Fanfics

part12

13:39, 15 December 2025

Williamနိုးလာတော့သူ့နားမှာကိုကိုကမရှိ။"မောင်နိုးနေပြီလား"

"ဟုတ်..ကိုကိုကဗျာမောင်အနားမှာမနေဘူးနေမကောင်းတဲ့လူကိုပစ်ထားတယ်"ကိုကိုက သူ့နားရောက်လာပြီးစိတ်ပူတဲ့မျက်နှာလေးဖြင့်နှဘူးတို့အားလက်သွယ်သွယ်ဖြင့်စမ်းကာ"ကိုယ်အပူကျသွားလို့တော်သေးတာပေါ့။"

"မောင်နေကောင်းသွားပြီစိတ်မပူပါနဲ့"

"အင်း..ကိုယ်မင်းတွက်ဆန်ပြုတ်ပြုတ်နေတာပါ""နိုးလာလို့ဗိုက်ဆာနေရင်စားလို့ရအောင်"

"ဟုတ်ကိုကိုကချစ်ဖို့အကောင်းဆုံးဘဲ"ဆိုကာestရဲ့ပါးပြင်တွေနဲ့နှုတ်ခမ်းတို့အားနမ်းကာ။

"မောင်ဒီညပွဲတစ်ခုတတ်ဖို့ရှိလို့ကိုကို့ဆီမလာတော့ဘူးနော်"။

estဝမ်းနည်းသွားပေမယ့်လက်တွေ့မှာတော့ခေါင်းငြိမ့်ပြလိုက်သည်။"မောင်သွားပြီနော်..ချစ်တယ်ကိုကို"

****************************

williamကုမဏ္ဍီရဲ့ပွဲတစ်ခုကိုရောက်နေတာဖြစ်သည်။"Dadyကျွန်တော်ပြန်တော့မယ်"

"အင်းသားငယ်ဂရုစိုက်သွား"

william daddyကိုပြောကာအိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။

"williamပြန်တော့မလို့လား"

"ဖရယ်လဲပြန်တော့မလို့လေအဲ့တာလိုက်ပို့ပေးလို့ရမလားဟင်"

"ရပါတယ်ကိုယ်ပို့ပေးမယ်လေလမ်းကြုံတာဘဲဟာ"

"အာ့..ဖရယ်ပွဲထဲကဝိုင်သောက်တာများသွားတာထင်တယ်"

"ရရဲ့လားဖရယ်"

သူမပုံစံကြည့်ရတာတကယ်မူးနေတဲ့ပုံပေါက်တာကြောင့်ကားဆီသို့တွဲကာခေါ်သွားပေးလိုက်သည်။သူမနဲ့williamပုံတွေရိုက်သွားတဲ့လူကိုတော့williamသိမှာမဟုတ်။ဖရယ်ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ကာwilliamလဲအိမ်သို့ပြန်လိုက်တော့သည်။

နောက်တစ်နေ့...Estဆီရောက်လာတဲ့စာအိတ်လိုပုံစံအိတ်တစ်ခုကိုဖွင့်ကြည့်လိုက်မိသည်။

"မောင်နဲ့ဖရယ်ဆိုတဲ့မိန်းခလေးပုံတွေ"

ချက်ခြင်းဆိုသလိုပူလောင်လာတဲ့နှလုံးသားတစ်စုံကြောင့်မျက်ရည်တို့စီးကျကာငိုနေမိသည်။

"မဟုတ်ဘူး..ဒါမောင်မဖြစ်နိုင်ဘူးဟင့်"

ဖုန်းမြည်သံ။estကြည့်လိုက်တော့မောင်ဆက်တာကြောင့်မကိုင်မိ။သူငိုနေတာကိုမောင့်ကိုမသိစေချင်။

"ကျစ်..ဘာလို့ဖုန်းမကိုင်တာလဲကွာ"

williamထပ်ကာထပ်ကာခေါ်လဲဖုန်းမကိုင်တဲ့လူကြောင့်ဒေါသတို့ထွက်လာရသည်။အစည်းဝေးတတ်ဖို့ရှိတာကြောင့်လိုက်သွားလို့မရဖြစ်နေသည်။________________________________ညနေရောက်တော့p'tonကestဆီလာလည်ခဲ့သည်။"မတွေ့တာကြာပြီနော်ညီ"

"ဟုတ်အကို"

"ဒါညီ့တွက်လက်ဆောင်ဝယ်လာတာ"

"နောက်ခါပစ္စည်းတွေဝယ်မလာပါနဲ့estလက်မခံချင်ဘူး"

"အင်းပါ..ကိုယ်ံကိုအစ်ကိုတစ်ယောက်လိုခင်တယ်ဆိုရင်တော့လက်ခံပေးနော်"

"ဟုတ်estလဲp'tonကိုအစတည်းကအစ်ကိုတစ်ယောက်လိုခင်ပါတယ်"

"p'တွက်ဖျော်ရည်သွားယူပေးမယ်"

"ကျေးဇူးညီ"

estဖျော်ရည်ခွက်ယူလာရင်းခလုတ်တိုက်ကာp'tonပေါ်သို့မှောက်ကျသွားတော့သည်။

အ့!

"ပေကုန်ပြီတောင်းပန်ပါတယ်p'tonအင်ကျီလဲလိုက်မလား"

"အင်း"

P'tonကအင်ကျီချွတ်လိုက်တဲ့ချိန်။ဒါကဘာဖြစ်နေတာလဲ!

"မောင်"

"ဖုန်းကိုလဲမကိုင်စာလဲမပြန်တာလင်ငယ်ရောက်နေလို့ပေါ့"

"မောင့်မဟုတ်တာတွေမပြောနဲ့ "

"ဟုတ်တယ်ညီ..ကိုယ်တို့ကရိုးရိုးသားသားဘဲ"

"အော်..ရိုးရိုးသားသားအင်ကျီချွတ်ထားတာပေါ့ "

"မောင်အထင်မလွဲပါနဲ့"

"ကျုပ်ကိုမောင်လို့မခေါ်နဲ့"

ခွပ်!ဒေါသတကြီးဖြင့်ပါးရိုးတွေထောင်ထနေတဲ့မောင်ကp'tonကိုထိုးလိုက်တာဖြစ်သည်။P'ton"

"မောင်..ဘာလို့p'tonကိုထိုးလိုက်တာလဲ"

" p'ပြန်လိုက်တော့နော်"

"ဂရုစိုက်ဦးညီ"

"ဟုတ် "

"တော်တော်ချစ်နေကြလား"

"မင်းဘယ်လိုဖြစ်နေတာလဲwilliam"

"ဘယ်လိုဖြစ်နေတာလဲဟုတ်လားခင်ဗျားတို့ဘယ်အဆင့်ထိရောက်နေပြီလဲပြောစမ်း"

"မင်းထင်သလိုမဟုတ်ဘူးလို့ကိုယ်ပြောနေတယ်p'tonကဒီတိုင်းကိုယ့်ဆီလာလည်တာ..မင်းစိတ်နဲ့မနှိုင်းနဲ့"

"မင်းလိုမိန်းမတကာနဲ့အိပ်နေတာမဟုတ်ဘူး"

"ဘာ..ကျုပ်ကဘယ်မိန်းမနဲ့အိပ်နေလို့လဲခင်ဗျားဟိုကောင်နဲ့ပတ်သတ်ချင်တိုင်းကျုပ်ကိုလွှဲမချနဲ့ရွံစရာကောင်းတယ်"

"အဲ့တာကငါပြောရမှာမင်းကသာရွံစရာကောင်းတာ "

ဖြောင်း!

မောင်ရိုက်လိုက်တဲ့ပါးပြင်ပေါ်ကာနာကျင်မှု့ကestနှလုံးသားရဲ့နာကျင်မှု့ကိုဖုံးသွားရင်ကောင်းမှာဘဲမောင်ရယ်။ရိုက်ချက်ကဘယ်လောက်ပြင်းလဲဆိုရင်ပါးပြင်ဟာချက်ချင်းရဲတွတ်ကာနှုတ်ခမ်းထောင့်မှသွေးစတစ်ချို့ထွက်သွားသည်။

"တောက်!ခင်ဗျား"

"မင်းထင်သလိုမဟုတ်ပါဘူးဟင့်"

"ကိုယ်တောင်းပန်ပါတယ်"

ထွက်ခွာသွားပြီဖြစ်တဲ့မောင့်ရဲ့ကျောပြင်အားကြည့်ကာestအရူးတစ်ယောက်လိုတောင်းပန်ရင်းရင်ဘက်အစုံအားဖိကိုင်ကာငိုနေမိသည်။

Note..အလောင်ခန်းနည်းနည်းပါမယ်နော်။voteတွက်ကျေးဇူးပါ။💙

There are no comments yet. Log in to be the first to leave a review!

Similar stories