Fanfics

MINE-39 (Final)

16:56, 3 January 2024

မွေ့ယာပေါ်မှာထိုင်ရင်း ဂျီမင်းပြစ်ထားခဲ့တာကြာပြီဖြစ်တဲ့ ဒီဇိုင်းလေးတွေကိုကြည့်နေရင်း ကြမ်းပြင်မှာဟိုပြေး၊ သည်ပြေးလုပ်နေတဲ့ သမီးလေးကိုလဲ ကြည့်ရသေးသည်။ ကူးကတော့ သူ့ဒယ်ဒီနဲ့ Gym ခန်းထဲမှာတဲ့လေ...

၁နှစ်ခွဲအရွယ်ကိုရောက်လာတော့ လမ်းလေးတွေတတောက်တောက်သွားပြီး စကားလေးတစ်ခွန်း၊ နှစ်ခွန်း တီတီတာတာပြောနေပြီ။ သွားလေးတွေကလဲ ပေါက်နေတော့ ကလေးတွေကပို၍ပင် အသဲယားစရာကောင်းနေတော့သည်။

သမီးလေးမင်ထက် သားကူးက သွားပေါက်တာနောက်ကျတော့ အခုမှယုန်သွားနှစ်ချောင်းသာရှိသေးသည်။ သမီးလေးမင်ကတော့ အပေါ်၄ ချောင်း အောက်၂ချောင်း...

သားကြီးဂျောင်မင်ကတော့ အရင်ကလို ကျောင်းမပျင်းတော့ပဲ ကျောင်းစာကိုအတော်အာရုံစိုက်ကာ လိမ္မာနေပြီ။ အခုတော့ ကြမ်းပြင်မှာ စားပွဲလေးခင်းပြီး စာလုပ်နေလေရဲ့။

" အား..! ပါးပါး..မင်လေးလုပ်တာ "

ပြောရင်းဆိုရင်းကြည့်အုံး! သားဂျောင်မင်ဆံပင်ကိုသွားဆွဲပြန်ပြီ။ သမီးလေးက တွေ့သမျှလူဆံပင်လိုက်ဆွဲချင်နေပေမယ့် ဂျီမင်းရဲ့ဆံပင်ကိုတော့ တစ်ခါမှမဆွဲဖူး။

"  မင်မင်.. ကိုကိုစာလုပ်နေတာကို ဘာလို့သွားနှောင့်ရှက်နေတာလဲ "

" no! ဘမ်..ဘမ်.."

တံခါးပေါက်နားမှာ သူ့ဘာသာအိပ်နေတဲ့ ဘမ်ကိုလက်ညှိုးထိုးပြနေလေသည်။ ဘမ်လုပ်ပါတယ်ပေါ့..ဘမ်ကလဲ သူ့ကိုလက်ညှီုးပြတော့ ခေါင်းထောင်ကြည့်လာသည်။

" ဘမ်က သူ့ဘာသာအိပ်နေတာလေ.."

" ဒယ်ဒယ်! ဒယ်ဒယ်.... "

ဘမ်ကအိပ်နေတယ်ဆိုတော့ သူ့ဒယ်ဒီလို့ ပြောနေပြန်ပြီ။

" ဒယ်ဒီက မရှိဘူးလေ..မင်မင်နော် "

" no.. no. .ကူး! ကူကူး "

" ကူးလဲမရှိဘူး..မင်ငယ်နော် "

" အော..မင်မင်! မင်.."

အခုမှသာသူ့ဘာသာ လက်ညှိုးထိုးပြနေတဲ့ သမီးလေး... အင်္ကျီအဝါရောင်လေးဝတ်ပေးထားပြီး ဂျီမင်းတို့တစ်မိသားစုလုံးမှာ မရှိတဲ့ ဆံပင်လိမ်ကောက်ကောက်လေးတွေနဲ့ သိပ်ကိုချစ်ဖို့ကောင်းလှသည်။

( p-crd)

" လာ..ကိုကိုစာလုပ်နေတာ လုပ်ပါစေ..ကူးတို့ဆီသွားမယ် "

" ကူး..အင့် အင့်.."

ကူးဆိုတဲ့အသံကြားတော့ လက်သီးလေးဆုပ်ပြီး ဆံပင်ဆွဲတဲ့ပုံစံလုပ်ပြနေသည်။ ဒီကလေးဟာလေ ဘာကြောင့်များတွေ့သမျှဆံပင် လိုက်ဆွဲချင်နေလဲ မသိပါဘူး...

သမီးလေးလက်ကိုဆွဲခဲ့ပြီး Gym ခန်းထဲသို့လိုက်သွားလိုက်ကြသည်။ ဂျွန်ကလေ သူ့သားကို သူ့နဲ့တူအောင်ဆိုပြီး gym ပစ္စည်းတွေနဲ့ရင်းနှီးအောင်လို့ မကြာခဏ gym ခန်းထဲခေါ်သွားတာပါတဲ့။

သားဂျောင်မင်ကတော့ စာကိုသာအာရုံစိုက်ပြီး ထိုကိစ္စတွေကို စိတ်ဝင်စားမှာမဟုတ်ဘူးတဲ့..သားငယ်ကူးကိုတော့ သူနဲ့အကုန်တူစေချင်ပါသည်တဲ့လေ... ထို့ကြောင့် မနက်ခင်း Gym ဆော့ချိန်တိုင်း သားကူးကိုခေါ်သွားတတ်သည်။

(P. crd)

" ကူးလို့ခေါ်လိုက်.. "

" ကူး...! လုံးလုံးပေး "

ကူးဆီက လုံးလုံးပေးလို့တောင်းတာက ကူးအိတ်ကပ်ထဲမှာထည့်ထားနေကျ ချိုချဥ်ကိုတောင်းတာဖြစ်သည်။ ကူးကလဲ မင်ငယ်တောင်းတိုင်းပေးသည်။ ကူးက သူ့ညီမလေးကိုအလိုလိုက် အကြိုက်ဆောင်မည်ထင်တယ်။

" သားကူးရေ ဗလတွေထွက်ပြီလား "

" ကူး..ထွက်! "

သမီးလေးကပါဝင်မေးတော့..

" သားဖြေလိုက်အုံးလေ ညီမလေးနဲ့ပါးပါးမေးနေပြီ "

" ထွက်ဖူး! '

" အာ....ခစ်! ခစ်! ဟစ်! "

သမီးလေးက ဘာတွေကိုသဘောကျမှန်းမသိ ထကာရယ်တော့ ဂျွန်နဲ့ကျွန်တော်ပါလိုက်ရယ်မိသည်။ ထိုအခါကူးက..

" မင်မင်..ရော့ "

ဘောင်းဘီအိတ်ကပ်ထဲက စတော်ဘယ်ရီချိုချဥ်လေးကို သူ့ညီမလေးဆီထုတ်ပေးသည်။ ချိုချဥ်ကိုတွေ့တော့ သူ့ကူးကိုအာဘွားတွေဇွတ်ပေးတော့သည်။

" ကလေး...သားနဲ့သမီးကိုခဏခေါ်သွားလိုက်အုံး..ကိုယ်အဆာပြေစားဖို့ ပန်ကိတ်သွားလုပ်အုံးမယ် "

" ပန်ကိတ်လား "

" အင်း..ပျားရည်လေးစမ်းစားမယ်လေ.. သားဂျောင်မင်အကြိုက် "

" ဟုတ်..ခဏနေရင် သားနဲ့သမီးတို့ကိုခေါ်ပြီး အောက်ထပ်ဆင်းခဲ့မယ် "

" ဟုတ်ပြီ.."

" လာ..မင်နဲ့ကူး..ကိုကိုဂျောင်မင်ဆီသွားမယ်.."

" ကိုကို့ဆီ.."

" အိုပါး..ခစ်! ခစ် "

နာရီဝက်လောက်နေပြီးတော့ ကလေးတွေနဲ့အတူအောက်ထပ်ဆင်းခဲ့ပြီး မီးဖိုခန်းထဲဝင်ခဲ့လိုက်တယ်။

အဆင်သင့်ပြင်ဆင်ထားတဲ့ ပန်ကိတ်လေးတွေက စားချင်စဖွယ်အတိ။ ဟင်! ဒါနဲ့ ဒီတစ်ခုကတော်တော်ကိုကြီးနေတာပဲ..

" အဲ့တာ ကိုယ့်ကလေးအတွက် "

ဂျီမင်းထိုပန်ကိတ်အကြီးဆုံးကိုကြည့်နေတာမြင်၍ ပြောပုံရသည်။

" ကျွန်တော့်အတွက်လား "

" အင်းလေ.."

" အကြီးကြီပဲ "

" မကြိုက်လို့လား '

" မဟုတ်ပါဘူး..ဂျွန်ကလဲ "

" ကဲ..စားမယ် ထိုင်ကြ "

" ဟုတ် ဒယ်"

အားလုံးသူ့နေရာနဲ့သူ ထိုင်ပြီးနောက် ဂျွန်က ပြားရည်ဆမ်းပေးသည်။ ဂျွန်လုပ်ကျွေးတဲ့ ပန်ကိတ်ကတကယ်ကို အရသာရှိပြီး ကျွန်တော်တို့ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးထားသလိုမျိူး ချိုမြနေသေး၏။

----------

" ဝူးးးး ဟူးး ပင်လယ် ပင်လယ်! ပင်လယ် "

အရှိန်မှန်မှန်နဲ့မောင်းနှင်နေတဲ့ ကားလေးထက် သားဂျောင်မင်ရဲ့ အသံတစ်ချို့ပြန်နှံ့နေပြီး ဟိုကလေးနှစ်ယောက်ကတော့ ကားစီးရတာပျော်ပြီး ငြိမ်နေလေသည်။ ထို့ပြင် ဘမ်ရဲ့အသံကပါ..

"  ဝုတ်! ဝုတ်! ဝုတ်!  "

ဂျီမင်းက ကားရှေ့ခန်းမှာဖြစ်ပြီး လည်ပင်းမှာပတ်ထားတဲ့ ပုဝါကလဲတလွင့်လွင့်။ လေအရှိန်ပြင်းသွားတော့ ကားပြတင်းပေါက်နေ လျှောခနဲ့ပါသွားတော့သည်။

" ဂျွန်..ပုဝါကျနေခဲ့ပြီ "

" ဂျီမင်းရှီးးးးးးး!! "

" ဂျီမင်းရှီးးး! "

ဂျွန်ကအသံပြဲကြီးနဲ့အော်တော့ သားဂျောင်မင်ကပါ စနောက်ပြီးလိုက်အော်၏။..

" ဝုတ်! ဝုတ်.. '

" no.. ဒယ်ဒယ် no.."

သားကူးလေးက သူ့ပါးပါးကိုမအော်ဖို့ဝင်ပြောတော့..မင်ငယ်က..

" ကူးးးး! ရေးးး  ခစ်! ခစ် "

ကားကိုနောက်ပြန်လှည့်ပြီး ပုဝါကိုသွားပြန်ကောက်ရသည်။ ထို့နောက် ဂျီမင်းတို့မိသားစုကားလေးက အမြန်လမ်းထက် အရှိန်မှန်မှန်မောင်းနှင်ပြီး ပင်လယ်ဆီသို့ဦးတည်လျက်...

အချိန်အားဖြင့် ၁နာရီလောက်မောင်းနှင်ပြီးနောက် ဆိုလ်းမြို့နဲ့အနီးဆုံးပင်လယ်ကမ်းစပ်ကို ရောက်ရှိသည်။ တချို့မိသားစုတွေလဲ အပန်​ဖြေခရီးတွေထွက်လာပုံရပြီး ရွက်ဖျင်တဲတွေဆောက်နေကြပြီ။

ဂျီမင်းတို့ကတော့ နေရာကောင်းလေးကိုရွေးပြီး ပစ္စည်းတွေချရုံသာရှိသေးသည်။ ထိုနေရာက စားသောက်ဆိုင်လို့သီးသန့်မရှိပဲ ကိုယ်တိုင်ချက်စားဖို့ အစားအသောက်အနည်းငယ် ယူခဲ့ရတာဖြစ်သည်။ ပစ္စည်းတွေချပြီးနောက် ကလေးတွေကို အခင်းခပ်ကြီးကြီးခင်းပေးခဲ့ပြီး ကစားစရာတချို့အပြင် စားစရာအချို့နဲ့ခဏထားခဲ့ပြီး ဂျွန်နဲ့အတူ ရွက်ဖျင်တဲဆောက်ကြသည်။

ကလေးတွေကလဲ သူတို့ပါလုပ်ချင်နေကြတော့ တောက်တိုမယ်ရလေးတွေခိုင်းရင်း တစ်မနက်အချိန်ကုန်တော့သည်။ ဂျီမင်းတို့ပင်လယ်ထဲပင် မဆင်းရသေး။

အချိန်ကလဲ နေအတော်မြင့်နေပြီမို့ နေ့လည်စားပြီး အရိပ်ရတဲ့အပင်ရဲ့အောက်မှာ အခင်းခပ်ကြီးကြီးခင်းပြီး မိသားစုတရေးတမော အိပ်လိုက်ကြသေးသည်။ ခရီးပန်းလာတော့ ကလေးတွေရော ဂျွန်နဲ့ဂျီမင်းပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

ပြန်နိုးလာတော့ နေသိပ်မပူတော့ပဲ ရေထဲဆင်းဖို့အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

ကလေးတွေနဲ့အတူ ဘောကွင်းတွေကိုင်ဆောင်ပြီး ရေထဲဆင်းကြတော့၏။ ကလေးတွေကလဲ ရေထဲမှာပျော်နေလိုက်ကြတာ တခစ်ခစ်ရယ်သံလေးတွေပင် မရပ်။

" သားဂျောင်မင် အနက်ပိုင်းထိမသွားရဘူး "

" ကိုယ်ရှိပါတယ်ကွာ စိတ်ချစမ်းပါ "

" လာ..မင်နဲ့ကူးက ဒီကမ်းစပ်မှာ ဘောကွင်းစီး "

" no.. ဒယ်ဒယ့်ဆီ "

" မရဘူး ဒယ်ဒီတို့ဆီက ရေနက်တယ် "

ကူးကအန္တရာယ်ရှိမှန်းသိလို့ ထင်ပါရဲ့ သွားချင်ကြောင်းမပြောပေမယ့် မင်ကတော့ သူ့ဒယ်ဒီဆီ လက်ညှိုးတစ်တန်းတန်း။

" ဒယ်ဒယ်..အဟင့်! "

" မင်ငယ်နော်..ဒီမှာဆော့နေတာကို ..ဒီမှာခရုလေးတွေကောက်မယ်.."

" အယ်...မင်ကောက်..မင်မင် "

" လာ..မင်မင်ကောက်မှာဆို "

" ကူး...လာ "

ကူးရဲ့လက်ကိုဆွဲခဲ့ပြီး ကမ်းစပ်ဘက်ကိုလာပြီး ခရုလေးတွေ အာရုံတစိုက်ကောက်တော့သည်။ ကမ်းစပ်မှာ ရေကူးဝတ်စုံဖြင့်ကလေးနှစ်ယောက်နဲ့အတူ ခရုခွံတွေ ကောက်နေတာ ဗုံးတစ်ဗုံးစာလောက်ပင်ရှိနေပြီ။

ဂျွန်နဲ့ သားဂျောင်မင်ကတော့ ရေထဲမှာဆော့ကစားနေကာ အတော်ပျော်နေပုံရသည်။ တော်တော်နဲ့လဲ တတ်လာမယ့်ပုံမမြင်။ ထို့ကြောင့် ဂျီမင်းလဲ ကလေးနှစ်ယောက်အတူ ကမ်းစပ်မှာကစားပေးရင်း သူတို့တတ်လာမယ့်အချိန်ကို စောင့်နေရသည်။

စောင့်နေရင်းကနေ အခုထိတတ်မလာသေးတဲ့ သားအဖနှစ်ယောက်ကြောင့် ကလေးတွေအအေးပတ်မှာစိုး၍ ထီးအကြီးကြီးအောက် အခင်းတစ်ခုခင်းကာ ရေစိုနေတဲ့ဆံပင်တွေကို သုတ်ပေးနေလိုက်တယ်။

" မင်..ဖရဲသီတွေကို ပါးစပ်ထဲအများကြီးမထည့်နဲ့လေ..တစ်ခုကုန်မှတစ်ခုစား "

" ဟုတ်..အာ...ပါးပါး "

သူ့ကိုပြောတော့ ဖရဲသီးစိတ်လေးကိုခွံ့ကျွေးလာသည်မို့ စားလိုက်ရသည်။ ရေသုတ်ခံနေတဲ့ ကူးကိုပါ သူကခွံ့ကျွေးနေသေးတာဖြစ်သည်။ ဒီကလေးနှစ်ယောက်က အမွှာလို့မပြောရဘူး တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးသည်။ တစ်ယောက်ကိုဆူရင်လဲ တစ်ယောက်ကမကြိုက်။ သူတို့အကိုဂျောင်မင်ကိုဆူရင်လဲ နှစ်ယောက်လုံးကမကြိုက်။ ကလေးသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြသည်မို့ စိတ်ချမ်းသာရသည်။

" မင်ငယ်ရေ ကူးကို လိုရှင်းလူးပေးလိုက် "

" ဟုတ် "

လိုရှင်းဘူးကိုဖွင့်ပြီး ကူးကိုလူးပေတော့ ကူးကလဲ မင်ငယ်ကိုပြန်လူးပေးသည်။ နှစ်ယောက်သားအတိုင်အဖောက်ညီနေကြတော့သည်။

ဟိုသားအဖနှစ်ယောက်လဲ ရေထဲကနေတတ်ခဲ့ကြပြီး ဂျီမင်းတို့နားဝင်ထိုင်၏။ ခေါင်းတွေလဲရေစိုနေသည်မို့ သားကိုကျွန်တော့်ရှေ့မှာ ထိုင်ခိုင်းလိုက်ပြီး ရေခြောက်အောင်သုတ်ပေးလိုက်သည်။

ဂျီမင်းခေါင်းကိုလဲ အဝတ်တစ်ခုဖြင့်ခပ်ဖွဖွထိတွေ့ ပေးနေတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ဂျွန်။

ကျွန်တော်က သားကိုခေါင်းသုတ်ပေးနေပြီး ဂျွန်ကတော့ ကျွန်တော့်ကိုခေါင်းသုတ်ပေးနေသည်။ မင်နဲ့ကူးကလဲ တစ်ယောက်ကိုတစ်ယောက် လိုးရှင်းလူးပေးနေကြသည်။ သိပ်ကိုကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတစ်ခုပေါ့။

" ဒယ်ဒီ့ကိုရော ဘယ်သူခေါင်းသုတ်ပေးမှာလဲ "

" သား.."

သားဂျောင်မင်က ကျွန်တော့်ရှေ့ကထသွားပြီး သူ့ဒယ်ဒီကိုခေါင်းသွားသုတ်ပေးနေပြန်သည်မို့ ဂျီမင်းပါကူ၍ သုတ်ပေးလိုက်သည်။ ဂျွန့်ရှေ့မှာ ဒူးထောက်ကာ ခေါင်းသုတ်ပေးနေတဲ့ ဂျီမင်းရဲ့ခါးသွယ်သွယ်ကိုလဲ ဖက်တွယ်ထားသည်မို့...

" ဖယ်..ကလေးတွေနဲ့ကို.."

" ကလေးတွေနဲ့မလို့ ဖက်ရုံပဲဖက်တာပေါ့ "

" ဂျွန့်! မဟုတ်တာတွေနော်.. "

" ဟား..ဟား..ကလေးက သုံးယောက်ရှိနေပြီ.. အခုထိရှက်နေတုန်း.."

ဖြန်း!

" အာ့! ဘယ်လိုဖြစ်နေတာလဲ..ကလေးတွေနဲ့ "

ဂျီမင်းတင်ပါးကိုရိုက်လိုက်သည်မို့ ရှက်ရှက်နဲ့ သူ့ကိုအော်လိုက်ရသည်။ တကယ်! ကလေးတွေရှေ့မှာ ဘယ်တော့မှမဆင်ခြင်ဘူး..

" ရိုက်နဲ့! "

ဟော! ကျွန်တော့်ကိုရိုက်တော့ ကူးက သူ့ဒယ်ဒီကိုလက်ညှိုးထိုးပြီး မရိုက်ဖို့ပြောတော့သည်။

" ဒယ်ဒီက မင်းပါးပါးကိုချစ်လိုစတာပါကွာ "

" အာ.........ဒယ် "

မင်ငယ်ကလဲ ဖရဲသီးစိတ်လေးတွေကို သူ့ဒယ်ဒီပါးစပ်ထဲခွံ့ကျွေးနေကာ သူကပါပလုပ်ပလောင်းထည့်စားနေတာကြောင့်...

" မင်ရေ..ပါစပ်ထဲကိုအများကြီး မထည့်နဲ့ နင်မှာစိုးလို့ "

" ဟုတ် "

" ပြောလိုရင်တော့ ဟုတ်ပဲ "

ဟုတ်လို့သာပြောနေတာ အခုထိပါးစပ်ထဲထည့်တာမရပ်သေး...

" အော့! အဟွတ် အဟွတ်! "

" ပါးသမီးလေး..အဲ့တာကြောင့်ပြောတာ "

ဘုတ်! ဘုတ်!

ရင်ဘတ်ကိုဖြည်းဖြည့်ချင်းရိုက်ပေးလိုက်တော့ ပါးစပ်ထဲက ဖရဲသီးတွေအကုန်ထွေးထုတ်တော့သည်။

" အဲ့တာကြောင့် ပါးကပြောတာ.."

" ဟင့်! "

" မငိုရဘူးလေ..နော် ပါးပါကဆူတာမဟုတ်ဘူး။ သမီးကိုချစ်လို့၊ စိတ်ပူလို့ပြောတာ "

" ဟုတ် "

" နောက် ပါးပါးပြောရင်နားထောင်နော် "

" ဟုတ် "

" လိမ္မာတယ်..ကဲ! အဝတ်စိုတွေနဲ့ အအေးပတ်လိမ့်မယ် အဝတ်သွားလဲမယ် "

အဝတ်တွေလဲဖို့ ရွက်ဖျင်တဲရှိရာကို ပြန်သွားလိုက်တယ်။ ဂျွန်ကတော့ မင်နဲ့ကူးကိုပွေ့ချီရင်း ကျွန်တော်ကတော့ သားဂျောင်မင်ရဲ့လက်ကိုတွဲရင်း....

ရွက်ဖျင်တဲနေရာကိုရောက်တော့ ကလေးတွေကို ဂျီမင်းကအဝတ်လဲပေးနေကာ ဂျွန်ကတော့ညစာချက်ဖို့ မီးဖိုလုပ်နေပြီ။

ညနေခင်းဘက်ကိုရောက်လာတော့ အအေးဓာတ်လေးလဲရှိလာပြီမို့ ကလေးတွေကိုအပေါ်ထပ်လေးပါ ဝတ်ပေးပြီး နွေးနွေးထွေးထွေးထားလိုက်သည်။

ဟော! တနေ့လည်လုံးပျောက်နေတဲ့ ဘမ်ရော ပြန်လာပါပြီ။ ဘမ်ကိုပါ ​ရေခြောက်သွားအောင် သုတ်ပေးလိုက်ပြီး ဂျွန်ဟင်းချက်နေတဲ့နားကို သွားကူလိုက်သည်။

ဟိုအငယ်လေးနှစ်ယောက်ကတော့ နို့ဘူးကိုယ်စီဖြင့် ခြေထောက်လေးတွေမိုးပေါ်ထောင်ကာ တပြွတ်ပြွတ်စို့နေပြီ။ အားရပါးရကစားထားတော့ နို့လဲဆာနေရောပေါ့။

" ဒယ်ဒီ သားထင်းခြောက်ယူခဲ့မယ်နော် "

" အေး..သား "

သားက ကျွန်တော်နဲ့ဂျွန် ငါးကင်နေတဲ့နေရာ ထင်းခြောက်ယူလာပေးသည်။ ပင်လယ်နဲ့လိုက်ဖက်ညီစွာ ငါးကင်လေးကိုမွှေးပြန့်နေအောင် ကင်လိုက်တယ်။

တရှဲရှဲမြည်နေတဲ့ ဝက်သားပြားကင်တွေကလဲ အနံ့မွှေးမွှေးလေးထွက်နေပြီ။ ကလေးတွေလဲ ဟင်းနံ့ရတော့ ရွက်ဖျင်တဲထဲက ထွက်လာကုန်ကြပြီ။

စားပွဲခုံအပုလေးခင်းထားတဲ့နား ကလေး၃ယောက်ကိုထိုင်ခိုင်းထားပြီး ကျက်ပီးသား ဝက်သားကင်တွေကို ခပ်သေးသေးညှပ်ပေးလိုက်တယ်။ သားဂျောင်မင်ကတော့ သူ့ညီလေး၊ ညီမလေးတွေအတွက် အပူလျော့အောင်မှုတ်ပေးနေသေးသည်။

" ဂျွန် လာစားတော့လေ "

" အင်း ဒီမှာ ငါးကင်ရတော့မှာမို့ စောင့်နေတာ "

ဂျွန်က ငါးကင်သုံးကောင်ကိုပါယူလာပြီး ထမင်းပူပူလေးနဲ့တွဲစားကြတော့သည်။ မိသားစုလိုက် ပင်လယ်ကမ်းခြေမှာ ညနေစာအတူစားရင် နေဝင်ချိန်ကြည့်ရတာက သိပ်ကိုကြည်နူးဖို့ကောင်းသည်။ ထိုအချိန်လေးတွေက တန်ဖိုးဖြတ်မရတဲ့အခိုက်အတန်းလေးတွေပေါ့။

" ဟာ..! မိုးတွေကျနေတာလား "

ညနေစာစားပြီးလို့ ပန်းကန်တွေ၊ခွက်တွေအပြင် စားပွဲခုံတွေသိမ်းနေတုန်း တဖြောက်ဖြောက်ကျလာတဲ့မိုးတွေကြောင့် ကလေးတွေကိုခေါ်ကာ ရွက်ဖျင်တဲထဲအမြန်ပြေးဝင်လိုက်ရသည်။

" မိုးကလဲ အချိန်မဟုတ်၊ အခါမဟုတ် "

မိုးရဲ့အအေးဓာတ်အပြင် ပင်လယ်ကမ်းစပ်ကိုပါရောက်နေသည်မို့ စောင်ကြားထဲ မိသားစုလိုက်ကွေးနေရသည်။ အငယ်လေးနှစ်ယောက်ကတော့ ချမ်းနေတော့ အသံပင်ပျောက်နေပြီ။

" ချမ်းလား သားဂျောင်မင် အနွေးထပ်အုံးမလား "

" ရတယ် ပါးပါး.."

" အင်း..ဂျွန်ကရော "

" ကိုယ်လဲအဆင်ပြေတယ် "

မိုးကည ၇ နာရီလောက်မှာစဲသွားပြီး လမင်းကြီးက တဖြည်းဖြည်းပေါ်ထွက်လာပြီ။ ရွက်ဖျင်တဲရဲ့အမိုးက အကြည်လေးဖြစ်နေတာကြောင့် လမင်းကြီးထွက်ပေါ်လာတာကို ကောင်းကောင်းမြင်နေရသည်လေ။

" လမင်းကြီးက လှလိုက်တာ..ပါးပါးနဲ့တူတယ် "

" အတတ်ကလေး.."

" ကိုယ်နဲ့တူတာလေ သားက.. "

" ဟွန်းး ဟုတ်ပါပီ "

" ပါးနဲ့တူ....လှလှ "

မင်ကပါ လိုက်ပြောတော့..

" no.. no... မင်နဲ့တူ..လှ! "

ဟော..ကူးကတော့သူ့ညီမလေးနဲ့တူပါသည်တဲ့။ သားကူးရဲ့စကားကြောင့် ကျွန်တော်နဲ့ဂျွန်ရယ် သားဂျောင်မင်ပါရယ်ကြတော့သည်။

" ခစ်! ခစ်! မင် လှလှ "

သူ့ဘာသာလက်ညှိုးထိုးပြီး လှကြောင်းကြွားနေတဲ့ မင်ငယ်။

" ဝုတ်! ဝုတ်.. "

" ဘမ်! မင်းကိုမမေ့ပါဘူးကွ "

" ဝုတ်! ဝုတ်..."

ရွက်ဖျင်တဲအမိုးကနေ ထိုးဖောက်မြင်နေရတဲ့ ဝိုင်းစက်စက်လမင်းကြီးရဲ့ဘေး မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေက အဖော်လာပြုပေးနေကြပြီ။

ကျွန်တော်တို့မိသားစုလေးကလဲ ထိုအတိုင်း...

အထီးကျန်နေတဲ့ ဂျွန်ရဲ့ဘဝကြီးထဲ ကျွန်တော်နဲ့ကလေးတွေက အဖော်မွန်အဖြစ်ရောက်ရှိလာခဲ့တာပါ။

ကျွန်တော်တို့မိသားစုလေး..ဂျွန်ဂျောင်ကုရယ် ဂျွန်ဂျီမင်းရယ် ဂျွန်ဂျောင်မင်ရယ်၊ ဂျွန်ကူးနဲ့ ဂျွန်မင်ရယ်...အင်း...ဂျွန်ဘမ်ရော အတူတကွရှိနေမှာပါ။

ဂျွန်နဲ့ကျွန်တော် အိုမင်းအသက်ကြီးလာပြီး အဘိုးကြီးတွေဖြစ်သည်အထိ၊ သားနဲ့သမီးတို့ အရွယ်ရောက်လှပလာသည်အထိ အတူတူ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ ထာဝရရှိနေမှာပါ။

သိပ်ချစ်ဖို့ကောင်းတဲ့ ဂျွန်မိသားစုတစ်ခုအဖြစ်နဲ့ပေါ့။

                            ပြီးပါပြီ...........

___________________________________________

MINE လေးကနေ နှုတ်ဆက်ခဲ့ပါတယ်။ အဆုံးအထိလိုက်ပါခံစားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်💗 ချစ်လဲချစ်ပါတယ်။

MINE လေးအတွက် အမှတ်တရတစ်ကြောင်းစီလောက် ထားခဲ့လို့ရပါတယ်။ သတရတိုင်း ပြန်လာခဲ့ပေးပါနော်။

Zg

ေမြ႕ယာေပၚမွာထိုင္ရင္း ဂ်ီမင္းျပစ္ထားခဲ့တာၾကာၿပီျဖစ္တဲ့ ဒီဇိုင္းေလးေတြကိုၾကည့္ေနရင္း ၾကမ္းျပင္မွာဟိုေျပး၊ သည္ေျပးလုပ္ေနတဲ့ သမီးေလးကိုလဲ ၾကည့္ရေသးသည္။ ကူးကေတာ့ သူ႕ဒယ္ဒီနဲ႕ Gym ခန္းထဲမွာတဲ့ေလ...

၁ႏွစ္ခြဲအ႐ြယ္ကိုေရာက္လာေတာ့ လမ္းေလးေတြတေတာက္ေတာက္သြားၿပီး စကားေလးတစ္ခြန္း၊ ႏွစ္ခြန္း တီတီတာတာေျပာေနၿပီ။ သြားေလးေတြကလဲ ေပါက္ေနေတာ့ ကေလးေတြကပို၍ပင္ အသဲယားစရာေကာင္းေနေတာ့သည္။

သမီးေလးမင္ထက္ သားကူးက သြားေပါက္တာေနာက္က်ေတာ့ အခုမွယုန္သြားႏွစ္ေခ်ာင္းသာရွိေသးသည္။ သမီးေလးမင္ကေတာ့ အေပၚ၄ ေခ်ာင္း ေအာက္၂ေခ်ာင္း...

သားႀကီးေဂ်ာင္မင္ကေတာ့ အရင္ကလို ေက်ာင္းမပ်င္းေတာ့ပဲ ေက်ာင္းစာကိုအေတာ္အာ႐ုံစိုက္ကာ လိမၼာေနၿပီ။ အခုေတာ့ ၾကမ္းျပင္မွာ စားပြဲေလးခင္းၿပီး စာလုပ္ေနေလရဲ႕။

" အား..! ပါးပါး..မင္ေလးလုပ္တာ "

ေျပာရင္းဆိုရင္းၾကည့္အုံး! သားေဂ်ာင္မင္ဆံပင္ကိုသြားဆြဲျပန္ၿပီ။ သမီးေလးက ေတြ႕သမွ်လူဆံပင္လိုက္ဆြဲခ်င္ေနေပမယ့္ ဂ်ီမင္းရဲ႕ဆံပင္ကိုေတာ့ တစ္ခါမွမဆြဲဖူး။

"  မင္မင္.. ကိုကိုစာလုပ္ေနတာကို ဘာလို႔သြားႏွောင့္ရွက္ေနတာလဲ "

" no! ဘမ္..ဘမ္.."

တံခါးေပါက္နားမွာ သူ႕ဘာသာအိပ္ေနတဲ့ ဘမ္ကိုလက္ညွိုးထိုးျပေနေလသည္။ ဘမ္လုပ္ပါတယ္ေပါ့..ဘမ္ကလဲ သူ႕ကိုလက္ညွီုးျပေတာ့ ေခါင္းေထာင္ၾကည့္လာသည္။

" ဘမ္က သူ႕ဘာသာအိပ္ေနတာေလ.."

" ဒယ္ဒယ္! ဒယ္ဒယ္.... "

ဘမ္ကအိပ္ေနတယ္ဆိုေတာ့ သူ႕ဒယ္ဒီလို႔ ေျပာေနျပန္ၿပီ။

" ဒယ္ဒီက မရွိဘူးေလ..မင္မင္ေနာ္ "

" no.. no. .ကူး! ကူကူး "

" ကူးလဲမရွိဘူး..မင္ငယ္ေနာ္ "

" ေအာ..မင္မင္! မင္.."

အခုမွသာသူ႕ဘာသာ လက္ညွိုးထိုးျပေနတဲ့ သမီးေလး... အကၤ်ီအဝါေရာင္ေလးဝတ္ေပးထားၿပီး ဂ်ီမင္းတို႔တစ္မိသားစုလုံးမွာ မရွိတဲ့ ဆံပင္လိမ္ေကာက္ေကာက္ေလးေတြနဲ႕ သိပ္ကိုခ်စ္ဖို႔ေကာင္းလွသည္။

( p-crd)

" လာ..ကိုကိုစာလုပ္ေနတာ လုပ္ပါေစ..ကူးတို့႔ဆီသြားမယ္ "

" ကူး..အင့္ အင့္.."

ကူးဆိုတဲ့အသံၾကားေတာ့ လက္သီးေလးဆုပ္ၿပီး ဆံပင္ဆြဲတဲ့ပုံစံလုပ္ျပေနသည္။ ဒီကေလးဟာေလ ဘာေၾကာင့္မ်ားေတြ႕သမွ်ဆံပင္ လိုက္ဆြဲခ်င္ေနလဲ မသိပါဘူး...

သမီးေလးလက္ကိုဆြဲခဲ့ၿပီး Gym ခန္းထဲသို႔လိုက္သြားလိုက္ၾကသည္။ ဂြၽန္ကေလ သူ႕သားကို သူ႕နဲ႕တူေအာင္ဆိုၿပီး gym ပစၥည္းေတြနဲ႕ရင္းႏွီးေအာင္လို႔ မၾကာခဏ gym ခန္းထဲေခၚသြားတာပါတဲ့။

သားေဂ်ာင္မင္ကေတာ့ စာကိုသာအာ႐ုံစိုက္ၿပီး ထိုကိစၥေတြကို စိတ္ဝင္စားမွာမဟုတ္ဘူးတဲ့..သားငယ္ကူးကိုေတာ့ သူနဲ႕အကုန္တူေစခ်င္ပါသည္တဲ့ေလ... ထို႔ေၾကာင့္ မနက္ခင္း Gym ေဆာ့ခ်ိန္တိုင္း သားကူးကိုေခၚသြားတတ္သည္။

(P. crd)

" ကူးလို႔ေခၚလိုက္.. "

" ကူး...! လုံးလုံးေပး "

ကူးဆီက လုံးလုံးေပးလို႔ေတာင္းတာက ကူးအိတ္ကပ္ထဲမွာထည့္ထားေနက် ခ်ိဳခ်ဥ္ကိုေတာင္းတာျဖစ္သည္။ ကူးကလဲ မင္ငယ္ေတာင္းတိုင္းေပးသည္။ ကူးက သူ႕ညီမေလးကိုအလိုလိုက္ အႀကိဳက္ေဆာင္မည္ထင္တယ္။

" သားကူးေရ ဗလေတြထြက္ၿပီလား "

" ကူး..ထြက္! "

သမီးေလးကပါဝင္ေမးေတာ့..

" သားေျဖလိုက္အုံးေလ ညီမေလးနဲ႕ပါးပါးေမးေနၿပီ "

" ထြက္ဖူး! '

" အာ....ခစ္! ခစ္! ဟစ္! "

သမီးေလးက ဘာေတြကိုသေဘာက်မွန္းမသိ ထကာရယ္ေတာ့ ဂြၽန္နဲ႕ကြၽန္ေတာ္ပါလိုက္ရယ္မိသည္။ ထိုအခါကူးက..

" မင္မင္..ေရာ့ "

ေဘာင္းဘီအိတ္ကပ္ထဲက စေတာ္ဘယ္ရီခ်ိဳခ်ဥ္ေလးကို သူ႕ညီမေလးဆီထုတ္ေပးသည္။ ခ်ိဳခ်ဥ္ကိုေတြ႕ေတာ့ သူ႕ကူးကိုအာဘြားေတြဇြတ္ေပးေတာ့သည္။

" ကေလး...သားနဲ႕သမီးကိုခဏေခၚသြားလိုက္အုံး..ကိုယ္အဆာေျပစားဖို႔ ပန္ကိတ္သြားလုပ္အုံးမယ္ "

" ပန္ကိတ္လား "

" အင္း..ပ်ားရည္ေလးစမ္းစားမယ္ေလ.. သားေဂ်ာင္မင္အႀကိဳက္ "

" ဟုတ္..ခဏေနရင္ သားနဲ႕သမီးတို႔ကိုေခၚၿပီး ေအာက္ထပ္ဆင္းခဲ့မယ္ "

" ဟုတ္ၿပီ.."

" လာ..မင္နဲ႕ကူး..ကိုကိုေဂ်ာင္မင္ဆီသြားမယ္.."

" ကိုကို႔ဆီ.."

" အိုပါး..ခစ္! ခစ္ "

နာရီဝက္ေလာက္ေနၿပီးေတာ့ ကေလးေတြနဲ႕အတူေအာက္ထပ္ဆင္းခဲ့ၿပီး မီးဖိုခန္းထဲဝင္ခဲ့လိုက္တယ္။

အဆင္သင့္ျပင္ဆင္ထားတဲ့ ပန္ကိတ္ေလးေတြက စားခ်င္စဖြယ္အတိ။ ဟင္! ဒါနဲ႕ ဒီတစ္ခုကေတာ္ေတာ္ကိုႀကီးေနတာပဲ..

" အဲ့တာ ကိုယ့္ကေလးအတြက္ "

ဂ်ီမင္းထိုပန္ကိတ္အႀကီးဆုံးကိုၾကည့္ေနတာျမင္၍ ေျပာပုံရသည္။

" ကြၽန္ေတာ့္အတြက္လား "

" အင္းေလ.."

" အႀကီးႀကီပဲ "

" မႀကိဳက္လို႔လား '

" မဟုတ္ပါဘူး..ဂြၽန္ကလဲ "

" ကဲ..စားမယ္ ထိုင္ၾက "

" ဟုတ္ ဒယ္"

အားလုံးသူ႕ေနရာနဲ႕သူ ထိုင္ၿပီးေနာက္ ဂြၽန္က ျပားရည္ဆမ္းေပးသည္။ ဂြၽန္လုပ္ေကြၽးတဲ့ ပန္ကိတ္ကတကယ္ကို အရသာရွိၿပီး ကြၽန္ေတာ္တို႔ခ်စ္ျခင္းေမတၱာေတြကို ေဖာ္က်ဴးထားသလိုမ်ိဴး ခ်ိဳျမေနေသး၏။

----------

" ဝူးးးး ဟူးး ပင္လယ္ ပင္လယ္! ပင္လယ္ "

အရွိန္မွန္မွန္နဲ႕ေမာင္းႏွင္ေနတဲ့ ကားေလးထက္ သားေဂ်ာင္မင္ရဲ႕ အသံတစ္ခ်ိဳ႕ျပန္ႏွံ႕ေနၿပီး ဟိုကေလးႏွစ္ေယာက္ကေတာ့ ကားစီးရတာေပ်ာ္ၿပီး ၿငိမ္ေနေလသည္။ ထို႔ျပင္ ဘမ္ရဲ႕အသံကပါ..

"  ဝုတ္! ဝုတ္! ဝုတ္!  "

ဂ်ီမင္းက ကားေရွ႕ခန္းမွာျဖစ္ၿပီး လည္ပင္းမွာပတ္ထားတဲ့ ပုဝါကလဲတလြင့္လြင့္။ ေလအရွိန္ျပင္းသြားေတာ့ ကားျပတင္းေပါက္ေန ေလွ်ာခနဲ႕ပါသြားေတာ့သည္။

" ဂြၽန္..ပုဝါက်ေနခဲ့ၿပီ "

" ဂ်ီမင္းရွီးးးးးးး!! "

" ဂ်ီမင္းရွီးးး! "

ဂြၽန္ကအသံၿပဲႀကီးနဲ႕ေအာ္ေတာ့ သားေဂ်ာင္မင္ကပါ စေနာက္ၿပီးလိုက္ေအာ္၏။..

" ဝုတ္! ဝုတ္.. '

" no.. ဒယ္ဒယ္ no.."

သားကူးေလးက သူ႕ပါးပါးကိုမေအာ္ဖို႔ဝင္ေျပာေတာ့..မင္ငယ္က..

" ကူးးးး! ေရးးး  ခစ္! ခစ္ "

ကားကိုေနာက္ျပန္လွည့္ၿပီး ပုဝါကိုသြားျပန္ေကာက္ရသည္။ ထို႔ေနာက္ ဂ်ီမင္းတို႔မိသားစုကားေလးက အျမန္လမ္းထက္ အရွိန္မွန္မွန္ေမာင္းႏွင္ၿပီး ပင္လယ္ဆီသို႔ဦးတည္လ်က္...

အခ်ိန္အားျဖင့္ ၁နာရီေလာက္ေမာင္းႏွင္ၿပီးေနာက္ ဆိုလ္းၿမိဳ႕နဲ႕အနီးဆုံးပင္လယ္ကမ္းစပ္ကို ေရာက္ရွိသည္။ တခ်ိဳ႕မိသားစုေတြလဲ အပန္​ေျဖခရီးေတြထြက္လာပုံရၿပီး ႐ြက္ဖ်င္တဲေတြေဆာက္ေနၾကၿပီ။

ဂ်ီမင္းတို႔ကေတာ့ ေနရာေကာင္းေလးကိုေ႐ြးၿပီး ပစၥည္းေတြခ်႐ုံသာရွိေသးသည္။ ထိုေနရာက စားေသာက္ဆိုင္လို႔သီးသန့္မရွိပဲ ကိုယ္တိုင္ခ်က္စားဖို႔ အစားအေသာက္အနည္းငယ္ ယူခဲ့ရတာျဖစ္သည္။ ပစၥည္းေတြခ်ၿပီးေနာက္ ကေလးေတြကို အခင္းခပ္ႀကီးႀကီးခင္းေပးခဲ့ၿပီး ကစားစရာတခ်ိဳ႕အျပင္ စားစရာအခ်ိဳ႕နဲ႕ခဏထားခဲ့ၿပီး ဂြၽန္နဲ႕အတူ ႐ြက္ဖ်င္တဲေဆာက္ၾကသည္။

ကေလးေတြကလဲ သူတို႔ပါလုပ္ခ်င္ေနၾကေတာ့ ေတာက္တိုမယ္ရေလးေတြခိုင္းရင္း တစ္မနက္အခ်ိန္ကုန္ေတာ့သည္။ ဂ်ီမင္းတို႔ပင္လယ္ထဲပင္ မဆင္းရေသး။

အခ်ိန္ကလဲ ေနအေတာ္ျမင့္ေနၿပီမို႔ ေန႕လည္စားၿပီး အရိပ္ရတဲ့အပင္ရဲ႕ေအာက္မွာ အခင္းခပ္ႀကီးႀကီးခင္းၿပီး မိသားစုတေရးတေမာ အိပ္လိုက္ၾကေသးသည္။ ခရီးပန္းလာေတာ့ ကေလးေတြေရာ ဂြၽန္နဲ႕ဂ်ီမင္းပါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားခဲ့သည္။

ျပန္နိုးလာေတာ့ ေနသိပ္မပူေတာ့ပဲ ေရထဲဆင္းဖို႔အေကာင္းဆုံးအခ်ိန္ပင္ျဖစ္သည္။

ကေလးေတြနဲ႕အတူ ေဘာကြင္းေတြကိုင္ေဆာင္ၿပီး ေရထဲဆင္းၾကေတာ့၏။ ကေလးေတြကလဲ ေရထဲမွာေပ်ာ္ေနလိုက္ၾကတာ တခစ္ခစ္ရယ္သံေလးေတြပင္ မရပ္။

" သားေဂ်ာင္မင္ အနက္ပိုင္းထိမသြားရဘူး "

" ကိုယ္ရွိပါတယ္ကြာ စိတ္ခ်စမ္းပါ "

" လာ..မင္နဲ႕ကူးက ဒီကမ္းစပ္မွာ ေဘာကြင္းစီး "

" no.. ဒယ္ဒယ့္ဆီ "

" မရဘူး ဒယ္ဒီတို႔ဆီက ေရနက္တယ္ "

ကူးကအႏၱရာယ္ရွိမွန္းသိလို႔ ထင္ပါရဲ႕ သြားခ်င္ေၾကာင္းမေျပာေပမယ့္ မင္ကေတာ့ သူ႕ဒယ္ဒီဆီ လက္ညွိုးတစ္တန္းတန္း။

" ဒယ္ဒယ္..အဟင့္! "

" မင္ငယ္ေနာ္..ဒီမွာေဆာ့ေနတာကို ..ဒီမွာခ႐ုေလးေတြေကာက္မယ္.."

" အယ္...မင္ေကာက္..မင္မင္ "

" လာ..မင္မင္ေကာက္မွာဆို "

" ကူး...လာ "

ကူးရဲ႕လက္ကိုဆြဲခဲ့ၿပီး ကမ္းစပ္ဘက္ကိုလာၿပီး ခ႐ုေလးေတြ အာ႐ုံတစိုက္ေကာက္ေတာ့သည္။ ကမ္းစပ္မွာ ေရကူးဝတ္စုံျဖင့္ကေလးႏွစ္ေယာက္နဲ႕အတူ ခ႐ုခြံေတြ ေကာက္ေနတာ ဗုံးတစ္ဗုံးစာေလာက္ပင္ရွိေနၿပီ။

ဂြၽန္နဲ႕ သားေဂ်ာင္မင္ကေတာ့ ေရထဲမွာေဆာ့ကစားေနကာ အေတာ္ေပ်ာ္ေနပုံရသည္။ ေတာ္ေတာ္နဲ႕လဲ တတ္လာမယ့္ပုံမျမင္။ ထို႔ေၾကာင့္ ဂ်ီမင္းလဲ ကေလးႏွစ္ေယာက္အတူ ကမ္းစပ္မွာကစားေပးရင္း သူတို႔တတ္လာမယ့္အခ်ိန္ကို ေစာင့္ေနရသည္။

ေစာင့္ေနရင္းကေန အခုထိတတ္မလာေသးတဲ့ သားအဖႏွစ္ေယာက္ေၾကာင့္ ကေလးေတြအေအးပတ္မွာစိုး၍ ထီးအႀကီးႀကီးေအာက္ အခင္းတစ္ခုခင္းကာ ေရစိုေနတဲ့ဆံပင္ေတြကို သုတ္ေပးေနလိုက္တယ္။

" မင္..ဖရဲသီေတြကို ပါးစပ္ထဲအမ်ားႀကီးမထည့္နဲ႕ေလ..တစ္ခုကုန္မွတစ္ခုစား "

" ဟုတ္..အာ...ပါးပါး "

သူ႕ကိုေျပာေတာ့ ဖရဲသီးစိတ္ေလးကိုခြံ႕ေကြၽးလာသည္မို႔ စားလိုက္ရသည္။ ေရသုတ္ခံေနတဲ့ ကူးကိုပါ သူကခြံ႕ေကြၽးေနေသးတာျဖစ္သည္။ ဒီကေလးႏွစ္ေယာက္က အမႊာလို႔မေျပာရဘူး တစ္ေယာက္ကိုတစ္ေယာက္ဂ႐ုစိုက္ေပးသည္။ တစ္ေယာက္ကိုဆူရင္လဲ တစ္ေယာက္ကမႀကိဳက္။ သူတို႔အကိုေဂ်ာင္မင္ကိုဆူရင္လဲ ႏွစ္ေယာက္လုံးကမႀကိဳက္။ ကေလးသုံးေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ အရမ္းခ်စ္ၾကသည္မို႔ စိတ္ခ်မ္းသာရသည္။

" မင္ငယ္ေရ ကူးကို လိုရွင္းလူးေပးလိုက္ "

" ဟုတ္ "

လိုရွင္းဘူးကိုဖြင့္ၿပီး ကူးကိုလူးေပေတာ့ ကူးကလဲ မင္ငယ္ကိုျပန္လူးေပးသည္။ ႏွစ္ေယာက္သားအတိုင္အေဖာက္ညီေနၾကေတာ့သည္။

ဟိုသားအဖႏွစ္ေယာက္လဲ ေရထဲကေနတတ္ခဲ့ၾကၿပီး ဂ်ီမင္းတို႔နားဝင္ထိုင္၏။ ေခါင္းေတြလဲေရစိုေနသည္မို႔ သားကိုကြၽန္ေတာ့္ေရွ႕မွာ ထိုင္ခိုင္းလိုက္ၿပီး ေရေျခာက္ေအာင္သုတ္ေပးလိုက္သည္။

ဂ်ီမင္းေခါင္းကိုလဲ အဝတ္တစ္ခုျဖင့္ခပ္ဖြဖြထိေတြ႕ ေပးေနတာေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ဂြၽန္။

ကြၽန္ေတာ္က သားကိုေခါင္းသုတ္ေပးေနၿပီး ဂြၽန္ကေတာ့ ကြၽန္ေတာ့္ကိုေခါင္းသုတ္ေပးေနသည္။ မင္နဲ႕ကူးကလဲ တစ္ေယာက္ကိုတစ္ေယာက္ လိုးရွင္းလူးေပးေနၾကသည္။ သိပ္ကိုၾကည္ႏူးဖို႔ေကာင္းတဲ့ အခ်ိန္ေလးတစ္ခုေပါ့။

" ဒယ္ဒီ့ကိုေရာ ဘယ္သူေခါင္းသုတ္ေပးမွာလဲ "

" သား.."

သားေဂ်ာင္မင္က ကြၽန္ေတာ့္ေရွ႕ကထသြားၿပီး သူ႕ဒယ္ဒီကိုေခါင္းသြားသုတ္ေပးေနျပန္သည္မို႔ ဂ်ီမင္းပါကူ၍ သုတ္ေပးလိုက္သည္။ ဂြၽန့္ေရွ႕မွာ ဒူးေထာက္ကာ ေခါင္းသုတ္ေပးေနတဲ့ ဂ်ီမင္းရဲ႕ခါးသြယ္သြယ္ကိုလဲ ဖက္တြယ္ထားသည္မို႔...

" ဖယ္..ကေလးေတြနဲ႕ကို.."

" ကေလးေတြနဲ႕မလို႔ ဖက္႐ုံပဲဖက္တာေပါ့ "

" ဂြၽန့္! မဟုတ္တာေတြေနာ္.. "

" ဟား..ဟား..ကေလးက သုံးေယာက္ရွိေနၿပီ.. အခုထိရွက္ေနတုန္း.."

ျဖန္း!

" အာ့! ဘယ္လိုျဖစ္ေနတာလဲ..ကေလးေတြနဲ႕ "

ဂ်ီမင္းတင္ပါးကိုရိုက္လိုက္သည္မို႔ ရွက္ရွက္နဲ႕ သူ႕ကိုေအာ္လိုက္ရသည္။ တကယ္! ကေလးေတြေရွ႕မွာ ဘယ္ေတာ့မွမဆင္ျခင္ဘူး..

" ရိုက္နဲ႕! "

ေဟာ! ကြၽန္ေတာ့္ကိုရိုက္ေတာ့ ကူးက သူ႕ဒယ္ဒီကိုလက္ညွိုးထိုးၿပီး မရိုက္ဖို႔ေျပာေတာ့သည္။

" ဒယ္ဒီက မင္းပါးပါးကိုခ်စ္လိုစတာပါကြာ "

" အာ.........ဒယ္ "

မင္ငယ္ကလဲ ဖရဲသီးစိတ္ေလးေတြကို သူ႕ဒယ္ဒီပါးစပ္ထဲခြံ႕ေကြၽးေနကာ သူကပါပလုပ္ပေလာင္းထည့္စားေနတာေၾကာင့္...

" မင္ေရ..ပါစပ္ထဲကိုအမ်ားႀကီး မထည့္နဲ႕ နင္မွာစိုးလို႔ "

" ဟုတ္ "

" ေျပာလိုရင္ေတာ့ ဟုတ္ပဲ "

ဟုတ္လို႔သာေျပာေနတာ အခုထိပါးစပ္ထဲထည့္တာမရပ္ေသး...

" ေအာ့! အဟြတ္ အဟြတ္! "

" ပါးသမီးေလး..အဲ့တာေၾကာင့္ေျပာတာ "

ဘုတ္! ဘုတ္!

ရင္ဘတ္ကိုျဖည္းျဖည့္ခ်င္းရိုက္ေပးလိုက္ေတာ့ ပါးစပ္ထဲက ဖရဲသီးေတြအကုန္ေထြးထုတ္ေတာ့သည္။

" အဲ့တာေၾကာင့္ ပါးကေျပာတာ.."

" ဟင့္! "

" မငိုရဘူးေလ..ေနာ္ ပါးပါကဆူတာမဟုတ္ဘူး။ သမီးကိုခ်စ္လို႔၊ စိတ္ပူလို႔ေျပာတာ "

" ဟုတ္ "

" ေနာက္ ပါးပါးေျပာရင္နားေထာင္ေနာ္ "

" ဟုတ္ "

" လိမၼာတယ္..ကဲ! အဝတ္စိုေတြနဲ႕ အေအးပတ္လိမ့္မယ္ အဝတ္သြားလဲမယ္ "

အဝတ္ေတြလဲဖို႔ ႐ြက္ဖ်င္တဲရွိရာကို ျပန္သြားလိုက္တယ္။ ဂြၽန္ကေတာ့ မင္နဲ႕ကူးကိုေပြ႕ခ်ီရင္း ကြၽန္ေတာ္ကေတာ့ သားေဂ်ာင္မင္ရဲ႕လက္ကိုတြဲရင္း....

႐ြက္ဖ်င္တဲေနရာကိုေရာက္ေတာ့ ကေလးေတြကို ဂ်ီမင္းကအဝတ္လဲေပးေနကာ ဂြၽန္ကေတာ့ညစာခ်က္ဖို႔ မီးဖိုလုပ္ေနၿပီ။

ညေနခင္းဘက္ကိုေရာက္လာေတာ့ အေအးဓာတ္ေလးလဲရွိလာၿပီမို႔ ကေလးေတြကိုအေပၚထပ္ေလးပါ ဝတ္ေပးၿပီး ႏြေးႏြေးေထြးေထြးထားလိုက္သည္။

ေဟာ! တေန႕လည္လုံးေပ်ာက္ေနတဲ့ ဘမ္ေရာ ျပန္လာပါၿပီ။ ဘမ္ကိုပါ ​ေရေျခာက္သြားေအာင္ သုတ္ေပးလိုက္ၿပီး ဂြၽန္ဟင္းခ်က္ေနတဲ့နားကို သြားကူလိုက္သည္။

ဟိုအငယ္ေလးႏွစ္ေယာက္ကေတာ့ နို႔ဘူးကိုယ္စီျဖင့္ ေျခေထာက္ေလးေတြမိုးေပၚေထာင္ကာ တႁပြတ္ႁပြတ္စို႔ေနၿပီ။ အားရပါးရကစားထားေတာ့ နို႔လဲဆာေနေရာေပါ့။

" ဒယ္ဒီ သားထင္းေျခာက္ယူခဲ့မယ္ေနာ္ "

" ေအး..သား "

သားက ကြၽန္ေတာ္နဲ႕ဂြၽန္ ငါးကင္ေနတဲ့ေနရာ ထင္းေျခာက္ယူလာေပးသည္။ ပင္လယ္နဲ႕လိုက္ဖက္ညီစြာ ငါးကင္ေလးကိုေမႊးျပန့္ေနေအာင္ ကင္လိုက္တယ္။

တရွဲရွဲျမည္ေနတဲ့ ဝက္သားျပားကင္ေတြကလဲ အနံ႕ေမႊးေမႊးေလးထြက္ေနၿပီ။ ကေလးေတြလဲ ဟင္းနံ႕ရေတာ့ ႐ြက္ဖ်င္တဲထဲက ထြက္လာကုန္ၾကၿပီ။

စားပြဲခုံအပုေလးခင္းထားတဲ့နား ကေလး၃ေယာက္ကိုထိုင္ခိုင္းထားၿပီး က်က္ပီးသား ဝက္သားကင္ေတြကို ခပ္ေသးေသးညွပ္ေပးလိုက္တယ္။ သားေဂ်ာင္မင္ကေတာ့ သူ႕ညီေလး၊ ညီမေလးေတြအတြက္ အပူေလ်ာ့ေအာင္မႈတ္ေပးေနေသးသည္။

" ဂြၽန္ လာစားေတာ့ေလ "

" အင္း ဒီမွာ ငါးကင္ရေတာ့မွာမို႔ ေစာင့္ေနတာ "

ဂြၽန္က ငါးကင္သုံးေကာင္ကိုပါယူလာၿပီး ထမင္းပူပူေလးနဲ႕တြဲစားၾကေတာ့သည္။ မိသားစုလိုက္ ပင္လယ္ကမ္းေျခမွာ ညေနစာအတူစားရင္ ေနဝင္ခ်ိန္ၾကည့္ရတာက သိပ္ကိုၾကည္ႏူးဖို႔ေကာင္းသည္။ ထိုအခ်ိန္ေလးေတြက တန္ဖိုးျဖတ္မရတဲ့အခိုက္အတန္းေလးေတြေပါ့။

" ဟာ..! မိုးေတြက်ေနတာလား "

ညေနစာစားၿပီးလို႔ ပန္းကန္ေတြ၊ခြက္ေတြအျပင္ စားပြဲခုံေတြသိမ္းေနတုန္း တေျဖာက္ေျဖာက္က်လာတဲ့မိုးေတြေၾကာင့္ ကေလးေတြကိုေခၚကာ ႐ြက္ဖ်င္တဲထဲအျမန္ေျပးဝင္လိုက္ရသည္။

" မိုးကလဲ အခ်ိန္မဟုတ္၊ အခါမဟုတ္ "

မိုးရဲ႕အေအးဓာတ္အျပင္ ပင္လယ္ကမ္းစပ္ကိုပါေရာက္ေနသည္မို႔ ေစာင္ၾကားထဲ မိသားစုလိုက္ေကြးေနရသည္။ အငယ္ေလးႏွစ္ေယာက္ကေတာ့ ခ်မ္းေနေတာ့ အသံပင္ေပ်ာက္ေနၿပီ။

" ခ်မ္းလား သားေဂ်ာင္မင္ အႏြေးထပ္အုံးမလား "

" ရတယ္ ပါးပါး.."

" အင္း..ဂြၽန္ကေရာ "

" ကိုယ္လဲအဆင္ေျပတယ္ "

မိုးကည ၇ နာရီေလာက္မွာစဲသြားၿပီး လမင္းႀကီးက တျဖည္းျဖည္းေပၚထြက္လာၿပီ။ ႐ြက္ဖ်င္တဲရဲ႕အမိုးက အၾကည္ေလးျဖစ္ေနတာေၾကာင့္ လမင္းႀကီးထြက္ေပၚလာတာကို ေကာင္းေကာင္းျမင္ေနရသည္ေလ။

" လမင္းႀကီးက လွလိုက္တာ..ပါးပါးနဲ႕တူတယ္ "

" အတတ္ကေလး.."

" ကိုယ္နဲ႕တူတာေလ သားက.. "

" ဟြန္းး ဟုတ္ပါပီ "

" ပါးနဲ႕တူ....လွလွ "

မင္ကပါ လိုက္ေျပာေတာ့..

" no.. no... မင္နဲ႕တူ..လွ! "

ေဟာ..ကူးကေတာ့သူ႕ညီမေလးနဲ႕တူပါသည္တဲ့။ သားကူးရဲ႕စကားေၾကာင့္ ကြၽန္ေတာ္နဲ႕ဂြၽန္ရယ္ သားေဂ်ာင္မင္ပါရယ္ၾကေတာ့သည္။

" ခစ္! ခစ္! မင္ လွလွ "

သူ႕ဘာသာလက္ညွိုးထိုးၿပီး လွေၾကာင္းႂကြားေနတဲ့ မင္ငယ္။

" ဝုတ္! ဝုတ္.. "

" ဘမ္! မင္းကိုမေမ့ပါဘူးကြ "

" ဝုတ္! ဝုတ္..."

႐ြက္ဖ်င္တဲအမိုးကေန ထိုးေဖာက္ျမင္ေနရတဲ့ ဝိုင္းစက္စက္လမင္းႀကီးရဲ႕ေဘး မွိတ္တုတ္မွိတ္တုတ္ၾကယ္ေလးေတြက အေဖာ္လာျပဳေပးေနၾကၿပီ။

ကြၽန္ေတာ္တို႔မိသားစုေလးကလဲ ထိုအတိုင္း...

အထီးက်န္ေနတဲ့ ဂြၽန္ရဲ႕ဘဝႀကီးထဲ ကြၽန္ေတာ္နဲ႕ကေလးေတြက အေဖာ္မြန္အျဖစ္ေရာက္ရွိလာခဲ့တာပါ။

ကြၽန္ေတာ္တို႔မိသားစုေလး..ဂြၽန္ေဂ်ာင္ကုရယ္ ဂြၽန္ဂ်ီမင္းရယ္ ဂြၽန္ေဂ်ာင္မင္ရယ္၊ ဂြၽန္ကူးနဲ႕ ဂြၽန္မင္ရယ္...အင္း...ဂြၽန္ဘမ္ေရာ အတူတကြရွိေနမွာပါ။

ဂြၽန္နဲ႕ကြၽန္ေတာ္ အိုမင္းအသက္ႀကီးလာၿပီး အဘိုးႀကီးေတြျဖစ္သည္အထိ၊ သားနဲ႕သမီးတို႔ အ႐ြယ္ေရာက္လွပလာသည္အထိ အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္၊ က်န္းက်န္းမာမာနဲ႕ ထာဝရရွိေနမွာပါ။

သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ဂြၽန္မိသားစုတစ္ခုအျဖစ္နဲ႕ေပါ့။

                            ၿပီးပါၿပီ...........

___________________________________________

MINE ေလးကေန ႏႈတ္ဆက္ခဲ့ပါတယ္။ အဆုံးအထိလိုက္ပါခံစားေပးတဲ့ တစ္ဦးတစ္ေယာက္ခ်င္းကို ေက်းဇူးတင္ပါတယ္💗 ခ်စ္လဲခ်စ္ပါတယ္။

MINE ေလးအတြက္ အမွတ္တရတစ္ေၾကာင္းစီေလာက္ ထားခဲ့လို႔ရပါတယ္။ သတရတိုင္း ျပန္လာခဲ့ေပးပါေနာ္။

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories