part 16
19:42, 19 February 2025(Unicode)
Nani လည်း အချိန်ကြာလာတော့ skyနဲ့ သူရဲ့ ဆက်ဆံရေးက ပိုကောင်းလာတယ်လို့ ဆိုလို့ ရပေသည်။အရင်ကထက် ပိုပြီး တော့ စကားတွေလည်း ပြောဖြစ်လာကြတယ်။skyက ဆိုင်ကိုလည်း အပို့အကြိုလည်း လုပ်ပေးနေတဲ့ driver ကောင်လေးလိုကို ဖြစ်နေတော့သည်။
အခုတောင် skyတစ်ယောက် Nani ကို ပို့ပြီးတော့ ပြန်သွားခဲ့သည်။
Nani ကတော့ ထုံးစံအတိုင်း သူ့ဆိုင်လေးမှာ update menu တွေနဲ့ နားရတယ်ကို မရှိပါဘူးဟော ပြောရင်းဆိုရင်း ဝယ်သူတွေ ရောက်လာတော့ Nani နဲ့ mike တို့ အပြုံးချိုချိုလေးတွေဖြင့် ဖော်ရွေစွာ ဆက်ဆံပြလိုက်သည်။
"မင်္ဂလာပါဗျ"
"ဟုတ် မင်္ဂလာပါ ဒါလေး တစ်ခုစီယူမယ်ရှင့်"
"ဟုတ်ကဲ့ခမျ သောက်စရာရော ပါသေးလားဗျ"
"Pink milkတစ်ခွက်ပဲ ပေးပါ"
"ဟုတ်ကဲ့ ဒီဘက်မှာ ရှင်းပေးပါနော်"
Nani လည်း cashier ကို ရောက်လာတဲ့ ကောင်မလေးကို ကြည့်လိုက်တော့ သူ့ဆီကို skyနဲ့ တစ်ခါ လာဖူးတဲ့ ကောင်မလေး ဖြစ်နေသည်။
"ဟုတ်ကျေးဇူးပါဗျ "
"ဟုတ်ကဲ့ပါ "
ထိုကောင်မလေးလည်း ထွက်သွားရော Nani အတွေးထဲ sky နဲ့ လာတာများလား။skyက ဘာလို့ ငါ့ဆိုင်ထဲကို မဝင်ရတာလဲ။သူနဲ့ သူ့ကောင်မလေးကို သိမှာ ဆိုးလို့လား။အဲ့လိုလည်း မဟုတ်သေးပါဘူး သူနဲ့ အဲ့ကောင်မလေးက ဒီတိုင်းခင်တဲ့ အခြေနေလည်း မဟုတ်လောက်ပါဘူး ဆိုတဲ့ အတွေးကို mikeရဲ့ ခေါ်သံကြောင့် ရပ်စဲလိုက်ရသည်။
"P' ငွေရှင်းဖို့ စောင့်နေတယ် "
"အော်ဟုတ် ပါဆယ်လားဗျ"
"မဟုတ်ဘူးဗျ ကျွန်တော် အလုပ်လုပ်ရမှာ ဆိုတော့ ဆိုင်မှာပဲ ထိုင်မှာဗျ"
"ဟုတ်ကဲ့ အေးအေးဆေးဆေးလေး လုပ်ပါဗျ"
"ဟုတ်ကဲ့ဗျ"
"P' အဲ့လူကို သတိထားမိလား "
"ဘာဖြစ်လို့လဲ "
"သူကျွန်တော်တို့ ဆိုင်ကို အမြဲတမ်းလိုလို လာဖြစ်တယ်နော် "
"အရသာ ကြိုက်လို့ လာတာ နေမှာပေါ့ "
"အင်း ဟုတ်လောက်မှာပါ "
"ဘာဖြစ်လို့လဲ N'mikeက "
"ဘာမှ မဖြစ်ပါဘူး P'ကို ပြောပြတာ "
"အင်း ဟိုမှာ ဝယ်သူတွေ ထပ်လာနေပြီ သေချာဆောင်ရွက်ပေးလိုက်ပါအုန်းခမျ "
"ဟုတ်ကဲ့ပါ သူဌေးလေး "
Mike အပြောကြောင့် Nani တစ်ယောက် ရယ်မိသွားသည်။ထိုကောင်လေး နှစ်ယောက် ရယ်နေတာကိုလည်း မရည်ရွယ်ပဲ ကြည့်မိသွားတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့သည်။
ညနေ ရောက်တော့ လာကြိုနေတဲ့ လူက အပိုလိုမရှိ အချိန်ကွက်တိ ရောက်ရှိလာပြန်တယ်။
Skyလည်း ကားကို မှီကာ ဆိုင်ထဲက ထွက်လာတဲ့ ကောင်လေးကို အပြုံးလေးနဲ့ ကြိုဆိုလိုက်တယ်။
Nani တစ်ယောက် မိမိကို ပြုံးပြနေတဲ့ လူကို မသိချင်ယောင် ဆောင်ကာ ကားတံခါး ဖွင့်ကာ ဝင်ထိုင်လိုက်သည်။
"Nani ဘာဖြစ်လို့လဲ "
"ဘာဖြစ်လို့လဲ "
"မျက်နှာကြီး ဆူပုတ်နေလို့လေ "
"ဘာမှာ ပုတ်လို့လဲ "
Skyလည်း ဘေးမှာ ဆူပုတ်နေတဲ့ ကောင်လေးအား ဓာတ်ပုံရိုက်ကာ ပြလိုက်လေသည်။
"ဒီမှာ ကြည့်လိုက် "
"ဘာလို့ ရိုက်တာလဲ အခုဖျက်လိုက် "
"မဖျက်ပါဘူး"
"ဖျက်လိုက်နော် "
"ဘာဖြစ်တာလဲ ပြောပြရင် ဖျက်ပေးမယ် "
"ငါမင်းကို မေးစရာ ရှိတယ် "
"အွန်း မေးပါဗျာ"
"မင်း ဒီနေ့ ငါ့ဆိုင်ကို လာသေးလား"
"လာတယ်လေ မနက်က တစ်ခေါက် အခုတစ်ခေါက် "
"ငါအကောင်းမေးနေတာနော် "
"Nani မေးလို့ ဖြေတာလေ "
"ငါ့ကို ပို့ပေးတာ အပြင် မင်းထပ်လာသေးလား မေးတာ"
"မလာပါဘူးဗျာ"
"တကယ်ပြောနေတာလား ပါးစပ်ဟ မင်းငါ့ဆိုင်က မုန့်တွေ စားခဲ့သေးလား"
"မစားပါဘူးဗျာ ဘာဖြစ်လို့လဲ "
"ဘာမှ မဖြစ်ဘူး ရပြီ အိမ်ပြန်မယ် "
Skyတစ်ယောက်လည်း Nani ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို ပြန်မေးခွင့်တောင် မရလိုက်ပေ။
ကားပေါ်မှာလည်း ကောင်လေး တစ်ယောက်က တိတ်ဆိတ်နေဆဲပင်။skyလည်း ဘာအခြေနေ မှန်း မသိ နေရခက်နေတော့ သူ့ဘက်ကပဲ စကားစလိုက်ရသည်။
"Nani ဘယ်သွားချင်သေးလဲ "
Skyအမေးကို Nani ခေါင်းယမ်းလိုက်သည်
"Nani ဗိုက်ဆာလား ကျွန်တော်တို့ ဆိုင်တစ်ဆိုင် ဝင်ကြမလား "
ဘာလောက် မေးမေး Nani ခေါင်းယမ်းနေရုံက လွှဲပြီး ဘာစကားလုံးမှ ထွက်မလာခဲ့ပေ။
"အဲ့တာဆို အိမ်ပဲ မောင်းရတော့မလား"
ဒီမေးခွန်းကျမှ ခေါင်းငြိမ့်လိုက်တဲ့ ကောင်လေး တစ်ယောက်ကြောင့် skyလည်း အပူလုံးကျသွားသလို သက်ပြင်းချမိသည်။
အိမ်ရောက်တော့လည်း သူ့တောင် မစောင့်ပဲ အိမ်ထဲ ဝင်သွားတဲ့ ကောင်လေး တစ်ယောက်ကြောင့် Skyလည်း အနောက်ကနေ အမှီလိုက်ရသည်။အခန်းထဲ ရောက်တော့ skyလည်း မေးမည်အလုပ် Nani က toilet ထဲပင် ရောက်ရှိသွားပြန်သည်။sky မှာမူ Nani ဘယ်ချိန်များ ထွက်မလဲ ဆိုပြီး စိတ်ရှည်ရှည်ဖြင့် စောင့်စားနေလေသည်။
"Nani "
"အင်း "
"Nani ဘာဖြစ်နေတာလဲဟင် "
"ဘာမှ မဖြစ်ပါဘူးဆို "
"အဲ့တာကိုက Nani တစ်ခုခု ဖြစ်နေတယ် ဆိုတာ သိသာတယ် "
Nani တစ်ယောက် ငြိမ်သွားကာ ငါက ဘာဖြစ်နေတာလဲ skyက လာတယ် ဆိုရင်ရော တကယ်လို့ မလာဘူး ဆိုရင်ကော ငါက ဘာပြန်ပြောရမှာလဲ
"Nani "
"ဟင် "
"ကျွန်တော့်ကို မကျေနပ်တာ ရှိရင် ပြောပါ အခုလိုတော့ တိတ်ဆိတ်မနေပါနဲ့ "
"ဒီနေ့..."
"အင်း ဘာဖြစ်လို့လဲ "
"မင်းကောင်မလေးတောင် ဆိုင်လာသွားတယ်"
"ကျွန်တော့မှာ ကောင်မလေးမှ မရှိတာ "
"အရင်က မင်းခေါ်လာတဲ့ တစ်ယောက်လေ"
"အင်း အဲ့တာ ဘာဖြစ်လို့လဲ "
"အဲ့တာ ဒီနေ့ သူဆိုင်လာသွားတယ် မင်းနဲ့လာတာလားလို့ ဒါပဲ ဘာမှ မဟုတ်ဘူး "
Skyသဘောကျစွာ ပြုံးလိုက်ပြီး သူ့ရှေ့က ပြေးထွက်ဖို့ လုပ်နေတဲ့ ကောင်လေးအား ဖမ်းဆုပ်လိုက်သည်။
ဖမ်းဆွဲခံလိုက်ရတဲ့ ကောင်လေးမှာလည်း အာ့ ဆိုပြီး ထိတ်လန့်တကြားလေး ဖြစ်သွားကာ skyနဲ့ မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ဖြစ်သွားခဲ့သည်။
"သူနဲ့လာတယ်ဆိုရင်ရော Nani ကဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ဘူး မင်းပါ ပါတော့ ငါပိုရောင်းရတာ ပေါ့"
"သေချာလား"
"သေချာတယ် လွှတ်ပေးအုန်း "
"သူနဲ့ ကျွန်တော်က ဘာမှ မဟုတ်ပါဘူးဗျာ"
"ဘာလို့ ရှင်းပြနေတာလဲ"
"Nani စိတ်ထဲ ရှင်းအောင်မို့လေ "
"မသိချင်ဘူး အဲ့တာ မင်းကိစ္စလေ ငါ့ကိစ္စမှ မဟုတ်တာ "
"သေချာလား ကားပေါ်ခနဲက ဆူပုတ်နေတာ ဘယ်သူတုန်း"
"အဲ့တာ ဆိုင်က ပင်ပန်းလားလို့ "
Nani လည်း skyကို တွန်းလိုက်ပြီး အခန်းထဲကနေ အမြဲထွက်ကာ အောက်ကို ဆင်းလာခဲ့သည်။အခန်းထဲမှာ ကျန်ခဲ့တဲ့ ကောင်လေးကတော့ ပြုံးပြုံးကြီးပေါ့
အောက်ရောက်တော့ အဒေါ်ပရင်လည်း ညစာ ချက်နေသလို kanလည်း ကားတွေကို ဂိုဒေါင်ထဲ သွင်းနေသည်။Naniလည်း ခြံထဲ ဆင်းကာ လမ်းအနည်းငယ် လျှောက်လိုက်ပြီး ခနနေတော့ ဒန်းပေါ်လေးမှာ ထိုင်လိုက်သည်။
"တစ်ယောက်တည်း ထိုင်ပြီး ဘာလုပ်နေတာလဲ"
"မင်းရောက်လာပြန်ပြီ ဘာလုပ်မလို့လဲ"
"ကိုယ့်ယောက်ျားနား ထိုင်တာ ဘာဖြစ်လို့လဲ"
"ဘာယောက်ျားလဲ"
"အဲ့တာဆို မိန်းမလား "
"မင်းနော် ငါပြောချင်တာက အဲ့တာကြီး ထည့်ထည့်မပြောနဲ့ မင်းနဲ့ငါ ပေးစားထားလို့ ယူထားတာ "
"ကျွန်တော်ကတော့ ပြောမှာပဲ အိမ်က ပေးစားစား ဘာပဲ ဖြစ်ဖြစ် naniက ကျွန်တော့ရဲ့ သက်ဆိုင်သူပဲ "
Naniလည်း နှာခေါင်းရှုံကာ "မင်းဘာသာ နေခဲ့တော့" ဆိုပြီး ဒုတိယအကြိမ် ပြေးထွက်ခဲ့ပြန်သည်။
Skyလည်း အမြန်လိုက်ကာ အနောက်ကနေ သိမ်းကျုံးဖက်လိုက်သည်။
"ဟာ... sky ဘာလုပ်တာလဲ "
"အာ sorry ပါ Nani က အရှေ့ကနေ ပြေးတော့ ကျွန်တော်လည်း အနောက်ကနေ လိုက်ဖမ်းမိတာပါ စိတ်မဆိုးပါနဲ့နော် "
ကောင်လေး နှစ်ယောက် ကျီစားနေရင်း အဒေါ်ပရင်ဆီက စကားသံ ထွက်လာတော့ skyရော Nani ရော ခပ်တည်တည် နေလိုက်ကြသည်။
"သားတို့ ထမင်းစားကြတော့မလား"
"မစားသေးဘူး အဒေါ် သားအိမ်ပေါ်သွားလိုက်အုန်းမယ်"
Naniလည်း ရှက်ပြီး ပုန်းစရာဆိုတာ အိမ်ပေါ်ပဲ ရှိလို့ အမြန်ပြေးတက်ခဲ့သည်။
"ကျွန်တော်လည်း ပြီးမှ စားတော့မယ်"
ကောင်လေး တစ်ယောက်နောက် နောက်ကောင်လေးမှာလည်း ထပ်ကြပ်မခွာ လိုက်နေတာ ပြေးတမ်းလိုက်တမ်း ဆော့နေသလိုကို ဖြစ်နေကြသည်။
"အေးအေးသားတို့ "
အခန်းပြန်လာတော့လည်း အနောက်နေ ပါလာပြန်တော့ Naniလည်း ရန်တွေ့ရပြန်သည်။
"ဘာလို့ လိုက်လာပြန်တာလဲ"
"ကျွန်တော့ အခန်းကို ကျွန်တော်လာလေ Nani ရဲ့"
"တစ်ခြား အခန်းသွား"
"ကျွန်တော့မှာ နေစရာ ဒီအခန်းပဲ ရှိတာကို "
"ဟိုဘက်အခန်းသွား "
"Naniမှ မရှိတာ မနေချင်ပါဘူး "
"ဘာလို့ အဲ့လိုတွေ လာလာ ပြောနေရတာလဲ "
ရုတ်တရက် ဆိုသလို Nani ရဲ့ လက်နှစ်ဖက်ကို sky သူ့ရဲ့ လက်နှစ်ဖက်လေးဖြင့် ညင်ညင်သာသာ ကိုင်ဆွဲထားမိသည်။
"ဘာလဲ "
Skyကတော့ Naniကို နှစ်လိုဖွယ်ရာ အပြုံးလေးနဲ့ ပြုံးပြလိုက်သည်။
"မင်းငါ့ကို ဘာလို့အခုလိုတွေ ကြင်နာပြနေရတာလဲ "
"ကျွန်တော်မသိဘူး ဒါပေမဲ့ ကျွန်တော်သိတာကတော့ Nani ကျွန်တော့ဘဝထဲကို ရောက်နေပြီ ဆိုတာပဲ"
Nani တစ်ယောက် နားမလည်သော မျက်လုံးဝိုင်းလေးတွေဖြင့် skyအား ကြည့်ရှူလိုက်သည်။
"ကျွန်တော်တို့က မိဘတွေ ပေးစားလို့ လက်ထပ်ခဲ့ရတယ် အဲ့တာကြောင့်မို့ ကျွန်တော့စိတ်နဲ့ ကျွန်တော် Naniကို ချစ်မှာမို့ ကျွန်တော့ကို အခွင့်ရေး ပေးလို့ရမလား "
"အဲ့တာတွေက လိုလို့လား မင်းနဲ့ငါ လက်ထပ်ထားတာပဲ မဟုတ်ဘူးလား "
"လိုတာပေါ့ Naniရော ကျွန်တော်ရော အချစ်မှ မပါခဲ့ကြတာ"
"အချစ်ပါတော့ရော ဘာထူးဆန်းလို့လဲ "
"ထူးဆန်းအောင် လုပ်ပေးမှာမို့ ကျွန်တော့ကို အခွင့်ရေးလေး ပေးပါဗျာ"
"မင်းမှာ အချစ်ဆိုတာ ရှိလို့လား "
"အရင်က မရှိခဲ့ဘူး ဒါပေမဲ့ အခုတော့ သေချာနေပြီ "
"ငါက မင်းကို ဘယ်လို ယုံရမှာလဲ "
"ကျွန်တော်က အပြောထက် အလုပ်နဲ့ သက်သေပြပေးမှာမို့ ကျွန်တော့ကို ယုံကြည်ပေးပါ "
"အင်း "
Nani လည်း skyလက်တွေကို လွှတ်ချကာ အိမ်ရာပေါ်သို့ စောင်လေးခြုံကာ လှဲလိုက်သည်။
Nani အိပ် နေတဲ့ ကုတင်ဘက်ကို sky ဒူးထောက် ထိုင်လိုက်ကာ မေးလိုက်သည်။
"ထမင်းမစားတော့ဘူးလား"
စောင်ခြုံကာ မျက်လုံးမှိတ်ထားတဲ့ 27နှစ်အရွယ် ကောင်လေး တစ်ယောက် မိမိထက် 6နှစ်ငယ်တဲ့ ကောင်လေးဆီက ဒီလိုတွေ ကြားလိုက်ရတော့ ထမင်းမစားရသေးပဲ ဗိုက်ပြည့်နေသလိုပင် ဖြစ်နေသည့်အလျား ထမင်းစားဖို့ မေ့နေခြင်းပင်။
"အင်း မစားတော့ဘူး ဗိုက်ပြည့်နေလို့ မင်းသွားစားလေ"
"Nani နဲ့ပဲ စားချင်တာ"
"ငါက အိပ်တော့မှာ "
Skyရဲ့ စကားသံတွေကြောင့် Nani တိတ်တခိုး ပြုံးမိပါသည်။
အချိန်အားဖြင့် 10နာရီလောက် ရှိနေပြီ ဗိုက်ထဲမှလည်း သံစုံတီးဝိုင်းဖြစ်နေပြန်သည်။ဘေးက သူကို ကြည့်လိုက်တော့လည်း သူ့အား လက်ထောက်ပြီး လှဲလျောင်းကာ ကြည့်နေသောကြောင့် လန့်သွားရသည်။
"မင်း မအိပ်သေးဘူးလား "
"အင်း Nani အိပ်တာကို ကြည့်နေတာ "
"ဘာလို့ ကြည့်နေတာလဲ "
"ချစ်လို့"
"မချစ်နဲ့ မင်းတို့လို အသက်ငယ်ငယ်ရွယ်ရွယ်တွေက မယုံရဘူး"
"အဲ့တာဆို ဘာလို့ လက်ထပ်ခဲ့တာလဲ "
Skyမေးတာက ရိုးရိုးလေးပါ Naniလည်း သူ့စိတ်သူ မလုံမိသောကြောင့် အနည်းငယ် ငြိမ်သက်သွားရပြန်သည်။
"အဲ့တာ အိမ်က ပေးစားလို့ "
Skyလည်း ရယ်မိလိုက်ပြန်သည်။
"မင်းဘာရယ်တာလဲ "
"မရယ်ပါဘူးဗျာ အခုက Nani ဘာလုပ်ချင်လို့လဲ"
"အောက်ဆင်း လမ်းလျှောက်မလို့"
"ဟုတ်လို့လား ဗိုက်ဆာလို့ မဟုတ်ဘူးလား"
"အဲ့တော့ ဘာဖြစ်လဲ "
Nani လည်း သူမဟုတ်တဲ့ အတိုင်း ကုတင်ပေါ်မှ ထကာ ကော့တော့ ကော့တော့ဖြင့် ထွက်သွားသည်။
Skyလည်း အနောက်ကနေ လိုက်ပြီး Nani အလိုကျ ထမင်းဝိုင်း ပြင်ပေးဖို့သာ လုပ်လိုက်သည်။
ဒီနေ့ တစ်နေကုန် skyကတော့ Nani နောက်ကို လိုက်နေရခြင်းပင်။ဒီလို လိုက်နေရရင်တောင် sky ပြုံးဖြီးနေလောက်သည်။
"Nani ရော့ "
"မင်းရော မစားရသေးဘူးလား "
"အင်း Nani ကို စောင့်နေတာ "
"ငါတကယ်လို့ မစားရင်ရော "
"မစားရုံပဲပေါ့ "
Naniလည်း skyအား မျက်စောင်းထိုးလိုက်သည်။
"ဘယ်လိုလဲ 1မှတ်ရပြီလား "
"တော်စမ်းပါ ကလေးအကွက်တွေ "
"ဟုတ်ပါပြီဗျ အခုတော့ ထမင်းစားကြတာပေါ့ နောက်ကျမှ လူကြီးအကွက်တွေ ထုတ်သုံးလိုက်မယ် "
"မင်းဘာတွေ ပြောနေတာလဲ "
"ကျွန်တော် ဘာပြောမိလို့လဲ "
"တော်ပြီ ထမင်းစားလိုက်တော့"
ညအချိန်မတော် ထမင်းစားခန်းထဲမှ အသံတွေ ထွက်ပေါ်လာခဲ့သည်။ကောင်လေး နှစ်ယောက်ကလည်း မသိရင် တစ်အိမ်လုံးမှာ သူတို့ပဲ ရှိသည့် အတိုင်းပင်။
Naniတို့လည်း ထမင်းစားပြီး ပန်းကန်ဆေးဖို့သာ ပြင်လိုက်သည်။
"ပေး ကျွန်တော် ဆေးလိုက်မယ်"
"ရပါတယ် ငါ့ဘာသာ ဆေးလိုက်ပါ့မယ် "
"မလုပ်ပါနဲ့ ကျွန်တော်က ဆေးပေးရမှာ ဟုတ်တယ်မလား"
"ဘာဆိုင်ပြန်လို့လဲ"
"ဆိုင်တာပေါ့ ကျွန်တော်က Nani ကို ပိုးနေတဲ့ လူပဲလေ "
"အပိုတွေ လုပ်ပြန်ပြီ "
"Nani ကရော Naniရဲ့ နှလုံးသားလေးကို ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီလား "
"ရော့ အဲ့တာဆိုလည်း မင်းဆေးလိုက်တော့ ငါဧည့်ခန်းထဲ သွားတော့မယ်"
အရှက်သည်းကာ ထွက်သွားတဲ့ ကောင်လေးကြောင့် skyလည်း ခေါင်းတယမ်းယမ်းပြုကာ ရယ်နေလိုက်သည်။
ဧည့်ခန်းထဲမှာ ကောင်လေး တစ်ယောက်ကတော့ TVကို YouTube နဲ့ ချိတ်ကာ ကြည့်ရှုနေသည်။ကြည့်နေတဲ့ဟာကလည်း "Hello kitty & Friends" တဲ့
"Nani တစ်ခြားဟာ ပြောင်းရအောင်လေ "
"မပြောင်းချင်ပါဘူး ငါက ဒါကြည့်ချင်တာ "
"ဘာလဲ အခုမှ ငါးနှစ်သားလား "
"ဘာ!"
"ဒါတွေ ကြည့်ရတာ ကြိုက်တာလားလို့ "
"ဟုတ်တယ်" ဆိုတဲ့ အဖြေနဲ့ အတူ ကပ်ပါလာတဲ့ မျက်စောင်း တစ်စုံ။
မျက်စောင်းထိုးခံရလဲ wongravee တို့က ပြုံးပြုံးပဲ
"အဲ့အကောင်တွေက ဘာအကောင်လေးတွေလဲ"
"အဲ့လို မပြောပါနဲ့ ကလေးလေးတွေကို "
"ဟမ် ဘာကလေးလဲ အဲ့တာလေးက karumae(ခါရူမဲ)ဆိုတာလား "
"ဘာ! ဘာလို ပြောလိုက်တာ မင်းကို တစ်ယောက်ယောက်က sku(စကူး)လို့ ခေါ်ရင် ကြိုက်လား "
"ဟင် nano(နာနို)"
"မင်းနော် ဘာလို့ ငါတို့ကို တိုက်ခိုက်နေတာလဲ သွားအိပ်တော့ "
"မအိပ်ချင်ပါဘူး"
"အဲ့တာဆို ပါးစပ်လေး ပိတ်နေပေး"
လက်ထပ်ပြီး ပြန်ပိုးပန်းနေရတော့ skyလည်း မသိပေမဲ့ ချစ်တော့လည်း ကြည့်နေပေးရသည်။အချိန်တစ်ခု ရောက်လာတော့ Nani ကို အိပ်ဖို့သာ skyသတိပေးလိုက်ရသည်။
"Nani မအိပ်သေးဘူးလား အိပ်ရအောင် အချိန်လည်း ကြည့်လိုက်အုန်း "
"ဟုတ်သားပဲ ဇာတ်ကားက ကောင်းလွန်းလို့ မျောသွားတာ "
Nani လည်း skyပြောမှ အသိဝင်သွားကာ TVကို ပိတ်လိုက်ရသည်။
"မကောင်းပါဘူး ကျွန်တော်တော့ မကြည့်တက်ပါဘူး"
"မကြည့်တက်ရင် မကြည့်နဲ့ "
"အဲ့ကာတွန်းကားကို ကြိုက်တဲ့ ကောင်လေးကိုတော့ ကြည့်တက်တယ် "
"ဘာတွေ လာပြောနေတာလဲ "
"လာ သွားမယ် "
Skyလည်း Naniအားလက်ဆွဲကာ လှေကားမှ တစ်ဆင့် အိမ်ပေါ်ကို တက်ဖို့သာ လုပ်လိုက်သည်။
"ငါသွားတက်တယ်ဆို လုပ်ပြန်ပြီ "
"မရဘူး ကျွန်တော်ခေါ်ရာကို လိုက်ခဲ့"
"မလိုက်ချင်ပါဘူး"
"ငြင်းနေရင် ပွေ့ခေါ်သွားရမှာလား"
"ဟင့်အင် ရတယ် ရတယ် "
ဒီလိုနဲ့ skyနဲ့ Nani လက်ကလေး တွဲကာ အိမ်ပေါ်သို့ တက်ခဲ့လိုက်သည်။လက်ထပ်ပြီးကာမှ အချစ်ဖြစ်ပေါ်အောင် အခွင့်ရေး ပေးခိုင်းနေတဲ့ sky တစ်ယောက်ကိုတော့ မနိုင်ပါဘူးဗျာ။Naniမှာရော sky အတွက် အချစ်ဆိုတာ ပေါက်ဖွားလာနိုင်ပါ့မလား။
TBCThanks for reading, guys
(Zawgyi)
"မငျ်ဂလာပါဗြ"
"Nani "
"Nani "
"မသိခငြျဘူး အဲ့တာ မငျးကိစ်စလငေ့ကိစ်စမှ မဟုတျတာ "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





