part16
14:22, 29 December 2025စိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်တာကြောင့်မည်သူတစ်ဦးတစ်ယောက်မှထိခိုက်လိုစိတ်မရှိပါ။
"ဦးpond...ဦးphuwinသားသားလွမ်းနေတာ"
"ဦးတို့လဲလွမ်းနေတာပါwesleyလေးရဲ့"Wesleyရဲ့ပါးလုံးလုံးလေးတွေအားphuwinကနမ်းလိုက်ကာ"estရေသားကိုမုန့်ဝယ်ကျွေးမလို့ခေါ်သွားဦးမယ်နော်။"အင်းအင်းလိမ္မာနေနော်သားငယ်ဦးဦးစကားလဲနားထောင်"
"ဟုတ်ပါးပါး"
ရေခဲမုန့်စားချင်တယ်ဆိုတဲ့wesleyလေးကြောင့်"ဟုတ်ပြီဗျာ"waiterအားခေါ်ကာpondကမှာပေးသည်။
ထိုချိန်williamနဲ့သူ့ကောင်မလေးဆိုင်ထဲဝင်လာတော့pondလှန်းနှုတ်ဆက်လိုက်သည်။ထို့နောက်williamရော သူ့ကောင်မလေးပါတစ်ဝိုင်းထဲထိုင်ဖြစ်သည်။williamကဘေးကရေခဲမုန့်စားနေတဲ့ကလေးကိုမြင်သွားကာ။"ဒီကလေးကဘယ်သူလဲ"
"အာ..ဟိုဟာ"pondမဖြေခင်phuwinက။
"estရဲ့သားပါ"
"ဟမ်...အဲ့လူကမိန်းမယူသေးတာလား"
"ဟုတ်ပါဘူး..သားသားကပါးပါးestကိုယ်တိုင်မွေးထားတာ"
wesleyလေးကဝင်ပြောလိုက်တာမို့pondဘာဆက်ပြောရမှန်းမသိဖြစ်နေရင်း။သူ့အားကြည့်နေတဲ့williamကို။
"အော်..သားwesleyပြောချင်တာက"
"ထားလိုက်ပါမေဗိုက်ဆာနေပြီ"
အသံကြားမှထိုမိန်းခလေးအားphuwinသေချာကြည့်လိုက်မိသည်။williamခေါ်လာတဲ့မိန်းခလေးဆိုလား။
ခဏအကြာတော့သူတို့တွေလူစုခွဲကာပြန်လိုက်ကြသည်။ညရောက်တော့williamကဖုန်းဆက်ကာpondငါတို့တွေ့နေကြဘားမှာဆုံကြမယ်ဆိုတာကြောင့်ထွက်လာလိုက်သည်။
"ဟေ့ကောင်မသောက်တော့ဘူးလား"
"ငါသောက်ဖို့ခေါ်တာမဟုတ်ဘူးမနက်ကတွေ့ခဲ့တဲ့ကလေးကြောင်းသိချင်လို့"
"အာ..အဲ့ကလေးလားအဲ့တာp'estရဲ့သားလေ"
"ဘယ်သူနဲ့ရတာလဲ"
"အဲ့တာကမင်းထွက်သွားတဲ့နေတည်းကp'estကမေ့လဲသွားလို့ဆေးရုံတင်ခဲ့ရတယ်"
"နောက်တော့p'estမှာကိုယ်ဝန်ရှိနေတာသိခဲ့ရတယ်"
"အစ်ကိုestကမင်းကိုဘယ်လောက်ချစ်လဲဆိုရင်မွေးလာတဲ့ကလေးကမင်းနဲ့တစ်ပုံစံတည်းဘဲ"
"မင်းပြောချင်တာငါ့ကလေးပေါ့..အဲ့လူကtonဆိုတဲ့လူနဲ့လဲ"
"အဲ့တာကမင်းအထင်လွဲတာ"
"ဘာမှလွဲစရာမရှိဘူးငါ့မျက်စိနဲ့တပ်အပ်မြင်တာ"
"Williamရာအကိုestကမင်းကိုအရမ်းချစ်တဲ့လူပါအစ်ကိုပြောတာကတော့အဲ့နေ့ကp'tonကလာလည်တယ်ဖျော်ရည်ခွက်ကမှောက်ကျတယ်ပြီးတော့အင်ကျီလဲဖို့လုပ်ခဲ့တာတဲ့မင်းထင်သလိုမဟုတ်ဘူး"
williamအကြောင်းစုံသိသွားတော့အရင်ကp'estအားသူလုပ်ခဲ့တာတွေကိုအပစ်ရှိစိတ်ခံစားလာရသည်။
"ပါးပါး"
"ဟင်"
"ဦးတို့နဲ့မုန့်စားနေတုန်းကသားနဲ့တူတဲ့ဦးဦးတစ်ယောက်ကိုတွေ့ခဲ့တယ်"
"ဟမ်...မဟုတ်တာမပြောနဲ့wesley"
"ဟုတ်ပါတယ်ဆိုပါးပါးရဲ့ဦးဦးpondတို့နဲ့ရင်းနှီးတယ်မေးကြည့်"
Estစိတ်ထဲတွင်တော့လှုပ်ရှားသွားသည်။'မောင်ပြန်ရောက်လာတာလားမဖြစ်နိုင်ပါဘူးမောင်သာပြန်ရောက်ရင်pondကပြောမှာပေါ့'
"သားသားကိုလဲပါးပါးကမိန်းမယူပြီးမွေးထားတာလားမေးတယ်"
"သားလဲပါးပါးestကိုယ်တိုင်မွေးထားတာလို့ပြောပစ်လိုက်တယ်"
"ဟုတ်ပါပြီပါးပါးအတတ်လေးရဲ့အိပ်တော့နော်"
"ဟုတ်ပါးပါး"
Estကတော့သားငယ်ရဲ့ဦးpondတို့နဲ့ရင်းနှီးတယ်ဆိုတဲ့စကားကြောင့်pondဆီဖုန်းဆက်ကြည့်လိုက်သည်။
"ဟယ်လိုpond"
"ဟုတ်...p'est"
"ဟို...ကောင်လေးပြန်ရောက်နေတာလား"
"ဗျာ"
p'estကဘယ်လိုသိသွားတာလဲpondလဲလျှို့ဝှက်မထားချင်တော့တာနဲ့။
"ရောက်နေပြီဗျ..ဒါပေမယ့်"
"ဒါပေမယ့်ဘာဖြစ်လဲpond"
pondထပ်ပြောလာမယ့်စကားတို့ကိုestစိတ်လှုပ်ရှားစွာစောင့်နေမိသည်။
"အဲ့ကောင်ကမိန်းခလေးတစ်ယောက်ခေါ်လာတယ်"
pondပြောပြီးပြီးချင်းဘဲတစ်ဖက်ကဘာသံမှမကြားတော့အောင်တိတ်သွားပြီးခဏအကြာတော့p'estကဖုန်းချသွားသည်။မောင်ရဲ့မိန်းခလေးလားestအရုပ်ကြိုးပျက်ထိုင်ချရင်းအချိန်တော်ကြာရပ်တန့်ခဲ့တဲ့နှလုံးသားကပူလောင်ကာမီးတိုက်ထားသလိုပင်။ပူလောင်နေတဲ့ရင်ဘက်အစုံအားဖိကိုင်ရင်းမျက်ရည်တို့ကလဲအလုအယက်စီးကျလာသည်။Estဆီမောင်ပြန်လာမယ်ဆိုတဲ့မျော်လင့်ချက်လေးဟာအဆုံးသတ်သွားခဲ့ပြီ။'ဟင့်...မောင့်ရဲ့မိန်းခလေးတဲ့လား'နှလုံးသားနာကျင်မှုကဦးနှောက်ထိလောင်တတ်လာတာကြောင့်estရှိုက်ကာငိုကြွေးရင်းရူးတော့မလိုဘဲမောင်ရယ်။
Note...estကပြန်ချေဖို့မဖြစ်နိုင်လောက်ဘူးနော်။estကwilliamကိုအရမ်းချစ်နေတဲ့ပုံစံရေးမိတော့williamပြန်လာလဲလက်ခံပေးမှာပါ။williamကိုပြန်မလာခိုင်းဘဲseအနေနဲ့ဇာတ်သိမ်းလိုက်လဲရပါတယ်နော်။ဒါနဲ့WE ficအသစ်တင်ထားပါတယ်ဝင်ဖတ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။🎸🦈voteတွက်လဲကျေးဇူးပါ။💙
There are no comments yet. Log in to be the first to leave a review!





