Fanfics

part 14

21:16, 17 February 2025

(Unicode)

အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ မျက်နှာပေါ်ကို အခန်းပြတင်းပေါက်မှ နေရောင်ခြည်တွေ ဖြာကျလာခဲ့သည်။မျက်လုံးလေး ဖွင့်ကာ နိုးထလိုက်တော့ သူ့ဘေးမှာ အိပ်ပျော်နေတဲ့ လူသားတစ်ယောက်ကလည်း ရှိလို့နေသည်။

Naniလည်း ခြုံထားတဲ့ စောင်လေးအား ဖယ်ချကာ ကုတင်ပေါ်မှ ထလိုက်သည်။

"Nani... ဘယ်သွားမလို့လဲ"

Skyတစ်ယောက် လူလှုပ်သံ ကြားလိုက်တော့ ဘာလဲ ဆိုပြီး ကြည့်လိုက်ရာ Nani ဖြစ်နေသည်။

"မင်းအိပ်နေတာမလား အိပ်လေ"

"ရတယ် ကျွန်တော် နိုးပါပြီ"

"မင်းဘယ်တုန်းက ဒီချိန် ထတက်လို့လဲ"

"အရင်က ညပိုင်းထွက်လို့ မထနိုင်တာလေ ကျန်တဲ့ အချိန်ဆို ကျွန်တော် ထနိုင်ပါတယ်ဗျာ"

Naniလည်း ဟုတ်လို့လား ဆိုတဲ့ မျက်နှာကြောလေး နဲ့ ကြည့်လိုက်သည်။

"အခု Nani ဘယ်သွားမလို့လဲ toilet သွားချင်လို့လား"

"မျက်နှာ သစ်ပြီး ဆိုင်သွား မလို့ "

"ဟာ မသွားရပါဘူး ဆရာဝန်ကလည်း အနားယူဖို့ ပြောလိုက်တယ်လေ ပြီးတော့ အဲ့ဆိုင်လည်း ပိတ်လိုက်"

"ဆိုင်ပိတ်လို့တော့ ဘယ်ဖြစ်မလဲ N'mike က လာရင် ဘယ်လို လုပ်မလဲ"

"အဲ့တာဆို သူ့ပဲ ဖွင့်ခိုင်းလိုက်လေ Naniမသွားနဲ့ပေါ့"

"ငါ့ဆိုင်မှာ ငါမရှိလို့ ဖြစ်ပါ့မလား"

"ဟုတ်တော့လည်း ဟုတ်ပါတယ် ဒါပေမဲ့ ဆိုင်တော့ မဖွင့်နဲ့ ဆိုင်ပိတ်ရက် ကြေငြာလိုက်ပေါ့ အခုမှ အစောကြီး ရှိသေးတာကို ပြီးတော့ ဟိုလူ့ကိုပါ  အကျိုး အကြောင်း ဖုန်းဆက်လိုက်ပေါ့"

"ဟူးးးး "

"ကျွန်တော် မဖွင့်နဲ့ဆို မဖွင့်နဲ့ ပြီးတော့ Nani အနားယူဖို့ လိုတယ် အခု မျက်နှာ သစ်မှာ မလား"

ပွေ့ချီကာ မဖို့ လုပ်နေတဲ့ skyအား Nani တားလိုက်ရပြန်သည်။မနေ့ကလို ထပ်မ, မလိုလား။ငါလည်း ကောင်းနေပါပြီ။သူက ဘယ်တုန်းက အဲ့လောက် ငါ့အပေါ်မှာ ကောင်းသွားရတာလဲ ဆိုပြီး စဉ်းစားခန်း ထုတ်နေရတော့သည်။

"ရတယ် ရတယ် ငါ့ဘာသာ သွားလိုက်မယ် "

"တကယ်ရလို့လား'

"ရပါတယ် ဆို မသိရင် ငါက ဒုက္ခိတ ကြီး ကျလို့ ဘာလို့ လာလာ ပွေ့ချီ နေရတာလဲ"

"Nani အားမပြည့်သေးလို့ပါ  ပြီးတော့ နောက်တစ်ခါ ဖြစ်သွားမှာကိုလဲ....."

"ဘာလဲ မင်းသာ ငါ့ကို ဘာမှ မလုပ်ရင် နောက်တစ်ခါဆိုတာ မရှိဘူး"

"ကျွန်တော် တကယ်ကို မရည်ရွယ်ခဲ့ပါဘူး တောင်းပန်ပါတယ်နော် "

"ရပါတယ် မျက်နှာ သွားသစ်လိုက်အုန်းမယ်"

"လာ ကျွန်တော် တွဲပေးမယ် "

"မင်းကလည်း ငါဘာမှ မဖြစ်တော့ဘူးလို့'

"Nani ချော်လှဲသွားရင် ဘယ်လို လုပ်မလဲ မမြင်ရတဲ့ဟာတွေကို ပြောမရဘူးလေ လာပါ Nani ကို ကျွန်တော် တွဲပေးပါ့မယ်"

ရေချိုးခန်းထဲ ရောက်တော့လည်း သွားတိုက်ဆေးတွေပါ ထည့်ပေးနေတော့သည်။

"သွားရော တိုက်ပေးရအုန်းမလား"

"မလိုဘူး ရပြီရပြီ မင်းသွားအိပ်တော့"

"ကျွန်တော် မအိပ်တော့ပါဘူး"

"အဲ့တာဆို လုပ်စရာ ရှိတာ သွားလုပ်လေ "

"ကျွန်တော်လုပ်စရာ ရှိတာလည်း Nani ပဲလေ"

"ဘာ! "

Nani သွားတိုက်ရင်းကို လန့်ကာ ချောင်းတွေဆိုးကုန်သည်။

"ကျွန်တော် ပြောချင်တာ ဒီနေ့ Nani ကို သေချာ ဂရုစိုက်ပေးမယ် ပြောတာပါ Nani ရော့ ပလုတ်ကျင်းလိုက်ပါအုန်း "

"ရတယ် ရတယ် ဒီနေ့ မေမေတို့လည်း လာမှာပါ"

"Nani မိဘတွေက Nani မိဘတွေလေ ကျွန်တော်က ကျွန်တော် မတူနိုင်ဘူး'

"ဘာကို မတူရတာလဲ "

"ဆရာဝန်ကြီးကလည်း မှာလိုက်တယ်လေ အမျိုးသား ဖြစ်သူ ဂရုစိုက်ပေးပါအုန်းတဲ့ "

"မင်းဂရုမစိုက်ပေးလည်း ရပါတယ် တော်ကြာ ငါ့ကြောင့်နဲ့ မင်းတွက် အလုပ်ပိုနေမယ် မင်းသွားစရာ ရှိရင် သွားလေ"

"မနက်အစောကြီး ကျွန်တော်က ဘယ်သွားရမှာလဲ "

"မသိဘူးလေ ကောင်မလေးတွေနဲ့ ....."

Naniလည်း ဘာဆက်ပြောရမလဲ မသိ အသံတိတ်သွားခဲ့သည်။

"ဘယ်ကောင်မလေးလဲ မရှိပါဘူးဗျာ"

"ငါ့ဆိုင်ကို ခေါ်လာတဲ့ ကောင်မလေးကရော"

"Pink လား သူက ဒီတိုင်းပါပဲ"

"ဘယ်လို ဒီတိုင်းလဲ "

"ကဲပါ Nani ပြီးရင် ခန စောင့်ပေးအုန်း ကျွန်တော် မျက်နှာ သစ်လိုက်အုန်းမယ် ပြီးရင် အောက်သွား ကြတာပေါ့ "

"အင်း "

Skyလည်း Nani အား ကုတင်ပေါ်ကို ပြန်ထိုင်စေခဲ့လိုက်ပြီး သူကတော့ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

_______________________

သူတို့ နှစ်ယောက် ပြင်ဆင်ပြီး အောက်သို့ ဆင်းလာခဲ့ကြသည်။အခန်းထဲခနက Naniကို ကူတွဲလာတာ အခု အောက်ထပ် ရောက်သည်ထိကို မလွှတ်သေးပေ။

"မင်းကလည်း ရပါတယ် ဆိုနေ မသိရင် အဘိုးကို သူ့မြေးက စောင့်ရှောက်နေသလို ဖြစ်နေပြီ "

Sky လည်း Nani အပြောကြောင့် ရယ်မိလိုက်သည်။ skyပြုံးတာကို သူတစ်ခါမှ မမြင်ဘူးခဲ့ပေ။အဲ့လိုလေး ရယ်လိုက်တော့လည်း သူက ခွေးပေါက်လေး တစ်ကောင်နဲ့ တူသလို ရှိနေပြန်သည်။

"လာပါ ဘာမှ မဖြစ်ပါဘူး ကျွန်တော်တို့ ထမင်းစားခန်းထဲ သွားကြမယ်" ဆိုပြီး ထပ်ပြီး ကူတွဲလိုက်သည်။

"သားတို့ နိုးပြီးလား "

"ဟုတ် အဒေါ် "

"သား Naniလေး သက်သာလား "

"သက်သာပါတယ် အဒေါ် "

"အဒေါ် Nani စားဖို့ ဘာလုပ်တာလဲဗျ"

"ဆန်ပြုတ်လေး ပြုတ်ထားပါတယ် သားsky"

"Nani စားချင်လား မစားချင်ရင် နောက်တစ်ခု လုပ်ခိုင်းလိုက်မယ် "

"ရပါတယ် ငါစားလိုက်ပါမယ် "

"တကယ်ကော စားချင်ရဲ့လား "

"ရပါတယ်ဆို အဒေါ်ပရင်က လုပ်ပေးထားတာကို အားနာဖို့ ကောင်းတယ် "

"ဘာမှ အားနာစရာ မလိုပါဘူး Nani မစားချင်ရင် ကျွန်တော် နောက်တစ်ခု လုပ်ခိုင်းမှာ"

"ဟုတ်ပါတယ် သားရယ် အားမနာပါနဲ့"

"ရပါတယ် သား ဆန်ပြုတ်ပဲ သောက်လိုက်ပါ့မယ် "

"အဒေါ်သေချာလေး လုပ်ပေးထားပါတယ် သားsky သားမကြိုက်ရင် အဒေါ် နောက်တစ်ခု လုပ်ပေးပါ့မယ် "

"ရပါတယ် ကျွန်တော်က ဘာမှ မဖြစ်ပါဘူး Nani မကြိုက်မှာ ဆိုးလို့ပါ "

အဒေါ်ပရင်က ဆန်ပြုတ်စားမဲ့ သူက Nani ဖြစ်ပေမဲ့ အကဲပိုနေတဲ့ လူအား ဆန်ပြုတ်ကို ဘယ်လို ချက်ပေးထားလဲ ဆိုတာ တင်ပြရသေးသည်။

"ရပါတယ် ငါကြိုက်ပါတယ် သားတွက် ထည့်လိုက်ပါ အဒေါ်"

"ဟုတ်ပြီ သား အဒေါ်ထည့်ပေးမယ်နော် "

ဆန်ပြုတ်ပန်းကန်လေးလည်း ရောက်လာတော့ အဒေါ်ပရင် စေတနာ ပါပါ လုပ်ပေးထားမှန်း သိသာလွန်းလှသည်။

"သားစားကြည့်နော် မကြိုက်ရင် အဒေါ်တစ်ခြား တစ်ခု လုပ်ပေးမယ်နော် "

"ဟုတ်အဒေါ်"

Nani လည်း ဆန်ပြုတ်လေးအား မှုတ်ကာ ပါးစပ်ထဲသို့ အရသာမြည်းစမ်းခွင့် ပြုလိုက်သည်။

"ကောင်းလား အဒေါ်ပရင်ကို နောက်တစ်ခု လုပ်ခိုင်းရမလား "

"ကောင်းတယ် ကျွန်တော်ကြိုက်တယ်"

"သား များများစားနော် အဒေါ်လုပ်ပေးထားတယ်"

"ဟုတ် ကျေးဇူးပါဗျ"

ဆန်ပြုတ်ကလည်း တကယ်အရသာ ကောင်းလွန်းတော့ Nani တစ်ယောက် မှုတ်ကာ စားသုံးနေလေသည်။

"တကယ်‌ရောအရသာ ရှိလို့လား"

"တကယ်ရှိတာပါဆို ရော့ မယုံရင် စားကြည့်"

Skyပါးစပ်ရှေ့ ရောက်ရှိလာတဲ့ ဆန်ပြုတ်လေး တစ်ဇွန်း။

Skyလည်း အနည်းငယ် ကြောင်သွားမိသလို Nani လည်း ဟာ ငါဘာသွားလုပ်လိုက်မိတာလဲ ဆိုပြီး သူ့ရဲ့ လက်ကလေးအား အနောက်ပြန်ဆုတ်လိုက်သည်။

"ဟိုဟာ..... ငါပြောတာ မယုံရင် အဒေါ်ပရင်ကို ပန်းကန်လုံးလေးနဲ့ ထည့်ခိုင်းလိုက် "

"Naniက မကျွေးတော့ဘူးလား "

"မင်းမှာလည်း လက်ပါတာပဲ ကိုယ့်ဘာသာ စား"

မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အရာတွေ‌ ကြောင့် ရှက်ရှက်နဲ့ မီးဖိုခန်းထဲကို အဒေါ်ပရင်လည်း တိတ်တိတ်လေး ဝင်သွားခဲ့လိုက်သည်။

"ဝပြီလား '

"အင်း "

"ဆေးတွေ သောက်ရအုန်းမှာနော် "

"အင်း မင်းမနက်စာ စားလေ "

"Naniကို ဧည့်ခန်းထဲ ပြန်ပို့ပြီးမှ စားလိုက်တော့မယ် "

"ရပါတယ် ငါသွားနှင့်မယ် မင်းစားလိုက်"

"အဲ့တာဆို ဆေးသောက်ရင် ကျွန်တော်လုပ်ပေးမယ်နော် ခနလေးပဲ ကျွန်တော် မြန်မြန်စားလိုက်မယ် "

"ရပါတယ် အေးဆေးစားပါ "

Skyလည်း အမြန်ဆုံး အရှိန်နဲ့ မနက်စာစားကို စားလိုက်ရာ ဘာရသာတွေ ရှိလဲကို သူသေချာ မခံစားလိုက်ရပေ။ဒီလို အမြန်လုပ်ရခြင်းမှာလည်း Nani စောင့်နေရမှာ ဆိုးလို့က တစ်ကြောင်း တော်ကြာ ဆေးသောက်ချိန်တွေ ကျော်လွန်သွားမှာလည်းက တစ်ကြောင်း သူစိုးရိမ်မိပါသည်။__________________

"ကျွန်တော်ပြီးပြီ "

"မင်းစားရော စားခဲ့လား "

"စားခဲ့တယ် ဆေးသွားယူလိုက်အုန်းနော် "

Skyလည်း အိမ်ပေါ်တက်ကာ သောက်ရမဲ့ ဆေးထုတ်တွေကို သွားယူလိုက်သည်။သူအောက်ကို ‌ဆင်းလိုက်တော့ Kan နဲ့ Nani စကား ပြောနေတာကို မြင်လိုက်ရသည်။

"Kan "

"ဗျာ အကိုလေး sky "

"ကားတွေကို ဖုန်တွေ သုတ်ပြီးပြီလား"

"ဟုတ်အကိုလေး "

"ပန်းတွေရော ရေလောင်းပြီးပြီလား"

"ကျွန်တော် အကုန်လုပ်ပြီးပါပြီ အကိုလေး "

"ငါ့ကားတွေကို ရေဆေးထားလိုက် "

"ဗျာ အကိုလေး! အကိုလေး ကားတွေက ညစ်ပေနေတာတွေ မရှိဘူးဗျ"

"ဖုန်သေးသေးလေး ကပ်တာကို မလိုချင်တာ အဲ့တာ မင်းသွားဆေးလိုက် "

"ဟုတ် အကိုလေး sky"

"အကိုလေး Nani ကျွန်တော် သွားလိုက်အုန်းမယ်နော် နေကောင်းအောင် နေပါဗျ"

"ကျေးဇူးပါ Kan"

Kanလည်း ထွက်သွားတော့ ဆိုင်းမဆင့်ဗုံမဆင့် မေးလာတဲ့ လူတစ်ယောက် ထံမှ မေးခွန်းတွေ

"Kanက ဘာတွေ လာပြောတာလဲ kanနဲ့ ဘာအကြောင်းတွေ ပြောကြတာလဲ Nani ကရော ဘာတွေ ပြန်ပြောတာလဲ "

"Skyရာ မင်း‌မေးခွန်းတွေက များလိုက်တာ Kanက သက်သာလား လာမေးတာ ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး ရော့ ဆေးသောက်ရမယ်"

Nani လက်ထဲကို အရောင်မျိုးစုံ ပုံသဏ္ဍန်မျိုးစုံနဲ့ ဆေး‌လုံးတွေ ရောက်ရှိလာခဲ့သည်။

"ဟူးးး ဆေးတွေကလည်း "

"ဒါတွေ သောက်မှ ကောင်းမှာ‌ပေါ့ သောက်လိုက်နော် ဘာမှ မဖြစ်ပါဘူး ရေလေးနဲ့ မျှောချလိုက်"

"အင်း "

ဆေးလည်း သောက်ပြီးရော လေကောင်းလေသန့် ရအောင် ခြံထဲကို လမ်းဆင်းလျှောက်ခဲ့ကြသည်။

သူတို့ နှစ်ယောက် လမ်းလျှောက်နေရင် ခြံထဲကို ဝင်လာတဲ့ ကားတစ်စီး။ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးကလည်း skyမာမီ ဖြစ်နေသည်။

"မာမီ... "

အရင်ဆုံး ခေါ်တာက သူ့အရင်း ဖြစ်ပေမဲ့ skyမာမီကတော့ သားဖြစ်သူကို ကျော်လွန်ပြီး သားသမက်လေး ဆီပဲ ဘူတာဆိုက်ခဲ့ပြန်သည်။

"သားလေး ‌နေရတာ အဆင်ပြေလား ယားယံတာတွေ ဖြစ်သေးလား မနက်ကရော ဘာစားပြီးပြီလဲ ဆေးရော သောက်ပြီးပြီလား "

skyဒီလို စိတ်ပူကာ ဂရုတစိုက်လေး မေးခွန်းတွေ များတက်တဲ့ အကျင့်လေးက သူ့‌မာမီ ဆီက နေမှာ ဆိုပြီး Nani ပြုံးလိုက်မိသည်။

"မာမီ မေးခွန်းတွေက များလိုက်တာ "

"မေးရမှာပေါ့ သားရဲ့ Nani လေးက အခုမှ နေကောင်းခါစလေးကို "

"သား အဆင်ပြေပါတယ် မာမီ မနက်ကလည်း ဆန်ပြုတ်‌စားပြီးပါပြီ "

"စားရတာ အဆင်ပြေလား သား နေ့လည်ကျရင် မာမီ ဘာလုပ်ပေးရမလဲ "

"အဆင်ပြေပါတယ် မာမီအဆင်ပြေတာပဲ လုပ်လိုက်ပါ သားက အကုန်စားပါတယ် "

"ဟုတ်ပြီ သား မာမီ ကြက်ပေါင်းလေး လုပ်လိုက်မယ်နော် "

"Skyလေး ငယ်ငယ်က နေမကောင်းပြီဆို တအား ဂျီကျတက်တာ ‌အပူရှိန်နဲ့ ဆိုတော့ အစားကျွေးရတာလည်း ခက်ပြန်တယ် မာမီက ကြက်ပေါင်းရည်လေး လုပ်ပေးမှ ‌အစာဝင်တာ သားရယ် "

"မာမီကလည်း ဘာလို့ ငယ်ငယ်ကဟာတွေကို ပြောနေတာလဲ "

"ဘာဖြစ်လို့လဲ သားNaniလေးလည်း သိချင်မှပေါ့ လာ သား မာမီ skyအကြောင်းတွေ ပြောပြမယ် "

Skyမာမီလည်း သားသမက်လေးကို လက်ကလေး ဆွဲကာ အိမ်ထဲ ပြန်ခေါ်သွားပြန်သည်။

Sky မာမီ skyရဲ့ ငယ်ငယ် အကြောင်းတွေကို ဖော်ကာ Naniနဲ့ ရယ်နေကြလေသည်။

"မာမီ ဘာလို့ အဲ့တာတွေ ပြန်ပြောနေရတာလဲ "

"ဘာလဲ အခုမှ ကိုယ့်ယောက်ျားရှေ့မှာ ရှက်နေတာလား "

"မရှက်ပါဘူး Nani လည်း နားပါစေတော့ မာမီ ချက်စရာ ရှိတာ ပြင်ဆင်တော့လေ "

"ဟုတ်ပ စကားကောင်းနေတာနဲ့ "

"သား မာမီ နောက်မှပဲ အေးဆေး ပြောပြမယ် skyအကြောင်းတွေက အများကြီး ရှိသေးတယ်"

"ဟုတ်မာမီ "

"မာမီနော် "

"သားအခုတော့ Nani လေး စားဖို့ သွားလုပ်လိုက်အုန်းမယ် "

သားမိနှစ်ယောက်ကြောင့် ကြားထဲက Nani လေးကတော့ ခေါင်းရမ်းကာ အပြုံးလေး တစ်ခု မှတ်ချက်ပြုလိုက်မိသည်။

"Nani နားတော့မလား.... ဒါမှ မဟုတ် ဘာလုပ်ချင်လဲ "

"ရပါတယ် အောက်မှာပဲ နေလိုက်အုန်းမယ် အမြဲတမ်း အခန်းထဲမှာပဲ နေနေရတာ "

"ဟုတ်ပါပြီ အဲတာဆို TV ကြည့်မလား "

"အင်း ကြည့်မယ် "

နေ့လည်ရောက်တော့ skyမာမီ လုပ်ပေးတဲ့ ကြက်ပေါင်းရည်လေးကို Nani ‌သောက်လိုက်သည်။

"သား ကြိုက်လား မာမီ ကြက်သားလေးကိုလည်း နူးနူးအိအိလေး လုပ်ပေးထားတာ"

"ဟုတ်မာမီ အရသာ ရှိတယ် သားကြိုက်တယ် "

"အဲ့တာဆို များများစားနော် ကြက်သားတွေလည်း စား သားလေး"

"ဟုတ်မာမီ "

"သားရော တစ်ခါတည်း စားတော့ မလား မာမီ ထည့်ပေးမယ်လေ "

"မာမီရော မစားသေးဘူးလား"

" မစားသေးဘူး သားရယ်"

" မာမီပါ တစ်ခါတည်း ဝင်စားလိုက်ပါ"

"အွန်း မာမီတို့ စားကြတာပေါ့"

နေ့လည်စာ စားပြီးတော့လည်း ဆေးထုတ်တွေက ထပ်မံ ရောက်ရှိလာပြန်တယ်။Nani ဒီဆေးတွေကို စိတ်ညစ်နေပြီ။

" မြန်မြန်သောက်လိုက် တစ်လုံးချင်းစီ မသောက်နဲ့"

"အကုန်လုံး ထည့်ပြီး မသောက်တက်ဘူး"

"ဘာမှ မဖြစ်ပါဘူး ဆို"

"ရော့ အဲ့တာဆို မင်းသောက်လိုက်"

"Nani ကလည်း Nani သောက်မှ ပျောက်မှာကို"

"မင်းကျတော့လည်း မသောက်နိုင်ပဲနဲ့ ငါ့ကို အတင်းလှိမ့်သောက်ခိုင်းနေတယ်"

နေ့လည်ဆေးကျမှ ငြင်းခုံနေတဲ့ ကောင်လေး နှစ်ယောက်ကြောင့် skyမာမီ ကြားဝင်ရပြန်သည်။

"Nani လေး သောက်တက်သလို သောက်ပါစေ"

" သားက ဆေးတွေက များလို့ တစ်လုံးပြီးမှ တစ်လုံးဆို ပိုဆိုးသွားမှာ ဆိုးလို့ပါ "

"ရတယ် ငါ့ဘာသာ သောက်ပါမယ် ဆို မင်းက ဆရာကြီး လုပ်နေတာ "

"ကျွန်တော်က ကောင်းအောင် ပြောတာလေ Nani က နားမှ မထောင်တာ"

"ကဲပါ သား အဆင်ပြေသလို သောက် skyသားက ရေလိုရင် ထပ်ဖြည့်ပေးဖို့ စောင့်နေ မာမီ ညအတွက် လိုအပ်တာတွေ ပြင်ဆင်လိုက်အုန်းမယ်"

"ဟုတ်မာမီ "

Nani တစ်ယောက် ဆေးတစ်လုံးချင်းစီ သောက်နေတာက ၄၈နာရီလောက် ကြာနေတဲ့ အတိုင်းပင်။Nani လည်း လက်မလျှော့ဘူး တစ်လုံးပြီး တစ်လုံး သောက်နေရှာသည်။

"အားးး ခါးလိုက်တာ"

"ကျွန်တော်ပြောသားပဲ အကုန်လုံးကို ထည့်လိုက်ပြီးတော့ ရေတွေ အများကြီး သောက်လိုက်ပါဆိုတာကို လက်မခံဘူး"

"အင်းပါကွာ "

"နေ့လည် ဆေးနဲ့ ညဆေးက ပမာဏချင်းက သိပ်မကွာဘူး ညကျရင် ကျွန်တော်ပြောသလို သောက်ရမယ် "

Naniလည်း သက်ပြင်းချကာ skyက လာပြန်ပြီ ငါ့ကို လာပြီး ဆရာလုပ်ပြန်ပြီ။

"အခု နေ့လည် အခန်းထဲမှာ နားရမယ် "

"မနားတော့ပါဘူး မာမီလည်း ရောက်နေတာကို"

"မာမီက သူ့ဘာသာသူ အစားစာ လာလုပ်ပေးတာလေ ဘာမှ မဖြစ်ပါဘူး"

"လူကြီးကို အားနာစရာကြီးလေ "

အပြင်က စကားပြောသံတွေ ကြောင့် skyမာမီလည်း ထွက်လာရပြန်သည်။

"သား သွားနား မာမီက ဘာမှ မဖြစ်ဘူး "

"ရပါတယ် မာမီနဲ့ သား skyအကြောင်း ပြောကြမယ်လေ"

"ဘယ်လို! Khun Nani"

"သားနိုးလာရင် မာမီ ပြောပြမယ် အခု သွားနားလိုက်အုန်း တော်ကြာ တစ်စုံ တစ်ယောက်က မာမီတို့ကို မျက်စောင်းထိုးနေလိမ့်မယ် "

Skyမာမီလည်း သားဖြစ်သူအား စ,ကာ မီးဖိုထဲပင် ပြန်ဝင်သွားတော့သည်။

"ဘာရယ်တာလဲ ကျွန်တော့အကြောင်း တော်တော်သိချင်နေတာလား"

Skyလည်း Nani လက်ကလေးအား ဆွဲကာ အိမ်ပေါ်အခန်းထဲသို့ သွားလိုက်သည်။

အခန်းထဲရောက်တော့ Naniအား အနားယူစေခဲ့လိုက်သည်

____________________

ညနေ ရောက်တော့ skyဒယ်ဒီလည်း အလုပ်က အပြန် ဝင်လာခဲ့သလို Nani တို့ မိဘတွေလည်း ရောက်နေသည်။

"သားနေရတာ အဆင်ပြေလား"

"ပြေပါတယ် မေမေ"

"မေမေလည်း လာမလို့ပါပဲ သားဖေဖေက သူနဲ့မှ သွားရအောင် ဆိုလို့ မေမေအခုမှ လာရတာ "

"ရပါတယ် မေမေရယ် မာမီနဲ့ အဒေါ်ပရင်ကလည်း သားကို ဂရုတစိုက် လုပ်ပေးတယ် ပြီးတော့.... skyရောပဲ" 

"ဦးသားရဲ့ လုပ်ရပ်တွေကြောင့် Naniအဆင်မပြေတာတွေ ရှိခဲ့ရင် ဦးကပဲ တောင်းပန်ပါတယ်နော်"

"ရပါတယ် ဦး။ကျွန်တော် စိတ်ထဲ မထားတော့ပါဘူးဗျ "

"Sky နောက်ခါ ဒယ်ဒီ ဘာမှ မကြားချင်ဘူးနော် "

"ဟုတ်ဒယ်ဒီ "

"သား ဘာစားချင်သေးလဲ မေမေ ဘာလုပ်ပေးရမလဲ "

"ရတယ် မေမေ သားအဆင်ပြေပါတယ် မနက်ဖြန်လည်း ဆိုင်ပြန်ဖွင့်တော့မှာ "

"သား မနားတော့ဘူးလား "

"မနားတော့ဘူး ဖေဖေ ပိတ်တာလည်း များနေပြီ ဆိုတော့ စားသုံးသူတွေ အဆင်မပြေမှာ ဆိုးလို့ ဖေဖေ "

"အေးပါ သား"

"Sky Naniကို မနက် သေချာ လိုက်ပို့ပေးလိုက်နော် "

"Kanနဲ့ပဲ သွားလိုက်ပါမယ် ဦး Skyလည်း ကျွန်တော့ကြောင့် ပင်ပန်းနေလောက်ပြီ "

"ဘာမှ မဖြစ်ဘူး သူ့ကြောင့်ဖြစ်တာ သူလုပ်ပေးရမှာပေါ့ '

"မနက်ကျရင် ကျွန်တော် လိုက်ပို့ ပေးပါ့မယ်"

"အင်း "

"အဲ့တာဆို ထမင်းစားကြ ရအောင်လေ "

"ရပါတယ် ကျွန်တော်တို့ အိမ်မှာပဲ စားလိုက်ပါ့မယ် "

"မလုပ်ပါနဲ့ရှင် ကျွန်မက အဒေါ်ပရင်နဲ့ ညစာအတွက် ချက်ထားတာပါရှင် လာပါ တစ်ခါတည်း စားကြရအောင် "

"ဟုတ်ပါတယ် Khun Thun "

"ဟုတ် CEO "

"Nani ထိုင် "

"အင်း ကျေးဇူးပဲ "

"ရော့ သားအတွက် မာမီက အားရှိအောင် ဆိတ်အရိုးစွပ်ပြုတ်လေး လုပ်ထားတယ် "

"ဟုတ်မာမီ ကျေးဇူးပါဗျ"

"မလိုပါဘူးရှင်"

"ကဲ အဲ့တာဆို ကျွန်တော်တို့ ထမင်းစားကြတာပေါ့ "

"နောက်ကျရင်  ကျွန်မတို့ နှစ်ဖက်မိသားစု ညစာ သွားစားကြတာပေါ့ "

"ဟုတ်ကဲ့ ဗျ"

"သား ထည့်စားလေ "

"ဟုတ်မာမီ "

"သားNani ရောပဲ လိုရင်ပြော မာမီ ထည့်ပေးမယ်"

"ဟုတ်မာမီ "

ဘာလိုလိုနဲ့ သူတို့ နှစ်အိမ် အတွက်တော့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ခဲ့သည်။skyကလည်း Nani ပေါ်မှာ အရင်ကလို မဟုတ်ပဲ ဆက်ဆံပုံလေးတွေ ပြောင်းလဲလာခဲ့သည်။

TBCThanks for reading, guys

(Zawgyi)




















"ရတယျ ရတယျ ငါ့ဘာသာ သှားလိုကျမယျ "

"တကယျရလို့လား'

"ရပါတယျ ဆို မသိရငျ ငါက ဒုက်ခိတ ကွီး ကလြို့ ဘာလို့ လာလာ ပှေ့ခြီ နရေတာလဲ"
































_______________________





















































"Kan "





























































































____________________






































TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories