Fanfics

part11

11:39, 13 December 2025

williamနဲ့estလမ်းခွဲပြီးထိုနေ့ကစပြီးကောင်လေးကestဆီမလာတော့တာ3ရက်ရှိပြီဖြစ်သည်။အခုestနေမကောင်းပါ။မောင့်ကိုလွမ်းတာရောငိုတာများပြီးနေမကောင်းဖြစ်သွားတာ။"estရာဆေးကိုသောက်ပါအဲ့ဒါမှနေပြန်ကောင်းမှာလေ"phuwinလဲတကယ်အံ့သြရသည်။estကထိုကောင်လေးအားလမ်းခွဲဖို့ပြောခဲ့သည်တဲ့။သူ့သူငယ်ချင်းကwilliamဆိုတဲ့ကောင်လေးပေါ်ဘယ်လောက်ထိရူးသွပ်နေလဲသူအသိဆုံး။အခုလဲphuwinမနဲဆေးတိုက်ကာအိပ်ခိုင်းထားရသည်။"ဟင့်ကောင်လေး..."

အိပ်မက်ယောင်ကာငိုနေတဲ့estကြောင့်ထိုကောင်လေးကိုဆက်သွယ်ရန်ဆုံးဖြတ်လိုက်သည်။

"ဟယ်လိုpond"

"williamနဲ့အဆက်သွယ်ရှိလား"

"အာ..ရှိတယ်ဗျ"

"ကိုယ့်သူငယ်ချင်းနေမကောင်းတာလာကြည့်ပေးပါလို့ပြောပေးပါလား"

"ဟုတ်ပြောလိုက်မယ်ဗျ"

"ဒီညp'phuwinဆီလာခဲ့မယ်စောင့်နေ"

"မလာနဲ့ကိုယ်မအားဘူး"

"လာမှာဒါဘဲ"phuwinဖုန်းချသွားပြီဖြစ်တဲ့pondကိုလုံးဝမနိုင်။တကယ့်လူဆိုးလေး။

ဘားတစ်ခုတွင်...တစ်ခွက်ပြီးတစ်ခွက်ကောက်မော့နေတဲ့ကောင်ကိုpondတားလိုက်သည်။"ဟေ့ကောင်တော်တော့လေကွာများနေပြီ"

"ငါ..p'estကိုချစ်တယ်ဘာလို့လမ်းခွဲချင်တာလဲတကယ်မသိတော့ဘူးဖရယ်နဲ့မိတ်ဆက်ပေးပြီးတည်းကမျက်နှာမကောင်းတာ"

"ဟမ်..ဘယ်လိုဖရယ်နဲ့မိတ်ဆက်ပေးခဲ့တယ်လား"

"အင်းလေ..ဖရယ်ကမိတ်ဆက်ပေးဆိုလို့"

"ငါ့စိတ်ထင်တော့ဖရယ်ကp'estကိုတစ်ခုခုပြောလိုက်ပြီထင်တယ်ဒါကြောင့်p'estကမင်းနဲ့လမ်းခွဲချင်တာများလား"

"မဟုတ်လောက်ပါဘူး"

"မင်းသတိမထားမိဘူးလားကွာဖရယ်ကမင်းကိုပြန်ကပ်ချင်နေတာ"

"ဒါဆိုp'estဝမ်းနည်းနေတာဖရယ်ကြောင့်လား"

အဲ့ညကရှိုက်ကာငိုကြွေးနေတဲ့p'estကိုပြန်မြင်ယောင်ကာ"ငါ..p'estဆီသွားဦးမယ်"ဆိုကာချက်ချင်းထသွားသည်။

williamရောက်တော့တံခါးလော့ချမထားသည်ကြောင့်အထဲဝင်လိုက်တော့ကုတင်ထက်တွင်လှဲနေသူကမျက်နှာလေးဖြူဖျော့နေသည်။

"ဟင့်..ကောင်လေးမထားခဲ့ပါနဲ့"

မျက်ရည်တွေစီးကျကာအိပ်မက်ယောင်နေတဲ့ကိုကို့ရဲ့လက်လေးကိုကိုင်ထားပေးလိုက်သည်။

"မထားခဲ့ပါဘူးဗျာ..မောင်ရောက်နေပြီလေwilliamလဲကိုကို့ကိုဖက်ကာအိပ်ပျော်သွားတော့သည်။

မနက်ရောက်estနိုးလာတော့ကောင်လေးကသူ့ကိုဖတ်အိပ်နေတာကြောင့်လန့်သွားရသည်။

"ကောင်လေး"

"ဟင်..ကိုကို"

"ဘယ်လိုရောက်လာတာလဲအရက်နံ့တွေကလဲမွှန်ထူနေတာဘဲ""ညကနည်းနည်းသောက်လာတာပါကိုကိုရာ"

"ထ..ပြန်တော့"estထခိုင်းတော့ကောင်လေးကမထပေ။

"မောင်နေမကောင်းဖြစ်နေပြီထင်တယ်"

Estစိုးရိမ်တကြီးနှဖူးပေါ်စမ်းကြည့်တော့ဟုတ်သည်။မောင်သူ့ဆီကအဖျားကူးသွားပြီ။

"ကိုယ်သောက်တဲ့ဆေးကျန်သေးတယ်အဲ့တာသွားယူပေးမယ်"Estဆေးထယူဖို့လုပ်တော့မောင့်ရဲ့ခေါင်းလုံးလုံးလေးကသူ့ရင်ခွင်ထဲတိုးဝေ့ကာအတင်းဖတ်ထားသည်။

"မသွားနဲ့ဗျာ"

"မောင်ဆေးသောက်ရမယ်လေ"

"မသောက်ဘူး"

"မသောက်လို့မရဘူးလေမဆိုးနဲ့မောင်ရာဖယ်ဦး.."

မဖယ်တဲ့အပြင်ရင်ခွင်ထဲကကောင်လေးရုတ်တရက်ထငိုလာတာကြောင့်estငြိမ်နေမိသည်။

"ဟင့်..ကိုကိုကတကယ်မကောင်းဘူးကျွန်တော့်ကိုလဲမချစ်ဘူး"

"ကိုယ်ချစ်ပါတယ်မငိုနဲ့တော့နော်"

"အဲ့တာဆိုဘာလို့လမ်းခွဲဖို့ပြောတာလဲ"

"ကိုယ်ဆန်ပြုတ်နဲ့ဆေးသွားယူဦးမယ်"

"မေးတာဖြေ"

"...."

"မဖြေဘူးလား"တိုးကပ်လာတဲ့မောင့်ရဲ့မျက်နှာချောချောကြောင့်estမျက်လုံးမှိတ်လိုက်မိသည်။estနှုတ်ခမ်းပေါ်ကျလာတဲ့မောင့်ရဲ့နှုတ်ခမ်းနွေးနွေး။'ဒီရစ်မူးစရာကောင်းတဲ့အနမ်းတွေကိုသူလွမ်းနေခဲ့တာ'

"မောင်..ကိုယ်ပြောမယ်"

"ကိုယ်ကဆင်းရဲတယ်မောင့်လိုချမ်းသာတဲ့သူဋ္ဌေးလေးနဲ့ကိုယ်ကမလိုက်ဖက်ဘူးထင်လို့ပါ..ပြီးတော့လှပြီးချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကိုရွေးချယ်သင့်တယ်လေ"

"ဒီလိုအတွေးတွေဝင်အောင်လုပ်လိုက်တာဖရယ်လား"

"မ..မဟုတ်ပါဘူး"

"မဟုတ်လဲထားလိုက်မောင့်ကိုချစ်တာဆင်းရဲတာချမ်းသာတာတွေဂရုစိုက်ဖို့မလိုဘူးကိုကိုဂရုစိုက်ပြီးချစ်ရမှာကမောင်တစ်ယောက်ထဲကိုဘဲနောက်ခါအဲ့လိုမဟုတ်တာတွေတွေးပြီးလမ်းခွဲဖို့မပြောရဘူးနော်"

"အင်း"williamပြောတာတွေကိုမျက်လုံးလေးဝိုင်းကာခေါင်းငြိမ့်ပြတဲ့ကိုကိုကချစ်စရာကောင်းလွန်းသည်။

"မောင်နမ်းဦးမယ်အရှေ့နည်းနည်းတိုး"

"ဆေးအရင်သောက်ပါလားမောင်ရာ"

"နမ်းခိုင်းမှဆေးသောက်မယ်ဆိုတာကြောင့်estနှုတ်ခမ်းတို့အားပေးနမ်းလိုက်သည်။နမ်းနေတဲ့မောင်ကတော်တော်နဲ့မလွှတ်ခဏအကြာတော့ကိုယ်အပူရှိန်တတ်နေတဲ့မောင်အားဆေးတိုက်ကာအိပ်ခိုင်းလိုက်သည်။

note..vote အတွက်ကျေးဇူးပါ။love  you all🎸🦈

There are no comments yet. Log in to be the first to leave a review!

Similar stories