part 48
19:44, 10 May 2025(Unicode)
Nani မနက်အစော ထကာ ဖေဖေနဲ့ မေမေက ဒီနေ့ Bangkok ကို ပြန်တော့မှာမို့ နှုတ်ဆက်ဖို့ သူအရင်တည်းခဲ့တဲ့ hotel ရှေ့မှာ သွားစောင့်နေလိုက်သည်။hotel ဝင်ပေါက်မှာ စောင့်နေတဲ့ သားကို တွေ့တော့ Nani မိဘတွေလည်း ကားပေါ်က ဆင်းကာ အပြန်အလှန်ဖက်ပြီး ဂရုစိုက်နေဖို့ စကားလက်ဆောင် ပါးဖြစ်ကြသည်။သားဆိုတာ သူ့ဘာသာသူ အေးအေးဆေးဆေးလေး နေပေမဲ့ အခုလို တစ်ယောက်တည်း နေထိုင်နေတာ မြင်ရသော်လည်း ကလေးလေး တစ်ယောက်လို ထင်ခဲ့တဲ့ ငါတို့သားလေးတောင် တစ်ဖြည်းဖြည်း အရွယ်ရောက်လာပြီ ဆိုပြီး Nani ဖေဖေ သားနဲ့ မိန်းမ ဖြစ်သူ ဖက်နေတာကို ကြည့်၍ စဉ်းစားမိရာ အပြုံးတစ်ခုပါ ပေါ်ပေါက်လာခဲ့သည်။
"သား ဖေဖေ တို့ သွားတော့မယ်"
"ဟုတ်ဖေဖေ "
"တစ်ခုခု ဆိုရင် ဖုန်းဆက်နော် သားလေး"
"ဟုတ်မေမေ"
ပြန်ဖို့ အသင့်ဖြစ်နေတဲ့ ကားပေါ်က မိဘနှစ်ပါးကို လက်ပြ နှုတ်ဆက်ပြီး အလုပ်သို့ ဆက်ချီတက်ရန် Nani ဆိုင်ကယ် ကယ်ရီလေး ငှားလိုက်လေသည်။
ဆိုင်ကယ်ပေါ်မှာ လိုက်ပါစီးနှင်းရင်း ဖေဖေ ပြောသွားသည့် ကိစ္စကို မောင့်အား အခုထိ မပြောပြသေးပဲ လျှို့ဝှက်ထားလိုက်သည်။မောင်ရောက်လာမှ surprise တိုက်ပစ်မယ် ဆိုပြီး Nani သူ့အတွေးနဲ့သူ ဝမ်းသာပီတိ ဖြစ်နေလေသည်။
"အကို Bangkok ကို ရောက်ရင် Khun James ဆီ ကို တန်းသွားမှာလား"
"အင်း အချိန်မှီရင်ပေါ့"
"အစ်ကို ဘယ်လို ပြောမှာလဲ သူက လက်ခံပါ့မလား "
"ကိုယ်တို့ ဘက်ကမှ သဘောမတူတော့တာ သူလက်မခံချင်လည်း ခံရမှာပဲ ကဲကဲ မနက်အစောထလာရတာ ပင်ပန်းတယ် အိပ်အုန်းလေ ကိုယ့်ဘာသာ ကားဆက်မောင်းလိုက်မယ်"
"ရပါတယ် အကိုပျင်းနေမှာ ဆိုးလို့ ပြီးတော့ အိပ်လည်း မအိပ်ချင်ဘူး"
"အင်း"
"ဘာပဲ ဖြစ်ဖြစ် အကို့ကို ကျေးဇူးလည်း တင်တယ် သားလေး ပေါ်မှာ အခုလိုပြောင်းလဲ ပေးလို့"
"မလိုပါဘူးကွာ တကယ်ဆို ကိုယ်ကသာ သားအပေါ်မှာ အပြစ်ရှိနေတာ သားကို ချစ်ပေမဲ့ လောဘနဲ့ အတ္တကို ရှေ့တန်း တင်မိခဲ့တယ်"
"အကိုမှာ ပြင်ချင်စိတ် ရှိနေသရွေ့ ဘယ်တော့မှ နောက်မကျဘူး သားလေးကို ပျော်ရွှင်အောင်ပဲ ထားရအောင်နော်"
"အင်း"
Nani မေမေနဲ့ ဖေဖေ လည်း ကားပေါ်မှာ သားလေး အကြောင်း ပြောကြရင်း သားချစ်တဲ့ သူနဲ့ပဲ အဆင်ပြေပြေလေး ရှိနေစေချင်တော့သည်။ကမ်းခြေမှာ မိသားစုတွေ တူတူရှိခဲ့တဲ့ အချိန်တွေကလည်း အမှတ်တရ တစ်ခု အဖြစ် ရင်ထဲမှာ အမြဲကျန်ရှိနေလောက်မည် ဖြစ်သည်။_____________________
Khun Thun ကို မတွေ့တာ တစ်ပတ်ကျော်လောက် ရှိနေတဲ့ jamesကတော့ ဘာအကွက်တွေ ရွေ့နေတာလဲ ဆိုပြီး အနည်းငယ် သံသယ ဝင်လာတော့သည်။သားရဲ့ သတင်းအစန ကို သူမရှာပဲ Khun Thun ဆီက ဖွင့်ဟ ပြောလာမည့် အချိန်ကို စောင့်နေသော်လည်း ဘာမှ ထူးခြားမလာပဲ အချည်းနှီးသာ ဖြစ်နေသည်။အခုတော့ သားတင်မက အဖေရောပါ အဆက်သွယ် ပြတ်နေသလို ဖြစ်နေတော့ jamesစိတ်ထဲ ခံရ ခက်လှသည်။
လုပ်နေတဲ့ အလုပ်တွေကို ဆက်မလုပ်နိုင်အောင် ခေါင်းထဲမှာ တစ်ရိပ်ရိပ် မေးခွန်းပေါင်း မြောက်မြားစွာပဲ ထင်ပေါ်လာခဲ့သည်။
"Hello boss"
"အေး ဘာ ငါအခုချက်ချင်း လာခဲ့မယ်"
James ဒေါသတကြီး ရုံးခန်းထဲကနေ ကားသော့ ဆွဲကာ ချက်ချင်း ထွက်သွားလိုက်သည်။
~~~~~~~~~~~~~~~~~~ဒီနေ့တော့ အလုပ်ပင်ပန်းတဲ့ဒဏ်ကြောင့် ကုမ္မဏီကို မသွားပဲ အိမ်မှာပဲ အလုပ်တွေ ယူကာ work from home လုပ်နေသည်။ဒယ်ဒီက အနားယူလို့ ပြောပေမဲ့ sky အနေနဲ့ ထုတ်ကုန်အသစ်မှာ သူ့ရဲ့ idea အများကြီး ပါဝင်နေသလို ဒယ်ဒီ ဆီကနေ ယုံယုံကြည်ကြည်နဲ့ လုပ်ခွင့်ရထားတဲ့ project တစ်ခုလည်း ဖြစ်သည်။
ဒီအလုပ်သာ အပြီးသတ်နိုင်ရင် Nani ဆီလည်း သွားချင်သောကြောင့် သူ မနားတမ်း လုပ်ကာ အခုတော့ အိပ်ရာပေါ်မှာ သာမန်လူတစ်ယောက်လို မဟုတ်ပဲ အဖျားငွေ့သမ်းသယောင် ဖြစ်နေသည်။
ယူလာတဲ့ task တွေ အနည်းငယ် ပြီးနောက် နေ့လည်စာ စားပြီး ဆေးတစ်လုံး သောက်ကာ အိပ်ရာပေါ်မှာ ခန လှဲကာ မျက်စိမှတ်အနားယူလိုက်သည်။နေကောင်းပျောက်အောင် ဆေးတစ်လုံး မှီဝဲ လိုက်ပေမဲ့ အနားယူဖို့ အတွက် ထိုဆေးက အိပ်ချင်စိတ် တော့ ဖြစ်ပေါ်စေခဲ့သည်။ဆေးအရှိန်ကြောင့် အိပ်ရာပေါ်မှာ သက်တောင့်သက်သာ Nani ရဲ့ ခေါင်းအုံးလေးကို ဖက်ကာ အိပ်မော ကျစေခဲ့သည်။
_______________________
ဆိုင်မှာကတော့ P'Nani နဲ့ပဲ အမြဲ အလုပ် လုပ်ချင်တယ် ဆိုပြီး တစ်ဖွဖွ ပြောနေတဲ့ nickကြောင့် Nani ပျော်မိပါသည်။သူ့အနေနဲ့ အခုက အရာအားလုံးက အဆင်ပြေမဲ့ လမ်းပေါ်မှာ ရောက်တော့မှာ ဆိုတော့ ကိုယ့်နေရာကိုလည်း ပြန်ရအုန်းမည် ဖြစ်သည်။
မကြာခင်လည်း တစ်လက ပြည့်တော့မှာ ဆိုတော့ Nani စိတ်နှစ်ခွ ဖြစ်နေမိသည်။အိမ်ပြန်ရတော့ပေမဲ့ ဒီမြို့လေးမှာ သူ့ကို အစစအရာရာ အဆင်ပြေအောင် ကူညီ ပေးတဲ့ N'nick လေးကိုလည်း ကိုယ့်ညီလေးလို သံယောဇဉ် ရှိမိပြန်သည်။
ညနေ ဆိုင်သိမ်းတော့ N'nick က သူ့စကား အတိုင်း ရှေ့ရက်တွေက မုန့်မကျွေးလိုက်ရတော့ အခု ကျွေးဖို့ အတွက် ဆိုင်ကောင်းတစ်ခုသို့ သွားလိုက်လေသည်။ထိုဆိုင်လေးကလည်း သူ့အစ်ကို ဝမ်းကွဲ ဖွင့်ထားတာ ဆိုတော့ သုံးဆောင်ရတာ အဆင်ပြေပြီး ဧည့်ဝတ်ပျူငှာ လှပါသည်။
"P'Nani စားချင်စာဗျာ ကျွန်တော် ဧည့်ခံမယ်"
ဒီနေ့က ဆိုင်ပိတ်တာ နောက်ကျတော့ ညစာစားဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ဟင်းလျာ မျိုးစုံလည်း ရှိသလို အရသာကလည်း တစ်ကယ်ကို စားလို့ ကောင်းပါသည်။Nani တစ်ယောက် အားနာသောကြောင့် မထိတထိလေး စားသုံးနေပေမဲ့ Nickက သေချာ တည်ခင်း ဧည့်ခံနေသောကြောင့် အများကြီး စားဖြစ်ခဲ့သည်။
ညစာ စာပြီးနောက် nickအကိုက သစ်သီးစုံ အချိုပွဲလေးပါ အစားပိတ် ကျွေးလေသည်။
ဆိုင်လေးက ပင်လယ်နား နီးတော့ လတ်လတ်ဆပ်ဆပ် စားသုံးရပြီး viewပါ အတော် ကောင်းလှသည်။နေဝင်ခံနီး sunset ကို အမှီရိုက်ရာမောင့်ကို ပြမယ် ဆိုပြီး Nani ဖုန်းလေး ထုတ်ကာ ရိုက်ယူလိုက်သည်။
Nani တို့လည်း ညစာ စားပြီးနောက် nickအကိုကို ကျေးဇူးတင်စကား ဆိုကာ အပြန်ခရီးကို N'nick က လိုက်ပို့ပေးလေသည်။
"P'စားရတာ အဆင်ပြေလား"
"ပြေတယ် N'nickကို ကျေးဇူးလည်း တင်ပါတယ်ဗျ"
"ရပါတယ် မလိုပါဘူးဗျာ "
"ဟုတ်ပါပြီနောက်တစ်ခါ P'ကျွေးပါရစေနော် လိုက်ပို့ပေးတဲ့ အတွက်ရောပါ ကျေးဇူး အများကြီး တင်ပါတယ် bye bye "
"ကျေးဇူးတင်စရာ မလိုပါဘူးဗျာ bye bye P'Nani "
Nani လည်း ဗိုက်ကလည်း ပြည့်လာပြီ ဆိုတော့ အိမ်ထဲမှာ ခန အနားယူပြီး ရေချိုးဖို့ ဆုံးဖြတ်လိုက်လေသည်။
အနားယူတုန်းလေး မောင့်ဆီက ဒီနေ့ ဖုန်းခေါ်သံ မကြားရသေးတော့ စိတ်ထဲမှာ ကောက်ချင်ပေမဲ့လည်း အလုပ်များနေလို့ နေမှာပါ ဆိုပြီး ခွင့်လွှတ်ကာ သူ့ဘက်ကပဲ စတင် ခေါ်လိုက်သည်။
ပထမ တစ်ခေါက် မကိုင်သောကြောင့် မောင် မကြားလိုက်လို့ နေမှာပါ ဆိုပြီး နောက်တစ်ခေါက် ထပ်ခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ဒုတိယ တစ်ခါလည်း လက်ခံဖြေကြားခြင်း မရှိတဲ့ ဖုန်းကြောင့် Nani အလုပ်များနေလို့ မောင်မအားနေတာ နေမှာ ဆိုပြီး နောက်ဆုံး တစ်ခေါက် ထပ်ခေါ်မယ် ဒီတစ်ခါ မကိုင်ရင် မောင့်တွက် message လေးပဲ ချန်တော့မယ် ဆိုပြီး ဖုန်းခေါ်လိုက်သည်။
နောက်ဆုံး တစ်ခါမှ ကိုင်လာတဲ့ မောင့်ကြောင့် Nani ပျော်သွားခဲ့သည်။သူ့ဘက်ကနေ ဘာမှ ပြန်မပြောပဲ မောင်များ ဘာပြောမလဲ ဆိုပြီး စောင့်နေလိုက်သည်။
"Hello "
မောင့်အသံက တစ်မျိုး ဖြစ်နေသလိုပဲလို့ Nani စိတ်ထဲ ထင်နေပေမဲ့...
"Hello"
ထပ်ထွက်လာတဲ့ အသံကလည်း ရှတတ နဲ့ ခါတိုင်းအသံလို မဟုတ်ဘူး
"မောင်"
Sky's pov
နေ့လည်ကနေ အခုထိ အိပ်ပျော်သွားခဲ့တဲ့ ကောင်လေးက အစခနဲက မလန်းရတဲ့ထဲ ညထိပါ အိပ်ပျော်သွားခဲ့တော့ အဖျားပိုး ဝင်လာခဲ့ပြီးဖြစ်သည်။
ဖုန်းခေါ်သံကို ကြားနေပေမဲ့ မကိုင်နိုင်သောကြောင့် လွှတ်ထားလိုက်ပေမဲ့ ထပ်ခါ တစ်လှဲ ခေါ်နေသောကြောင့် မျက်စိတော့ မဖွင့်နိုင်ပဲ လက်နဲ့ စမ်းကာ မြင်ရာ နှိပ်ပြီး ပြောဆိုနေတော့သည်။
သို့သော် တစ်ဖက်က အသံကို ကြားမှ အဖျားရှိန်ကြောင့် ပူစပ်နေတဲ့ မျက်လုံးတွေကို အားစိုက်ယူကာ နားကနေ ဖုန်းကို ခွာကာ ကြည့်ရှု လိုက်ရသည်။
Nani ဆိုတဲ့ contact လေးကို မြင်ကာမှ sky လည်ချောင်းရှင်းကာ ပုံမှန်သံ ရအောင် အတင်းကြိုးစားရသည်။ထိုသို့ ပြုလုပ်ရခြင်း ကလည်း Nani သိသွားရင် စိတ်ပူနေမှာ ဆိုးသောကြောင့် ဖြစ်သည်။
"မောင် "
"အင်း Nani "
"မောင့် အသံက တစ်မျိုးပဲ မောင်နေမကောင်းဖြစ်နေတာလားဟင် "
"မောင် ဘာမှ မဖြစ်ပါဘူး"
"သေချာလားမောင် Nani ကို မလိမ်နဲ့နော်"
"အင်း သေချာတယ် မောင် မလိမ်ပါဘူး"
"အဲ့တာဆို Video call ခေါ်လိုက်မယ် "
"............"
တစ်ဖက်ကနေ ဘာအသံမှ ထွက်မလာတဲ့ သူကြောင့် မောင်တစ်ခုခု ဖြစ်နေတယ် ဆိုတာ Nani သေချာသလောက် ရှိနေပြီ ဖြစ်သည်။
Sky အနေနဲ့လည်း အဖျားငွေ့ကြောင့် အခုဖုန်းပြောတာတောင် အားသုံး ဖုန်းပြောနေရပြီး video call ဆိုတာက အခုချိန်မှာ အဆင်မပြေလှပေ။Naniသိသွားပြီး စိတ်ပူနေမှာကလည်း တစ်ကြောင်း လိမ်လို့ဆိုပြီး စိတ်ဆိုးသွားမှာကို စိုးရိမ်တာကလည်း တစ်ကြောင်း ဗျာများနေရပါသည်။
"မောင် တစ်ခုခု ဖြစ်နေတာမလား Nani ကို မလိမ်ပါနဲ့ "
"မောင် ဘာမှ မဖြစ်ဘူးနော် ဒီတိုင်း အလုပ်ပင်ပန်းလို့ "
တစ်ဖက်က ကောင်လေးက ဘာမှ မတုံ့ပြန်လာပဲ အသံတိတ်သွားခဲ့သည်။ငြိမ်သက်သွားတဲ့ ကောင်လေးကြောင့် sky စိုးရိမ်တစ်ကြီး ခေါ်ရှာသည်။
"Nani မောင်ဒီတိုင်း မလန်းရုံပဲ ဘာမှ မဖြစ်ဘူး မောင့်ကို စိတ်မပူနဲ့နော်"
"မောင့်အခြေနေကို Nani ကြည့်ချင်တယ် "
အသံဖျော့ဖျော့လေးနဲ့ သူ့ကို စိတ်မပူဖို့ ပြောနေတဲ့ မောင့်ရဲ့ အခြေနေကို Nani စိတ်မပူပဲ နေနိုင်ပါ့မလား။ဘာမှ အသံထွက်ပေါ်မလာတော့ ညတွင်းချင်းကို ဘာလုပ်ရမလဲ မသိ Bangkok ကိုသာ ပြန်ချင်မိတော့သည်။
အိမ်မှာ Kan နဲ့ အဒေါ်ပရင် ရှိရင်တောင် မောင်က သူ့ဘာသာသူ အခန်းထဲ နေတာ များတော့ မောင်အခုလို ဖြစ်နေတာရော သိပါ့မလား Nani စိတ်တွေထဲ အလိုမကျကာ ဘာလုပ်လို့ လုပ်ရမလဲ ဖြစ်နေတော့သည်။
ထိုစဉ် မောင့်ဆီကနေ ဝင်လာတဲ့ video call တစ်ခု။Nani ချက်ချင်း ကိုင်လိုက်ပြီး မောင့်အခြေနေကို ကြည့်ရာ တကယ်ကို စိတ်ဆိုးချင်စရာ ကောင်းလောက်အောင် အပြစ်လုပ်ထားတဲ့ wongravee ပင်။
"မောင် မင်းကွာ ဒီလောက်ဖြစ်နေတာကို ဆေးခန်းမသွားဘူးလား "
"မောင် အဆင်ပြေပါတယ်"
"ဘာကို အဆင်ပြေတာလဲ ငါသာ ဖုန်းမခေါ်ရင် မင်းဒီလောက်ထိ ဖြစ်နေတာကို သိမှာ မဟုတ်ဘူး ဒါတောင် မင်းက ငါ့ကို လိမ်ရက်တယ် မင်းတစ်ခုခု ဖြစ်သွားရင်ရော ငါဘယ်လို နေခဲ့ရမလဲ မင်းက တော်တော် အကျင့်မကောင်းတဲ့ ကောင်ပဲဘာလို့ အဲ့လောက်ထိ အပင်ပန်း ခံနေရတာလဲ တကယ်ပဲ ငါအခုချက်ချင်း မင်းဆီကို လာပြီး ဆူငေါက်ပစ်ချင်တယ် မင်းကိုမင်း super hero ထင်နေလား အခုရော ဆေးမသောက်ပဲ နေနေ တာလား"
ဒီလောက် ဆူငေါက် ပေါက်ကွဲနေတာကိုတောင် ဘာမှ ပြန်မပြောပဲ ပြုံးကြည့်နေတဲ့ လူက ရှိနေသေးတယ်
"Sky မင်းဘာလို့ ပြုံးနေတာလဲ ငါစိတ်တိုနေတာနော် "
"စိတ်နေတာလေး ချစ်လို့လေ Nani ဒီလိုစိတ်ပူနေတာကိုက မောင့်ကို ချစ်လို့ပေါ့ မောင်နေလို့ မကောင်းရင်တောင် ကျေနပ်ပါတယ် အမြဲတမ်း နေမကောင်းဖြစ်အောင်ပဲ လုပ်ရမလား hirunkit စိတ်ပူတာလေး လိုချင်လို့ "
"အရူး မင်းက တကယ့်ကို အရူးပဲ အခုထိ မင်းဘာမှ မစားရသေးဘူးမလား ငါစိတ်ဆိုးချင်တယ် ဒါပေမဲ့ စိတ်ဆိုးလို့ မရဘူး စိတ်ပူရအောင် လုပ်တဲ့ မင်းကို နာကျင်အောင် ရိုက်ပစ်ချင်တယ် ဆေးခန်းသွားရမှာ မဟုတ်ဘူးလား ငါမရှိရင်တောင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်လေ ငါ့ကို ဂရုစိုက်ဖို့ တဖွဖွ ပြောနေပြီး မင်းကျတော့ ဒီလို ပြီးပြီးရော နေလို့ ရမလား "
ပါးစပ်ကနေ မကျေနပ်ကြောင်းတွေ ပြောရင်း Nani မျက်ရည်တွေပါ အလိုလို ကျလာမိသည်။
မျက်ရည်တွေနဲ့ အသံတိတ် ငိုနေတဲ့ ကောင်လေးကြောင့် sky ပြာပြာသလဲ အိပ်ရာပေါ်ကနေ ထကာ ကုတင်ခေါင်းရင်းမှာ မှီကာ ချော့ပေးရသေးသည်။
"Nani မောင်ပြောတာကို နားထောင်ပါအုန်း မောင်မပြောဘူး ဆိုတာကလည်း Nani ကို စိတ်မပူစေချင်လို့ပါ "
"မင်းနဲ့ငါက ဘာလဲ "
"မောင်တောင်းပန်ပါတယ်ကွာ "
"အဲ့တောင်းပန်တာကို လိုချင်တာ မဟုတ်ဘူး အလုပ်အရမ်းပင်ပန်းရင်လည်း ဖြေးဖြေးပုံမှန် လုပ်လို့ မရဘူးလား ဒီလောက် ဖြစ်နေတာကို မင်းက ငါ့ကို တစ်ချက်ကလေးတောင် အသိမပေးတော့ဘူးလား ဒီအခန်းထဲမှာ နေရုံနဲ့ နေကောင်းပျောက်သွားမှာလား "
"မောင် ဒီနေ့ နေ့လို့ မကောင်းလို့ ဒယ်ဒီကို ပြောပြီး work from home လုပ်နေတာပါ အလုပ်နည်းနည်း လုပ်ပြီးတော့ နေရတာ သိပ်အဆင်မပြေလို့ ဆေးတစ်လုံး သောက်ပြီး အိပ်ရာပေါ်မှာ အနားယူလိုက်တာ အခုလို အဖျားတက်လာလိမ့်မယ်လို့ တကယ်မထင်ထားလိုက်ပါ ပြီးတော့ Nani ကို မပြောဖူး ဆိုတာကလည်း မောင့်အတွက်နဲ့ ...."
စကားဖြတ်ပြောခြင်း ခံလိုက်ရတဲ့ skyမှာတော့ Nani ပြောသမျှကို နားထောင်နေရှာသည်။
"မင်းအမြဲအဲ့လိုပဲ နေမကောင်းနေတာကို ဆေးခန်းသွားရမယ် အစားဝင်အောင် စားရမယ်လေ အဲ့တာမှ သက်သာလာမှာပါ ငါအခုချက်ချင်း ပြန်လာလို့ ရရင် ပြန်လာချင်တယ်"
"မောင့်အတွက်နဲ့ ပင်ပန်းနေလိမ့်မယ် မနက်ဖြန်ကျရင် မောင်ဆေးခန်းသွားလိုက်ပါ့မယ်"
"ပြောပြန်ပြီလား အဲ့လို စကားတွေ မပြောနဲ့ အဲ့စကားတွေက ဘယ်လောက် သူစိမ်းဆန်လဲ မသိဘူးလား "
"မောင် မပြောတော့ဘူးနော် "
"မင်းအောက်မဆင်းနိုင်ရင် Kan ဆီကို ငါဖုန်းဆက်ပေးမယ် အစားကို ဝင်အောင်စားရမယ် ပြီးတော့ နောက်ထပ် ဆေးတစ်လုံး ထပ်သောက်"
"..........."
"Sky ပြောနေတာ ကြားလား "
".........."
"Sky ဘာဖြစ်ရပြန်တာလဲ"
"အင်း ဘာမှ မဖြစ်ဘူး"
"အဲ့တာဆို ဘာလို့ ပြန်မဖြေတာလဲ"
"ဒီတိုင်း စိတ်ထဲ ဝမ်းနည်းနေလို့"
"ဘာလို့လဲ"
"ဘာမှ မဟုတ်ဘူး ဖုန်းချလိုက်တော့မယ်"
Sky တကယ်ပင်ပန်းပါသည်။Nani ကိုလည်း သူ့အတွက်နဲ့ စိတ်ပူနေရတာကိုလည်း မလိုချင်ပါဘူး။အမှန်တိုင်း ပြောရရင်လည်း အခုလို နေမကောင်းတဲ့ အချိန်မှာ ဘာလို့မှန်း မသိ ဒီအသက်ဒီအရွယ်နဲ့ အားငယ်တာ လိုလို ဖြစ်မိပြန်သည်။Nani သာ သူ့ဘေးမှာ ရှိရင် ဘယ်လောက် ကောင်းမလဲ။ဂရုတစိုက် ပြုစုပေးမဲ့ သူလေးကိုလည်း ဘေးနားမှာ ရှိစေချင်ခဲ့တာ။မတက်သာလို့သာ တစ်ယောက်တည်း အခန်းထဲမှာ နေနေရပေမဲ့ ခန္ဓာကိုယ်ကတော့ အပူရှိန်ကြောင့် အဆင်မပြေလှပေ။
သို့သော် အားတင်းကာ ဖုန်းပြောနေပေမဲ့လည်း Nani သူ့ကို ဒီလို စိတ်ပူတာလေးတွေ ကြားရတော့ ကြည်နူးစေမိသည်။သူ့ကို မပြောပဲ ထားလို့ စိတ်ဆိုးပြီး ပြောနေပေမဲ့လည်း မင်းနဲ့ငါ ဆိုပြီး ပြောနေတာတွေက များလှပြီ sky နှလုံးသားကလည်း ခံနိုင်ရည်အား နည်းလာခဲ့ပြန်သည်။ဘာမှ မဖြစ်သလို ဟန်ဆောင်ကာ ဖုန်းချလိုက်ပေမဲ့လည်း စိတ်ထဲမှာတော့ နေရခက်လှပါသည်။
အပူရှိန်ကြောင့် ဘာမှ စားချင်စိတ်လည်း မရှိသလို ခေါင်းတောင် မနည်းထောင်နေရတော့ အခုချိန်မှာ အိပ်ရာထဲပဲ ပြန်ဝင်ခွေချင်တော့သည်။
Nani's pov
မောင့်ကို ငါပြောတာတွေများ လွန်သွားတာလား။ဘာပဲ ဖြစ်ဖြစ် ငါကစိတ်ပူပြီး ပြောလိုက်တာလေ။ဒါပေမဲ့ နေမကောင်းတဲ့ လူကို အဲ့လိုတွေ ပြောဆိုနေတာကတော့ ငါလွန်သွားပြီ ထင်တယ်။မောင်က ဘယ်လောက်ပဲ လူကောင်ထွားတယ် ပြောပြော တစ်ခါတစ်လေ ကလေးတစ်ယောက်လို ပြုမူတက်တဲ့ အချိန်လေးတွေလည်း ရှိနေတက်သည်။
ဖုန်းကို နောက်တစ်ခေါက် ဆက်သော်လည်း လက်ခံဖြေကြားခြင်း မရှိသောကြောင့် Nani လည်း Kan ဆီကို ဖုန်းခေါ်လိုက်သည်။ဖုန်းကဒ်သာ လှဲလိုက်ပေမဲ့ contact တွေက အကုန်ရှိနေသောကြောင့် Nani လွယ်လွယ်ကူကူ ရှာတွေ့ကာ ဖုန်းဆက်လိုက်လေသည်။
"Hello "
"Hello ဘယ်သူပါလဲဗျ "
"P'ပါ "
"အကိုလေးလား အကိုလေးNani "
"အင်းဟုတ်တယ် P'အကူညီလေး တောင်းချင်လို့ပါ အခု skyက နေမကောင်းနေလို့ အခန်းထဲကို သွားကြည့်ပေးပါအုံး ပြီးတော့ အဒေါ်ပရင်ကို skyတွက် ဆန်ပြုတ်လေးပါ ပြုတ်ပေးပါအုံးလို့ P'ကို ကူညီပေးပါနော်"
"အကိုလေး ကျွန်တော်တို့ လုပ်ပေးပါ့မယ် "
"ကျေးဇူးပဲနော် Kan "
"ရပါတယ် အကိုလေးကရော အခု ဘယ်မှာလဲဗျ"
"နောက်ကျရင် P'ပြောပြမယ်နော် အခုတော့ P'ဖုန်းချလိုက်တော့မယ်နော် P'ပြောတာလေး ကူညီပေးပါအုံးနော်"
"ဟုတ်အကိုလေး စိတ်ချပါနော်"
~~~~~~~~~~~~~
Kan နဲ့ ဖုန်းပြောပြီး အမြဲကိုင်ဆွဲလေ့ ရှိတဲ့ tote bag အနက်လေးထဲကို အင်္ကျီနှစ်စုံလောက်နဲ့ တစ်ခြား ယူစရာ ရှိတဲ့ ပစ္စည်း အနည်းငယ်ကို ချက်ချင်း ထည့်လိုက်လေသည်။
Nani N'nick ဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောကာ သူ့ကို မနက်ဖြန် တစ်ရက် နားရက်လေး ယူလို့ရမလား ဆိုပြီး အားနာနာနဲ့ ခွင့်တောင်းလိုက်သည်။Nick ဆီက ရပါတယ် ကျန်းမာရေးက အရေးကြီးတယ် ကျွန်တော် ကို အားမနာပါနဲ့ ဆိုလို့ Nani အတိုင်းမသိ ဝမ်းသာ သွားခဲ့သည်။
အခုချိန်က ၈နာရီ ကျော်လောက် ရှိနေပြီပေမဲ့ ဘယ်လောက်ဈေးကြီးကြီး မြန်ဆန်စွာ Bangkok ရောက်ရင် ပြီးရော ဆိုပြီး online ကနေ flight ticket တစ်စောင် ဖြတ်လိုက်သည်။။ကားနဲ့ ပြန်ရင် ပိုကြာမည်လည်း ဆိုးသောကြောင့် Nani flight နဲ့ ပြန်ဖို့ပဲ စဉ်းစားလိုက်တော့သည်။Flight ticket ဆိုတဲ့တာ နီးမှ ဝယ်လေ ပိုဈေးကြီး လေဆိုတော့ Nani နှစ်ခါ မစဉ်းစားပဲ မောင့်ဆီကို အမြန်ရောက်ဖို့ ဝယ်လိုက်တော့သည်။
ဒါပေမဲ့ ညပိုင်း ပျံသန်းတဲ့ flight ticket တွေက အကုန် sold outသွားတော့ Nani မနက်အစော ပျံသန်းတဲ့ ticket ကို အသွားအပြန်စာ ဝယ်လိုက်ရတော့သည်။ဒီနေရာနဲ့ Bangkok က နိုင်ငံတွင်း ပျံသန်းရမှာ ဆိုတော့ သိပ်မဝေးသည့်အပြင် flight နဲ့ ဆိုတော့ အချိန်ကုန် သက်သာ စေခဲ့သည်။
Kan ဆီကို နောက်တစ်ခေါက် ဖုန်းဆက်တော့ မောင့်ကို ဆရာဝန်နဲ့ သေချာ ပြပေးထားပြီး ဆန်ပြုတ်ပျော့ပျော့လေးပါ ကျွေးထားတယ် ပြောတော့ စိတ်ထဲမှာ အနည်းငယ်တော့ စိတ်သက်သာ ရသွားခဲ့သည်။ကျေးဇူးတင်စကား ပြောရင်း ခေါ်ဆိုမှုကိုပါ Nani ရပ်တန့်ပစ်ကာ မနက်အစောခရီး အတွက် ခြေလက်သန့်စင်ကာ အိပ်ရာ ဝင်လိုက်တော့သည်။
___________________
Airport မှာ ဖြတ်ရမဲ့ အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက် flight ပေါ်ကို Nani တက်ရောက်ရတော့မည် ဖြစ်သည်။seat နေရာက window seatကို ရတော့ ပြတင်း ပေါက်ငယ်ကနေ မြင်နေရတဲ့ တိမ်လေးတွေရော ကောင်းကင်ယံကြီးကရော ဘေးကနေ လိုက်ပါနေသလို ရှိနေပေမဲ့ ရင်ထဲမှာတော့ သူ့ရဲ့ ကောင်းကင်ကြီးကရော အဆင်ပြေပါ့မလား ဆို၍ စိုးထိတ်နေရသည်။
ပြည်တွင်းပျံသန်း ရတာ ဆိုတော့ Nani စီးလာတဲ့ flight က arrival ဖြစ်လာခဲ့ပြီ။တစ်ရက်ပဲ ဆိုတဲ့ အချိန်ကြောင့် hand carry bagလေးပဲ Nani ယူလာခဲ့သည်။ ထို့နောက် airport မှာ ရှိတဲ့ taxiကို ငှား၍သာ ပို့ပေးရမဲ့ လိပ်စာကို အတိအကျ ပြောပေးလိုက်တော့သည်။
မနက်အစော flight နဲ့ လာခဲ့ပြီး Bangkok ရောက်တော့ Kan နဲ့ အဒေါ်ပရင်က နိုးမယ်ဆိုတာကို Nani သိပေမဲ့ မောင်ကတော့ အိပ်ရာက နိုးလောက်မည် မဟုတ်လောက်သေးဘူး။
နောက်ဆုံးတော့ မထင်မှတ်ထားပဲ ဒီနေရာကို ဒုတိယ အကြိမ် ပြန်ဝင်ရောက်လာခဲ့ရသည်။တစ်လပြည့်မှ လာမယ်လို့ ပြောထားခဲ့ပေမဲ့ အခုတော့ မောင့်ကြောင့် ရောက်ခဲ့ပြီ ဖြစ်သည်။
Taxiက ခြံရှေ့ရောက်တော့ ရပ်ပေးပြီး Nani လည်း bellကို တီးကာ ခြံတံခါးကို ဖွင့်ခိုင်းလိုက်သည်။လာဖွင့်တဲ့ သူကတော့ Kan ပင်။Kanကတော့ သိတဲ့ အတိုင်းပဲ သူ့ကို မြင်တော့ မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားခဲ့သည်။
"အကိုလေး"
"အင်း Kan "
Nani လည်းခြံထဲကနေ အိမ်ထဲသို့ လျှောက်လာကာ ခြေလှမ်းတွေက အခန်းထဲကိုပဲ ဦးတည်ချင်တော့သည်။သို့သော်
"အဒေါ်ပရင် "
"သား Nani ဒီကို အပြီးပြန်လာတာလား အဒေါ်တို့က လွမ်းနေတာ "
"ကျွန်တော်လည်း အဒေါ်တို့ နှစ်ယောက်လုံးကို သတိရပါတယ် အခုက မောင့်ဆီကို ခနလာတာ"
အပြီးပြန်လာသေးတာ မဟုတ်ပဲ မောင့်ဆီကို ခန လာတာဆိုသောကြောင့် Kan နဲ့ အဒေါ်ပရင်လည်း တစ်မျက်နှာ တစ်ယောက်ကြည့်ကာ ခနတာကြောင်အမ်းသွားကြသည်။သို့ သော် နောက်မှ သတိရသွားကာ အကိုလေးက အကိုလေး sky စိတ်ပူလို့ လာတာ ဆိုပြီး နှစ်ယောက်သား ပြုံးစိစိဖြစ်နေကြသည်။
~~~~~~~~~~~~~~~~အခန်းထဲမှာ အနားယူနေတဲ့ လူကို လန့်နိုးသွားမှာ ဆိုးလို့ တံခါးကို အသာလေး ဖွင့်ကာ Nani ဝင်သွားလေသည်။စောင်ခြုံကာ အိပ်ပျော်နေတဲ့ ကောင်လေးနားသို့ Nani အလုပ်လုပ်နေကျ ခုံလေးဆွဲကာ ကုတင်ဘေးမှာ ထားလိုက်ပြီး ထိုခုံပေါ်ကနေ ထိုင်ကာ မောင့်ရဲ့ နဖူးလေးအား လက်ဖြင့် အသာလေး စမ်းသပ်ကြည့်လိုက်တော့ စိုးရိမ်ရတော့တဲ့ အနေထားတော့ မဟုတ်တော့ပေ။ပြီးနောက် မောင့်ရဲ့ လက်ကလေးအား ဆုပ်ကိုင်ကာ နိုးလာမဲ့ အချိန်ကို Nani စောင့်နေလိုက်တော့သည်။
ညဆေး အရှိန်တွေကြောင့် အိပ်ပျော်နေတဲ့ ကောင်လေးက အခုတော့ နိုးထ လာခဲ့ရာ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်ပိုင်ရှင်ကြောင့် စိတ်ထဲ မထင်ထားလောက်အောင် ပျော်သွားခဲ့ပြီး ထိုသူလေးအား ချက်ချင်း ပွေ့ဖက်ထားလိုက်သည်။
"Nani "
"မောင် Nani ရောက်လာပြီနော် ပြီးတော့ Nani မောင့်ကို စိတ်ပူပြီး ဆူငေါက် ဇွတ်ပြောခဲ့တာတွေ အတွက်လည်း တောင်းပန်ပါတယ် Nani ကို ခွင့်လွှတ်ပေးမယ် မလား "
"မောင် Nani ကို စိတ်မဆိုးပါဘူး မောင့်ဆီကို အခုလို လာတာကို တကယ်ကျေးဇူးတင်တယ်"
လူတိုင်းနေမကောင်းရင် အားငယ်တက်ကြတာကတော့ သဘာဝပင်။အဲ့ထဲမှာ skyလည်း ပါဝင်သယောင် ရှိနေတော့ အခုတောင် Nani ကို ဖက်ကာ မျက်ရည်တွေပါ ကျပြီး ကလေးငယ်လေး တစ်ယောက်ကို ဖြစ်နေသည်။
"မောင် မငိုနဲ့လေ ခေါင်းတွေ ကိုက်လိမ့်မယ် အခု မောင်ဘာစားချင်လဲ Nani လုပ်ပေးမယ်နော် ပြီးတော့ ဆရာဝန်ကရော အစာမာတွေ စားခိုင်းပြီလား "
"မောင်က ဒီတိုင်း ပင်ပန်းလို့ ဖြစ်သွားတာတဲ့ စိုးရိမ်စရာတွေ မရှိပေမဲ့ ဆရာဝန်က ပုံမှန်အိပ်ချိန်နဲ့ စားချိန်တော့ သေချာလေး ဂရုစိုက်ပါလို့ ပြောတယ် "
"အဲ့စကားတွေက နားနဲ့ နားထောင်ပြီး နားထဲက ထွက်သွားလို့ မဖြစ်ဘူး ခေါင်းထဲမှာပါ မှတ်ထားရမယ် မောင့်ရဲ့ အိပ်ချိန်တွေ စားချိန်တွေကို သေချာ ဂရုစိုက်ရမယ်နော် "
"အင်း မောင် Nani ကို အများကြီး လွမ်းနေတာ"
"Nani ရောပဲ"
Skyက အခုမှ နိုးတာ ဆိုတော့ Nani မျက်နှာသစ် ရေပတ်တိုက်ကာ အင်္ကျီလေးတွေပါ လှဲပေးလိုက်သည်။အောက်ကို ဆင်းဖို့ ကူတွဲပေးကာ ထမင်းစားခန်းထဲမှာ ထိုင်စေခဲ့လိုက်ပြီး သူကတော့ မောင်စားဖို့ ဆန်ပြုတ်မွှေးမွှေးလေးကို ပြုလုပ်လိုက်သည်။
"မောင် ဆန်ပြုတ် ရပြီ Nani ကျွေးမယ်နော် "
Sky ခေါင်းညိမ့်ပြကာ Nani လည်း ဆန်ပြုတ်ပူပူလေးကို မွှေကာ ခွံ့လိုက်လေသည်။Nani ခမျာ ခွံ့လိုက် ပါးစပ်လေးကို လက်ကိုင်ပုဝါလေးနဲ့ သုတ်သင်ပေးလိုက် ဂရုတစိုက် ကျွေးနေလေသည်။ထိုမြင်ကွင်းကို ကြည့်နေတဲ့ Kan နဲ့ အဒေါ်ပရင်ကတော့ အလွန်ကြည်နူးပျော်မြူးနေလေသည်။
Nani ခွံ့ကျွေး သမျှကို စားခဲ့တာ တော်တော် ကုန်သွားခဲ့ပြီ ဖြစ်သည်။ဆန်ပြုတ်စားပြီးတော့ ခန အကြာ မနက်သောက်ရမဲ့ ဆေးလေးပါ ဖောက်ပေးလိုက်လေသည်။
"စားလည်း စားပြီးပြီ ဆေးတွေလည်း သောက်ပြီးပြီ တော်တယ်"
ပြုံးပြကာ ပြောနေတဲ့ Nani ကို ကြည့်ရင်း Nani လက်ကလေးအား ဆွဲယူကာ လက်ဖမိုးလေးအား နူးနူးညံ့ညံ့လေး နမ်းလိုက်သည်။
"မောင့်ကို ဂရုစိုက်ပေးတဲ့ အတွက် Naniကို ကျေးဇူးတင်တယ်နော် "
Sky ဆုပ်ကိုင်ထားတဲ့ လက်ပေါ်ကို Nani သူ့ရဲ့ ကျန်လက်တစ်ဖက်လေးဖြင့် အုပ်မိုးလိုက်ပြီး
"Nani ဖြစ်ရင်လည်း မောင် ဂရုစိုက်ပေးနေတာပဲကို Naniကလည်း မောင့်ကို ပြန်ဂရုစိုက်ပေးရမယ်လေ "
"Naniက ဝတ္တရားကြောင့် ပြန်လာခဲ့တာလား"
"စိတ်ပူလို့ ချစ်လွန်းလို့ စိတ်ထဲမှာ မနေနိုင်လို့ကို flight နဲ့ အမြန်လာခဲ့တာ Khun sky "
Nani အဲ့လို ပြောတော့လည်း မောင်ခမျာ သဘောတကျ ပြုံးသေးသည်။
"မောင် နေ့လည် ဘာစားချင်လဲ Nani လုပ်ပေးမယ် "
"မောင်ဘာမှ မစားချင်ဘူး Nani သာ မောင့်ဘေးနားမှာ နေပေးနော် "
"အဲ့တာဆိုရင် နောက်ခါ မောင်ဘာပဲဖြစ်ဖြစ် Nani ကို ပြောရမယ် မလိမ်ရဘူး မောင်ကတိပေးနိုင်လား"
"အင်း မောင်ကတိပေးတယ်"
မနက်စာ စားပြီး အိမ်ထဲမှာ စိတ်ပြေလက်ပျောက် ဖြစ်အောင် စကား တစ်ပြောပြောနဲ့ လမ်းကူတွဲကာ လျှောက်ပေးလိုက်သည်။hirunkitတစ်ယောက် ချစ်တဲ့စိတ်တွေနဲ့ Bangkok မှာ ရှိတဲ့ သူ့လူဆီကို ပြန်လိုက်တာ အခုတော့ နှစ်ယောက်သား အလွမ်းသယ်ပြီး ဂရုစိုက်မှုတွေနဲ့ အချိန်ကုန်ဆုံးနေတော့သည်။
TBCThanks for reading, guys
(Zawgyi)
"Hello boss"
_______________________
"Hello "
"Hello"
Sky's pov
"............"
"..........."
".........."
Nani's pov
"Hello "
~~~~~~~~~~~~~
___________________
"Nani "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





