part 17
17:10, 22 February 2025(Unicode)
လူတွေဆိုတာ ဘယ်လောက်ပဲ ပြုပြင်နိုင်အုန်းတော့ ပြုပြင်ရခက်တဲ့ ထဲမှာ အကျင့်ဆိုတာကလည်း ပါတက်ကြတယ်မလား။skyလည်း Nani နဲ့ သူ့ကြားမှာ ရှိတဲ့ ဆက်ဆံရေးတွေကို ပြောင်းလဲ နိုင်ပေမဲ့ တစ်ခါ တစ်ခါ ညထွက်တက်တဲ့ အကျင့်ကတော့ ပေါ်ပေါ်လာတက်သည်။
အခုလည်း patရဲ့ မွေးနေ့မို့ သူသွားဖို့ ပြင်ဆင်ခန်း ပြုနေသည်။
"Nani လိုက်ချင်လား "
"မလိုက်ချင်ပါဘူး မင်းဘာသာသွား "
"တကယ် မလိုက်ချင်ဘူးလား "
"မလိုက်ချင်ဘူး"
"ကျွန်တော်လည်း Patမွေးနေ့မို့ပါ'
"မင်းရဲ့ ဆန္ဒနဲ့လည်း တစ်ထပ်တည်း ကျသွားတယ်မလား"
"အဲ့လိုလည်း မဟုတ်ပါဘူး Nani ရာ"
"မင်းသွားစရာ ရှိတာ သွား ပြန်လည်းမလာနဲ့ မင်းသူငယ်ချင်း မွေးနေ့ ဆိုတော့ တစ်ညလုံး နေပေးလိုက် "
"ဟာ Nani ကလည်း ကျွန်တော် ပြန်လာမှာ "
"ငါက တံခါးပိတ်ထားမှာ"
Nani လည်း skyအား ပြောပြီး အိပ်လိုက်တော့သည်။skyရဲ့ စကားကြောင့် Nani စိတ်ရှုပ်သွားပြန်သည်။ညကျရင် ပြန်လာမှာ စောင့်နေနော်တဲ့
Skyလည်း clubရောက်တော့ pat ထိုင်နေတဲ့ ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။
"ဟျောင့် ဒါက ထိုင်တဲ့နေရာ ဟိုဟာက DJ မင်းအဲ့မှာ သွားကလို့လဲ ရတယ် ပြီးတော့ ဒီအရည်က ဒီလို သောက်ရတယ် ပြီးရင် အသီးလေးနဲ့ မြည်းရတယ် "
"မင်းငါသိပြီးတာတွေကို ဘာလို့ လာပြောနေတာလဲ "
"ပြောမရဘူးလေ မင်းက မလာတာကြာတော့ မေ့နေပြီလားလို့ ရှင်းပြနေတာ"
"မွေးနေ့နဲ့ အသုဘနဲ့ တစ်ရက်တည်း ဖြစ်သွားချင်တာလား"
"ကြောက်လိုက်တာကွာ ငါက မွေးနေ့ရှင်နော် ဟျောင့် "
"သိတယ် အဲ့တာကြောင့် စိတ်လျှော့ထားတာ "
"ကဲပါကွာ cheers! "
သူတို့ နှစ်ယောက် ကဲနေလို့ပင် မဆုံးသေးဘူး linmတို့ ရောက်လာသည်။Linnနဲ့ patကြားမှာလဲ တစ်ခုခု ဆိုတော့ linnနဲ့ အတူ pinkကပါ ပါလာသည်။
"ကိုကို... မတွေ့တာတောင် ကြာပြီနော်"
"အင်း "
"ဘယ်တွေ သွားနေလို့လဲ တစ်ခြား clubတွေပဲ သွားနေတာလား ခေါ်တိုင်းလည်း အမြဲငြင်းနေတာလေ ကိုကိုက"
"အိမ်မှာပဲ "
"ဘာလဲ မင်း P'Nani နားပဲ ကပ်နေတာလား"
"P'Nani ဆိုတာ ကိုကိုရဲ့ အမျိုးသားကို ပြောတာလား"
"ဟုတ်တယ် Pinkရယ် ဟိုကဖြင့် ချောလိုက်တာ ဒီကောင်ကြီးနဲ့တောင် မတန်ဘူး"
" ဘာကွ! "
"စတာပါကွာ လိုက်ဖက်ပါတယ်လို့"
"စကားကို သေချာ ပြောစမ်းပါ "
"ကိုကိုရဲ့ အမျိုးသားကရော ဘာလို့ လိုက်မလာတာလဲ "
"သူက ဒါမျိုးတွေ သွားရတာ မကြိုက်လို့ အိမ်မှာ နေခဲ့တာ "
"အော် အေးအေးဆေးဆေး နေတက်တဲ့ သူလေး နေမှာပေါ့ "
"ဟုတ်တယ် pinkရယ် ချောလည်းချောတယ် သဘောလည်း ကောင်းတယ် "
Pinkတစ်ယောက်လည်း ကိုယ်မမြင်ဖူးတဲ့ လူတစ်ယောက်ရဲ့ ကောင်းကြောင်းတွေကို ကြားနေရတော့ သူတကယ် မြင် တွေ့ချင်ပါသည်။
"ကိုကိုရဲ့ ကောင်လေးကို မိတ်ဆက်ပေးအုန်းလေ"
"အခွင့်ရေး ရှိရင်ပေါ့ "
"အင်းပါ pinkတို့ သွားက လိုက်အုန်းမယ် "
Skyလည်း ခွက်မော့ရင်း pinkကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။
"ဟျောင့် မင်းဒီည ပြန်မှာလား"
"ပြန်မှာ Naniကို ပြန်လာမှာဖို့ ပြောခဲ့တယ်"
"အမယ် ဘာ ဘာ ငါအခုမှ သတိထားမိတယ် Nani Nani နဲ့ ဘာဖြစ် "
"သူ့နာမည် က Nani မဟုတ်ဘူးလား "
"မင်းအရင်က ခများ ခများနဲ့ ပြောဆိုနေပြီးတော့"
"အဲ့တာ အရင်ကလေ"
"မင်းဘာလို့ အဲ့လောက် ပြောင်းလဲသွားတာလဲ "
Sky လည်း ဖြစ်ခဲ့တဲ့ ဟာတွေကို patအား အကြောင်းစုံ ပြောပြလိုက်သည်။
"ဟာ အဲ့တာ မင်းက လွန်တာပေါ့ သူများသမီးကို ယူပြီး အနိုင်ကျင့်တာပဲ"
"အဲ့တုန်းက ငါမှားခဲ့တာ ဟုတ်ပါတယ်"
"ငါသာ P'Nani ရဲ့ ညီဆိုရင် မင်းလို လူမျိုးကို ယောက်ဖ မတော်ဘူး"
"တော်စမ်းပါကွာ ငါ့ကိုပဲ အပြစ်တင်နေတာ ငါNaniကို ဘာပြောထားလဲ ဆိုတာ ဆက်ပြောပြမယ်"
Skyပြောတာကို နားထောင်ပြီး patတစ်ယောက် ရယ်ပါလေရော
"ဟျောင့် မင်းဘာရယ်တာလဲ"
"မင်းကွာ ယူလည်း ပြီးပြီကို အခုမှ သူငယ်ပြန်ပြီး ရည်းစားဘဝကို ပြန်သွားနေတာလား "
"သွားသင့်ရင် သွားရမှာပဲ ငါတို့က အဲ့လိုမှ မဖြတ်သန်းခဲ့ရတာ "
"မင်းတော့ P'Nani နဲ့မှ ဝဋ်လည်ပြီ နေမှာ "
"ဘာမှ ဝဋ်မလည်ဘူး အချစ်က အချိန်ကိုက်ရောက်လာပေးတာ မင်းမနာလို မဖြစ်စမ်းနဲ့ "
"P'Nani ကရော မင်းကို ဘာတဲ့လဲ "
"အင်း အခုအခြေကနေ ငါက လိုက်နေရတာပေါ့ကွာ"
'တစ်ရက်လောက် P'Nani ရဲ့ ဆိုင်ကို သွားပြောအုန်းမယ် ဒီကောင်ကို ပြန်မချစ်နဲ့လို့ "
"ဟျောင့် မင်းမွေးနေ့လက်ဆောင် မယူတော့ဘူးလား "
"ယူမှာပေါ့ကွာ မင်းကလည်း P'Nani ဆီကအချစ်လည်း အမြန်ဆုံး ရပါစေကွာ"
"Cheers!"
ဒီနေ့တွက်ကတော့ ခွက်ကလေးတွေ တိုက်ခဲ့တဲ့ အကြိမ်ကလည်း မနည်းတော့ မွေးနေ့မှာ ပြည့်စုံလောက်ပြီ ထင်ပါသည်။
"ဟျောင့် သွားက ရအောင် "
"သွားမယ်လေ "
Skyတို့လည်း အောက်ကို ရောက်တော့ pinkနဲ့ linn တို့လည်း သူတို့ရှိရာကို လာကာ လေးယောက်သား ကလိုက်ကြသည်။
အချိန်အားဖြင့် စောလွန်းနေတဲ့ အချိန်မဟုတ်တော့ Nani စောင့်မိပါသေးသည်။ထပ်စောင့်ပါအုန်းမယ် ဆိုပြီး Nani လည်း kanကို အိပ်ခိုင်းစေပြီး သူပဲ တံခါးကို ပိတ်လိုက်မယ် ဆိုပြီး ပြောခဲ့လိုက်သည်။
Sky တို့လည်း ကတာ အားရတော့ ဝိုင်းကိုပဲ ပြန်လာခဲ့ကြသည်။
"ဟျောင့် အိပ်တော့ မလို့လား "
"အင်း ခန အိပ်ချင်လာလို့ "
"အေး ဒီည အပြတ်ကဲမှာနော် "
"အေးပါကွာ"
အဲ့တာဆို မင်းနားလိုက်အုန်း linnက ကချင်လို့ ဆိုလို့ ငါတို့ သွားက လိုက်အုန်းမယ်
"Pinkသွားမယ်လေ "
"ကိုကို တစ်ယောက်တည်း မလို့ ငါနေခဲ့လိုက်မယ်"
တစ်ဖက်တွင်လည်း Nani က အိမ်တံခါးပိတ်ရမှာလား မပိတ်ရဘူးလား ဆိုတာ ပိုမိုသေချာအောင် skyဆီကိုသာ ဖုန်းဆက်လိုက်သည်။
"ကိုကို ဖုန်းလာနေတယ် "
Skyဘက်မှ စာမလာအသံမကြား အိပ်ပျော်နေသည်။
နောက်တစ်ကြိမ် ထပ်မြည်လာတဲ့ ဖုန်းလေး တစ်ခု pinkလည်း skyအား နှိုးမရတော့ သူကိုင်လိုက်သည်။skyရဲ့ ဖုန်းကို ကြည့်လိုက်တော့ Nani ဆိုပြီး ပုံလေးပါ ထည့်ထားသည်။skyထည့်ထားတဲ့ ပုံလေးကလည်း Nani ပထမဆုံး စိတ်ကောက်တုန်းက နှုတ်ခမ်းဆူနေတဲ့ ပုံလေး ဖြစ်သည်။
Pinkလည်း ပထမက ပုံလေးကို ကြည့်လိုက်တော့ သူမြင်ဖူး သလို ရှိပေမဲ့ ချက်ချင်းတန်းမမှတ်မိပေ။pinkလည်း အော်သံမြည်နေတဲ့ ဖုန်းအား ကိုင်ပြီး လက်ခံဖြေကြားနေသည်။
"Hello"
"Hello"
ပထမဆုံး ကြားလိုက်ရသည်က မိန်းကလေး အသံ တစ်ခုပင်။Naniလည်း ဘာမှ မတွေးပဲ သူမေးစရာ ရှိတာသာ မေးလိုက်သည်။
"Skyရှိလားဗျ "
"ကိုကိုက အိပ်နေတာ "
Nani ပထမစကားသံကို လက်ခံလို့ ရပေမဲ့ ဒုတိယ စကားသံက သူ့တွက် အဆင်ပြေမနေခဲ့ပါ။
"အဲ့တာဆို ဒါပဲဗျ "
Pinkတစ်ယောက်လည်း ကြောင်အမ်းသွားခဲ့သည်။ကိုကို့ရဲ့ အမျိုးသားက တကယ်ကို အေး အေးလေး နေတာဆိုပြီး sky ရဲ့ ဖုန်းအား သူနေရာသူ ပြန်ထားပေးလိုက်သည်။
_______________________
"ဟျောင့် ပြန်ကြမယ်လေ "
အချိန်အားဖြင့် မနက်၉နာရီလောက် ရှိနေသည်။Patတို့လည်း ညက ပြန်တာ နောက်ကျတော့ hotelတစ်ခုမှာပဲ ဝင်အိပ်ခဲ့ကြသည်။
Skyလည်း ထိုအခါမှ အသိဝင်သွားတာ patအား ဘယ်အချိန်ရှိပြီးလဲ ဆိုပြီး မေးလိုက်သည်။
"၉နာရီ ရှိနေပြီ "
"ဘာ! မင်းငါ့ကို ဘာလို့ ညက ပြန်ဖို့ မပြောတာလဲ"
"မင်းမပြောနဲ့ ငါတောင် ငါ့ကိုယ်ငါ မနိုင်ဘူး မင်းလည်း မှောက်နေတာ ငါလည်း မှောက်နေတာပဲ "
"သွားပြီကွာ ငါညက အိမ်ပြန်လာမယ်လို့ ပြောထားခဲ့တာ "
"အေး ပြန်မယ်လေကွာ မင်းအလုပ်လိုက်ပို့ပေးလိုက်ပေါ့ "
"၉နာရီ ထိုးနေပြီ မှီလောက်မှာပါ" ဆိုပြီး skyနဲ့ patလည်း clubကို ဝင်ကာ skyရဲ့ကားကို ဝင်ယူခဲ့လိုက်ကြသည်။
"ဟျောင့်သွားပြီ"
"အေး အဆင်ပြေပါစေနော် ဟျောင့် "
Skyလည်း အိမ်ရောက်လာတော့ အိမ်မှာ အဒေါ်ပရင် တစ်ယောက်ပဲ ရှိနေသည်။
"အဒေါ်ပရင် Nani ရော "
"ဆိုင်သွားပြီ သားရဲ့ "
"ဘယ်သူနဲ့ သွားတာလဲ "
"Kanနဲ့ သွားတာ သား "
"ဟုတ်လား "
"အေးကွဲ့သားရဲ့ "
"ဟုတ်ပါပြီ ကျွန်တော် အပေါ်တက်တော့မယ် "
Sky လည်း အိမ်ပေါ်တက်ပြီး အိပ်ရာပေါ်သာ လှဲလိုက်ပြီး ညနေကျရင် သူNaniကို ရှင်းပြမယ် ဆိုပြီး အချိန်ရွေ့လိုက်မိသည်။
_________________
"ကျွန်တော် မှာထားတာ Latte ဗျ Pink milkကြီး ဖြစ်နေတယ်"
"အာ sorry ပါဗျ ကျွန်တော် သေချာ မကြည့်မိလိုက်လို့ပါဗျာ ကျွန်တော် နောက်တစ်ခွက် ပြန်ဖျော်ပေးပါမယ်နော် "
Hirunkit တစ်ယောက် လွှဲချင်တော့လည်း မဆီမဆိုင် နည်းနည်းလေးတောင် ဆင်တူနေချင်း မရှိတဲ့ အရာနှစ်ခုအား မှားချမိလေသည်။
"ရပါတယ်ဗျ ကျွန်တော်ဒါပဲ ယူလိုက်ပါ့မယ် "
"တကယ်အဆင်ပြေရဲ့လားဗျ khunက ကျွန်တော်တို့ ဆိုင်ကို အမြဲ လာဖြစ်နေတော့ ကျွန်တော်အသစ်ပြန်လုပ်ပေးပါရစေ ပြီးတော့ ကျွန်တော့အမှားပါ "
"ဒါနဲ့ ချစ်စရာလေးနော် "
"ခမျာ"
"ကော်ဖီဆိုင်လေးကို ပြောတာပါဗျာ "
"အော် ဟုတ် ကျေးဇူးပါဗျ "
"မင်းက ဒီ sanrio characters လေးတွေကို သဘောကျတာလား "
"ဟုတ်ပါတယ် "
"ideaလေး ကောင်းတယ် ကျွန်တော်လည်း ကျွန်တော့မိတ်ဆွေတွေက ညွှန်လို့ လာကြည့်တာ ပြီးတော့ ကြိုက်သွားတော့ အမြဲလာဖြစ်တယ်ပဲ ဆိုပါတော့ "
"ဟုတ်ကဲ့ ကျေးဇူးပါဗျ အလုပ်အေးဆေး လုပ်ပါနော် "
"ဟုတ်ကဲ့ဗျ "
________________________
Nani တို့လည်း ဆိုင်ပိတ်ချိန် ရောက်တော့မှာမို့ ဆိုင်ထဲမှာ ရှိတဲ့ လူအနည်းငယ်ကို ဆက်စောင့်နေလိုက်ပြီး ဆိုင်ပိတ်ဖို့သာ စောင့်နေကြသည်။
"P'Nani ဒီမှာ ပိုက်ဆံအိတ် တစ်ခု "
"ဟုတ်လား ဘယ်ဝိုင်းကလဲ "
Mikeလည်း Naniအမေးကို ပြောပြလိုက်တော့
"အာ... အဲ့တာ ဟိုလူပဲ "
"အော် suit နဲ့ လူလား P' "
"ဟုတ်တယ် "
"ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ "
"သူဆိုင်ကို ပြန်ဆက်သွယ်မလား စောင့်ကြတာပေါ့"
" ဟုတ်P' "
ပိုင်ရှင်ဖြစ်သူမှာ ဆက်သွယ်မလာခဲ့တော့ Nani လည်း မနက်ဖြန် ဆိုင်ကို လာပါစေလို့ ဆုတောင်းပြီး ပြန်ပေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
Skyဘက်ကနေ Nani ကို ဖုန်းခေါ်ဆိုခြင်း မရှိသလို nani ဘက်မှလည်း ခေါ်ဆိုခြင်း မရှိခဲ့ပါ။ထို့ကြောင့် Nani လည်း kan ကို ဖုန်းဆက်ပြီး အိမ်ကိုသာ ပြန်လာခဲ့သည်။
skyတစ်ယောက် ပြန်ရောက်ခနဲက အိပ်ပေါ်တက်သွားပြီး အိပ်ပျော်သွားခဲ့ရာ ညနေ ကျမှ နိုးလာခဲ့သည်။
Skyလည်း နိုးတော့ Nani လည်း ပြန်ရောက်ကာ အခန်းထဲမှာ စုံကြသည်။
Sky ဖုန်းနာရီကို ကြည့်မိတော့ ဟာ ဒါက Nani ပြန်ရောက်တဲ့ အချိန်ပဲ ငါဘာလို့ မနိုးခဲ့ရတာလဲ ဆိုပြီး ကိုယ့်ကို ကိုယ်သာ အပြစ်တင်နေတော့သည်။
"Nani ပြန်ရောက်ပြီလား "
"......."
"Nani ပြန်ရောက်ပြီလားဟင်"
"မင်းမှာ မျက်စိ မပါဘူးလား"
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ စိတ်မဆိုးပါနဲ့"
"မဆိုးပါဘူး ကတိတစ်လုံးကို လွယ်လွယ်ကူကူ ပေးတက်တဲ့ လူတွေနဲ့ စကားကို မပြောချင်တာ "
"ကျွန်တော် အနူးညွတ် တောင်းပန်ပါတယ် Nani ကို ကျွန်တော် ပြန်လာမယ်လို့ ပြောခဲ့ပါတယ် ပြီးတော့ မနက်ကျတော့ hotel ရောက်နေတာ "
Naniလည်း ဒီစကားကို ကြားလိုက်တော့ skyအား မသတည်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်မိသည်။
"မင်းက ဘယ်လောက် ကဲခဲ့လည်းမှ မသိတာ ငါဖုန်းဆက်တာကိုတောင် မင်းက မဖြေကြားနိုင်ဘူး ဆိုတော့ "
"Nani က ကျွန်တော့ကို ဖုန်းဆက်တာ "
"မယုံရင် မင်းဖုန်းကို မင်းဘာသာ မင်းမျက်လုံးနဲ့ ကြည့် "
Skyတစ်ယောက် ကိုယ့်ဖုန်းကို ဖွင့်ကြည့်လိုက်တော့ Nani ဘက်မှ ခေါ်ဆိုထားတဲ့ missed calls တွေ တွေ့လိုက်ရသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းကောင်မလေး ကိုင်တယ် "
"ဗျာ"
"အဲ့လောက် မလန့်ပါနဲ့ ကိုကိုက အိပ်နေတာတဲ့ မင်းက ဘာတွေများ လုပ်ခဲ့ရလို့လဲ တော်တော်ကို အိပ်ရေးတွေ မဝနေတာဆိုတော့ "
"မဟုတ်ဘူး ကျွန်တော် ရှင်းပြမယ် "
"ရတယ် မလိုဘူး မင်းရှင်းပြလည်း အလကားပဲ မင်းငါ့ကို ဘာတွေ ပြောခဲ့လဲ အဲ့တာတွေလည်း မင်းကြိုးစားစရာ မလိုတော့ဘူး မင်းနဲ့ငါက မိဘ ပေးစားထားတာ လွှဲလို့ ဘာမှ မပိုဘူး "
ထွက်သွားတဲ့ naniကိုယ်လေးအား အနောက်ကနေ လှမ်းဖမ်းလိုက်တဲ့ skyမှာလည်း ပျောက်ကွယ်သွားမှာ ဆိုးလို့ တားဆီးလိုက်ရသည်။
"လွှတ်စမ်း "
"မဟုတ်ဘူး Nani ကျွန်တော် ရှင်းပြမယ် "
"ဘာမှ ရှင်းပြစရာ မလိုဘူး သူများကို ဖက်ထားတဲ့ လက်တွေနဲ့ ငါ့ကို ဘာမဖက်နဲ့ ရွံတယ်"
"ကျွန်တော် ပြောတာ နားထောင်ပါအုန်း "
"ဘာမှ နားထောင်စရာ အကြောင်းမရှိဘူး မင်းလည်း မင်းဘာသာ နေချင်သလိုနေ ငါလည်း နေချင်သလို နေမယ် "
"မနေဘူး Nani မရှိပဲ မနေဘူး "
"လွတ်စမ်း စကားကို ထွက်တိုင်း ပြောတဲ့ မင်းလိုလူမျိုးနဲ့ မနေဘူး"
"ကျွန်တော် ပြောတာကို စိတ်အေးအေးလေးနဲ့ နားထောင်ပေးပါအုန်း ပြီးရင် Naniစိတ်ကျ ဖြစ်စေရမယ် "
ထိုစကားသံကြောင့် ခန္ဓာကိုယ်ငယ်လေးကလည်း ငြိမ်သက်သွားခဲ့သည်။ skyလည်း သူ့ဘက်အား ဆွဲလှည့်လိုက်ပြီး မျက်နှာ ချင်းဆိုင်စေခဲ့သည်။
"ကျွန်တော်ရှင်းပြပါမယ်နော်"
Naniလည်း ဘယ်လောက်ရှင်းပြပြ skyအား မကြည့်ပဲ မျက်နှာ လွှဲထားလိုက်သည်။
"ကျွန်တော်ညက patမွေးနေ့မို့ ကဲခဲ့တာ မှန်ပါတယ် Nani ဆီက ဖုန်းဝင်လာမှန်းလည်း မသိခဲ့ဘူး ကျွန်တော် အိပ်ပျော်သွားခဲ့တာ "
"အဲ့တာ မင်းကောင်မလေး ကိုင်တာပဲ"
"သူက ကျွန်တော့ ကောင်မလေး မဟုတ်ပါဘူး"
"အဲ့တာဆို ဘာလို့ ကိုကိုလို့ ခေါ်တာလဲ "
"သူ့ဘာသာ ခေါ်တာပါ"
"မင်းနဲ့ လက်ထပ်ထားတဲ့ ငါတောင် မင်းကို အဲ့လို ခေါ်လားပြော"
"သူ့ကို မခေါ်ဖို့ ပြောထားပါ့မယ် Nani လည်း ကျွန်တော့ကို ကြိုက်သလို ခေါ်နော် "
"မခေါ်ဘူး မင်းနဲ့ငါ ခေါ်စရာဘာအကြောင်းမှလည်း မရှိဘူး မင်းဆက်ပြောစရာ ရှိတာ ဆက်ပြော"
"ပြီးတော့ ဘယ်မိန်းကလေးနဲ့မှလည်း ဘယ်hotelမှ မသွားခဲ့ပါဘူး"
"မင်းလည်း ယောက်ျားထဲက ယောက်ျားပဲ "
"ကျွန်တော် အရင်က သေလောက်အောင် ဇာတ်လမ်းတွေ ရှုပ်ခဲ့အုန်းတော့ ဘယ်ကောင်မလေးနဲ့မှ မအိပ်ဘူးပါဘူး"
"ငါက ဘယ်လို ယုံရမှာလဲ"
"ကျွန်တော် patကို ဖုန်းခေါ်လိုက်မယ် ကျွန်တော့ကို အခွင့်ရေးလေး ပေးပါနော် "
Skyလည်း patအား ဖုန်းဆက်ပြီး အကြောင်းစုံ ရှင်းပြ ခိုင်းလိုက်သည်။
"ဟုတ်ပါတယ် P'Nani ညက skyက ကျွန်တော်နဲ့ အိပ်တာပါ ကျွန်တော့ ကောင်မလေးနဲ့သူငယ်ချင်းကလည်း ပြန်သွားတာပါ "
"အွန်း ကျေးဇူးပဲနော် Pat"
"ရပါတယ် P' Nani ကျွန်တော့ကောင်ကြီးကို ယုံပေးလိုက်ပါဗျာ ညကတောင် သူက ပြန်ချင်တာ ကျွန်တော် ဇွတ်ဆွဲပြီး နေခိုင်းလို့ပါဗျာ"
Nani လည်း patနဲ့ စကား ပြောပြီးမှ skyအား မျက်စောင်းထိုးပြီး Nani ပုခုံးပေါ် တင်ထားတဲ့ လက်တွေကို ချပစ်ကာ ရေချိုး ဖို့သာ ပြင်ဆင်လိုက်သည်။
ရေချိုးပြီး ထွက်လာတော့ skyတစ်ယောက် Nani အား မျက်နှာ ချိုသွေးနေတော့သည်။
"Nani ကျွန်တော် တောင်းပန်ပါတယ်နော် "
"မလိုဘူး"
"လိုတယ် အိမ်ထောင်တစ်ခုကြားမှ သစ္စာရှိပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှ ရေရည်မြဲမှာ လေနော် "
"မင်းနဲ့လည်း မမြဲချင်ဘူး "
"အဲ့လို မပြောပါနဲ့ ကျွန်တော် မကြိုက်လို့ပါ"
"မကြိုက်လည်း ငါက ပြောစရာ ရှိတာ ပြောမှာပဲ"
"တောင်းပန်ပါတယ် Nani စိတ်ကျေနပ်အောင် ကျွန်တော် ဘာလုပ် ပေးရမလဲ"
"ငါ့မျက်စိရှေ့ကနေ ထွက်သွားပေး"
"ဗျာ အဲ့လောက်တောင် ရက်စက်တော့မှာလား "
"မင်းကို လုပ်သင့်ရင် လုပ်ရမှာပဲ ငါညက ဘယ်လောက်ထိတောင် အိပ်မပျော်ပဲ စောင့်ခဲ့ရလည်း မင်းသိလားဟမ် "
"တောင်းပန်ပါတယ်နော်"
ပါးစပ်ကလည်း ပြောရင်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ Nani ကိုယ်လေးအား skyဖက်လိုက်မိသည်။
"ဖယ် လွတ်စမ်း မင်းကတော့ ဘယ်သိမလဲ ကိုကို ဆိုတဲ့ အပြောမှာ မင်းသာယာနေမှာပေါ့"
"မသာယာပါဘူး Nani က လွှဲပြီး ကျွန်တော့မှာ ဘာမှ မရှိဘူး"
"အဲ့စကားတွေကို ယုံတဲ့လူသာ သွားပြော ငါကတော့ မယုံဘူး"
"အဲ့လို မပြောပါနဲ့ Nani ရာ ကျွန်တော် Nani ကြောင့် ပြောင်းလဲ နေတာပါဗျာ"
"ဘယ်နားကို ပြောင်းလဲတာလဲ "
"ရုတ်တရက်ကြီး ပြောင်းလဲဖို့ မဖြစ်နိုင်ပေမဲ့ ကျွန်တော် ကြိုးစားနေပါတယ်"
"မင်းဘာသာမင်း ကြိုးစားနေလိုက် "
ကုတင်ပေါ်ကနေ ထသွားဖို့ လုပ်နေတဲ့ Nani အား skyလည်း ဆွဲကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"တောင်းပန်ပါတယ်နော်"
"ဖယ် လွှတ်စမ်းပါ ဘာလို့ အဲ့လိုတွေ လာလုပ်နေတာလဲ "
ရင်ခွင်ထဲက ကောင်လေးကတော့ ရေချိုးပြီးခါစ ပါးလေးတွေ ရဲနေရောပေါ့
"ချစ်လို့လေ "
"ဖယ်စမ်းပါ "
"မသွားပါနဲ့ ကျွန်တော့ကို အခွင့်ရေးလေး ပေးပါနော် "
"မင်းနောက်တစ်ခါ ကတိတစ်လုံးကို လွယ်လွယ်ပေးတဲ့နေ့ မင်းနဲ့ငါ ဘာမှ မဆိုင်တဲ့ နေ့ပဲ"
"အဲ့နေ့ကတော့ လုံးဝ ရှိမလာစေရဘူး"
"အေးပါ စောင့်ကြည့်တာပေါ့ လွှတ် "
Nani လည်း ခန္ဓာကိုယ်လေးအား ရုန်းထွက်ကာ အောက်သွားဖို့ ပြင်လိုက်သည်။
"ဘယ်သွားမလို့လဲ"
"ငါ့ဘာသာ အောက်သွားမလို့ "
"ကျွန်တော့ကို စောင့်အုန်း တူတူသွားမယ် "
"မင်းနံနံစော်စော်နဲ့ ရေချိုးပြီးမှ လာခဲ့ "
Skyလည်းNani ပြောတော့ သူ့အင်္ကျီအား နှုတ်ခေါင်းရှုံကာ နမ်းကြည့်လိုက်သည်။
"မင်းရေမချိုးပဲ ဆင်းမလာခဲ့နဲ့ "
"ဟုတ်ကဲ့ပါဗျ "
Nani လည်း အောက်ဆင်းမည် ဆိုပြီး လုပ်လိုက်ပေမဲ့ ညနေက customer ရဲ့ အိတ်ကို သတိရသွားကာ အခန်းဝကနေ ပြန်ဝင်လာခဲ့သည်။
Nani တစ်ယောက် ပိုက်ဆံအိတ်အား ကြည့်မည် အလုပ် တော်ပါပြီ သူများပစ္စည်းမကြည့်တော့ပါဘူး ဆိုပြီး ပြန်ထွက်ဖို့ လုပ်ရာ skyရေချိူးခန်းထဲမှာ ထွက်လာတာနဲ့ တိုးတော့သည်။
"ဟိတ် အခုထိ မသွားသေးဘူးလား"
Skyခြောက်လှန့်လိုက်တော့ Nani တစ်ယောက် လန့်သွားကာ skyလက်မောင်းအား ကိုင်လိုက်မိသည်။
" အမေ့! "
"ကျွန်တော်က စတာပါ Nani ရယ် အဲ့လောက်တောင် လန့်သွားတာလား "
"မင်းကွာ ဘာလို့ အဲ့လောက် လန့်ရတာလဲ "
"တောင်းပန်ပါတယ် ကျွန်တော်က စလိုက်တာပါ စိတ်မဆိုးပါနဲ့နော် "
"မင်းငါ့ကို အားနေ စိတ်ဆိုးတဲ့ လူများ ထင်နေတာလား ဖယ် အခု ချက်ချင်း အင်္ကျီဝတ်လိုက်တော့ ငါအောက်ကနေပဲ စောင့်နေတော့မယ် "
"ဟုတ် ကျွန်တော် အမြန်လုပ်ခဲ့မယ်နော် "
Skyလည်း Nani အား သဘောကျ ရယ်လိုက်မိသည်။Nani ဆိုတဲ့ ခများကလေ တော်တော် ချစ်ဖို့ ကောင်းတာပဲ
TBCThanks for reading, guys
(Zawgyi)
"Cheers!"
"Hello"
"Hello"
_______________________
_________________
________________________
"......."
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





