွင့်စပြုနေတဲ့ တံခါးကို တွန်းဖွင့်လိုက်သည် ။

"ကိုကို "

မျက်လုံးများ ပြူးကျယ်သွားခြင်းနှင့်အတူ နာရာ က ကိုယ်ပေါ်မှ တစ်ဖက်အမျိုးသားကို တွန်းထုတ်လိုက်သည် ။ သူမရဲ့ သွေးပျက်နေတဲ့ မျက်နှာဟာ ပကတိ တုန်လှုန်နေပြီး လီယိုကတော့ တည်ငြိမ်နေသည်။

"နာရာက နာရာကလေ.... ရှင်းပြပေးပါ့မယ်"

စကားပြောဖို့ပြင်နေတဲ့ သူမရဲ့ တုန်လှုပ်စ နှုတ်ခမ်းတွေကို လက်ဖြင့်အသားထိကာ

" မင်း ဘာလို့ ဒီလိုတွေအထိ "

စကားမဆုံးခင် သိမ်ဝင်သွားတဲ့အသံကို ပြန်ထိန်းကာ သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည် ။ ထို့နောက် စားပွဲပေါ်က ပုလင်းတွေ နံရံပေါ်က အတူရိုက်ထားဖူးသည့် သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို လီယိုရော၍ ရိုက်ခွဲ ရိုက်ချိုးပစ်လိုက်သည် ။

အသားကုန်အော်ဟစ်ငိုကြွေးနေတဲ့ နာရာ့ ရဲ့ အသံကို လျစ်လျူရှုထားတာ တစ်ခုမကျန် ရိုက်ခွဲပစ်သည်။

"မင်း ဘာကြောင့်ပဲ အခုလို လုပ်လုပ် မင်းသိထားဖို့က မင်းက ငါ့ဘဝထဲမှာ မရှိတော့ဘူး မင်းနဲ့ငါအတူတည်ဆောက်ထားရတဲ့ နှောင်ကြိုးတွေ အခုမင်းရှေ့မှာပဲ အကုန် ပြတ်သွားပြီ "

လေထုသည်တည်ငြိမ်နေပြီး ထိုမိန်းကလေးရဲ့ ရှိုက်သံကလွဲ၍ အခန်းထဲတွင် တစ်ခြားအသံမကြားရ ။လီယိုက ခဏအကြာ သူမကို စိုက်ကြည့်ပြီး အခုလို သစ္စာဖောက်ရတာက ရည်ရွယ်ချက်ရှိရှိမဟုတ်ပါဘူးဆိုတဲ့အဖြေကို သူမရဲ့ မျက်လုံးထဲမှာသူရှာဖွေနေမိသည် ။ သို့သော်လည်း

" နာရာ မှားသွားပါတယ် တစ်ခါလောက် ကျော်သွားပေးလို့ရမလား မူးပြီး ဖြစ်သွားတာပါ "

ထိုတောင်းဆိုမှုကို အီလီယိုလျစ်လျုရှုခဲ့ပြီးတဲ့နောက် ပန်းစည်းကို အမှိုက်ပုံးထဲ ပစ်ခဲ့ကာ ကားဆီသို့ လျှောက်လာလိုက်သည် ။

----------------"Coffee ရပါပြီ "

လီယိုက ကော်ဖီခွက်ကို ဆန်းဝန်းရှေ့ကို ချပေးလိုက်ရင်း သေချာ ကမ်းပေးလိုက်သည် ။

" အကို ခဏ အချိန်ရမလား "

ဆန်းဝန်းက လှည့်ထွက်ဟန် ပြုနေတဲ့ လီယို့ င်္အကျီစကို အမှတ်တမဲ့ လမ်းဆွဲလိုက်ကာ ပြောသည်။

"အင်းး ရပါတယ် ဒါပေမဲ့ခဏပဲ "

လီယိုက ဆန်းဝန်းရှေ့က ခုံမှာဝင်ထိုင်ကာ သူပြောမဲ့ စကားကို စောင့်လိုက်သည်။နည်းနည်းတော့ အနေရခက်သည်။ သို့သော် စကားလက်ခံမပြောရင်လည်း တစ်မျိုးဖြစ်ဦးမည်။

" ကျွန်တော့်ကိုမှတ်မိလား"

" မှတ်မိပါတယ် "

"တော်သေးတာပေါ့ အကို အမှတ်မိဘူးထင်လို့"

လေသံအေးအေးဖြင့် ပြောလာတဲ့ ဆန်းဝန်းကို လီယို ဘာပြန်ပြောရမည်မသိ။ သူ့ပုံစံက အရွယ်နဲ့မလိုက်အောင် တည်ငြိမ်လွန်းနေပြီး သဘောကောင်းသည်ဟု ထင်ရသည်။

" ---"

လီယို ဘာမှ ပြန်မဖြေဖြစ်ပဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

"ဒါနဲ့ အကိုက ဒီက ဆိုင်ရှင်မဟုတ်လား "

"ဟာ မဟုတ်ပါဘူး ကျွန်တော်က ဒီမှာ အချိန်ပိုင်းလုပ်တာပါ "

"ဟင် ဘယ်လို "

ဆန်းဝန်းက မျက်ခုံးတွေ တွန့်ချိုးကာ နားမလည်ဟန်မေးသည်။

" ဂေဟာက အပြန်ဒီမှာဝင်လုပ်တာပါ "

ဆန်းဝန်းက ခေါင်းတစ်ငြှိမ့်ငြှိမ့်နဲ့ ကော်ဖီကို မော့သောက်လိုက်သည် ။ ထို့နောက် သူ့အိတ်ထဲက Business card ကိုထုတ်ကာ လီယို့ဆီ ကမ်းပေးလာသည် ။

"ဒီမှာ ကျွန်တော့်ဖုန်းနံပါတ် ပါတယ် အကူအညီ တစ်ခုခုလိုရင်ပြောနော် "

နှစ်ခါလေးသာ ဆုံဖူးသည့် သူစိမ်းကို အခုလိုပြောနေတာ အနည်းငယ်တော့ ထူးဆန်းတယ်လို့ လီယို ထင်မိသည်။ သူလည်း ပြီးပြီးရောလို့ တွေးပြီး ကမ်းပေးလာတဲ့ ကတ်ကို ယူကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"နောက်မှ ထပ်လာခဲ့မယ်နော် "

လီယိုက ဆိုင်ကိုလာတဲ့ဧည့်သည်တွေကို တလေးတစား နှုတ်ဆက်နေကြမို့ ဆန်းဝန်းကိုလည်း သေချာလေး နှုတ်ဆက်လိုက်သည်။

" ကောင်းကောင်းပြန်ပါဗျ "

ဆန်းဝန်းက လှလှပပလေး ပြုံးကာ ဆိုင်ပြင်ကို ထွက်သွားသည် ။ 

-------ဆက်ရန် ။အခုမှ အစပျိုးနေတာမို့ ဖတ်ရတာ နည်းနည်း ပျင်းနေလားဟင် ကြိုက်ရင်တော့ ဆက်ရေးပေးပါမယ်နော် 💗

There are no comments yet. Log in to be the first to leave a review!

Similar stories