part 49
19:29, 14 May 2025(Unicode)
"မောင် နေ့လည်ဘာစားချင်လဲ"
"မောင်ဘာမှ မစားချင်ဘူး မောင်ပါးစပ်တွေ ပျက်နေတာ ဘာစား စားလည်း အရသာ မရှိသလိုပဲ Nani စိတ်ဆိုးမှာ ဆိုးလို့သာ မောင်စားနေတာ မောင့်တွက် အဆင်မပြေဘူး"
သူစိတ်ဆိုးမှာ ဆိုးလို့သာ စားရတယ် ဆိုတဲ့ စကားကြောင့် Nani သနားမိလာသည်။နေမကောင်းပေမဲ့ ပါးစပ်မကောင်းရင်တောင် ဝင်သလောက်လေး စားမှလည်း ဆေးဒဏ်ကို ခံနိုင်မည် ဖြစ်သည်။
"မောင် ကြိတ်မှိတ်ပြီးတော့ စားရမယ်လေနော် ပါးစပ်ပျက်တယ် ဆိုတာကလည်း နေမကောင်းခဲ့တဲ့ အရှိန်ကြောင့် အဲ့တာမို့ စားချင်စိတ် မရှိလည်း အရသာ မခံပဲ စားရမယ်နော် မောင်"
"ဟူးးး"
"သက်ပြင်း မချပါနဲ့ မသိရင် Nani က ပြုစုနေတာ မဟုတ်ပဲ နှိပ်စက်နေတာ ကျနေတာပဲ"
"မောင်မှ မစားချင်တာကို"
ဂျစ်ကန်ကန် စိတ်ဆိုးသလို ပြောတဲ့ လေသံကြောင့် Nani ဘာမှ ပြန်မပြောပဲ မြင်ရခဲတဲ့ မြင်ကွင်းမို့ ငြိမ်သက်စွာ ကြည့်နေမိသည်။
"Nani ကို ချစ်ရင် ဘာလုပ်ရမှာလဲ "
".........."
"အဲ့တာဆို မောင်က မချစ်ဘူးပေါ့"
"ချစ်တယ်လို့ ဒါပေမဲ့..."
"မောင့်ကို ဆန်ပြုတ် မကျွေးတော့ဘူး ကြာဇံပြုတ်ချို လေး လုပ်ပေးမယ် ပြီးတော့ မောင်ကြိုက်တဲ့ ပုဇွန်လေးပါ ထည့်ပေးမယ်လေ စားမယ်မလား "
သနားတော့လည်း သနားပါတယ် ပါးစပ်မှ မကောင်းရတဲ့ထဲ ဆန်ပြုတ်ပဲ သောက်နေရတော့ skyခမျာ ဂျစ်တစ်တစ် ဖြစ်လာခဲ့ပြီ။ပုဇွန်သံလည်း ကြားရော အနည်းငယ် စဉ်းစားကာ စောနကလို မစားချင်ဘူးလို့တော့ ချက်ချင်း မငြင်းပေ။
"မောင် Nani ပြောတဲ့ အတိုင်းလေး စားမယ်မလား"
"အင်း မောင်စားနိုင်သလောက်ပဲ ကျွေးရမှာနော်"
"ဟုတ်ပြီ Nani လက်ခံတယ် အဲ့တာဆို Nani သွားလုပ်လိုက်တော့မယ်"
"အင်း "
ဧည့်ခန်းထဲမှာ ထိုင်နေရင်း နေ့လည်စာ စားဖို့ sky ထိုင်စောင့်နေလေသည်။အားယုတ်မှာ ဆိုးသောကြောင့် TVလည်း မကြည့်ဖြစ် ဖုန်းလည်း မကြည့်ဖြစ် အရုပ်ကြီးလိုပဲ ပိုင်ရှင် ခေါ်သွားတဲ့ နေရာ၊ ထားတဲ့ နေရာမှာပဲ နေနေ ရသည်။
နာရီ ဝက်ကြာပြီးတော့ နေ့လည်ဆေး သောက်ဖို့ အတွက် အာဟာရ ပြည့်ဝလှတဲ့ နေ့လည်စာ ကြာဇံပြုတ်ချိုလေးကလည်း ကျက်သွားခဲ့ပြီ ဖြစ်သည်။အခုတော့ မောင်ထိုင်နေတဲ့ ဧည့်ခန်းထဲကိုပဲ Nani လက်ကိုင်ပဝါ၊ရေ၊ဆေး အစုံအလင် ယူသွားခဲ့သည်။
"မောင် စားလို့ ရပြီ ကြည့်ပါအုန်း စားချင်စရာလေးနော်"
Sky မယုံချင်သလို ယုံချင်သလို မျက်စိကစားကာ ကြည့်လိုက်ပေမဲ့ တကယ်လည်း စားချင်စရာလေးတော့ ဖြစ်နေသည်။
"မောင့်ဘာသာ စားချင်လား Nani ခွံ့ပေးရမလား"
"Nani ပဲ ခွံ့ မောင့်လက်တွေ နာနေလို့ "
Naniခွံ့ကျွေးတာ စားချင်လို့ တစ်ခါ တစ်လေ အဲ့လို ပလီပလာလေးတွေလည်း လျှောက်ပြော ရသေးသည်။
"အဲ့တာဆို Nani ခွံ့ပေးမယ်နော် "
Nani ကြာဇံလေးကို မှုတ်ကာ ပထမ တစ်ဇွန်း ကျွေးပြီးတော့ မောင် ကြိုက်ပါစေလို့လည်း မျှော်လင့်နေသည်။
"မောင် ကြိုက်လား"
"အင်း ကောင်းတယ် "
"အဲ့တာဆို အားရှိအောင် အများကြီး စားနော်"
ကုန်နိုင်သလောက် စားဆိုပြီး အခုကျတော့လည်း Nani ကျွေးသလောက် စားရမဲ့ အခြေနေသို့ ရောက်လာခဲ့ပြန်သည်။တစ်ပန်းကန် ပြည့်ပြည့်မောက်မောက်ကနေ ကုန်ခါနီး အနေအထားသို့ ရောက်ဖို့ရာ သုံးဇွန်စာ ပမာဏလောက်ပဲ ကျန်ရှိတော့သည်။
"Nani မောင်ဗိုက်ပြည့်ပြီ "
"မောင်ကလည်း နည်းနည်းလေးပဲ ကျန်တော့တာစားလိုက်အုန်းနော်"
Skyမစားချင်တော့ကြောင်း ခေါင်းယမ်းကာ ပြောဆိုနေပေမဲ့လည်း ဇွန်းကို လက်ထဲက မချသည့်အပြင် သူပါးစပ်နား တစ်ဝိုက်မှာ ဝဲပျံနေလေသည်။
"မောင် ဒီတစ်ဇွန်းပဲ ဒါပြီးရင် Nani တကယ် သိမ်းပေးမယ်"
"တကယ်လား "
"အင်း တကယ်ပြောတာ "
Sky လည်း လက်ခံတဲ့ သဘောအနေနဲ့ နောက်ဆုံး တစ်ဇွန်းကို စားလိုက်တော့သည်။မစားချင်တဲ့ အရာကို မြန်မြန် စားလိုက်မှပဲ ဇာတ်လမ်းက ပြီးဆုံးသွားတော့တယ်။
"စားနိုင်ရဲ့ သားနဲ့ကို ကလေးဆိုးကြီး မလုပ်ပါနဲ့ မောင်ရယ် နောက်နှစ်ဇွန်းလေးပါ စားလိုက်ပါ့လား "
ထပ်ပြီး ကျွေးနေသောကြောင့် သည်းမခံနိုင်တဲ့ အဆုံး sky ဒီနေရာကနေ ချက်ချင်း အိမ်ပေါ်သို့ တက်ပြေးသွားတော့သည်။တမင် စချင်သောကြောင့် ပြောလိုက်ပေမဲ့ ပြေးတက်သွားတဲ့ လူကြောင့် Nani လှမ်းတားကာ ရယ်လေသည်။
"မောင်ကတော့ တကယ့်ကို အဆိုးအပေပဲ"
Nani မီးဖိုချောင်ထဲမှာ သူချက်ထားတဲ့ အိုး၊ခွက်၊ပန်းကန်တွေကို ဆေးကြောပြီးနောက် နေ့လည်ဆေး တိုက်ဖို့ မောင့်ဆီကို သွားရသေးသည်။အခန်းဝ ရောက်တော့ တံခါးခေါက်သံလေး ပေးကာ ဝင်ရောက်ဖို့ အတွက် ခွင့်ပြုချက်လေး တောင်းခံလိုက်သေးသည်။
"မောင် Nani ဝင်လာမယ်နော်"
ကုတင်ထပ်မှာ ကုတင် ခေါင်းရင်းကျောမှီပြီး အလုပ် လုပ်နေတဲ့ မောင်ကတော့ နေမကောင်းတဲ့ ရက်မှာ မနားမယူပဲ ဆက်လုပ်နေတာကို တွေ့ရသည်။
"မောင် ဆေးသောက်ရအောင်"
"Nani အဲ့နား ချထားလိုက် မောင်ပြီးရင် သောက်လိုက်မယ်"
"အခုချက်ချင်းသောက် "
Laptop မှာ typing ရိုက်နေတဲ့ လက်တွေတောင် Nani ရဲ့ မာကျောတဲ့ အသံကြောင့် ရပ်တန့်သွားခဲ့သည်။ သူဒီလို အလုပ်လုပ်နေတာ မြင်တော့ Nani စိတ်ဆိုးနေပြီ ဆိုတာ သေချာတယ်။Nani ရဲ့ မျက်နှာ တော်လေးအား ကြည့်လိုက်တော့ သူထင်ထားတဲ့ အတိုင်းပင်။ဒါ့ကြောင့် ကောင်းမွန်လှတဲ့ ရွှေဉာဏ်တော်ကို ဆုတော်ငွေတောင် ချီးမြှင့်ချင်သွားသည်။
"သောက်မှာလား မသောက်ဘူးလား "
"အင်း မောင်သောက်မယ်"
"ပြီးရင် စောင်ခြုံပြီး အနားယူနေ အဲ့အလုပ်တွေလည်း မမြင်ချင်ဘူး စကားနားထောင်မှာလား နားမထောင်ဘူးလား တစ်ခါတည်းပြော"
"နားထောင်မယ်ကွာ "
မလုပ်ချင် လုပ်ချင်နဲ့ ပြောနေတဲ့ လေသံအား မကြိုက်လို့ Nani ရဲ့ အရစ်သင်ခန်းစာကလည်း မပြီးဆုံးနိုင်သေးပေ။
"အဲ့လေသံ မကြိုက်ဘူး သေချာပြန်ပြော"
ချစ်တော့လည်း ဘာပဲဖြစ်ဖြစ် အလိုလိုက် အကြိုက်ဆောင်ထားတဲ့ wongravee တို့ကတော့ "မိန်းမရှိခိုး သွားမကျိုး" ဆိုတဲ့ စကားကတော့ လက်ဆွဲတော်ကြီးကို ဖြစ်လို့နေရှာသည်။
"Nani ပြောတာကို မောင်နားထောင်မယ်နော်"
"အင်း အဲ့တာဆို Nani အောက်ကို သွားလိုက်အုံးမယ် သေချာ အိပ်ပျော်အောင် အိပ်ရမယ်နော်"
"ဟင်း မောင်တစ်ယောက်တည်း ဒီအခန်းကြီးထဲမှာ အိပ်ရမှာလား Nani ကရော မောင်နဲ့ တူတူ မအိပ်ဘူးလား"
"မောင့်အတွက် ညစာ လုပ်ရအုံးမယ်လေ အဲ့တာကြောင့်မို့ မောင်က နေမကောင်းတဲ့လူ အားပြည့်အောင် အနားယူရမယ် "
Nani ရှင်းပြ ပြောပြနေတဲ့ စကားတွေက လက်မခံချင်တဲ့ သဘောဖြင့် sky တစ်ယောက် သက်ပြင်းချကာ လေထုတ်နေတော့သည်။
"အခုမှ နေ့လည်ပဲ ရှိသေးတာလေ ညရောက်ဖို့ အဝေးကြီး လိုသေးတယ် "
"ဟုတ်ပါတယ် ဒါပေမဲ့ Nani ပြန်ရင် မောင့်ကို ဂရုစိုက်ပေးဖို့ အဒေါ်ပရင်ကို အကူညီလေး တောင်းထားမလို့ပါ "
"မောင် ကိုယ်ဘာသာကိုယ် ဂရုစိုက်နိုင်ပါတယ်ကွာ "
ဒီလောက် ဖြစ်နေတာတောင်မှ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တယ်တဲ့ Nani မျက်စောင်းထိုးကာ ကြည့်လိုက်မှပဲ သူ့ကိုယ်သူ အသိဝင်ကာ အမြီးလေး ကုတ်သွားခဲ့ပြန်သည်။
"Nani က မနက်ဖြန် မနက်ဆို ပြန်တော့မှာ အဲ့တာကြောင့်မို့ မပြန်ခင်လေး မောင့်ကို နေနေမြန်မြန် ကောင်းစေချင်ပြီ "
"Nani ကလည်း တစ်လပြည့်ဖို့ ရက်ပိုင်းလောက်လေးပဲ လိုတာကို ပြန်နေအုန်းမှာလား "
"ပြန်ရမှာပေါ့ မောင်ရဲ့ တစ်လလို့ ပြောထားတဲ့ အချိန်အတွင်းတော့ Nani လုပ်တဲ့ အလုပ်ပေါ်ကို တာဝန်ကျေချင်တယ်"
"အင်းပါအင်းပါ "
စောင်ခြုံကာ ဟိုဘက် လှည့်သွားတဲ့ မောင့်ကြောင့် Nani မှာ အံ့ဩတသား ဖြစ်သွားခဲ့သည်။နေမကောင်း ဖြစ်ကာမှ ထွက်ပေါ်လာတဲ့ စိတ်ကောက်ဂျစ်ကန်တဲ့ စိတ်လေးတွေကိုလည်း Nani အများကြီး မြင်ခဲ့ရပြီ ဖြစ်သည်။Nani လည်း တံခါးလေး သေချာ ပိတ်ကာ ခြေသံ မကြားအောင် ပြုံးစိစိဖြင့် အခန်းထဲကနေ ထွက်သွားခဲ့တော့သည်။
ညစာ အတွက် အဆင်ပြေတာလေးတွေ ဝယ်ဖို့ Kan နဲ့ အဒေါ်ပရင်ကို မှာလိုက်သည်။ပြီးနောက် စကားဖောင်ဖွဲ့ရင်း မောင့်ကို ဂရုစိုက်ပေးဖို့ပါ တစ်ခါတည်း အကူညီ တောင်းခဲ့လိုက်သည်။သူအခု ဘယ်မှာ နေနေတယ်၊ပြီးရင် ပြန်လာမယ် ဆိုတာကိုလည်း အသိပေးလိုက်တော့ Kan နဲ့ အဒေါ်ပရင်မှာ ပျော်သွားခဲ့ကြသည်။သူ့ကို ဒီလို ကြိုဆိုနေတဲ့ သူတွေ ရှိနေတာကို မြင်ရတော့ Nani စိတ်ထဲ အတိုင်းမသိ ကျေးဇူး တင်မိပါသည်။
~~~~~~~~~~~~~~~~~~~
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
ဝင်လာတဲ့ သူကို အလုပ်လုပ်နေရင်း မော့ကြည့်လိုက်ရာ တစ်ခြားသူတော့ မဟုတ်ပေ။ရင်းနှီးတဲ့ မိတ်ဆွေလား၊နောက်တစ်ချိန်မှာ ပတ်သတ်လာမဲ့ မိသားစုလား ဆို၍ James လက်ထဲက ဘောပင်အား ချကာ တွေးလိုက်လေသည်။
"အော် ဘယ်သူများလဲလို့ Khun Thun ပဲ ထိုင်ပါ ဘာကိစ္စ ရှိလို့လဲ "
"ကျွန်တော် ပြောစရာ ရှိလို့ လာခဲ့တာပါ "
"ပြောပါ "
Nani အဖေ သူစခဲ့တဲ့ ဒီကိစ္စ အတွက် သူကိုယ်တိုင် အဆုံးသတ်ဖို့ ဒီနေရာကို ရောက်လာခဲ့ခြင်းဖြစ်သည်။သားကိုလည်း ဒီလို လူနဲ့ သဘောတူမိမယ် ဆိုရင် ပျော်ရွှင်မှု ဆိုတာလည်း ရှိလာမယ် မထင်ဘူး၊နောက်တစ်ခု အနေနဲ့ ဒီလူရဲ့ စိတ်ဓာတ်တွေကို အနှေးနဲ့ အမြန် သိခဲ့လိုက်ရတော့ လုံးဝကို မခံမရပ်နိုင် ဖြစ်သွားခဲ့တော့သည်။
"ကျွန်တော့ သားနဲ့ လက်ထပ်မဲ့ ကိစ္စကို သဘော မတူတော့တဲ့ အကြောင်း လာပြောတာပါ "
"ဘာ! ခများလို လူက ကျွန်တော့ကို "
"ဟုတ်ပါတယ် ကျွန်တော့သားလေးကို ခများလို လူရဲ့ လက်ထဲကို မထည့်နိုင်တော့ဘူး အရင်တုန်းက သဘောတူခဲ့တယ် ဆိုတာ ခများရဲ့ စိတ်ဓာတ်ကို မသိခဲ့လို အခုချိန်မှာ သိလည်း သိသွားပြီ ဆိုတော့ ကျွန်တော့ဘက်ကနေ ဒီကိစ္စကို ဖျက်ပါရစေ "
စိတ်ဓာတ်ကိစ္စတွေပါ ပါလာလည်း တုန်လှုပ်တက်တဲ့ အထဲမှာ jamesဆိုတဲ့ လူက ပါဝင်ခြင်း မရှိပေ။ဒီမင်္ဂလာ ပွဲကို ဖြစ်အောင် လုပ်ချင်တဲ့ လူကရော ဒါကို လက်ခံမဲ့ထဲမှာ ပါ ပါ့မလား။
"ကျွန်တော် လက်မခံဘူး ဆိုရင်ရော.."
"တစ်ဖက်လူရဲ့ အလိုဆန္ဒမှ မပါဝင်တာ မင်္ဂလာပွဲ ဆိုတာလည်း ဖြစ်လာမှာ မဟုတ်လို့ Khun James လည်း လက်လျော့လိုက်ပါ "
"အဟား! ခများ ရယ်ရတယ် "
သူ့ကိုများ ဘာကောင်မှတ်နေတာလဲ။သူပြောချင်တိုင်း လက်ခံတဲ့ လူများ ထင်နေတာလား။jamesဘဝမှလည်း မရတဲ့ ဟာကိုမှ လိုချင်မိတာ။ဒါကို အပိုင်လာပြောနေတဲ့ Khun Thun နဲ့တော့ jamesရယ်သာ ရယ်လိုက်ချင်တော့သည်။
"ခများကို ကျွန်တော် ကူညီပေးခဲ့တာတွေရော မှတ်မိသေးလား"
"Khun James ကျွန်တော်ကို ချေးပေးထားတဲ့ ငွေတွေကိုလည်း မှတ်မိပါတယ်။ဒါကြောင့်မို့ လုပ်ငန်းက အကျိုးမြတ်ရတဲ့ ပမာဏ တွေကိုပါ ကျွန်တော်ပေးပြီး ဒီလက်ထပ်ပွဲကို ဒီနေရာမှာပဲ ရပ်တန့်လိုက်ရအောင် "
"ခများကို ဘယ်သူက ချေးထားတဲ့ ပမာဏ အတိုင်းပဲ ဆပ်ရတယ်လို့ ဘယ်သူက ပြောတာလဲ ကျွန်တော် ပြောခဲ့လား "
Khun James စကားကြောင့် Nani ဖေဖေရဲ့ မျက်နှာ တစ်ခုလုံး သွေးမရှိသလို ခြောက်ခြားသွားခဲ့တော့သည်။
"Khun James "
"ကျွန်တော့ အခု တစ်ခါတည်း ပြောလိုက်မယ် ကျွန်တော် ချေးထားတဲ့ ငွေရဲ့ သုံးဆ ရှိမှ ဒီကိစ္စကို လာဖျက်လိုက် ပြီးတော့ ပြန်လိုက်ပါ စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ အစည်းအဝေးတွေ လုပ်စရာ ရှိသေးလို့ပါ "
ငါကို ဒီကို လာလုပ်လို့ ရမလားဆိုတဲ့ အတိုင်း jamesကတော့ Khun Thun မလျော်နိုင်မှန်း သိလို့ကို ပြောဆိုလိုက်ပြီး မျက်နှာ ပျက်သွားတဲ့ သူ့ရှေ့က လူရဲ့ ပုံစံအား ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကွေး၍ပြုံးလိုက်သည်။
Nani ဖေဖေ ကတော့ အိမ်ပြန်လမ်း တစ်လျှောက် ရင်ထဲက အပူလုံးကို ဘယ်လို ငြိမ်းသတ်ရမလဲ ဆိုတာကို နည်းလမ်းရှာနေရသည်။ရရှိတဲ့ အမြတ်ကနေ သူပေးထားတဲ့ ပမာဏကို အခုချိန်မှာ ပေးနိုင်ပေမဲ့လည်း Khun James တောင်းတဲ့ သုံးဆ ဆိုတာကြီးက အရမ်းကိုမှ ခက်ခဲလွန်းပါတယ်။သုံးဆ ပြည့်အောင် ရှာရင်တောင် ကိုယ့်စိတ်ကြိုက် စုဆောင်းလို့ ရမည်တဲ့လား တစ်ပတ်ဆိုတဲ့ အချိန်အကန့်အသတ်ကလည်း ရှိနေပြန်သည်။
အိမ်ရောက်လာတဲ့ ယောက်ျား ဖြစ်သူအား ကြည့်ကာ Nani မေမေ သူထင်တဲ့ အတိုင်း မဖြစ်ပါစေနဲ့ဟူ၍ ဆုတောင်းမိသည်။သို့သော် ဆုတောင်းပင် မပြည့်ခဲ့ Khun James ပြောလိုက်တဲ့ စကားမှန်သမျှအား ကြားရပြီးနောက် သူတို့ အနေနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာ ခက်ခဲသွားခဲ့သည်။ဒီကိစ္စကို သားကို ပြောပြရအောင်လည်း အဆင်မပြေ။သုံးဆ ဆိုတဲ့ ဟာကို ပြန်လျော်ပေးဖို့ ပိုင်ဆိုင်မှုကို ရောင်းရအောင်လည်း မဖြစ်ပြန်။Nani အဖေရဲ့ ဘဝကလည်း ကျေးဇူးရှင် ဖြစ်တဲ့ CEOကို စော်ကား မိလို့များလား ဆိုပြီး နောင်တတွေ ရနေတော့သည်။
______________________
ညနေ ရောက်သော် Nani အခန်းထဲမှာ ရှိတဲ့မောင့်ကို အပြေးလေး သွားကြည့်ရသေးသည်။အခုထိ ကောင်းမွန်စွာ အိပ်ပျော်နေသော်လည်း ညနေစောင်းတော့မှာမို့ မောင့်အား ညင်သာစွာ နှိုးလိုက်လေသည်။
"မောင် "
"ဟင် "
"ထတော့နော် ညနေစောင်းနေပြီ ဆက်အိပ်ရင်အဖျားဝင်သွားလိမ့်မယ်"
"အင်း "
"ဖြေးဖြေးထ "
Nani လည်း အိပ်နေတဲ့ ခန္ဓာကိုယ်လေးအား အသာတချီ ထူပေးကာ သန့်ရှင်းရေးပါ တစ်ခါတည်း ပြုလုပ်ပေးလိုက်လေသည်။အင်္ကျီလှဲပေးကာ အခန်းထဲမှာပဲ ပျင်းနေမှာ ဆိုးလို့ ဝရံတာကို အပျင်းပြေး ခေါ်ထုတ်လာခဲ့သည်။
"Nani "
"ဟင် "
"မောင်နေကောင်းပါပြီ မောင့်ကို လူနာကြီးလို မဆက်ဆံပါနဲ့ Nani ပင်ပန်းလိမ့်မယ် "
"အင်း ဒါပေမဲ့ မနက်ဖြန်ဆို Nani က ပြန်တော့မှာမို့ သေချာလေး ဂရုစိုက်ပေးချင်လို့ပါ "
"အင်းပါ မောင်နားလည်ပါတယ် မောင်ကလည်း Nani လေး မောင့်အတွက်နဲ့ ဒုက္ခများနေမှာကို မလိုချင်လို့ပါ "
"ဟုတ်ကဲ့ပါ အဲ့တာဆို ကလေးလို မဂျစ်နဲ့ "
မဟုတ်တန်းတရားတွေ လာစွပ်စွဲ နေတဲ့ အတိုင်း sky တစ်ယောက် Nani ပြောသမျှကို ငြင်းကန်နေလေသည်။သူ့မှာ အဲ့လို အပြုမူတွေ မရှိတဲ့ အကြောင်းရော၊မလုပ်တက်တဲ့ အကြောင်းပါ စီကာပတ်ကုံး ပြောဆိုနေလေသည်။
"မောင် ဘယ်မှာ ဂျစ်လို့လဲ မောင်ကဒီအသက်ဒီအရွယ်မှာ အဲ့လိုတွေ လုပ်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလားကွာ "
"အော် မောင့်အသက်က အခုမှ ၂၁ပဲ ရှိသေးတာလေ တော်တော်ကြီးနေပြီပေါ့ ဟုတ်လား "
"မောင် ၂၂ထဲ ရောက်တော့မှာလေ ဘာပဲ ဖြစ်ဖြစ် လူကြီးဖြစ်နေပြီ ပြီးတော့ အဲ့ထက်တောင် ရာထူးကြီးသေးတယ်"
"ဘာရာထူးလဲ "
"အိမ်ထောင်ဦးစီးလေ "
"ဟားဟား ဘယ်သူက အဲ့ရာထူး ပေးလိုက်တာလဲ"
Nani တစ်ယောက် လက်ညိုး တစ်ထိုးထိုးနဲ့ skyအား လှောင်ပြောင် နေလေသည်။Sky မျက်နှာကြီးတင်းကာ Nani အား မရယ်ဖို့ ပြောပေမဲ့လည်း အရယ် မပျက်တဲ့ အပြင် ပိုပြီးတော့ကို ကျယ်လောင်စွာ ရယ်နေလေသည်။ဒီလို အပြုမူတွေ လုပ်နေတဲ့ ကောင်လေးအား မှတ်လောက် သားလောက် ရှိအောင် sky ဒူးအောက်ကနေ မ,ကာ ပွေ့ချီလိုက်လေသည်။
"မောင့်!"
"လှောင်အုန်းမှာလားပြော"
"လှောင်မှာပဲ "
"တကယ်လား "
လျှာထုတ်ကာ ပြောင်ပြနေတဲ့ ကောင်လေးကြောင့် sky ရဲ့ ခြေလှမ်းတွေက အိပ်ခန်းထဲသို့ ဦးတည်ဖို့ လုပ်လိုက်လေသည်။စနေရင်း ပွေ့ချီကာ အိပ်ခန်းထဲ သွားနေတဲ့ မောင့်ကြောင့် Nani နားမလည်ဖြစ်နေသည်။
"မောင် အခန်းထဲကို ဘာလုပ်မလို့လဲ "
"မောင့်ကို လှောင်နေတဲ့ ကောင်လေးကို အပြစ် ပေးမလို့ "
"မဟုတ်ဘူးလို့ Nani က ချစ်လို့ စတာလေ မသွားနဲ့လို့ အခန်းထဲကို "
အသံစွာစွာလေးနဲ့ အခန်းထဲ မသွားဖို့ တားမြစ်နေသော်လည်း နောက်ဆုံးမှာ အခန်းထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။Nani ကို ကုတင်ပေါ်သို့ ချပေးကာ အပေါ်ကနေ အုပ်မိုးနေတဲ့ skyအား Nani လန့်နေပြီ ဖြစ်သည်။
"မောင် Noနော် "
"Yesပဲ "
"Sky Wongravee "
"မောင် မလုပ်နဲ့လို့ "
ဘယ်လောက် ခေါ်ခေါ် ဂရုမစိုက်ပဲအသဲတယား လည်ပင်းသားဖွေးဖွေးလေးနဲ့ မျက်နှာပြင် နေရာလပ် မကျန် နမ်းနေတဲ့ skyကြောင့် Nani ယားလာကာ နှုတ်ခမ်းကို လက်နဲ့ ပိတ်ပြီး လှမ်းတား နေရသည်။
သို့ပေမဲ့ နေမကောင်းတဲ့ လူတစ်ယောက်က ဘာလို့ အဲ့လောက်တောင် အားတွေ သန်နေရတာလဲ Nani လက်ကို ချုပ်ကာ ကျေနပ်အားရတဲ့ အထိ နမ်းယူနေလေသည်။
Sky တစ်ယောက် နမ်းလို့ အားရခါမှ Nani ကို လွှတ်ပေးလိုက်လေသည်။ပလက်အနေထားကနေ သူ့ပေါ်မှာ အုပ်မိုးနေတဲ့ လူအား လက်နဲ့ တွန်းဖယ်ပြီးနောက် Nani ချက်ချင်း ထလိုက်သည်။အခန်းထဲက မှန်တင်ခုံ နေရာသို့ သွားကြည့်လိုက်ရာ နှုတ်ခမ်းတွေပါ ယောင်နေရုံ မကဘူး မျက်နှာ တစ်ခုလုံးနဲ့ လည်ပင်းတွေပါ ရဲနေတော့သည်။
"မောင့်! ကြည့်အုန်း လုပ်လိုက်ရင် အဲ့လိုကြည့်ပဲ"
"ဘာမှ မဖြစ်ပါဘူး မောင်က ချစ်လို့လေ"
"မချစ်နဲ့ Nani မောင့်ကို ပြောစရာ ရှိတယ် ဒါပေမဲ့ မပြောတော့ဘူး"
"Nani မောင့်ကို ဘာပြောမလို့လဲ"
မှန်ရှေ့မှာ ထိုင်နေတဲ့ Nani ဆီကို ချက်ချင်း ထသွားကာ ပုခုံးပေါ်ကို မေးတင်ထားပြီး အနောက်ကနေ ဖက်ထားလိုက်လေသည်။
"သွား မထိနဲ့ မပြောချင်တော့ဘူး "
"မောင် တောင်းပန်ပါတယ်ကွာ Nani ပြောနော် မောင်နားထောင်မယ် နော်လို့ Nani လေး"
"သွား! အခုမှ လာပြီး စကားနားထောင် မနေနဲ့ "
"ပြောပါ မောင်နောက်ခါ အချစ်မကြမ်းတော့ဘူးနော် ပြပါအုန်း Nani နှုတ်ခမ်းလေးတွေ နာနေတော့မှပဲ အုံဖွ "
မေးစေ့ကနေ ဆွဲယူပြီး ညင်သာစွာ သူ့နှုတ်ခမ်းနဲ့ ထိပေးလိုက်ရင်း အုံဖွ ပြုလုပ်နေသော skyကြောင့် စိတ်ဆိုးရခက် ပြန်သည်။ကြည့်လိုက် ဘာလုပ်လုပ် သူ့အတွက် ရှုံးရတယ်လို့ကို မရှိဘူး အမြဲ အမြတ်ရနေတဲ့ skyကို Nani နှာခေါင်းရှုံမိနေတော့သည်။
"မောင်ဘက်က နစ်နာနေအုန်းမယ်နော် "
"မောင်က သက်သာအောင် လုပ်ပေးတာလေဗျာ မသက်သာသေးဘူးလား မောင့်နှုတ်ခမ်းလေးနဲ့ ထိပေးရအုံးမလား"
"တော်ပြီ တော်ပြီ စကားပဲ ပြောတော့မယ် သေချာနားထောင်"
"ဟုတ် "
Nani လည်း သူ့မိဘတွေ သူ့ကို ရှာတွေ့သွားတဲ့ အကြောင်းကို ပြောပြလိုက်ရာ sky လုံးဝ စိတ်ပူသွားခဲ့သည်။ဒီလို စိတ်ပူရခြင်းကလည်း Nani မိဘတွေက သူနဲ့ သဘောမတူပဲ ဟိုလူနဲ့ လက်ထပ်စေချင်သောကြောင့် ဖြစ်သည်။သို့သော် စိတ်ပူနေရတာတွေက ကြက်ပျောက် ငှက်ပျောက် သလိုပဲ ပြီးဆုံးသွားတော့မည် ဖြစ်သည်။jamesနဲ့ ကိစ္စကို အတင်းမပေးစားတော့ဘူး ဆိုတဲ့ အကြောင်းက သူ့အတွက် တော့ နားဝင်ချိုတဲ့ တေးသွားတစ်ပုဒ် ဖြစ်နေတော့သည်။
"Nani အဖေက James ဆိုတဲ့ ကောင်နဲ့ သဘောမတူဘူး ဆိုတာ သေချာတယ်မလား တစ်ခြား အစီစဉ်တွေ မရှိလောက်ဘူး ဆိုတာ Nani ယုံလား"
"အင်း ဒီတစ်ခါတော့ ဖေဖေက တကယ်ပြောတာ ဆိုတာ Nani ယုံတယ်"
"ဟုတ်ပါပြီ မောင်ကတော့ ကြားရတာ နားဝင်ချိုပါတယ် ဒါပေမဲ့ အကြံစည် တစ်ချို့ ရှိခဲ့ရင်လည်း မောင့်အနေနဲ့ နောက်ဆုတ်မှာ မဟုတ်ဘူး အကယ်၍ ရှိခဲ့ရင်လည်း ကုန်ကုန်ပြောမယ် Nani ကို ထပ်ပြီး စိတ်ဆင်းရဲ မခံနိုင်ဘူး ပြီးတော့ မောင့်ရင်ခွင်ထဲမှာ ဘယ်သူမှ မသိအောင် ဖွက်ထားမှာ "
"မောင်စိုးရိမ်တာကို Nani နားလည်ပါတယ် ဖေဖေကလည်း သူကိုယ်တိုင် ဒီကိစ္စကို ရှင်းမယ်လို့ Nani ကို ပြောတယ် ပြီးတော့ Nani ကိုလည်း Nani ချစ်တဲ့သူနဲ့ ပျော်ရွှင်တာကိုပဲ မြင်ချင်တာပါတဲ့ "
"Nani ချစ်တဲ့သူက ဘယ်သူလဲ"
အဲ့လို စကားအကောင်း ပြောရင် ထထ ဖောက်တက်တဲ့ မောင့်ကြောင့် Nani ဗိုက်ခေါက်လိမ်ဆွဲလိုက်လေသည်။
"အားး Nani နာတယ် "
"အဲ့လိုတွေ ပြောအုန်းမှာလား "
"မပြောတော့ဘူးနော် မောင်က စတာ Nani ရဲ့ အချစ်ဦးနဲ့ အချစ်ဆုံးက ဘယ်သူလဲ ဆိုတာ မောင်သိတာပေါ့ "
"အချစ်ဆုံးကို လက်ခံပါတယ် အချစ်ဦးလို့ Nani ပြောမိလို့လား "
Sky Nani ရဲ့ အပြောကြောင့် စိတ်ထဲမှာ မနာလို သဝန်တိုကာ ပြောပြီး အခန်းထဲက ထွက်သွားတဲ့ ကောင်လေးနောက်အား အတင်းလိုက်မေးနေတော့သည်။
Nani ဘယ်သွားသွား အနောက်ကနေ ချက်ချင်း တစ်ကောက်ကောက် လိုက်ကာ အချစ်ဦးက ဘယ်သူလဲ ဆိုပြီး တစ်ဖွဖွ လိုက်နေလေသည်။
"Nani မောင့်ကိုပြော ဘယ်သူလဲ မောင်သိချင်တယ် "
"ဘာလို့ သိချင်တာလဲ "
"သိထားရမယ်လေ အချစ်ဦး မြေးဦးရတဲ့ထိ မမေ့တဲ့ အဲ့လူရဲ့ ရုပ်ရည်ရူပကာက မောင့်လောက်တောင် ကြည့်ကောင်းလို့လား"
"အင်း မောင့်နီးနီး ချောတယ် "
"မနှိုင်းနဲ့ မောင်က အဲ့လူထက် ပိုသာတယ် ဆိုတာ ယုံတယ် "
"ဟားဟား ဘာလို့ အဲ့လောက် စိတ်တိုနေရတာလဲ"
"ဘယ်မှာ တိုလို့လဲ "
"ကဲပါ လာ "
Nani sky လက်အား ဆွဲကာ ခြံထဲမှာ ရှိတဲ့ ဒန်းပေါ်သို့ ခေါ်ဆောင်သွား လေသည်။အနောက်ကနေ ခေါ်ရာ ပါလာတဲ့ လူကတော့ အခုထိ စိတ်ထဲမှာ အခဲမကြေနိုင်သေးပေ။
"မောင်သိချင်ရင် Nani ပြောပြမယ် "
"မသိချင်ဘူး "
"တကယ်လား "
"တကယ်မသိချင်ဘူးပေါ့ "
Nani ဘယ်လောက် ပြောပြော ဟိုဘက်လှည့်သွားတဲ့ လူကြောင့် ပါးနှစ်ဖက်ကို လက်ဖြင့် ဆွဲယူကာ အမှန်တိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
"Nani ရဲ့ အချစ်ဦးနဲ့ အချစ်ဆုံးက မောင်ပဲလေ "
လက်နှစ်ဖက်ကြားမှာ ရှိနေတဲ့ မျက်နှာ ပိုင်ရှင်ကတော့ သူဆိုတာ သိသွားသည်နှင့် တစ်ပြိုင်နက် ရှက်စိတ်ကို မြိုသိပ်ကာ မျက်လွှာချထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။
"မယုံဘူးလား "
'ပြွတ်စ်'
ဒီဟာလေးကလေ အခုနောက်ပိုင်း လက်ရဲ ဇက်ရဲ ရှိလာတာကို sky သတိထားမိကာ သူ့ဘက်ကပါ Nani ရဲ့ နှုတ်ခမ်းလေးကို တစ်ဖန် နမ်းယူလိုက်လေသည်။
"ယုံတယ် "
"မောင်ရဲ့ အချစ်ဦးနဲ့ အချစ်ဆုံးကရော ဘယ်သူလဲ"
"Nani လေးပေါ့ "
"လိမ်တယ် "
"ဟောဗျာ မလိမ်ပါဘူး "
"အဲ့တာဆို အရင်က ကောင်မလေးတွေကရော "
"သူတို့က မောင်ဘာမှ မသိတက်တဲ့ အရွယ်တုန်းက လေ အဲ့တာကို အချစ်လို့ မခေါ်ဘူး အချစ်ဆိုတာ Nani နဲ့မှ စပြီး Nani နဲ့ပဲ အဆုံးသတ်သွားချင်တာ "
"အပြောကတော့ ဖျားသွားနိုင်တယ် "
"မောင်အပိုမပြောပါဘူးကွာ "
"မကောင်းတက်လို့ ယုံပေးလိုက်မယ် "
"လက်တွေ့ကို ပြသနေတာလေ အချစ်ရာ"
"တော်ပါ ညစာ သွားစားမယ် ပြီးတော့ ဆေးသောက်ရမယ် အနောက်ကနေ လိုက်ခဲ့တော့ "
"တူတူသွားမယ် "
ဒီတစ်ခါ အိမ်ထဲကို ဝင်ဖို့ လက်ပြန်တွဲတဲ့ သူကတော့ skyပင်။ညစာ ကတော့ ဝက်နံရိုးစွပ်ပြုတ်လေး လုပ်ပေးကာ ခံတွင်းလိုက်အောင်မို့ပါ ဝက်နံရိုးလေးပါ ကြော်ပေးထားလိုက်သည်။ညစာကတော့ ကံထူးသွားတဲ့ အတိုင်း မနက်စာနဲ့ နေ့လည်စာလောက်တော့ အရမ်း မကျွေးရဘူး သူ့ဘာသာသူ အများကြီး စားသွားလေသည်။ဘာပဲ ဖြစ်ဖြစ် လုပ်ပေးထားသမျှကို စားသော မောင့်ကြောင့် Nani ပင်ပန်းရင်တောင် ကျေနပ်မိသည်။
အခြေနေက အရမ်းလည်း မစိုးရိမ်ရတော့ အိပ်ရာ မဝင်ခင် ခနတာ ဧည့်ခန်းထဲမှာ TVကြည့်လိုက်ကြသည်။အချိန်အကန့်သတ်နဲ့ ကြည့်ရှုပြီးနောက် Nani လည်း အခန်းထဲ သွားကာ အိပ်ရာခင်းတွေကို အသစ်လှဲလိုက်သည်။အားလုံး ပြီးသွားတော့ မောင့်အား အနားယူဖို့ ခေါ်လိုက်လေသည်။
Skyလည်း အခန်းထဲ ဝင်လာတော့ Nani က သူ့အိတ်ထဲကို အဝတ်တွေ ခေါက်ထည့်နေလေသည်။မနက်ကျရင် ပြန်ရတော့မှာကို အဆင်သင့် ဖြစ်အောင် ပြုလုပ်ထားလိုက်သည်။မောင်ကတော့ ထုံးစံ အတိုင်း အနားရောက်လာပြီး မသွားဖို့ တားမြစ်လေပြန်သည်။ရက်ပေါင်းလောက်ပဲ ခွဲရတော့မှာ မောင့်အလုပ်တွေ ပြီးရင် Nani ကို လာခေါ်လို့ ရပြီ ဆိုပြီး ချော့ပြောနေရပြန်သည်။
"မောင်လည်း အဆင်ပြေပြီ ဆိုတော့ မနက်အစော flight နဲ့ Nani ပြန်ရအုံးမယ်လေ"
"မောင့်နဖူးတွေ စမ်းကြည့်ပါအုန်း ပူနေသလိုပဲ "
တွေ့လား ချက်ချင်း နေမကောင်းဘူး ဖြစ်သွားတဲ့ မောင့်ကြောင့် Nani မအောင့်ထားနိုင်ပဲ အော်ရယ်မိလေသည်။
"မောင်တကယ်ပြောနေတာ "
"ဟုတ်လားမောင် "
Nani လည်း မောင့်အား ကုတင်ပေါ်မှာ လှဲခိုင်းပြီး နဖူးပေါ်သို့ fever cooling patch ချက်ချင်းကပ်ပေးလိုက်လေသည်။သူလိုချင်တာ ဒါမဟုတ်ဘူးလေ ဆိုတဲ့ skyကတော့ မျက်နှာကြီးကို ရှုံမဲ့နေလေသည်။ကုတင်ပေါ်ကနေ အတင်းထကာ နဖူးပေါ်မှ cooling patch ကို ခွာယူလိုက်လေသည်။
"မောင် ဘာလို့ ခွာတာလဲ ဒါမှ အဖျားကျမှာပေါ့ "
"Nani မောင့်ကို သက်သက်လူလည်ကျနေတာပဲ"
"Nani က မောင့်ကို စိတ်ပူလို့လေ "
"မဟုတ်ပဲနဲ့ မနက်ကျရင် မောင်လိုက်ပို့ပေးမယ် အခု အိပ်ရအောင် "
"ခနလေးနော် Nani ပြီးအောင် ပစ္စည်းလေးတွေ ထည့်လိုက်အုန်းမယ် "
Skyလည်း Nani အဝတ်ထည့်နေတာကို မျက်တောင် မခတ်ပဲ ကြည့်နေလေသည်။Nani လည်း သူ့အဝတ်အိတ် ပြင်ဆင်ပြီးနောက် မောင့်ရဲ့ အဝတ်တွေကိုကာ ဗီရိုထဲကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သန့်ရှင်းပေးလေသည်။
အခန်းတစ်ခုလုံး ရှင်းပြီးနောက် Nani ခြေလက်ဆေးဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ရေချိုးခန်းထဲကနေ ထွက်လာပြီးတော့ ခန္ဓာကိုယ်က ရုတ်တရက် လေပေါ်မြောက်သွားတဲ့ ခံစားချက်မျိုး ခံစားလိုက်ရလေသည်။
"အမေ့! မောင်ဘာလုပ်တာလဲ လန့်သွားတာပဲ "
"အိပ်ကြစို့ "
ကုတင်ပေါ် အသာလေး ချပေးပြီး သူ့ရဲ့ ရင်ခွင်ထဲ ခွင်ကာဖက်ပြီး ကလေးလို ပြုမူနေတဲ့ မောင့်ကြောင့် Nani လည်း အလိုက်သင့်လေး ပြန်ဖက်ထားလိုက်သည်။
"မောင် "
"အင်း အရင်က မောင့်ရင်ခွင်ထဲမှာ Nani က နေနေကျ ဆိုပေမဲ့ Nani ရဲ့ ရင်ခွင်လေးထဲမှာ မောင်ကလည်း ခိုနားချင်လို့ မောင့်ကို လက်ခံမယ်မလား"
"Nani လက်ခံပါတယ် "
"အဲ့တာဆို မောင့်ကို ချော့သိပ်ပေး "
Nani လည်း ရင်ခွင်ထဲမှာ ရှိတဲ့ လူထွားလေးအား လက်အပြည့် သိမ်းကျုံးဖက်ကာ နောက်ကျောလေးကိုပါ ပုတ်ပြီး ချော့သိပ်နေလေသည်။ရင်ခွင်ထဲက ကောင်လေးကလည်း သူတောင်းဆိုနေသမျှ လုပ်ပေးနေတဲ့ ချစ်ရသူအား ပြုံးစိစိဖြင့် ကျေနပ်နေလေသည်။ထို့အတူ sky ဘက်ကပါ Nani ကို ဖတ်ထားကာ Nani ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေးအား ရှူရှိုက်ကာ အိပ်မက်ထဲမှာတောင် ပန်းတွေ ပွင့်နေလောက်ရောပေါ့
TBCThanks for reading, guys
(Zawgyi)
".........."
~~~~~~~~~~~~~~~~~~~
"အောျ ဘယျသူမြားလဲလို့ Khun Thun ပဲ ထိုငျပါ ဘာကိစ်စ ရှိလို့လဲ "
"Khun James "
______________________
"Nani "
"Sky Wongravee "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





