Fanfics

part16

14:22, 29 December 2025

စိတ်ကူးယဥ်ficတစ်ပုဒ်ဖြစ်တာကြောင့်မည်သူတစ်ဦးတစ်ယောက်မှထိခိုက်လိုစိတ်မရှိပါ။

"ဦးpond...ဦးphuwinသားသားလွမ်းနေတာ"

"ဦးတို့လဲလွမ်းနေတာပါwesleyလေးရဲ့"Wesleyရဲ့ပါးလုံးလုံးလေးတွေအားphuwinကနမ်းလိုက်ကာ"estရေသားကိုမုန့်ဝယ်ကျွေးမလို့ခေါ်သွားဦးမယ်နော်။"အင်းအင်းလိမ္မာနေနော်သားငယ်ဦးဦးစကားလဲနားထောင်"

"ဟုတ်ပါးပါး"

ရေခဲမုန့်စားချင်တယ်ဆိုတဲ့wesleyလေးကြောင့်"ဟုတ်ပြီဗျာ"waiterအားခေါ်ကာpondကမှာပေးသည်။

ထိုချိန်williamနဲ့သူ့ကောင်မလေးဆိုင်ထဲဝင်လာတော့pondလှန်းနှုတ်ဆက်လိုက်သည်။ထို့နောက်williamရော သူ့ကောင်မလေးပါတစ်ဝိုင်းထဲထိုင်ဖြစ်သည်။williamကဘေးကရေခဲမုန့်စားနေတဲ့ကလေးကိုမြင်သွားကာ။"ဒီကလေးကဘယ်သူလဲ"

"အာ..ဟိုဟာ"pondမဖြေခင်phuwinက။

"estရဲ့သားပါ"

"ဟမ်...အဲ့လူကမိန်းမယူသေးတာလား"

"ဟုတ်ပါဘူး..သားသားကပါးပါးestကိုယ်တိုင်မွေးထားတာ"

wesleyလေးကဝင်ပြောလိုက်တာမို့pondဘာဆက်ပြောရမှန်းမသိဖြစ်နေရင်း။သူ့အားကြည့်နေတဲ့williamကို။

"အော်..သားwesleyပြောချင်တာက"

"ထားလိုက်ပါမေဗိုက်ဆာနေပြီ"

အသံကြားမှထိုမိန်းခလေးအားphuwinသေချာကြည့်လိုက်မိသည်။williamခေါ်လာတဲ့မိန်းခလေးဆိုလား။

ခဏအကြာတော့သူတို့တွေလူစုခွဲကာပြန်လိုက်ကြသည်။ညရောက်တော့williamကဖုန်းဆက်ကာpondငါတို့တွေ့နေကြဘားမှာဆုံကြမယ်ဆိုတာကြောင့်ထွက်လာလိုက်သည်။

"ဟေ့ကောင်မသောက်တော့ဘူးလား"

"ငါသောက်ဖို့ခေါ်တာမဟုတ်ဘူးမနက်ကတွေ့ခဲ့တဲ့ကလေးကြောင်းသိချင်လို့"

"အာ..အဲ့ကလေးလားအဲ့တာp'estရဲ့သားလေ"

"ဘယ်သူနဲ့ရတာလဲ"

"အဲ့တာကမင်းထွက်သွားတဲ့နေတည်းကp'estကမေ့လဲသွားလို့ဆေးရုံတင်ခဲ့ရတယ်"

"နောက်တော့p'estမှာကိုယ်ဝန်ရှိနေတာသိခဲ့ရတယ်"

"အစ်ကိုestကမင်းကိုဘယ်လောက်ချစ်လဲဆိုရင်မွေးလာတဲ့ကလေးကမင်းနဲ့တစ်ပုံစံတည်းဘဲ"

"မင်းပြောချင်တာငါ့ကလေးပေါ့..အဲ့လူကtonဆိုတဲ့လူနဲ့လဲ"

"အဲ့တာကမင်းအထင်လွဲတာ"

"ဘာမှလွဲစရာမရှိဘူးငါ့မျက်စိနဲ့တပ်အပ်မြင်တာ"

"Williamရာအကိုestကမင်းကိုအရမ်းချစ်တဲ့လူပါအစ်ကိုပြောတာကတော့အဲ့နေ့ကp'tonကလာလည်တယ်ဖျော်ရည်ခွက်ကမှောက်ကျတယ်ပြီးတော့အင်ကျီလဲဖို့လုပ်ခဲ့တာတဲ့မင်းထင်သလိုမဟုတ်ဘူး"

williamအကြောင်းစုံသိသွားတော့အရင်ကp'estအားသူလုပ်ခဲ့တာတွေကိုအပစ်ရှိစိတ်ခံစားလာရသည်။

"ပါးပါး"

"ဟင်"

"ဦးတို့နဲ့မုန့်စားနေတုန်းကသားနဲ့တူတဲ့ဦးဦးတစ်ယောက်ကိုတွေ့ခဲ့တယ်"

"ဟမ်...မဟုတ်တာမပြောနဲ့wesley"

"ဟုတ်ပါတယ်ဆိုပါးပါးရဲ့ဦးဦးpondတို့နဲ့ရင်းနှီးတယ်မေးကြည့်"

Estစိတ်ထဲတွင်တော့လှုပ်ရှားသွားသည်။'မောင်ပြန်ရောက်လာတာလားမဖြစ်နိုင်ပါဘူးမောင်သာပြန်ရောက်ရင်pondကပြောမှာပေါ့'

"သားသားကိုလဲပါးပါးကမိန်းမယူပြီးမွေးထားတာလားမေးတယ်"

"သားလဲပါးပါးestကိုယ်တိုင်မွေးထားတာလို့ပြောပစ်လိုက်တယ်"

"ဟုတ်ပါပြီပါးပါးအတတ်လေးရဲ့အိပ်တော့နော်"

"ဟုတ်ပါးပါး"

Estကတော့သားငယ်ရဲ့ဦးpondတို့နဲ့ရင်းနှီးတယ်ဆိုတဲ့စကားကြောင့်pondဆီဖုန်းဆက်ကြည့်လိုက်သည်။

"ဟယ်လိုpond"

"ဟုတ်...p'est"

"ဟို...ကောင်လေးပြန်ရောက်နေတာလား"

"ဗျာ"

p'estကဘယ်လိုသိသွားတာလဲpondလဲလျှို့ဝှက်မထားချင်တော့တာနဲ့။

"ရောက်နေပြီဗျ..ဒါပေမယ့်"

"ဒါပေမယ့်ဘာဖြစ်လဲpond"

pondထပ်ပြောလာမယ့်စကားတို့ကိုestစိတ်လှုပ်ရှားစွာစောင့်နေမိသည်။

"အဲ့ကောင်ကမိန်းခလေးတစ်ယောက်ခေါ်လာတယ်"

pondပြောပြီးပြီးချင်းဘဲတစ်ဖက်ကဘာသံမှမကြားတော့အောင်တိတ်သွားပြီးခဏအကြာတော့p'estကဖုန်းချသွားသည်။မောင်ရဲ့မိန်းခလေးလားestအရုပ်ကြိုးပျက်ထိုင်ချရင်းအချိန်တော်ကြာရပ်တန့်ခဲ့တဲ့နှလုံးသားကပူလောင်ကာမီးတိုက်ထားသလိုပင်။ပူလောင်နေတဲ့ရင်ဘက်အစုံအားဖိကိုင်ရင်းမျက်ရည်တို့ကလဲအလုအယက်စီးကျလာသည်။Estဆီမောင်ပြန်လာမယ်ဆိုတဲ့မျော်လင့်ချက်လေးဟာအဆုံးသတ်သွားခဲ့ပြီ။'ဟင့်...မောင့်ရဲ့မိန်းခလေးတဲ့လား'နှလုံးသားနာကျင်မှုကဦးနှောက်ထိလောင်တတ်လာတာကြောင့်estရှိုက်ကာငိုကြွေးရင်းရူးတော့မလိုဘဲမောင်ရယ်။

Note...estကပြန်ချေဖို့မဖြစ်နိုင်လောက်ဘူးနော်။estကwilliamကိုအရမ်းချစ်နေတဲ့ပုံစံရေးမိတော့williamပြန်လာလဲလက်ခံပေးမှာပါ။williamကိုပြန်မလာခိုင်းဘဲseအနေနဲ့ဇာတ်သိမ်းလိုက်လဲရပါတယ်နော်။ဒါနဲ့WE ficအသစ်တင်ထားပါတယ်ဝင်ဖတ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။🎸🦈voteတွက်လဲကျေးဇူးပါ။💙

There are no comments yet. Log in to be the first to leave a review!

Similar stories