Fanfics

part 13

21:06, 16 February 2025

(Unicode)

"Nani ကျွန်တော်ပြောတာ ကြားလား Nani..."

Sky ဒီအခြေတွေက သူ့ကို တကယ်ပင် လန့်စေခဲ့သည်။Naniပါးကို သူ့လက်ကလေးနဲ့ ပုတ်နှိုးတာတောင် naniက တုံ့ပြန်လာချင်း အလျဉ်းမရှိပေ။

"Kan... Kan"

"အဒေါ်ပရင်....အဒေါ်ပရင်"

"အကိုလေး ဘာဖြစ်လို့လဲ"

"အခုချက်ချင်း ကား သွားထုတ်လိုက်"

"ဗျာ.... ဟာ အကိုလေး Nani ဘာဖြစ်လို့လဲ"

"ကားကို အမြဲသွားထုတ်စမ်းပါ "

"ဟုတ် ဟုတ် အကိုလေး"

"သား sky သားNani ဘာဖြစ်လို့လဲဟင်"

"သူ ပုဇွန်နဲ့ ဓာတ်မတည့်တာ နေမှာ"

" သားNaniလေး ဒီတိုင်း မကြိုက်လို့ မစားတာပဲ ထင်ခဲ့တာ သားnaniဘာမှ မဖြစ်ပါစေနဲ့ ဘုရား"

အဒေါ်ပရင်လည်း မျက်ရည်လေး စလက်နဲ့ လက်အုပ်ကလေး ချီကာ ဆုတောင်း နေမိသည်။

Skyလည်း Naniအား ပွေ့ချီကာ ကားထဲကို ထည့်လိုက်ပြီး သူပါ Nani ဘေးတွေ ဝင်ထိုင်လိုက်သည်။အဒေါ်ပရင်ကို အိမ်ကို စောင့်စေခဲ့ပြီး sky သူ့ရဲ့ မိဘတွေအား အကြောင်းကြားစေခဲ့လိုက်သည်။

"Kan မောင်းတော့ "

"ဟုတ်အကိုလေး "

"မြန်မြန်မောင်းပေး"

Skyလည်း naniမျက်နှာလေးကို ကြည့်လိုက်တော့ တကယ်ပင် သနားစရာ ကောင်းလှသည်။သူတကယ်ကို တောင်းပန်ပါတယ် ဆိုတာက လွှဲရင်လည်း သူဘာပြောရမလဲ မသိ။

ခများကို နိုင်ချင်ရုံ သက်သက်ပါဗျာ။အခုတော့ ကျွန်တော့ လုပ်ရပ်က တကယ်ကို မှားသွားပြီ နေမှာ ဆိုပြီး skyလည်း Nani လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။

ဆေးရုံရှေ့ ရောက်တော့ sky Nani ရဲ့ ကိုယ်လေးကို ပွေ့ချီကာ အလျင်အမြန်ပင် ဆေးရုံထဲ ဝင်သွားတော့သည်။

"ဆရာ... လူနာမေ့သွားလို့ ကြည့်ပေးပါဗျာ"

"ကုတင်ပေါ် တင်လိုက်ပါ ဆရာမ လူနာကို နှလုံးခုန်နှုန်းတွေ တိုင်းပေးပါအုန်း"

"ဟုတ်ကဲ့ဆရာ ခနလောက် ထွက်ပေးပါအုန်းရှင့်"

Skyလည်း အခန်းပြင်ကနေ စောင့်နေခဲ့လိုက်သည်။ခနနေတော့ skyတို့ မိဘတွေလည်း ရောက်ရှိလာခဲ့သည်။

"သား  သားNani ဘာဖြစ်တာလဲ"

"ပုဇွန်နဲ့ ဓာတ်မတည့်တာနေမှာ မာမီ "

"Nani တို့ အိမ်ကိုရော အသိပေးပြီးပြီလား "

"မပေးရသေးဘူး ဒယ်ဒီ"

"အေးအေး ဒယ်ဒီ ဆက်လိုက်မယ် "

__________________

ညအခါမှာ ဘယ်တော့မှ မခေါ်တက်တဲ့ ဖုန်းနံပါတ် တစ်ခု ဆီကနေ ဖုန်းဝင်ခဲ့တော့ Nani ဖေဖေ လည်း ကိုင်လိုက်သည်။

"ဟုတ် CEO ဘာဖြစ်လို့ပါလဲခမျ "

Skyဒယ်ဒီလည်း အခုချက်ချင်း ဆေးရုံကို လာခဲ့ဖို့ ပြောလိုက်တော့ nani ဖေဖေ တကယ်ပင် လန့်သွားခဲ့သည်။

"ဗျာ..."

"အကို ဘာဖြစ်လို့လဲ "

"သားလေး ဆေးရုံ တက်ရလို့တဲ့ ကိုယ်တို့ သွားရအောင် "

ဒီနေ့ တစ်နေကုန် သူတို့နဲ့ တူတူရှိခဲ့ပြီးတော့ အခုလို ကြားလိုက်ရတော့ သူတို့ အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်သွားခဲ့သည်။nani မိဘတွေလည်း CEO ပြောသလို ဆေးရုံကိုသာ အမြန်ဆုံး လာခဲ့ကြသည်။

"သား စိတ်မပူပါနဲ့နော် ဆရာဝန်ကြီးတွေ သေချာ စစ်ဆေးပေးနေမှာပါ"

သားဖြစ်သူ ဒီလို စိတ်ပျက်လက်ပျက် ငြိမ်သက်နေတာကို တစ်ခါမှ မတွေ့ဘူးတော့ အဆင်ပြေမှာပါ ဆိုတဲ့စိတ်ကလေးနဲ့ သားဖြစ်သူကို ပြောပြရသည်။

"CEO ကျွန်တော့သားလေး ဘာဖြစ်လို့လဲ ဗျ"

"ဆရာဝန်တော့ ထွက်မလာသေးဘူး Khun Thun ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ "

"အစ်မ အရမ်းလည်း စိတ်မပူပါနဲ့နော် သားNani အဆင်ပြေမှာပါ "

"သားကလေ မနက်က အိမ်လည်လာသေးတယ် ပြန်တော့လည်း သားskyက လာကြိုပြီး ပြန်သွားကြတာ အခုလို ဆေးရုံတက်ရတာ ဆိုတော့ တကယ်ကို မယုံနိုင်ခဲ့ဘူး "

"Sky မင်းနဲ့ Nani ဘာဖြစ်ကြသေးလဲ Nani က ဘာလို့ ဆေးရုံ တက်ရတာလဲ ဒယ်ဒီတို့ကို ပြော "

Skyလည်း ပြောမယ် လုပ်တော့ အခန်းထဲမှာ ဆရာဝန်က ထွက်လာသည်။

"လူနာနဲ့ ဘာတော်လဲဗျ "

"သူ့မိဘတွေပါ ဒါက လူနာရဲ့ အမျိုးသားပါ "

"လူနာက ဓာတ်မတည့်တာ တစ်ခုခု စားမိတာကြောင့် ‌သတိလစ်သွားခဲ့တာပါ။လူနာ ဘာစားခဲ့လဲဗျ "

"ပုဇွန်ပါ ဆရာ "

"သားက ပုဇွန်နဲ့ မတည့်ဘူး"

Naniမေမေလည်း ဝမ်းနည်းကာ မျက်ရည်လေးတွေ ကျမိပြန်သည်။

"လူနာ့ အမျိုးသားနေနဲ့ရော ပုဇွန်နဲ့ ဓာတ်မတည့်တာကို သိလားဗျ"

"ကျွန်တော် မသိပါဘူး "

"အော် ဟုတ်ပါပြီ အရင်က လူနာက ပုဇွန်ကို စားမိရင် အနည်းငယ် ယားယံတာမျိုး ရှိနိုင်ပေမဲ့ အခုက ပမာဏ အနည်းငယ် များသွားတော့ သတိလစ်သွားတာပါ"

"သားလေး အခြေနေကရော ဆရာ "

"အခုကတော့ အဆင်ပြေပါတယ် အခုထက် အများကြီးသာ စားမိသွားမယ် ဆိုရင် စိုးရိမ်ရတယ်ဗျ "

"သားလေးနဲ့ တွေ့လို့ ရလား ဆရာ "

"‌ဟုတ်တွေ့လို့ရပါတယ်  ကျွန်တော်တို့ ဆေးတွေလည်း သွင်းပေးထားပါတယ် တကယ်လို့ လူနာ သတိရလာရင် ကျွန်တော်တို့ကို လာပြောပေးပါ "

"ဟုတ်ကဲ့ ဆရာ "

Sky အပါအဝင် နှစ်ဖက်မိဘတွေလည်း Nani ကုတင်လေးဆီသို့ သွားလိုက်သည်။Naniကတော့ ဆေးရုံ ကုတင်ပေါ်တွင် ဆေးပိုက်တန်းလန်းဖြင့် သတိတော့ ရမလာသေးပေ။

"သားရယ် ဖြစ်မှ ဖြစ်ရလေ "

"မိန်းမရယ် သားလည်း အဆင်ပြေပါပြီ သတိရဖို့သာ ဆုတောင်းတော့နော်"

"သားsky Naniလေးကလေ ငယ်ငယ်ခနဲကပုဇွန်နဲ့ မတည့်ဘူး။ပုဇွန်နဲ့ ပတ်သတ်တာ စားမိရင် allergic တွေ ဖြစ်ပြီး ဆေးတွေ သောက်ရတယ်"

"Nani က ပုဇွန်နဲ့ မတည့်တာတော့ သိတယ်မလား "

"ဟုတ်သိပါတယ် CEO "

"အဲ့တာဆို ဘာလို့ စားရတာလဲ"

"ကျွန်တော် ကျွေးလိုက်တာပါ "

"ဘာ!"

Skyဒယ်ဒီ တုံ့ပြန်ချက် ပေးလိုက်သလိုမျိုး naniမိဘတွေလည်း skyစကားကြောင့် တုန်လှုပ်သွားခဲ့သည်။

"Naniက မတည့်မှန်း သိရက်နဲ့တော့ မစားဘူး မင်းဘာလုပ်လိုက်သေးလဲ"

"ကျွန်တော် သူ့ကို အနိုင်လိုချင်ရုံ သက်သက်နဲ့ စကားနာထိုးပြီး ရအောင် ကျွေးခဲ့တာပါ ဒယ်ဒီ"

"ဟျောင့် မင်းတကယ်ကို စဉ်းစားဉာဏ် မရှိဘူးလား မင်းလုပ်လိုက်လို့ Nani တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ "

"ကျွန်တော် ဦးနဲ့ အန်တီကို အနူးညွတ်တောင်းပန်ပါတယ် Naniကို ပုဇွန်မကြိုက်လို့ မစားတာပဲလို့ ထင်ခဲ့မိတာပါ ကျွန်တော် ပုဇွန်နဲ့ allergic ရှိမှန်း တကယ်မသိလို့ပါ"

"မင်း ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ ဘာလို့ တောင်းပန်နေတာလဲ "

"ရပါတယ် CEO။ သားskyလည်း သိလို့ လုပ်ခဲ့မိတာမှ မဟုတ်တာ "

"ကျွန်တော့ အမှားပါ ကျွန်တော် Nani နိုးလာရင်လည်း ကျေနပ်အောင် တောင်းပန်မှာပါ။နောက်တစ်ခါ ဒီလိုမျိုး မရှိလာအောင်လည်း ကျွန်တော်Naniကို ဂရုစိုက်မှာပါ "

"အန်တီသားလေးကို ဒီလိုမျိုး နောက်တစ်ခါ မဖြစ်အောင် သားskyအနေနဲ့ ဆင်ခြင်ပေးပါနော်"

မိခင် အတ္တ ဆိုတော့ Nani မေမေလည်း သူ့သား နောက်တစ်ခေါက် မဖြစ်စေရန် skyအား ပြောလိုက်ရသည်။

"ဟုတ်ကဲ့ပါ အန်တီ"

"သား...သား သတိရလာပြီလား "

"ဖေဖေ တို့က ဘယ်လို ဖြစ်ပြီးတော့ "

"သားဆေးရုံ ရောက်နေလို့ မေမေတို့ လာတာ"

"ဗျာ "

"ဦးတို့သားရဲ့ လုပ်ရပ် အတွက် တောင်းပန်ပါတယ် "

"ဟုတ်ပါတယ် သားရယ် မာမီတို့လည်း skyကို ဆုံးမ ပေးပါမယ်နော် "

"ကျွန်တော်...."

"ဖေဖေ သားက ဆင်းရတော့မှာလား"

"ခနလေး ဖေဖေ ဆရာဝန်ကြီးကို သွားခေါ်လိုက်အုန်းမယ် "

Nani လည်း skyကို မကြည့်ချင်တာကြောင့် မျက်နှာကို ဟိုဘက်လွှဲထားလိုက်သည်။အများနဲ့ တစ်ယောက် ဖြစ်နေတာကတော့ sky wongravee ပေါ့ဗျာ။

"လူနာလည်း သတိရလာပြီ ဆိုတော့ ဆင်းလို့ရပါပြီဗျ။ အားပြန်ဖြည့်အောင် အိမ်မှာ သေချာလေး အနားယူပေးပါအုန်းဗျ ပြီးတော့ ကျွန်တော် သောက်ဆေးတွေလည်း ထည့်ပေးလိုက်ပါမယ်"

"ဟုတ်ကဲ့ ဆရာ "

"အမျိုးသား ဖြစ်သူကလည်း သေချာဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့ ဆရာ "

"သား မေမေ တို့နဲ့ ပြန်လိုက်ချင်လား"

Sky ကတော့ Naniရဲ့ အဖြေကို မဝင့်မရဲလေး နားထောင်နေလိုက်သည်။

"ရပါတယ် မေမေ သား အိမ်သစ် ကိုပဲ ပြန်လိုက်ပါ့မယ် "

"Nani နေချင်တဲ့ နေရာမှာ အနားယူလိုက်ပါ"

"ရပါတယ် ဦး ကျွန်တော်အဆင်ပြေပါတယ် "

"မာမီတို့ မနက်ဖြန် ကျရင် လာခဲ့မယ်နော် သားစားချင်တာ ပြော မာမီ လုပ်ခဲ့မယ် "

"ရပါတယ် မာမီ သားဘာမှ မစားချင်ပါဘူး "

"မာမီဘာသာ သားအတွက် အားရှိအောင် အဆင်ပြေတာလေး လုပ်ခဲ့မယ်နော်"

"ဟုတ်မာမီ ကျေးဇူးပါဗျ"

"ရပါတယ် သားရယ် အခုလို ဘာမှ ကြီးကြီးမားမား မဖြစ်တာကိုပဲ မာမီက ကျေးဇူးတင်တယ်"

"အဲ့တာဆို ပြန်ကြရအောင်လေ Naniလည်း အနားယူချင်မှာပေါ့ "

"ဖေဖေတို့ ပြန်တော့လေ မာမီတို့ရော ပြန်လိုက်ပါ သားဘာမှ မဖြစ်ပါဘူး "

"သားကို မေမေတို့ အိမ်ထိလိုက်ပို့ ပေးချင်သေးတယ် "

"ရပါတယ် မေမေရယ် ညလည်း နက်နေပြီ အိမ်ပြန်အိပ်တော့နော် "

"မေမေ့သားလေး တစ်ခုခုဆို ဖေဖေနဲ့ မေမေက ရှိတယ်နော် တစ်ခုခုဆိုရင် အိမ်ကို လာခဲ့နော်"

Naniမေမေလည်း သူ့သားလေးအား ဖက်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မေမေတို့ ပြန်တော့နော် "

"သား ဖေဖေ တို့ သွားပြီနော် ဂရုစိုက်နော် "

"ဟုတ်ဖေဖေ "

"ဦးတို့လည်း ပြန်တော့လေ မာမီရောပဲ "

"Sky မင်းနဲ့ငါ မနက်ဖြန်ကျမှ စာရင်းရှင်းမယ် နောက်ထပ် မင်းကြောင့် Nani တစ်ခုခု ဖြစ်တယ် ကြားရင် မလွယ်ဘူးနော် "

"သားလေး naniလေးကို ဂရုစိုက်ရမယ် နောက်ခါ ဒီလိုတွေ မလုပ်ရဘူးနော် "

"ဟုတ်မာမီ"

"ကျွန်တော်လည်း ဘာမှ မဖြစ်တာမို့ ဦးနဲ့ မာမီတို့ အိမ်ပြန်ပြီး အနားယူကြပါ"

"‌အေး ဦးတို့ ပြန်ပြီနော်"

"ဟုတ်ကဲ့"

"မနက်ဖြန် မာမီတို့ လာခဲ့မယ်နော် သားNani"

"ဟုတ်မာမီ "

Skyမိဘတွေနဲ့ Nani မိဘတွေ ပြန်သွားတော့ Naniလည်း Kanကို အိမ်ပြန်ဖို့သာ ပြောလိုက်သည်။

"Kan ပြန်ရအောင် "

"ဟုတ်အကိုလေး Nani "

Driver seatမှာ kanက မောင်းပေမဲ့ အနောက်က လူနှစ်ယောက်ရဲ့ လေထုကတော့ အေးစက်နေသည်။Naniလည်း ဘာမှ မပြောပဲ မျက်လုံးလေး မှိတ်ကာ လိုက်ပါစီးနှင်းလိုက်သည်။ထိုကောင်လေးကို ကျေနပ်အောင် တောင်းပန်စကား ဆိုချင်တဲ့ ကောင်လေး တစ်ယောက်ကတော့ မျက်ဝန်းတွေ မှိတ်ထားတဲ့ ကောင်လေးကိုပဲ ကြည့်နေခဲ့တော့သည်။

________________________

ကားလည်း ရပ်တော့ Nani လည်း ဆင်းမည့်အလုပ် သူ့တံခါးအား လာဖွင့်ပေးတဲ့ ကောင်လေး တစ်ယောက်။တံခါးဖွင့်ပေးရုံတင် မပြီးသေးဘူး သူ့လက်ကလေးကို ပါ ကမ်းပေးခဲ့သည်။သဘောကတော့ သူ့ကို တွဲပါပေါ့။

Naniလည်း ထိုလက်ပိုင်ရှင်အား ရှောင်ဖယ်ကာ အိမ်ထဲပဲ ဝင်ခဲ့လိုက်သည်။

"သား Nani အဆင်ပြေလားသား"

"သားနဲ့ ဓာတ်မတည့်မှန်း မသိခဲ့ဘူး အဒေါ်တောင်းပန်ပါတယ်နော်"

"ရပါတယ် အဒေါ်ပရင်အမှားမှ မဟုတ်တာ သားလည်း မကြိုက်လို့ပဲ ပြောခဲ့လိုက်တာ Naniအမှားလည်း ပါ ပါတယ်နော် "

"မဟုတ်တာ သားရယ် "

"အခု သားလည်း ဘာမှ မဖြစ်တော့ဘူးမို့ စိတ်မပူပါနဲ့နော် အိမ်ပေါ်သွားနား လိုက်အုန်းမယ်ဗျ"

"အေးအေး သား သွားနား မနက်ဖြန်ကျရင် အဒေါ်သားကြိုက်တာတွေ စီစဉ်ပေးပါမယ်နော် "

"ကျေးဇူးပါဗျ"

Nani လည်း အနားယူဖို့ အိမ်ပေါ်ပဲ တက်လာခဲ့လိုက်သည်။skyကတော့ သူ့အနောက်ကနေ အရိပ်လိုပင် ထပ်ကြပ်မခွာ ရှိလို့ နေသည်။

အခန်း ပေါက်ဝ ရောက်တော့လည်း skyက တံခါးဖွင့်ပေးလိုက်သည်။Naniလည်း ကုတင်ပေါ်မှာ ဝင်လှဲကာ နေလိုက်သည်။သို့ပေမဲ့ Naniအိပ်မပျော်ပါ။

"ခများ ဘာစားချင်သေးလဲ "

"........."

"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် "

"..........."

"ကျွန်တော် ခများကို အနူးညွတ် တောင်းပန်ပါတယ် ကျွန်တော် အမှားလုပ်ခဲ့မိပါတယ် ကျွန်တော် မရည်ရွယ်ပါဘူး "

"မင်းက ငါ့ကို သေစေချင်ခဲ့တာ မလား"

"ကျွန်တော် ဘယ်လောက်ပဲ အနိုင်လိုချင်အုန်းတော့ ခများကို သေ‌အောင်ဖို့အထိ ဘယ်တော့မှ မတွေးခဲ့ဘူး "

"အဲ့တာတော့ ဘယ်ပြောလို့ ရမလဲ မင်းရဲ့ အတွေး တွေထဲမှာ ငါက ပိုက်ဆံရှိတဲ့ လူတွေကို ကပ်တာက လွှဲပြီး ဘာမှ မရှိဘူးလေ"

"အဲ့အတွက် ကျွန်တော်တောင်းပန်တယ် ကျွန်တော်ရဲ့ စကားတွေက ခများရဲ့ သိက္ခာတွေကို ကျဆင်းစေခဲ့ရင် တောင်းပန်ပါတယ် "

"ငါ့ဘဝကိုက မင်းဆီမှာ ဒီလို အပြောခံရဖို့ ပါလာတာ နေမှာ "

"ကျွန်တော် တောင်းပန်ပါတယ် "

"မင်းရဲ့ စကားတွေ မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို ဘယ်လောက် စိတ်ထိခိုက်စေလည်း မင်းသိလား"

"ကျွန်တော် တကယ်ကို မှားသွားခဲ့ပါတယ်"

"မင်းကတော့ ဘယ်သိမလဲ မင်းက ငါ့အပေါ်မှာ ဒီလိုတွေ ချိုးနှိမ်ပြောဖို့တွက်ပဲ မင်းတွေးနေတာလေ "

"တောင်းပန်ပါတယ် ကျွန်တော့မှာ တောင်းပန်ရုံက လွှဲပြီး ဘာမှ ပြောစရာ မရှိပါဘူး"

Skyလည်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ Nani လက်ကလေးအား ကိုင်လိုက်မိသည်။

"ဖယ်! မထိနဲ့ "

"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်ဗျာ"

Naniလည်း ဘာမှ ဆက်မပြောချင်သောကြောင့် ပြန်လှဲကာ အိပ်လိုက်သည်။

"ခများ အနားယူလိုက်ပါ ကျွန်တော်က ခများ ကျေနပ်အောင် တောင်းပန်မှာပါ"

Nani ဘက်ကလည်း ဘာမှ မတုံ့ပြန်လာသလို skyကတော့ ဒီည မအိပ်တော့ပဲ ဒီလူသားကို ဂရုစိုက်ဖို့ပဲ သူတွေးနေလိုက်သည်။

"ခများ ဘယ်သွား မလို့လဲ ဘာလုပ်ချင်လို့လဲ ကျွန်တော့ကို ပြော "

Naniလည်း ညဉ့်နက် သန်းခေါင် toilet သွားချင်လို့ ထလိုက်သည်။skyရဲ့ မေးခွန်းကြောင့် စိတ်ညစ်ပေမဲ့ သူစိတ်ထဲ အပျော်လှိုင်းလေး ဖြတ်သွားပါသည်။သူက မအိပ်သေးဘူးလား ဘာလဲ ငါ့ကို ဂရုစိုက်နေတာလား။

"ခများ ဘာလုပ်မလို့လဲလို့ "

"မင်း ငါ့ကို လာအော်မနေနဲ့ "

"အဲ့တာဆို ဘယ်သွားမှာလဲ ပြော "

"Toilet သွားမလို့ "

"ကျွန်တော် လိုက်ပို့ပေးမယ် "

"ငါကလေး မဟုတ်ဘူး ငါ့ဘာသာ သွားတက်တယ်"

"ခများ အားနည်းနေတာလေ "

"မင်းကောင်မလေးတွေ လောက်တော့ အားမနည်းဘူး ထင်တယ် "

"ခများ အဲ့တာတွေ ထည့်မပြောလို့ ရမလား "

"ပြောတော့ ဘာဖြစ်လဲ"

"အာ့ "

Skyလည်း Nani အား ဒူးအောက်ကနေ လျှိုကာ ပွေ့ချီလိုက်သည်။

"မင်းငါ့ကို ဘာလို့ ချီတာလဲ "

"ခများ စကားတွေ မပြီးနိုင်သေးလို့ "

"လွှတ် ချပေး ငါ့ဘာသာ သွားမယ်"

"မရဘူး ကျွန်တော် ကိုယ်တိုင် လိုက်ပို့ပေးမယ် "

Skyလည်း အခန်းထဲရှိ toilet ထဲသို့ လိုက်ပို့လိုက်သည်။

"ချပေးတော့ "

"ရတယ် ကျွန်တော် အထဲထိ လိုက်ပို့ပေးမယ်"

"မင်းကို ချပေးတော့လို့ "

Nani ယောက်ျားလေးချင်း ဆိုပေမဲ့ ရှက်မိပါသည်။ကိုယ့်ထက် ငယ်တဲ့ ကောင်လေး တစ်ယောက် ပြီးတော့ လက်ထပ်ထားတဲ့ သူက toilet ထဲထိ ပို့ပေးတာကြီးကို Nani မကြိုက်လှပါ။

"ခများ ပါးတွေ ရဲနေတာ allergic က မပျောက်သေးဘူးလား" ဆိုပြီး skyရဲ့ လက်တွေ Nani ရဲ့ ပါးပြင်ပေါ် ရောက်လာခဲ့သည်။

"ငါဘာမှ မဖြစ်ဘူး ချပေးတော့"

Skyလည်း Naniအား toilet ရှေ့မှာ ချပေးလိုက်သည်။

Nani ကတော့ မျက်စောင်းထိုးကာ toilet ထဲ ဝင်သွားသည်။Naniလည်း ထွက်လာတော့ skyက toilet ရှေ့မှာ ရှိနေသေးသည်။

"မင်း ဘာလုပ်နေတာလဲ"

"Nani ထွက်လာမှာကို စောင့်နေတာ "

"ဘာ! မင်းငါ့ကို ဘယ်လို ခေါ်လိုက်တာ "

"Nani မို့ Nani ခေါ်လိုက်တာလေ "

"မင်းအရင်က ငါ့ကို ခများနဲ့ ခများနဲ့ ပြောခဲ့တာ မဟုတ်ဘူးလား "

"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ပြောင်းလဲ‌ နေတာမလို့ ခများ... အမ်းNani စောင့်ကြည့် ပေးလို့ ရမလား "

"........"

Skyက အတည်တွေ ပြောနေသလားလို့ အောက်မေ့ရတယ် Nani ကိုယ်တိုင်ပင် sky အား သေချာကြည့်နေမိသည်။

"အမေ့! ဘယ်လို့ ထပ်ပြီး ချီနေရတာလဲ "

"Nani ပင်ပန်းနေမှာ ဆိုးလို့ပါဗျာ"

"ဖယ် ရတယ် ငါ့ဘာသာ သွားတက်တယ်"

Skyလည်း naniစကားတွေကို မသိချင်ယောင် ဆောင်ပြီး ကုတင်ပေါ်သို့ ချပေးလိုက်သည်။ပြီးတော့ ရင်ဘတ်ပေါ်ထိ စောင်လေးကို လွှားခြုံပေးလိုက်သည်။

"ကောင်းကောင်း အနားယူပါ Nani "

"အင်း"

"တစ်ခုခုဆို ပြောနော် ကျွန်တော်ရှိတယ် "

"အင်း "

"အဲ့တာဆို အိပ်တော့နော် "

"အင်း "

သူဘာပြောပြော 'အင်း' တစ်လုံးပဲ ပြောနေတဲ့ ကောင်လေးကို Skyသဘောကျ စွာ ပြုံးလိုက်မိသည်။သူ့ဘေးနားမှာ အိပ်နေတဲ့ ကောင်လေးကလည်း စောင်လေးခြုံပြီး ရှက်စိတ်ကြောင့် မျက်လုံးကို စုံမှိတ်ကာ အတင်းအိပ်နေတော့သည်။

TBCThanks for reading, guys

(Zawgyi)



"Kan... Kan"



























__________________
































































































________________________













"........."


"..........."



















































"........"













TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories