MINE -26
13:09, 5 December 2023" ဟျောင်း ကျွန်တော်ဂျောင်မင်လေးကို သွားကြိုလိုက်တော့မယ်.."
" နေဦး ဂျီဟို.. ဟျောင်းရောလိုက်မလို့.."
" ဟျောင်းက အားလို့လားဗျ.."
" မအားပေမယ့် သားလေးကို ကိုယ်တိုင်လာကြိုပါ့မယ်လို့ကတိပေးလိုက်ရတာ။ မနက်က ပါပါးလာမကြိုရင် ကျောင်းမသွားပါဘူး လုပ်နေလို့.."
" အော်.. ဒါဆိုအတူသွားမယ်လေ.."
" အင်း.. "
ဂျီမင်း.. ဂျီဟို့ကားနဲ့သာ သားကိုသွားကြိုလိုက်သည်။
သားကမနက်ကျောင်းသွားတော့ သူ့ကိုလာကြိုရပါမယ်ဆိုပြီး တဂျီဂျီလုပ်နေလို့ ကတိပေးလိုက်ရတာ... ကလေးကို ကတိမဖျက်ချင်တာကြောင့် မအားသည့်ကြားက သွားကြိုလိုက်သည်။
သား ကျောင်းဆင်းချိန်က ၁၀မိနစ်လောက်လိုသေးတော့ အပြင်မှာကားရပ်ထားပြီး ခဏစောင့်နေရသေးတာ.... ကျွန်တော်နဲ့ဂျီဟို စကားပြောရင်းနဲ့ စောင့်နေတော့ မပျင်းရ။
ဟင်! ဂျီမင်းတို့နဲ့မလှမ်းမကမ်းမှာ ကားရပ်ထားပြီး ကျွန်တော်နဲ့ဂျီဟိုကို စူးစိုက်ကြည့်နေတဲ့ ဂျွန်!
သားရဲတစ်ကောင်လို မာန်ဖီနေတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုမကျေနပ်စွာ စိုက်ကြည့်ရင်း ပါးစောင်ကိုလဲလျှာနဲ့ထိုးနေတာ။ ကျွန်တော် သူ့ကိုမျက်နှာသာ လွှဲထားလိုက်မိတယ်။
ကျောင်းထဲကနေ ကလေးတွေတန်းစီကာ ထွက်လာပြီးနောက် သားကိုတွေ့သည်။ သားကကျွန်တော့်ကို မြင်ပေမယ့် ကျွန်တော့်ဆီမလာပဲ ဂျွန့်ဆီဦးတည်နေသဖြင့် အမြန်ပြေးကာ သားကိုပွေ့ချီလိုက်မိတယ်။
" ပါး...ဟိုမှာဒယ်ဒယ်... "
သားက ဂျွန်နဲ့ရင်းနှီးနေပြီဆိုတာ ကျွန်တော်မနေ့ကတည်းက ရိပ်မိပါတယ်။ ဘိုးဘိုးတို့အိမ်သွားရင်း တွေ့တာနေမှာပေါ့...
" မရဘူး..လာ ပါပါးနဲ့သွားမယ်.."
" ဟင့်အင်း! ဟင့်အင်း... ပါးနဲ့ ဒယ် အတူကျန်(ပြန်) ရမယ်.."
ဟင်! ဒါဆိုသားက ကျွန်တော့်ကိုလာကြိုခိုင်းတာ ဂျွန်နဲ့တွေ့စေချင်လို့ပေါ့..
" ဟိုမှာ ဦးဂျီဟိုရောစောင့်နေတယ် သား... လာသွားမယ်.."
" ဟင့်အင်း..ဒယ်နဲ့အတူကျန်မှာ...အူဝါးးးးးးးးးး "
သားက အသံထွက်အောင်အော်ငိုပြီး မျက်ရည်တွေလဲထွက်ကျလာသည်က ပိုးပိုးပေါက်ပေါက်..။ သားကအခုလိုအော်ငိုဖူးတာ ရှားတော့ ကျွန်တော်တကယ်စိတ်မကောင်းပေ။ သို့သော် သားကိုအတင်းပွေ့ချီပြီး ဂျီဟို့ကားထဲဝင်ကာ...
" ဂျီဟို မောင်းတော့.."
" ဟျောင်း..ဂျောင်မင်လေး.."
" ရတယ် ဘာမှမဖြစ်ဘူး မောင်းတာမောင်းတော့.."
" ဒယ့်ဆီသွားမယ်... ဟင့်! ဒယ်ဒယ် ဝါးးးးးးးးး "
" သား! အခုတိတ်နော် ပါး စိတ်မတိုချင်ဘူး..."
" ဒယ်ဒယ့်ဆီသွားမှာ...ပါးကို တိုင်ကျောမှာ..!'
" တိတ်တော့လို့ ပါးပြောနေတယ်နော်.."
ဂျီဟိုလဲ မနေနိုင်စွာဖြင့်..
" ဟျောင်းကလဲ ကလေးကို.."
" မရဘူး..ဒီကလေးအခုလိမ်ပါလိမ်တတ်နေပြီ အဲ့လူနဲ့တွေပြီး.."
" ဟျောင်း.. သူလိုက်နှောင့်ရှက်နေတာလား.."
" ဟျောင်း နောက်မှာပြောပြ... "
ကျွီ.......... ဒုန်း!
" အမေ့! ဘာဖြစ်တာလဲ ဂျီဟို.."
" ရှေ့မှာ ရုတ်တရက်ကြီးကားဝင်ရပ်တာ.."
ကျွန်တော်တို့စီးနေတဲ့ကားရှေ့ ရုတ်တရက်ထိုးရပ်တော့အရှိန်မထိန်းနိုင်ပဲ အနည်းငယ်တော့ထိသွားတယ်ထင်။
ဂျီဟိုကားပေါ်က ဆင်းသွားတော့ကျွန်တော်သားလေးကို ပွေ့ချီရင်းကားပေါ်ကလိုက်ဆင်းမိတယ်။ သားလေးကလဲ လန့်သွားတော့အငိိုတိတ်သွားပေမယ့် မျက်ရည်တွေကတော့ ဗရပွနှင့်သာ...
ခွပ်!
" ဒယ်ဒယ် အူဝါးးးးးးးးးးးးးးးးးးးးးးးးးးးး! "
သားက ဂျွန့်ကိုမြင်တော့ အားကိုးတကြီးအော်ငိုတော့သည်။
ဂျီဟို့ကိုလဲထိုးပြစ်လိုက်ပြီး ကျွန်တော်လက်ထဲက သားကိုပွေ့ချီပြစ်တာ ရုတ်တရက်ဆိုတော့ သားကသူ့လက်ထဲပါသွားသည်။
" သားကိုပေး! "
" လာ မင်းပါလိုက်ခဲ့! "
" အာ့! လွှတ် မလိုက်ဘူး.."
" ဟျောင်းကိုအဲ့လိုမလုပ်နဲ့.."
ဂျီဟိုကကြားထဲကနေ ဝင်တားတော့ အရင်က ယွန်ဂီဟျောင်းအဖြစ်အပျက်ကိုသတိရသွားသည်။ ထို့ကြောင့်..
" ရတယ် ဂျီဟို.. ဟျောင်းလိုက်သွားလိုက်မယ်.."
" ဒါပေမယ့် သူဟျောင်းကို... "
" ရတယ်.."
ကျွန်တော်သူဆွဲခေါ်ရာနောက်လိုက်ခဲ့တော့ ကားထဲကိုထိုးထည့်ပြစ်တာ ကြမ်းကြမ်းတမ်းတမ်း! သားကိုတော့ နောက်ခန်းထဲမှာ ခါးပတ်ပါသေချာပတ်ပေးခဲ့တာဖြစ်သည်။
သားကလဲ ဂျွန်နဲ့တွေ့တော့အငိုရပ်သွားပြီး ငြိမ်နေသည်။ သူကတော့ ကားရှေ့ခန်းထဲဝင်လာပြီး ကျွန်တော့်ကိုတစ်ချက်ကြည့်ကာ မောင်းထွက်သွားတာကအရှိန်ပြင်းပြင်း..
" မသေချင်ရင် ခါးပတ်ပတ်ထား! "
ကျွန်တော့်ကို စူးစိုက်ကြည့်ကာဖြင့် ခပ်မာမာပြောလာသည်။ လုံးဝ မပတ်ဘူး..သူ့စကားကိုဘာလို့နားထောင်ရမှာလဲ..
ကျွီ!
ကားကိုရပ်ပြစ်ပြီး ကျွန်တော့်ကို ခါးပတ်ပတ်ပေးလာတော့...
" မလိုဘူးဖယ်..! "
ဘုန်း! ဘုန်း!
သူ့ရင်ဘတ်ကြီးကို တွန်းတိုက်ပြီး အားရပါးရရိုက်ပြစ်လိုက်သည်။
" အဲ့တာဘာဖြစ်နေတာလဲ ဟမ်! ဟိုကောင့်ကားနဲ့မှ သွားချင်တာလား...ပြော!! သားဒီလောက်ငိုယိုနေတာတောင် ဟိုကောင်မှဟိုကောင့်ဖြစ်နေတာလား..! "
" ဖယ်! ခင်ဗျားနဲ့မဆိုင်ဘူး..သူ့ကားနဲ့မှလိုက်ချင်တယ်ဆိုရင်တောင် ခင်ဗျားမှာပြောပိုင်ခွင့်မရှိဘူး..! "
" ဘာ..တောက်စ်! ပြောပိုင်ခွင့်ရှိတယ် သားကငါ့သား...သားကိုပထွေးလက်ထဲမထည့်နိုင်ဘူး..! "
သူ့စကားတွေကြောင့် သားကိုလှည့်ကြည့်လိုက်မိသည်။ သားကငိုမဲ့မဲ့ဖြင့် ကျွန်တော်တို့နှစ်ယောက်ကိုကြည့်နေတာ။ သားရှေ့မှာ အဲ့လိုစကားတွေကိုမပြောစေချင်...ဒါပေမယ့်သူကတော့...
" အေး! မင်းကိုပြောပိုင်ခွင့်လဲငါ့မှာရှိတယ် မင်းကိုငါပိုင်တာ! ငါကမင်းလင်..! ဆန္ဒရှိရင်ဒီနေရာမှာတတ်လုပ်ပြစ်လို့ရတယ်..!! "
ဖြန်း! ဖြန်း!
ကျွန်တော် သူ့ပါးကိုနှစ်ဆင့်ရိုက်ပြစ်လိုက်သည်။ သားရှေ့မှာ အခုလိုရိုင်းစိုင်းတဲ့စကားတွေကို မဆင်မခြင်ပြောနေတာ ပြီးတော့... ကျွန်တော့်ကိုလဲ သူပြောချင်ရာပြော သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့...!
ဝမ်းနည်းစိတ်နဲ့ သိမ်ငယ်စိတ်ပါ ဝင်လာတော့ မျက်ရည်ကျလာတော့သည်။ ထို့ပြင် သားကပါ..
" ဒယ်ဒယ့်ကိုလုပ်နဲ့..အီးးးဟီးးးးးးးးး ပါးလဲငိုနဲ့...အူဝါးးးးးးးးးးးးးးး "
သားက ခါးပတ်ကိုဖြုတ်ပြီး ရှေ့ခန်းထဲတိုးဝင်လာကာ ကျွန်တော့်ပေါင်ပေါ်ထိုင်ကာ မျက်ရည်တွေသုတ်ပေးပြီး..
" ပါး.. ငိုနဲ့နော်..တိတ်.. တိတ်..! "
" သားလဲမငိုနဲ့နော်... ပါပါးလဲမငိုဘူး.."
သားအဖနှစ်ယောက်မျက်ရည်တွေ အပြန်အလှန်သုတ်ပေးနေတာမြင်တော့ ရင်ထဲမကောင်း...ပြန်တွေ့တာမကြာသေး သားအဖနှစ်ယောက်လုံး ကိုယ့်ကြောင့်ငိုနေရပြီ..။
ဂျောင်ကုလဲ တကယ်စိတ်မထိန်းနိုင်ဖြစ်သွားရတာ...
မနက်က သားနဲ့အတူတိုင်ပင်ထားပြီး သူ့ပါပါးကိုကျောင်းလာကြိုခိုင်ဖို့... သားလေးကိုအသုံးချပြီး ဂျီမင်းနဲ့တွေ့ဖို့ ကြံစည်ခဲ့တာ။ ဒါပေမယ့် အကြံအစည်တွေကအလွဲလွဲအမှားမှား သူ ဟိုကောင်နဲ့ကလေးကိုလာကြိုကတည်းက စိတ်ကအဆင်ပြေတော့...
သားကကိုယ့်ဆီလာမလို့လုပ်တော့လဲ အတင်းဆွဲခေါ်ကာ ကားပေါ်တင်သွားသည်လေ... နဂိုကတည်းက ဒေါသကြီးတဲ့ကိုယ့်အတွက် ဘာမှမစဥ်းစားနိုင်တော့ပဲ ကားပေါ်ခေါ်တင်လာခဲ့ခြင်း..
ကားပေါ်ရောက်တော့လဲ ခေါင်းမာနေတဲ့ကောင်လေးကြောင့် လေသံမာမာတွေနဲ့အော်လိုက်မိပြန်တော့သည်။ အခု သားအဖနှစ်ယောက်လုံး ကိုယ့်ကြောင့်မျက်ရည်ကျနေရပြီ။
" ကိုယ် တောင်းပန်တယ်..မငိုနဲ့တော့.."
ဂျောင်ကုကို တစ်ချက်သာကြည့်ပြီး အကြည့်လွှဲသွားသည့်ကောင်လေးကြောင့်...
" သား..မင်းပါပါးကိုပြောပေးဦး..ဒယ်ဒီ့ကိုစိတ်မဆိုးဖို့.."
" ပါး..ဒယ်ကချိတ်ဆိုးနဲ့တဲ့..ဒယ်လဲပါးကိုအော်နဲ့တော့နော်..ပါးငိုရင် သားကြိုက်ဘူး.."
" ဟုတ်ပြီ ဒယ်ဒီမင်းပါပါးကိုမအော်တော့ဘူးနော်..လာပါဦး ဒယ်ဒီ့ဆီကို.."
" မခေါ်နဲ့ သားကို.."
" ပါးးး..ချိတ်ဆိုးနဲ့တော့လေ..ပါးကလဲ.."
သားစကားကြောင့် ဂျီမင်းတစ်ချက်ပြုံးလိုက်မိသည်။ သားကတကယ့်အတတ်လေး... ကျွန်တော်ပြုံးနေရင်းဖြင့် သူ့ဆီအကြည့်ရောက်မိတော့ သူကလဲ ကျွန်တော်တို့သားအဖကိုကြည့်ရင်းပြုံးနေတာ..
" ကိုယ့်ကိုစိတ်ဆိုးပြေပြီလား..."
" .... "
" ဟင်! ကလေး.... "
" ပါး..ဒယ်က ကလေးတဲ့ ခေါ်နေတာ..ပါးကလူရီး(ကြီး) ကိုနော.."
" ဟား..ဟား..ကလေး ကိုယ်တို့သားက ဘာလို့အဲ့လောက်ထိချစ်ဖို့ကောင်းနေရတာလဲ.."
ကျွန်တော် ဂျွန့်ကို မျက်စောင်းနဲ့တစ်ချက်ဝင့်ကြည့်လိုက်ပေမယ့် နှုတ်ခမ်းထက်ကအပြုံးတွေတော့ရှိနေသည်။
" ကိုယ်တို့အေးဆေးစကားပြောရအောင်.."
" မပြောဘူး..!'
" ကျစ်! အဲ့လိုနေလို့မရဘူးလေကွာ... ဒီကိစ္စကိုဒီနေ့အပြီးရှင်းမယ် ပြီးရင်ကိုရီးယားလိုက်ခဲ့တော့..! "
" ပါး..သားတို့ ခိုရီးယားလိုက်သွားရအောင်..နော်..ပါးနော် "
" အင်း.."
" ယေးးးးးး အ့ကြောင့်ပါးကို ချစ်တာ..မွ! "
" တကယ်လိုက်မှာနော်.."
" သားကိုပြောတာ.."
" ကိုယ်ကို့အချိန်ခဏပေး... စကားပြောဖို့လိုတယ်.."
" အလုပ်မအားဘူး.."
" ကျစ်! အဲ့ဘာမဟုတ်တဲ့အလုပ်ကို..'
" အင့်..! ပါး.."
သားကရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း အိပ်ပျော်သွားပြီးဖြစ်တော့ တင်ပါးကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ ဂျွန်က..
" နို့မတိုက်ဘူးလား.."
" ဟင်! ခင်ဗျား...ဘာတွေပြောနေတာလဲ..'
" မနေ့ညကသားတောင်းနေတာလေ...ဘာလို့ကိုယ့်ကိုရှက်နေတာလဲ..ကိုယ်ကမင်းယောင်္ကျား.."
" ညမှ..! "
တုံးတိဖြေပြီး ကျွန်တော်တဖက်လှည့်နေလိုက်တော့ ဂျွန့်ဆီကရယ်သံခပ်တိုးတိုးကိုကြားလိုက်တယ်။ ကျွန်တော်ပါ လိုက်ပြုံးမိသွားသည်..
သားကငယ်ငယ်ကတည်းက နို့ဘူးနဲ့သာနေခဲ့ရတော့ ကျွန်တော်သနားလွန်းလို့ ညဘက်တွေကိုခဏပေးစို့တာမျိုး... ဒီလိုနဲ့ သားကအကျင့်ပါပြီး ညဘက်တရေးနိုးတွေ ထထတောင်းတော့တာ...ကျွန်တော်လဲ သားလေးကိုသနားလို့နို့ရည်တော့မထွက်ပေမယ့် တိုက်ဖြစ်သည်။ အရည်ကြည်လေးတွေတော့ နည်းနည်းထွက်တယ်ထင်တာပဲ....
" ပြောနေတာကြားလား..."
" ဘာလဲ..! "
ဂျီမင်းဘုဆက်ဆက်ပြန်ပြောလိုက်တော့ သူထပ်ပြုံးပြန်သည်။
" ကိုယ့်ကိုစိတ်ဆိုးပြေပြီလား... "
" ကျွန်တော့်ကိုပြောတဲ့ ကိစ္စတွေကတကယ်ပဲ အမှန်တွေလား.."
" ကိုယ်ကလိမ်ပြောပါ့မလား...သားလေးကလဲ ကိုယ်တို့နှစ်ယောက်ကို အဆင်ပြေစေချင်နေပြီ.."
" .... "
" ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ်..'
" ကျွန်တော်လဲ တောင်းပန်ပါတယ်..အဲ့ညကကျွန်တော်ပြောခဲ့တဲ့ စကားတွေအတွက်.."
" ကိုယ်နဲ့အတူပြန်လိုက်နေမှာလား...ကိုယ် သားလေးနဲ့ခွဲမနေနိုင်ဘူး.."
" သားကိုလာတွေ့လို့ရတယ် "
" ကျစ်! ကိုယ်က မင်းနဲ့လဲခွဲမနေနိုင်ဘူးလေကွာ..ကိုယ်တို့ခွဲနေခဲ့ရတဲ့ နေ့တွေရက်တွေကိုရေတွက်ကြည့်ဦး ဘယ်လောက်တောင်နှမြောဖို့ကောင်းလဲ... ဆက်ပြီး မင်းမရှိတဲ့ရက်တွေကို ကိုယ်မဖြတ်သန်းချင်တော့ဘူး..."
" ..... "
" ပြီးတော့ သားလေးဒီအရွယ်ထိကြီးပြင်းလာတာကို ကိုယ်မတွေ့မြင်ခဲ့ရဘူး..."
ကျွန်တော် ဂျွန့်ရဲ့စကားကြောင့်စိတ်မကောင်းဖြစ်မိသည်။ ကျွန်တော်ဆို သားလေးနဲ့တစ်ညလောက်တောင်ခွဲပြီး မအိပ်နိုင်သည်အထိ သားလေးကိုချစ်တာ..ဘိုးဘိုးအိမ်မှာ သွားအိပ်မယ်ဆိုရင်တောင် ခွင့်မပြုမိ။
ဂျွန်ဆိုရင်ပိုဆိုးတာပေါ့...သားလေးရဲ့မွေးကာစ နီနီရဲရဲအသဲယားစရာပုံစံလေးတွေလဲမမြင်ခဲ့ရ၊ စကားပြောတတ်ကာစ တီတီတာတာအသံလေးတွေကိုလဲမကြားခဲ့ရ ၊ သားလေးရဲ့တဂျီဂျီပူဆာသံလေးတွေကိုလဲ ဂျွန်အသဲမယားခဲ့ရပါ...ဒါတွေက သိပ်နှမြောဖို့ကောင်းတာပေါ့....
ကျွန်တော်တို့ဝေးကွာခဲ့ရတာတွေကလဲ ကျွန်တော်တို့နှစ်ယောက်အပြစ်ရယ်လို့ပြောလို့မရပဲ သေချာမဖြေရှင်းခင်၊ နားလည်မှုလွဲတာတွေကို ကျွန်တော်မသိပဲ တဇွတ်ထိုးဆုံးဖြတ်ခဲ့မိလို့....
" စောနက ကိုယ်ဒေါသကိုမထိန်းနိုင်လိုက်ဘူး... ကိုယ်တောင်းပန်တယ်နော်...'
" ဒါပေမယ့် တဖက်လူကိုတော့ထိခိုက်အောင်မလုပ်သင့်ဘူးလေ..."
" ကိုယ်မှားသွားတာပါ... မင်းတို့သားအဖကိုတစ်ပါးသူ လုယူသွားမှာ ကိုယ်သိပ်ကြောက်လို့..."
" ကျွန်တော်ကရော သားကိုတခြားသူကို အဖေခေါ်ခိုင်းပါ့မလား.."
" မင်းကရော.."
" ကျစ်! ကျွန်တော်လဲမခေါ်ဘူး.."
" ဘာကိုမခေါ်တာလဲ.."
" ဂျွန်! ခင်ဗျား..."
"ဘာကိုမခေါ်တာလဲ ရှင်းရှင်းပြောလေ.."
" တခြားသူကို ယောင်္ကျားလို့ခေါ်ပါ့မလား..ခင်ဗျား...! "
" ကိုယ့်ကိုတော့ ယောင်္ကျားလို့ခေါ်မှာမလား.."
" ဘာကိုယောင်္ကျားလဲ...! "
" ဟား..ဟား. ရှက်နေတာလေးကကွာ... ဒါဆိုကိုယ်ကိုစိတ်ဆိုးပြေပြီလို့ မှတ်လိုက်ပြီနော်.."
" ဘာမှမဆိုင်တာကို..."
" ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်မင်းကိုအိမ်ခေါ်သွားတော့မှာ.."
" မရဘူးလေ..ဂျွန်...! ချက်ချင်းကြီး မဖြစ်ဘူး.."
" ဒါဆိုဘယ်တော့မှလဲ.. မင်းမလိုက်ရင် ကိုယ်မင်းတို့အိမ်လိုက်နေမှာနော်..."
" အချိန်ယူဦးမယ်.."
" အချိန်! ဘယ်နရက်လဲ.."
" ခင်ဗျားအပေါ်မူတည်တယ်... "
" ဟုတ်ပြီ... ကိုယ်မင်းကိုပြန်လိုက်ရမှာပေါ့.."
" အလုပ်ကိုပြန်ပို့ပေးတော့... "
" သားကို ကိုယ်ခေါ်သွားလိုက်မယ်.. ညကျလာပို့မယ်.. "
" ရတယ်..ဟိုပဲခေါ်သွားမယ်.."
" သားကအိပ်နေတာ.."
" ဟိုမှာလဲ အိပ်စရာနေရာရှိတယ်.."
" ဟူးး...ကိုယ်မင်းဆီက အမှတ်တွေယူရဦးမှာဆိုတော့ မငြင်းတော့ဘူး..လိုက်ပို့ပေးမယ်..နောက်နေ့ကစပြီး မင်းတို့သားအဖကို ကိုယ်ပဲအကြိုအပို့လုပ်မယ်.."
" ဂျွန်... "
" ဒါကိုတော့ မငြင်းနဲ့..."
ကျွန်တော်မငြင်းတော့ပဲ လက်ခံလိုက်သည်။ ဂျွန်ကအလုပ်ရှိရာကိုလိုက်ပို့ပြီး သားလေးကိုပွေ့ချီကာ အထဲထိလိုက်ပို့ပေးတော့ အလုပ်လုပ်နေတဲ့အမတွေက သိသိသာသာအကဲခတ်နေကြတော့သည်။ ဂျွန်ထွက်သွားပြီးတော့..
" ဂျီမင်း..စောနလာပို့တာဘယ်သူလဲ... ဂျီမင်းအကိုလား..အမတို့နဲ့မိတ်ဆက်ပေးဦး..လူပျိုကြီးလား..."
" ဟို..သူက ဂျောင်မင်လေးရဲ့ ဒယ်ဒီပါ..."
" ဟင်.." " ဟယ်.."
တပြိုင်နက်ထဲထွက်လာတဲ့ အသံနှစ်ခု... အမတို့ကိုတစ်ချက်သာပြုံးပြလိုက်ပြီး ကိုယ့်အလုပ်ကိုသာ လုပ်နေလိုက်တော့သည်။
ထို့နေ့ကစ ဂျွန်သည် သားလေးကိုဗန်းပြပြီး အိမ်ကိုမကြာခဏဆိုသလိုလာနေတော့တာ...တစ်ချို့ရက်တွေဆို အိပ်ချိန်ရောက်၍ မပြန်လို့ နှင်လွှတ်ရသည်အထိ.... အိမ်လာရင်လဲ အေးဆေးမနေပဲ ကျွန်တော့်ကိုမထိတထိတွေ စလွန်းလို့သူ့ကိုဝေးဝေးရှောင်ရသေးသည်။ တကယ်ပါ...အသက်ကဖြင့်ကြီးနေပြီ..အခုထိ လူငယ်လေးတွေလို လုပ်ချင်နေတုန်း...!
--------
1.9.20.. နေ့
သားလေး သုံးနှစ်တိတိပြည့်တဲ့နေလေး..သားလေးက လေးနှစ်ထဲတောင်ရောက်လာပြီ...သူ့ဒယ်ဒီနဲ့ မွေးနေ့ကလဲ တူနေသေးတာ..
အရင်နှစ်တွေကတည်းက သားလေးမွေးနေ့ကို အလုပ်ကအမတွေ ဂျီဟို..ဘိုးဘိုးစသဖြင့် အသိအနည်းငယ်ဖြင့်သာလုပ်နေကျဖြစ်သည်။ သားရဲ့သူငယ်ချင်းတွေရောပါတာပေါ့..
ဒီနေ့လည်း... အိမ်ထဲကို အသိအနည်းငယ်သာဖိတ်ထားတာဖြစ်ပြီး သားကတော့ညနေကတည်းက မှန်တင်ခုံရှေ့ကမထတော့...
ဂျွန်ဝယ်ပေးထားတဲ့ suitအနက်လေးကိုဝတ်ပြီး ဆံပင်သလို့မပြီးသေး..
" ကဲ...သားရယ် ချောပါပြီ.."
" no no. . ဒီနေ့ သားတူငယ်ချင်းတေကော လာမှာ သားကချောဆုံးဖြစ်နေရမယ်.."
" ပါပါး သားလေးကဒီကမ္ဘာအချောဆုံး.. သား ပါးဆီကဘာလက်ဆောင်လိုချင်လဲ.."
" ညကျရင်ကျော( ပြော) မယ်.."
" ဟုတ်ပါပြီ..ပါးသဲလေး..'
ည ၇ နာရီလောက်ရောက်တော့ သားသူငယ်ချင်းတွေလဲရောက်လာကာ လူစည်လာတော့သည်။ သားက သူငယ်ချင်းတွေနဲ့တွေ့တော့ အတော်ပျော်နေသည်။ လူကြီးတွေက ၈နာရီလောက်မှသာ ရောက်လာကြသည်။
" ဦး ဂျီဟို.. သားအတွက်ဘာပါလဲ.."
" ဒီမှာ ဂျောင်မင်လေးလိုချင်နေတဲ့ ဂျပန်စက်ဘီး.."
" ယေးးးးး.."
" ဂျီဟိုကလဲ စျေးကြီးတာကြီးကို..."
" မနှစ်က ဂျောင်မင်တောင်းနေလို့ ကျွန်တော်ပိုက်ဆံစုထားတာ.."
" အားနာစရာ..ဟိုက်ဘက်မှာ သွားစားလိုက်ဦး..."
" ဦးဂျီဟို များများစားနော်.."
" ဟုတ်ပါပြီ အတတ်လေး..."
" ပါး..ဟိုမှာ ဒယ်ဒယ်လာပြီ.."
သားက ဂျွန့်ဆီပြေးသွားကာဖြင့်...
" ဒယ်ဒယ် လက်ဆောင်ယူလာရဝူးနော်.."
" ကဲ ဘာလို့ဒယ်ဒီ့ကိုလက်ဆောင်ယူမလာခိုင်းတာလဲပြော.."
" ညကျကျောမယ်.."
သားလေးက ကျွနိတော့်ဆီကလဲ လက်ဆောင်မတောင်းသလို ဂျွန့်ဆီကလဲ လက်ဆောင်မတောင်းဘူးထင်ပါရဲ့။ အရင်နှစ်တွေကဆို ဘာပေးရမယ်ဆိုပြီးတောင်းတတ်တာ။
လူစုံတော့ သားလေးကိတ်ခွဲပြီး တစ်ယောက်ချင်းလိုက်ကျွေးသည်။ ပြီးနောက်...
" ဒယ်ဒယ် ဒီနေ့ သားဒယ်ဒယ့်အတွက်လက်ဆောင်ပြင်ထားတယ်.."
" ဟာ..! ဒယ်ဒီ့မွေးနေ့ကို သိတယ်လား.."
" ပါပါးပြောတာ.."
ဂျွန်က ကျွန်တော့်ဘက်ကို ကြည့်လာတော့မျက်နှာသာလွှဲထားလိုက်သည်။
" ပြော..ဘာပေးမှာလဲ.."
သားက ဂျွန့်စကားကိုအဖြေပြန်မပြုပဲ ကျွန်တော့်ဆီလျှောက်လာပြီး ကျွန်တော့်လက်ကိုဆွဲခေါ်သည်။
" သား.."
" လာပါ ပါပါးကလဲ.."
သားကကျွန်တော့်ကို ဂျွန့်ရှေ့ထိရောက်အောင်ခေါ်ပြီး ဂျွန့်အရှေ့မှာရပ်ခိုင်းကာ ကျွန်တော့်လက်ကို ဆွဲယူပြီး ဂျွန့်လက်ထဲသို့..
" ဒယ်ဒယ်.. သားပါပါးကို ဒယ်ဒယ့်ဆီအပိုင်ပေးပြီးနော်.."
" ဟင်! သား..."
သားရဲ့စကားကြောင့် ဘိုးဘိုးအပြင် တခြားသူများပါရယ်ကြတော့သည်။
" ဒယ်ဒီ သားရဲ့လက်ဆောင်ကိုကြိုက်သွားပြီကွာ..."
" လွှတ်.."
ကျွန်တော် သားမကြားအောင်ခပ်ကြိတ်ကြိတ်ပြောလိုက်တော့...
" သားကိုတိုင်ပြောလိုက်မှာနော် " တဲ့..ဒီလူ!
" သား ပါပါးနဲ့ဒယ်ဒီ့ဆီက လက်ဆောင်တောင်းမယ်.."
" သားတောင်းတာမှန်သမျှ ဒယ်ဒီတို့ကဖြည့်စည်းပေးမှာ..."
" ပါပါးက ဒယ်ဒယ့်ကိုနမ်းရမယ်..ဒယ်ဒယ်ကပါပါးကိုနမ်းရမယ်..ပြီးတော့ ပါးက ဒယ်ဒယ့်ကိုစိတ်ဆိုးပြေရမယ်..သားတို့အတူတူနေကြမယ်နော်..."
သားစကားကြောင့် ဂျီမင်းမျက်ရည်ဝဲမိသည်။ သားလေးက ကျွန်တော်တို့နှစ်ယောက်ကို အဆင်ပြေစေချင်နေတာ...
" ဘယ်လိုလဲ သားပြောတာကြားလား.."
" ပါပါး နမ်းလိုက်လေ.."
ဂျွန်က ကျွန်တော်ရှေ့ကိုငုံ့ကိုင်းလာပြီး ပါးကိုကျွန်တော့်ရှေ့ထိုးပေးလာတော့... သားကိုတစ်ချက်ကြည့်ပြီး..
ရွှတ်!
" ငါတို့ပြန်တော့မယ်ဟေ့.."
" ကဲ ဘိုးဘိုးလဲပြန်မယ်ကွယ်.."
တခြားသူတွေ စနောက်တော့ ကျွန်တော့်မျက်နှာတပြင်လုံး နီရဲနေမှာသေချာသည်။
" ကိုယ်နမ်းရမှာလား..."
" ကျစ်! နမ်းပေါ့.."
ဒီလူ! ဘာလို့လာမေးနေတာလဲ..။
ရွှတ်......!
ကျွန်တော့ပါးပြင်နစ်ဝင်သွားအောင်အထိ ဂျွန်ကနမ်းတော့...
" ယေးးးးးးးး.. ပါပါး..သားမသိအောင် ညတေငိုရတော့ဘူးနော်.."
" ဟင်! သားလေး.."
" သားက ပါးငိုရင်ပျော်ဘူး..."
" ပါပါး မငိုပါဘူး သားရယ်.." လို့ပြောကာ သားလေးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်တယ်။ သားက ကျွန်တော်ငိုတာတွေကို သိနေခဲ့တာလား...
" စိတ်ချပါ ဒီနေ့ကစပြီး ကိုယ်မင်းတို့သားအဖကိုပျော်အောင်ထားမှာပါ.."
ဂျွန်က ကျွန်တော်တို့သားအဖကို ဖက်တွယ်လာပြီး..
" ကိုယ်မင်းတို့သားအဖကို အသက်ထက်ပိုချစ်တယ်.."
ရွှတ်!
ကျွန်တော့်ပါးပြင်ကို ဂျွန်ကထပ်နမ်းတော့
" သားကိုရောနမ်း..သားကိုရောနမ်း..."
ဂျွန်ကသားကိုပွေ့ချီပြီး သားရဲ့ပါးပြင်ကိုနမ်းတော့ ကျွန်တော်လဲ သားရဲ့ပါးတစ်ဖက်ကို ပြန်နမ်းလိုက်သည်။ ကျွန်တော်တို့ အပြုံးတွေကိုယ်စီနဲ့ပေါ့.......
_________________________________Next part🌚
သားကစိတ်ကျေနပ်စွာ တဖက်လှည့်အိပ်သွားတော့ အပေါ်လိပ်တတ်နေတဲ့ အင်္ကျီတွေကိုဖုံးဖိလိုက်သည်။
" နေဦး! မဖုံးနဲ့ သားစို့ပြီးရင် ကိုယ်စို့ဦးမှာ.."
__________________________________
နို့မပြတ်သေးတဲ့ ကလေးကြီးနဲ့တွေ့တော့မယ်😁ကျေးဇူးပါ 💗💗
Zg
" အင်း.. "
" ပါး...ဟိုမှာဒယ်ဒယ်... "
" ဂျီဟို မောင်းတော့.."
" ဟျောင်း..ဂျောင်မင်လေး.."
" ဟျောင်းကလဲ ကလေးကို.."
ကျွီ.......... ဒုန်း!
ခွပ်!
" သားကိုပေး! "
" လာ မင်းပါလိုက်ခဲ့! "
" အာ့! လွှတ် မလိုက်ဘူး.."
" ရတယ်.."
ကျွီ!
" မလိုဘူးဖယ်..! "
ဘုန်း! ဘုန်း!
ဖြန်း! ဖြန်း!
" မခေါ်နဲ့ သားကို.."
" .... "
" ဟင်! ကလေး.... "
" မပြောဘူး..!'
" အင်း.."
" တကယ်လိုက်မှာနော်.."
" သားကိုပြောတာ.."
" အလုပ်မအားဘူး.."
" အင့်..! ပါး.."
" နို့မတိုက်ဘူးလား.."
" ညမှ..! "
" ပြောနေတာကြားလား..."
" ဘာလဲ..! "
" .... "
" ..... "
" မင်းကရော.."
" ဘာကိုမခေါ်တာလဲ.."
" ဂျွန်! ခင်ဗျား..."
" ဘာကိုယောင်္ကျားလဲ...! "
" ဘာမှမဆိုင်တာကို..."
" အချိန်ယူဦးမယ်.."
" အချိန်! ဘယ်နရက်လဲ.."
" သားကအိပ်နေတာ.."
" ဂျွန်... "
" ဒါကိုတော့ မငြင်းနဲ့..."
" ဟင်.." " ဟယ်.."
--------
1.9.20.. နေ့
" ကဲ...သားရယ် ချောပါပြီ.."
" ညကျရင်ကျော( ပြော) မယ်.."
" ဟုတ်ပါပြီ..ပါးသဲလေး..'
" ယေးးးးး.."
" ဂျီဟိုကလဲ ဈေးကြီးတာကြီးကို..."
" ဟုတ်ပါပြီ အတတ်လေး..."
" ညကျကျောမယ်.."
" ပါပါးပြောတာ.."
" ပြော..ဘာပေးမှာလဲ.."
" သား.."
" လာပါ ပါပါးကလဲ.."
" ဟင်! သား..."
" လွှတ်.."
" ပါပါး နမ်းလိုက်လေ.."
ရွှတ်!
" ကိုယ်နမ်းရမှာလား..."
" ကျစ်! နမ်းပေါ့.."
ရွှတ်......!
" ဟင်! သားလေး.."
ရွှတ်!
_________________________________Next part🌚
__________________________________
There are no comments yet. Log in to be the first to leave a review!
![POSSESSIVE BOY [ Completed ]](https://fanficsread.net/media/fs-stories-1/1552/conversions/b9c974239fa69d36d53f655722f4d5d1.jpg)